ငါ ချင်းယန် ဘယ်သူ့ကိုမှ အကြွေးမတင်ဘူး
Vol. 3 Ch. 40
ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်သည် အတွင်းစိတ်လောက အကူအညီကြောင့် သာမန်ထက် သာလွန်ကောင်းမွန်နေပြီ ဖြစ်သည်။ သူ့လက်လှိုင်းဖြင့် ကောင်းကင်မှ ကြယ်စွမ်းအားများကို ဆွဲယူနိုင်ပြီး ၎င်းတို့ကို သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစပ်ကာ သန့်စင်ပစ်နိုင်သည်။
ယခုလည်း ကြယ်စွမ်းအား ကျင့်စဥ်ကို ပေါင်းစည်းပြီးနောက် ၎င်းသည် အရည်အသွေး ကောင်းမွန်သော အဆင့်သို့ တိုက်ရိုက် ဝင်ရောက်သွားခဲ့သည်။
"မိုက်တယ်!"
ချင်းယန်သည် ကြယ်စွမ်းအားကျင့်စဥ်ကို လေ့ကျင့်ပြီးနောက် လက်တွေ့ စမ်းသပ်ရန် မစောင့်နိုင်တော့ပေ။ ဟိုဟိုဒီဒီကြည့်ရင်း ကောင်းကင် အလင်းရောင်အနီးရှိသော နေရာတစ်ခုဆီသို့ လှမ်းကြည့်လိုက်သည်။
ဒီအချိန်မှာ ပြတင်းပေါက် အပြင်ဘက် ကောင်းကင်ကြီးက တဖြည်းဖြည်း မှောင်လာကာ တိမ်တိုက်များကြားတွင် ကောင်းကင်ယံ၌ မြင့်မားစွာ တွဲလောင်းကျနေသော ကြယ်ပွင့်များ၏ တောက်ပမှုကို မြင်တွေ့နိုင်သည်။ ကြယ်တွေရဲ့ စွမ်းအားတွေကို ဆွဲယူဖို့ အကောင်းဆုံးအချိန်ပါပဲ။
ချင်းယန် မိုးကောင်းကင်ကြီးအောက်တွင် ရပ်နေသည်။ မျက်လုံးကို မှိတ်ကာ စိတ်ထဲတွင် စူးစူးစိုက်စိုက် တွေးနေ၏။
နောက်အခိုက်တွင်တော့ ညကောင်းကင်ယံက ကြယ်စွမ်းအားများသည် မရေမတွက်နိုင်သော ချည်မျှင်များသဖွယ် စီးဆင်းကာ ခေါ်သံကို တုံ့ပြန်လာခဲ့ပြီး စမ်းချောင်းတစ်ခုမှ ကြီးမားကျယ်ပြန့်သော သမုဒ္ဒရာအသွင် တစ်စတစ်စ တိုးလာကာ သူ့ခန္ဓာကိုယ်ထဲသို့ ပေါင်းစည်းလိုက်သည်။ ချင်းယန်လည်း သမုဒ္ဒရာရေလှိုင်းများကဲ့သို့ မျိုချလိုက်လေသည်။
"မြန်လိုက်တာ!"
ချင်းယန်သည် သူ့ကိုယ်တွင်းမှ ကြယ်စွမ်းအားများ တဟုန်ထိုး တက်လာသည်ကို ခံစားလိုက်ရသဖြင့် မယုံနိုင်စွာ အံ့အားသင့်သွားသည်။ ဤအမြန်နှုန်းသည် သာမန် ဂိုဏ်းဆရာအဆင့် ကျင့်စဥ်များထက် အဆပေါင်းများစွာ ကျော်လွန်သွားခဲ့ပြီ။ ၎င်းသည် သာမန်ကားနဲ့ ထိပ်တန်းပြိုင်ကားတစ်စီးကြား ကွာခြားချက်လိုပင်။
"မဆိုးဘူး မဆိုးဘူး"
ချင်းယန် ကျေနပ်စွာ မျက်လုံးဖွင့်လိုက်သည်။
သူ့မျက်လုံးထဲမှာတော့ နဂါးငွေ့တန်းဂလက်ဆီ ကြယ်လေးတွေက သဘာဝတရားတွေကို သိမ်မွေ့စွာ ပဲ့တင်ထပ်နေသလို ထက်မြက်စွာ ကခုန်နေသည်။
ဤသည်မှာ ကြယ်စွမ်းအားကျင့်စဥ်၏ ကြောက်စရာကောင်းသော အသွင်အပြင် ဖြစ်သည်။ ကြယ်စွမ်းအားကို ဆွဲငင်သည့် အရှိန်သည် သာမန် ဂိုဏ်းဆရာအဆင့် ကျင့်စဥ်များထက် များစွာ လျင်မြန်လှသည်။
အကြိမ်ကြိမ် စမ်းသပ်ပြီးနောက် ကြယ်ရောင်နဲ့ ရေချိုးပြီးတဲ့ ချင်းယန်သည် အသက်ရှူထုတ်ကာ ကြယ်စွမ်းအားကျင့်စဥ်ကို အသက်သွင်းထားသည်အား ရပ်တန့်လိုက်သည်။
"ကျန်းဟိုင် ကိုယ်ခံပညာ အကယ်ဒမီက သင်ကြားပြသပေးတဲ့ အတွက်ကြောင့် ဒီတစ်ကြိမ်မှာ အများကြီးရခဲ့တယ်..."
ဤကြီးမားသော တိုးတက်မှုသည် လင်မော့ဖုန်း၏ ကိုယ်ကျိုးမဖက်သော မျှဝေမှုကြောင့် ဖြစ်သည်။ ကျေးဇူးသိတတ်ရမယ့် အကြွေးတစ်ခုဖြစ်ပြီး ၎င်းကို ပြန်လည် ပေးဆပ်ရမှာ သေချာပါသည်။
ချင်းယန်ဟာ ဘယ်သူ့ကိုမှ အကြွေးမတင်တတ်ချေ။
"ဒါပေမယ့် မေးစရာက ဘယ်လိုပြန်ဆပ်ရမလဲ"
ချင်းယနခ အနည်းငယ် မျက်မှောင်ကြုတ်ကာ သူကျင့်လို့ပြီးသွားသည့် ကြယ်စွမ်းအားကျင့်စဥ်ကို ရုတ်တရက် သတိရသွားသည်။ တစ်ချက် တွေးပြီးနောက် ချင်းယန်သည် မှောင်နေတဲ့ကောင်းကင်ကို ပြတင်းပေါက်ကနေ လှမ်းကြည့်လိုက်သည်။
စောင့်နေတာထက် အခုလုပ်လိုက်တော့မယ်!
ဒီညပဲ!
ဒီပြီးပြည့်စုံသော ကြယ်စွမ်းအားကျင့်စဥ်ကို အကယ်ဒမီဆီ တိုက်ရိုက်ပေးပို့ရမည်။
...
ညဉ့်နက်ပြီ။
လရောင်သည် မှိန်ဖျော့ဖျော့နှင့် ကြယ်များလည်း ကျဲသွားပြီ။ ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ ရင်ပြင်ပေါ်တွင် တောက်ပသော အလင်းတန်းတစ်ခု ဖြတ်ပြေးသွား၏။
ကင်းလှည့်အစောင့် နှစ်ယောက်သည် ကျောက်ပြားဘေးမှ ဖြတ်သွားကာ ပတ်ပတ်လည်ရှိ မြက်ခင်းပြင်များကို စစ်ဆေးနေစဉ် ၎င်းတို့၏ ဓာတ်မီးများက ခေတ္တမှိတ်သွားခဲ့သည်။ သက်ရှိ လက္ခဏာမရှိကြောင်း အတည်ပြုပြီးနောက် သူတို့ဘာသာ ဖြည်းညှင်းစွာ ထွက်ခွာသွားကြသည်။
သူတို့၏ တိုးတိုးလေး ပြောသံများကို တိုးတိုးလေးကြားလိုက်ရသည်။
"ထူးဆန်းတယ် ငါ့ကို စောင့်ကြည့်နေတယ်လို့ ခံစားနေရတာလဲ... တစ်ယောက်ယောက်က ဖောက်ဝင်လာတာများလား"
"မင်းဘာတွေတွေးနေတာလဲ... စိတ်ထင်နေတာပါကွာ...အကယ်ဒမီကို အလွှာသုံးလွှာက နက်နက်ရှိုင်းရှိုင်း ကာရံထားတာ ငါတို့က အလယ်ခေါင်မှာ ရောက်နေတာ... ဘယ်သူက ဒီလောက်နက်နက်ထဲအထိ ဝင်နိုင်မှာလဲ"
"ဒါအမှန်ပဲ... အချိန်ပိုလုပ်ရတာ အရမ်းပင်ပန်းနေပြီ ထင်တယ်"
တိုးညှင်းသော ခြေသံများနှင့်အတူ သူတို့ နှစ်ယောက် ဝေးရာသို့ လျှောက်သွားကြသည်။
သို့သော်၊
သူတို့ထွက်သွားပြီး နှစ်စက္ကန့်အကြာ၌ တောအုပ်ထဲက အရိပ်တွေလို လေထဲမှာ ရွေ့လျားနေတဲ့ ချင်းယန်ရဲ့ ရုပ်သွင်က တစ္ဆေသရဲလို တိတ်ဆိတ်နေတဲ့ သစ်ပင်တွေအောက်မှာ တဖြည်းဖြည်း ပေါ်လာခဲ့လေသည်။
"အဲဒီအစောင့်ကယလေးရဲ့ အာရုံခံနိုင်စွမ်းက မြင့်သားပဲ"
ချင်းယန် တခစ်ခစ်ရယ်ပြီး ခေါင်းယမ်းကာ ကျောက်ပြားဆီသို့ မော့ကြည့်လိုက်သည်။ ထို့နောက် ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ကာ ပျောက်ကွယ်သွားပြီး ကျောက်စာတန်းရှေ့သို့ တိုက်ရိုက် ရောက်ရှိလာခဲ့သည်။
ဗုန်း!
ကျောက်တုံးကြီးအနီးသို့ ချဉ်းကပ်လာသည်နှင့်တစ်ပြိုင်နက် ချင်းယန်သည် လင်မော့ဖုန်း ချန်ထားခဲ့သော အကြွင်းအကျန် ကြယ်စွမ်းအားထဲက လျှို့ဝှက်ဆန်းကြယ်သော ရောင်ဝါများ ပြည့်နှက်နေသော အသံကို ချက်ချင်း ခံစားလိုက်ရသည်။
အမှောင်ကျောက်သား မျက်နှာပြင်ပေါ်တွင် သေသေသပ်သပ် ရေးထိုးထားသော စာပိုဒ်များရှိသော်လည်း ကံကောင်းထောက်မစွာပဲ ကြီးမားသော နေရာလွတ်များက အနီးတွင် ရှိနေခဲ့သည်။
"ဒါပဲ... မင်းရဲ့ မပြည့်စုံတဲ့ အရည်အချင်းတွေကို ငါက ပေါင်းစပ်ဖို့ သုံးခဲ့တယ်... အလကား မဖြစ်တော့ဘူးပေါ့... ပြီးပြည့်စုံတဲ့ လက်ဆောင်ကို ပြန်ပေးမယ်"
ချင်းယန်သည် ကျောက်ပြားကို ရောင်ဝါဖြင့် ဖုံးအုပ်ရန် သူ့လက်ကို မြှောက်ထားလိုက်သည်။
သူ၏ အတွင်းစိတ် စွမ်းအင် စီးဆင်းမှုနှင့်အတူ ဓားများကဲ့သို့ လက်ချောင်းများကို အသုံးပြုကာ ကျန်ရှိသော ကြယ်စွမ်းအား စွမ်းရည်များကို ကျောက်ပြားပေါ်၌ ဖြည့်သွင်းခဲ့သည်။
ရွှတ်!
ကျောက်တုံးစလေးများ ပျံသွားသည်။ ကျောက်ပြားပေါ်ရှိ ကြယ်စွမ်းအင် အကြွင်းအကျန်များသည် ချင်းယန်၏ ရေးထွင်းမှုမှ ထုတ်လွှတ်သော ဓားစွမ်းအင်နှင့် တိုက်မိကာ ချက်ချင်း ကြေမွကာ ပျောက်ကွယ်သွားလေသည်။
အချိန်သိပ် မသုံးလိုက်ရပါ။ ထွင်းထုမှု ပြီးသွားသည်နှင့် လင်မော့ဖုန်း၏ ကျန်ရှိသော ကြယ်စွမ်းအားများနှင့်အတူ ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်က တစ်ဖန် ပြီးမြောက်သွားခဲ့သည်။
"ဟူး! ဒီကလေးရဲ့ ကြယ်စွမ်းအားက အားနည်းလွန်းတယ် နုနယ်လွန်းတယ်..."
ချင်းယန် စကားမပြောဘဲ သူ့လက်ချောင်းထိပ်များကို စူးစူးစိုက်စိုက် ကြည့်ကာ အံ့ဩသွားသည်။
"ထားလိုက်ပါတော့.. ဘာပဲဖြစ်ဖြစ် ကျင့်စဥ်က ပြီးသွားပြီဆိုတော့ ဒါက ကြီးကြီးမားမားတော့ မဟုတ်ပါဘူး"
ချင်းယန် ခေါင်းအသာယမ်းကာ ကြယ်ခုနစ်ပွင့် နဂါးအဆင့်ဖြင့် ထိုနေရာမှ ပျောက်ကွယ်သွားသည်...။
...
နောက်တစ်နေ့တွင် ကောင်းကင်ကြီးက တောက်ပလာသည်။
ကျန်းဟိုင် ကိုယ်ခံပညာအကယ်ဒမီ၏ အမှုဆောင်ဧည့်ခန်းတွင်။
လက်ဖက်ရည်၏ မွှေးပျံ့သောရနံ့က လေထဲတွင် ပြည့်လျှံနေ၏။ ရှေးဟောင်း နှင်းဆီသစ်သား စားပွဲပေါ်တွင် လတ်ဆတ်သော မုန့်မျိုးစုံနှင့် လက်ဖက်ရည်ချိုများကို ခင်းကျင်းထားပြီး တကယ့်ကို အရသာရှိလှသော ပွဲတော်တစ်ခုဖြစ်သည်။
"အငယ်တန်း ညီမလေးလီ မင်း အရွယ်မရောက်လာသေးတာတောင် နောက်ဖွားနယ်ပယ် အဋ္ဌမအဆင့်ကို ရောက်နေပြီ မင်းမှာ အလားအလာရှိတဲ့ အနာဂတ်တစ်ခု တကယ်ရှိတာပဲ"
ဆိုဖာပေါ်တွင် ထိုင်နေသော လင်မော့ဖုန်းသည် သူ့လက်ဖက်ရည်ခွက်ကို ရုတ်လိုက်ပြီး လက်ဖက်ရည်ထဲမှ အဖြူရောင်အငွေ့ကို မှုတ်ထုတ်လိုက်သည်။ စားပွဲတစ်ဖက်တစ်ချက်တွင် လီကျစ်ရွှမ်းနှင့် စကားပြောနေစဉ် ပြုံးလိုက်၏။
"မဟုတ်ပါဘူး ဆရာတူအစ်ကိုက ချီးကျူးလွန်းနေတာပါ "
လီကျစ်ရွှမ်း ယဉ်ကျေးစွာ ခေါင်းငုံ့ကာ စကားရပ်လိုက်ပြီး သူမ၏ ကိတ်မုန့်ကိုသာ အရသာခံလိုက်သည်။
"ဆရာတူညီမလေး ငါ ချီးကျူးလွန်းနေတာ မဟုတ်ဘူး"
လင်မော့ဖုန်းက ပြုံးပြီး တိုးတိုးလေး ဆက်ပြောသည်။
"မင်းရဲ့ လက်ရှိ အရည်အချင်းနဲ့က ဧကရာဇ်မြို့တော်မှာတောင် ရှားရှားပါးပါး ပါရမီရှင်တစ်ယောက်ပဲ"
သူက လောင်လီကို လှည့်ကြည့်လိုက်ပြီး :"ပြီးတော့ မင်းရဲ့ ပင်ကိုယ်စရိုက်က ဟိုတုန်းကငါ့လောက် မဆိုးပါဘူး... ဆရာ့ရဲ့ လမ်းညွှန်မှုအောက်မှာဆို မင်း အနာဂတ်မှာ ဂိုဏ်းဆရာနယ်ပယ်ကို သေချာပေါက် ရောက်နိုင်လိမ့်မယ်"
"ဆရာလည်း ဒီလိုပဲထင်တယ်"
လူအိုလီက ပြုံးပြီး မုတ်ဆိတ်ဖြူတွေကို ပွတ်သပ်လိုက်သည်။ သူသည် သူ့ဘေးနားရှိ လီကျစ်ရွှမ်းကို ကြည့်ပြီး လင်မော့ဖုန်းကိုလည်း သူ့မျက်နှာပေါ်မှ ဂုဏ်ယူသော အမူအရာဖြင့် တစ်ချက် ကြည့်လိုက်သည်။
ယခင်ကဆို လင်မော့ဖုန်းသည် ထူးထူးခြားခြား အရည်အချင်းများ ရှိပြီး ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိရန်မှာ အချိန်တစ်ခုသာ လိုခဲ့သည်။
နောက်ပိုင်းတွင် သူသည် ဧကရာဇ်မြို့တော်သို့ ခရီးထွက်ပြီး ကြီးပွားချမ်းသာလာကာ ဂိုဏ်းဆရာနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ဤတပည့်နှစ်ယောက်ရှိခြင်းက အမှန်ပင် ကြီးမြတ်သော ကောင်းချီးတစ်ခုသာ။
"ဂိုဏ်းဆရာ နဲ့ပတ်သက်တဲ့ အချက်အလက်တစ်ခုခုလိုရင် ငါ့ဆီလာခဲ့ပါ..."
လင်မော့ဖုန်းက လီကျစ်ရွှမ်းကို ကြည့်ပြီး ပြုံးပြသည်။
"မင်း ဂိုဏ်းဆရာနယ်ပယ်ကို အမြန်ဆုံး ရောက်အောင် ငါ အစွမ်းကုန် ကူညီပေးပါ့မယ်!"
"ကျေးဇူးတင်ပါတယ် အစ်ကိုကြီး"
လီကျစ်ရွှမ်း ညင်ညင်သာသာ ခေါင်းညိတ်ပြပေမယ့် သူမ၏ အသံက တည်ငြိမ်လှသည်။ အရင်က ဆိုရင်တော့ ဝမ်းသာမိလောက်၏။ ယခုမူ သူမ၏ ဆရာသခင်နှင့် တွေ့ဆုံပြီးနောက်တွင် ဂိုဏ်းဆရာနယ်ပယ်က အစသာဖြစ်ကြောင်း သဘောပေါက်ခဲ့သည်။
ဤကျယ်ပြောလှသော ဤကမ္ဘာကြီးထဲတွင် ဆရာကြီးကဲ့သို့ တစ်စုံတစ်ယောက်သည် သူမလိုက်လျှောက်သင့်သော ပန်းတိုင်သာ ဖြစ်သင့်သည် ။
ဒေါက် ဒေါက်!
ရုတ်တရက် တံခါးခေါက်သံများ ဆက်တိုက်ထွက်ပေါ်လာသည်။
ဒါကိုကြားတော့ လောင်လီ အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ယုတ္တိနည်းအားဖြင့် ဤအချိန်တွင် သူတို့၏ ဆရာ-တပည့် ထမင်းစားချိန်ကို ဘယ်သူမှ မနှောင့်ယှက်သင့်ပါ။ သို့သော် သူ တိုးတိုးလေး မေးလိုက်သေးသည်။
“ဘယ်သူလဲ”
"အကြီးအကဲလီ.. ကျနော်က လုံခြုံရေးဌာနက ခေါင်းဆောင်ပါ..."
အပြင်မှ အသံတစ်သံ ထွက်လာပြီး ထိတ်လန့်တကြားဖြင့်။
"ပြဿနာတက်ပြီ! အစောင့်တွေက ဒီမနက်မှပဲ ကျောက်ပြားကို တစ်ယောက်ယောက်က ဖျက်ဆီးပစ်လိုက်တာကို တွေ့လိုက်ရတယ်တဲ့! !"