← Chapters

ငါ့ကို ဆွဲဆောင်နေတယ်

Vol. 19 Ch. 255

ငါ့ကို ဆွဲဆောင်နေတယ်

Vol. 19 Ch. 255

"အဲဒီလူက ဘယ်လိုပုံစံလဲ။ ဘာလို့အဲဒီလူက ထူးဆန်းရတာလဲ"

ရဲက ဒီမေးခွန်းကို မေးလိုက်တယ်။ လီကျင့်ဟိုင်က စဉ်းစားပြီးပြောခဲ့တယ်- "အဖိုးအိုတစ်ယောက်ပါ။ အဲဒီညက ငါအိပ်မရခဲ့ဘူး။ ဒါ့ကြောင့် ဆေးလိပ် သောက်ချင်လာတယ်။ ဒါပေမယ့် အိမ်မှာ မသောက်ရဲဘူး။ အိမ်မှာသောက်မိရင် ငါ့မိန်းက ငါ့ကို ညည်းညူပြီး ဆဲဆိုမှာ စိုးတယ်။ ဒါကြောင့် ဆေးလိပ် သောက်ချင်တိုင်း ငါ စင်္ကြံလမ်းမှာ သွားရပ်ပြီး ပြတင်းပေါက်ဖွင့်၊ မီးခြစ်ကိုခြစ်လို​က်... အလှတရားက သဘာဝအတိုင်းပေါ်လာတယ်"

"ဟီးဟီး... မစ္စတာလီက တော်တော် ရယ်စရာ ကောင်းတဲ့လူပဲနော်"

"ဒါပေမယ့်အဲဒီညကတော့ လုံးဝမလှပခဲ့ဘူး။ ငါပြတင်းပေါက်နားမှာ ဆေးလိပ်သောက်ရင်း အောက်ထပ်ကိုကြည့်လို​က်တယ်။ အဆောက်အဦးက အထပ်သုံးလေးထပ်ပဲ ရှိတော့ အောက်ထပ်က ဘယ်သူဘယ်ဝါဆိုတာ ရှင်းရှင်းလင်းလင်းမြင်ရတယ်။ အဲဒီတုန်းက ငါအောက်ထပ်ကိုကြည့်လိုက်တော့ တစ်ယောက်ယောက်က အောက်ထပ်မှာ ရပ်နေတာမြင်ရတယ်။ ဝါဂွမ်းဂျာကင် အင်္ကျီဝတ်ထားတဲ့ အဖိုးအိုတစ်ယောက်ပါ။ ဒင်္ဂါးပြားပုံစံမျိုးစုံတွေ ရက်ထားတဲ့ ဂျာကင်မျိုးပေါ့။ ခေါင်းမှာလည်း ဦးထုပ် အဝိုင်းဆောင်းထားတယ်။ တီဗီထဲက ချင်းမင်းဆက်ကလူတွေ ကြိုက်တတ်တဲ့ ဦးထုပ်မျိုး၊ အဖိုးအိုက ငါ့တို့ ဘေးခန်းကို စိုက်ကြည့်နေတယ်။ အလင်းတွေက ဖွင့်ထားတယ်။ သူဘာကြည့်နေမှန်းတော့ ငါမသိဘူး။ ဒါပေမယ့် သူ့ဝတ်စားဆင်ယင်မှုကိုမြင်တော့ ငါစိတ်ထဲမှာ 'ကြောင်နေတယ်' လို့ပြောမိတယ်"

"အဲဒီတုန်းက လရောင်က ဘယ်လိုလဲ?"

"အဲဒီညက လမရှိခဲ့ဘူး"

"အဝတ်အစားတွေရဲ့အရောင်က ရင့်လား၊ နုလား?”

"အညိုရောင်ဝတ်စုံပါ။အရမ်းရင့်တယ်"

လီကျင့်ဟိုင် ပြောနေတုန်း ရဲတပ်ဖွဲ့ဝင်က မျက်လုံးမှေးကျဥ်းလိုက်ပြီး ပြောတယ်- "ဘယ်လိုလုပ် ခင်ဗျားက အဲဒါကို ရှင်းရှင်းလင်းလင်းမြင်ရတာလဲ? မင်းနေတဲ့နေရာမှာ လမ်းမီးရှိလား?"

"လမ်းမီးမရှိဘူး။ ညဖက်ဆို တော်တော် မှောင်တယ်။ ဒါပေမယ့် ဘာလို့ပဲဖြစ်ဖြစ် ငါကအဖိုးအို ရပ်နေတာကို မြင်နေရတယ်"

"ဒါဆိုမစ္စတာလီ၊ နောက်ထပ်ပြောစရာ ရှိသေးလား?"

"မရှိတော့ဘူး။ ထူးဆန်းတဲ့အရာတွေကို နောက်ထပ် မကြုံရတော့ဘူး"

"ကောင်းပါပြီ၊ ကျေးဇူးတင်ပါတယ် မစ္စတာလီ" လီကျင့်ဟိုင်ရဲ့ ဗီဒီယိုပြီးသွားခဲ့တယ်။

ကျန်းရီက - "အောက်ထပ်မှာရပ်နေတဲ့ အဖိုးအိုဝတ်ထားတဲ့ အဝတ်အစားတွေက တကယ့်ကို နည်းနည်းထူးဆန်းတယ်။ အညိုရောင် ဂျာကင်နဲ့ ဦးထုပ်အဝိုင်းပေါ့။ အထူးသဖြင့် နွေရာသီအလယ်မှာ အဲဒီလိုဝတ်ဆင်ထားတာ။ ဒီအဖိုးအိုက သေသွားခဲ့ပြီထင်တယ် ?"

"ဟုတ်တယ်၊နောက်နေ့ အဲဒီရပ်ကွက်မှာ အဖိုးအိုတစ်ယောက်သေဆုံးသွားတယ်။ ပြီးတော့ ဒီအဖိုးအိုက အိမ်ရှင်ရဲ့ဖခင်ပါ။ မစ္စတာကျန်း၊ အခုငါ အိမ်ရှင်ရဲ့ ပြောကြားချက် ဗီဒီယိုကို ဖွင့်ပြမယ်"

"'အိမ်ရာအတွင်းသေဆုံးမှု ဗီဒီယိုနံပါတ်- ၀၀၂'

'အမည်-တန်ရှင်း' 'အချက်အလက်-မှုခင်းဖြစ်ရာ နေရာရဲ့ အိမ်ရှင်'"

ရဲ- "မစ္စတာတန်၊ သေဆုံးသွားတဲ့ လေးယောက်က သင့်ဆီအိမ်ငှားတဲ့အခါ ကာလကတိုလား၊ အရှည်ငှါးခဲ့တာလား?"

"ကျွန်တော်တို့ ဒီမှာ ကာလတို ငှားရမ်းတာမျိုး မရှိဘူး။ ဒါကြောင့် ဘယ်သူငှားငှား အနည်းဆုံး ခြောက်လတော့ ငှားရမယ်။ ပြီးတော့ ငှားရမ်းခစာချုပ်ထဲမှာ ဒီလိုကြာကြာငှားရမယ်လို့လည်း ရှင်းရှင်းလင်းလင်း ရေးထားတယ်။ မဟုတ်ရင် ငါသွင်းထားတဲ့ ပိုက်ဆံကို ပြန်မပေးဘူး"

"အိမ်ခန်းငှားခက ဘယ်လောက်လဲ?"

"အခန်းက သေးတဲ့အတွက် သိပ်မများဘူး။ ဒပို့စစ်ကြေးရယ် တစ်လကြေးအနေနဲ့ တစ်လကို ယွမ် ၁၀၀၀ "

"ဒါဆိုသူတို့အိမ်ငှားတဲ့အခါ အခန်းကို တော်တော် ကြိုက်နှစ်သက်တဲ့ပုံပေါက်ခဲ့လား? ပေါက်ခဲ့ရင် ဘာပြောခဲ့ကြလဲ?"

တန်ရှင်းက ဗီဒီယိုထဲမှာ ခဏစဉ်းစားပြီး- "သူတို့ဘာမှမပြောခဲ့ကြဘူး။ ဒါပေမယ့် ကျွန်တော်မြင်တာကတော့ သူတို့တွေက အရင်ကတည်းက သိနေခဲ့ကြသလိုပဲ"

"သူတို့တွေက အရင်ကတည်းက သိခဲ့ကြတာလား?ဒါပေမယ့် ကျွန်တော်တို့ သိရတာကတော့ သူတို့ လေးယောက်က အင်တာနက်ကနေ မိတ်ဆွေတွေဖြစ်ပြီး မကြာခင်ကမှ တွေ့ဆုံခဲ့ကြတာပါ"

"အင်တာနက်က မိတ်ဆွေလား?အဲဒါကို ကျွန်တော်မသိဘူး။ သူတို့တွေက နှစ်ပေါင်းများစွာ မိတ်ဆွေဟောင်းတွေဖြစ်ပြီး ရုတ်တရက်မကြာခင်ကမှ တွေ့ဆုံခဲ့ကြသလိုပဲ"

"အိုကေ၊ ဒီအကြောင်းကို မပြောတော့ဘူး။ သူတို့အိမ်ငှားတဲ့အခါ သူတို့ကို ဘာလုပ်တယ်ဆိုတာ မေးခဲ့လား?"

တန်ရှင်း-"ငါဘာလို့သူတို့ကိုမေးရမှာလဲ? ဘာပဲဖြစ်ဖြစ် ဘာပဲ ဖြစ်လာဖြစ်လာ ငါအိမ်ရှင်နဲ့ မဆိုင်နိုင်ဘူး။ ပြီးတော့ မေးရင်လည်း သူတို့က အမှန်အတိုင်း ပြောမှာလည်းမဟုတ်ဘူးမလား? ငါ့ကို အခန်းငှားခပေး၊ ငါကသူတို့ကို အခန်းသော့ပေး၊ အဲဒီလောက်ရိုးရှင်းတယ်"

ရဲတပ်ဖွဲ့ဝင်တွေက နှုတ်ဆိတ်နေခဲ့ကြတယ်။ မမေးရသေးတဲ့ တစ်ခြားအရာတစ်ခုခုကို စဉ်းစားနေသလိုပဲ။ ဒါပေမယ့် သူတို့စဉ်းစားနေတုန်း အိမ်ရှင် တန်ရှင်းက မတတ်သာပဲ မေးလိုက်တယ်- "ရဲအရာရှိတို့၊ ကျွန်တော်က ခင်ဗျားတို့ စုံစမ်းစစ်ဆေးမှုကို မပူးပေါင်းချင်လို့ မဟုတ်ဘူးနော်။ ကျွန်တော့်အဖေက မကြာခင်ကမှ ကွယ်လွန်သွားတာ။ အခုအချိန်မှာ ဆွေမျိုးမိတ်ဆွေတချို့ လာကြတယ်။ ခုနစ်ရက်မြောက်နေ့မှာ ကျွန်တော်သူတို့နဲ့အတူ သင်္ချိုင်းသွားပြီး စက္ကူမီးရှို့ရဦးမယ်!"

တန်ရှင်းရဲ့စကားကို ကြားတော့ စစ်ဆေးနေတဲ့ရဲက သူ့ကိုအာရုံစိုက် ကြည့်လိုက်ပြီး- "စိတ်မကောင်းပါဘူး၊ မစ္စတာတန်။ ဒါဆို ကျွန်တော်တို့ကားစီစဉ်ပြီး ခင်ဗျားကို ချက်ချင်းအိမ်ပြန်ပို့ပေးပါမယ်"

"ဟုတ်ကဲ့ပါ... ဒီနှစ်ရက်အတွင်းမှာ တော်တော် ထူးဆန်းနေတယ်။ စိတ်ထဲမှာ မကြည်မလင် ဖြစ်နေတာ။ ကျွန်တော့် အဖေ မရှိတော့မှပဲ အိမ်ထဲမှာ ဒီလိုတွေ ဖြစ်လာမယ်မှန်း မထင်ခဲ့မိဘူး"

ရဲတပ်ဖွဲ့ဝင်က ခေါင်းညိတ် အသိအမှတ်ပြုပြီး ဗီဒီယိုက သူတို့ ထွက်သွားတာနဲ့အတူ ရုတ်တရက် ပြီးသွားတယ်။

ဒီဗီဒီယိုမှာထူးခြားတာတစ်ခုမှမရှိသလိုပဲ။ ဒါပေမယ့် ကြည့်ပြီးတဲ့နောက် ကျန်းရီက မေးလိုက်တယ်- "လီကျင့်ဟိုင်မြင်တဲ့ အဖိုးအိုက တန်ရှုင်းရဲ့ အဖေလား?"

“အဝတ်အစားတွေရဲ့ ဖော်ပြချက် မှန်ရင်တော့ဟုတ်မှာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ရဲတွေက တန်ရှင်းကို အိမ်ပြန်ပို့တဲ့အခါ တချို့ ထောက်ထားစရာတွေကြောင့် ရဲတွေက ဝင်ပြီး အမွှေးတိုင်ထွန်း ဂါရဝပြုဖို့ ပြောခဲ့တယ်။ အဲဒီတုန်းက ရဲတွေမြင်တဲ့ ဓာတ်ပုံထဲက အဖိုးအိုက တကယ်ပဲ ဦးထုပ်အဝိုင်း ဆောင်းထားပြီး ဝတ်ထားတဲ့အဝတ်တွေက ဒင်္ဂါးပြားပုံစံတွေနဲ့ ရက်ထားတဲ့ ဝါဂွမ်း ချုပ် အင်္ကျီဖြစ်နေလို့ပါ"

"ဒါဆို လီကျင့်ဟိုင်ကို ခင်ဗျားတို့ အတည်ပြုခိုင်းခဲ့သေးလား?"

"မလုပ်ဘူး။ အဲဒီအချိန်တုန်းက ဒါကို မစဉ်းစားမိခဲ့ဘူး။ ပြီးတော့ တန်ရှင်းကို ပြန်ပို့တဲ့ရဲတွေက အလုပ်ခွင်ဝင်ခါစတွေဖြစ်ပြီး အဲဒီအချိန်တုန်းက အမှုကိစ္စကိုလည်း သိပ်မသိကြသေးဘူး။ ခုနကကျွန်တော်တို့ လီကျင့်ဟိုင်ရဲ့ စစ်ဆေးမေးမြန်းတဲ့ ဗီဒီယိုကိာ ဖွင့်ပြတဲ့အခါမှပဲ သူတို့လည်း ပါဝင်နေတယ်လို့ ပြောကြတာ"

"လီကျင့်ဟိုင်နဲ့ဆက်သွယ်လို့ရမလား?သူ့ကိုအသိပေးလို​က်ပါ၊ ငါ့ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲဝင်ပြီး ဗီဒီယိုခေါ်ဆိုခိုင်းလိုက်ပါ။ ဒီဗီဒီယိုနှစ်ခုကို ကြည့်ပြီးနောက် လီကျင့်ဟိုင်က တစ်ခုတည်းသော မျက်မြင်သက်သေ ဖြစ်နိုင်ခြေရှိတယ်"

ကျန်းရီပြောတဲ့စကားကို ရဲတပ်ဖွဲ့က သဘောတူခဲ့ပြီး လီကျင့်ဟိုင်ကို ချက်ချင်း အသိပေးလိုက်တယ်။ လီကျင့်ဟိုင်ကလည်း မြန်မြန်ဆန်ဆန်ပဲ ဗီဒီယိုဆက်သွယ်ခွင့် တောင်းလာတယ်။

ကျန်းရီက လက်ခံပြီးတဲ့အခါ လီကျင့်ဟိုင်ရဲ့ ပင်ပန်းနွမ်းနယ်နေတဲ့ ပုံစံကို မြင်လိုက်ရတယ်။ သူက အိပ်ရေးမဝဘဲ အကြာကြီး မအိပ်ထားရတဲ့ပုံ ပေါက်နေတယ်။

"ဟယ်လို၊ ရဲအရာရှိပြောတဲ့ မစ္စတာကျန်းလား?"

"ကျွန်တော်ပါ၊ဟယ်လို မစ္စတာလီကျင့်ဟိုင်၊ ဘာလို့ခင်ဗျား ဒီလောက် ပင်ပန်း နွမ်းနယ် နေရတာလဲ?"

"ပြောမနေပါနဲ့တော့၊ ဒီကာလအတွင်းမှာ ကျွန်တော်လည်း တစ္ဆေနဲ့ တွေ့ခဲ့ရတယ်။ ညတိုင်း မျက်စိမှိတ်လိုက်တာနဲ့ အိပ်မက်တစ်ခုကို မက်နေခဲ့တယ်။ အိပ်မက်ထဲမှာ မှန်တစ်ချပ်ရှိတယ်။ မှန်ရှေ့မှာ ဖယောင်းတိုင်တစ်တိုင်ထွန်းညှိထားတယ်။ ပြီးတော့ ကျွန်တော်သာ အဲဒီလိုလုပ်လိုက်ရင် ကျွန်တော့်ရဲ့ စိတ်ကူးတွေက အကောင်အထည် ပေါ်လာမယ်လို့ အသံတစ်သံက ပြောနေသလိုခံစားရတယ်။ ချီးလိုပဲ၊ ဒါက ကျွန်တော့်ရဲ့နိမ့်ပါးတဲ့ IQ ကို လှောင်ပြောင်နေတာပဲ မဟုတ်ဘူးလား? ကျွန်တော်က နှစ်ပေါင်း ၃၀ ကျော်တောင် နေခဲ့ပြီးပြီ။ ထမင်းဖြူတွေလည်း အများကြီး စားခဲ့ပြီးပြီ။ ဒီလိုမျိုး ဘယ်လိုလုပ် လွယ်လွယ်နဲ့ လှည့်စားခံရမှာလဲ?"

"ဒါပေမယ့် အဲဒီပုံရိပ်တွေက ညတိုင်း ငါ့ဦးနှောက်ထဲမှာ ပေါ်နေခဲ့တယ်၊ အဲဒီနေ့က ဘေးခန်းကို ရဲတွေ တံခါးကို ချိုးဖျက်ပြီး ဝင်သွားတဲ့အချိန်၊ ငါပြေးပြီး သွားကြည့်ဖို့တောင် အရမ်းပင်ပန်းနေတယ်၊ ဒီလူလေးယောက်က... သူတို့ရှေ့မှာ မှန်တွေနဲ့ ထွန်းညှိထားတဲ့ ဖယောင်းတိုင်တွေလည်း ရှိနေတယ်။ ဒါက တစ်ယောက်ယောက်က ငါ့ကို သွေးဆောင်နေတာပဲ...!"

All Chapters