ရွေးချယ်မှု
Vol. 19 Ch. 265
"တာရှန်းကျောင်းတော် ဒီမှာ တည်ထားခဲ့တာ ကြာမြင့်ပြီ။ ဗုဒ္ဓရုပ်တုရဲ့ ရွှေရောင် ကိုယ်ထည်တောင် ကုတ်ခြစ်ရာတွေနဲ့ ဖုံးနေတယ်။ အဲဒီ ခြစ်ရာတွေကို ကျွန်တော်နဲ့ အဖေဝင်လာြပီး မြင်လိုက်ရတဲ့အခါ မယုံနိုင်အောင် ဖြစ်သွားခဲ့တယ် ''
"အဲဒီတုန်းက ပြန်သွားတဲ့အခါ အနီးအနားက ကျေးရွာတွေက လူတွေကို ပြောဖို့ ကျွန်တော်တို့ ဆုံးဖြတ်ခဲ့ကြတယ်။
ဒီကျောင်းတော်က ကျေးရွာအများ အပြားက လူတွေ လာရောက်ကိုးကွယ်ကြတဲ့ ကျောင်းတော်ကြီးဖြစ်တယ်။
အဲဒီမှာ ခြစ်ရာတွေ အများကြီးရှိနေတယ်၊ ကိစ္စက ကြီးကြီးမားမားတောင် ဖြစ်ကောင်း ဖြစ်သွားနိုင်တယ်။ ဒါပေမယ့်ကျွန်တော်တို့ ကြည့်လိုက်တဲ့အခါ ကုတ်ခြစ်ရာတွေက အဖိုးထန်ရဲ့ လက်ရာတွေလားဆိုတာ ဆုံးဖြတ်လို့မရသေးဘူး ''
"ကျွန်တော်တို့ ဘုရားရှိခိုးခန်းရှေ့မှာ ပတ်ပတ်လည် ရှာဖွေခဲ့တယ်။ အဖိုးထန်က ဘုရားရုပ်တုအောက်မှာ ဘီးကိုထားမယ်လို့ အရင်ကပြောခဲ့တယ်၊ ဒါမှ ဘုရားရုပ်တုက ဘီးပေါ်က မကောင်းတဲ့ အရာတွေကို ဆေးကြောပေးမယ်တဲ့။
ဒါပေမယ့်ဘုရားရှိခိုးခန်းမှာ ဘာမှမရှိဘူး။ ဒါနဲ့ အဖိုးထန် နေထိုင်တဲ့ အခန်းထဲမှာ ရှာကြည့်လိုက်တယ်''
"အဖိုးထန်ရဲ့အခန်းကို ဖွင့်လိုက်တဲ့အခါ ကြမ်းပြင်ပေါ်က ဆံပင်တွေကို မြင်လိုက်ရတဲ့အခါ ကျွန်တော်နဲ့ အဖေက တံခါးနားမှာရပ်ပြီး ဝင်ဖို့ မဝံ့ရဲခဲ့ကြဘူး။ နောက်ဆုံးတော့ကျွန်တော် သတ္တိတွေစုပြီး ဝင်သွားလိုက်တယ်။
ကြမ်းပြင်ပေါ်မှာ ဆံပင်တွေ အစုလိုက် အပြုံလိုက် ရှိနေတယ်။
အမျိုးသမီးဆံပင်တွေက ဖြန့်ကျဲနေတယ်၊ ရှည်ပေမယ့် သိပ်တော့ မထူဘူး။ ဒါပေမယ့် အဖိုးရဲ့ အိပ်ရာပေါ်မှာ ပြတ်နေတဲ့ ဆံပင်တွေကို အများကြီးတွေ့ရတယ်၊
ဒါပေမယ့် ဘီးကို မတွေ့ခဲ့ရဘူး။ အဖေက အကြာကြီး ရှာခဲ့တယ်၊ စိတ်က ပူလာခဲ့တယ်။ ဒီကိစ္စကြောင့် လူတစ်ယောက် သေဆုံးခဲ့ရတယ်၊ ဘီးကို မတွေ့ရင် နောက်ထပ် လူသေဦးမလားဆိုတာ ဘယ်သူမှ မသိဘူး ''
"ဘီးကို တွေ့ပြီးတာတောင် လူက ထပ်သေဦးမလားဆိုတာတောင် မသိဘူး။ အနာဂတ်မှာ ဘာတွေဖြစ်လာမယ်ဆိုတာ မသိတာကြောင့်ပါပဲ။
အဖေနဲ့ကျွန်တော်တို့ အဖိုးထန်ရဲ့ အခန်းထဲမှာ ရှာလေလေ ပိုပြီးကြောက်လာလေလေပါပဲ။
ရုတ်တရက်... မူလက ဖွင့်ထားတဲ့ အဖိုးထန် အခန်းရဲ့ ပြတင်းပေါက်က ရုက်တရက် ပိတ်သွားခဲ့တယ်။ ပြင်ပမှာ မိုးကြိုးသံအချို့ ကြားလိုက်ရပြီး ကောင်းကင်က ရုတ်တရက် မှောင်မိုက်သွားခဲ့တယ်။ အဖေရဲ့ မျက်နှာပြာသွားပြီး မြန်မြန်ထွက်သွားဖို့ ပြောခဲ့တယ် ''
"မြန်မြန်ထွက်သွားဖို့ လိုတယ်ဆိုတာ ကျွန်တော်သိပါတယ်။ မနက်ခင်းကတည်းက မှောင်နေပြီး၊ ရုတ်တရက် မိုးမှောင်ကျပြီး မုန်တိုင်းထန်လာရင် သေချာပေါက် မကောင်းဘူးလေ။ ကျွန်တော်တို့ တံခါးကို ဖွင့်လိုက်တယ်၊ ဒါပေမယ့် အပြင်ကနေ သော့ခတ်ထားသလိုပဲ ကျွန်တော်တို့ ဖွင့်လို့မရဘူး”
"အပြင်မှာ မိုးက သည်းထန်စွာ ရွာနေပြီး မကြာခင်မှာပဲ မြူထူထူတွေ ဖြစ်လာခဲ့တယ်။ ကျွန်တော်တို့ပြတင်းပေါက်နားမှာ ရပ်နေကြတယ်၊ အဖေက ပြတင်းပေါက်က ဖန်သားတွေကို အပြင်းအထန် ချိုးဖျက်နေတယ်။
ဒါပေမယ့် အဖိုးထန် နေထိုင်တဲ့ အခန်းထဲမှာ ပြတင်းပေါက်တွေက သေးငယ်ပြီးတော့ တစ်ခုလုံးကို ဖြုတ်ပစ်မှသာ ထွက်လို့ရမယ်။ အဖေက ပြတင်းပေါက်ကိုဖြုတ်နေစဉ်မှာ ကျွန်တော် မိုးသည်းထဲမှာ ပုံရိပ်တစ်ခု ပေါ်လာတာ မြင်လိုက်ရတယ်၊ မိုးသည်းထန်စွာ ရွာနေတဲ့အချိန်မှာ ထီးကိုင်ထားပြီး၊ သူမက ကျွန်တော်တို့နဲ့ မဝေးလှဘူး။ ကျွန်တော့်ကို ငြိမ်ငြိမ်လေး ကြည့်နေခဲ့တယ်။
ကျွန်တော် အဖေ့ရဲ့ အဝတ်ကို ဆွဲလိုက်တယ်၊ သူက ရပ်လိုက်ပြီး ဒီအမျိုးသမီးရှိရာကို ကြည့်လိုက်တယ်။
သူ့ ကြောင်အ သွားခဲ့တယ်၊ ဒါပေမယ့် ကျွန်တော် ပိုပြီးတော့တောင် မျှော်လင့်မထားတဲ့ အံ့ဩစရာက သူက အဲ့ဒီအမျိုးသမီးရဲ့ နာမည်ကိုခေါ်လိုက်တယ်''
"အာချိုင်း?"
"အာချိုင်းလား?မင်းအဖေက သူမကို သိသလား?"
"ကျွန်တော် မသိဘူး၊ ဒါပေမယ့် သိမယ်လို့တော့ ထင်တယ်။ အဖေက သူမကို ပထမဆုံးအကြိမ်မြင်တဲ့အခါ ဒီနာမည်ကို အော်ခေါ်လိုက်တယ်။ ကျွန်တော်သူ့ကို အာချိုင်းက ဘယ်သူလဲလို့ မေးတယ်၊ ဒါပေမယ့် အဖေက ဘာမှမပြောဘူး။ သူက မိုးထဲက အမျိုးသမီးကိုပဲကြည့်နေပြီး အော်ခေါ်လိုက်တယ်။
အာချိုင်း၊ မင်းလား? အာချိုင်း,ငါက ပန်ဖိန့်ပါ၊ ဒီဘီးက မင်းဟာလား? အာချိုင်း ငါက မင်းရဲ့ အခင်ဆုံးသူငယ်ချင်းပါ။
ဒါပေမယ့် မင်းမတရား သေဆုံးသွားရတယ်ဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် ငါ့သားကို မနှောင့်ယှက်ပါနဲ့တော့။
အဖိုးထန် သေဆုံးသွားပြီ၊ ဒါပေမယ့် မင်းက ဒီနှစ်တွေအတွင်း မျက်စိ မမှိတ်သေးဘူးလား အာချိုင်း?''
"အဖေ့ စကားကို ကြားတဲ့အခါ ကျွန်တော် တစ်ခုခုကို ကြားလိုက်ရတယ်။ အာချိုင်း၊ အဖေနဲ့ အဖိုးထန်တို့ ကြားမှာ တစ်ခုခု ရှိရမယ်။ ဒါပေမယ့် မိုးရေထဲက အမျိုးသမီးက မထွက်သွားခဲ့ဘူး။ သူမက အနီရောင် ထီးတစ်လက်ကိုင်ထားပြီး သူ့ဆံပင်ကို လက်နဲ့ ပွတ်သပ်နေပုံရတယ်။ အဖေက ဆက်ပြောတယ်၊ အဖိုးထန်က မင်းကို အရင်တုန်းက မကယ်တင်ခဲ့တာမဟုတ်ဘူး၊ အဖိုးထန်က ကယ်တင်လို့ မရခဲ့တာ။
ကျောင်းတော်ရဲ့ အပြင်ဘက်မှာ လူအများကြီး ကြားခဲ့ကြတယ်။ အဖိုးထန်က ကျောင်းထဲမှာပုန်းနေပြီး ငိုနေတာကို၊ မင်းကို သတ်မိလိုက်တယ်လို့လည်း ပြောနေခဲ့တယ်။
သူက သူ့ကိုယ်သူ အပြစ်တင်နေခဲ့တယ်၊ ဒါပေမယ့် အခု သူလည်း သေဆုံးသွားပြီ၊ ဒီလောကထဲမှာ ဘာလို့ ဆက်နေသေးတာလဲ''
"အဖေ့ရဲ့ စကားက နောက်ဆုံးမှာ သက်ရောက်မှု ရှိလာတယ်။ မိုးထဲက အမျိုးသမီးက သိပ်မကြာခင်မှာပဲ ထွက်သွားတယ်။
သူမထွက်သွားပြီးနောက် မိုးက ဆက်ရွာနေဆဲ ဖြစ်ပေမယ့် တံခါးပွင့်သွားပြီး အဖေက ကျွန်တော့်ကို ဆွဲပြီး ပြေးထွက်လာခဲ့တယ်။ မိုးဘယ်လောက်ပဲရွာရွာ၊ ကျွန်တော်တို့ အားသက်သရော ပြေးထွက်လာခဲ့တယ်”
"ဒါပေမယ့် ပြေးရင်း ရေကန်တစ်ခုဆီ ရောက်သွားခဲ့တယ်။ အဲ့ဒီရေကန်က ကျွန်တော်တို့ရဲ့ ကျေးရွာနားမှာ ရှိတယ်၊ ရွှင်းအာ တောင်ရဲ့ နောက်မှာပါ။ ကျွန်တော် မြင်လိုက်ရပြီး အဖေ့ကို မဆွဲမိခဲ့ရင် ဒီတုန်းက ကျွန်တော်တို့ နှစ်ယောက်လုံး ရေကန်ထဲကို ကျသွားလိမ့်မယ်။
အဖေက ရပ်လိုက်ပြီးရေကန်ကို ကြည့်ကာ ရေကန်ရဲ့အခြားဘက်ကို ကြည့်လိုက်တယ်။ အမျိုးသမီးက ထပ်ပေါ်လာခဲ့တယ်၊ ဒါပေမယ့် သူမပေါ်လာတဲ့အခါ အဖေက ဒူးထောက်ကျသွားတယ်။
သူက အကျယ်ကြီး ငိုနေခဲ့ပြီး၊ အာချိုင်း... ဒါဘာကိုဆိုလိုတာလဲ? မင်းရဲ့ ရှေ့မှာ ငါ သေဆုံးမှပဲ လက်လျှော့မှာလား? နှစ်ပေါင်း နှစ်ဆယ်၊ သုံးဆယ်နီးပါးရှိနေပြီ၊ ဘာဖြစ်လို့ ဒီအချိန်ကိုမှ ရွေးချယ်ရတာလဲ''
"အမျိုးသမီးက အစကနေအဆုံးထိ စကားမပြောခဲ့ဘူး၊ ကျွန်တော်တို့ကို ဒီအတိုင်း ကြည့်နေခဲ့တယ်။ အဖေကတော့ ငိုနေခဲ့တယ်၊ သူငိုတာကို ကြားတော့ ကျွန်တော် ပိုပြီး ထိတ်လန့်သွားခဲ့တယ်။ အမျိုးသမီးက ထီးကိုချပြီး ရေကန်ထဲကို ခုန်ချသွားတဲ့အခါ အဖေက ရေကန်နားမှာ ဒူးထောက်ပြီး ရေကန်ကို ဦးချပြီး ကျေးဇူးတင်ပါတယ် အာချိုင်း၊ အစ်ကိုဖိန့် မင်းကို ကျေးဇူးတင်ပါတယ်လို့ ပြောခဲ့တယ်'
"ဒီလိုနဲ့ အဖေက ကျွန်တော့်ကို အိမ်ပြန်ခေါ်သွားခဲ့တယ်။ အိမ်ရောက်တဲ့အခါ မိုးက သည်းထန်စွာ မရွာတော့ပေမယ့် မတိတ်သေးဘူး။ ကျွန်တော် အဖေ့ကို အာချိုင်းက ဘယ်သူလဲလို့ မေးတယ်။
အဖေက ဘာမှမပြောခဲ့ဘူး၊ ဝိညာဉ် လွင့်ပျယ်သွားသလိုပဲ။
ကျွန်တော် အမေ့ဆီကို ပြေးသွားလိုက်တယ်၊ အမေကလည်း အာချိုင်းဆိုတဲ့နာမည်ကို ကြားတော့ လန့်သွားတယ်၊ ဒါပေမယ့် အာချိုင်းက ဘယ်သူလဲဆိုတာ ကျွန်တော့်ကို ပြောပြခဲ့တယ်။
သူမက အဖေ့ရဲ့ ငယ်ချစ်ဦးဖြစ်ပြီး နှစ်ယောက်အတူတူ ကြီးပြင်းလာခဲ့ကြတယ်။ ကျေးရွာထဲက လူတွေကလည်း သူတို့နှစ်ယောက်ကို သဘောတူကြတယ်။ ကြီးလာရင် အိမ်ထောင်ပြုပေးကြမယ်လို့ ပြောကြတယ်၊ ဒါပေမယ့် သူတို့အသက် ဆယ်ငါးနှစ်အရွယ်မှာ အဖြစ်အပျက်တစ်ခု ဖြစ်ပွားခဲ့တယ်''
"အဲဒီတုန်းက ကျေးရွာမှာ ရေကြီးခဲ့တယ်။ ရေကြီးမှုက အရမ်းကို မြန်တော့ဘယ်သူမှ တုံ့ပြန်ဖို့ မမီလိုက်ကြဘူး။
အဖေနဲ့ အာချိုင်းနှစ်ယောက်လုံး ရေကြီးမှုထဲ မျောပါသွားခဲ့ကြတယ်။ အဖိုးထန်က အဲဒီတုန်းက ဒါကို မြင်လိုက်ရခဲ့တယ်၊ ဒါ့ကြောင့် အဲဒီတုန်းက ဘာမှမတွေးဘဲ ကြိုးရဲ့ တစ်ဖက်ကို သစ်ပင်မှာချည်ပြီး နောက်တစ်ဖက်ကို ကိုယ်နဲ့ချည်လိုက်ကာ အောက်ကို ခုန်ချသွားခဲ့တယ်။
အဖေနဲ့ အာချိုင်းက လက်တွဲပြီး အတူတူ ရုန်းကန်နေကြတယ်။ အဖိုးထန်က ဆင်းသွားပြီးနောက် သူတို့ကို ဆွဲထားလိုက်တယ်။
ရေအားက အရမ်းပြင်းတော့ အဖိုးထန် နှစ်ခါသုံးခါကြိုးစားပြီးနောက်မှာ ဆက်မထိန်းနိုင်တော့ဘူး။ အဲဒီအချိန်မှာသူ့မှာ ရွေးချယ်စရာနှစ်ခုပဲရှိတယ်- တစ်ယောက်မှ မကယ်ဘူး၊ ဒါမှမဟုတ် တစ်ယောက်တည်းကိုပဲ ကယ်တင်မယ်။ မဟုတ်ပဲ ဆက်ထိန်းထားနေရင် ရေအားကြောင့် အားလုံး ပါသွားလိမ့်မယ်''
"အဖေနဲ့ အာချိုင်းနှစ်ယောက်လုံးက အဲဒီအခြေအနေမှာ အသက်ရှင်ချင်ခဲ့ကြတယ်၊ ဒါပေမယ့် အဖိုးထန်က ချက်ချင်းပဲ ဆုံးဖြတ်လိုက်တယ်။ သူက အဖေ့ကို ရွေးလိုက်ပြီး အာချိုင်းကို "စိတ်မကောင်းပါဘူး အာချိုင်းရယ်" လို့ ပြောကာ အာချိုင်းရဲ့လက်ကို လွှတ်လိုက်ပြီး အာချိုင်းရဲ့ခန္ဓာကိုယ် ရေစီးထဲ မျောပါသွားတာကို ကြည့်နေခဲ့တယ်''