← Chapters

ဝိညာဥ် ခန္ဓာကိုယ်ထဲက ထွက်သွားခြင်း

Vol. 19 Ch. 256

ဝိညာဥ် ခန္ဓာကိုယ်ထဲက ထွက်သွားခြင်း

Vol. 19 Ch. 256

လီကျင့်ဟိုင်ရဲ့ စကားတွေက လူတိုင်း မျှော်လင့်ထားတထက် လုံးဝကို ကျော်လွန်နေခဲ့တယ်။

ဗီဒီယိုထဲမှာ ပေါ်လာတဲ့အခါ သူဟာ အရမ်းပင်ပန်း နွမ်းလျတဲ့ပုံ ရှိနေခဲ့တာ သိပ်တော့ အံ့သြစရာမရှိဘူး။ ညတိုင်း သူအဲဒီလို အိပ်မက်မက်နေခဲ့တာ၊ အထူးသဖြင့် တစ်စုံတစ်ယောက်ဟာ အဲဒါကြောင့် သေဆုံးရတာကို မြင်တဲ့အခါမှာပေါ့။

လီကျင့်ဟိုင်ဟာ သူ့စိတ်ထဲက ပူပန်သောကကို ဒီလို စကားတွေပြောရုံနဲ့ ဘယ်လိုမှ ​ဖြေဖျောက်လို့ မရနိုင်ပါဘူး။

ကျန်းရီက လီကျင့်ဟိုင်ကို ကြည့်ပြီး မေးလိုက်တယ် " မစ္စတာလီက တစ်စုံတစ်ယောက်ယောက်ကို မေးဖို့ မသွားခဲ့ဘူးလား။"

"သွားတာပေါ့၊ ကျွန်တော် လီအိုချောင် က အထင်ရှားဆုံး တာအို ဘုရားကျောင်းကို သွားပြီး သူတို့ရဲ့ တာအိုရသေ့နဲ့ တွေ့ဆုံခဲ့တယ်။ ကျွန်တော့်ပြဿနာကို ပြောပြခဲ့တယ်၊ သူတို့က ကျွန်တော်ဟာ လူသတ်မှုဖြစ်ရပ်က မကောင်းဆိုးဝါး ဝိညာဥ်ရဲ့ နှောင့်ယှက်တာကို ခံနေရတယ်လို့ ပြောတယ်။ ကျွန်တော်က ဘာလုပ်ရမလဲလို့ မေးတော့၊ သူတို့က ဘာပြန်ဖြေတယ်လို့ ထင်လဲ?"

"ဘာ ဖြစ်လို့လဲ"

"သူက ကျွန်တော့်ကိုလက်ချောင်းနဲ့ ရှစ်ပုံစံကို ပြခဲ့တယ်?"

"ပိုက်ဆံလိုချင်တာလား"

"ဟုတ်တယ်၊ အဲဒီတုန်းက ယွမ် ရှစ်ထောင်လောက်ပဲ ကျမယ်လို့ ကျွန်တော် ထင်ခဲ့တယ်။ နာကျင်ဖို့ ကောင်းတယ် ဆိုပေမယ့်၊ ဒီလိုပဲ ဆက်သွားမယ်ဆိုရင် သူ့အိတ်ထဲ ထည့်ရမယ့် ပိုက်ဆံက ဆေးရုံမှာကုန်ရမဲ့ အတူတူပဲဆိုတော့ သုံးမယ်လို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့် သူက ရှစ်ထောင် မဟုတ်ဘူးတဲ့၊ ရှစ်သောင်းတဲ့! ယွမ် ရှစ်သောင်းလောက်ရှိတဲ့ ငွေပမာဏကို ဒီလိုအလွယ်တကူ သုံးနိုင်မယ်ဆိုရင်၊ ကျွန်တော်က တစ်လငှားရမ်းခ ရာဂဏန်းပဲ ကျတဲ့ အိမ်ခန်းတစ်ခုမှာ ငှားရမ်းပြီး နေဦးမှာလား"

"ကျွန်တော် အဲ့ဒီတာအိုရ​သေ့ကို လှစ်လျှူရှုခဲ့လိုက်တယ်၊ ဒါပေမယ့် အဲဒီ အိပ်မက်က ပိုပိုပြီး စစ်မှန်လာတယ်"

ပြောရင်းနဲ့လီကျင့်ဟိုင်ဟာ နာကျင်စွာနဲ့ သူ့နဖူးကို ကိုင်လိုက်တယ်။ ကိုင်ရင်းနဲ့ သူအိပ်ချင်လွန်းလို့ သန်းနေမှုကို ခက်ခက်ခဲခဲ ထိန်းချုပ်နေရတယ်။

"မစ္စတာလီ၊ ဒီကိစ္စကို ကျွန်တော် ကူညီဖြေရှင်းပေးပါ့မယ်။ တကယ်လို့ ကောင်းကောင်း အိပ်ချင်တယ်ဆိုရင် မှန်တစ်ချပ်ယူလာပါ၊ မြေပြင်ကနေ ထောင်ထားရတဲ့ မှန်ကြီးဆို ပိုကောင်းတယ်။ ပြီးရင် မီးတွေပိတ်ပြီး ဖယောင်းတိုင် ထွန်းလိုက်ပါ"

"ဒါမဖြစ်နိုင်ဘူး။ကျွန်တော် မျက်လုံးတွေ မှိတ်လိုက်တာနဲ့ အဲဒီသရဲက ထွက်လာမှာ"

"မစ္စတာလီ၊ ဒီလောက်စိုးရိမ်မနေပါနဲ့။ ကျွန်တော့်ကို ယုံကြည်လို​က်ပါ... ကျွန်တော်က ရှစ်သောင်းတန်တဲ့ အဲ့ဒီ တာအိုရသေ့ထက်စာရင် ပိုယုံကြည်ရပါတယ်။ ဒါ့အပြင်၊ ဒီအရာတွေမလုပ်ခင်မှာ ကျွန်တော်တို့အတွက် အချက်တစ်ချက်ကို အတည်ပြုပေးဖို့ လိုသေးတယ်"

"ကောင်းပါပြီ၊ပြောပါဦး။"

ကျန်းရီက ဒီအချိန်မှာ ပြတင်းပေါက် ကို ညွှန်ပြလိုက်တယ်။ ရဲတပ်ဖွဲ့ဝင်က တခဏအကြာတုန်းက အိမ်ရှင် တန်ရှင်းက ပို့လိုက်တဲ့ ဓာတ်ပုံပါတဲ့ ဖုန်းကို ကိုင်ထားတယ်။

"ယခင်က ရဲ မှတ်တမ်းထဲမှာ ခင်ဗျားက ညတစ်ညမှာ အိမ်အောက်ထပ်မှာ အဖိုးအိုတစ်ယောက် ရပ်နေတာကို မြင်ခဲ့တယ်လို့ ပြောထားတယ်။ အဲဒီညက အရမ်းမှောင်နေခဲ့တယ်၊ ဒါပေမယ့် ခင်ဗျား သူ့ရဲ့ပုံသဏ္ဍာန်ကို ရှင်းရှင်းလင်းလင်း မြင်နေရတယ်လား?"

"ဟုတ်တယ်"

"ဒီဓာတ်ပုံထဲက လူက အဲဒီညက ခင်ဗျားမြင်ခဲ့တဲ့ အဖိုးအိုဟုတ်မဟုတ် ကျေးဇူးပြုပြီး အတည်ပြုပေးပါ"

လီကျင့်ဟိုင်က ဓာတ်ပုံကို ချက်ချင်းကြည့်လိုက်ပြီး အော်ဟစ်လိုက်တယ်- "သူပါပဲ။ အဲဒီညက ကျွန်တော်မြင်ခဲ့တဲ့ အဖိုးအိုက သူပဲ။ အဲ့ဒီလူက ဘယ်သူလဲ"

"ဒီအဖိုးအိုက အိမ်ရှင်ရဲ့ အဖေပါ။ ခင်ဗျားမြင်ပြီး နောက်တစ်နေ့မှာ သေဆုံးသွားတယ်"

"နောက်တစ်နေ့လား?ဆိုလိုတာက သူအဲဒီတုန်းက မသေသေးဘူးမလား?"

"ဒါပေမယ့် သူ့ခန္ဓာကိုယ်ပေါ်က အဝတ်အစားတွေကို ကြည့်ပါဦး။ လူသားတစ်ယောက်က အဲ့ဒီလို အဝတ်အစားတွေဝတ်ပြီး ညဘက်မှာ ထွက်လာမှာလား။ မစ္စတာလီ၊ ကျွန်တော် ထပ်မေးချင်တာက၊ ခင်ဗျားဟာ မှုခင်းဖြစ်ရာနေရာကို ဝင်ပြီးတဲ့နောက် တစ်ခုခုပြောခဲ့သေးလား။ ဥပမာ သေဆုံးသူကို မလေးမခန့်ပြောတဲ့စကားမျိုး?"

ကျန်းရီက ဒီမေးခွန်းကိုမေးလိုက်တော့ လီကျင့်ဟိုင်ဟာ နည်းနည်းတော့ ရှက်သလိုမျိုး ဖြစ်နေပြီး၊ ပြောလိုက်တယ်- "ကျွန်တော့်မှာ မကောင်းတဲ့ အကျင့်တစ်ခုရှိတယ်၊ စကားအရမ်းများတဲ့ အကျင့်ပါ။ အရင်တုန်းက ကျွန်တော့်အမေနဲ့ ဆရာက ဆူခဲ့ကြသေးတယ်၊ ပြီးတော့ ကျွန်တော်ပြင်ဆင်ဖို့ကြိုးစားခဲ့ပေမယ့် မရခဲ့ဘူး။ ဒါပေမယ့် ကျွန်တော်က စကားများတတ်တဲ့သူပါ၊ မှုခင်းဖြစ်ရာနေရာကို ဝင်သွားတဲ့အခါမှာလည်း သိပ်မကောင်းတဲ့ စကားတွေ ပြောမိခဲ့တယ်"

"ဘာတွေပြောမိခဲ့တာလဲ"

“ကျွန်တော်က ဒီလူလေးယောက်က အခန်းထဲမှာ ဒီလိုသေနေကြတယ်၊ ဘာတွေလုပ်ခဲ့လို့ ဒီလိုသေရတာတုန်း' ဆိုပြီး ပြောမိခဲ့တယ်"

ကျန်းရီက ဒါကိုကြားတော့ နည်းနည်းလေး ထူးဆန်းတဲ့ပုံစံနဲ့ ရယ်မောလိုက်ပြီး ပြောလိုက်တယ်- "မစ္စတာလီ၊ ကျွန်တော် ရှင်းရှင်းလင်းလင်းပြောရမယ်။ ဒီစကားက အမြဲတမ်း အပေါက်ဆိုးတဲ့သူတွေ သူတို့ကိုယ်သူတို့ ဆင်ခြေပေးဖို့ သုံးတဲ့စကားပါ။ ဘယ်သူကမှ ခင်ဗျားအကြောင်း မပြောခဲ့ကြဘူး။ ခင်ဗျားက သူများတွေကို အလွယ်တကူ ဝေဖန်ပိုင်းခြား​နေတယ်။ ခင်ဗျားရဲ့ စကားတွေက ရည်ရွယ်ချက်မရှိဘဲ ပြောမိတာလို့ ထင်ကောင်းထင်နေမယ်၊ ဒါပေမယ့် အဲဒါတွေက သူများတွေကို ဖျောက်ဖျက်လို့ မရတဲ့ စိတ်ဒဏ်ရာတွေ ပေးနိုင်တယ်။ အဲဒီစကားတွေဟာ ဓားလိုမျိုး လူတွေရဲ့နှလုံးသားကို ထိုးနှက်သွားနိုင်တယ်။ ဒါကြောင့် မစ္စတာလီ၊ ခင်ဗျား ပြင်ချင်ရင် ပြင်၊ တကယ်လို့ မပြင်ချင်ဘူး ဆိုရင်တောင်မှ ခင်ဗျား ဒီအကျင့်ကို ပြင်ကို ပြင်ရလိမ့်မယ်။ ဒီကမ္ဘာပေါ်မှာ စကားတစ်ခွန်းတည်းကြောင့် သေဆုံးခဲ့ရတဲ့သူတွေ အရမ်းများတယ်"

"...."

"ထပ်ပြီးရှင်းပြစရာတွေရှိသေးသလား? အဲဒီနေ့ မှုခင်းဖြစ်တဲ့ နေရာကို ဝင်ခဲ့တဲ့သူဟာ ခင်ဗျားတစ်ယောက်တည်းမဟုတ်ဘူးမလား? ဘာကြောင့် အခြားသူတွေကတော့ အဲဒီလို အိပ်မက်မမက်ဘဲ ခင်ဗျားပဲ မက်ခဲ့တာလဲ?"

လီကျင့်ဟိုင်မှာ ပြောစရာစကား မရှိတော့ဘူး၊ သူရဲ့ခေါင်းကို လေးလေးနက်နက် ညိတ်ပြီး- "နောက်ဆို ကျွန်တော် တစ်ခုခုပြောချင်ရင်၊ ပြောချင်တဲ့စကားကို နှစ်ခါသုံးခါ စဉ်းစားပြီးမှ ပြောပါ့မယ်"

"ကျွန်တော်လည်း အဲ့လိုပဲ မျှော်လင့်ပါတယ်။ မစ္စတာလီ၊ ကျွန်တော်ပြောတဲ့အတိုင်း သွားပြီးပြင်ဆင်လိုက်ပါ " ကျန်းရီက ပြောလိုက်တော့၊ လီကျင့်ဟိုင်လည်း ထွက်သွားခဲ့တယ်။

မကြာခင်မှာပဲ သူက မှန်တစ်ချပ်နဲ့ ဖယောင်းတိုင်တစ်တိုင် ပြင်ဆင်လာတယ်။ သူဟာ အိပ်မက်ထဲမှာ ဒီလိုလုပ်ဆောင်တာကို မရေတွက်နိုင်အောင် မြင်ဖူးထားတာကြောင့်၊ ဘယ်သူမှ ညွှန်ကြားချက်ပေးဖို့ မလိုအပ်တော့ဘူး။ မူရင်းဖန်တီးသူ လောင်စွန်း ထက်တောင်မှ ပိုပြီး ရင်းနှီးကျွမ်းဝင်နေခဲ့တယ်။

မှန်ကိုထားပြီးတဲ့နောက်၊ လီကျင့်ဟိုင်က နည်းနည်းတော့ ကြောက်နေသေးတယ်၊ ဒါပေမယ့် ကျန်းရီက သူ့ကို အားတက်အောင် ခေါင်းညိတ်ပြလိုက်တာကို မြင်တော့၊ နောက်ဆုံးမှာတော့ သတ္တိရှိရှိနဲ့ စမ်းသပ်ကြည့်လိုက်တယ်။ မှန်ရှေ့မှာထိုင်ပြီး၊ လီကျင့်ဟိုင်ဟာ မကြာခင်မှာပဲ မျက်လုံးတွေမှိတ်လိုက်တယ်။ ကျန်းရီကလည်း လောင်စွန်း ကို တိုက်ရိုက်ထုတ်လွှင့်ခန်းထဲကို ဖိတ်ခေါ်ပြီး မေးလိုက်တယ်- " လောင်စွန်း၊ မစ္စ​တာလီရဲ့ ဒီနည်းလမ်းဟာ ခင်ဗျားရေးခဲ့တာနဲ့ တူတယ်၊ ဟုတ်တယ်မလား"

"ဟုတ်ပါတယ်"

"မစ္စတာလီ၊ အခု မှန်ရှေ့မှာ ဖြည်းဖြည်းချင်း ခံစားကြည့်လိုက်ပါ။ ဘာကိုပဲ ခံစားရ ခံစားရ၊ အခုချိန်မှာ ကျွန်တော်တို့ကို ပြောဖို့မလိုဘူး"

လီကျင့်ဟိုင်က ခေါင်းညိတ်လိုက်ပြီး၊ မှန်ရှေ့မှာထိုင်ကာ ဘာကိုမှ အာရုံမစိုက်တော့ဘဲ၊ ဂရုတစိုက်ခံစားနေတယ်။ ဒါပေမယ့်အချိန်က တစ်စစီနဲ့ ကုန်လွန်သွားခဲ့တယ်၊ ကျန်းရီကလည်း လီကျင့်ဟိုင်ကို တကယ်ကို ဂရုမစိုက်တော့ဘူး။ မိနစ်ဆယ်ခန့်လောက် ကြာတဲ့အခါ၊ တိုက်ရိုက်ထုတ်လွှင့်ခန်း ထဲမှာ မိုးကြိုးပစ်သံလို ဟောက်သံတွေ ထွက်ပေါ်လာခဲ့တယ်။

လီကျင့်ဟိုင်အိပ်ပျော်သွားတာလား?!

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက လူတိုင်းက အံ့အားသင့်မှုတွေနဲ့ ပြည့်နေကြတယ်၊ ဒါပေမယ့် ကျန်းရီက အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်တယ်- "သူအိပ်ပျော်သွားတာက ဘာထူးဆန်းလို့လဲ? သူက ရက်ပေါင်းများစွာ အနားယူအိပ်စက်ခွင့် မရခဲ့ဘူး၊ အခု သူ့မျက်လုံးတွေ မှိတ်လိုက်တာနဲ့ သဘာဝအတိုင်း အိပ်ပျော်သွားတာပဲလေ"

"ဒါပေမယ့် စတွင်မာ၊ တကယ်လို့ လီကျင့်ဟိုင် အိပ်ပျော်သွားရင်၊ နောက်ဘာဆက်ဖြစ်မှာလဲ"

"မှန်ထဲကို ကြည့်လိုက်ပါ!"

ကျန်းရီပြောလို​က်တော့၊ လူတိုင်းက လီကျင့်ဟိုင်ရဲ့ မြေပြင်မှာထောင်ထားတဲ့ မှန်ကြီးကို စိုက်ကြည့်လို​က်ကြတယ်။ ဒါပေမယ့် ဘာအချက်ပြမှုမှ မရှိဘဲ၊ ရုတ်တရက်ဆိုသလို လီကျင့်ဟိုင်ရဲ့နောက်မှာ ပုံရိပ်တစ်ခုပေါ်လာခဲ့တယ်။ ဒါက ကြေးပြားတွေပုံစံနဲ့ အင်္ကျီကို ဝတ်ထားတဲ့ အဖိုးအိုပါ။

အဖိုးအိုပေါ်လာတဲ့အခါ၊ လူတိုင်းရဲ့ နှလုံးသားက တဒုတ်ဒုတ် ခုန်သွားခဲ့တယ်။

“အဖိုး၊မင်္ဂလာပါ!"

ကျန်းရီက မှန်ထဲက အဖိုးအိုကို ပြုံးပြီး နှုတ်ဆက်လိုက်တယ်၊ အဖိုးအိုကလည်း ချက်ချင်းပြန်နှုတ်ဆက်လိုက်တယ်- "မင်္ဂလာပါ"

"အဖိုး မသေဆုံးခင် နေ့မှာ၊ ဝိညာဉ်က ခန္ဓာကိုယ်ထဲကထွက်သွားခဲ့တာလား?"

"အင်း...ဟုတ်တယ်၊ ငါက အသက်ရှည်ရှည် နေခဲ့ရတယ်။ မသေခင်ရက်အနည်းငယ်မှာ စကားမပြောနိုင်တော့ဘူး၊ လှုပ်ရှားလို့လည်း မရတော့ဘူး။ ဒါပေမယ့် အဲဒီညမှာ ခန္ဓာကိုယ်ထဲကနေ ထွက်လာပြီး လှည့်လည် သွားလာနိုင်လိမ့်မယ်လို့ မျှော်လင့်မထားခဲ့ဘူး။ ငါ့အိမ်မှာ တစ်ခုခုထူးခြားနေတယ်လို့ ခံစားမိတယ်၊ ဒါကြောင့် အချိန်အတော်ကြာ အပေါ်ထပ်ကို ကြည့်ရင်းရပ်နေခဲ့တယ်"

"ဒီတော့အဖိုးက အောက်ထပ်ကနေ ဘာတွေမြင်ခဲ့တာလဲ" ကျန်းရီက ပြုံးရင်းမေးတယ်၊ အဖိုးအိုရဲ့မျက်နှာမှာ ထင်ရှားစွာ ကြောက်ရွံ့နေတဲ့ အမူအရာ ရှိနေတယ်။

"ငါ အရိပ်တစ်ခုကို မြင်ခဲ့တယ်၊ အရမ်းမြန်တဲ့ အရိပ်တစ်ခုပဲ။ ယောကျာ်းလား မိန်းမလားတောင် မမြင်ရဘူး၊ ဒါပေမယ့် ငါ အောက်ထပ်မှာရပ်ပြီး အပေါ်က အခန်းထဲက အလင်းတွေကို ကြည့်နေတုန်း၊ အဲဒါတွေက သွေးနီရောင်​တွေပဲ! သွေးနီရောင်ထဲမှာ ဖြည်းဖြည်းလေး လမ်းလျှောက်နေတဲ့ လူတစ်ယောက်ရှိတယ်၊ ဒါပေမယ့် မျက်စိတစ်မှိတ်အတွင်းမှာပဲ ပျောက်ကွယ်သွားတယ်"

"ဒီတော့ သူမှာ ဘာတွေဖြစ်နေတယ်ဆိုတာ မြင်ခဲ့ရလား?"

"သူ့လက်ထဲမှာ၊ ခေါင်းတွေလိုမျိုး ဖောင်းကြွနေတဲ့ အရာလေးခုကို ကိုင်ထားတယ်!"

All Chapters