အခန်း (၃၀၁-၃၀၃)
Vol. 21 Ch. 301-303
၃၀၁ - အင်မော်တယ် ရတနာနှစ်ပါး...
~၎င်းအရှိန်အဝါကား လုရီ ခံစားဖူး၏။ တိမ်ဖြူဂိုဏ်းမှ အကြီးအကဲ၏ အရှိန်အဝါပေတည်း။
သွေးဝိညာဉ်ဂိုဏ်းက တောင်ကို ပိတ်ထားငြားလည်း တိမ်ဖြူဂိုဏ်းနယ်မြေဖြစ်ရာ မတည်ငြိမ်မှုတို့ရှိ၍ စောင့်ကြည့်သူတစ်ဦးဦး လိုအပ်နေသည်။
တိုက်ပွဲသည် အစပိုင်းတွင် အဆင်ပြေခဲ့၏။ လုရီနှင့် သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးတို့ တိုက်ခိုက်သောအခါတွင်မှ အခင်းအကျင်းများပင် ဖုံးကွယ်မထားနိုင်တော့ဘဲ ရုတ်ရုတ်သဲသဲအသံများ ထွက်ပေါ်လာခြင်းဖြစ်သည်။
အစိမ်းရောင်လှေသည် ကောင်းကင်ယံမှာ ပျောက်ကွယ်သွားချေပြီ။ အခြေတည်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူတို့ ကောင်းကင်သို့ ပျံတက်လာကာ အစိမ်းရောင်လှေ ပျောက်ကွယ်သွားသည့်ဘက်သို့ စူးစိုက်ကြည့်ကြ၏။ သူတို့ မျက်လုံးချင်းဆုံကာ အံ့အားသင့်နေကြသည်။
"ဒါ... လုရီလား?"
"...မဖြစ်နိုင်ဘူး၊ လုရီက လင်းလောင်တောင်ထိပ်မှာ တံခါးပိတ်ကျင့်ကြံနေတာလေ..."
"သွေးဝိညာဉ်ဂိုဏ်းဘက်မှာ ဒီလိုကျယ်လောင်တဲ့ ဆူညံသံတွေ ထွက်ပေါ်နေတာ သူနဲ့ ပတ်သက်နေတာလား"
တစ်ဆက်တည်း၌ အခြေတည်ဝိညာဉ်ကျင့်ကြံသူအချို့ သွေးဝိညာဉ်ချောက်နက်ကြီးဘက်သို့ ပျံသန်းသွားကြ၏။ သူတို့အပြင် အရှိန်အဝါကြီးမားသော ကျင့်ကြံသူများစွာ လေထဲမှ ဖြတ်ကျော်လာ၍ သွေးဝိညာဉ်ချောက်နက်ကြီးအပေါ်သို့ ရောက်လာကြသည်။ ဤကျင့်ကြံသူတို့သည် အနည်းဆုံး ရွှေအူတိုင်နယ်ပယ်မှ ဖြစ်ကြ၏။ အခြေတည်ဝိညာဉ်နယ်ပယ်ကျင့်ကြံသူအချို့လည်း ပါဝင်ကာ တိမ်ဖြူဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းအကြီးအကဲတစ်ဦးပင် ပါဝင်သေးသည်။
"အလို။ သွေးဝိညာဉ် ချောက်နက်ကြီးက ချော်ရည်မီးပင်လယ်ကြီး ဖြစ်နေပါပေါ့လား"
ကျင့်ကြံသူများ အံ့အားသင့်သွားကြလေတော့၏။
"ဒါ... သွေးဝိညာဉ်ဂိုဏ်းရဲ့ အမာခံနေရာပဲ! အခု ဂိုဏ်းဌာနချုပ် ပျောက်ကွယ်သွားပြီး မူလသွေးဝိညာဉ်ချောက်နက်ကြီးက မီးရည်ပင်လယ် ဖြစ်သွားပြီ"
ထိုသို့ အားလုံးပင် အလွန်အမင်း ထိတ်လန့်တုန်လှုပ်နေကြကာ မယုံကြည်နိုင်သော မျက်လုံးအစုံဖြင့် တစ်ယောက်တစ်ပေါက် ပြောဆိုနေကြတော့သည်။
တစ်ချိန်တည်းမှာပင် လုရီနှင့်အဖွဲ့ကား တိမ်ဖြူဂိုဏ်းသို့ ပြန်လာနေလေပြီ။ အစိမ်းရောင်ရွက်လှေပေါ်တွင် သုန်းကုန်းမင်ယွဲ့၏ အပြုံးကလေး တောက်ပလျက်။ သူမ ပျော်ရွှင်နေကာ ယခင်တိုက်ပွဲတွင် သူမ၏ စွမ်းဆောင်ရည်ကို ကျေနပ်နေခြင်းပင်။
"ဒီမမလေး ဒီလောက် အားကြီးမယ်လို့ မထင်ဘူး... ဟွန့်ဟွန့်... မကြာခင် အခြေတည်ဝိညာဉ်နယ်ပယ်ကို ရောက်တော့မယ်။ အဲ့အခါကျရင် စီနီယာအစ်မကိုတောင် အနိုင်ယူနိုင်မယ် ထင်တယ်!"
သုန်းကုန်းမင်ယွဲ့ ထိုသို့ တဖွဖွရေရွတ်ရင်း မာနကြီးစွာ ခါးထောက်လိုက်၏။
လျိုနင်ရွှမ်းက သုန်းကုန်းမင်ယွဲ့ကို တစ်ချက်ကြည့်သည်။ သို့သော် မတုံ့ပြန်။
ထိုစဉ် ယွင်ရှီးက သုန်းကုန်းမင်ယွဲ့ကို ကြည့်၍ သတိပေးသည်။
"အစ်မနင်ရွှမ်း က သူ့ ရေခဲနယ်ပယ်ကို ကျွမ်းကျင်ပြီးပြီ။ ညီမလေးမင်ယွဲ့၊ နင် အများကြီး လေ့ကျင့်ရဦးမယ်။"
ထိုအခါ သုန်းကုန်းမင်ယွဲ့ မျက်မှောင်ကြုတ်ကာ ယွင်ရှီးကို စူးစိုက်ကြည့်သည်။
"ဘယ်သူက နင့်ညီမလဲ?! ငါ့ကို အဲဒီလို ခပ်ပေါ့ပေါ့ မခေါ်နဲ့! နင် ငါ့ကို တာအိုရောင်းရင်းမင်ယွဲ့လို့ ခေါ်ရမယ်! တာအိုရောင်းရင်းယွင်ရှီး!"
ယွင်ရှီး ခဏစဉ်းစားကာ ခေါင်းခါ၍ ပြန်ဖြေသည်။
"ဒါပေမယ့် ငါတို့အားလုံး လုရီရဲ့ တာအိုကြင်ဖော်တွေ ဖြစ်လာကြမှာလေ။ အဲဒါဆို ငါတို့က ညီအစ်မတွေပဲ မဟုတ်လား။"
"ဘာ..."
သုန်းကုန်းမင်ယွဲ့၏ ချောမောသော မျက်နှာလေး ဒေါသနှင့် ရှက်ရွံ့မှုတို့ဖြင့် နီရဲသွားရင်း ပွင့်လင်းသော ယွင်ရှီးကို ကြည့်ကာ စကားများ ထစ်သွားလေသည်။
"နင်... နင်! နင် ဘာတွေ ပြောနေတာလဲ"
ယွင်ရှီး မျက်တောင်ခတ်လိုက်၏။
"အမှန်တရားကို ပြောတာလေ"
သုန်းကုန်းမင်ယွဲ့ ရင်ဘတ်သည် ဒေါသကြောင့် ပိန်လိုက်၊ဖောင်းလိုက် ဖြစ်သွားသည်။ သူမသည်
ယွင်ရှီးကြောင့် စိတ်အနှောင့်အယှက် ဖြစ်နေ၏။
"နင်နဲ့ စကားမပြောချင်တော့ဘူး!"
ဘေးနားမှ လျိုနင်ရွှမ်းပင် သူမ၏ အေးဆေးတည်ငြိမ်သော မျက်နှာတွင် ရှက်ရွံ့မှုအနည်းငယ် ပေါ်လာသည်။ ယွင်ရှီးက သူမကို အစ်မဟု ခေါ်ခဲ့သည်ကိုး။
ထိုသို့ နှစ်ယောက်သား ထပ်ပြီး ရန်ဖြစ်နေသည်ကို မြင်သောအခါ လုရီ အနည်းငယ် စိတ်ရှုပ်ထွေးသွားသည်။
"ဟေး..မင်းတို့ နှစ်ယောက် ဘာလို့ ထပ်ပြီး ရန်ဖြစ်နေတာလဲ? ခုနက တိုက်ပွဲတုန်းက ကောင်းကောင်း ပူးပေါင်းဆောင်ရွက်ခဲ့ကြတာပဲ မဟုတ်ဘူးလား?"
ထိုအခါ သုန်းကုန်းမင်ယွဲ့ စူပုပ်ပုပ်ဖြင့် ပါးများကို လေဖောင်းလိုက်သည်။
"ဟမ့်၊ ဘယ်သူက သူနဲ့ အဆင်ပြေနေလို့လဲ?"
လုရီ တစ်ယောက် ဘဝ၏ အမှန်တရားများကို သံသယဝင်လာ၏။
ဘေးချင်းယှဉ် တိုက်ခိုက်ခြင်းက ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေတယ်လို့ ပြောတာ မှားနေတာလား?
သူ အနည်းငယ် လက်မှိုင်ချမိသလို ခံစားလိုက်ရသည်။
တိမ်ဖြူဂိုဏ်းသို့ ပြန်ရောက်သောအခါ လုရီနှင့်အဖွဲ့ လင်းလောင်တောင်ထိပ်သို့ ပြန်လာကြတော့သည်။ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးနိုင်ခဲ့ခြင်းကို ဂုဏ်ပြုရန် သူတို့လေးဦး လုရီ၏ ဂူစံအိမ်တွင် ကောင်းစွာ စားသောက်ကြ၏။
ဝိုင်သောက်ရင်း စကားပြောနေစဉ် ကျင့်ကြံမှုအဆင့် အနိမ့်ဆုံးနှင့် အရက်ဒဏ် မခံနိုင်ဆုံးဖြစ်သော သုန်းကုန်းမင်ယွဲ့သည် မကြာမီပင် သူမ၏ ချောမောသော မျက်နှာလေး နီရဲလာသည်။ သူမ သည် လုရီ၏ ပခုံးပေါ် မှီကာ နားမလည်နိုင်သော စကားများ တတွတ်တွတ် ရေရွတ်သည်။ သူမ၏ ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ လက်မောင်းများ လှစ်ဟနေကာ လုရီ၏ လည်ပင်းကို ဖက်ထား၏။ သတိရှိစဉ်ကနှင့် လုံးဝ ကွာခြားတော့သည်။
လျိုနင်ရွှမ်း တိတ်ဆိတ်စွာ ဝိုင်သောက်နေသည်။ သုန်းကုန်းမင်ယွဲ့ကို တစ်ခါတစ်ရံ ကြည့်သည်။ ယခင်ကလို ရေခဲဖြင့် စနောက်ခြင်း၊ ကျင့်ကြံရန် ပြောခြင်းများ မလုပ်တော့။
လုရီက ယွင်ရှီးနှင့် လျိုနင်ရွှမ်းအတွက် ဝိုင်ငှဲ့ပေးရင်း ကြည်လင်စွာ ပြုံးသည်။
"စီနီယာအစ်မရဲ့ စွမ်းအားက တိုးတက်နေတယ်။ ယွင်ရှီးရဲ့ စွမ်းအားလည်း တိုးတက်နေတယ်။ လာ..ခင်ဗျားတို့ နှစ်ယောက်အတွက် အောင်ပွဲခံကြစို့။"
သူ့စကားအား လျိုနင်ရွှမ်း ဖြူဖျော့စွာ ပြုံးကာ ခေါင်းခါသည်။
"ဂျူနီယာမောင်လေးနဲ့ ယှဉ်ရင် ငါတို့ တိုးတက်မှုက မလုံလောက်သေးပါဘူး။ နင့်ရဲ့ စွမ်းအားက အံ့မခန်းပဲ။ ဂြိုလ်သားမျိုးနွယ်ဝင် မိစ္ဆာ
တစ်ကောင်ကိုတောင် သတ်နိုင်တာ အံ့ဩစရာပဲ။"
ဝိုင်အရက်ပြင်းကို မကြိုက်သော ယွင်ရှီးသည်
မင်ရှင်းဝိုင်ကို သောက်နေသည်။ သူမ တစ်ငုံသောက်လိုက်သည်နှင့် သူမ၏ ချောမော လှပသော မျက်နှာလေး အနည်းငယ် နီရဲသွားသည်။ ယွင်ရှီးကလည်း လျိုနင်ရွှမ်းစကားအား ခေါင်းညိတ်သည်။
"ဟုတ်တယ်။ လုရီ၊ နင့်ရဲ့ စွမ်းအားက ပိုပြီး အားကောင်းတယ်။"
လျိုနင်ရွှမ်း၏ အေးဆေးတည်ငြိမ်သော မျက်နှာတွင် သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။
"ဒီနေ့တွေမှာ ဒီအစ်မ ကြိုးစားပြီး ကျင့်ကြံနေတာက ဂျူနီယာ မောင်လေးရဲ့ နောက်မှာ အရမ်းကြီး မကျန်ခဲ့ရအောင်လို့ပါ။ ဂျူနီယာ မောင်လေးရဲ့ အရိပ်ကိုတောင် မမြင်ရမှာ စိုးလို့။"
သူမစကားအား ယွင်ရှီး မျက်တောင်များ ပုတ်ခတ်ကာ သဘောတူသည်။
"အစ်မနင်ရွှမ်း ပြောတာ မှန်တယ်။ ကျွန်မတို့
မကြိုးစားရင် လုရီရဲ့ ကျောပြင်ကိုတောင် မြင်ရမှာ မဟုတ်ဘူး။"
ဤစကားကို ကြားသောအခါ လုရီ ပြုံးသည်။
"စီနီယာအစ်မဖြစ်ဖြစ်၊ ယွင်ရှီးဖြစ်ဖြစ်၊ ခင်ဗျားတို့ နှစ်ယောက်လုံး ထူးခြားတဲ့ ပါရမီရှင်တွေပါ။ လုံ့လဝီရိယရှိရှိ ကျင့်ကြံမယ်ဆိုရင် ကျွန်တော်တို့ အင်မော်တယ်လမ်းကို အတူတူ လျှောက်လှမ်းနိုင်မှာ သေချာပါတယ်။"
သူတို့ သုံးယောက် ဝိုင်သောက်ရင်း တာအိုဆွေးနွေးကြသည်။ အတိတ်က ရယ်စရာကောင်းသော ဇာတ်လမ်းအချို့ကိုလည်း ပြောပြကြရင်း တစ်နေကုန် စကားပြောနေကြ၏။
ထိုအချိန်အတွင်း သုန်းကုန်းမင်ယွဲ့က တစ်ကြိမ် နိုးလာသည်။ ကျန်သူတို့ အရက်သောက်နေကြ သေးသည်ကို မြင်သောအခါ သူမလည်း နောက်ထပ် အနည်းငယ် လိုက်သောက်လိုက်သည်။
နောက်ဆုံးတွင် သူတို့လေးဦးလုံး မူးယစ်သွားကြ၏။ တစ်ယောက်ကို တစ်ယောက် မှီရင်း မှိန်းနေကြသည်။ ထူးထူးခြားခြား ကျင့်ကြံခြင်း မပြုဘဲ အိပ်ပျော်သွားကြတော့သည်။
နံနက်ခင်း မြင်ကွင်းမှာတော့..
နောက်တစ်မနက်၌ လုရီ နိုးထလာသည်။
သူ့ကိုယ်ခန္ဓာက အနည်းငယ် လေးလံနေ၏။
သူ မျက်လုံးဖွင့်ကြည့်ရာ လျိုနင်ရွှမ်း၊ ယွင်ရှီးနှင့် သုန်းကုန်းမင်ယွဲ့တို့ကား အိပ်ပျော်နေဆဲ။
သူမတို့၏ ကျောက်စိမ်းလို ကြည်လင်သော လက်မောင်းများ ပေါ်နေကာ လုရီနှင့်
ပူးပူးကပ်ကပ် မှီနေကြသည်။ သူမတို့၏ ချောမောသော မျက်နှာများမှ မူးယစ်မှုများ ပျောက်ကွယ်သွားချေပြီ။ သူမတို့၏ အသားအရေက ဖြူဖွေးသော ကျောက်စိမ်းကဲ့သို့ တောက်ပနေသည်။
လုရီ အနည်းငယ် လှုပ်ရှားလိုက်ရာ လျိုနင်ရွှမ်း လန့်နိုးလာ၏။ သူမ မျက်လုံး ဖွင့်လိုက်သောအခါ လုရီကို မှီနေသည်ကို သတိပြုမိသည်။ သူမ၏ ခေါင်းက လုရီ၏ ဗိုက်ပေါ် လှဲလျောင်းနေသည်ကို သဘောပေါက်လိုက်ရတော့ အနေခက်သွားရ၏။
လျိုနင်ရွှမ်းက ခေါင်းလှည့်ကာ လုရီကို ကြည့်သည်။ သူတို့ မျက်လုံးချင်း ဆုံသွားရာ
လျိုနင်ရွှမ်းဘက်က တိတ်ဆိတ်သွား၏။ သူမ ဖြည်းဖြည်းချင်း ထိုင်လိုက်ရာ သူမ၏ ရှည်လျားသော ဆံပင်နက်များ ရေတံခွန်ကဲ့သို့ ကျနေသည်။ လုရီထံမှ သူမ၏ အကြည့်ကို သိမ်မွေ့စွာ ဖယ်ရှားလိုက်လေတော့သည်။
အခန်း ၃၀၂ - အင်မော်တယ် ရတနာနှစ်ပါး...
~ "စီနီယာအစ်မ၊ မင်္ဂလာ နံနက်ခင်းပါဗျာ"
လုရီ ရယ်မောရင်း နှုတ်ဆက်လိုက်သည်။
လျိုနင်ရွှမ်းက ခေါင်းအနည်းငယ် ညိတ်၍ တုံ့ပြန်လာသည်။
"အင်း... ညက အရမ်း သောက်မိသွားတယ်"
ထိုအခါ လုရီက ခပ်တည်တည်ဖြင့်
"ကျွန်တော် ဂရုမစိုက်ပါဘူးဗျာ"ဟု ဆိုရာ လျိုနင်ရွှမ်းသည် သူ့ကို စိတ်အနှောင့်အယှက်ဖြစ်စွာ မျက်စောင်းခဲ၍ ကြည့်လိုက်သည်။ သို့သော် လုရီက အမှုမထားဘဲ ကျယ်လောင်စွာ ရယ်မောလိုက်လေတော့သည်။
တဆက်တည်း၌ လျိုနင်ရွှမ်းသည် ကြောင်လေးတစ်ကောင်ပမာ လုရီ၏ လက်မောင်းကို ဖက်တွယ်ကာ ခေါင်းအုံးအဖြစ် အသုံးပြုနေသော သုန်းကုန်းမင်ယွဲ့ထံ အကြည့်များ ရောက်ရှိသွားသည်။ လုရီ၏ ကျန်ပခုံးတစ်ဖက်ကို မှီ၍ အိပ်ပျော်နေသော ယွင်ရှီးကိုလည်း ကြည့်ကာ သက်ပြင်း ဖွဖွ ချလိုက်သည်။
နောက်တစ်ခဏတွင် သူမတို့၏ လည်ပင်းနောက်ဘက်၌ ရေခဲတုံးနှစ်တုံး ပေါ်လာကာ အဝတ်အစားများထဲသို့ လျှောကျသွားသည်။
ရုတ်တရက် သုန်းကုန်းမင်ယွဲ့ အော်သည်။
"အေးလိုက်တာ!"
သူမ အလန့်တကြား ခုန်ထလိုက်၏။
ယွင်ရှီးလည်း တုန်ယင်သွားကာ ဖြည်းဖြည်းချင်း မျက်လုံးဖွင့်သည်။ လုရီကို ပြုံးပြပြီးနောက် သူ့ပခုံးပေါ် ပြန်မှီကာ မျက်လုံးမှိတ်လိုက်ပြန်သည်။ ဆက်အိပ်ရန် ကြိုးစားနေဟန်တကား။
သုန်းကုန်းမင်ယွဲ့ သတိပြုမိရာ ရင်ဘတ်ဖုဖုဖောင်းဖောင်း ဖြစ်သွားသည်။ ဒေါသထွက်၍ မိုးကြိုးအလင်းများ ပတ်ဝန်းကျင်၌ ထွက်ပေါ်လာကာ အော်သည်။ "ယွင်ရှီး! ထ! ငါ့စီနီယာအစ်ကိုရဲ့ ပခုံးပေါ် မမှီနဲ့!"
သူမ ပြေးသွားကာ ယွင်ရှီးကို အတင်းဆွဲထူလိုက်သည်။ ယွင်ရှီး မထချင်ဘဲ ထလိုက်ရလေသည်။
လုရီလည်း မထချင်သေး။ သူမလေးတို့
နှစ်ယောက်၏ ကိုယ်ခန္ဓာများ နူးညံ့နေရာ သူလည်း အပြည့်အဝ မပျော်ရသေးပါ။ လျိုနင်ရွှမ်းကို မှိုင်တွေချကာ ကြည့်မိသည်။
ထိုအခါ လျိုနင်ရွှမ်း၏ နှုတ်ခမ်းထောင့်များ ကွေးညွှတ်သွားကာ သိမ်မွေ့သော အပြုံးတစ်ခု ပေါ်လာသည်။
ထို့နောက် သူမက ပြောလိုက်သည်။
"မင်းတို့ တစ်နေ့လုံး ပျော်ပါးခဲ့ကြပြီ။ ကျင့်ကြံဖို့ အချိန်တန်ပြီ။ ဂျူနီယာမောင်လေးလည်း ကောင်းကောင်း ကျင့်ကြံပါ"
ယွင်ရှီးလည်း "လုရီ၊ ငါ ပြန်တော့မယ်"ဟု အသိပေးလာသည်။
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ လင်းလက်သွားသော်လည်း မည်သို့မျှ မပြောပေ။ လျိုနင်ရွှမ်းက သူမကို ကြည့်ကာ ပြုံး၍ ဆိုသည်။
"ညီမလေးလည်း ပြန်ပြီး ကျင့်ကြံသင့်တယ်"
သုန်းကုန်းမင်ယွဲ့၏ ကိုယ်ခန္ဓာ တောင့်တင်းသွားရာ စိတ်ဓာတ်ကျစွာ ခေါင်းငုံ့ပြီး "အိုး..."ဟု ညည်းလိုက်သည်။
လုရီသည် မိန်းကလေး တစ်ဦးစီအား အဆောင်လက်ဖွဲ့နှစ်ခုစီနှင့် ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ပေးကာ ကောင်းကောင်း ကျင့်ကြံရန် မှာကြားလိုက်သည်။ ထို့နောက် သူမတို့သုံးဦး ထွက်ခွာသွားကြရာ လုရီ၏ ဂူစံအိမ်ကြီး တိတ်ဆိတ်သွားတော့သည်။
ဆုလာဘ်များ စစ်ဆေးပါတော့မည်။
လုရီ ဂူစံအိမ်တံခါးကို ပိတ်ပြီး ကျင့်ကြံခြင်းအခန်းထဲ ဝင်သွား၏။ သူသည် အလုပ်ဆုလာဘ်များကို တောင်းခံတော့သည်။
[အလုပ်]
* သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးပါ (ပြီးစီး)
* သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးကို သတ်ပါ (ပြီးစီး)
သွေးဝိညာဉ်ဂိုဏ်းဖျက်ဆီးခြင်း အလုပ် တာဝန်၌ အပိုင်းနှစ်ပိုင်းရှိပြီး နှစ်ပိုင်းလုံး ပြီးစီးခဲ့ပြီ။ သွေးဝိညာဉ်ဂိုဏ်းဖျက်ဆီးခြင်းအတွက် ဆုလာဘ်သည် ပေါင်းစည်းခြင်းနယ်ပယ် "ကောင်းကင်
ဖြိုခွဲစည်းတံဆိပ်" သိုင်းပညာ ဖြစ်၏။
လုရီသည် ဤအလုပ်အတွက် ဆုလာဘ်က အလွန် မြင့်မားသည်ဟု အစက ထင်ခဲ့သော်လည်း ယခုမူ အဆင်ပြေသည်ဟု ခံစားရသည်။ အကြောင်းမူကား ဂိုဏ်းအတွင်းရှိ သွေးဝိညာဉ်ဂိုဏ်းဘိုးဘေးသည် အလွန်အားကြီးလှရာ ဟင်းလင်းပြင်ဥမင်နယ်ပယ်သာ ဖြစ်သော်လည်း သူ၏ တိုက်ခိုက်ရေး စွမ်းအားသည် ပေါင်းစည်းခြင်းနယ်ပယ်သို့ ရောက်ရှိလေသည် မဟုတ်ပါလား။
စင်စစ်တွင် လျှို့ဝှက်သိုင်းနည်းစနစ်ကို အသုံးပြုပြီးနောက် ဂိုဏ်းဘိုးဘေးသည် ပေါင်းစည်းခြင်းနယ်ပယ်အတွင်း၌ပင် ဘုရင် တစ်ပါးကဲ့သို့ ဖြစ်နေ၏။ မဟာယာနနယ်ပယ်မှ တိုက်ခိုက်မှုများကို နှစ်ကြိမ်တိုင်တိုင် တားဆီးနိုင်ခဲ့သည်မှာ ထိုသူ မည်မျှ အားကောင်းသည်ကို ပြသနေသည်တကား။
လုရီသည် ကောင်းကင်ဖြိုခွဲတံဆိပ်၏ မိတ်ဆက်ကို ကြည့်လိုက်သောအခါ သူ၏ မျက်လုံးများ လင်းလက်သွားပြီး နှစ်လိုဖွယ် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်တကား။
ကောင်းကင်ဖြိုခွဲတံဆိပ်သည် ကိုယ်ခန္ဓာသန့်စင်ခြင်း တာအို၏ သိုင်းပညာဖြစ်၏။ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာ ခွန်အားနှင့် ဝိညာဉ်စွမ်းအင် နှစ်ခုလုံးကို အသုံးပြုကာ မယုံနိုင်လောက်အောင် အားကောင်းသော စည်းတံဆိပ်ခတ်ခြင်းနည်းစနစ်ကို ထုတ်လွှတ်သည်။ ၎င်းသည် ခွန်အား အပြည့်အဝ ရှိကာ အနီးကပ် အသုံးပြုပါက စွမ်းအားသည် ပိုမို ကြောက်မက်ဖွယ် ကောင်းသည်။ ဤသိုင်းပညာသည် သူနှင့် အလွန်သင့်လျော်၏။
ယခုအချိန်အထိ သူ၏ အားအကောင်းဆုံး တိုက်ခိုက်ရေးသိုင်းပညာများသည် ဟင်းလင်းပြင်ဥမင် နယ်ပယ်၏ 'ကောင်းကင်ဓားကိုးချက်' နှင့် 'နွေဦးဝါနှင့် ကောင်းကင်ပြာ'တို့ ဖြစ်၏။ ကောင်းကင်ဖြိုခွဲတံဆိပ်ဖြင့် လုရီ၏ တိုက်ခိုက်မှုများ ပိုမိုတိုးတက်လာမည်တကား။
သို့သော် သူ့အနေနှင့် ကောင်းကင်ဖြိုခွဲ စည်းတံဆိပ်ကို အဆင့်မြှင့်တင်ရန် လိုအပ်ဦးမည်။
သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးကို သတ်ခြင်း အလုပ်အတွက် ဆုလာဘ်သည် နှစ်တစ်သိန်းသက်တမ်း သွေးဂျင်ဆင်းမြစ် နှစ်ခု ဖြစ်၏။ ယေဘုယျအားဖြင့် နှစ်ပေါင်း တစ်သောင်းကျော်သော ဝိညာဉ်ဆေးများသည် ဆေးဖက်ဝင်ဂုဏ်သတ္တိ အလွန်အားကောင်းရာ နှစ်ပေါင်း တစ်သိန်းကျော်သော ဆေးများသည် ထျန်းမင်၌ အလွန်ရှားပါးသည်။ ဤနှစ်တစ်သိန်းသက်တမ်းသွေးဂျင်ဆင်းမြစ်များ မည်မျှ တန်ဖိုးရှိသည်ကို စဉ်းစားကြည့်နိုင်ပါလေသည်။
ယခုပင် လုရီသည် သွေးလောင်ကျွမ်းခြင်းနည်းစနစ်ကို အားကုန်အသုံးပြုမည်ဆိုလျှင် နှစ်ပေါင်း တစ်သောင်း သွေးဂျင်ဆင်းတစ်ခုတည်းကပင် သွေးအဆီအနှစ်ကို အစားထိုးနိုင်သည်တကား။
နှစ်ပေါင်း တစ်သိန်း သက်တမ်းရှိ သွေးဂျင်ဆင်းကို အသုံးပြုမည်ဆိုလျှင် အနည်းငယ်မျှပင် လုံလောက်လိမ့်မည် ဖြစ်၏။ လုရီ၏ ကျင့်ကြံမှုအဆင့်သည် ပေါင်းစည်းခြင်း နယ်ပယ်သို့ ရောက်ရှိသွားလျှင်ပင်၊ သို့မဟုတ် မဟာယာန နယ်ပယ်သို့ ရောက်ရှိသွားလျှင်ပင် ၎င်းသည် အလွန် အသုံးဝင်နေဦးမည်တကား။ ဤသည်မှာ အလွန် ရှားပါးပြီး တန်ဖိုးကြီးသော ပစ္စည်း ဖြစ်၏။
လျှို့ဝှက်သိုင်းနည်းစနစ် "ပုံစံ တစ်ထောင်အသွင်ပြောင်းစွမ်းရည်" အတွက်မူ လုရီသည် ၎င်း၏ မိတ်ဆက်ကို ဖတ်ပြီးနောက် အမှန်တကယ် အံ့အားသင့်သွား၏။
ဤလျှို့ဝှက်သိုင်းနည်းစနစ်သည် အသွင်ပြောင်းခြင်းနည်းစနစ်၏ အဆင့်မြင့် နယ်ပယ် ပုံစံနှင့်တူသည်။ အသွင်အပြင်ကို အနည်းငယ်သာ ပြောင်းလဲနိုင်သည့် အသွင်ပြောင်းခြင်း နည်းစနစ်ကနှင့်မတူဘဲ "ပုံစံ တစ်ထောင် အသွင်ပြောင်းစွမ်းရည်" သည် သွေးလောင်ကျွမ်းခြင်းနည်းစနစ်ကဲ့သို့ပင် အလွန် ရှားပါးပြီး အားကောင်းသော လျှို့ဝှက်နည်းစနစ် ဖြစ်၏။
"ပုံစံ တစ်ထောင်အသွင်ပြောင်းစွမ်းရည်" သည် တစ်ဦးတစ်ယောက်၏ ပုံစံကို ကြီးမားစွာ ပြောင်းလဲနိုင်၏။ အခြားလူများအဖြစ် ပြောင်းလဲနိုင်ရုံသာမက အမျိုးမျိုးသော တိရစ္ဆာန်များ၊ ငှက်များနှင့် ကျားများအပါအဝင် အစရှိသည်တို့အဖြစ်ပင် ပြောင်းလဲနိုင်သည်တကား။
လုရီကို အပျော်ဆုံးဖြစ်စေသည်မှာ "ပုံစံ တစ်ထောင် အသွင်ပြောင်းစွမ်းရည်" က လူတစ်ဦး၏ မူလအစကို မပြောင်းလဲနိုင်သော်လည်း စွမ်းအင်ကို ဖုံးကွယ်နိုင်သော အာနိသင်ရှိခြင်းပင်။ ကောင်းကင်မျက်လုံးကို ကျင့်ကြံသူတစ်ဦးပင်လျှင် "ပုံစံ တစ်ထောင် အသွင်ပြောင်းစွမ်းရည်" ၏ ဖုံးကွယ်မှု နည်းလမ်းများကို မြင်နိုင်မည် မဟုတ်ပါ။
ထိုသို့သော သိုင်းပညာသည် နေအိမ်မှ ထွက်၍ ခရီးသွားလာရန် မရှိမဖြစ် လိုအပ်သည်ဟု မှတ်ယူနိုင်၏။ လုရီသည် "ပုံစံ တစ်ထောင်အသွင်ပြောင်းစွမ်းရည်" ကို လေ့ကျင့်ခြင်းကို ချက်ချင်းပင် အလွန်မြင့်မားသော ဦးစားပေးအဖြစ် သတ်မှတ်လိုက်သည်။
ဤသိုင်းပညာကို သင်ယူရမည်။ ဤစွမ်းရည်ဖြင့်
အပြင်ဘက်သို့ ခရီးသွားလာလျှင်ပင် အသိအမှတ်ပြုခံရခြင်း သို့မဟုတ် အလားတူ အဖြစ်အပျက်များ ဖြစ်ပေါ်လာခြင်းကို စိုးရိမ်စရာ မလိုတော့သည်တကား။ ဤလုပ်ငန်းတာဝန်နှစ်ခုမှ ဆုလာဘ်များသည် အလွန် ရက်ရောလေရာ လုရီ အလွန် ကျေနပ်မိတော့သည်။
ထို့နောက် လုရီသည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးချန်ထားခဲ့သော ရတနာများကို စတင် စစ်ဆေးတော့သည်။ ပြီးခဲ့သည့် တစ်ကြိမ်က သူ ခဏသာ ကြည့်ခဲ့ရသဖြင့် အနီးကပ် မလေ့လာခဲ့ရသေး။ ဤတစ်ကြိမ်တွင် လုရီသည် ဆုလာဘ်များကို ကောင်းစွာ စာရင်း ပြုစုရန် ရည်ရွယ်ထားလေသည်။
ခဏအကြာတွင် လုရီသည် မလိုအပ်သော ပစ္စည်းအချို့ကို စွန့်ပစ်ကာ သူနှင့် အသုံးဝင်မည့် ပစ္စည်းများကိုသာ ထားရှိ၏။ ၎င်းတို့တွင် ဝိညာဉ်ကျောက်တုံး အများအပြား ပါဝင်ရာ အများစုမှာ အဆင့်မြင့် ဝိညာဉ်ကျောက်တုံးများ ဖြစ်သည်။ အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံးအချို့လည်း ပါဝင်ရာ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျင့်ကြံသူတစ်ဦးက အဆင့်အမြင့်ဆုံး ဝိညာဉ်ကျောက်တုံးများ ပိုင်ဆိုင်သည်မှာ မယုံနိုင်စရာပင် ဖြစ်၏။
ဆေးလုံးအချို့လည်း သိုလှောင်ထားသည်။ လုရီ ကိုယ်တိုင် သန့်စင်နိုင်သော ဆေးလုံးများလောက် မကောင်းသော်လည်း အဆင့် အတော်မြင့်၏။ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက် အသင့်တော်ဆုံး ဖြစ်၏။ သူ ကိုယ်တိုင် မထုတ်လုပ်နိုင်သေးသလို ကိုယ်တိုင်လည်း
မလိုအပ်သော်လည်း မိတ်ဖြစ်ဆွေဖြစ် အဖြစ်
အခြားသူများကို လက်ဆောင်ပေးနိုင်လေ၏။ကောင်းကင်နှင့် မြေကြီးရတနာအချို့လည်း ရှိရာ လုရီ သဘာဝအတိုင်း စုဆောင်းလိုက်လေ၏။
၎င်းတို့အပြင် အဆောင်လက်ဖွဲ့ နှစ်ခုလည်း ရှိသည်။ နှစ်ခုလုံးသည် မိုင်တစ်သောင်းအဆောင်လက်ဖွဲ့များ ဖြစ်၏။ အလွန်ရှားပါးပြီး တန်ဖိုးရှိလှရာ လုရီမှာပင် နည်းနည်းသာ ရှိလေသည်။ ထို့အပြင် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးက နေရာလပ်ကို တံဆိပ်ခတ်ရန် အသုံးပြုခဲ့သော အခင်းအကျင်း ပြားတစ်ခုလည်း ရှိသည်။ ၎င်းက မပျက်စီးသေး၍ လုရီ ယူခဲ့ခြင်းပါ။
အရေးကြီးဆုံး ပစ္စည်းသုံးခုတွင် အဆင့်နိမ့် ဝိညာဉ်လက်နက် တိုက်ခိုက်ရေးပုဆိန်တစ်ခု ပါဝင်သည်။ ၎င်းသည် သွေးစွမ်းအင်ကို မြှင့်တင်ပေးနိုင်ရာ ကိုယ်ခန္ဓာကျင့်ကြံသူများအတွက် အလွန်သင့်လျော်၏။ သဘာဝအတိုင်း လုရီအတွက်လည်း အသုံးဝင်လှသည်။ သူ၏ လက်ရှိလက်နက်သည် မင်ရှင်းဓား ဖြစ်ရာ ယခုအချိန်အထိ အဆင့်အမြင့်ဆုံး လက်နက်တစ်ခုသာ ရှိသည်။ ဤတိုက်ခိုက်ရေးပုဆိန်ဖြင့် သူ၏ တိုက်ခိုက်ရေးစွမ်းအား အနည်းငယ် တိုးလာနိုင်သည်တကား။
လုရီသည် ထိုကျောက်တိုင်ပေါ်တွင် တာအိုပုံစံများစွာ လည်ပတ်နေသည်ကို သတိပြုမိ၏။ နက်နဲမှုအပြည့်အဝ ရှိရာ အလွန် ရှုပ်ထွေးလွန်းသဖြင့် သူပင် နားလည်ရန် ခက်ခဲလှသည်။ လုရီသည် ၎င်းသည် အလွန် တန်ဖိုးရှိသော ရတနာတစ်ခု ဖြစ်သည်ဟု သံသယရှိ၏။ နိယာမနှင့် ပတ်သက်နေနိုင်၏။ အကြောင်းမူကား လုရီသည် နိယာမနှင့် ပတ်သက်သော ရတနာများကို ယခင်က မြင်ဖူးသည်။ ..ဥပမာအားဖြင့် နတ်ဓားကျောက်တိုင်လိုမျိုးပင်။
ဤသွေးရောင်ကျောက်တိုင်သည် နတ်ဓားကျောက်တိုင်နှင့် ဆင်တူသည်ဟု သူ ယူဆပြီး နိယာမများ ထွင်းထုထားသဖြင့် ကျင့်ကြံရာတွင် များစွာ အထောက်အကူ ဖြစ်စေနိုင်သည်။
ဤသည်ဖြင့် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ အထောက်အထားသည် ပိုမို ထူးခြားသည်မှာ သေချာ၏။ သိထားရမည်မှာ နတ်ဓားကျောက်တိုင်သည် နတ်ဓားဂိုဏ်း၏ ဂိုဏ်းရတနာ ဖြစ်သော်လည်း ဤကျောက်တိုင်ကို ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ ဂြိုလ်သား တစ်ဦးက သယ်ဆောင်ထားလေ၏။
ဤဂြိုလ်သား မျိုးနွယ်၏ နောက်ကွယ်ရှိ လူများသည် မည်မျှ အားကောင်းသည်ကို စဉ်းစားကြည့်နိုင်၏။
လုရီသည် ထိုအခိုက်အတန့်က စောင့်ကြည့်ခံနေရသည့် ခံစားချက်ကိုလည်း သတိရကာ နှလုံးသားထဲတွင် ချမ်းတုန်သွားရသည်။
ဤဂြိုလ်သားသည် အပြင်ဘက်ကမ္ဘာတွင် သောင်တင်နေသော အထွတ်အထိပ် အင်မော်တယ်၏ တရားမဝင်သော သားသမီး ဖြစ်နိုင်သည်လား...။
လုရီ အနည်းငယ် ခေါင်းကိုက်သွားရ၏။
နောက်ဆုံးအနေဖြင့် အရေးကြီးဆုံးမှာ ကြက်သွေးရောင် ကျောက်စိမ်းပင်ပျို ဖြစ်သည်။ ဤပင်ပျိုသည် သူ့အလိုလို ဝိညာဉ်စွမ်းအင် ထုတ်လုပ်နိုင်သည်ကို လုရီ တွေ့ရှိလိုက်ရသည်။ သာမန် ကောင်းကင်နှင့် မြေကြီး ရတနာများတွင် လုံးဝ မရှိသော လုပ်ဆောင်ချက် ဖြစ်၏။
၎င်းပတ်လည်တွင် လည်ပတ်နေသော တာအိုယွင်နှင့် ပေါင်းစပ်လိုက်၏။
ဤကြက်သွေးရောင် ကျောက်စိမ်းပင်ပျိုသည် အင်မော်တယ် ရတနာ ဖြစ်နိုင်သည်ဟုပင် သံသယရှိမိပါ၏။
ခဏတာမျှ သူသည် စိတ်ခံစားမှုများ ရောထွေးနေရာ ပျော်ရွှင်ရမည်လား၊ ဝမ်းနည်းရမည်လား မသေချာတော့ပေ။
အခန်း ၃၀၃-အပြင်ဘက်အာကာသ ဂြိုလ်သားမျိုးနွယ်...။ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ အဆင့် ချိုးဖြတ် ဝင်ရောက်လေပြီ..
~လုရီ ပျော်ရွှင်နေ၏။
ဟင်းလင်းပြင် ဥမင်နယ်ပယ်မှ ဂြိုလ်သားတစ်ဦးကို သတ်နိုင်ခဲ့သည်။ အင်မော်တယ် ရတနာနှစ်ပါး ရရှိခဲ့သည်။ ဤတိုက်ပွဲသည် ကြီးမားသော အကျိုးအမြတ် ဖြစ်သည်တကား။
သူ့ကို ဝမ်းနည်းစေသည်မှာ ဟင်းလင်းပြင် ဥမင်နယ်ပယ်မှ သာမန်ဂြိုလ်သားတစ်ဦးက အင်မော်တယ် ရတနာနှစ်ပါး ပိုင်ဆိုင်နေခြင်း ဖြစ်၏။ ၎င်းက သူ့နောက်ကွယ်မှ အင်အားစုများ မည်မျှ အားကောင်းသည်ကို ထင်ရှားစွာ ပြသနေလေသည်။
ထိုဟင်းလင်းပြင် ဥမင်နယ်ပယ် ဂြိုလ်သားကို သတ်ခဲ့ပြီးပြီ။ မည်သို့သော အကျိုးဆက်များ ရင်ဆိုင်ရမည်ကို သူ မသိသည်တကား။
လုရီ ဖိအားအနည်းငယ် ပိုခံစားရသည်။ လုံ့လဝီရိယရှိရှိ ဆက်လက် ကျင့်ကြံရမည်ကို သူ နားလည်ထား၏။
ထို့နောက် လုရီသည် ဂူစံအိမ်အတွင်း၌
သွေးကျောက်စိမ်းပင်ပျို စိုက်ရန် နေရာရှာကာ
ဝိဉာဉ်နှင်းစက်ဖြင့် အာဟာရ ဖြည့်တင်းပေးလိုက်၏။
သွေးကျောက်စိမ်းပင်ပျိုက ဝိဉာဉ်နှင်းစက်ကို စုပ်ယူစဉ် အနည်းငယ် တုန်ယင်သွားပြီးနောက် ဖြူဖျော့သော အနီရောင်အလင်းများ ဖြာထွက်လာလေ၏။ သိမ်မွေ့သော ဆန်းကြယ်သည့်
တာအိုယွင်များ လည်ပတ်နေသည်။ အလွန် ထူးခြားနေသည်တကား။
သွေးကျောက်စိမ်းပင်ပျို အမြစ်များ ပေါက်ရောက်လာသည်အား လုရီ သတိပြုမိသည်။ ဂူစံအိမ်အတွင်း ဝိဉာဉ်စွမ်းအင် ပြင်းအား သိသိသာသာ တိုးလာသည်တကား။
ဤပင်ပျိုသည် ဝိဉာဉ်စွမ်းအင် ထုတ်လွှတ်နိုင်၏။ နှစ်အနည်းငယ်အတွင်း ဤနေရာကို ဥမင် ကောင်းကင် ကောင်းချီး နယ်မြေအဖြစ် ပြောင်းလဲနိုင်လိမ့်မည် ဖြစ်၏။
သွေးရောင်ကျောက်တိုင်အတွက်မူ လုရီ စဉ်းစားကာ မထုတ်တော့ရန် ဆုံးဖြတ်လိုက်ပါသည်သည်။
ကျောက်တိုင်သည် နိယာမများနှင့် ပတ်သက်နေသည်။ ၎င်းနောက်ကွယ်မှ အင်မော်တယ်နှင့် ဆက်စပ်မှု ရှိနိုင်သည်တကား။ ထို့ကြောင့် ယခုလောလောဆယ် ထားခဲ့ခြင်းက အကောင်းဆုံး ဖြစ်၏။
ထို့နောက် လုရီ တိတ်ဆိတ်စွာ ကျင့်ကြံတော့လေသည်။
လုရီ တိမ်ဖြူဂိုဏ်းမှ ထွက်ခွာပြီး သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးခဲ့သည်ဟူသော သတင်းသည် ချင်းကျိုးတစ်ခွင်လုံးကိုသာမက.. အရှေ့နယ်မြေသို့ပင် တောမီးပမာ ပျံ့နှံ့သွားသည်။
သွေးဝိညာဉ်ဂိုဏ်းသည် သေးငယ်သော ဂိုဏ်းမျှသာ ဖြစ်၏။ ထို့ကြောင့် ၎င်း၏ ဖျက်ဆီးခံရခြင်းက သိပ်မလှုပ်ရှားစေခဲ့။ သို့သော် အရေးကြီးသည်မှာ လုပ်ဆောင်ခဲ့သူသည် လုရီ ဖြစ်ချေသည်တကား။
အင်မော်တယ်ဓားသိုင်းကျမ်းကို ပိုင်ဆိုင်သော
လုရီကို မဟာအင်အားကြီးများပင် စောင့်ကြည့်နေကြ၏။ သူ့အား တိမ်ဖြူဂိုဏ်းအတွင်း ပုန်းအောင်းနေလိမ့်မည်ဟု အားလုံး ထင်ခဲ့ကြသည်။ သို့သော် လုရီက မမျှော်လင့်ဘဲ ပေါ်ထွက်လာလေသည်။
ဤသည်က အရှေ့နယ်မြေရှိ ကျင့်ကြံသူအားလုံးကို အံ့အားသင့်စေခဲ့၏။ လုရီ၏ ရဲရင့်မှုကို အတော်လေး မှင်သက်ခဲ့ရသည်။
သူတို့ကို ပို၍ပင် ထိတ်လန့်စေသည်မှာ သွေးဝိညာဉ်ဂိုဏ်း၏ ဌာနချုပ်နေရာ၌ ကျယ်ပြန့်သော မီးရည်ပင်လယ်ကြီး ဖြစ်နေခြင်း ဖြစ်၏။
ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးများ တိုက်ခိုက်ခြင်းပင်လျှင် ဤမျှ ကြောက်မက်ဖွယ် ပျက်စီးမှုကို မဖြစ်စေနိုင်။ သို့သော် လုရီသည် သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးစဉ် ထိုသို့ လုပ်ဆောင်နိုင်ခဲ့သည်တကား။
ဤသည်က ကျင့်ကြံသူများကို အလွန်အမင်း အံ့အားသင့်စေခဲ့၏။ လုရီ၏ စွမ်းအားသည် မည်သည့်နယ်ပယ်သို့ ရောက်ရှိနေပြီဖြစ်၍ ဤမျှ ကြောက်မက်ဖွယ် ပျက်စီးမှုကို ဖြစ်စေနိုင်သလဲဟူ၍ သူတို့ ခန့်မှန်းနေကြလေသည်။
"လုရီသည် ဤမျိုးဆက်၏ ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ပါး ဖြစ်၏။ အင်မော်တယ်များပင် ချီးကျူးထိုက်သည်။ ဤမျှ ငယ်ရွယ်သော အရွယ်၌ ဤမျှ ကြောက်မက်ဖွယ် တိုက်ခိုက်ရေးစွမ်းအား ပိုင်ဆိုင်သည်မှာ မယုံနိုင်စရာပင် ဖြစ်သည်။....
"လုရီသည် အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်လာခဲ့ပြီတကား။ နှစ်တစ်ထောင် မကြာမီ အရှေ့နယ်မြေကို သူ အုပ်စိုးလိမ့်မည်။ ထိုအချိန်၌ မည်သူမျှ သူ့ကို တားဆီးနိုင်မည် မဟုတ်"
ထိုသို့...မဟာအင်အားကြီးများ တစ်ဦးပြီးတစ်ဦး သူတို့၏ ထင်မြင်ချက်များကို ဖော်ပြကြသည်။ လုရီအပေါ် ပိုမို လေးစားမှု ပြသနေလေသည်။
အထူးသဖြင့် ပေါင်းစည်းခြင်းနယ်ပယ်မှ မဟာအင်အားကြီးအချို့သည် မကြာမီ လုရီသည် သူတို့နှင့် တန်းတူ ရပ်တည်နိုင်လိမ့်မည်ဟု ယုံကြည်နေကြလေသည်။
၎င်းသတင်းကြီးသည် တိမ်ဖြူဂိုဏ်းသို့ မလွဲမသွေ ရောက်ရှိလာ၏။ ဂိုဏ်းခေါင်းဆောင် ဆရာကြီး ဝူချင်းဖုန်းနှင့် အခြား အဆင့်မြင့် အဖွဲ့ဝင်များ ကြားသိသောအခါ အံ့အားသင့် မှင်သက်သွားကြသည်တကား။
သူတို့သည် လုရီ၏ ဂူစံအိမ်သို့ အထူးခရီးပင် လာရောက်ကြ၏။ သွေးဝိညာဉ်ဂိုဏ်းကို သူ ဖျက်ဆီးခဲ့သည် ဟုတ်မဟုတ် သူ့ထံမှ အတည်ပြုရန် ဖြစ်လေ၏။
အတည်ပြုချက် ရရှိသောအခါ ဝူချင်းဖုန်းနှင့် အခြားသူများ စကားမပြောနိုင် ဖြစ်သွားကြသည်တကား။ အထူးသဖြင့် အကြီးအကဲ မင်မှာ လုံးဝ တိတ်ဆိတ်နေချေသည်။
သူသည် လုရီ၏ ကျေးဇူးရှိခဲ့၏။ ထို့ကြောင့် ဟင်းလင်းပြင် ဥမင်နယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့သည်။ သူသည် စိတ်အေးနိုင်ရန် လုရီ၏ စွမ်းအားက သူ့ကို ကျော်လွန်သွားသည်အထိ
လုရီ၏ ကျင့်ကြံခြင်းလမ်းကို နှစ်တစ်ထောင်
ကာကွယ်ရန် စီစဉ်ခဲ့၏။
သို့သော် နှစ်အနည်းငယ်သာ ကုန်လွန်ခဲ့သေးသည်။ လုရီ၏ စွမ်းအားက သူ့ကို ကျော်လွန်သွားခဲ့ပြီ ဖြစ်သည်တကား။
ဤသည်က အကြီးအကဲ မင်ကို အလွန် စိတ်ရှုပ်ထွေးစေခဲ့လေသည်။
ယခုမူ လုရီ၏ အတည်ပြုချက် ရရှိခဲ့ပြီ။ သတင်း၏ စစ်မှန်မှုသည် သံသယဖြစ်စရာ မရှိတော့။
တိမ်ဖြူဂိုဏ်း၏ တပည့်များသည် အလွန်အမင်း ထိတ်လန့်တုန်လှုပ်သွားကြ တော့သည်။
တပည့်အားလုံးနီးပါးက လုရီကို သူတို့၏ စံပြပုဂ္ဂိုလ်ကြီးအဖြစ် မှတ်ယူကြလေသည်။
အကြောင်းမူကား လုရီသည် အလွန် စွမ်းအားကြီး၏။ တပည့်တစ်ဦးတည်းက တိမ်ဖြူဂိုဏ်းထက် မနိမ့်သော ဂိုဏ်းတစ်ခုကို ဖျက်ဆီးခဲ့သည်မှာ ဂိုဏ်း၏ တပည့်အားလုံးအတွက် စိတ်ကူးမယဉ်နိုင်စရာပင် ဖြစ်၏။
တပည့်အားလုံးနီးပါးသည် ယခုအခါ လုရီကို ကျင့်ကြံခြင်းလမ်းခရီးတွင် စံပြပုဂ္ဂိုလ်အဖြစ် မြင်ကြသည်က တိမ်ဖြူဂိုဏ်းအတွင်း ကျင့်ကြံခြင်းဝန်းကျင်ကို သိသိသာသာ မြှင့်တင်ပေးသည်တကား။
ဤသည်က ဂိုဏ်း ခေါင်းဆောင် (ဝါ)ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် အခြားသူများကို နားရွက်ချိတ်အောင် ပြုံးစေခဲ့တော့သည်။
ကျန့်ဖန်နှင့် အခြားသုံးဦး၊ ဟန်ယွီနှင့် လုရီနှင့် ရင်းနှီးသော အခြားတပည့်များက ဤအကြောင်းကို ကြားသိကြသည်။ လုရီ၏ ဂူစံအိမ်သို့ လာရောက်ကြ၏။ သူတို့ကို မခေါ်ဘဲ သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးရန် သွားခဲ့သည်ဟု မကျေမနပ် ပြောဆိုကြတော့သည်။
တိမ်ဖြူဂိုဏ်း၊ အေးခဲ ဆောင်းရာသီတောင်ကြားနှင့် ဝမ်ကျန်းစံအိမ်...ဂိုဏ်းအားလုံးနီးပါးသည် သွေးဝိညာဉ်ဂိုဏ်းနှင့် မကျေနပ်မှုများ ရှိကြ၏။ လူတိုင်းက ဤဖျက်ဆီးမှုတွင် ကိုယ်တိုင် ပါဝင်လိုခဲ့ကြ၏။
ဤသည်က ကျန့်ဖန်နှင့် အခြားသူများကို
လေရှည်ကြီး မကျေမနပ် ပြောဆိုစေခဲ့တော့သည်။
လုရီ အကြပ်ရိုက်စွာ ခံစားရပြီး လူတိုင်းအတွက် ပျော်ပွဲတစ်ခု ကျင်းပပေးလိုက်သည်။ ရက်ပေါင်းများစွာ အရက်ကို ပြင်းပြင်းထန်ထန် သောက်ကြ၏။ ထိုကာလအတွင်း သူသည် သူ၏ မိတ်ဆွေများနှင့် သိုင်းပညာယှဉ်ပြိုင်သည်။ နောက်ဆုံးတွင် သူတို့ တစ်ဦးစီ လမ်းခွဲသွားကြသည်တကား။
ထို့နောက် လုရီသည် သူ၏ ပုံမှန် ကျင့်ကြံခြင်းဘဝကို ပြန်လည် စတင်တော့သည်။
တစ်နှစ်ကြာသော် လျိုနင်ရွှမ်းသည် သွေးဝိညာဉ်ဂိုဏ်းနှင့် တိုက်ခိုက်ခြင်းမှ ရရှိသော အကျိုးအမြတ်များကို စုပ်ယူ၍ လုံးဝ ပေါင်းစည်းကာ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့တော့သည်။
လျိုနင်ရွှမ်းနှင့် သိုင်းပညာ ယှဉ်ပြိုင်ခြင်းမှ ဆုလာဘ်များသည် သဘာဝအတိုင်း ပိုမို များပြားလာသည်တကား။
[အလုပ်] လျိုနင်ရွှမ်းကို အနိုင်ယူပါ။
ဆုလာဘ်: ရေခဲတာအိုနယ်ပယ် တိုးတက်မှု၊
အနှစ်တစ်သောင်း သက်တမ်းရှိ ဝိဉာဉ်ခြင်ဆီ ဆယ်စက်။
အလုပ်ကို လက်ခံပါ : လက်ခံမည်လား / ငြင်းမည်လား။
အခြေခံ ဆုလာဘ်အဖြစ် အနှစ်တစ်သောင်း သက်တမ်းရှိ ဝိဉာဉ်ခြင်ဆီ ဆယ်စက် အပြည့်အဝ ရရှိခြင်းဖြင့် ဤဆုလာဘ် မည်မျှ ရက်ရောသည်ကို စဉ်းစားကြည့်နိုင်သည်တကား။
၎င်းသည် သူ၏ ရေခဲနယ်ပယ် နားလည်မှုကိုလည်း မြှင့်တင်ပေးမည် ဖြစ်၏။
အဘယ်ကြောင့် ရေခဲနယ်ပယ် နားလည်မှုကိုသာ မြှင့်တင်ရသည်လဲ။ အကြောင်းမူကား ဓားတာအိုနယ်ပယ် သိုင်းပညာယှဉ်ပြိုင်ရန် ပြိုင်ဘက်များ မရှိတော့သောကြောင့်ပါပင်။
အကြီးအကဲ မင်၏ ဓားတာအို အယူအဆသည် ကောင်းမွန်သော်လည်း ဓားတာအို နယ်ပယ် အဆင့်သို့ မရောက်သေးပေ။
ထို့ကြောင့် သိုင်းပညာ ယှဉ်ပြိုင်ခြင်းမှ ဆုလာဘ်များသည် တိုးတက်မှုအတွက်
သိပ်မထိရောက်သည်သာ။
လုရီအတွက် အလျင်မြန်ဆုံး တိုးတက်မှုသည် နတ်ဓားကျောက်တိုင်ကို နားလည်ခြင်းမှ လာ၏။ သို့သော် ကံမကောင်းစွာဖြင့် ကျောက်တိုင်သည် နတ်ဓားဂိုဏ်း၌ ရှိသည်။ မည်သည့်အချိန်မဆို ဆင်ခြင်နိုင်သော အရာ မဟုတ်ပါချေ။
နတ်ဓားဂိုဏ်းမှ ပြန်လာပြီးနောက် လုရီ၏ ဓားတာအိုနယ်ပယ် တိုးတက်မှုက သိသိသာသာ
နှေးကွေးသွားရ၏။
အခြားတစ်ဖက်တွင်မူ လျိုနင်ရွှမ်းမှာ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ တက်လှမ်းသွားလေပြီ။ သူမက ရေခဲနယ်ပယ်ကို ဖွဲ့စည်းပြီးနောက်
လုရီ၏ ရေခဲဒြပ်စင် တာအိုကျင့်ကြံမှုသည် အလားအလာကောင်းများ ပြသလာသည်တကား။