လောင်ချင်း မင်း ဒီအတိုင်းဆက်သွားရင် မကြာခင် အမှိုက်ဖြစ်သွားလိမ့်မယ်
Vol. 3 Ch. 42
ရင်ပြင်အလယ်တွင် ကျောက်ပြားတစ်ချပ် ရပ်တည်နေ၏။ ၎င်း၏ မျက်နှာပြင်ပေါ်ရှိ ထွင်းထုထားသော ဓားရာများကို ရှင်းရှင်းလင်းလင်း မြင်တွေ့နေရပြီး ဓားစွမ်းအင်များ အဆက်မပြတ် စီးဆင်းနေသည်။
လင်မော့ဖုန်း ကျောက်ပြားကို စူးစိုက်ကြည့်ကာ တည်ငြိမ်သွားသော စိတ်ခံစားမှုများကို ဆက်ပြီး ငြိမ်သက်နေအောင် ထပ်ခါထပ်ခါ ကြိုးစားပြီးတော့မှ နောက်ဆုံးတွင် သူ့ထိတ်လန့်မှုမှာ ပြန်လည် သက်သာလာခဲ့သည်။
ကျန်းဟိုင် ဓားနတ်ဘုရားရဲ့ တန်ခိုးက ကြောက်မက်ဖွယ်ကောင်းပြီး သူထင်ထားတာထက်ကို အဆတစ်ရာ ပိုကြောက်စရာကောင်းလေသည်။ ကျောက်ပြားပေါ် ရေးထွင်းထားသော လေးနက်သော ဓားစွမ်းအင်ကို ကြည့်လိုက်ရင်ကို တစ်သက်လုံး ထိုသူ့ကို ဘယ်တော့မှ လိုက်မှီနိုင်မှာ မဟုတ်ကြောင်း နားလည်လာစေသည်။
"မင်းထက်သာတဲ့လူ အမြဲရှိတယ်...မင်းထက် ပိုမြင့်တဲ့ စွမ်းအားတွေလည်း အမြဲရှိနေတယ်တဲ့..."
ယခုတော့ လင်မော့ဖုန်း ဤအမှန်တရားကို နားလည်လာပါပြီ။ ဂိုဏ်းဆရာအဆင့် ကြယ်စွမ်းအားကျင့်စဥ်ကို ပြီးမြောက်ရန် ဘယ်လောက် ခက်ခဲသလဲ စိတ်ကူးကြည့်လိုက်ရင် ဧကရာဇ်မြို့တော်က ဝါရင့်ပါမောက္ခတွေတောင် မလုပ်နိုင်ဘူး ဆိုတာ မြင်ရလိမ့်မည်။
ယခုတော့ရော?
ကျန်းဟိုင်ဓားနတ်ဘုရားက ပြီးမြောက်စေရုံသာမက တစ်ညတည်းနဲ့ ဖြည့်စွက်ပေးသွားခဲ့သေးသည်။
"ဒါကို မဖြန့်ရဘူး..."
ဒါကိုတွေးပြီး ရေရွတ်ရင်း အနီးနားက လူအုပ်ကို စိုက်ကြည့်လိုက်သည်။ ထို့နောက် သူသည် လူအိုလီဘက်သို့လှည့်ကာ သူ့သတင်းစကားကို ပေးပို့ခဲ့သည်-
"ဆရာ... အခု ကျင့်စဥ်က ပြီးပြည့်စုံသွားပြီဆိုတော့ ဂိုဏ်းဆရာတွေတောင် သွေးဆောင်ခံရလိမ့်မယ်... ဒါတွေကို သင်ယူရင် အကယ်ဒမီက ပျက်သွားလိမ့်မယ်..."
"စိတ်မပူပါနဲ့ မော့ဖုန်း ငါ ဒါကို နားလည်ပါတယ် "
လူအိုလီကလည်း အနည်းငယ် ခေါင်းညိတ်သည်။ အပြစ်မဲ့သူသည် ဘဏ္ဍာကို ပိုင်လိုက်သည်နှင့် အပြစ်ရှိသွားနိုင်၏။ ယခု ကျောက်ပြားက စေ့စေ့စပ်စပ် လုပ်ထားတဲ့ ကျောက်စိမ်းလက်ကောက်နဲ့ တူပေသည်။ ကွဲနေသော လက်ကောက်နှင့် နဂိုအတိုင်းလက်ကောက်တစ်ခုကြား စျေးနှုန်းကွာခြားချက်က အဆဘယ်လောက် ရှိနိုင်သလဲ။
ကျင့်ကြံသူ တချို့သာ ဤအကြောင်းကို သင်ယူခဲ့မည်ဆိုလျှင် အကျိုးဆက်များက မှန်းဆလို့တောင် မရနိုင်တော့ပေ။
50% အမြတ်ရှိလျှင် စွန့်စားရလိမ့်မည်။ 100% အမြတ်ရဖို့ လူ့ဥပဒေအားလုံးကို နင်းချေကြလိမ့်မည်။ 300% အမြတ်ရဖို့ သူတို့ကိုယ်တိုင် သေတဲ့အထိ ရာဇ၀တ်မှုတွေ ကျူးလွန်လာလိမ့်မည်။
အကယ်၍ ဤသတင်းသာ ပြင်ပကမ္ဘာဆီ ပေါက်ကြားခဲ့ပါက ၎င်းသည် ထိုနတ်ဆိုးများကိုပါ ရူးသွပ်စေမည်ဖြစ်ပြီး ၎င်းတို့ ကိုယ်ခံပညာအကယ်ဒမီအား ဝိုင်းရံလာကြနိုင်သည်။ ထို့နောက် ဆရာများနှင့် ကျောင်းသားများအားလုံး ထာဝရငရဲထဲသို့ ကျရောက်သွားပေလိမ့်မည်။
လူအိုလီ ခဏလောက်စဉ်းစားပြီးနောက် အကြံဥာဏ်တစ်ခုကို အမြန်ဖန်တီးလိုက်သည်။
သူသည် ဒေါသဟန်ဖြင့် ကျောက်ပြားအနီးသို့ ဖြည်းညှင်းစွာ ချဉ်းကပ်လာသည်။ သူ့လက်ကို မြှောက်ပြီး အပိုကမ္ပည်းစာတွေပေါ် ဖိကာ သူ၏ စစ်မှန်သော စွမ်းအင်ကို ထုတ်လွှတ်လိုက်သည်။ ကြောက်မက်ဖွယ်ကောင်းသော ကြယ်စွမ်းအင်များ ပေါက်ထွက်လာ၏။
ဝုန်း!
ချက်ချင်းပင် ကျောက်စရစ်များ လွင့်ပျံလာကာ ဖုန်မှုန့်များနှင့် အမှုန်အမွှားများ တက်လာပြီး ကျောက်ပြားကို နှစ်ပိုင်းခွဲပစ်လိုက်သည်။ အနီးနားရှိ ကျောင်းသားများမှာ ဤအဖြစ်ကြောင့် ထိတ်လန့်တုန်လှုပ်သွားကာ ကြောက်ရွံ့ထိတ်လန့်မှုနှင့် လူသတ်ချင်စိတ်ကိုပါ ခံစားရလေသည်။
"ဆရာလီက တကယ်ကို ဒေါသထွက်နေပြီ!"
"သူ ဘယ်လိုလုပ် ဒေါသမထွက်ဘဲ နေမှာလဲ... သူ့ဘဝတစ်ဝက်လောက် ဖြတ်သန်းခဲ့ပြီး အခုနောက်ဆုံးမှာတော့ ဂိုဏ်းဆရာနယ်ပယ် တက်နိုင်တော့မှာလေ... အခြားသူတစ်ယောက်က ကျောက်စာရေးထိုးထားတဲ့ ကျောက်စာတန်းကို ဖျက်စီးသွားပြီ! "
"ဟမ့်! ပါးစပ်ပိတ်ထား! ဆရာလီကြားသွားမယ်..."
ယခုအချိန်တွင် ဆရာလီသည် ဒေါသအမျက်ထွက်နေပြီး အပြစ်မဲ့သူများကို အန္တရာယ်ပြုလိမ့်မလား မည်သူမျှ သေချာစွာ မပြောနိုင်ပေ။ ဒါကိုမြင်တော့ ဘေးမှလူအုပ်က လူစုခွဲလိုက်ကြပြီး လုံခြုံရေးအဖွဲ့ကလည်း ဆရာကြီး Li ရဲ့ နောက်ထပ်ညွှန်ကြားချက်ကို စောင့်မျှော်နေခဲ့ပါတယ်။
"လီ... ဆရာကြီး လီ... ကျနော်..."
လုံခြုံရေးခေါင်းဆောင် တုန်တုန်ယင်ယင် ရှေ့သို့ တိုးလာကာ ဆရာလီ၏ အကြည့်ကို မမြင်ဝံ့ဘဲ ခေါင်းငုံ့ထားလေသည်။ တစ်ဖက်လူမှ မကျေနပ်မှုတစ်ခု ပေါက်ကွဲထွက်လာမှာကိုလည်း စိုးရိမ်နေသေးသည်။
သို့သော် သူ မမျှော်လင့်ထားတဲ့အရာက လူအိုလီက သူ့ကို ကြမ်းကြမ်းတမ်းတမ်း ပြစ်တင်ဆုံးမခဲ့ပေမယ့် သူ့ကို ပေါ့ပေါ့ပါးပါးသာ စိုက်ကြည့်နေခဲ့သည်။
ထို့နောက် သူ့လက်ကို လှန်လိုက်ပြီး တစ်ဝက်ကျိုးသွားသော ကျောက်ပြားကို သူ့လက်ထဲတွင် ထည့်ထားကာ လေထုထဲတွင် ပစ္စည်းတစ်မျိုးမျိုး ဝှက်ထားသကဲ့သို့ သိမ်းဆည်းလိုက်သည်။
"မင်းတို့ လုံခြုံရေးဌာနက တစ်ယောက်ယောက်ကို ဒီနေရာကို ရှင်းဖို့ လွှတ်လိုက်... ကျောက်ပြား ဖျက်ဆီးခံရတာနဲ့ ပတ်သက်ပြီးတော့ စုံစမ်းဖို့ ငါ တစ်ယောက်ယောက်ကို လွှတ်လိုက်မယ်"
"ဟုတ်...ဟုတ်ကဲ့ပါ လောင်လီ"
လုံခြုံရေးခေါင်းဆောင်လည်း ခေါင်းညိတ်ကာ အမြန် သဘောတူလိုက်သည်။
"နောက်ပြီး တက်ရောက်လာတဲ့ ကျောင်းသားအားလုံးကို ချက်ချင်း သတင်းပို့ပြီး အင်တာဗျူးလုပ်... အကယ်ဒမီရဲ့ ဂုဏ်သိက္ခာကို မထိခိုက်စေဖို့အတွက် ဒီသတင်းကို လျှို့ဝှက်ထားရမယ်"
လင်မော့ဖုန်းကလည်း နောက်ထပ် ညွှန်ကြားချက်တစ်ခု ထပ်ဖြည့်လိုက်ပါ၏။
"ကောင်းပြီ... နားလည်ပါပြီ လူကြီးမင်းလင် တစ်ယောက်ယောက်ကို လုပ်ခိုင်းလိုက်ပါ့မယ်"
ပြီးတာနဲ့ လုံခြုံရေးခေါင်းဆောင်လည်း ခေါင်းညိတ်ပြပြီး ပြေးထွက်သွားတော့သည်။
လင်မော့ဖုန်းနဲ့ တခြားနှစ်ယောက်လည်း လှည့်ပြီး အစည်းအဝေးခန်းဆီ ဦးတည်သွားကြသည်။
"ဆရာ ဒီကျောက်ပြားကို ဘယ်လိုလုပ်မှာလဲ"
လင်မော့ဖုန်း မထိန်းနိုင်တော့ဘဲ လမ်းမှာတင် မေးလိုက်သည်။
"အဟမ်း...ဒါက စီနီယာတစ်ယောက် ချန်ခဲ့တာဆိုတော့ သဘာဝအတိုင်း လျစ်လျူမရှုနိုင်ဘူး"
လူအိုလီသည် မျက်လုံးများကို မှိတ်ထားပြီး ပြန်ဖွင့်လိုက်တဲ့အခါ သူ့မျက်နှာပေါ်ရှိ အသီးအနှံများ လတ်လတ်ဆက်ဆက် ဖူးပွင့်သီးလာသလို ရွှင်လန်းသောအကြည့်မျိုး ပေါ်လာတော့သည်။
"ငါတို့ ဒါကို သေချာ ဂရုတစိုက် ဆက်ဆံရမယ်!"
...
ကျန်းဟိုင်မြို့စာကြည့်တိုက်။
"ဟက်ချိုး!"
ထောင့်တွင် ငါးမျှားနေသော ချင်းယန်တစ်ယောက် ရုတ်တရက် ကျယ်လောင်စွာ နှာချေလိုက်သည်။
"ဟမ့် ဘယ်သူ ငါ့အကြောင်း ထပ်ပြောနေပြန်တာလဲ?"
သူ့နှာခေါင်းကို သုတ်ဖို့ တစ်ရှူးတစ်ရွက်ကို ထုတ်လိုက်သည်။ အခုလို ပူပြင်းတဲ့ ရာသီဥတုမှာ တစ်စုံတစ်ခုကို တီးတိုးပြောနေတာက အဲဒီကောင်လေး ရှဟဲပဲလားလို့တောင် တွေးမိသေးသည်။
ချင်းယန် မော့ကြည့်လိုက်သည်။ ထိုစဥ် ရှဟဲ သူ့ဆီသို့ လျှောက်သွားသည်ကို ချက်ချင်းတွေ့လိုက်ရသည်။
"ချင်းအိုကြီး... မင်း ကိုယ်လုံးကိုယ်ပေါက် မကောင်းဘူး မင်း ဒီအပူအောက်မှာ အကြာကြီး ထိုင်နေရင် အပူလျှပ်လိမ့်မယ်..."
ရှဟဲသည် ချင်းယန်နံဘေးသို့ လျှောက်သွားကာ အကြောလျှောဖို့ နေရာတစ်ခုကို ရှာဖွေလိုက်သည်။
"ငါ မင်းကို ပိုလေ့ကျင့်ဖို့ ပြောထားလည်း မင်းကနားမထောင်ဘူး... မနေ့က ကျင့်စဥ်ကို မှတ်မိလား"
"မေ့သွားပြီ"
ချင်းယန်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။
"မေ့သွားပြီလား... ကျစ် ကျစ် လောင်ချင်း မင်းရဲ့မှတ်ဉာဏ်က မေ့တတ်တဲ့ နေရာမှာ အရမ်းမြန်နေတယ်... အနာဂတ်မှာ လက်မှုပညာတွေကို လျှော့လုပ်ကြည့်ပါလား"
ရှဟဲ ခေါင်းယမ်းလိုက်ပြီး အိတ်ကပ်ထဲက လက်မှတ်အသစ်ကို ထုတ်လိုက်သည်။
"ဒါ ဘာလဲဆိုတာ ကြည့်လိုက်ပါဦး..."
"ဟမ်?"
ချင်းယန် အဲဒါကို ကြည့်လိုက်တော့ မနေ့က လက်မှတ်ပုံစံမျိုးပင်။
"မင်း တစ်ယောက်ယောက်ဆီက ရခဲ့တာလား"
"ငါဘယ်သူလဲဆိုတာ မင်းမမြင်ဘူးလား? မနေ့က အိမ်ပြန်ရောက်တော့ ဂိုဏ်းဆရာအဆင့် ကျင့်စဥ်အကြောင်း အဖေ့ကို ချက်ချင်းပြောခဲ့တာ..."
ရှဟဲက အပြုံးကြီးဖြင့်။
"ဘာဖြစ်သွားတာလဲ ခန့်မှန်းကြည့်... ငါ့အဖေ အရမ်းပျော်သွားတယ် လက်မှတ်အသစ်ရဖို့အတွက် သူ့အဆက်အသွယ်တွေကိုတောင် သုံးခဲ့တာ... မင်းစိတ်ဝင်စားလား လောင်ချင်း ငါမင်းကိုရေရှည် ဝင်နိုင်တဲ့ လက်မှတ်မျိုး ယူပေးနိုင်တယ်နော်"
"ထားလိုက်တော့ ငါစိတ်မဝင်စားဘူး..."
ချင်းယန် ခေါင်းခါပြီး ပျင်းရိစွာ ပြောလိုက်သည်။
"အလုပ်ကထွက်ပြီးတဲ့ အချိန်က အရမ်းတန်ဖိုးရှိတယ်... ကမ္ပည်းပြားတွေရှာဖို့ ဘယ်လိုဖြုန်းတီးပစ်ရမှာလဲ... နောက်ထပ် ဂိမ်းနည်းနည်းကစားပြီး ဗီဒီယိုအတိုလေးတွေ လိုက်ကြည့်တာကမှ ပိုကောင်းမှာမဟုတ်လား"
"..."
ဒါကိုကြားတော့ ရှဟဲခမျာ ခဏတာ စကားမပြောနိုင် ဖြစ်သွားခဲ့သည်။ သူက ချင်းယန်ကို အထင်အမြင်သေးသလိုဖြင့်။
"မင်း တစ်ချိန်လုံး ကစားဖို့ တွေးနေတာပဲ... မင်းရဲ့ ခဏတာ စိတ်အားထက်သန်မှုကလည်း အလုပ်မဖြစ်တော့ဘူး... ဒီကျင့်စဥ်ထဲက စာတွေအားလုံးကို ငါ အလွတ်ကျက်ပြီးတာနဲ့ ငါ့အဖေက အဲဒါတွေကြောင့် မိသားစု အမွေဆက်ခံဖို့ ဖြစ်နိုင်တယ်!"
ဒါကိုကြားတော့ ချင်းယန် မထိန်းနိုင်တော့ဘဲ :"မင်းရဲ့နားလည်မှု အဆင့်အရဆို မင်း အဲဒါတွေကို အလွတ်ကျက်ပြီးတာနဲ့ ဂိုဏ်းဆရာအဆင့် ကျင့်စဥ်က နေရာတိုင်းမှာ ရှိနေလောက်ပြီ...."
အဲဒါကို မိသားစု အမွေခံအဖြစ် ထားနိုင်ဦးမယ် ထင်နေသေးလား။
ထို့နောက် ချင်းယန်သည် ရှဟဲနှင့် စကားပြောရန် စိတ်မ၀င်စားတော့ဘဲ လေးလေးနက်နက် အတွေးဖြင့် မျက်လုံးမှိတ်ကာ မနေ့ညက ရရှိခဲ့သော ကြယ်စွမ်းအင်ကျင့်စဥ်ကို ဆက်လက်နားလည်နေခဲ့သည်။
နောက်ဆုံးတော့ ဒါက ဂိုဏ်းဆရာအဆင့် ဖြစ်လေရာ သဘာဝမကျသော နားလည်နိုင်စွမ်းကို အားကိုးနေလျှင်ပင် အချိန်ယူရသေးသည်။ ကံကောင်းထောက်မစွာ အလုပ်က အေးအေးဆေးဆေး အနားယူဖို့ အချိန်အများကြီးရပြီး စာကြည့်တိုက်က အချိန်အများကြီး ပေး၏။
ချင်းယန် မျက်လုံးမှိတ်ပြီး နေ့စဥ်အချိန်အနည်းငယ် ယူသည်။
အဲဒီအချိန်မှာ သူ့စိတ်ထဲတွင် ကြီးကျယ်ခမ်းနားသော ကြယ်မြင်ကွင်းတစ်ခု ဖြစ်ပေါ်လာပြီး ကြယ်နှစ်ဆယ့်ရှစ်လုံးကို ရှင်းရှင်းလင်းလင်း မြင်လာရပါသည်။
ရက်အနည်းငယ် ကြာသောအခါ သူသည် သူ၏နောက်ဆုံး နားလည်မှုကို ပြီးမြောက်တော့မှာပဲ ဖြစ်သည်။ ထိုအခိုက် ဒေါသအငွေ့အသက်တွေ ပြည့်နှက်နေတဲ့ ရှဟဲရဲ့ အသံကို တိုးတိုးလေး ကြားလိုက်ရ၏။
"လောင်ချင်း မင်းဒီအတိုင်း ဆက်သွားနေရင် မကြာခင် အမှိုက်ဖြစ်သွားလိမ့်မယ်!"
ချင်းယန် စကားမပြောနိုင် ဖြစ်သွားခဲ့သည်။
ငါက ဂိုဏ်းဆရာ တစ်ယောက်ဖြစ်နေပြီ၊ မင်းက ငါ့ကို အမှိုက်လို့ ခေါ်ချင်နေသေးတာလား။