← Chapters

အိပ်ယာပေါ်မှာ လူတစ်ယောက်ရှိနေတယ်

Vol. 19 Ch. 257

အိပ်ယာပေါ်မှာ လူတစ်ယောက်ရှိနေတယ်

Vol. 19 Ch. 257

မှန်ထဲက အဖိုးရဲ့ ဝိဉာဉ်က ပြောပြနေခဲ့တယ်။

ဒါကိုနားထောင်ပြီးတဲ့အခါ ကျန်းရီက "အဘိုး ဒီအခန်းထဲကို ဝင်ဖူးလား" လို့ မေးလိုက်တယ်။

"မဝင်ဖူးဘူး၊ တကယ်ကို မဝင်ရဲခဲ့ဘူး။ ခေါင်းကို ကိုင်ထားတဲ့ အရိပ်ကို မြင်တဲ့အခါ သူက ရုတ်တရက်ကြီး ပြတင်းပေါက်ဘက်ကို လှည့်ကြည့်လိုက်တယ်။ အဲဒီအချိန်တုန်းက ငါအရမ်းကြောက်နေတာ၊ ချက်ချင်းပဲ ငါ့မျက်လုံးတွေကို လှည့်ပြီး အိပ်နေတဲ့ပုံစံကို စိုက်ကြည့်လိုက်တယ်။ အဲ့ဒီတော့မှ ငါ့ဆီကို ကြည့်တာကို ရပ်လိုက်တယ်"

"ဒါနဲ့ငါအဲဒီကနေ ထွက်လာခဲ့တယ်။ ဒါက ငါ့မိသားစုရဲ့ အိမ်​ဖြစ်နေတော့ အိမ်ထဲမှာ တစ်ယောက်ယောက်သေသွားတယ် ဆိုတာကို မိသားစုကို ပြောပြချင်တယ်။ ဒါပေမယ့် ငါစကားမပြောနိုင်တော့ဘူးဆိုတာကို မျှော်လင့်မထားမိခဲ့ဘူး။ မဟုတ်ရင် လေးယောက်လုံးကို စောစောတွေ့ရှိပြီး ဒီလောက်ထိ ပုပ်သိုးနေမှာ မဟုတ်ဘူး" လို့ အဖိုးက ပြောပြခဲ့တယ်။ အဖိုးအိုက စကားပြောရင်းထပ်တလဲလဲ သက်ပြင်းချနေတယ်။

ကျန်းရီကလည်း ခေါင်းညိတ်လိုက်ပြီး "ဒါဆိုရင်တော့ အဘိုးက တကယ်ပဲ အဲဒီအိမ်ထဲကို မဝင်သင့်ဘူး။ သေပြီးနောက်မှာ လူက တကယ်ပဲ စာအုပ်တွေမှာ ပြောထားသလိုမျိုး ဘေးဒုက္ခ​ကို ကြုံတွေ့ရလိမ့်မယ်။ .

လူတစ်ယောက်သေဆုံးပြီဆိုတာနဲ့ ဒီဘဝက အဆုံးသတ်သွားပြီလို့ ကြေညာလိုက်တာပါပဲ။

သေဆုံးမှုက ပြန်လည်မွေးဖွားမှုတစ်ခုပါပဲ။

ပြန်လည်မွေးဖွားမှုရဲ့ ရည်ရွယ်ချက်က ဝိဉာဉ်ရဲ့ ပြည့်စုံမှုကို ထိန်းသိမ်းဖို့ပါပဲ။ ဝိဉာဉ်မှာ ပျက်စီးမှုရှိနေရင် ဒါမှမဟုတ် ဆုံးရှုံးသွားရင်တော့ ဒါဟာ ဘေးဒုက္ခ မအောင်မြင်ဘူးလို့ ဆိုလိုတာပဲ"

"ဒါပေမယ့်အဘိုးရေ၊ အိမ်ရဲ့ အခန်း တစ်ခန်းမှာ လူသေနေတယ်ဆိုတာ ဘယ်လိုလုပ်သိခဲ့တာလဲ" လို့ ကျန်းရီက မေးတယ်၊

အဖိုးအိုက-"ငါသေခါနီးရက်တွေမှာ ဘာမှ မလှုပ်ရှားနိုင်တော့တဲ့အထိ ဖြစ်နေခဲ့တယ်။ အခန်းထဲမှာ သားသမီးမြေးမြစ်တွေ အများကြီး ငါ့ကိုစောင့်ကြည့်နေကြတယ်၊ ဒါပေမယ့် ငါ့အခန်းထဲမှာ ငါမသိတဲ့လူတွေကို အမြဲတမ်းတွေ့နေရတယ်ဆိုတာ သူတို့ မသိကြဘူး၊ ဒီလူငယ်လေးယောက်လည်း အပါအဝင်ပေါ့”

"အဖိုး အခန်းထဲမှာ သူတို့ကိုမြင်တာလား"

"ဟုတ်တယ်၊သူတို့တွေက တန်ရှင်း နောက်ကို အမြဲလိုက်နေကြတယ်။ တိတိကျကျပြောရရင် ငါတို့မိသားစုထဲမှာ စီးပွားရေးလုပ်တတ်တဲ့သူ ဒါမှမဟုတ် အစိုးရအရာရှိဖြစ်တဲ့သူ ဘယ်သူမှမရှိဘူး။ ဒါပေမယ့် လီအိုချောင်ရဲ့ ပထဝီဝင် ပတ်ဝန်းကျင်က ကောင်းမွန်တယ်၊ ဒါကြောင့် အိမ်တွေအများကြီးရှိတယ်။ ရွာကိုဖျက်သိမ်းတဲ့အခါတုန်းက ရွာထဲက လူအားလုံးက ဆင်းရဲကြတယ်၊ ဒါကြောင့်ပဲ ငါ့သားနှစ်ယောက်က ဘဝတစ်လျှောက်လုံး အိမ်ငှားခတွေနဲ့ပဲ ရှင်သန်နေထိုင်ကြရတယ်။ အဲဒီအချိန်တုန်းက သူ့နောက်ကို ဒီလူငယ်လေးယောက် လိုက်နေတာကို မြင်ခဲ့တယ်။ ဒါကြောင့် တန်ရှင်း ငှားထားတဲ့အိမ်မှာ တစ်ခုခု ဖြစ်သွားတယ်ဆိုတာ သိလိုက်ရတယ်"

"ဒီနေရာက လူတွေက တကယ်တော့ ငှားရမ်းထားတဲ့ အိမ်တွေမှာ လူသေမှုတွေကို အရမ်းကြောက်ကြတယ်။ ဒါပေမယ့် လူတွေများလာတဲ့အခါ ဒီအရာတွေက ရှောင်လွှဲလို့မရနိုင်တော့ဘူး။ မွေးဖွားမှု၊ အိုမင်းမှု၊ နာမကျန်းမှုနဲ့ သေဆုံးမှု၊ သဘာဝဘေးအန္တရာယ်တွေနဲ့ လူကြောင့်ဖြစ်ရတဲ့ ဘေးဒုက္ခတွေက ရှောင်လွှဲလို့ မရဘူးလေ၊ အဲဒီညတုန်းက ဒီလူငယ်လေးယောက်ကို သူ့နောက်မှာ ရပ်နေတာမြင်ခဲ့တယ်၊ သူတို့ရဲ့မျက်လုံးတွေက ငါ့ဆီကို အမြဲတမ်းစိုက်ကြည့်နေတယ်။ သူတို့စကားပြောနေကြတယ်၊ ဒါပေမယ့် သူတို့ဘာပြောနေတယ်ဆိုတာ ငါမကြားရဘူး။ ဒါပေမယ့် သူတို့က ကြောက်ရွံ့နေတဲ့ ပုံပေါက်ပြီး ငါ့ရှေ့ကို လာချင်နေကြတယ်၊ ဒါပေမယ့် တန်ရှင်း က သူတို့ကို တားဆီးထားတယ်။ သူတို့ဘာမှ မလှုပ်ရှားနိုင်ကြဘူး"

"အဖိုးဆိုလိုတာက အဖိုးရဲ့သားက သူတို့ကို ဟန့်တားနေတာလား"

"ဟုတ်တယ်၊ ငါလည်း အရမ်းထူးဆန်းနေတာ၊ အထူးသဖြင့် ငါသေပြီးနောက်မှာပေါ့၊ တကယ်တမ်း ပြောရမယ်ဆိုရင် တန်ရှင်း က သူတို့ကို မတားဆီးနိုင်ဘူးမဟုတ်လား။ ဒါပေမယ့် နောက်တစ်နေ့ငါအိမ်မှာရှိတုန်း တန်ရှင်း ရဲ့လည်ပင်းမှာ ဘုရားပုံပါတဲ့ ပုတီးစိပ် ဆွဲချိတ်ထားတာကိုမြင်တဲ့အခါ သူတို့ ချဉ်းကပ်လို့ မရခဲ့တာက ဒါကြောင့်ပဲဖြစ်မယ်လို့ ငါထင်မိလိုက်တယ်"

အဖိုးအိုက ပြောပြီး ခေါင်းကို အနည်းငယ် ငုံ့ထားခဲ့တယ်။ ကျန်းရီက သူ့ရဲ့ ပြောင်းလဲမှုကို အမှတ်တမဲ့ သတိထားမိလိုက်ပြီး "အဖိုး ကျွန်​တော့်ကို ပြောစရာတစ်ခုခုရှိသေးလား" လို့ ပြုံးရင်းမေးလိုက်တယ်။

အဖိုးအိုက ခေါင်းမော့ပြီးကျန်းရီကို ရှုပ်ထွေးတဲ့မျက်လုံးတွေနဲ့ ကြည့်ကာ "မင်းကို ဘာမှ မဖုံးကွယ်နိုင်ဘူးပဲ၊ ငါ,အဖိုးကြီးက ၇၈ နှစ်အထိ နေခဲ့တယ်။ ပြောရရင် ငါ့အသက်က မမြင့်လွန်း၊ မနိမ့်လွန်းဘူး၊ ဒါပေမယ့် ငါရုတ်တရက် ​လေမဖြတ်ခင်မှာ တစ်ခုခုဖြစ်ခဲ့တယ်"

"ရုတ်တရက် လေဖြတ်သွားတာလား"

"ငါအဲဒီအိမ်ကိုသွားခဲ့တယ်" လို့ အဖိုးအိုက ပြောလိုက်တယ်၊ ကျန်းရီက မျက်ခုံးကျုံ့သွားပြီး- "ဒါဆို အဖိုး ပြောတဲ့အတိုင်းဆိုရင် အဲဒီအိမ်က ပြဿနာ ရှိနေတယ်ပေါ့"

"မသိဘူး။ ငါ​ လေမဖြတ်ခင်က ကျန်းမာရေး ကောင်းနေခဲ့တာ။ ငါ့သားနှစ်ယောက်လုံးက အရမ်းကြီးအောင်မြင်တာမျိုးမဟုတ်ပေမယ့် သူတို့က လက်တွေ့ကျကျ နေထိုင်တတ်ကြတယ်။ ဒါပေမယ့် အကြီးဆုံးသား တန်ရှင်း ကတော့ နည်းနည်း ကွဲပြားတယ်၊ အခြားသူတွေနဲ့ ဖဲရိုက်တာနဲ့ မာဂျောင် ( mahjong ) ကစားရတာကို ကြိုက်တယ်။ မိသားစုက တကယ်ကို ချမ်းသာနေလို့ မဟုတ်ရင် ဒီနှစ်တွေအတွင်းမှာ လုံးဝကို ပျက်စီးသွားလိမ့်မယ်။

ငါ့အမှားလည်းဖြစ်တယ်၊ ငါနဲ့ငါ့ဇနီးက သားတွေကို အများကြီး ချစ်ပေးခဲ့ပေမယ့် မိဘအနေနဲ့ ငါတို့က အရှုံးသမားတွေပဲ။ တစ်ခါတလေ သူငှားရမ်းခတောင် သွားမတောင်းဘူး၊ ဒါကြောင့် ငါကိုယ်တိုင် သွားတောင်းရတယ်"

"ငါ လေမဖြတ်ခင် နောက်ဆုံးသွားခဲ့တဲ့ အချိန်ကို မှတ်မိသေးတယ်၊ ဒါပေမယ့် အဲဒီအချိန်တုန်းက ဝယ်ထားတဲ့အိမ်က အဲဒီအိမ်မဟုတ်ဘူး။ အဲဒီအိမ်က မူလက ငါတို့ပိုင်တာမဟုတ်ဘူး၊ ငါ့ဆွေမျိုးတစ်ယောက်ပိုင်တာ။ အဲဒီဆွေမျိုးက ဇနီးမရှိ၊ သားသမီးလည်း မရှိဘူး၊ လူပျိုကြီးတစ်ယောက်ပဲ။ သူဆုံးပြီးနောက်မှာ ငါတို့မိသားစုက ဒါကို အမွှေဆက်ခံခဲ့တယ်"

"အဲဒီအချိန်တုန်းက အဲဒီအိမ်မှာ မိသားစုသုံးယောက်နေထိုင်နေတယ်။ ငါအဲဒီကိုရောက်တဲ့အခါ သူတို့တွေမှာ တစ်ခုခု မှားယွင်းနေတာကိုမြင်လိုက်ရတယ်။ သူတို့ငါ့ကိုဆွဲခေါ်သွားပြီး 'အိမ်ထဲမှာ တစ်ယောက်ယောက်သေသွားခဲ့တာလား' လို့ ငါ့ကိုမေးခဲ့တယ်"

"ငါ မရှိဘူးလို့ ပြောခဲ့လိုက်တယ်၊ ဆွေမျိုးတစ်ယောက်ယောက် အိမ်ထဲမှာ နာမကျန်းဖြစ်ပြီးသေသွားတာတောင်မှ ငါမပြောရဲဘူး။ ဒါပေမယ့် သူတို့မယုံကြည်ဘူး၊ တစ်ည အိမ်သာသွားတဲ့အချိန်မှာ ကလေးကို ကြည့်ဖို့ သွားခဲ့တယ်။ အဲဒီအချိန်တုန်းက မီးတွေကို မဖွင့်ထားဘူး၊ အမျိုးသမီးက ဖုန်းမီးနဲ့ ကလေးရဲ့ အိပ်ရာဆီ သွားခဲ့လိုက်တယ်။ ဒါပေမယ့် သူမ အိပ်ရာဆီရောက်တဲ့အခါ ကလေးနားမှာ လူအိုတစ်ယောက် ရှိနေတာကို မြင်ရတယ်လို့ပြောတယ်"

"သူမက အဲ့ဒီလူအိုက မျက်လုံးပွင့်နေပြီး သူမကိုကြည့်ကာ ရယ်နေတယ်လို့ပြောတယ်။ သူမ အရမ်းကြောက်လို့ အော်ဟစ်ခဲ့တယ်၊ ကလေးလည်း ထိတ်လန့်ပြီးနိုးလာခဲ့တယ်။ ဒါပေမယ့် သူတို့မီးဖွင့်ကြည့်တဲ့အခါ အိမ်ထဲမှာ ကလေးပဲရှိပြီး သူတို့မြင်တဲ့ လူအိုမရှိခဲ့ဘူး။

သူတို့ပြောတာကိုကြားတဲ့အခါ ငါ့ဆွေမျိုးက သေတဲ့အခါ မျက်လုံးကို မှိတ်မသွားဘူးလားလို့တောင် သံသယဝင်မိတယ်။ ဒါပေမယ့် သူတို့ရှေ့မှာတော့ ဒါကို မပြောရဲခဲ့ဘူး၊ ဒါကြောင့် အိမ်က အရမ်းသန့်ရှင်းတယ် ဆိုတာကို သူတို့ကို အားတက်အောင် ပြောပြခဲ့တယ်။ အကယ်၍ အဆင်မပြေဘူးဆိုရင် တာအိုရေသ့တစ်ပါးကို ပင့်ပြီး အဆောင်စီရင်ခိုင်းမယ်ပေါ့"

"သူတို့က ရွှေ့ချင်တယ်လို့ ပြောခဲ့တယ်၊ ဒါပေမယ့် မကြာသေးခင်ကမှ စာချုပ်ချုပ်ခဲ့တာကို အကြောင်းပြချက်မရှိဘဲ ပြောင်းလို့မရဘူးလို့ ငါပြောခဲ့တယ်။ ဒါနဲ့ ငှားရမ်းခကို နည်းနည်း လျှော့ပေးလို့ ရမလားလို့ သူတို့မေးတယ်၊ ငါ တစ်ရာ ဒါမှမဟုတ် နှစ်ရာလျှော့ပေးဖို့ သဘောတူလိုက်တယ်။ သူတို့အရမ်း ကျေနပ်သွားကြတယ်"

"ဒါပေမယ့်ငါပြန်လာပြီးနောက် အဲဒီညမှာ ငါဘာတွေးမိနေမိမှန်းမသိဘူး။ ညသန်းခေါင်မှာ ငှားရမ်းထားတဲ့အိမ်ကို ထပ်သွားခဲ့တယ်။ ရုတ်တရက် တစ်ခုခုကို သတိရလိုက်လို့ပါ။ ကလေးအိပ်တဲ့အခန်းက ငါ့ဆွေမျိုးသေဆုံးခဲ့တဲ့အခန်းနဲ့တူတယ်၊ ငါနည်းနည်းစိတ်ပူမိသွားတယ်၊ သူတို့ကို ရွှေ့ဖို့အကြောင်း ပြောဖို့ကို စဉ်းစားထားပြီးသားပါ"

"ဒါပေမယ့် ညသန်းခေါင်ကြီး ငါအဲဒီကို ရောက်သွားတဲ့အခါ ငါတံခါးကို အကြာကြီး ခေါက်ခဲ့တယ်၊ ဘယ်သူမှ ပြန်မဖြေခဲ့ဘူး။ ငါအပိုသော့ယူလာပြီး တံခါးကို ဖွင့်လိုက်တယ်။ မိသားစုသုံးယောက်က မွန်းလွဲပိုင်းမှာ တိတ်တဆိတ်လေး ထွက်သွားတာကို သိလိုက်ရတယ်။

အဲဒီအချိန်တုန်းက အိမ်က တိတ်ဆိတ် ငြိမ်သက်နေတယ်၊ ငါအခန်းတံခါးဝမှာရပ်ပြီး တံခါးဖွင့်၊ ဓာတ်မီးကို ကိုင်ပြီး အိပ်ရာပေါ်ကို ထိုးလိုက်တယ်... "

"အဲဒီအိပ်ရာပေါ်မှာ တကယ်ကို တစ်ယောက်ယောက် ရှိနေတယ်"

All Chapters