အာချိုင်းရဲ့ ခေါင်း
Vol. 19 Ch. 266
ရှောင်ပန်မှ အာချိုင်း၏ သေဆုံးရသည့် အကြောင်းရင်းကို ပြောပြီးနောက် ကျန်းရီ မျက်မှောင်ကြုတ်လိုက်မိသည်။
"ဒါဆိုရင် အာချိုင်းရဲ့ နှလုံးသားက သေချာပေါက် ငြိမ်သက်မှု မရှိနိုင်တော့ဘူး။ ဒါပေမယ့် ဒီလောက်အကြာကြီး ဘာမှ မဖြစ်ခဲ့ဘဲ ဘာလို့များ ဒီလိုအချိန်မှာမှ ပြဿနာတွေ တက်ရတာလဲ?"
ကျန်းရီက သံသယဖြင့် မေးမြန်းခဲ့ပြီး ရှောင်ပန်ကလည်း ပို၍ပင် နားမလည်ခဲ့ပေ။
"ဟုတ်တယ်၊ ဘာလို့များ ဒီလောက် အကြာကြီး ဘာမှမဖြစ်ခဲ့တဲ့ အခုမှ ပြဿနာ တက်ရတာလဲ? အမေက အာချိုင်းကို မသိခဲ့ဘူး၊ ဒါပေမယ့် အိမ်ထောင်ပြုပြီး နောက်ပိုင်းမှာ အာချိုင်းအကြောင်းကို လူတွေပြောနေတာ အမြဲကြားရတယ်။ အမေက သူမအတွက် ပူဇော်တာတွေ ပြုလုပ်ပေးခဲ့တယ်၊ ပြီးတော့...သူ့ဂူဟာလည်း ရွှင်းအာ တောင်ကုန်းပေါ်မှာပဲရှိနေတယ်"
"အဖိုးထန် သေဆုံးတဲ့နေရာက အာချိုင်းဂူနဲ့ ဘယ်လောက်ဝေးလဲ၊ ဒါမှမဟုတ် အာချိုင်းရဲ့ဂူ ဘေးချင်းကပ်နားမှာလား"
"အစက ကျွန်တော်မသိဘူး၊ ဒါပေမယ့် နောက်ပိုင်းမှာ အဖေ့ကိုမေးကြည့်တော့ သူတို့နှစ်ခုက အတော်ဝေးတယ်လို့ ပြောတယ်။ တစ်ခုက တောင်ရဲ့ဒီဘက်စွန်းမှာ၊ နောက်တစ်ခုက တောင်ပေါ်က တစ်နေရာမှာပေါ့"
"ဒါဆို အာချိုင်းရဲ့ ခန္ဓာကိုယ်ကို ရေထဲက ဆယ်တင်ခဲ့တုန်းက ဘယ်လိုမျိုးလဲဆိုတာ မင်းမေးဖူးလား"
အာချိုင်းက ဒုက္ခပေးနေတာလား၊ ဒါမှမဟုတ် အာချိုင်းပေါ်လာရတာက တခြား ဖုန်းကွယ်ထားတဲ့ အကြောင်းအရင်းများ ရှိနေလို့လား။ ဒါကို သူ့ရဲ့ အလောင်းကနေ တစ်ဆင့် ခန့်မှန်း သိရှိနိုင်ပါတယ်။
ရှောင်ပန်က အသက်ကို နက်ရှိုင်းစွာ ရှုရှိုက်လိုက်ပြီး- "ဒီကိစ္စကို ကျွန်တော် အဖေ့ကိုလည်း မေးဖူးတယ်။
ကျွန်တော်က 'အဖေ၊ အာချိုင်းကို ရေထဲက ဆယ်တင်လိုက်တုန်းက ဘယ်လိုမျိုးလဲ' လို့မေးတယ်။ ကျွန်တော်က 'သူမကို ဆယ်တင်ဖို့ ဘယ်လောက်ကြာခဲ့လဲ' လို့ ထပ်မေးတယ်။ အဲဒီတုန်းက အဖေ့မျက်နှာက မကြုံစဖူး အရမ်းဆိုးဝါးနေပြီး ကျွန်တော့်ကို တိုက်ရိုက် ရိုက်နှက်ခဲ့တယ်! သူ့မျက်နှာမှာ သိပ်ကိုကြောက်စရာကောင်းတဲ့ အကြည့်နဲ့ 'သူမကို ဆယ်တုန်းက ဘယ်လိုမျိုးလဲဆိုတာက အရေးမကြီးဘူး! ထွက်သွားစမ်း ထွက်သွားစမ်း!' လို့ပြောခဲ့တယ်"
"ဒါကတော့ သူ့ရဲ့တစ်ချိန်တုန်းက စကားပါ။ သူ မပြောပြတော့ တစ်ခြားသူတွေကို ကျွန်တော်မေးခဲ့တယ်။ အဲဒီလူက ရေကြီးမှုက နှစ်ရက်၊ သုံးရက်လောက်ထိ မကျခဲ့ဘူးလို့ ပြောပြခဲ့တယ်။
တတိယမြောက်နေ့မှာ ရေက စကျခဲ့တယ်။ အာချိုင်းကို မြစ်အောက်ပိုင်းမှာတွေ့ရှိခဲ့တယ်။ အဲဒီတုန်းက အောက်ရွာက လူတစ်ယောက်က ရေပြင်ပေါ်မှာတစ်ခုခုမျောနေတာကို မြင်လိုက်ရတယ်။ အနီးကပ် ကြည့်လိုက်တော့... အဲဒါက လူခေါင်းကြီး!"
"အာချိုင်းရဲ့ ခေါင်းက ရေပေါ်မှာရှိနေပြီး ခန္ဓာကိုယ်ကတော့ ရေအောက်မှာရှိနေတယ်။ လူတွေက မြင်တော့သူမက အသက်ရှင်နေသေးတဲ့ လူတစ်ယောက်လို့ ထင်ခဲ့ကြတယ်။
ဒါ့အပြင်ကို ရေက စကျနေတဲ့အတွက်ကြောင့် လူအများကြီးက သူမကိုကယ်ဖို့ ဆင်းသွားကြတယ်။
ဒါပေမယ့်သူတို့ဆင်းသွားတဲ့အခါ၊ မင်းက ငါ့ကိုဆွဲ၊ ငါက သူ့ကိုဆွဲနဲ့ နောက်ဆုံးတော့ အောက်ဘက်ကို ဆက်မျောနေတဲ့ အာချိုင်းကို ရပ်တန့်နိုင်ခဲ့တယ်။
ကျွန်တော်အမှတ်မိတာက အဲဒီလူပြောတုန်းက သူ့ခြေထောက်တွေ တုန်နေခဲ့တယ်တဲ့၊ ဘာလို့လဲဆိုတော့ အဲဒီတုန်းက လူကယ်ဖို့ ဆင်းတဲ့သူတွေထဲမှာသူပါခဲ့လို့ပဲ"
"သူက ရှေ့ဆုံးကနေသွားနေပြီး နောက်က လူတစ်ယောက်က ကြိုးနဲ့ သူ့ကိုဆွဲထားတယ်။
အဝေးကနေမျောပါလာနေတဲ့ အာချိုင်းကို သူမြင်လိုက်ရပြီး အဲဒီတုန်းက သူ စဉ်းစားမိခဲ့တယ်။ တကယ်လို့ရေကြီးမှုထဲ ကျသွားတာဆိုရင်၊ တကယ်တော့ လူက ရေမှာပေါ်လိုက် နစ်လိုက်ဖြစ်နေသင့်တယ်၊ ဒါပေမယ့် အာချိုင်းကတော့ မဟုတ်ခဲ့ဘူး။
ဒါပေမယ့် တကယ်လို့ သူမ သေနေတယ် ဆိုရင်လည်း ရေပေါ်မှာပေါ်နေသင့်တယ်၊ ဒါပေမယ့် အာချိုင်းကတော့ မနစ်မပေါ်ဘဲ မတ်မတ်ကြီး ရပ်နေတယ်။
ခေါင်းက ရေပေါ်မှာပါ။
သူအရမ်း ကြောက်နေခဲ့ပေမယ့် ရေထဲကို ဆင်းပြီးသားဖြစ်နေပြီး သူ့ဆီကိုရွေ့လာနေတဲ့ အာချိုင်းကို ဆွဲဖို့ လက်နှစ်ဖက်ကို ဆန့်လိုက်တယ်"
"နှစ်ယောက်ကြား တစ်မီတာ၊ နှစ်မီလောက်ပဲ ခြားတော့တယ်၊ အာချိုင်းရဲ့ မျက်လုံးတွေဟာ မှိတ်ထားတယ်ဆိုတာ သူမြင်လိုက်ရတယ်။ ဒါပေမယ့် အာချိုင်းရဲ့ မျက်နှာပေါ်မှာ ရောင်ရမ်းပြီး နောက်ကျိတဲ့ လက္ခဏာတွေ မရှိခဲ့ဘူး။ အိပ်နေတဲ့လူတစ်ယောက်လိုမျိုးပဲ။ ဒါပေမယ့် သူက အာချိုင်းရဲ့ ခေါင်းကို ကိုင်လိုက်တဲ့အခါမှာတော့ အာချိုင်းရဲ့ ခေါင်းကို ရေထဲကနေ တစ်ခါတည်း ဆွဲတင်လိုက်မိတယ်"
"အာချိုင်းရဲ့ ခေါင်းအောက်က အသားတွေ... မရှိတော့ဘူး! ခေါင်းအောက်မှာ အရိုးဖြူတွေပဲ ရှိတော့တယ်! ငါးတွေက အသားတွေကို စားသွားသလိုမျိုးပေါ့၊ ပြီးတော့ သူက အာချိုင်းရဲ့ ခေါင်းကိုကိုင်ပြီး ကမ်းစပ်ကို အော်နေခဲ့တယ်။ အဲဒီတော့မှပဲ သူသတိထားမိတာက အာချိုင်းရဲ့ မျက်လုံးတွေက ပွင့်နေတယ် ဆိုတာကိုပဲ!"
"သူအရမ်းကြောက်သွားပြီး အာချိုင်းရဲ့ ခေါင်းကို ချက်ချင်းပဲ ရေထဲကို ပြန်ပစ်လိုက်တယ်။
နောက်က လူတစ်ယောက်က သွက်သွက်လက်လက်နဲ့ တုံ့ပြန်လိုက်ပြီး မျောပါသွားမယ့် အာချိုင်းရဲ့ အရိုးတွေကို ဆုပ်ကိုင်လိုက်တယ်။
အဲဒီလူပြောခဲ့တာက အာချိုင်းကို ဆယ်တင်ပြီးနောက်ပိုင်း၊ ရွာထဲက လူတိုင်း ထွက်ပြေးသွားခဲ့ကြတယ်၊ နောက်ဆုံးမှာ အာချိုင်းရဲ့ ခန္ဓာကိုယ်ကို အမည်းရောင် အထည်စတစ်စနဲ့ အုပ်ပေးခဲ့ကြတယ်။
ရွာလူကြီးက သည်းမခံနိုင်တော့ဘဲ ပတ်ဝန်းကျင်က ကျေးရွာတွေကို သွားပြီး သမီးပျိုလေးတွေ ရေနစ်သေဆုံးပြီး ခန္ဓာကိုယ်မတွေ့ရှိရတဲ့ သူတွေရှိရင် လာကြည့်ဖို့ အော်ဟစ်ခေါ်ခဲ့တယ်။
ကျွန်တော်တို့ရွာက လူတိုင်းသွားခဲ့ကြတယ်။ အဲဒီကျေးရွာကိုရောက်တော့အိမ်တိုင်းက တံခါးတွေပိတ်ထားကြတယ်။ အာချိုင်းသေဆုံးတဲ့ ပုံစံက သိပ်ကြောက်စရာ ကောင်းလွန်းတာကြောင့်ဘယ်သူမှ တံခါးဖွင့်မကြည့်ရဲကြဘူး"
"အာချိုင်းရဲ့ မိဘတွေ သူမကို မြင်လိုက်ရတဲ့အခါ ငိုကြွေးဖို့ကိုတောင် မေ့သွားခဲ့ကြတယ်။
ဒါက ရေကြီးမှုထဲမှာ နစ်ပြီး သေဆုံးသွားတာ ဖြစ်သည်။
အသားတွေကို ငါးတွေက စားသွားတာလို့ ပြောချင်ပေမယ့် ဘာလို့များ ခေါင်းကတော့ ကျန်နေရတာလဲ။ တကယ်လို့ ငါးတွေ မစားဘူးဆိုရင်, သူမရဲ့ခန္ဓာကိုယ်ပေါ်က အသားတွေက ဘယ်ကို ရောက်သွားတာလဲ။ ကျွန်တော်မသိဘူး၊ ဘယ်သူမှလည်း ဘာဖြစ်သွားတယ်ဆိုတာ နားမလည်ကြဘူး။
ဘာပဲဖြစ်ဖြစ်၊ ကျွန်တော် နားထောင်ပြီးနောက်ပိုင်း တွေးမိနေမိတာက အာချိုင်းက ထီးကိုင်ပြီး သူမရဲ့ အဝတ်အစားတွေကို ကာကွယ်နေတာ၊ ဆံပင်ဖြီးနေတာ၊ သီချင်းဆိုနေတာပါပဲ။
ဒါပေမယ့် ကျွန်တော်စိတ်ကူးထဲမှာတော့ လေတိုက်လာပြီး အဝတ်တွေ လှန်သွားတဲ့အခါ ငါးကိုက်စားခံထားရတဲ့ အရိုးစုတွေ ပေါ်လာတယ်"
"အိုး.. ဒါနဲ့ အာချိုင်းက ဇာတ်ပွဲတွေ သိပ်ကြိုက်တယ်။ အရင်တုန်းက ဆယ်မိုင်လောက် ဝေးတဲ့နေရာကိုတောင် အဖေ့ကိုဆွဲသွားပြီး ဇာတ်ပွဲကြည့်တတ်တယ်။ “ရ…လာ…လာ…လာ” အဲ့ဒီလိုမျိုး အသံပေါ့”
အဖေသေဆုံးတဲ့ညမှာ ကျွန်တော် တစ်ယောက်တည်းက အိမ်နောက်မှာ သီချင်းဆိုတဲ့ အသံတွေကြားနေရတယ်!"
ရှောင်ပန်က ဇာတ်ပွဲထဲက အမျိုးသမီးရဲ့ တေးသွားကို အတုခိုး ဆိုပြခဲ့တယ်။ ဒါပေမယ့် သူ့ရဲ့အတုခိုးမှုက လူတွေကို မခြောက်လှန့် နိုင်ခဲ့ပေမယ့် သူ့ရဲ့ ပေါ့ပေါ့တန်တန် ပြောလိုက်တဲ့ စကားကတော့ လူတွေရဲ့ နှလုံးသားတွေကို ရိုင်းဆိုင်းစွာ တုန်ခါသွားစေခဲ့တယ်။
"မင်းဘာပြောတာလဲ? မင်းအဖေ သေဆုံးသွားပြီလား?"
"ဟုတ်တယ်၊ အဖေသေဆုံးသွားပြီ။ သူလည်း ရွှင်းအာ တောင်ကုန်းပေါ်က အဖိုးထန် သေဆုံးခဲ့တဲ့ သစ်ပင်မှာပဲ ကြိုးဆွဲသေသွားခဲ့တာ ဝူး..ဝူး…!"
ရှောင်ပန်က ငိုကြွေးခဲ့လိုက်တယ်။
တိုက်ရိုက်ထုတ်လွှင့်မှု အခန်းကလည်း တိတ်ဆိတ်နေခဲ့တယ်၊ ဘယ်သူကမှ စကားမပြောကြဘူး၊ မှတ်ချက်လည်း မရေးကြဘူး။
စက္ကန့်ဆယ်လောက် ကြာပြီးတဲ့ နောက်မှာ ကျန်းရီက လေကို နက်ရှိုင်းစွာရှုရှိုက်လိုက်ပြီး- "ဒါဆို မင်းဘယ်လိုရှာဖွေတွေ့ရှိခဲ့တာလဲ"
"ရုတ်တရက် အဖေ့ကို ရှာမတွေ့တော့ဘူး၊ ဖုန်းလည်း မကိုင်ဘူး။ လယ်ကွင်းထဲ သွားတယ်လို့ပဲ ထင်ပြီးအမေနဲ့အတူ လယ်ကွင်းထဲသွားရှာခဲ့တယ်၊ ဒါပေမယ့် မတွေ့ခဲ့ဘူး။
ရွှင်းအာ တောင်ကုန်းကို ဖြတ်သွားတုန်း အမေက ရုတ်တရက်ကျွန်တော့်ကိုဆွဲပြီး 'ရှောက်ပန်၊ တောင်ပေါ်မှာ တစ်ယောက်ယောက်က ကျွန်တော်တို့ကို ကြည့်နေသလိုပဲ' လို့ပြောခဲ့တယ်!"
"အမေ့က အကြောင်းအရာတွေ အများကြီးကို မသိဘူး။ သူဒီလိုမျိုး ပြောလိုက်တဲ့အခါ အဖိုးထန် သေဆုံးတဲ့ညက အဖေ့လယ်�ကွင်းထဲ သွားတာကို ရုတ်တရက်သတိရမိတယ်။
ပြန်လာတော့ ရွှင်းအာတောင်ကုန်းပေါ်မှာ တစ်ယောက်ယောက်က သူ့ကို ကြည့်နေသလိုပဲလို့ ပြောခဲ့တယ်။
ပြီးတော့ နောက်နေ့မှာ အဖိုးထန်ရဲ့ ခန္ဓာကိုယ်ကို တွေ့ရှိခဲ့တယ်။
ဒါကြောင့်အမေပြောတာကို ကြားတော့ အမေ့ကိုဆွဲပြီး ရွှင်းအာတောင်ကုန်းဆီကို အပြေးအလွှားသွားခဲ့တယ်။ ဖုန်းနဲ့ အဖေ့ကိုခေါ်ခဲ့တယ်။
"သူ့ဖုန်းမြည်သံက မူရင်းအသံပဲ၊ ဒါကြောင့် ကျွန်တော်ခေါ်လိုက်တာနဲ့ တောင်ပေါ်ကနေ အသံကို ကြားလိုက်ရတယ်။
အဖေ့ဖုန်းသံကို ကြားလိုက်ရတဲ့ အချိန်မှာ အမေနဲ့ကျွန်တော် ဘယ်လိုမျိုး ခံစားခဲ့ရတယ် ဆိုတာ ဘယ်သူမှ သိမှာမဟုတ်ဘူး၊
ဘာလို့လဲဆိုတော့ အဲဒီအချိန်မှာ ကျွန်တော်တို့ရဲ့ စိတ်ထဲမှာ လုံးဝကို ဗလာနတ်ကြီး ဖြစ်နေခဲ့တယ်။
အဖေ့ကို သစ်ပင်မှာ ဆွဲကြိုးကျနေတာကို မြင်တဲ့အထိပါပဲ။
အမေက ရုတ်တရက် ပြိုလဲကျသွားတယ်။
သူမ မငိုခဲ့ဘူး၊ မြေပြင်ပေါ်မှာထိုင်ပြီး အဖေ့ ခန္ဓာကိုယ်ကို စိုက်ကြည့်နေတယ်။ သူ့ခေါင်းက ပြည့်ပြည့်စုံစုံပါပဲ၊ လျှာကအပြင်ကိုထွက်နေပြီး သွေးများတာကြောင့် မျက်လုံးတွေက နီနေတယ်။
ဒါပေမယ့်…ဒါပေမယ့် ခေါင်းအောက်က ခန္ဓာကိုယ်တစ်ခုလုံးရဲ့ အသားတွေက မရှိတော့ဘူး….ဆယ်ပိုင်း တစ်ပိုင်းတောင် မကျန်ခဲ့ဘူး!"