အခြားသူကို အမြဲသတိထားဖို့ လိုအပ်တယ်
Vol. 19 Ch. 260
ဖြစ်စဉ်ရဲ့ အရင်းအမြစ်က လောင်စွန်းက စိတ်ဝိညာဥ်ကစားနည်း တစ်ခုကို ရေးသားခဲ့တာကြောင့် ထူးဆန်းအံ့ဖွယ် သဘာဝလွန် သေခြင်းတရားတွေကို စတင်ဖြစ်ပွားစေတယ်လို့ ထင်ရတယ်။
ဒါပေမယ့် ဒီစိတ်ဝိညာဥ်ကစားနည်းက အစကတည်းက လုပ်ကြံဖန်တီးထားတာပါ။ ဒါဆို ဘာဖြစ်လို့ တကယ့်လက်တွေ့မှာ တစ်ယောက်ယောက်က တကယ် သေဆုံးရတာလဲ။
တစ်ယောက်ယောက် သေဆုံးရုံတင်မကဘဲ ကစားနည်းရဲ့ ချမှတ်ထားတဲ့ အချက်တွေနဲ့လည်း လုံးဝကွဲထွက်နေပါတယ်။ ဒီကစားနည်းကြောင့် ဘယ်သူမှ ချမ်းသာကြွယ်ဝပြီး၊ စွမ်းအားလည်း မကြီးမားလာသလို၊ ဘယ်သူ့ရဲ့ မိသားစုဝင်မှလည်း ထူးဆန်းစွာ သေဆုံးမသွားခဲ့ပါဘူး။
စာဖတ်သူ လေးယောက်ထဲက တစ်ယောက်ဖြစ်တဲ့ ဖန်ကွမ်းက ဒီအချိန်မှာ ခေါင်းကိုနှိမ့်ချလိုက်ပြီး မျက်လုံးတွေက ဘယ်သူ့ကိုမှ မကြည့်ရဲဘဲ ထိုင်နေခဲ့တယ်။ ဒါပေမယ့် သူ့ပတ်လည်က အခြား သုံးယောက်ကတော့ ငေးငိုင်နေခဲ့ကြတယ်။
ကျန်းရီ က ဒါကိုမြင်တော့ မထိန်းနိုင်ဘဲ ခနဲ့ လိုက်တယ်- " အဲ့သရဲက မင်းကိုတော့ ဘာမှမလုပ်ခဲ့ဘူးပဲ"
"ဘာကိုဆိုလိုတာလဲ ဖန်ကွမ်း။ ဒီဟာက မင်းညွှန်ကြားခိုင်းတာလား" တစ်ယောက်က နားလည်သွားသလိုနဲ့ မေးလိုက်တယ်။
ဖန်ကွမ်းက စကားပြန်မပြောရဲဘူး။ ကျန်းရီက မေးတဲ့သူကို မျက်လုံးနဲ့ တားလိုက်ပြီး ဖန်ကွမ်းကို ပြောလိုက်တယ်- "သူနဲ့ ဘယ်လိုတွေ့ခဲ့တာလဲ"
"ကျွန်တော်တို့... ကျွန်တော်တို့ လေးယောက်ဟာ ဒီဖိုရမ်မှာပဲ တွေ့ဆုံပြီး သိကျွမ်းခဲ့တာမဟုတ်ဘူး။ ကျွန်တော်တို့ဟာ စောစောကတည်းက အွန်လိုင်းမှာ မိတ်ဆွေကောင်းတွေဖြစ်ခဲ့ပြီး ဂိမ်းကစားဖို့ တွေ့ဆုံခဲ့ကြတယ်။ အရင်တုန်းက အပြင်မှာလည်း အကြိမ်ကြိမ် တွေ့ဆုံခဲ့ကြတယ်၊ ဒါပေမယ့် ဘယ်တုန်းကမှ မိသားစုဝင်တွေကို အချင်းချင်း မိတ်ဆက်ပေးတာမျိုး မရှိခဲ့ဘူး။ အကြောင်းကတော့ မိသားစုဝင်တွေပါလာရင်၊ ဆက်ဆံရေး ဘယ်လောက်ပဲ ကောင်းကောင်း၊ နောက်ဆုံးမှာ အဆင်မပြေဖြစ်ကုန်တတ်လို့ပါ။ "
"မိသားစုဝင်တွေက သူတို့အကြောင်းကို သိပ်မသိကြဘူး။ ဒါကြောင့် ကျွန်တော်တို့ ဒုက္ခရောက်တဲ့အခါ၊ သူတို့က ကျွန်တော်တို့ဟာ ဒီဂိမ်းကစားလို့ ဖြစ်ရတာပဲလို့ ထင်ကြလိမ့်မယ်။ တကယ်တမ်းမှာတော့ ဒီအရာတွေအားလုံး... ဒီအရာတွေအားလုံးဟာ ကျွန်တော့်ရဲ့ အကြံအစည်ပါပဲ။ အကြောင်းကတော့ ကျွန်တော်က ဒီ မြို့ကို အရင်ကတည်းက ရောက်ဖူးနေပြီး၊ သူနဲ့လည်း ရံဖန်ရံခါ တွေ့ခဲ့ဖူးတယ်"
ဖန်ကွမ်းက မီးလောင်နေတဲ့ ဝိညာဥ်ကို ရှုပ်ထွေးတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။ ကျန်းရီက စကားမဖြတ်ပြောဘဲ သူပြောခွင့်ပေးထားတယ်-"အဲဒီတုန်းက ကျွန်တော် မြို့ထဲကို လုပ်ငန်းကိစ္စနဲ့ ရောက်လာတာ၊ ဒါပေမယ့် ပရောဂျက်က အဆင်မပြေဘူး။ ဒါကြောင့် ကုမ္ပဏီရဲ့ အကူကိုခေါ်ပြီး ကားမောင်းထွက်လာခဲ့တယ်။ ဒီပရောဂျက်က ကျွန်တော့်ရဲ့ အလုပ်အတွက် အရမ်းအရေးကြီးတယ်။ ဒါပြီးမြောက်ရင် ကျွန်တော် နောက်တစ်ဆင့် တက်နိုင်တယ်။ ဒါပေမယ့် နောက်ဆုံးမှာ ကျရှုံးသွားခဲ့တယ်၊ ကျွန်တော် စိတ်ဓာတ်တွေ အရမ်းကျသွားခဲ့တယ်။ အဲဒီအချိန်တုန်းက ကျွန်တော့် အလုပ်အကိုင်ကလည်း ကြီးမားတဲ့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်။ တစ်ခုတည်းသော မျှော်လင့်ချက်ကြိုးကလေး ပျောက်ဆုံးသွားပြီး ဘာကို လုပ်ရမှန်းမသိ ဖြစ်နေတယ်။ စိတ်ဓာတ်အရမ်းကျနေချိန်မှာ၊ ဘယ်ကို မောင်းလာမိတယ်ဆိုတာ ကျွန်တော်ကိုယ်တိုင် မသိခဲ့ဘူး။ မြို့ပြင်ဘက်ကို ရောက်သွားတယ်။ သတိပြန်ဝင်လာတဲ့ အချိန်မှာတော့ ကျွန်တော့်ကားရဲ့ ရှေ့မှာ မြေမြှုပ်ဂူတစ်လုံး ရှိနေတယ်”
"ဂူကိုမြင်တော့ ကျွန်တော် အလန့်တကြား ဖြစ်သွားပြီး ကားကို နောက်ပြန်ဆုတ်ဖို့ ကြိုးစားခဲ့တယ်။ ဒါပေမယ့် ကားကို နောက်ပြန်လှည့်လိုက်တာနဲ့ နောက်ဘက်ကနေ အသံတစ်သံကို ကြားလိုက်ရတယ်။ သူ့ကို မျက်မြင်တွေ့ခဲ့ရတာမဟုတ်ပေမယ့်၊ သူ့စကားသံကတော့ ရှင်းရှင်းလင်းလင်း ကြားနေရတယ်။ သူက ကျွန်တော့်ကို တစ်ခုခု လိုချင်လို့လားလို့ မေးတယ်။ အစကတော့ ကျွန်တော် သူ့ကို မပြောချင်ဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ သူပေါ်လာတယ်၊ နတ်ဘုရားတစ်ပါးလိုမျိုးပေါ့။
အကြောင်းကတော့ ကျွန်တော်က သဘာဝလွန် ဖြစ်ရပ်တွေကို စိတ်ဝင်စားတယ်၊ ဒါပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဒါကို တစ်ခါမှ မြင်ဖူးကြတာမဟုတ်ဘူး၊ နတ်ဘုရားနဲ့ တစ္ဆေကွဲပြားပုံကိုလည်း မသိကြဘူး။ သူက ကျွန်တော့်ကို များပြားလှတဲ့ အရာတွေကို ဖန်တီးပြခဲ့တယ်၊ ကျွန်တော့်ကို သူ့ရဲ့စွမ်းအားတွေကို ခံစားရစေတယ်။
"သူက ကျွန်တော့်အိပ်မက်တွေ အကောင်အထည် ပေါ်ချင်သလားလို့ မေးတယ်။ ကျွန်တော်က ဖြစ်ချင်တယ်လို့ ပြောပြီး၊ ဘယ်လိုလုပ်ရမလဲလို့ မေးတယ်။ သူက အရာရာတိုင်းမှာ ပေးဆပ်ရတဲ့တန်ဖိုး ရှိတယ်လို့ ပြောတယ်။ တောင်းဆိုမှု ကြီးလေလေ၊ ပေးဆပ်ရတဲ့တန်ဖိုး မြင့်လေလေပဲတဲ့။ ကျွန်တော်က ကျွန်တော့်ရဲ့ မိတ်ဆွေကောင်း လေးယောက်ထဲမှာ အတော်ဆုံးလူ ဖြစ်ချင်တယ်လို့ ပြောတယ်။ ကျွန်တော်တို့ လေးယောက်ဟာ အမြဲတမ်း ဆက်ဆံရေးကောင်းခဲ့ပေမယ့်၊ တကယ်တမ်းမှာတော့ သူတို့ရဲ့ အလုပ်အကိုင်တွေက ကျွန်တော့်ထက် ပိုကောင်းနေတယ်။ ဒါကြောင့် သူတို့ကို မြင်တိုင်း ကျွန်တော် မကောင်းမြင်စိတ်တွေ ဖြစ်တတ်တယ်။ အချိန်တိုင်း ကျွန်တော်က ဆေးလိပ်ထုတ်ပြီး သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ခေါ်ရတယ်"
"ဟေ့ လောင်ဖန် ငါတို့က မင်းကို ဘယ်တုန်းကမှ ဒီလိုခေါ်ခိုင်းဖူးတာလဲ။ ဘယ်တုန်းက ဆေးလိပ်ထုတ်ခိုင်းဖူးတာလဲ။ ငါတို့ သိကျွမ်းတာက စိတ်တူကိုယ်တူ ဖြစ်နေခဲ့လို့ပဲလေ။ ငါတို့တွေ တွေ့တိုင်းမှာ ဘာတွေပြောကြတယ်ဆိုတာ မင်းသိပါတယ်။ မင်းတစ်ခါတစ်လေ ပြုံးနေတဲ့ပုံစံတွေကလည်း ငါတို့အတွက် စိတ်သိပ်မသက်မသာ ဖြစ်စေတယ်။ မင်းရှေ့မှာတောင် ဒီလို မလုပ်ပါနဲ့လို့ ငါတို့ပြောဖူးတယ်။ ငါတို့က အပေါင်းအသင်းတွေပဲကွာ၊ ဘဝဆိုတာ ဒီလောက်ထိ ပင်ပန်းနေတာပဲ၊ ကိုယ့်စရိုက်ကို မေ့မထားပါနဲ့လို့ပြောဖူးတယ်လေ။ မိတ်ဆွေတွေနဲ့ တွေ့ဆုံရတဲ့အခါမှာ အလုပ်က အကျင့်တွေ မလိုဘူးလို့ ပြောခဲ့တာပဲလေ။ မင်းကိုယ်တိုင်က ငါတို့ပြောတဲ့ အကြံပေးစကားကို နားမထောင်ခဲ့တာ၊ အခုကျတော့ ငါတို့ကို အပြစ်တင်ချင်တာလား?"
နောက်တစ်ယောက်က စကားပြောလာခဲ့တယ်။ ဒါပေမယ့် ဖန်ကွမ်းရဲ့ မျက်နှာက ရုတ်တရက် ကြမ်းတမ်း ယုတ်မာသွားတယ်- "ဒါကမင်းတို့ပဲ။ မင်းတို့က ငါ့ကို အဲဒီလိုလုပ်ခွင့်ပေးခဲ့မယ်ဆိုရင်၊ ငါ နည်းနည်းလေး ညီတူညီမျှ ဖြစ်တယ်လို့ ခံစားရအုံးမယ်။ ဒါပေမယ့် မင်းတို့ ပြောပြီးတဲ့နောက်ပိုင်းမှာ ငါက ဘာလုပ်ရမှန်းမသိတော့ဘူး။
မင်းတို့နဲ့ ဘယ်လို ပေါင်းသင်းရလည်းကို မင်းတို့သိသလား? ငါတို့တွေ့တိုင်း စကားကြီး စကားကျယ်ပြောတယ်၊ ဟာသတွေလုပ်တယ်၊ စိတ်ဖိစီးမှု ဖြေလျှော့တယ်ဆိုပေမယ့်၊ အလုပ်အကိုင်နဲ့ ဆက်စပ်နေတာပဲ မဟုတ်လား? မင်းတို့တွေ စကားပြောတိုင်း ငါ့ကို ဘယ်လိုထင်သလဲလို့ မေးတယ်။ ငါက ငါတို့အားလုံးထဲမှာ အလုပ်အကိုင် အဆိုးဆုံးလူဆိုတာ သိအောင် လုပ်နေတာလား?"
"ကောင်းပြီ၊ ဖန်ကွမ်း ဆက်ပြောပါဦး။ ကျန်တဲ့သူတွေကလည်း ခဏလောက် စကားမဖြတ်ပြောပါနဲ့"
ကျန်းရီက သူတို့ရဲ့အငြင်းပွားမှုကိုရပ်တန့်ဖို့ ပြောလိုက်တယ်။ ဖန်ကွမ်းက အသက်ကို ပြင်းပြင်းရှူချလိုက်ပြီး မျက်နှာမှာ လှောင်ပြောင်မှုတွေ စပေါ်လာခဲ့တယ်- "ကျွန်တော်က ဒီလူရဲ့ ထူးဆန်းတဲ့စွမ်းအားကို မြင်တွေ့ခဲ့ရတယ်။ ကျွန်တော်က သံသယဝင်ခဲ့ပေမယ့်၊ အဲဒီအချိန်မှာ ကျွန်တော်က လမ်းဆုံးနီးပါးကို ရောက်နေခဲ့တယ်"
"ဒါ့ကြောင့် ကျွန်တော်က သူ့ကို မေးတယ်၊ ကျွန်တော့်ရဲ့ မိတ်ဆွေ လေးယောက်ထဲမှာ အတော်ဆုံးဖြစ်ဖို့ ဘာတွေပေးဆပ်ရမှာလဲလို့။ အဲဒီအချိန်က သူပြောတာက သူတို့သုံးယောက်ရဲ့ အသက်တွေပဲ! အဲဒီလို အခြေအနေမျိုးကို ကြားလိုက်ရတော့ ကျွန်တော် လန့်သွားတယ်။ ငြင်းပယ်လိုက်တယ်။ ဒါပေမယ့် သူက အလျှင်စလ်ု မဆုံးဖြတ်နဲ့၊ ကျွန်တော် ဆုံးဖြတ်ပြီးသွားရင် သူတို့ကို ဒီမြို့ကို ခေါ်လာရမယ်လို့ ပြောတယ်။ ကျွန်တော်က သူ့ကို လျစ်လျူရှုပြီး မြို့ထဲကို ကားမောင်းပြန်လာခဲ့တယ်။ ဒါပေမယ့် ဟိုတယ်ကို ပြန်ရောက်တဲ့အခါမှာတော့ ဒီအကြောင်းကို မစဉ်းစားဘဲ မနေနိုင်ခဲ့ဘူး။ ပရောဂျက်က ကျရှုံးတာနဲ့ပေါင်းပြီး၊ ကျွန်တော် ချက်ချင်းဆိုသလို အဖြေရှာဖို့ လိုအပ်နေခဲ့တယ်၊ မဟုတ်ရင် ကျွန်တော် ဒေဝါလီ ခံရတော့မယ်!"
"ဒါကြောင့် အဲဒီအချိန်မှာ ကျွန်တော်က သူတို့အားလုံးဆီကို ဖုန်းခေါ်လိုက်တယ်။ ကျွန်တော့်မိသားစုထက်တောင်မှ သူတို့က ကျွန်တော့်ရဲ့အလုပ်အကိုင်အခြေအနေကို ပိုပြီးသိကြတယ်။ ကျွန်တော်က သူတို့ကို ငွေချေးဖို့ စမ်းသပ်မေးမြန်းခဲ့တယ်။ ကျွန်တော်ရဲ့ ပရောဂျက် ကျရှုံးသွားပြီး ကုမ္ပဏီက အခု လည်ပတ်ဖို့ ငွေအများကြီး လိုအပ်နေတယ်လို့ ပြောလိုက်တယ်။ ကျွန်တော်က သူတို့တစ်ယောက်ချင်းစီကို ယွမ် နှစ်သန်းစီ ချေးဖို့ပြောခဲ့တယ်။ သူတို့ချေးပေးမယ်ဆိုရင်၊ ကျွန်တော်က ဒီလူနဲ့ ဘယ်တုန်းကမှ မတွေ့ဖူးသလိုမျိုး ဆက်ဆံမှာပါ။
သူတို့မချေးပေးဘူးဆိုရင်တော့၊ သူတို့က ကျွန်တော့်ကို ဂရုမစိုက်ဘူးဆိုတဲ့ သဘောပဲ။ ကျွန်တော် ဒီလိုမျိုး လုပ်ဖို့ တွန့်ဆုတ်မှာ မဟုတ်ဘူး၊ ကျွန်တော်ဟာ စိတ်ယုတ်မာတဲ့သူ တစ်ယောက်မဟုတ်ပါဘူး!"
"သူတို့က နောက်ဆုံးမှာ မချေးပေးကြဘူး မဟုတ်လား?"
"ဟားဟားဟား... သူတို့က မချေးပေးရုံတင် မကဘူး၊ သူတို့က ငါ့ကို ဆင်းရဲသမားလိုမျိုး ဆက်ဆံကြတယ်။ သူတို့တစ်ယောက်ချင်းစီက ကျွန်တော့်ဆီကို ငွေပမာဏတစ်ခုစီ လွှဲပေးကြတယ်။ အနည်းဆုံးက ၂၀၀,၀၀၀၊ အများဆုံးက ၅၀၀,၀၀၀ ပဲရှိတယ်။ သူတို့သုံးယောက်ပေါင်းလိုက်ရင် စုစုပေါင်း ၁ သန်းကျော်ပဲရှိတယ်။
ဒီလောက်ငွေနည်းနည်းလေးနဲ့ ကျွန်တော် ဘာလုပ်နိုင်မှာလဲ? သူတို့က ကျွန်တော့်ကို ပြန်ဆပ်စရာ မလိုဘူးလို့တောင် ပြောပြီး စော်ကားနေသေးတယ်!"
ဖန်ကွမ်းက နောက်ဆုံးမှာ အကျယ်ကြီး ရယ်မောလိုက်တယ်။ ဒါပေမယ့် အခြားသုံးယောက်က မခံမရပ်နိုင်တော့ဘဲ အော်ဟစ်လိုက်ကြတယ်- "ဟေ့ လောင်ဖန် ငါတို့လေးယောက်ရဲ့ အလုပ်အကိုင်တွေက ကောင်းတာရော ဆိုးတာရောရှိပေမယ့်၊ ငါတို့လေးယောက်ရဲ့ အလုပ်အကိုင်တွေက သေးငယ်တဲ့ လုပ်ငန်းလေးတွေပဲ။
အခု ငါတို့ မင်းကိုမေးမယ်၊ မင်းအရမ်း အောင်မြင်နေတဲ့ အချိန်တုန်းကတောင် ယွမ် ၂ သန်း ကို လွယ်လွယ်ကူကူ ထုတ်ပေး နိုင်ခဲ့လို့လား? ငါတို့အားလုံးက လုပ်ငန်းရှင် အသေးစားလေးတွေပါ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးတွေ မဟုတ်ကြဘူး! ယွမ် ၂ သန်း ဆိုတာ ငါတို့ရဲ့ အလုပ်အကိုင်ရဲ့ တန်ဖိုးထက် မမြင့်ဘူးဆိုတာ မင်းသိပါတယ် ၊ ဒါပေမယ့် ငါတို့အတွက် ဒီငွေကို ထုတ်ပေးဖို့ဆိုတာ မဖြစ်နိုင်ဘူးလေ! မင်း ငါတို့ဆီဖုန်းဆက်တဲ့အခါ ငါတို့သုံးယောက် ဘယ်လောက် စိတ်မကောင်း ဖြစ်ခဲ့ရတယ်ဆိုတာ မင်းသိသလား? ငါတို့ ဘယ်လောက်ကြီးမားတဲ့ မိသားစုဖိအားတွေကို ခံစားနေရတယ်ဆိုတာ? ငါတို့က မင်းကို မိသားစု မသိစေဘဲ ငွေလွှဲပေးဖို့ ကြိုးစားနေတာ။ မင်းဒီအခက်အခဲကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်လင့်ခဲ့တာ"
"ငါတို့က မင်းဆီကို ဘာကြောင့်လာခဲ့တာလဲ? ငါတို့က မင်းကိုကူညီဖို့ ရည်ရွယ်ခဲ့တာ၊ နောက်ဆုံးမှာတော့ မင်းက ငါတို့ကို အငြိုးထားတဲ့ အထိဖြစ်သွားတယ်!"
"တိတ်စမ်း…၊ တိတ်စမ်း….! မင်းတို့အတွက် ဒီလောက်ငွေအများကြီးကို တစ်ခါတည်း ထုတ်ပေးဖို့ မလွယ်ကူတာကို ငါသိတယ်၊ ဒါပေမယ့် မင်းတို့ နောက်ဆုံးမှာ ငွေပို့လိုက်တဲ့အခါ၊ ဒါကို ငါ့ကို ချေးငွေအဖြစ် ပြောပြီး ပေးလို့မရဘူးလား? ဘာဖြစ်လို့ ဒါကို လှူလိုက်သလိုမျိုး ဆက်ဆံရတာလဲ? မင်းတို့က ငါ့ကို ဒီငွေကို သိပ်အလေးမထားဖို့ ထပ်ကာထပ်ကာ ပြောနေကြတယ်။
"ညီအစ်ကိုတွေပဲကွာ၊ ငါတို့က မင်းဆီကနေ အဲ့ငွေကို ပြန်ဆပ်ဖို့ မမျော်လင့်ထားဘူး။ ဆိုလိုတာက ဘာလဲ? မင်းတို့က ငါ ငွေပြန်မဆပ်နိုင်ဘူးဆိုတာကို လှောင်ပြောင် နေကြတာလား။ မင်းတို့လိုမျိုး ညီအစ်ကိုကောင်းတွေရှိတာ ရှက်စရာပဲ... မင်းတို့က လူဆိုးတစ်ယောက်ရှေ့မှာ ဩဇာပြချင်ကြတဲ့ လူကောင်း သုံးယောက်လိုပဲ!"
"မင်းတို့အားလုံးက ငါ့ရဲ့ဂုဏ်သိက္ခာကို ဂရုမစိုက်ဘဲ နင်းချေနေကြတာ၊ အဲ့ဒါကို မင်းတို့ သိကြလား?"