← Chapters

နေရာတိုင်းက ဆံပင်တွေ

Vol. 19 Ch. 262

နေရာတိုင်းက ဆံပင်တွေ

Vol. 19 Ch. 262

ဒီဖုန်းခေါ်ဆိုမှုက မမျှော်လင့်ဘဲ ရောက်လာခဲ့တယ်။ ဒါပေမယ့် မျှော်လင့်ချက် မရှိဘဲ ရောက်လာတဲ့ အရာတွေဟာ အများစုက ကြိုတင်ပြင်ဆင်ထားတာပါပဲ။

ကျန်းရီက သူ့လက်ထဲက ကြိုးဖုန်းကို ခပ်ပေါ့ပေါ့ ကြည့်လိုက်တယ်။ ဒီဖုန်းက သူ တိုက်ရိုက်ထုတ်လွှင့်မှု စခဲ့တဲ့အချိန်မှာ လောင်ဝူ၊ လောင်ဟွမ်၊ နောက်တော့ ရှောင်ယွီနဲ့ အရုပ်ကို သယ်ထားတဲ့ မိန်းကလေးငယ် တစ်ယောက်ကလည်း ဒီဖုန်းကို ဆက်ခဲ့ကြတာ ဖြစ်သည်။

ဒါပေမယ့်နောက်ပိုင်းမှာတော့ လူတွေက ကျန်းရီဆီ ဖုန်းဆက်ဖို့နဲ့ တိုက်ရိုက်ထုတ်လွှင့်မှု စာမျက်နှာမှာ ဆက်ရှိနေဖို့အတွက် အင်တာနက်ဖုန်း တို့၊ မိုဘိုင်းဖုန်းတို့ကို တိုက်ရိုက်အသုံးပြုဆက်သွယ်တာလိုမျိုး အခြားနည်းလမ်းတွေကို ပိုပြီး သုံးလာကြတယ်။

ကြိုးဖုန်းလေး မြည်နေတာကို မြင်တော့ ကျန်းရီက ယခင်လိုပဲ ဖုန်းကောက်ကိုင်ပြီး ပြောလိုက်တယ်- "ဟလို၊ ကျွန်တော်က သဘာဝလွန် ဖြစ်ရပ်တွေကို ဖြေရှင်းပေးတဲ့ စတွင်မာ ကျန်းရီပါ။ ခင်ဗျားရဲ့ဖုန်းကို လက်ခံရတာဝမ်းသာပါတယ်။ သူငယ်ချင်း အခု ကျွန်တော့်ရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်နေတာလား?"

"ကျွန်တော်...ကျွန်တော်ရှာဖွေနေရင်းနဲ့ ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်မှု အခန်းထဲကို ဝင်လာမိတာ။ စမ်းကြည့်ရင်းနဲ့ ဖုန်းနံပါတ်တစ်ခုကိုမြင်ပြီး ခင်ဗျားကိုဆက်လိုက်တာ"

"သိပါတယ်၊ဒါပေမယ့် ဒီကြည့်ရှုသူကို ဘယ်လိုခေါ်ရမလဲ မသိဘူး"

"ကျွန်တော့်နာမည်က ပန်ရှန်းပါ။ ကျွန်တော့်ကို ရှောင်ပန် (ပန်လေး) လို့ ခေါ်လို့ရပါတယ်။ ကျွန်တော့် အသက် ၁၉ နှစ်ပါ၊ အခုတော့ အိမ်မှာပဲ ကျွန်တော်တို့မိသားစုက ငှားထားတဲ့ လယ်ကွင်းတွေမှာ အဖေ့ကို ကူလုပ်ပေးနေပါတယ်"

"ဟဲလို…ရှောင်ပန်။ ဒါပေမယ့် မင်းက ၁၉ နှစ်ပဲရှိသေးတယ်နော်၊ ဘာလို့ ကျောင်းမတက်တော့တာလဲ? မိသားစုရဲ့ စီးပွားရေးအခြေအနေက သိပ်မကောင်းလို့လား?"

ကျန်းရီက မေးလိုက်တယ်၊ ပုံမှန်စကားပြောသလိုပါပဲ။ ဖုန်းဆက်ရတာ နည်းနည်းစိတ်လှုပ်ရှားနေတဲ့ ရှောင်ပန်ဟာ အခုတော့ အတော်လေး စိတ်သက်သာရာရသွားသလိုပါပဲ။

“ဟုတ်... မိသားစုအခြေအနေက တစ်ကြောင်းပါ၊ ဒါပေမယ့် ကျွန်တော် ကိုယ်တိုင်ကလည်း ထုံထိုင်းပြီး စာကျက်ရတာ တကယ်ကို မတော်ဘူးဗျ။

စာမေးပွဲတိုင်းမှာ ဘိတ်ဆုံးကြီးပဲတော့ မဟုတ်ဘူး၊ ဒါပေမယ့် အလယ်နဲ့ အောက်ပိုင်းလောက်မှာပဲ အမြဲရှိနေတော့ ကျွန်တော်လည်း ဇွဲလုံးဝလျော့သွားလိုက်ပြီ။

အဖေ့မှာ အလုပ်တွေကများလာတော့ ကျောင်းဆက်မတက်တော့ဘဲ အိမ်မှာနေပြီး အဖေ့ကို ဝိုင်းကူလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်"

ကျန်းရီ ခေါင်းညိတ်လျက်- "ပညာရေးက လူအများကြီးရဲ့ ကံကြမ္မာပြောင်းလဲနိုင်တဲ့ တစ်ခုတည်းသောလမ်းလို့ ဆိုကြတယ်၊ ဒါကို ကျွန်တော်လည်း ယုံကြည်တယ်။

ဒါပေမယ့် လူတိုင်းမှာ ကိုယ်ပိုင် ကံကြမ္မာဆိုတာ ရှိတာပဲ။

ဒီကမ္ဘာမှာ ပညာတတ်တွေ၊ ဉာဏ်ကောင်းတဲ့ သူတွေ၊ ကြိုးစားအားထုတ်တဲ့သူတွေ အများကြီးရှိတယ်။

ဒါပေမယ့် ကြိုးစားရင် ရလဒ်ကောင်းတွေ ရမယ်လို့ အာမ မခံနိုင်ဘူး။

ရှောင်ပန်၊ မင်းရွေးချယ်မှုကို နောင်တမရဘူးဆိုရင် အခုအလုပ်ကိုပဲ ဆက်ပြီးတော့ ကြိုးကြိုးစားစား လုပ်ကိုင်ပေါ့"

"ဟုတ်ကဲ့၊ စတွင်မာက ဒီလောက်ထိ နားလည်းပေးမယ်လို့ မထင်မိဘူး။ ကျွန်တော် ဘာလို့ ကျောင်းမတက်တော့တာလဲမေးတော့ ကျွန်တော် နည်းနည်း ရှက်သွားတယ်"

"အခုရော ရှက်နေသေးလား"

"မရှက်တော့ဘူး၊ စတွင်မာက ​ကြင်နာတက်တာပဲ။ စတွင်မာရဲ့ စကားကိုကြားရတော့ စိတ်ထဲ သိသိသာသာ သက်သာရာရသွားတယ်"

"အေး၊ ဒါဆို ဆက်ပြောပါဦး"

တဖက်ခြမ်းက ပန်ရှန်းက ရုတ်တရက် မေးခွန်းထုတ်လိုက်တယ်- "စတွင်မာ၊ မပြောခင် အရင်မေးချင်တာရှိတယ်။ ညဘက်လမ်းမှာ အမျိုးသမီးတွေသုံးတဲ့ ဘီးတစ်ချောင်း ကောက်မိတယ်ဆိုပါစို့။ အဲ့ဘီးကို ကောက်မိတာ မကောင်းဘူးလား?"

"လမ်းပေါ်မှာ အမျိုးသမီးတွေဆံပင် ဖီးတဲ့ဘီး ကောက်မိတယ်ဆိုတာလား။ ဘယ်လိုပုံစံလဲ?"

"အနီရောင်ဘီးပါ။

ဘီးက သာမန်ဘီးပါပဲ။

ပလပ်စတစ်အနီရောင်ပါ။

အရင်တုန်းက ဒီလိုဘီးမျိုးကို လူသုံးများကြတယ်ဆိုတာ မှတ်မိတယ်။

ဒါပေမယ့် နောက်ပိုင်းမှာ လူတွေသုံးတဲ့ ဘီးတွေက ပိုကောင်းလာတယ်၊ ဈေးချိုတဲ့ ပလပ်စတစ်ဘီးတွေကျတော့ တဖြည်းဖြည်း ပျောက်ကွယ်လာတယ်"

ကျွန်တော်က တစ်ညမှာလမ်းလျှောက်ရင်းနဲ့ တွေ့လိုက်တာ၊ လယ်ကွင်းထဲက ရေကြည့်ပြီး အပြန်မှာပေါ့။

လယ်ကြား ကန်စင်းတန်းပေါ်မှာ လျှောက်နေတုန်း မြေကြီးပေါ်က ဒီဘီးကိုမြင်လိုက်ရတယ်။

ဘီးရဲ့သွားတွေကြားထဲမှာ နှစ်ကာလကြာပြီး ဖြစ်ပေါ်နေတဲ့ ညစ်ပတ်နေတဲ့ အမည်းရောင် ညစ်ပတ်မှုတွေကလွဲရင် ဘီးရဲ့ ပလပ်စတစ်လက်ကိုင် အပါအဝင် ဘီးကို ကောက်ကိုင်လိုက်တဲ့အခါ သန့်ရှင်းနေတယ်"

"ဒီဘီးကို မြင်တဲ့အခါ ဒီဘီးက မ​ကြာခင်ကမှ ကျခဲ့တာဖြစ်မယ်ဆိုတာကို မသိစိတ် ခံစားချက်က ကျွန်တော့်ကိုပြောနေတယ်။ မဟုတ်ရင် ဘီးက အဲ့လောက် သန့်နေမှာ မဟုတ်ဘူး၊ အထူးသဖြင့် လယ်ကြားကန်စင်းတန်းပေါ်မှာဆိုရင် ရွှံ့တွေကရှိမှာပဲ"

ရှောင်ပန်ပြော​ပြီးတော့၊ ကျန်းရီက ပြန်ပြောတယ်- "သာမန် အသိအရဆိုရင်တော့ ဟုတ်ပါတယ်။ အထူးသဖြင့် ဘီးလိုမျိုး အရာတစ်ခုက ရွှံ့ထဲမှာဆိုရင် ဆယ်စက္ကန့်အတွင်းမှာ ညစ်ပတ်သွားနိုင်တယ်"

"ဟုတ်တယ်၊ဟုတ်တယ်၊ ကျွန်တော် ပြောချင်တာက အဲ့ဒါပါပဲ၊ ဒါပေမယ့် ကျွန်တော်ကောက်မိတဲ့ဘီးက သန့်နေတယ်။ အသွားတွေက နည်းနည်းတော့ ညစ်နေပေမယ့်၊ ပုံမှန်ပါပဲ"

"တစ်ယောက်ယောက်က လယ်ကြား ကန်စင်းတန်းပေါ်ရောက်ပြီး မတော်တဆ ကျခဲ့တာလား?"

"မဖြစ်နိုင်ဘူး၊ အဲဒီနေရာကို ကျွန်တော်ရောက်တဲ့ အချိန်က ည ၁ နာရီကျော်နေပြီ! ခုနကပြောသလိုပဲ၊ ကျွန်တော်က အခု အိမ်မှာရှိနေပြီး ကျွန်တော်တို့ မိသားစုက ငှားထားတဲ့ ဧက ၂၀၀ ရှိတဲ့ လယ်ယာမြေတွေကို အဖေ့ကို ကြည့်ရှုပေးနေတာ။

အဲဒီညမတိုင်ခင်က မိုးသိပ်မရွာဘူး။

ကံကောင်းထောက်မစွာပဲ နေ့ခင်းဘက်တုန်းက အပေါ်က ရေလှောင်ကန်က ရေဖွင့်ချပြီး ရေတွေက လယ်ကွင်းတွေထဲကို စီးဝင်နေတယ်။

ကျွန်တော့်အဖေက ရေများသွားရင် မျိုးပင်တွေ နစ်မြုပ်သွားမှာစိုးတဲ့အတွက် လယ်ကွင်းထဲသွားပြီး ရေစီးကြောင်းကို စစ်ဆေးဖို့ တွေးမိလိုက်တယ်။ သူက နေ့ခင်းဘက် အလုပ်တွေလုပ်ရတာနဲ့ ပင်ပန်းနေတော့ အဖေအိပ်လိုက် ကျွန်တော်ပဲ သွားကြည့်လိုက်မယ်လို့ ပြောလိုက်တယ်။

အဖေက ကျွန်တော် ကြောက်တက်လားလို့ မေးတော့၊ ကျွန်တော်ကျောင်းတက်နေတုန်းက ညဘက်တွေမှာ အဖေနဲ့အတူ လယ်ကွင်းတွေထဲ မကြာခဏ လိုက်ဖူးတာပဲဆိုပြီး ပြန်ပြောလိုက်တယ်"

"သူက ဘာမှမပြောတော့ဘူး၊ ဒါနဲ့ ကျွန်တော်က ပေါက်တူးနဲ့ တစ်ယောက်တည်း ထွက်သွားခဲ့တယ်၊ ပြီးတော့ ဘီးကို ကောက်မိလိုက်တယ်။ အိုး.. မှတ်မိသေးတယ်၊ ဘီးကိုကောက်မိတဲ့အချိန်မှာ ထူးဆန်းတဲ့ ခံစားချက်တစ်ခု ရခဲ့တယ်!"

"ဘယ်လိုခံစားချက်လဲ?"

"ဘီးရဲ့ လက်ကိုင်ပိုင်းကို လက်ထဲမှာ ကိုင်ထားတဲ့အခါ နွေးနေသေးတယ်ဗျ! တစ်စုံတစ်ယောက်ရဲ့လက်ထဲမှာ အခုလေးတင် ကိုင်ထားသလိုမျိုး၊ ဒါပေမယ့် နောက်တော့ မြေကြီးပေါ်ပစ်ကျသွားပြီး ကျွန်တော်ပြန်ကောက်မိတာမျိုးပေါ့"

"ဒါက သေချာပေါက်တော့ မဟုတ်နိုင်ဘူး။ ခုနေရာက ရာသီဥတုက ပူနေတယ်မလား။ ကိုင်ထားတဲ့ပစ္စည်းက လက်ထဲမှာ မ အေးဘဲ နွေးနေရမှာ မဟုတ်ဘူးမလား?"

"ကျွန်တော်လည်းအဲ့ဒီလိုပဲ ထင်ခဲ့တယ်၊ ဒါပေမယ့် အဲ့ချိန်ကခံစားချက်က တကယ်ကို ခုနကပြောခဲ့သလိုပဲဗျ။ အဲ့ဒီအချိန်က လက်ထဲမှာကိုင်ထားတဲ့အခါ နည်းနည်းတော့ စိတ်ထဲကရှုပ်သွားတယ်"

ကျန်းရီက ချက်ချင်း မတုံ့ပြန်ဘဲ ခဏလောက်စဉ်းစားပြီးမှ မေးခွန်းတစ်ခု မေးလိုက်တယ်- "လယ်ယာမြေတွေက မင်းအိမ်ကနေ ဘယ်လောက်ဝေးလဲ?"

"တစ်မိုင် နှစ်မိုင်လောက်ပဲ ရှိတယ်၊ ဒီဘက်လယ်ကွင်းတွေက အတော်လေး စုစုစည်းစည်း ရှိတယ်။

ကျေးရွာတစ်ချို့က လယ်ကွင်းတွေရဲ့ နောက်မှာ၊ အချို့က ရှေ့မှာ။ ဝိုင်းရံထားသလိုမျိုးပေါ့။

အနီးအနားက လူတွေက အရင်ဆင်းရဲတဲ့ ခေတ်တုန်းက ဒီကျေးရွာတွေကိုပဲ အားကိုးခဲ့ကြတာ။

ကျွန်တော်တို့ရွာက အဲဒီလယ်ကွင်းတွေရဲ့ နောက်မှာရှိပြီး၊အလယ်မှာ ကောက်နှံတွေ နင်းဖို့၊ စပါးတွေလှမ်းဖို့သုံးတဲ့ ကွင်းပြင်လိုမျိုး တစ်ခုရှိတယ်။

ဘာပဲဖြစ်ဖြစ်၊ ကျွန်တော့်ရဲ့ ခြေလှမ်းအတိုင်းဆိုရင် တစ်မိုင်နှစ်မိုင်ဆိုတာ တစ်ကီလိုမီတာ​လောက်ပဲ၊ ကျွန်တော်က ​​​မြန်မြန် လျှောက်သွားနိုင်တယ်!"

"ဒါဆိုတကယ်လို့ တစ်ယောက်ယောက်က လယ်ကြား ကန်စင်းတန်း ပေါ်မှာ ဆံပင်ဖြီးနေတယ်ဆိုရင် မင်းမြင်နိုင်မှာပဲ?"

"တကယ်လို့ အဲဒီမှာ တစ်ယောက်ယောက် ရှိနေမယ်ဆိုရင် ကျွန်တော် သေချာပေါက် မြင်နိုင်မှာပါ။ ဒါပေမယ့် အဲဒီညမှာတော့ တကယ်ပဲ ဘယ်သူ့ကိုမှ မတွေ့ခဲ့ဘူး။ ကျွန်တော်ရှင်းရှင်းလင်းလင်း မြင်နိုင်တယ်၊ ဘာလို့လဲဆိုတော့ ပတ်ပတ်လည်မှာ ကွင်းပြင်လိုမျိုးပဲရှိတယ်"

"ဒါဆို ဒီဘီးကိုကောက်ပြီးတဲ့ နောက်မှာ မင်းဘာတွေကြုံခဲ့ရလဲ?"

ကျန်းရီက ထပ်မေးလိုက်တယ်၊ ဒီအချိန်မှာတော့ ရှောင်ပန်ရဲ့စကားသံက အနည်းငယ်ကွဲပြားလာတယ်။

သူရဲ့အသက်ရှူသံက သိသိသာသာ ပိုမြန်လာပြီး ပြောတယ်- "ဆံပင် အများကြီး၊ ကျွတ်ကျနေတဲ့ အမျိုးမျိုးသော ဆံပင်တွေ။ ကျွန်တော့်အိမ်က ရေချိုးကန်ထဲမှာ၊ ကျွန်တော့် ခုတင်အောက်မှာ၊ ကျွန်တော့်အခန်းထဲက စားပွဲပေါ်မှာပါ တွေ့နေရတယ်။

ဘယ်လိုပဲ သန့်ရှင်းရေးလုပ်လုပ် ခဏခဏပဲ ရောက်လာခဲ့တယ်၊ အထူးသဖြင့် တစ်ညပြီးတဲ့နောက်မှာ ကျွန်တော် ခံစားရတာက.. ကျွန်တော့်အိမ်မှာ မိန်းမတစ်ယောက် ရှိနေသလိုမျိုးပဲ!"

All Chapters