မျက်မြင်သက်သေများ
Vol. 19 Ch. 254
ကျန်းရီက အကြောင်းအရာ တစ်ခုလုံးကို နားထောင်ပြီးတဲ့အခါ၊ ဖုန်းရဲ့ အခြားတစ်ဖက်က လောင်စွန်းက ခဏနားလိုက်တယ်။
"လောင်စွန်း၊ခင်ဗျားရဲ့ စာဖတ်ပရိသတ် လေးယောက်ထဲက မိသားစုဝင်တွေ ဒါ့ကြောင့် သေဆုံးသွားတဲ့သူ ရှိလား?"
"မရှိပါဘူး၊သူတို့လေးယောက်က အသေးအမွှား အောင်မြင်မှုလေးတွေပဲ ရှိကြတဲ့သူတွေပါ၊ ပြီးတော့ ကျွန်တော့်ရဲ့ ဇာတ်လမ်းက နှစ်မျိုးရွေးချယ်ခွင့်ရှိတယ်။ ပထမတစ်ခုက အောင်မြင်မှုကိုရွေးပြီး ကိုယ်အိပ်မက်ထဲက လူဖြစ်ဖို့ပါ၊ ဒါပေမယ့် ပေးဆပ်ရမယ့် တန်ဖိုးက ကိုယ့်ချစ်ရတဲ့ မိသားစုဝင်တွေ သေဆုံးနိုင်တာပါပဲ။ ဒုတိယတစ်ခုကတော့ အဲဒီလိုလူမျိုး ဖြစ်ခြင်းကို စွန့်လွှတ်ပြီး ကိုယ့်မှာရှိနေတဲ့ အရာတွေအားလုံးက တကယ်တော့ ပျော်စရာ ကောင်းတယ်ဆိုတာ မြင်နိုင်ဖို့ပါပဲ။
ဒီထက်ပိုပြီး ဘာတွေ အောင်မြင်နိုင်မလဲ ဆိုတာက ကံအားထုတ်မှုပေါ် မူတည်နေတာပါ၊ အတင်းအကျပ် လိုက်စားတာထက် ပေါ့ဗျာ"
"ဒါဆိုခင်ဗျားရဲ့ ဇာတ်လမ်းထဲမှာ ဇာတ်လိုက်က ပထမရွေးချယ်မှုကို ရွေးတယ်။ ဒါပေမယ့် ခင်ဗျားရဲ့ စာဖတ်ပရိသတ်တွေကျတော့ ဒုတိယ ရွေးချယ်မှုကို ရွေးကြမယ်။ ဒါပေမယ့် ခင်ဗျားရဲ့ ဇာတ်လမ်းထဲမှာ ဒုတိယရွေးချယ်မှုကို ရွေးတဲ့သူဟာ မသေဘဲ ဘဝကို ပိုပြီး ရှင်းရှင်းလင်းလင်း မြင်နိုင်မယ်ဆိုတာကို ခင်ဗျား ပြောချင်တာမလား?"
"ဟုတ်ပါတယ်၊ ကျွန်တော့်ဇာတ်လမ်းက တကယ်တော့ � သရဲ ဇာတ်လမ်းမဟုတ်ဘဲ၊ ကိုယ့်ကိုယ်ကိုယ် အသိအမှတ်ပြုစေတဲ့ ဇာတ်လမ်းတစ်ပုဒ်ပါ။
သူတို့လေးယောက်က ဇာတ်လမ်းထဲက ဂိမ်းကို စိတ်ဝင်စားကြလိမ့်မယ်။ နောက်ဆုံးမှာ လူသားတွေက အလွန်စူးစမ်းလိုစိတ်များတဲ့ သတ္တဝါတွေပဲလေ၊ စိတ်ဝင်စားလာရင် စမ်းကြည့်ကြတယ်၊ ဒါပေမယ့် ကျွန်တော် နားမလည်တာက ဒါက စိတ်ကူးယဉ် ဇာတ်လမ်း တစ်ပုဒ်ပဲလေ၊ ဘာလို့...ဘာလို့ သူတို့သေရတာလဲ၊ ပြီးတော့ ကျွန်တော့်နဲ့အတူ ကစားဖို့ ဂိမ်းတစ်ခု မဖွဲ့ခဲ့ကြဘူး။
ဒီဂိမ်းအကြောင်းကျွန်တော် အများကြီး မသိဘူး၊ ဒါပေမယ့် အဖွဲ့ ထဲက စာဖတ်ပရိသတ် တချို့က ပျောက်ကွယ်သွားချိန် မတိုင်ခင်က ဒီဂိမ်းကို အမြဲ စိတ်ဝင်စားနေခဲ့ကြတယ်၊ ပြီးတော့ သူတို့က အပြင်မှာ အချိန်တစ်ခု သတ်မှတ်ပြီး တွေ့ဆုံဖို့လည်း သဘောတူခဲ့ကြတယ်"
"ဒါဆိုရဲတွေနဲ့ ဆက်သွယ်ပြီး သူတို့တွေရဲ့ တိကျတဲ့ သေဆုံးရတဲ့ အကြောင်းရင်းကို ရှာဖွေဖို့ လုပ်ခဲ့လား?"
"ကျွန်တော်က သူတို့ရဲ့မိသားစုဝင်တွေကိုပဲ မေးခဲ့တယ်၊ သူတို့အားလုံး အတူတူ အခန်းထဲမှာ သေနေတယ်လို့ ပြောတယ်၊ ထောင့်လေးထောင့်မှာ လေးယောက် ရပ်နေသေးတယ်လို့လည်း ပြောတယ်။ သေဆုံးရတဲ့ အကြောင်းရင်းကိုတော့ မပြောခဲ့ဘူး၊ လီအိုချောင် ကို သွားဖို့ပဲ ပြောခဲ့တယ်"
ကျန်းရီက နားလည်သွားပြီး မေးလိုက်တယ်- " လီအိုချောင် ထဲမှာ လီအိုချောင် က ရဲအဖွဲ့ဝင်တွေ ရှိလား? လောင်စွန်းပြောတဲ့ အမှုအကြောင်း သိသူတွေ ရှိလား?"
တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက တစ်ယောက်က အမြန်ပြန်ဖြေခဲ့တယ်- "မစ္စတာ ကျန်း၊ အဲဒီအမှုမှာ သေဆုံးခဲ့တဲ့ လေးယောက်က တကယ်ပဲ အတူတူ အခန်းထဲမှာ တွေ့ရတယ်။ အဲဒီတုန်းက အိမ်ရှင်ကပဲ အမှုဖွင့်ခဲ့တာ၊ ငှားထားတဲ့အိမ်က ရက်အတော်ကြာ အနံ့ဆိုးတွေ ထွက်နေတယ်လို့ တစ်ယောက်ယောက်က ပြောလို့ သော့ယူပြီး သွားကြည့်လိုက်တယ်။
တံခါးဖွင့်လိုက်တဲ့အခါ ထောင့်လေးထောင့်မှာ လူလေးယောက်ကို တွေ့ရတယ်။ ကျွန်တော်တို့ ရောက်တဲ့အခါ အလောင်းတွေက ပုပ်နေပြီ။ နောက်ဆုံးဆေးဘက်ဆရာဝန်ရဲ့ ခွဲခြမ်းစိတ်ဖြာမှုအရ နှလုံးကြွက်သားမျှင်တွေ စုတ်ပြဲသွားတယ်တဲ့။ တချို့လူတွေလည်း နှလုံးသွေးယိုတာကြောင့် နှလုံးရပ်ပြီး သေဆုံးကြတယ်။
အတိုချုပ်ပြောရရင် လေးယောက်လုံးက အလွန်အမင်း ကြောက်ရွံ့မှုကြောင့် သေဆုံးကြတာပါ"
"ကျွန်တော်တို့က မှုခင်းဖြစ်စဉ်နေရာကို အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေလည်း ပြုလုပ်ခဲ့တယ်။ နံရံလေးဘက်မှာ တိုက်မိရာတွေ၊ ကုတ်ရာတွေ အများကြီး ရှိတယ်။ ဒါ့အပြင် အခန်းရဲ့ ထောင့်လေးထောင့်မှာ မှန် တွေ၊ ဖယောင်းတိုင်တွေ ကျန်ရစ်နေတာတွေလည်း ရှိတယ်။ အခြေခံအားဖြင့် မစ္စတာစွန်း ပြောပြတဲ့ဇာတ်လမ်းနဲ့ အတူတူပါပဲ၊ ဒါပေမယ့် နေအိမ်မှာ CCTV ကင်မရာ မရှိဘူး၊ ဒါကြောင့် သေဆုံးသွားတဲ့ လေးယောက်ဟာ ငှားထားတဲ့အိမ်ထဲမှာ ဘာတွေကြုံခဲ့ရလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး"
"ဒါပေမယ့်ကျွန်တော်တို့က အိမ်နီးချင်းတွေရဲ့ ထွက်ဆိုချက်တွေ၊ ဗီဒီယိုတွေကို စုဆောင်းခဲ့တယ်။ သူတို့ စစ်ဆေးမှု ခံနေရတဲ့အချိန်မှာ တချို့အကြောင်းတွေ ပြောခဲ့ကြတယ်။ ကျွန်တော်တို့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲမှာ မစ္စတာကျန်းကို ပြကြည့်ရင်ရော?"
"ဒီထက်ပိုကောင်းတာ မရှိနိုင်တော့ဘူး" လို့ ကျန်းရီက ပြောလိုက်တယ်၊
လီအိုချောင် က ရဲတွေက တိုက်ရိုက်ထုတ်လွှင့်ခန်းထဲဝင်ပြီး ဗီဒီယိုတစ်ခု ဖွင့်ပြခဲ့တယ်။ ဗီဒီယိုကိုရဲတွေက ပြင်ဆင်ထားပြီး နံပါတ်တပ်ထားခဲ့တယ်။
"ချင်းလင်အိမ်ရာ ,အမှတ်. ၀၃၀၄၅၆." "ထွက်ဆိုသူ-လီကျင့်ဟိုင်. "အမှုဖြစ်ရာနေရာရဲ့အိမ်နီးချင်း"
"အသက်-၃၅ နှစ်"
ရဲ-"မစ္စတာလီ၊ ခင်ဗျားက အိမ်ရှင်ကို ပထမဆုံး ဖုန်းဆက်တဲ့သူလား?"
လီကျင့်ဟိုင်-"ဟုတ်တာပေါ့၊ ကျွန်တော်က သူတို့အထက်ထပ်မှာ နေတာ။ ဘုရားရေ အဲ့ဒီနေ့တွေမှာ ကျွန်တော် ဘယ်လိုဘဝမျိုး နေခဲ့ရမှန်း ခင်ဗျားတို့ မသိဘူး! နေ့တိုင်း အပြင်ထွက်တိုင်း အနံ့ဆိုးတွေ ရလာတယ်။ အစကတော့အိမ်တွင်းက အမှိုက်နံ့လို့ပဲ ထင်ခဲ့တယ်၊ ဒါပေမယ့် ရက်တွေကြာလာတော့ အပူချိန်လည်း တက်လာတော့ အနံ့က ဝက်သေကောင် အလောင်းတွေ မျောနေတဲ့ မြစ်ကမ်းဘေးကိုဖြတ်သွားရင်ရတဲ့ အနံ့နဲ့ အတူတူပဲ"
"ကျွန်တော့်သားနဲ့သမီး အားလပ်ရက်ကနေ ပြန်လာပြီး တံခါးဖွင့်လိုက်တဲ့အချိန်မှာ အန်ထွက်သွားခဲ့ကြတယ်။ ကျွန်တော်လည်း မခံနိုင်တော့ဘူး။ ဒါကြောင့်တံခါးခေါက်ဖို့ သွားလိုက်တယ်၊ ဒါပေမယ့် အကြာကြီး ခေါက်နေပေမယ့် ဘယ်သူမှ ပြန်မဖြေဘူး။ အဲဒီအချိန်မှာအတွင်းမှာ ရှိတဲ့သူတွေက သေနေပြီလို့တောင် ခဏတော့ တွေးမိလိုက်တယ်?"
"သူတို့က ဒီကိုရက်အနည်းငယ်လေးပဲ ရောက်လာကြတာ။ လူလေးယောက်လုံး အသက် ၂၀၊ ၃၀ အရွယ် ယောက်ျားတွေပဲ။ သူတို့ ပြောင်းလာတဲ့နေ့မှာ တွေ့ခဲ့ရတာက နေ့စဉ်သုံးပစ္စည်းတွေ အများကြီး မယူလာကြဘူး၊ ခဏပဲ ငှားမယ်ဆိုတာ သိခဲ့လိုက်တယ်။ ဒါပေမယ့် အဲဒီနေ့ သူတို့ကိုမြင်ပြီးတဲ့နောက်ပိုင်း နောက်တစ်ခါ ထပ်မမြင်ရတော့ဘူး"
ရဲ-"မစ္စတာလီ၊ သူတို့ ပြောင်းလာပြီး နောက်ပိုင်း ငှားထားတဲ့အိမ်ကနေ ထူးဆန်းတဲ့ အသံတွေ ကြားရလား? ဒါမှမဟုတ် ရန်ဖြစ်တာ၊ ငြင်းခုံတာတွေ ရှိလား? ဒါမှမဟုတ် သူတို့ ပြောင်းလာပြီးနောက်ပိုင်း ခင်ဗျားရဲ့ နေ့စဉ်ဘဝမှာ ပြောင်းလဲမှုတွေ ရှိလား?"
"ကျွန်တော်ဘာမှ မကြားရဘူး။ ဘာသံမှမရှိဘူး။ နေ့ခင်းဘက်မှာ အဲဒီအခန်းထဲမှာ ဘာရှိမှန်း မမြင်ရဘူး၊ ဒါပေမယ့် ညဘက်မှာ မီးတွေဖွင့်ထားတာတော့ မြင်ရတယ်။ မကြာသေးခင်က ညဘက်မှာ မီးအားလုံးဖွင့်ထားတယ်။ မှောင်သွားပြီဆိုတာနဲ့ ပုံမှန်အချိန်ပဲ တစ်ယောက်ယောက်က မီးတွေ ဖွင့်ထားတယ်။ အိုး..ဒါနဲ့ အစ်ကိုရဲ သူတို့ သေသွားတာ ဘယ်လောက်ကြာသွားပြီလဲ?"
ရဲ-" ၁၀ ရက်လောက်ထိ ပုပ်နေပြီ။"
လီကျင့်ဟိုင် -"ဘုရားရေ၊ သရဲ... ဒီအမှုမှာ သရဲပါနေပြီ။ ကျွန်တော် တကယ်ပဲ ညတိုင်း မီးတွေလင်းနေတာ မြင်ရတယ်၊ ပြီးတော့ နေ့ဘက်မှာ မီးတွေမမြင်ရဘူး။ တကယ်ပါ၊ ကျွန်တော် ခင်ဗျားတို့ကို မလိမ်ဘူး။ ဒါနဲ့.. နောက်တစ်ခု ကျွန်တော် သတိရလိုက်ပြီ။"
ရဲ-"ဘာကိစ္စလဲ?"
"သူတို့ ရောက်လာကတည်းက ကျွန်တော့်ဇနီး တစ်ခုပြောတယ်။ သူမက ညဘက်ရေမချိုးခင် မိတ်ကပ်ဖျက်ရတယ်။ သူက လက်ဝတ်ရတနာ အကြံပေးရတဲ့ အလုပ်လုပ်တယ်။ အလုပ်မှာ အသွင်အပြင်ကို အထူးဂရုစိုက်ရတယ်၊ အလုပ်ချိန်ကလည်း ရှည်လျှားတယ်။ ပုံမှန်အားဖြင့် ပြန်ရောက်တာနဲ့ ပထမဆုံးလုပ်တာက မိတ်ကပ်ဖျက်တာ အဝတ်အစားလဲတာ။ ဒီကာလအတွင်းမှာ မှန်ရှေ့ထိုင်တာနဲ့ အေးလွန်းတယ်လို့ သူမ မကြာခဏ ပြောလေ့ရှိတယ်။ ခင်ဗျားတို့သိပါတယ်၊ လီအိုချောင် ရဲ့ ရာသီဥတုက နေ့တိုင်း ၃၅-၆၀ ဒီဂရီ စင်တီဂရိတ်ရှိတယ် ။ Aircon မဖွင့်ဘဲနဲ့ အေးတဲ့နေရာဆိုတာ မရှိဘူးလို့ ပြောလို့ရတယ်။ ဟုတ်တယ်။ ဒါပေမယ့်ကျွန်တော့်ဇနီးက မှန်ကိုကြည့်လိုက်တာနဲ့ ခြေဖဝါးကနေ ခေါင်းထိပ်အထိ တိုက်ရိုက်ပဲ အေးစိမ့်သွားတယ်လို့ ပြောတယ်!"
ရဲ-"ခင်ဗျား စမ်းကြည့်ဖူးလား?”
"ဟုတ်ကဲ့၊စမ်းကြည့်ဖူးပါတယ်"
ရဲ- "ရလဒ်က ဘာလဲ?"
"ကျွန်တော့်ဖင်ကောင် အေးမသွားပါဘူး။ ကျွန်တော် ထိုင်ခုံမှာ ထိုင်ပြီး မှန်ကို ကြည့်နေတာ၊ ခဏအတွင်းမှာပဲ ချွေးတွေက ထွက်နေပြီ၊ အတွင်းခံဘောင်းဘီတောင် ချွေးကြောင့် ဖင်မှာ ကပ်နေတယ်။ သိပ်ကို မသက်မသာဖြစ်ခဲ့တယ်”
ဗီဒီယိုထဲက ရဲက နည်းနည်း ရှက်သွားပုံရတယ်၊ဒါပေမယ့် အခြားတစ်ယောက်က တိတ်ဆိတ်နေပြီး ခဏလောက် စဉ်းစားကာ မေးလိုက်တယ်- "မစ္စတာ လီ၊ သူတို့ ဒီကိုပြောင်းလာပြီး နောက်ပိုင်း ခင်ဗျားတို့ရဲ့ နေထိုင်ရာ အဆောက်အအုံမှာ တစ်စုံတစ်ယောက် ပေါ်လာလား?" ထူးဆန်းတဲ့လူတွေ၊ အထူးသဖြင့် ညဘက်မှာပေါ့?"
"ထူးဆန်းတဲ့လူလား?ကျွန်တော် စဉ်းစားကြည့်လိုက်ဦးမယ်... ဟေး၊ ခင်ဗျားတို့မပြောမချင်း ကျွန်တော် သတိမထားမိဘူး။ ခင်ဗျားတို့ ပြောလိုက်တော့ ရှိတယ်လို့တော့ ထင်ရပြီ!"