← Chapters

မပြည့်စုံသော ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်

Vol. 3 Ch. 38

မပြည့်စုံသော ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်

Vol. 3 Ch. 38

အကယ်ဒမီထဲက လမ်းကြောင်းများဟာ ရှည်လျားပြီး စိမ်းလန်းစိုပြေသော သစ်တောများကို လမ်းဘေးနှစ်ဖက်ဆီတွင် စီတန်းကာ စိုက်ထားသည်။ လင်မော့ဖုန်းနှင့် လူအိုလီ တို့သည် လမ်းလမ်းတလျှောက် လမ်းလျှောက်လာခဲ့ကြပြီး ဆရာတပည့်သာ လူအုပ်ကြီးဖြင့် ထောင်နှင့်ချီသော အာရုံကို ဖမ်းစားခဲ့သည်။

"ကျောင်းမှာ အားလုံးအတူတူပဲ... ဘာမှ မပြောင်းလဲသွားဘူး..."

လင်မော့ဖုန်းသည် သစ်ပင်များကို ငေးကြည့်ရင်း သူ့မျက်နှာပေါ်မှ လွမ်းဆွတ်နေသော အငွေ့အသက်တို့ ပေါ်လွင်လာသည်။ သူက သူ့ဘေးနားက လူအိုလီကို လှည့်ကြည့်လိုက်ကာ။

"ကျွန်တော် အရမ်းခေါင်းမာဖူးတယ် အမြဲတမ်းလည်း ဆရာ့အပေါ် စိတ်ဆိုးနေခဲ့တယ်...."

"မော့ဖုန်း ... မင်းဘာပြောနေတာလဲ... လူငယ်တွေက အမြဲတမ်း နုပျိုသန်စွမ်းမှု အပြည့်နဲ့ လှုပ်ရှားကြတာလေ... ဒီကျန်းဟိုင်း ကိုယ်ခံပညာအကယ်ဒမီက ရေတိမ်ပိုင်းက နေရာတစ်ခုပဲ... ဒါပေမယ့် မင်းက ပါရမီရှင်ဖြစ်ပြီး ဒီနေရာကနေ နဂါးအစစ်ဖြစ်သွားတာ..."

"ဆရာက သိပ်သဘောကောင်းတာပဲ"

လင်မော့ဖုန်းသည် မျက်လုံးများကို ခေတ္တမှိတ်ကာ ခေါင်းငုံ့၍ ဦးညွှတ်လိုက်သည်။

"ဆရာ့ရဲ့ သွန်သင်ချက်ကြောင့်သာ မဟုတ်ရင် ကျနော် ဒီနေ့ ဒီမှာ အောင်မြင်ဖို့နေနေသာသာ မိသားစုရဲ့ အသိအမှတ်ပြုမှုကို ခံရမှာ မဟုတ်ဘူး... "

"အဲ့လိုပြောစရာ မလိုပါဘူး... မင်းနှစ်တွေတစ်လျှောက် မင်းပေးခဲ့တဲ့ ကိုယ်ခံပညာနဲ့ အသိပညာတွေကြောင့်သာ မဟုတ်ရင် ငါတို့ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီကလည်း ဒီနေ့ခေတ်မှာ ရှိတော့မှာ မဟုတ်ဘူး"

နှစ်ယောက်သား အချင်းချင်း ကျေးဇူးတင်နေကြသည်။ သူ့ပတ်ဝန်းကျင်မှလူများ အားလုံးသည် ငြူစူမှုအပြည့်ဖြင့် မော့ဖုန်းကို လှည့်ကြည့်လာကြသည်။ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီသည် အလွန်ကျိုးနွံသော အဆင့်အတန်းတစ်ခု ရှိခဲ့ဖူးကြောင်း နားလည်ထားရပါမည်။

ယနေ့လူအများ နှစ်သက်သော အောင်မြင်မှု ကြယ်ပွင့်များနှင့် ဝေးကွာနေပါသေး၏။ ၎င်းသည် သာမာန်ကျောင်းအဆင့် ဖြစ်ကာ နိုင်ငံအလိုက် အလယ်အလတ်တန်းစား အဆင့်တွင် အကောင်းဆုံး ဖြစ်ရုံသာ။

ဒါပေမယ့် လင်မော့ဖုန်း ဂိုဏ်းဆရာနယ်ပယ် အဆင့်တိုးပြီးနောက် လူတစ်ဦး၏ ဆည်းပူးမှုသည် တစ်ကျောင်းလုံးကို ချမ်းသာစေခဲ့သည်။

သူပြန်ယူလာသည့် ကြယ်စွမ်းအားကျင့်စဥ်ကြောင့် ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ အခြေခံအုတ်မြစ်သည် အလွန်တိုးတက် ကောင်းမွန်လာခဲ့သည်။ ခိုင်ခံ့သော ရာထူးတစ်ခုကို တည်ဆောက်ကာ နိုင်ငံအတွင်း အကောင်းဆုံးထဲက တစ်ဦး ဖြစ်လာစေခဲ့သည်။

"ဆရာ ကျွန်တော် ဒီခရီးစဉ်ကို လာရတာက သိချင်တာလေး တစ်ခု ရှိသေးတယ်..."

လင်မော့ဖုန်းသည် သူ့ဘေးနားက အဘိုးကြီးလီကို လှည့်ကြည့်ပြီး တိုးတိုးလေး မေးလိုက်သည်။

"လွန်ခဲ့တဲ့ ရက်အနည်းငယ်က ကျန်းဟိုင်ဓားနတ်ဘုရား ကျနော်တို့မြို့ထဲမှာ ပေါ်ထွန်းလာတယ်ဆိုတာ ကြားတယ်... ဆရာ သူနဲ့ ကျနော်ကို မိတ်ဆက်ပေးနိုင်မလား သိချင်လို့ပါ..."

"မော့ဖုန်း... မင်းအကြီးအကဲ ဓားနတ်ဘုရားကို တွေ့ချင်လို့လား"

ဒါကိုကြားတော့ အဘိုးကြီးလီ အံ့အားသင့်သွားပေမယ့် ဝမ်းနည်းစွာ သက်ပြင်းချလိုက်သည်။

"မင်းဘာကိုဆိုလိုမှန်း ငါနားလည်ပါတယ် ဒါပေမယ့် ငါဘာမှလုပ်လို့မရဘူး ငါ့မှာ အဆက်အသွယ် မရှိဘူး"

"အကြီးအကဲ ဓားနတ်ဘုရားက ဆရာနဲ့ မသိဘူးလား"

လင်မော့ဖုန်း အံ့သြစွာ မေးလိုက်သည်။

"မသိဘူး ရိုးရိုးသားသားပြောရရင် သူ့ကိုလည်း တစ်ခါမှ မတွေ့ဖူးဘူး"

အကြီးအကဲလီသည် စိတ်မကောင်းစွာ သက်ပြင်းချလိုက်သည်။

"ဒါ... အကြီးအကဲ ဓားနတ်ဘုရားရဲ့ စိတ်နေစိတ်ထားက တကယ်..."

မမျှော်လင့်ထားတဲ့ အကြီးအကဲလီ၏ အဖြေသည် အံ့သြစွာ တုန်လှုပ်သွားစေသည်။ ခဏလောက် စဉ်းစားပြီးမှ သူက ဖြည်းညှင်းစွာ ဆက်ပြောလိုက်သည်။

"တကယ်ထူးဆန်းတာပဲ..."

သူက ပြောရင်း ခဏရပ်ပြီး အရှေ့က အကယ်ဒမီ ရင်ပြင်ကို လှမ်းကြည့်လိုက်သည်။

ကျယ်ပြောလှသော ရင်ပြင်ကျယ်ကြီးတစ်လျှောက် ကျောင်းသားအချို့ အတန်းထဲသို့ အမြန်တက်ကြသည်။ ချိုးဖြူတစ်ကောင်သည် ကောင်းကင်အထက်မှ ပျံသန်းကာ အလယ်ဗဟိုရှိ အနက်ရောင် ကျောက်တုံးကြီးပေါ်သို့ ဆင်းသက်လာခဲ့သည်။

"အဲဒီကျောက်တုံးကို လွန်ခဲ့တဲ့ ရက်အနည်းငယ်က ယူလာခဲ့တာ"

လင်မော့ဖုန်း ကြည့်နေတာကို မြင်တော့ အကြီးအကဲလီက အဲဒါကို မိတ်ဆက်ပေးတယ်။

"မထွင်းထုရသေးဘူး... သင့်တော်တဲ့ အဖြေကို စောင့်နေတာ..."

ဒါကိုကြားတော့ လင်မော့ဖုန်းဟာ စက္ကန့်အနည်းငယ်လောက် စဉ်းစားပြီး ခေါင်းညိတ်ပြလိုက်သည်။

"ဒီလိုဆ်ုရင်ရော ဆရာ... ကျွန်တော် ခန်းမကို မသွား​တော့ဘူး ဒီမှာ သင်ခန်းစာ ပေးလိုက်မယ်"

"ဒီမှာ သင်ပေးမလို့လား?"

ထို​အဖြေကြောင့် အံ့အားသင့်သွားခဲ့သည်။

"ခန်းမက သေးလွန်းတယ်။ ဆရာနဲ့ ကျောင်းသားတွေ အားလုံးကြားနိုင်တဲ့ ရင်ပြင်မှာ ဟောပြောပွဲကို ကျင်းပရတာ ပိုကောင်းပါတယ်"

"ကောင်းပြီ ကောင်းပြီ... မော့ဖုန်း မင်း တော်တော်စဉ်းစားတတ်တာပဲ!"

လူအိုလီသည် သူ့မျက်လုံးတွေကို မှိတ်ထားပြီး ကျေနပ်စွာ ခေါင်းညိတ်ပြရင်း ပြုံးလိုက်၏။ ဒါကိုမြင်တော့ တခြားကျောင်းခေါင်းဆောင်တွေက အတန်းအဖွဲ့တွေ အားလုံးကို ချက်ချင်းသတင်းပို့ပြီး ကျောင်းတစ်ခုလုံးအတွက် အားလပ်ရက် ကြေညာပေးလိုက်သည်။

မကြာပါ။ သတင်းကြားတော့ တခြားကျောင်းသားတွေကလည်း လွတ်နေတဲ့ အကယ်ဒမီရင်ပြင်ဆီ ပြေးသွားပြီး ဆယ်မိနစ်တောင် မပြည့်သေး လူတွေက ပြည့်လျှံသွားသည်။

ဘာပဲဖြစ်ဖြစ် ဤသည်မှာ ဂိုဏ်းဆရာကြီးတစ်ဦး၏ ဟောပြောချက်ဖြစ်သည်။ သူ့ဆီက ပညာယူရတာကလည်း ဘောနပ်စ်ရသလိုပင်။

သို့နှင့် လင်မော့ဖုန်းသည် ကျောက်တုံးကြီးရှေ့တွင် ရပ်ကာ ဟောပြောပို့ချဖို့ ပြင်ခဲ့သည်။ သူ့ကို ကျောင်းသားများအပြင် ထူထပ်သော လူအုပ်ကြီးက ဝန်းရံထားပြီး ရင်ပြင်ထဲတွင်လည်း ဆူညံ​နေသော အသံများဖြင့် ပြည့်နေသည်။

"အခုလို အချိန်ပေးတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်... ခဏလောက် အေးအေးဆေးဆေး နေကြရအောင်"

လင်မော့ဖုန်း သူ့လည်ချောင်းကို ရှင်းပစ်လိုက်ဟန်ဖြင့် စကားစလိုက်သည်။ မွေးရာပါနယ်ပယ်၏ လျှို့ဝှက်အသံ ထုတ်လွှင့်မှုနည်းလမ်းကို အသုံးပြု၍ သူ့အသံသည် လူတိုင်း၏ နားသို့ ရှင်းရှင်းလင်းလင်း ပျံ့နှံ့သွားခဲ့သည်။

ချက်ချင်းပင် ရင်ပြင်ကလည်း တိတ်ဆိတ်သွားသည်။ မရေမတွက်နိုင်သော မျက်လုံးများက ဟောပြောပွဲကို စောင့်မျှော်နေသည့်နှယ် လင်မော့ဖုန်းကို စေ့စေ့ကြည့်နေကြ၏။

"ပထမဆုံးအနေနဲ့ မင်းတို့ရဲ့စီနီယာအနေနဲ့ ဒီနေ့ အကယ်ဒမီကို ပြန်ရောက်လာပြီ... ငါ အဲဒီ မွေးရာပါနယ်ပယ်နဲ့ ဂိုဏ်းဆရာနယ်ပယ်က ကိစ္စတွေကို ငါပြောမှာ မဟုတ်ဘူး ...

လင်မော့ဖုန်းက ကောင်းကင်ကို ညွှန်ပြပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ဒီတစ်ခါ ဆွေးနွေးမယ့်အရာက ကြယ်စစ်သည်တွေရဲ့ အခြေခံလျှို့ဝှက်ချက်ပါ... ဂိုဏ်းဆရာ ဒါမှမဟုတ် မွေးရာပါနယ်ပယ်မှာပဲဖြစ်ဖြစ် အားလုံးက ဒီမူကို လိုက်နာကြပါ... လူတိုင်းသိကြတဲ့အတိုင်း ကြယ်စစ်သည်တွေရဲ့ အခြေခံစွမ်းအားက ကောင်းကင်ပေါ်က ကြယ်တွေရဲ့ စွမ်းအားကနေ ပေါင်းစပ်ထားတဲ့ ချီစွမ်းအင်ကနေ လာတာ..."

"ရှေးခေတ်က 'ကြယ်သခင်​တွေကို နေနဲ့လရဲ့ ရွေ့လျားမှုကို မှတ်တမ်းတင်ဖို့၊ ကမ္ဘာကြီးရဲ့ ပြောင်းလဲမှု​တွေကို စောင့်ကြည့်ဖို့၊ ကံနဲ့ ကံတရားကို ပိုင်းခြားဖို့၊ နယ်မြေ​တွေကို ကြယ်တွေ၊ မြေကြီးတွေနဲ့ ခွဲခြားထားပြီး တံဆိပ်ခတ်ထားတဲ့ နယ်မြေတစ်ခုစီမှာ ကောင်းတဲ့လက္ခဏာ​တွေကို စောင့်ထိန်းဖို့ ကိုယ်ပိုင်ကြယ်စနစ် ရှိကြတယ်..."

"အရင်မင်းဆက်တွေတုန်းကလိုပဲ... နက္ခတ္တဗေဒပညာရှင်တွေက ကောင်းကင်နဲ့မြေကြီးအကြား အပြန်အလှန်ဆက်သွယ်မှုရဲ့ အဆုံးစွန်သောမူများကို အားကိုးပြီး မြေကြီးပေါ်က အရာခပ်သိမ်းရဲ့ လမ်းကြောင်းကို တွက်ဆနိုင်ကြတယ်"

"အခု ငါတို့က ကြယ်စစ်သည်တွေ... ငါတို့ခန္ဓာကိုယ်ကို သန့်စင်ဖို့ ကြယ်တွေရဲ့ စွမ်းအားကို အသုံးချရတယ်... ဒါက လူသားနဲ့ သဘာဝတရားတို့ကြားက စည်းလုံးညီညွတ်မှု ရရှိအောင် ကြိုးပမ်းနေကြတာပဲ..."

"..."

လင်မော့ဖုန်းရဲ့ အသေးစိတ်ရှင်းပြချက် အတိုင်း ရင်ပြင်ရှိလူအုပ်ကြီးသည် တဖြည်းဖြည်း နားလည်လာပြီး သူတို့၏ ဉာဏ်အလင်းများ ပွင့်လာကြသည်။ လင်မော့ဖုန်းကို တဖန် ပြန်ကြည့်သောအခါတွင် သူတို့ မျက်လုံးများသည် သဘောကျခြင်းများဖြင့် ပြည့်နှက်နေသည်။

ဂိုဏ်းဆရာအဆင့် ပို့ချချက်များက သာမန်ထပ် အမှန်တကယ် ကွဲပြားပါသည်။ အကယ်ဒမီမှ ဖြန့်ဝေသော စာအုပ်များသည် ကိုယ်ခံပညာ ထွန်းကားရန် နည်းစနစ်များကို အဓိက သင်ကြားပေးပြီး ကြယ်စွမ်းအား အရင်းအမြစ်ကို ရှင်းပြခဲပါသည်။

ယခု လင်မော့ဖုန်းသည် ဖြစ်ရပ်မှန်များကို ဖော်ထုတ်ပေးနေကြောင်း မြင်နေရသည်။ တစ်ဆက်တည်း ကျောင်းသားများနှင့် ဆရာအများအပြားသည် ရုတ်တရက် နားလည်မှုအသစ်ကို ခံစားလာကြသည်။

"မဆိုးပါဘူး မဆိုးပါဘူး... တကယ်ကို အလဟဿမဖြစ်ခဲ့တဲ့ ခရီးတစ်ခုပဲ"

ချင်းယန်တောင်မှ လူအုပ်ကြားထဲ ခေါင်းညိတ်ပြနေမိသည်။ သူသည် စာကြည့်တိုက်တွင် စာအုပ်အများကြီး ဖတ်လေ့ရှိသော်လည်း အများစုမှာ အခြေခံနှင့် ယေဘုယျများသာ ဖြစ်သည်။ ဒါပေမယ့် ဒီဆရာရဲ့ ဟောပြောချက်က သူ့သံသယတွေကို ပြဿနာရဲ့ အရင်းမြစ်ကို တိုက်ရိုက် ဖြေရှင်းပေးခဲ့ပါ၏။

ဧကရာဇ်မြို့တော်အကြောင်း စိတ်ဝင်စားစရာကောင်းတဲ့ ပုံတိုပတ်စတွေကိုတောင် ဝေမျှခဲ့ပါသေးသည်။ ဒီအကယ်ဒမီ ခရီးစဉ်ကနေ သူ တကယ်ကို အများကြီး ရခဲ့ပါပြီ။

"ကောင်းပြီ ဒါကတော့ လူတိုင်းအတွက် ကျင့်ကြံမှုအပေါ် နားလည်မှုပဲ"

လင်မော့ဖုန်းရဲ့ ဟောပြောပွဲက နိဂုံးချုပ်ခဲ့သလို ရပ်သွားတာမို့ ပတ်ဝန်းကျင်ရှိ ဆရာများနှင့် ကျောင်းသားအားလုံးက သူ့ကို အနည်းငယ် မကျေမနပ် ဖြစ်နေကြသည်။

"အားလုံး စိတ်ချပါ... ဒီသင်ခန်းစာ ပြီးသွားပေမယ့် လေ့ကျင့်မှု နှစ်ပေါင်းများစွာအတွက် အကယ်ဒမီကို ပြန်ဆပ်ဖို့ ကျွန်တော် ဆုံးဖြတ်ထားပါတယ်"

လင်မော့ဖုန်းသည် လူအုပ်ကြားထဲ သူ့အကြည့်တွေကို ဖြတ်ပြီး ဖြည်းညှင်းစွာ ပြောလိုက်သည်။

"ကျွန်တော့်ရဲ့ ငယ်ရွယ်တဲ့ ကျောင်းသားတွေ ပြန်လည်သုံးသပ်ဖို့ အပိုင်းပိုင်းခွဲထားတဲ့ ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်ကို ဒီနေရာမှာ ထားခဲ့ပါမယ်"

သူပြောပြီးသည်နှင့် လူအုပ်ကြီး တိတ်ဆိတ်သွားသည်။

ပြီးတော့...

အားလုံး တုန်လှုပ်ခြောက်ခြားသွားသည်။

"အမ်? စီနီယာလင် ရူးနေတာလား"

"ဒါကြီးက ဘယ်လောက်ပဲ အကွဲကွဲအပြားပြား ဖြစ်နေပါစေ ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်လေ.. အဲဒါကို အပြင်မှာ ထားသွားခဲ့ရင် အရူးလို လုယူသွားလိမ့်မယ်!"

"အံ့ဩစရာပဲ... အကြီးတန်း အစ်ကိုလင်ကတော့ တကယ့်ကို ရဲရင့်တဲ့ လုပ်ရပ်မျိုး လုပ်ပြလိုက်ပြီ!"

လူတိုင်း အံ့ဩသွားကြသည်။

နောက်အခိုက်အတန့်တွင်တော့ လင်မော့ဖုန်းသည် ရင်ပြင်ရှိ အချောသပ် မွမ်းမံထားသော ကျောက်တုံးကြီးရှေ့သို့ ရောက်ရှိလာပြီး လက်ဖဝါးအား တင်လိုက်သည်။

"ကျွန်တော် ဒီကျင့်စဥ်ကို အမှတ်တမဲ့ လိုက်မိလိုက်တာကနေ တွေ့ထားတာ... ကျွန်တော့်မိသားစု ဒါမှမဟုတ် နတ်သိုင်းပညာအကယ်ဒမီနဲ့ ဘာမှမဆိုင်ပါဘူး... လွတ်လွတ်လပ်လပ် ပြန်သုံးသပ်ကြည့်လို့ ရပါတယ်"

သူစကားပြောပြီးတာနဲ့ ဝုန်းဟူသော ကြောက်မက်ဖွယ် ကောင်းသည့် ကြယ်တို့၏ ပေါက်ကွဲသံသည် ထုထည်မွမ်းမံထားသော ကျောက်တုံးပေါ်၌ ထွက်ပေါ်လာပြီး အမှုန်အမွှားများ လွင့်ပျံသွားသည်။ လက်ချောင်း စုတ်တံသည် သပ်ရပ်သော စာကြောင်းများကို လျင်မြန်စွာ ထွင်းထုနေ၏။

တစ်ချိန်တည်းမှာပဲ ချင်းယန်လည်း အဝေးမှ လှမ်းကြည့်ရင်း ရုတ်တရက် မျက်လုံးများ တောက်ပလာသည်။

ကောင်းပြီ! မင်းက တိုက်ရိုက်ပဲ ရေးချလိုက်ပြီပေါ့?

သဘာဝရဲ့ လက်ဆောင်အတွက် ကျေးဇူးတင်ပါတယ်!

All Chapters