← Chapters

အခန်း (၂၅၉)

Vol. 19 Ch. 259

အခန်း (၂၅၉)

Vol. 19 Ch. 259

မိသားစုဝင်တွေဟာ ကျန်းရီရဲ့ တောင်းဆိုမှုအရ တစ်ယောက်ပြီးတစ်ယောက် ထွက်သွားခဲ့ကြတယ်။

သူတို့ထွက်သွားပြီးတဲ့ အခါ တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေက ကျန်းရီရဲ့ ထူးဆန်းနေမှုကို သတိထားမိလာကြတယ်။

"စတွင်မာ၊ အဲဒီလူလေးယောက်က ဘာလို့မပေါ်လာတာလဲ? ဒီလောကမှာ သူတို့ နောက်ထပ် မရှိတော့တာလား?"

တိုက်ရိုက်ထုတ်လွှင့်ခန်းထဲက ပရိသတ်တွေ အတွက်ကတော့ ကျန်းရီရဲ့ ဝိဉာဉ်ခေါ်ယူမှုတွေဟာ ဘယ်တုန်းကမှ မကျရှုံးခဲ့ဖူးပါဘူး။

ဒါပေမယ့်ဒီတစ်ခါတော့ ကျန်းရီက အဲဒီဝိဉာဉ်တွေကို မခေါ်နိုင်ခဲ့ဘူး။ ဒါကို ရှင်းပြနိုင်တဲ့ တစ်ခုတည်းသော နည်းလမ်းကတော့ အဲဒီသရဲတွေဟာ လုံးဝပျောက်ကွယ်သွားပြီလို့ ဆိုတာပါပဲ။

ကျန်းရီရဲ့မျက်နှာမှာတော့ ထူးဆန်းတဲ့ အေးဆေးတည်ငြိမ်မှု ရှိနေခဲ့ပြီး သူက "မစ္စတာလီ၊ အဖိုးတန်တို့ နှစ်ယောက်လုံးလည်း အပြင်ကို ထွက်ပေးပါ" လို့ ပြောလိုက်တယ်။

"ငါ့ကို မနေစေချင်တာလား? ငါကလည်း အမျိုးတော်တဲ့သူ ဖြစ်တယ်လေ။ ဖြစ်နိုင်ရင် ငါဒီမှာနေခဲ့ရင် အကူအညီပေးနိုင်မှာပဲ"

"ခုနက မိသားစုဝင်တွေရဲ့ အပြောင်းအလဲတွေကို သတိထားမိဘူးမလား။ ဒီတော့ အရင်တုန်းကလို မဟုတ်တော့ဘူး။ အားလုံး အပြင်ထွက်ပြီး ဖုန်းကို စားပွဲပေါ်တင်ထားခဲ့၊ ဒါမှ ငါ ထောင့်က မှန်တွေကို မြင်ရမယ်"

အဖိုးတန်နဲ့ လီကျင့်ဟိုင်တို့က ပြောစရာ မရှိတော့တဲ့အတွက် အပြင်ကို ထွက်သွားခဲ့ကြတယ်။

သူတို့ထွက်သွားပြီးတံခါးပိတ်လိုက်တဲ့အခါ ပရိသတ်တွေက မနေနိုင်ကြတော့ဘူး။

"စတွင်မာ၊ ဘာလုပ်မလို့လဲ?"

"စိတ်ယိုယွင်းပြီး သရဲဖြစ်နေတဲ့သူတွေက လူတွေရဲ့စိတ်ထဲ ကူးစက်သွားတယ်။

ဆိုရိုးရှိတယ်လေ- သူများကို ထိခိုက်ဖို့ ရည်ရွယ်ချက်မရှိရင်တောင်မှ၊ ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ ရည်ရွယ်ချက် ရှိရမယ်တဲ့။ ဆက်ဆံရေးက ဘယ်လောက်ပဲ ကောင်းကောင်း၊ ဘယ်သူ့ကိုမှ မယုံကြည်နဲ့တဲ့။ ကောင်းပြီ၊ဒီလောက်ဆို ရပြီ။ အချိန်တန်ရင် သိသွားလိမ့်မယ်"

ကျန်းရီက ရှင်းရှင်းလင်းလင်း နားလည်နေပြီ ဖြစ်ပြီး စားပွဲပေါ်က ဖုန်းရှေ့မှာရှိတဲ့ ဖယောင်းတိုင်အလင်းရောင်ကို ကြည့်ကာ ကျန်းရီရဲ့ အသံဟာ ရုတ်တရက် အေးစက်သွားခဲ့တယ်

"ငါ့ရဲ့ နတ်ဘုရား မိတ်ဆွေတွေကို အကူအညီမတောင်းတာ အတော်ကြာပြီပဲ။ ဒီတစ်ခါတော့ အဲဒီနတ်ဘုရားမိတ်ဆွေတွေကို အကူအညီတောင်းရမယ်လို့ မထင်မိခဲ့ဘူး။ မင်းက ထွက်မလာမှတော့ ငါက ဆွဲထုတ်ရမှာပေါ့"

စကားပြောလို့ ပြီးတာနဲ့ အလွန်ကို စွမ်းအားကြီးမားပုံရတဲ့ လက်တစ်ချောင်းက မှိတ်တုတ်မှိတ်တုတ် လင်းနေတဲ့ ဖယောင်းတိုင်အလင်းရောင်ရှေ့မှာ ရုတ်တရက်ပေါ်လာခဲ့တယ်။

အဲဒီလက်က မှန်ထဲကို ရောက်သွားပြီး တစ်စုံတစ်ယောက်ရဲ့ လည်ပင်းကို ညှစ်ကာ သူ့ကို တိုက်ရိုက်ဆွဲထုတ်လိုက်တယ်။

အဲဒီလူရဲ့မျက်နှာဟာ တစ်ခုပြီးတစ်ခု ပြောင်းလဲနေပြီး မျက်နှာတွေကို ကြည့်ရင် လေးယောက်ထက်မက ရှိနေခဲ့တယ်။

ဆွဲထုတ်ခံရတဲ့သူဟာ ပိန်လှီနေတယ်၊ ဒါပေမယ့် မျက်နှာကတော့ အလွန်ကို ရုပ်ဆိုးနေခဲ့တယ်။

ကျန်းရီကို မြင်တဲ့အချိန်မှာ သူက တစ်ခုခုလုပ်ဖို့ ကြံရွယ်နေချိန်မှာပဲ ကျန်းရီက အေးစက်စွာ ကြည့်လိုက်တဲ့အခါ သူဟာ ကြမ်းပြင်ပေါ် လဲကျသွားတယ်။

"အသက်ချမ်းသာပေးပါ၊ အသက်ချမ်းသာပေးပါ!"

"မင်းက ဘယ်သူလဲ?ဘာလို့ လူတွေနဲ့ စာချုပ်ချုပ်ပြီး လူတွေကို သတ်ရတာလဲ?"

"ငါ..ငါခဏလောက်ပဲ မှားသွားတာပါ၊ ခဏလောက်ပဲ မှားသွားတာပါ!"

"လူတစ်ရာရဲ့ဝိဉာဉ်တွေကို မင်း စားသုံးပြီးသွားပြီ၊ တချို့တွေကိုတောင် မင်းက အစာချေဖျက်ပြီးသွားပြီ၊ ခေါင်းတွေပဲ ကျန်ရစ်ခဲ့တယ်။ ဒါကို ခဏလောက်ပဲ မှားသွားတာပါလို့ ငါ့ကိုပြောနေတာလား?"

".... "

“ဟမ်? မင်းက နောက်ထပ် ငါနဲ့ ထပ်ငြင်းချင်သေးတာလား?"

"ငါ ဆင်ခြင်တွေ မပေးတော့ဘူး။ ဒါကို ငါလုပ်ခဲ့တာပဲ။ ငါရှင်သန်နေထိုင်ခဲ့စဉ်တုန်းက ထမင်းဝဝမစားရ၊ အဝတ်အစားလည်း ပြည့်ပြည့်ဝဝမဝတ်ရဘူး၊ ကာလအတန်ကြာ ဒုက္ခအမျိုးမျိုးခံစားခဲ့ရတယ်။ သေပြီးမှ သရဲဖြစ်လာတာ၊ ဘာလို့ ဒီလိုမလုပ်ရမှာလဲ? သူတို့ကိုယ်တိုင် ငါနဲ့ စာချုပ်ချုပ်ခဲ့တာ၊ တစ်ခြားသူတွေကို အပြစ်တင်လို့မရဘူး!"

အဲဒီလူဟာရက်စက်စွာ အော်ဟစ်နေပြီး ဒီအချိန်မှာ သူဟာ ဆင်ခြေပေးလို့ မရတော့မှန်း သိလိုက်ရတယ်။

"သူတို့က မင်းနဲ့ စာချုပ်ချုပ်ပြီး သူတို့ရဲ့ အသက်နဲ့လဲခဲ့တာ၊ မင်း ကတိပေးခဲ့တဲ့အတိုင်း သူတို့ကို လုပ်ပေးခဲ့ပြီးပြီလား?" ကျန်းရီက အေးစက်စွာ မေးလိုက်တယ်။

အဲဒီလူမှာပြောစရာမရှိတော့ပါဘူး၊ ကျန်းရီက ထပ်အော်လိုက်တယ်- "မင်းလုပ်နိုင်ပြီလား?"

"မ..မလုပ်နိုင်ခဲ့ဘူး" အဲဒီလူက ချက်ချင်းဆိုသလို ကြောက်ရွှံသွားခဲ့သည်။

ကျန်းရီက ကဲ့ရဲ့စွာနဲ့ "ဒါဆို မင်း ပြောစမ်းပါဦး၊ အသက်ရှင်နေတုန်းက မင်း ဘာ့ကြောင့် ထမင်းဝဝမစားရ၊ အဝတ်အစား ပြည့်ပြည့်ဝဝမဝတ်ရဘဲ ဒုက္ခအမျိုးမျိုး ခံစားခဲ့ရတာလဲ?"

"ငါ ငယ်ငယ်တုန်းက ဆင်းရဲတဲ့ကျေးရွာမှာ မွေးဖွားခဲ့တာ။ တောတောင် အပင်တွေကို ကျော်ဖြတ်ပြီး နောက်ဆုံးတော့ တောင်တွေကနေ ထွက်နိုင်ခဲ့တယ်။ ဘဝကိုပြောင်းလဲပစ်ဖို့နဲ့ ငါလိုချင်တဲ့ ဘဝကို ရဖို့ မြို့ကြီးမှာ ကြိုးစားအားထုတ်ဖို့ ဆုံးဖြတ်ခဲ့တယ်။ ဒါပေမယ့်လူတွေရဲ့ ခြေထောက်တွေအောက်မှာပဲ ဖိနှိပ်ခံခဲ့ရတယ်။ ငါဟာသူတို့ရဲ့ မြင်းတစ်ကောင် ဖြစ်လာခဲ့ရတယ်၊ ခွေးတစ်ကောင်တောင် ဖြစ်လာခဲ့ရတယ်၊ ဒါပေမယ့် နောက်ဆုံးမှာ ဘာလို့ ငါဘယ်လောက်ပဲ ကြိုးစားကြိုးစား ငါလိုချင်တဲ့ ဘဝကို မရနိုင်တာလဲ? ငါဟာ ဆင်းရဲသားတစ်ယောက်ပဲ ဖြစ်နေဆဲပဲ၊ လူတွေရဲ့ ​ပြောသမျှကို ခံနေရဆဲပဲ။ ငါဟာ တည်ငြိမ်တဲ့ ဘဝ တစ်ခုရချင်တယ်၊ လှပတဲ့ ဇနီးသည်တစ်ယောက်ရချင်တယ်။ နောက်ဆုံးမှာတော့ဘဝကို တည်ငြိမ်အေးချမ်းစွာနေချင်တဲ့ ဆန္ဒပဲ ရှိခဲ့တော့တယ်၊ ဒါပေမယ့် နောက်ဆုံးမှာတော့... လမ်းပေါ်မှာ ရိုက်သတ်ခံလိုက်ရတယ်!"

"ဒါဆို မင်းလည်း လမ်းပေါ်မှာ လူတွေကို ရိုက်သတ်ခဲ့တာမလား?"

".... "

“ကြည့်၊ မင်းမှာ နောက်ထပ်ပြောစရာ မရှိတော့ဘူး။ မင်းရဲ့ စိတ်က ကောင်းကင်လောက် မြင့်တယ်၊ ဒါပေမယ့် လက်တွေကကျတော့ အခြားသူတွေထက် အောက်ကျနေတယ်၊ ဒါတောင်မှ သူများကို စေခိုင်းချင်နေ​သေးတယ်။

ဘာလို့လဲ? မင်း ကြိုးစားခဲ့တာပဲ မလို့လား? ရုန်းကန်ခဲ့တာမလို့လား? ဒီလောကမှာ ကြိုးစားအားထုတ်နေတဲ့လူတွေ အများကြီး ရှိတယ်။

ကြိုးစားအားထုတ်မှုက နောင်တမရအောင် ဆိုတဲ့အတွက်ဆိုရင်၊ ကြိုးစားပြီးတဲ့နောက် ဘာမှ မရခဲ့ရင် သေပြီးမှ သရဲဖြစ်ရမယ်လို့ မင်းထင်တာလား? ဒီလိုဆိုရင် ဒီလောကထဲက ဘယ်သူမှ ငရဲကျချင်ကြမှာ မဟုတ်ဘူး၊ ဟုတ်တယ်မလား? ပိုဆိုးတာက မင်းရဲ့ လက်ထဲမှာ ဘာတွေရှိလဲ? မင်းကိုယ်တိုင်ကလည်း သူများကို သတ်ခဲ့တာပဲလေ၊ ဘာလို့ မင်းက သူများလက်ချက်နဲ့ သေလို့မရရမှာလဲ?"

"ကောင်းပြီ၊ပြောစမ်းပါဦး၊ မင်းနောက်ထပ် ဘာတွေထပ်ပြောချင်သေးလဲ? မင်းလိုလူမျိုးကို ငါအရမ်းစိတ်ဝင်စားတယ်။ အကြောင်းကိစ္စကို နားလည်ပြီးသား ဆိုပေမယ့် ခက်ခက်ခဲခဲ ငြင်းဆန်နေတဲ့ပုံစံကို ကြည့်ရတာ အရမ်းကြိုက်တယ်"

အဲဒီလူမှာ ပြောစရာစကား မရှိတော့ပါဘူး၊ ခေါင်းငုံ့လိုက်တယ်။ ပြန်မော့လို​က်တဲ့အချိန် "မင်းက ငါ့ကို ဖမ်းမိပြီဆိုမှတော့ ငါ့မှာ ပြောစရာမရှိတော့ဘူး။ ငါ့ကံဆိုးမှုကိုပဲ နောင်တရတယ်။ အဲ့ဒီ သရဲတွေအားလုံးကို ငါမျိုချပြီးပြီ။ မင်းက သူတို့ကို ပြန်ကယ်တင်နိုင်မှာလား? ငါ့ဝိဉာဉ် ပျက်စီးသွားခင်၊ ငါ့ကို ထောက်ခံအားပေးနေတဲ့ လူတွေ အများကြီးရှိတယ်၊ ဒါကိုတော့ ငါတန်ရာပဲ!"

"လူအများကြီးရှေ့မှာ တစ်ချို့စကားတွေကို ငါပြောချင်ပေမယ့် မင်းရှေ့မှာတော့ ပြောရမယ်။ မင်း ငါ့ကို မြင်တဲ့အချိန်မှာ ငါကသာ အရာရာကို ဆုံးဖြတ်နိုင်တဲ့သူပဲ။

အဲ့ဒါကို မင်းနားလည်လား? မင်းက သရဲတစ်ရာကျော်ကို မျိုချပြီး သူတို့ရဲ့ ဒေါသနဲ့ မကျေနပ်မှုတွေကို အစာချေဖျက်လို့ ပြီးရင်တောင်မှ ဒါပေမယ့် ငရဲရဲ့ အဖြူအမည်း ဝူချန် တွေက လက်ညှိုးတစ်ချောင်းနဲ့ မင်းကို ဖိသတ်နိုင်တယ်ဆိုတာ မင်းသိလား?"

ကျန်းရီ ပြောနေတုန်းမှာပဲအဲဒီလူရဲ့ မျက်နှာမှာ ပြင်းထန်တဲ့နာကျင်မှုတွေ ပေါ်လာခဲ့တယ်။ သူ့ခန္ဓာကိုယ်ထဲကနေ ပုံရိပ်တွေ တစ်ခုပြီးတစ်ခု ဆွဲထုတ်ခံလိုက်ရတယ်။ အဲဒီလူတွေဟာ ခြေထောက်ပြတ်၊ အောက်ပိုင်းအင်္ဂါပြတ်၊ တစ်ချို့က ခေါင်းတစ်ဝက်ပဲ ကျန်ရစ်နေခဲ့တယ်။

"နတ်ဘုရားတွေကို တောင်းဆိုပါတယ်၊ သူတို့ရဲ့ ဝိဉာဉ်ခန္ဓာကိုယ်ကို ကျေးဇူးပြု၍ ပြန်ပေး​ပေးပါ!"

ကျန်းရီက တိုက်ရိုက်ထုတ်လွှင့်တဲ့ အခန်းထဲမှာထိုင်ပြီး အေးဆေးတည်ငြိမ်စွာနဲ့ ပြောလိုက်တယ်။ ရှင်းရှင်းလင်းလင်းပဲ အဲဒီ ပျက်စီးနေတဲ့ ဝိဉာဉ်တွေဟာ မြန်မြန်ဆန်ဆန်နဲ့ ပြန်ကောင်းလာခဲ့တယ်။

အဲဒီလူက တစ်ခုခု ပြောဖို့လုပ်နေတုန်းမှာပဲ ကျန်းရီက ဂရုမစိုက်သလို ပြောလိုက်တယ်- "မင်းနောက်ထပ် တစ်ခွန်းပြောလို့ ရခဲ့ရင် ဒါက ငါ့ကို မစွမ်းဘူးလို့ ဆိုလိုနေတာပဲ"

မီးတောက်တစ်ခုက အဲဒီလူရဲ့ မျက်ခုံးကြားကနေ စတင်လောင်ကျွမ်းလာပြီး မကြာခင်မှာပဲ ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားတယ်။

တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုနေတဲ့ ပရိသတ်တွေဟာ ဒီလိုမြင်ကွင်းမျိုးကို ပထမဆုံးအကြိမ်မြင်တာမဟုတ်ပေမယ့် ဝိဉာဉ်ကို တိတ်တဆိတ် မီးတောက်တွေနဲ့ လောင်ကျွမ်းနေတာကိုတော့ ပထမဆုံးအကြိမ်မြင်ခဲ့တာပါ။

တိတ်ဆိတ်နေပေမယ့် ဝိဉာဉ်ရဲ့ လွန်စွာ တုန်ရီနေမှုအောက်မှာ ပြောမပြနိုင်တဲ့ နာကျင်မှုတွေ ရှိနေတယ်ဆိုတာ မြင်နေရတယ်။ ဒါ့အပြင် မီးတောက်တွေက ခန္ဓာကိုယ်တစ်ခုလုံးကို ပြန့်နှံ့သွားတဲ့အခါ အလွန်ကို နှေးကွေးစွာနဲ့ လောင်ကျွမ်းနေတာ ဖြစ်တယ်၊ ကျန်းရီက သူ့ကို တမင်သက်သက် ဖြည်းဖြည်းချင်း ညှင်းပန်းနေသလိုပါပဲ။

ကျန်းရီက လောင်ကျွမ်းနေတဲ့လူကို သာမာန်ကာလျှံ ကြည့်လိုက်ပြီး သူ့မျက်လုံးတွေကို လူ တစ်ယောက်အပေါ်မှာ စိုက်ကြည့်လိုက်တယ်။

"ဖန်ကွမ်း၊ ဒီကိစ္စမှာ ဦးဆောင်လုပ်ခဲ့တာက မင်းလား?"

ဖန်ကွမ်းဟာ လောင်းစွန်း ဖြစ်ရပ်မှာ ပါဝင်တဲ့ စာဖတ်သူလေးယောက်ထဲက တစ်ယောက်ပါ!

All Chapters