← Chapters

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း (၃၀၄-၃၀၆)

Vol. 21 Ch. 304-306

အခန်း ၃၀၄- အပြင်ဘက်အာကာသ ဂြိုလ်သားမျိုးနွယ်...။ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ အဆင့် ချိုးဖြတ် ဝင်ရောက်လေပြီ..

~သိုင်းပညာယှဉ်ပြိုင်ဖော် ရွေးချယ်မှုသည် အမှန်ပင် အလွန်အရေးကြီးသည်ဟု ဆိုရချေမည်။

လုရီ စဉ်းစားနေသည်မှာ အကြီးအကဲ မင်၏ ဓားတာအိုနယ်ပယ်ကို မြှင့်တင်ရန် နည်းလမ်း ရှိသည်လားဟု ဖြစ်၏။

ကံကောင်းစွာပင် သူသည် ဓားစိတ်ဆန္ဒဆေးလုံးများနှင့် အခြားဆေးလုံးများ၊ ကောင်းကင်နှင့် မြေကြီး ရတနာအချို့ကို မမျှော်လင့်ဘဲ တွေ့ရှိခဲ့ရ၏။ ၎င်းကို အကြောင်းပြကာ အကြီးအကဲ မင်အား ပေးအပ်ကာ သူ ပိုမို လျင်မြန်စွာ တိုးတက်နိုင်ရန် မျှော်လင့်မိသည်။

ရလဒ်အနေဖြင့် တံခါးပိတ်ကျင့်ကြံရာမှ ထွက်ပေါ်လာခဲ့သော အကြီးအကဲ မင်က

ချက်ချင်းပင် တံခါးပိတ်ကျင့်ကြံခြင်းထဲသို့ ပြန်လည် နစ်ဝင်သွားသည်တကား။

လျိုနင်ရွှမ်းအပြင် သုန်းကုန်းမင်ယွဲ့လည်း ရွှေအူတိုင်နယ်ပယ်မှ အခြေတည်ဝိဉာဉ်နယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့၏။ ဆုလာဘ်များလည်း အချိုးအစားအလိုက် ပိုမို ရက်ရောလာသည်။

အားလပ်ချိန်များတွင် သိုင်းပညာ ယှဉ်ပြိုင်ခြင်းကို မြှုပ်နှံခဲ့သည်။ လုရီသည် နှစ်နှစ်အတွင်း သူ၏ မိုးကြိုး ဒြပ်စင် နယ်ပယ်၌ မိုးကြိုးနယ်ပယ်ကို အောင်မြင်စွာ ဖွဲ့တည်နိုင်ခဲ့တော့သည်။

ဤသည် လုရီ၏ တတိယမြောက် နယ်ပယ် ဖြစ်၏။

...

ယွင်ရှီးကတော့ တိမ်ဖြူဂိုဏ်းသို့ လစဉ်နီးပါး လာရောက်လေ့ရှိပါသည်။ သိုင်းပညာယှဉ်ပြိုင်မှုတိုင်းက လုရီ၏ သဘာဝနယ်ပယ်ကို တိုးတက်စေခဲ့လေ၏။ မိုးကြိုးနယ်ပယ်ဖွဲ့တည်ပြီး

မကြာမီ သဘာဝနယ်ပယ်လည်း ပေါ်ထွက်လာ၏။

သုံးနှစ်ခန့်အတွင်း လုရီသည် နယ်ပယ်လေးခုကို ဖွဲ့တည်နိုင်ခဲ့သည်။ (ဓားတာအိုနယ်ပယ်၊ ရေခဲနယ်ပယ်၊ မိုးကြိုးနယ်ပယ်၊ သဘာဝနယ်ပယ် ဟူ၍ )

သို့သော် သူ၏ ကျင့်ကြံမှုအဆင့်သည် အခြေတည်ဝိဉာဉ် နဝမအလွှာသာ ရှိ၏။

အခြေတည်ဝိဉာဉ် ကိုးလွှာနှင့် နယ်ပယ်လေးခုကို ဖွဲ့တည်နိုင်သည်။ ဤအကြောင်း ပျံ့နှံ့သွားလျှင် မည်သူမျှ ယုံကြည်ရဲလိမ့်မည် မဟုတ်ပါ။

ဆဋ္ဌမနှစ်သို့ ရောက်သောအခါ လုရီသည် အခြေတည်ဝိဉာဉ် ဆယ်လွှာသို့ ချိုးဖျက်နိုင်ခဲ့၏။ ၎င်းသည် အခြေတည်ဝိဉာဉ်နယ်ပယ်၏ ပုံမှန်အခြေအနေတွင် အထွတ်အထိပ် ဖြစ်ပါ၏။

ထို့နောက် လုရီသည် ပိုမိုအားကောင်းသော အခြေအနေသို့ ရောက်ရှိရန် ကောင်းကင်တာအို ကန့်သတ်ချက်များကို ချိုးဖျက်ရမည် ဖြစ်၏။

မပျက်မကွက်လှစွာ.. လုရီသည် အောင်မြင်မှုအသစ်အတွက် လုပ်ငန်းတာဝန်အသစ်တစ်ခုကိုလည်း ထုတ်ပြန်ခဲ့တော့သည်။

[အလုပ်]

အခြေတည်ဝိဉာဉ် ဆယ့်တစ်လွှာ အဆင့်သို့ ချိုးဖျက်ပါ။

ဆုလာဘ်: တာအို ရတနာ ကျောက်စိမ်းပြား

တစ်ပြား။

အလုပ်ကို လက်ခံပါ: လက်ခံမည်လား / ငြင်းမည်လား။

ထင်ရှားသည်မှာ ဤသည် ယခင် တာအိုစွမ်းအင်နှင့် တူညီသော ရတနာ အမျိုးအစားမှ ဖြစ်၏။

လုရီ အလွန် ကျေနပ်မိသည်။

နောက်ထပ် သုံးနှစ် ကုန်လွန်သွားသည်။

လုရီသည် အခြေတည်ဝိဉာဉ် ဆယ့်တစ်လွှာသို့ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်တကား။

သည်လိုနှင့်...သွေးဝိညာဉ်ဂိုဏ်း ဖျက်ဆီးခံရသည်မှာ ဆယ်နှစ်နီးပါး ကြာမြင့်ခဲ့ပြီ ဖြစ်၏။

ဤဆယ်နှစ်အတွင်း လုရီသည် သူ၏ အားလပ်ချိန်များကို သွေးဝိညာဉ်ဂိုဏ်းမှ

ဂြိုလ်သားမိစ္ဆာထံမှ ရရှိခဲ့သော သွေးကျောက်စိမ်းပင်ပျိုကို ဝိဉာဉ်နှင်းရည်ဖြင့် ရေလောင်းရာတွင် ကုန်ဆုံးခဲ့သည်တကား။

အစက တစ်မီတာသာ မြင့်သော ပင်ပျိုသည် နှစ်မီတာခန့်ထိ ကြီးထွားလာ၏။ သွေးကျောက်စိမ်းကဲ့သို့ ပေါ်လာသည်။ ပိုမို နက်နဲသော တာအိုယွင်များ ထုတ်လွှတ်၏။ သွေးနီရောင် တောက်ပမှုများ တဖျပ်ဖျပ် လင်းလက်နေသည်။

ထို့အပြင် ဤသွေးကျောက်စိမ်းပင်မှ ထုတ်လွှတ်သော ဝိဉာဉ်စွမ်းအင်သည် ပိုမို ကြွယ်ဝလာ၏။ လုရီ၏ ဂူစံအိမ်အတွင်းရှိ ဝိဉာဉ်စွမ်းအင် ပြင်းအားသည် လင်းလောင်တောင်ထိပ်၏ အထွတ်အထိပ်နှင့်ပင် နီးစပ်လာသည်။

လုရီသည် ဤကာလအတွင်း ကျမ်းအမျိုးမျိုးကိုလည်း စစ်ဆေးခဲ့၏။ သွေးကျောက်စိမ်းပင်သည် မည်သည့်အရာ ဖြစ်သည်ကို ရှာဖွေရန် ကြိုးစားခဲ့သည်။

သူ၏ ဆရာက သူ့ဂူစံအိမ်သို့ အစာစားရန်

လာရောက်လည်ပတ်ချိန်မတိုင်အထိ မည်သည့်အဖြေမှ မရခဲ့။

ထိုအခါမှ သူ့ဆရာက သွေးကျောက်စိမ်းပင်ကို မြင်သွားသည်။

လင်းလောင်တောင်ထိပ်သခင်မက ၎င်း၏

အမည်ကို အံ့အားသင့်စွာ ခေါ်ဆိုလာသည်။

"ရာရှိုမွန် ရှေးဟောင်းသစ်ပင်၊ မင်းမှာ ဒီအရာ ဘယ်လို ရှိနေတာလဲ?"

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာအမူအရာသည် သွေးကျောက်စိမ်းပင်ကို မြင်သောအခါ အနည်းငယ် ထိတ်လန့်သွားလေသည်။

အကြောင်းမူကား အိပ်ချင်သည့် အမူအရာလွဲ၍ သူ့ဆရာသည် အခြားအမူအရာများ ပြသခဲ၏။ သူမ၏ မျက်နှာပေါ်ရှိ အံ့အားသင့်မှုက ဤအရာ မည်မျှ ရှားပါးသည်ကို ဖော်ပြနေသည်တကား။

လုရီက ပြုံးရယ်ကာ ရှင်းပြလိုက်သည်။

"ကျွန်တော် သွေးဝိညာဉ်ဂိုဏ်းကို ဖျက်ဆီးဖို့ သွားတုန်းက သူတို့ရဲ့ ဘိုးဘေးက ဂြိုလ်သားမျိုးနွယ် ဖြစ်နေတယ်ဗျ။ အဲဒီဂြိုလ်သားဆီမှာ ဒီသစ်ပင်ကို တွေ့ခဲ့တာ။ ဒီရာရှိုမွန် ရှေးဟောင်းသစ်ပင်က ဘာလဲ ဆရာ.."

လုရီ ဤစကားများကို ပြောသောအခါ လင်းလောင်တောင်ထိပ်သခင်မသည် အလွန်ထူးခြားသော အမူအရာ ရှိ၏။ လုရီကို ကြည့်သည်။ ထို့နောက် ခဏတာမျှ အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။

ထို့နောက်မှ

ပြောလာသည်။

"ဒါ ရာရှိုမွန်မျိုးနွယ်က ဖြစ်တယ်။ အပြင်ဘက်အာကာသက လာတာ။"

လုရီ ထိတ်လန့်သွား၏။ ထို့နောက် အံ့အားသင့်ဟန်ဖြင့် ကြည့်သည်။ "အပြင်ဘက်အာကာသကလား?"

လင်းလောင်တောင်ထိပ်သခင်မသည် သူမ၏ ရွှေပိုးဝိဉာဉ်နှင်းစက် ခေါက်ဆွဲကို သောက်လိုက်ရင်း

သူမ၏ နူးညံ့သော လက်ချောင်းလေးကို ဆန့်တန်းသည်။ ကောင်းကင်ရှိ ကြယ်များစွာ

တဖျပ်ဖျပ် လင်းလက်နေသည့်ဘက်သို့ ညွှန်ပြသည်တကား။

လုရီ ထိုအခိုက်အတန့်၌ အတော်လေး အံ့အားသင့်နေမိလေ၏။

မော်ဒန် ကမ္ဘာမှ ကမ္ဘာကူးပြောင်းလာသူတစ်ဦးအနေဖြင့် သူက ဂြိုလ်တစ်လုံးသည် လုံးဝိုင်းသည်ကို အတပ် သိ၏။

သူ ပထမဆုံး ကမ္ဘာကူးပြောင်းလာစဉ်က

ထျန်းမင်တိုက်ကြီး၏ အခြေအနေကို ရှေးကျမ်းများမှ သင်ယူခဲ့ကာ သံသယအချို့ ရှိခဲ့သည်က

ထျန်းမင်တိုက်ကြီးသည် အလွန်ကြီးမားသည်။

သူ၏ ယခင်ကမ္ဘာဖြစ်သော ကမ္ဘာမြေထက်

အဆပေါင်းများစွာ ကြီး၏။ ဂြိုလ်တစ်လုံး ဖြစ်လျှင် မည်မျှ ကြီးမားမည်နည်းဟု ဖြစ်၏။

သို့သော် ကောင်းကင်ရှိ ကြယ်များကို ကြည့်သောအခါ...ကမ္ဘာထက် များစွာကြီးမားသော

အခြားဂြိုလ်များ၊ ဥပမာ ဂျူပီတာကဲ့သို့သော

ဂြိုလ်များကို ထည့်သွင်းစဉ်းစားသောအခါ..

ထျန်းမင် ဤမျှ ကျယ်ပြောခြင်းသည် အံ့ဩစရာ မဟုတ်တော့သည်တကား။

စကြာဝဠာထဲ၌ ကြယ်များစွာ ရှိသည်။ အကြီးဆုံးဂြိုလ် မည်မျှ ကြီးမားနိုင်သည်ကို မည်သူ ပြောနိုင်မည်နည်း။

ထိုအချိန်က စဉ်းစားခဲ့၏။

ဤစကြာဝဠာသည် သူ မူလက လာခဲ့သော စကြာဝဠာနှင့် တူညီသည်လား။ ထျန်းမင်ကြယ်သည် ကမ္ဘာမြေနှင့် နှိုင်းယှဉ်လျှင် ပြင်ပ

ဂြိုလ်သား ယဉ်ကျေးမှုအဖြစ် မှတ်ယူနိုင်သည်လား ဟူ၍ပင်။

သို့သော် လုရီသည် မည်သည့် အဖြေမှ မရခဲ့။

သူ ကောင်းကင်ကို မော့ကြည့်သည်။ သူ၏ ယခင်ဘဝနှင့် လုံးဝ မသက်ဆိုင်သော ကြယ်များနှင့် ကြယ်စုများကို မြင်ရလေသည်။။

ဤနေရာသည် ကမ္ဘာမြေ တည်ရှိရာ စကြာဝဠာပင် ဖြစ်နိုင်၏။ ကမ္ဘာမြေနှင့် တိုင်းတာ၍

မရအောင် ဝေးကွာနေခြင်း ဖြစ်မည်လား။

သို့မဟုတ် လုရီသည် မတူညီသော အာကာသ-အချိန်၌ တည်ရှိနေခြင်း၊ လုံးဝ ကွဲပြားသော စကြာဝဠာတစ်ခု၌ တည်ရှိနေခြင်း ဖြစ်နိုင်၏။ သူ ကိုယ်တိုင် မတွက်ဆနိုင်ခဲ့သည်တကား။

သို့သော် တစ်ခါတစ်ရံ ဘဝကို ဆင်ခြင်နေစဉ်

လုရီသည် သူ၏ အတိတ်ဘဝမှ မေးခွန်းများနှင့် ဆင်တူသော မေးခွန်းများကို တွေးတောမိ၏။ ဥပမာ အခြားဂြိုလ်သား သတ္တဝါများ ရှိသည်လားဟု ဖြစ်၏။

မမျှော်လင့်ဘဲ သူ၏ ဆရာက ယခု သူ့ကို အဖြေတစ်ခု ပေးလာလေသည်။

"ဒီရာရှိုမွန်မျိုးနွယ်က တခြားကြယ်တွေက လာတာလား..ဆရာ..."

လုရီ အလွန်အမင်း ထိတ်လန့်သွား၏။ ဤသည်မှာ အခြေခံအားဖြင့် ပြင်ပဂြိုလ်သား သတ္တဝါပင် မဟုတ်လား။

ဂြိုလ်သားမျိုးနွယ်များစွာသည် အပြင်ဘက်အာကာသမှ ဆင်းသက်လာခြင်း ဖြစ်နိုင်သည်လား?

လင်းလောင်တောင်ထိပ် သခင်မသည် သူမ၏ ဟင်းရည်ကို တစ်ငုံ သောက်ကာ ခေါင်းညိတ်၏။

"ဟုတ်တယ်။ ထျန်းမင်မှာပဲ ကျင့်ကြံသူတွေ ရှိတာ မဖြစ်နိုင်ဘူး။ အပြင်ဘက်အာကာသက မှန်းဆလို့ မရအောင် ကျယ်ပြောတယ်။ အသက်ရှိတဲ့ ကမ္ဘာတွေက ဂင်္ဂါမြစ်ထဲက သဲမှုန်တွေလိုပဲ များပြားတယ်။ ရေတွက်လို့ မကုန်နိုင်ဘူး။"

လင်းလောင်တောင်ထိပ် သခင်မ၏ စကားများကို ကြားသောအခါ လုရီ အနည်းငယ် ထိတ်လန့်သွား၏။

ထိုသို့ဆိုလျှင် စကြာဝဠာတစ်ခွင်လုံး၌ မျိုးနွယ်များစွာ ရှိရမည်လေ။

လုရီ အတွေးစများအား လက်စသတ်ရန်

အချိန်မရမီ လင်းလောင်တောင်ထိပ်သခင်မက ထပ်မံ ပြောလာသည်က ...

"ရာရှိုမွန်မျိုးနွယ်က အားမနည်းဘူး။ သူတို့ရဲ့ အဆင့်ထဲမှာ အင်မော်တယ်တွေ အများကြီး ရှိတယ်။ ဒီရာရှိုမွန်သီးကို သီးနိုင်တဲ့ ရာရှိုမွန် ရှေးဟောင်းသစ်ပင်ကလည်း သူတို့အတွက် တန်ဖိုးကြီးတဲ့ အင်မော်တယ်သစ်ပင်ပဲ။ .., ကိုယ်ခန္ဓာသန့်စင်ဖို့အတွက် အလွန်ကောင်းမွန်တဲ့ အာနိသင် ရှိတယ်။ အထူးသဖြင့် ရာရှိုမွန်မျိုးနွယ်က ရာရှိုမွန် ဓမ္မကိုယ်ခန္ဓာကို ထုလုပ်ဖို့ အသုံးပြုတဲ့အခါ... ဒါနဲ့ မင်း ဒါကို ဟင်းလင်းပြင် ဥမင်နယ်ပယ်က ရာရှိုမွန် မျိုးနွယ်ဝင် တစ်ဦးဆီက ရခဲ့တာလား?"

အခန်း ၃၀၅- အပြင်ဘက်အာကာသ ဂြိုလ်သားမျိုးနွယ်...။ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ အဆင့် ချိုးဖြတ် ဝင်ရောက်လေပြီ..

~သူ့ဆရာ၏ ရာရှိုမွန် ရှေးဟောင်းသစ်ပင်ကြီးကို စူးစိုက်ကြည့်နေသည့် မျက်ဝန်းများကို လုရီ မြင်တွေ့ရသောအခါမှ သူမ ပြောဆိုလိုက်သော စကားတို့၏ အဓိပ္ပာယ်ကို နားလည်သွားတော့သည်။

ဤမျှ တန်ဖိုးကြီးလှသည့် အင်မော်တယ် သစ်ပင်တစ်ပင်ကို ဟင်းလင်းပြင် ဥမင် နယ်ပယ်မှ

ရာရှိုမွန်မျိုးနွယ်ဝင် တစ်ဦးက သယ်ဆောင်လာသည်ဆိုခြင်းက ထိုသူ၏ မျိုးနွယ်အတွင်း မည်မျှ မြင့်မားသည့် အဆင့်အတန်းရှိကြောင်း ပြသနေခြင်းပင်။

လုရီ၏ ဦးရေပြားပင် ကျင်တက်သွားသည်။

“...ဆရာ.. ကျွန်တော်များ ရာရှာမွန်မျိုးနွယ်ရဲ့ ပစ်မှတ် ဖြစ်နေပြီလား မသိဘူးနော်”

“ဖြစ်နိုင်ခြေ အများကြီး ရှိတယ်”

လင်းလောင်တောင်ထိပ် သခင်မက ဝပြောစွာ စားသောက်ပြီးနောက် မျက်လုံးများ မှေးစင်းကာ ကျေနပ်စွာ ပြောလိုက်သည်။

လုရီ ခေါင်းထဲ ပို၍ အေးစက်သွားရသည်။

“...ဆရာ.. ကျွန်တော့်အတွက် မျှော်လင့်ချက် ရှိသေးရဲ့လား။ ရာရှိုမွန်မျိုးနွယ်က အင်အားကြီးတစ်ယောက်ယောက်ရဲ့ လက်ချက်နဲ့ သေရမှာလား မသိဘူး”

ထိုအခါ ...လင်းလောင်တောင်ထိပ် သခင်မက ဂရုမစိုက်ဟန်ဖြင့်..

“ဘာကြောက်စရာ ရှိလို့လဲ။ ရာရှိုမွန်မျိုးနွယ်က ထျန်းမင်နဲ့ ဝေးကွာလွန်းတယ်။ ဒီနေရာက သူတို့ နယ်မြေ မဟုတ်ဘူး။ ရာရှိုမွန်မျိုးနွယ်က ဟင်းလင်းပြင် ဥမင် နယ်ပယ် ကျင့်ကြံသူ တစ်ဦး ဘာကြောင့် ထျန်းမင်ကို ရောက်လာလဲဆိုတာ

မရှင်းပေမယ့့်၊ ဘာပဲဖြစ်ဖြစ် ရာရှိုမွန် မျိုးနွယ်ကသာ ထျန်းမင်မှာ ပေါ်လာရင် အသတ်ခံရသင့်တယ်။ သူတို့ကသာ ဟင်းလင်းပြင်ကို ဖြတ်ပြီး ထျန်းမင်ကို အင်အားကြီးတွေ စေလွှတ်ဖို့ ဝံ့ရင်တော့ ကြီးမားတဲ့ တန်ဖိုးပေးရလိမ့်မယ်။ သူတို့

မဆင်မခြင် လာဖို့ မဝံ့ရဲဘူး”

ဤစကားကို ကြားသောအခါ လုရီ အနည်းငယ် စိတ်သက်သာရာရသွားသည်။

“ဒါဆို ရာရှာမွန်မျိုးနွယ်က အင်အားကြီးတွေ လာလို့ မရဘူးပေါ့နော်

လင်းလောင်တောင်ထိပ် သခင်မက ပြန်ဖြေလိုက်သည်။

“ဟုတ်တာပေါ့”

ဤအဖြေကို ကြားသောအခါ လုရီ စိတ်အေးသွားသော်လည်း ဆရာကို သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။

“ဆရာ၊ ဒါတွေ အကုန် ဘယ်လို သိတာလဲ။ ကျွန်တော် ထျန်းမင်ရဲ့ ရှေးဟောင်းကျမ်းစာတွေ အများကြီး ဖတ်ဖူးပေမဲ့ ဒီလို အချက်အလက်မျိုး တစ်ခါမှ မတွေ့ဖူးဘူး”

ထိုအခါ လင်းလောင်တောင်ထိပ် ဆရာမက လုရီကို မျက်လုံး ထောင့်စွန်းမှ ကြည့်ကာ သူ့နဖူးကို လက်ညှိုးဖြင့် တောက်လိုက်သည်။

လုရီ၏ လက်ရှိ ရုပ်ခန္ဓာ ခံနိုင်ရည်အားဖြင့်ပင် ကြောက်မက်ဖွယ် သားရဲကြီးတစ်ကောင်၏ ထိုးနှက်ခြင်း ခံရသကဲ့သို့ ပြင်းထန်သော နာကျင်မှုကို ခံစားလိုက်ရသည်။ သူ့နဖူး စတင် ရောင်ရမ်းလာသည်။

လုရီ နဖူးကို ဖိကိုင်ရင်း နာကျင်စွာ မျက်နှာရှုံ့မဲ့သွားသည်။

လင်းလောင်တောင်ထိပ် ဆရာမက ပျင်းရိစွာ ပြောလိုက်သည်။

“မင်း ဆရာ့ရဲ့ ကိစ္စတွေကို ဝင်ရှုပ်ချင်ဖို့ ခွင့်မပြုဘူး! အပြစ်ပေးခံရသင့်တယ်.. ”

လုရီ စိတ်ထဲတွင် စကားလုံးများ ပျောက်ရှသွားရသည်။

“ကျွန်တော်က မေးကြည့်ရုံလေးပါ”

ထိုအခိုက်တန့်ဝယ် လင်းလောင်တောင်ထိပ် သခင်မက အပျင်းဖြေရင်း ဆန့်လိုက်သည်။

“မေးတာတောင် ခွင့်မပြုဘူး။ မင်းက မင်းရဲ့ ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်။ မင်းမှာ အရည်အချင်း ကောင်းလို့ အနာဂတ်မှာ ဒီလောကကြီးရဲ့ အစစ်အမှန်ကို မြင်တွေ့ရနိုင်တယ်။”

လင်းလောင်တောင်ထိပ် သခင်မက ကျောက်ဂူထဲမှ ထွက်ခွာရင်း နောက်စကားကို ထပ်ဖြည့်သည်။

“ရာရှိုမွန် ရှေးဟောင်းသစ်ပင်က အကောင်းဆုံး အင်မော်တယ်သစ်ပင်ပဲ။ မင်း ဘယ်လိုများ အသက်ရှင်အောင် ထိန်းထားနိုင်လဲတော့ မသိဘူး။ ကောင်းကောင်း ကျင့်ကြံရင် အနာဂတ်မှာ အသီးတွေ သီးလာတဲ့အခါ မင်းအတွက် အကျိုးကျေးဇူး ကြီးမားလိမ့်မယ်”

လုရီ ဤစကားကို ကြားသောအခါ ခေါင်းငြိမ့်လိုက်သည်။

“တပည့် နားလည်ပါပြီ”

ဆရာ ထွက်ခွာသွားပြီးနောက် လုရီ၏ နဖူးမှ နာကျင်မှုမှာ မသက်သာသေးပေ။ သို့သော် သူ့စိတ်ထဲတွင် ပိုမို အံ့အားသင့်နေမိသည်။

သူက သူ့ဆရာကို ကပ်ဘေးဖြတ်ကျော် ပုဂ္ဂိုလ်ကြီးဟု ထင်ခဲ့သော်လည်း အခုတော့ ထိုသို့ မဟုတ်တော့ဟု ထင်မြင်မိသည်။

မည်သို့ဆိုစေ ဆရာက အသိအရာများစွာ သိသည်။ သာမန်ထက် များစွာ ကျော်လွန်နေသည်။

သူမ၏ ကိုယ်ပိုင် အမှတ်အသားသည် တိမ်ဖြူဂိုဏ်း၏ တောင်ထိပ်သခင်မမျှသာ မဟုတ်ဘဲ အပေါ်ယံထက် ပိုမို နက်ရှိုင်းသော အရာများ ရှိကောင်း ရှိနိုင်လေ၏။

လုရီသည် သူ့ဆရာ၏ အမှန်တကယ် ကိုယ်ပိုင်အထောက်အထားကို သိချင်လာသော်လည်း လွန်ခဲ့သော ခဏက သူမ၏ လက်ညှိုးဖြင့် တောက်ခံရသည်ကို ပြန်စဉ်းစားမိသောအခါ ထပ်မမေးဝံ့တော့ပေ။

တစ်ချိန်တည်းမှာပင် လုရီ အလွန် စိတ်လှုပ်ရှားနေမိသည်။

ထျန်းမင်ထက် ကျယ်ပြောလှသော လောကကြီးတစ်ခု ရှိသေးသည်တကား။

နောက်ပိုင်းတွင် လုရီ၏ စိတ်ထဲတွင် အတွေးတစ်ချက် လက်လာသည်။

၎င်းကတော့ ရာရှာမွန်မျိုးနွယ်က ဤမျှ အင်အားကြီးမားပြီး အင်မော်တယ်များစွာ ရှိသည်ဆိုလျှင် ထျန်းမင် ပြင်ပရှိ စကြာဝဠာထဲတွင်လည်း အင်မော်တယ်များ ရှိနိုင်နေမည်လား ဟူ၍ပင်။

သို့ဆိုလျှင် ကပ်ဘေးဖြတ်ကျော် ပုဂ္ဂိုလ်ကြီးတစ်ဦး အဆင့်တက်သောအခါ အင်မော်တယ်နယ်မြေသို့ တကယ်တက်သွားခြင်းလော။ သို့မဟုတ် အခြားဂြိုဟ်တစ်ခုသို့ တက်သွားခြင်းပေလော။

လုရီမှာ အစက အင်မော်တယ်နယ်မြေသို့ သွားရမည်ဟု ထင်ထားသော်လည်း ယခုအခါ နောက်ဆုံးအချက်ကလည်း ဖြစ်နိုင်ချေရှိသည်ဟု ထင်မြင်လာလေ၏။

...

လင်းလောင်တောင်ထိပ် သခင်မ၏ စကားတို့က လုရီအတွက် ကမ္ဘာသစ်တစ်ခု၏ တံခါးကို ဖွင့်ပေးလိုက်သကဲ့သို့ ဖြစ်နေသည်။

ထိုအချိန်မှစ၍ သူ ပို၍ ကြိုးစား ကျင့်ကြံတော့သည်။ လောကကြီးသည် သူ ထင်ထားသည်ထက် များစွာ ကြီးမားနိုင်သည်ဟု တွေးမိလေ၏။

ထို့ပြင် ဆရာက ရာရှိုမွန်မျိုးနွယ်မှ အင်အားကြီးများ လာရောက်ရန် မဖြစ်နိုင်ဟု ပြောသော်လည်း ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများ ပေါ်လာနိုင်သေးပါက အခြားအင်အားကြီးများလည်း လာနိုင်သေးသည်လေ။

အင်မော်တယ်၏ ဆုလာဘ် မဟုတ်ခဲ့လျှင်ပင် မဟာယာန သို့မဟုတ် ကပ်ဘေးကျော်လွန် နယ်ပယ် ကျင့်ကြံသူတစ်ဦး လာခဲ့လျှင်ပင် လုရီတွင် အနိုင်ရရန် အခွင့်အလမ်း မရှိပေ။

သို့ကြောင့်....

သို့ကြောင့်....သူ အပင်ပန်းခံ ကျင့်ကြံရန် လိုအပ်သည်။

...

အခြေတည်ဝိဉာဉ် ဆယ့်တစ်လွှာသည် အထူးပင် တက်လှမ်းရန် ခက်ခဲလှသည်။

လုရီသည် အခြေတည်ဝိဉာဉ် ဆယ့်နှစ်လွှာသို့ တက်လှမ်းရန် ခြောက်နှစ်ကြာခဲ့ပြီး၊ အခြေတည်ဝိဉာဉ် ဆယ့်သုံးလွှာသို့ ရောက်ရန် ကိုးနှစ် ထပ်မံ ကြာမြင့်ခဲ့လေ၏။

နောက်ထပ် ဆယ်နှစ်ကြာပြီးနောက် လုရီသည် အခြေတည်ဝိဉာဉ်နယ်ပယ်၏ ဆယ့်သုံးလွှာအဆင့် ကန့်သတ်ချက်သို့ ရောက်ရှိခဲ့သည်။

ဤအချိန်တွင် လုရီသည် အခြေတည်ဝိဉာဉ်နယ်ပယ်၏ အမှန်တကယ် ကန့်သတ်ချက်သို့ ရောက်ရှိနေပြီဖြစ်ပြီး မည်သည့်အချိန်မဆို အဆင့်တက်ရန် အသင့်ဖြစ်နေလေပြီ။

သူ၏ ကျောက်ဂူအတွင်း တံခါးပိတ်ကျင့်ကြံရင်း နတ်ဘုရားအသွင်ပြောင်း နယ်ပယ်၏ အဟန့်အတားကို စတင် စိန်ခေါ်တော့သည်။

အလွန် ခိုင်မာသော အဟန့်အတားကြီးသည်

လုရီ၏ ထပ်တလဲလဲ တိုက်ခိုက်မှုအောက်တွင် ဆက်တိုက် တုန်ခါနေခဲ့လေ၏။

တစ်လကျော် ကြာပြီးနောက် အဟန့်အတားတွင် အက်ကြောင်းအချို့ နောက်ဆုံးတွင် ပေါ်လာသည်။ ထို့နောက် လုရီသည် အဆင့်တက်ဆုလာဘ်အဖြစ် ရရှိခဲ့သော တာအို ရတနာကျောက်စိမ်းကို ထုတ်ယူကာ စတင် ကြိုးစားလိုက်သည်။

တာအို ရတနာကျောက်စိမ်းတွင် ပါဝင်သော

တာအိုတေးသံနှင့် မွေးရာပါ တာအို ပုံစံများသည် ယခင် တာအို ရတနာပုလဲထက် များစွာ သာလွန်ပါသည်။

တာအို ရတနာကျောက်စိမ်း၏ အနှစ်သာရကို စုပ်ယူလိုက်သည်နှင့် လုရီသည် အတားအဆီးကို ချက်ချင်း ကျော်ဖြတ်ကာ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ ဝင်ရောက်သွားသည်။

နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သည် အခြေတည်ဝိဉာဉ် နယ်ပယ်နှင့် ကွဲပြား၏။

အခြေတည်ဝိဉာဉ် နယ်ပယ်သည် တာအိုတေးသံကို ခိုင်မာစေခြင်း၊ တစ်ဦး၏ တာအိုသဘာဝကို ပုံဖော်ခြင်းဖြင့် တာအိုနိယာမများကို ဖမ်းယူခြင်း၊ အင်မော်တယ် လမ်းကြောင်းပေါ်သို့ တက်လှမ်းရန် ခိုင်မာသော အုတ်မြစ်ချခြင်းတို့ ပါဝင်သည်။

သို့သော် နတ်ဘုရားအသွင်ပြောင်း နယ်ပယ်တွင်မူ တစ်ဦး၏ ဝိညာဉ်ကို သန့်စင်ခြင်းအပေါ် အာရုံစိုက်လေ၏။

လုရီ၏ နဖူးမှ ရွှေရောင်အလင်းများ ထွက်ပေါ်လာပြီး သူ့ခေါင်းနောက်တွင် ရောင်စုံ တာအို အလင်းတို့ကြားတွင် အလင်းကွင်းများ ပေါ်လာသည်။

၎င်းသည် ကြီးမားသော ဝိညာဉ်စွမ်းအင်၏ ပုံရိပ်ဖြစ်သည်။ ၎င်းက လုံလောက်စွာ အားကောင်းလာသောအခါ ကျင့်ကြံသူ၏ တာအိုနားလည်မှု အရှိန်အဟုန်က ကာယယံရှင်၏ တာအိုကိုယ်ပွားနှင့်အတူ သဘာဝအတိုင်း အရှိန်မြင့်တက်လာသည်။

ဝိညာဉ် နှင်းရည်ကို သောက်သုံးပြီး၊ ကောင်းကင် နှင့် မြေကြီး ရတနာများကို အသုံးပြုကာ

ငြိမ်သက် စိတ်ဝိညာဉ်ပုလဲဖြင့် ကျင့်ကြံထားသောကြောင့် လုရီ၏ ဝိညာဉ်စွမ်းအင်သည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ အများစုထက်ပင် ကျော်လွန်နေသည်။

ယခုအခါ သူ၏ ဝိညာဉ်စွမ်းအင်သည် ကြောက်မက်ဖွယ် ကောင်းလောက်အောင် အဆင့်မြင့်တက်လာသည်နှင့်အမျှ သူသည် အသွင်ပြောင်းလဲမှုတစ်ခုကို ခံယူခဲ့၏။

လုရီသည် သူ့ဝိညာဉ်က ခန္ဓာကိုယ်မှ ထွက်ပေါ်လာပြီး လက်မောင်းကဲ့သို့ ပျော့ပြောင်းကာ စိတ်အလိုကျ အသုံးပြုနိုင်သည်ဟု ခံစားလိုက်ရသည်။

အတွေး တစ်ချက်တည်းဖြင့်ပင် သူ့ခန္ဓာကိုယ်

ပြင်ပရှိ ဝိညာဉ်စွမ်းအင်သည် ရွှေရောင် အရိပ်တစ်ခုကို ဖြစ်ပေါ်စေပြီး နက်နဲသော တာအိုတေးသံဖြင့် တောက်ပနေလေ၏။

၎င်းသည် ဝိညာဉ်စွမ်းအင်၏ အနှစ်သာရ ဖြစ်ပြီး ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးပင် ဝိညာဉ်စွမ်းအင်ကို ဤမျှအထိ ပုံဖော်နိုင်စွမ်း မရှိနိုင်ပေ။

ထို့ပြင် ဤအသွင်ပြောင်းလဲမှုပြီးနောက် လုရီ၏ ဝိညာဉ်သည် လွတ်လပ်စွာ လှည့်လည်သွားလာနိုင်ပြီး အချိန်နှင့် နေရာကို ကျော်လွန်ကာ မယုံနိုင်လောက်အောင် ဝေးကွာသော အကွာအဝေးကို ချက်ချင်း ဖြတ်သန်းနိုင်စွမ်း ရှိ၏။

လုရီ တစ်ယောက် ကောင်းကင်ဘုံစွန်းတွင် ရပ်နေသကဲ့သို့ အောက်ဘက်ရှိ ကျယ်ပြောသော ကမ္ဘာမြေကို အပေါ်စီးမှ ကြည့်ရှုကာ ကမ္ဘာကြီးတစ်ခုလုံး သူ့ခြေဖဝါးအောက်တွင် ရှိနေသလိုပင်...

ကြီးစိုးမှုအား ခံစားလိုက်ရသည်။

အခန်း ၃၀၆- လုရီဆရာရဲ့ အံ့အားသင့်ခြင်း...

~ဝိညာဉ်နှင့် ရုပ်ခန္ဓာတို့သည် ကွဲပြားခြားနားကြသည်။ ဝိညာဉ်က ပိုမိုနက်နဲပြီး လျှို့ဝှက်ဆန်းကြယ်လှသည်။ ကျင့်ကြံသူတစ်ဦးသည် ၎င်း၏လျှို့ဝှက်ချက်များကို အချိန်ကြာမြင့်စွာ ရှာဖွေမှသာ ဝိညာဉ်စွမ်းအင်၏ အပြည့်အဝ စွမ်းရည်ကို ထုတ်လွှတ်နိုင်၏။

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိပြီးနောက် ဝိညာဉ်စွမ်းအင်သည် ဝိညာဉ်စွမ်းအင်၏ ခွန်အားကို ချဲ့ထွင်နိုင်ပြီး ၎င်း၏အရည်အသွေးကို ယခင်ကန့်သတ်ချက်ထက် ကျော်လွန်အောင် မြှင့်တင်ပေးနိုင်သည်။ ထို့ကြောင့် ဝိညာဉ်စွမ်းအင် ပမာဏ မပြောင်းလဲစေကာမူ ၎င်း၏ ဖျက်ဆီးနိုင်စွမ်းသည် များစွာ မြှင့်တက်လာ၏။

ဟုတ်ပါသည်။ အဆင့်တက်ပြီးနောက်မှာတော့ လုရီ၏ ဒန်တျန်ထဲက တာအို အခြေတည်ဝိဉာဉ်ဟာ ဝိညာဉ်စွမ်းအင်တွေကို ဆက်လက် စုပ်ယူပြီး သူ့ကိုယ်သူ ပိုမိုအားကောင်းလာအောင်၊ ပိုမိုစွမ်းအားကြီးလာအောင် လုပ်ဆောင်သွားပါလိမ့်မည်။

လုရီ၏ ဒန်တျန် အတွင်း၌ တာအိုအလင်းသည် ခုနစ်ရောင်ခြယ် မြူခိုးအစုအဝေးများအဖြစ် စုစည်းနေပြီး၊ အခြေတည်ဝိဉာဉ်က တည်ငြိမ်စွာ ထိုင်နေသည်။ ၎င်း၏ ဦးခေါင်းနောက်တွင် ရွှေရောင်အလင်းတန်းများ ပေါ်လာ၏။

၎င်းသည် ခိုင်မာသော ဝိညာဉ်စွမ်းအင်က တာအိုအခြေတည်ဝိဉာဉ်အပေါ်သို့ ကျရောက်သည့် ရောင်ပြန်ဟပ်မှုပင် ဖြစ်လေ၏။

လုရီ၏ နဖူးပေါ်တွင် ရွှေရောင်အလင်းများ လင်းလက်နေပြီး နက်ရှိုင်းသော တာအိုတေးသံများ ထွက်ပေါ်နေသည်။ ၎င်းသည် ဟင်းလင်းပြင်မှ စကြာဝဠာ၏ အဆုံးစွန်သော အမှန်တရားကို ပြောဆိုနေသကဲ့သို့ပင်။

လုရီပတ်လည်တွင် အင်မော်တယ် ကြာပန်းများ ဖူးပွင့်နေသည်....တာအိုသစ်သီးများ ‌ခမ်းနားစွာ မျောလွင့်နေသည်၊ ဓားစိတ်ဆန္ဒ ပုံစံများ

တဖျတ်ဖျတ် လင်းနေသည်၊ အစစ်အမှန် နဂါးများ ဟိန်းဟောက်နေသည်....အစရှိသဖြင့် ဆန်းကြယ် မြင်ကွင်းအမျိုးမျိုး ပေါ်ထွက်လာ တော့သည်။

နက်နဲသော ဆန်းကြယ် မြင်ကွင်းများသည် လုရီပတ်လည်တွင် လှည့်ပတ် စီးဆင်းနေပြီး သူ၏ ဆံပင်နက်များသည် သူရဲကောင်းတစ်ယောက်၏ အရှိန်အဝါဖြင့် လွင့်ပျံနေ၏။

သူ၏ သန့်စင်သော မျက်နှာသည် တာအိုအလင်းဖြင့် လင်းလက်နေပြီး မွေးရာပါ တာအိုကလေး ကဲ့သို့ပင် တာအို၏ အဆုံးစွန်သော နိယာမများကို နက်နဲစွာ သိကျွမ်း နားလည်နေသည်။

လုရီသည် တာအိုရတနာကျောက်စိမ်းအားလုံးကို ဆက်လက်စုပ်ယူနေပြီး သူ၏ ရုပ်ခန္ဓာနှင့် အရိုးအကြောတိုင်းတွင် နက်ရှိုင်းသော မွေးရာပါ

တာအိုပုံစံများကို ထွင်းထည့်နေသည်။

တဖျတ်ဖျတ် လက်နေသော တာအိုပုံစံများသည် ဖော်ပြမရနိုင်သော ထူးခြားသော စည်းချက်ကို သယ်ဆောင်ထား၏။

လုရီ၏ ရုပ်ပိုင်းဆိုင်ရာသည် ကြည်လင်လာပြီး သူ၏ ခန္ဓာကိုယ်သည် ဖန်ကဲ့သို့ ကြည်လင်ကာ၊ အပြစ်အနာအဆာကင်းစင်ပြီး သန့်ရှင်းစင်ကြယ်လာသည်။ တာအိုစွမ်းအင်၏ ကျင့်ကြံမှုအောက်တွင် သူသည် တာအိုနှင့် ပိုမိုနီးစပ်လာကာ ကောင်းကင်နှင့် မြေကြီးနှင့် ပေါင်းစည်းသွားတော့သည်။

အဆင့် ချိုးဖြတ်ဝင်ရောက်တိုင်း လုရီအတွက် အသွင် ပြောင်းလဲခြင်း တစ်ခု ဖြစ်ချေသည်။

သူ အဆင့်တက်တိုင်း ကောင်းကင်နှင့် မြေကြီးရတနာများကို စုပ်ယူလိုက်သည့်အခါ ၎င်းတို့ကို တာအိုက စုစည်းပေးကာ စိတ်ကူးမယဉ်နိုင်သော အခွင့်အလမ်းများကို ပေးစွမ်းလေသည်။

အချိန် ကုန်ဆုံးသွားပြီး လုရီသည် တာအိုရတနာကျောက်စိမ်းကို အပြည့်အဝ စုပ်ယူပြီးသောအခါ သူ့ပတ်ဝန်းကျင်ရှိ ဆန်းကြယ်မြင်ကွင်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ့ခန္ဓာကိုယ်ပတ်လည်ရှိ လှိုင်းထန်နေသော အရှိန်အဝါလည်း တည်ငြိမ်သွားလေ၏။

နတ်ဘုရား အသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိသွားလေပြီ။

ထိုအချိန်တွင် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းပြီး ကြမ်းတမ်းသော ဖိအားတစ်ရပ် ကောင်းကင်မှ ကျဆင်းလာသည်။ ကြီးမားလှသော တောင်ကြီးတစ်လုံး ဖြည်းဖြည်းချင်း ပြိုကျလာသကဲ့သို့ လုရီအပေါ် ဖိထားရာ သူ့မျက်နှာပင် အနည်းငယ် ပျက်ယွင်းသွားမိသည်။

ကောင်းကင်ကပ်ဘေး ရောက်လာချေပြီ။

သို့နှင့် လုရီ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်ပြီး တာအိုနှင့် ပေါင်းစည်းကာ မူလနေရာမှ ပျောက်ကွယ်သွားတော့သည်။ နောက်တစ်ခဏတွင် လုရီသည် သူ၏ကျောက်ဂူအပြင်ဘက်သို့ ရောက်ရှိလာပြီး တိမ်ဖြူဂိုဏ်းနှင့် အလှမ်းဝေးသောဘက်သို့ အရှိန်အဟုန်ဖြင့် ဦးတည်သွားလေ၏။

ဤကောင်းကင်ကပ်ဘေးးက သယ်ဆောင်လာသော ကောင်းကင်တာအိုဖိအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းလှရာ လုရီ၏ ဆံပင်များပင် ထောင်ထကုန်သည်။ ယခင် အခြေတည်ဝိဉာဉ် မိုးကြိုးကပ်ဘေးထက် များစွာ သာလွန်သည်။

တိမ်ဖြူဂိုဏ်းအနီးတွင် သူ ဆက်ရှိနေပါက ဂိုဏ်းတစ်ခုလုံး ပျက်စီးသွားနိုင်ပါသည်။

လုရီ ကောင်းကင်ကို ဖြတ်ကျော်သွားစဉ် ဝေးကွာသောနေရာမှ အဆုံးမဲ့ မှောင်မိုက်သော တိမ်တိုက်များ စုဝေးလာသည်။ ကောင်းကင်နှင့် မြေကြီးတစ်ခုလုံးကို မြိုချတော့မည့်အလား အဆက်မပြတ် ကျယ်ပြန့်လာပြီး ကောင်းကင်တစ်ခုလုံးကို မှောင်မိုက်သော အရိပ်ဖြင့် ဖုံးလွှမ်းသွားသည်။

လုရီ ဖြတ်သန်းသွားသည့်နေရာတိုင်းတွင် အောက်ဘက်မြေပြင်က ပင့်ကူအိမ်ကဲ့သို့ အက်ကွဲကြောင်းများ ဖြစ်ပေါ်သည်။ ၎င်းတို့သည် ကောင်းကင်တာအို ဖိအားကြောင့် ဖြစ်ပေါ်လာသည့် အက်ကွဲကြောင်းများဖြစ်ပြီး ဝေးကွာသောမြေပြင်ပင် ခံနိုင်ရည်မရှိတော့ပေ။

တိမ်ဖြူဂိုဏ်းရှိ ကျင့်ကြံသူအားလုံး ထိတ်လန့်တုန်လှုပ်သွားကြပြီး တစ်ဦးပြီးတစ်ဦး လေထဲသို့ အလျင်အမြန် ပျံလွှား ရောက်ရှိလာကြသည်။

ကျယ်ပြောလှသော တိမ်တိုက်မည်းများကို မြင်တွေ့ရပြီး ကြောက်မက်ဖွယ် ကောင်းကင်တာအို ဖိအားကို ခံစားရသောအခါ ဂိုဏ်းခေါင်းဆောင် ဝူချင်းဖုန်းနှင့် တိမ်ဖြူဂိုဏ်း၏ အကြီးအကဲများ တုန်လှုပ်သွားကြလေ၏။

“ဒီမိုးကြိုးကပ်ဘေးက… တူလေးလုရီ မိုးကြိုး

ကပ်ဘေး ခံယူနေတာများလား” ဝူချင်းဖုန်းသည် ကောင်းကင်ကို ဖြတ်ကျော်သွားသော ရွှေရောင်အလင်းတန်းကို ကြည့်ရင်း ထူပူသွားသည်။

“ဒီလို ကိစ္စမျိုး သူ့အပြင် ဘယ်သူက လုပ်နိုင်ဦးမှာလဲ”

အကြီးအကဲ မင်၏ ပါးစပ် အနည်းငယ် တုန်ယင်သွားရသည်။

အခြားသူများ၏ မျက်နှာများတွင်လည်း ထူးဆန်းသော အမူအရာများ ရှိနေကြသည်။

လျိုကျန့်ယန်သည် သူ့ဘဝသူ သံသယ ဝင်နေဟန်ဖြင့် ပြောလိုက်သည်။

“ကျွန်တော် ဟင်းလင်းပြင် ဥမင် ကပ်ဘေးကို ဖြတ်ကျော်တုန်းကတောင် ဒီလောက် မပြင်းထန်ဘူး”

“…” လူအုပ်စု ပို၍ တိတ်ဆိတ်သွားသည်။

“ဒီကောင်လေးက တကယ်ကို ထူးဆန်းတယ်” ဟု ချီလင် ပွစိပွစိ ရေရွတ်ကာ မျက်နှာရှုံ့မဲ့သွားသည်။

“ဟူး..ဒါကြောင့် အဲ့တုန်းက အင်မော်တယ်က သူ့အရည်အချင်းကို ချီးကျူးခဲ့တာပေါ့”

“သွားကြစို့! သွားပြီး သူ့ကို ကာကွယ်ပေးကြစို့!” ဟု ဝူချင်းဖုန်းက နှိုးဆော်လိုက်သည်။

သူတို့ တိမ်ဖြူဂိုဏ်းအတွက် လုရီ၏ အရည်အချင်း မြင့်မားလေလေ ကောင်းလေလေဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် သူ၏ အဆင့်တက်ခြင်းက ဂိုဏ်းကို အင်မော်တယ်ဂိုဏ်း ဖြစ်လာစေမည် ဖြစ်သောကြောင့်ပင်။

“ဒီကောင်လေးရဲ့ မိုးကြိုး ကပ်ဘေးကို… ကာကွယ်သူတွေ လိုအပ်မယ် ထင်လား”

ထိုသို့ အကြီးအကဲ မင်က ဝူချင်းဖုန်းကို ကြည့်လိုက်ရင်း မေးသည်။

“ကပ်ဘေးခံနေတုန်း သူ့ကို ဘယ်သူက နှောင့်ယှက်ရဲမှာလဲ”

ထိုအခါ ဝူချင်းဖုန်း ထပ်မံ တိတ်ဆိတ်သွားသည်။

ဤအချိန်တွင် ချီလင်သည် အသိဉာဏ် ရရှိသွားပြီး မျက်လုံးများ လင်းလက်သွားကာ

“ဟုတ်သားပဲ၊ ဒီကောင်လေး အရင်တစ်ခါ အဆင့်တက်တုန်းက ထူးဆန်းတဲ့ ဆန်းကြယ်မြင်ကွင်းတွေ မပေါ်ခဲ့ဘူးလား။ ငါတို့ တိမ်ဖြူဂိုဏ်းက ကျင့်ကြံသူ အများအပြား အကျိုးကျေးဇူးတွေ ရခဲ့တယ်။ ဒီတစ်ခါ ထပ်ဖြစ်ရင်…”

ဤစကားကို ကြားသောအခါ လူတိုင်း၏ အသက်ရှူနှုန်း မြန်ဆန်လာသည်။

သူတို့အားလုံး မှောင်မိုက်သော တိမ်တိုက်များကြားရှိ ရွှေရောင်အလင်းကို လောဘကြီးသော မျက်လုံးများဖြင့် စိုက်ကြည့်နေကြလေ၏။

နတ်ဘုရားအသွင်ပြောင်းအကြီးအကဲတစ်ဦးက စိတ်မကောင်းစွာ ပြောလိုက်သည်က...

“ကာကွယ်သူတွေ မလိုအပ်ရင်တောင် ဂိုဏ်းရဲ့ အကြီးအကဲတွေအနေနဲ့ သွားရောက်ကြည့်ရှုသင့်တယ်”

“ကောင်းပြီ!”

“ဒီအကြံ အရမ်းကောင်းတယ်!”

တိမ်ဖြူဂိုဏ်း၏ အကြီးအကဲများ တစ်ဦးပြီးတစ်ဦး ခေါင်းညိတ်ကြပြီး အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုရီ၏ ဦးတည်ရာသို့ ပျံသန်းသွားကြတော့သည်။

သူတို့သာမက တိမ်ဖြူဂိုဏ်း၏ တပည့်များလည်း နောက်ကလိုက်ပါသွားကြလေသည်။

နန်းကုန်းမိုယွီနှင့် အခြား ပါရမီရှင်များသည်

လုရီ၏ ယခင် အဆင့်တက်မှုမှ များစွာ ရရှိခဲ့ကြသောကြောင့် ဤအကြောင်းကို ဦးဆုံး စဉ်းစားမိကြခြင်းမှာ မမှားယွင်းပါချေ။

ယခင် အခြေတည်ဝိဉာဉ်နယ်ပယ်သို့ အဆင့်တက်စဉ်က ဆန်းကြယ်မြင်ကွင်းများ ရှိခဲ့လျှင် ဤတစ်ကြိမ်တွင် ပို၍ပင် ခမ်းနားမည် မဟုတ်ပါလား။

သူတို့ အလွန် စိတ်လှုပ်ရှားနေကြပါသည်။

ထိုအခိုက်အတန့်၌ မူလက အိပ်ပျော်နေခဲ့သော လင်းလောင်တောင်ထိပ် သခင်မလည်း ဖျတ်ခနဲ.. နိုးလာသည်။

သူမ လေထဲတွင် ရပ်နေပြီး လုရီ၏ အပေါ်မှ မှောင်မိုက်သော တိမ်တိုက်များကို စူးစိုက်ကြည့်နေသည်။ သူမ၏ မျက်လုံးများက အံ့အားသင့်မှုကို ဖော်ပြနေသည်။

“ဒီကောင်လေး… သူ့ရဲ့ မိုးကြိုး ကပ်ဘေးတွေ ပိုပြီး အားကောင်းလာတယ်၊ သူသာ ဆက်ပြီး ကြီးထွားလာမယ်ဆိုရင် လူတိုင်းကို အံ့အားသင့်စေလိမ့်မယ်”

ထို့နောက် လင်းလောင်တောင်ထိပ် သခင်မက ပြုံးလိုက်သည်။

“ဒီကောင်လေးက ငါ့ရဲ့ တိုက်ရိုက် တပည့်ပဲ!”

All Chapters