← Chapters

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း (၃၀၇-၃၀၉)

Vol. 21 Ch. 307-309

အခန်း ၃၀၇- လုရီဆရာရဲ့ အံ့အားသင့်ခြင်း...

~ အလင်းတန်းနှစ်သွယ် လင်းလက်လာသည်။

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည်လည်း လင်းလောင်တောင်ထိပ်သခင်မဘေးသို့ ရောက်ရှိလာကြခြင်းသာ။

“ဆရာ! အစ်ကိုကြီးက ထပ်ပြီး ကပ်ဘေး ခံယူနေပြန်ပြီ!” ဟု သုန်းကုန်းမင်ယွဲ့ အံ့သြတုန်လှုပ်စွာ အော်ဟစ်လာသည်။

လျိုနင်ရွှမ်း၏ ချောမောသော မျက်နှာက

အေးစက် တည်ငြိမ်နေသည်။ သူမ လင်းလောင်တောင်ထိပ် သခင်မအား ဦးညွှတ် အရိုအသေပြုရင်း “ဆရာ” ဟု နှုတ်ဆက်လိုက်သည်။

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက ခေါင်းညိတ်ပြီး ပျင်းရိစွာ ပြောလိုက်လေသည်။

“ကောင်းပြီ၊ သွားကြည့်ရအောင်”

ထိုအခါ သူမ လက်ကို ဝှေ့ယမ်းလိုက်သည်။

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း သူ့ဆရာ ဦးဆောင်၍ လိုက်ပါသွားကြသည်။

...

လုရီသည် တိမ်ဖြူဂိုဏ်းမှ မိုင်ထောင်ပေါင်းများစွာ ဝေးကွာသော တောနက်ဆိတ်ငြိမ်ရာ အရပ်သို့ ရောက်မှ ရပ်တန့်လိုက်သည်။

သူ၏အရှိန်က အလွန်မြန်ဆန်လွန်းသောကြောင့် တိမ်ဖြူဂိုဏ်းမှ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျွမ်းကျင်သူများပင် အမှီလိုက်ရခက်ခဲသည်။ ရွှေအူတိုင်နယ်ပယ်နှင့် အခြေတည်ဝိဉာဉ်နယ်ပယ်မှ ကျင့်ကြံသူများမှာမူ ဤအချိန်တွင် လိုက်မမီနိုင်တော့ပေ။ ထိုသို့ဖြစ်သော်လည်း ပါရမီရှင်အချို့သာ နတ်ဘုရားအသွင်ပြောင်းကျွမ်းကျင်သူအချို့က ခေါ်ဆောင်လာသောကြောင့် အမှီလိုက်နိုင်ခဲ့ကြ၏။

ကျန်သူများမှာမူ သူတို့ဘာသာ ပျံသန်း၍သာ လိုက်လာနိုင်ကြသည်။

အခြေခံ အုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်ရှိ တိမ်ဖြူဂိုဏ်း၏ တပည့်များမှာမူ ခဏတာ ပျံသန်းပြီးနောက် အခြားသူများကို မမြင်ရတော့ပေ။

သူတို့ မြင်နိုင်သည်မှာ ကောင်းကင်ယံမှ မှောင်မိုက်သော တိမ်တိုက်ပင်လယ်သာဖြစ်ပြီး ၎င်းကိုသာ အသည်းအသန် လိုက်နေကြသည်။

လုရီ လေထဲတွင် ရပ်နေလေသည်။ သူ့အပေါ်မှ မှောင်မိုက်သော တိမ်တိုက်များက ဆက်လက် ပြန့်နှံ့နေပြီး မိုင်ရာချီအထိ ကျယ်ပြန့်သွားပြီးမှ ရပ်တန့်သည်။

ဤအခြင်းအရာက ကနဦး ရောက်ရှိလာသော တိမ်ဖြူဂိုဏ်းမှ ကျွမ်းကျင်သူအဖွဲ့၏ ဦးရေပြားများကို ကျင်တက်စေတော့သည်။

“မိုင်တစ်ရာအထိ ကျယ်တဲ့ ကောင်းကင်

ကပ်ဘေး! တူလေးလုရီရဲ့ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် အဆင့်တက်တဲ့ ကပ်ဘေးက မိုင်တစ်ရာတောင် ကျယ်တာလား?! ဒါ…ဒါက တော်တော်လေး အံ့သြစရာပဲ!”

ဝူချင်းဖုန်းမှာ ခဏတာ စကားပင် မပြောနိုင်အောင် ဖြစ်သွားရှာသည်။

ထို့အတူ ချီလင်ကလည်း အဆက်မပြတ် အော်ပြောနေလေသည်။

“မင်အကြီးအကဲ အဆင့်တက်တုန်းက ဘေးဒဏ်က မိုင်ရှစ်ဆယ်ပဲ ရှိတယ်ဆိုတာ ခင်ဗျားတို့ သိထားရမယ်! အဲ့ဒီ အဘိုးကြီးက မဟာအောင်မြင် မှု အဆင့်ဓားစိတ်ဆန္ဒ ရှိပြီး အဆင့်တက်တုန်းက ဟကင်းလင်းပြင်ဥမင် နယ်ပယ်မှာ အစွမ်းထက်သူတစ်ဦးအဖြစ် သတ်မှတ်ခံရတာ။ အခုမှ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို အဆင့်တက်တဲ့ ကောင်လေးတစ်ယောက်က ကျော်တက်သွားတာလား?!”

ထိုအခါ အကြီးအကဲမင်သည် သူ့ခေါင်းတစ်ခုလုံးတွင် အနက်ရောင်မျဉ်းများဖြင့် ချီလင်ကို မှောင်မိုက်စွာ ကြည့်လိုက်ပြီး လုံးဝ စကားမပြောနိုင်တော့ပေ။

လူတိုင်း အချင်းချင်း ကြည့်ရှုပြီးနောက် လူစုခွဲ၍ နေရာယူလိုက်ကြသည်။ ဘေးဒဏ်နေရာပြင်ပတွင် ဆက်လက်နေထိုင်ကာ အခြားသူမျာလုရီ၏ အဆင့်တက်မှုကို ဝင်ရောက် နှောင့်ယှက်ခြင်းမှ ကာကွယ်ရန် ဖြစ်တော့သည်။

တစ်ချိန်တည်းမှာပင် ကျင့်ကြံသူတစ်ဦးပြီးတစ်ဦး အလျင်အမြန် ချဉ်းကပ်လာကြပြီး အဝေးတစ်နေရာတွင် ရပ်နေသော လုရီကို ကြည့်ကာ အားရပါးရ ဆွေးနွေးနေကြသည်။

ကောင်းကင်ယံတွင် မှောင်မိုက်သော တိမ်တိုက်များကြား၌ ခရမ်းရောင်မိုးကြိုးများ လှိမ့်လာကာ ဖျက်ဆီးနိုင်စွမ်းများ ပေါက်ကွဲထွက်လာပြီး ကောင်းကင်တာအိုဖိအားသည် အလွန်လေးနက်လှသည်။ ကောင်းကင်နှင့် မြေကြီးကို ပြန့်ပြူးအောင် ဖိချတော့မည့်အလားပင်။

လုရီသည် ကောင်းကင်ကို တည်ငြိမ်သော မျက်နှာဖြင့် မော့ကြည့်သည်။ သူ၏ ခန္ဓာကိုယ်ပတ်လည်တွင် မိုးကြိုးပုံစံများ ပေါ်ထွက်လာသည်။ စစ်မှန်သောနဂါးတာအိုပုံစံများသည် သူ၏ အရေပြားပေါ်တွင် တဖျတ်ဖျတ် လင်းနေပြီး သူ၏ အတွင်းပိုင်းသည် မွေးရာပါ တာအိုပုံစံများနှင့် အင်မော်တယ်နိယာမပုံစံများဖြင့် ပြည့်နှက်နေသည်။ လုရီ အဆင်သင့်ဘဖြစ်နေလေပြီ။

ထိုအခိုက် ဂျုန်းခနဲ မြည်သံနှင့်အတူ ကောင်းကင်မိုးကြိုးများ ပေါ်ထွက်လာသည်။ ခရမ်းရောင်အလင်းများ မျက်စိကျိန်းစရာ တောက်ပနေပြီး ဓားရှည်တစ်ချောင်း၊ ရှေးဟောင်းခေါင်းလောင်းတစ်လုံး၊ ရှေးဟောင်းဒယ်အိုးတစ်လုံး၊ အခြားအရာဝတ္ထုအမျိုးမျိုးအဖြစ် အသွင်ပြောင်းကာ လုရီထံသို့ ကျရောက်လာ၏။

ဓားရှည်သည် ပြင်းထန်သော ကောင်းကင်တာအို ဓားစိတ်ဆန္ဒကို သယ်ဆောင်ထားပြီး၊ ဓားသွားသည် ကြောက်မက်ဖွယ် ကောင်းသော ထက်ရှသည့် ဓားစိတ်ဆန္ဒကို ဆောင်ထားသည်။ ရှေးဟောင်းခေါင်းလောင်းက ကြီးမားသော တောင်ကြီးတစ်လုံးသဖွယ်ဖြစ်ပြီး၊ ရှေးဟောင်းဒယ်အိုးက လုရီကို စုပ်ယူသန့်စင်ရန် ကြိုးစားတော့သည်။

အရာဝတ္ထုများအဖြစ် အသွင်ပြောင်းထားသော ကောင်းကင်မိုးကြိုးများသည် ကျင့်ကြံခြင်းရတနာများကဲ့သို့ဖြစ်ပြီး ၎င်းတို့သည် စွမ်းအားကြီးမားလှကြသည်။ ကောင်းကင်တာအို၏ စွမ်းအားကို ဆောင်ထားပြီး လုရီ၏ အဆင့်တက်မှုကို တားဆီးကာ ဖိနှိပ်ရန် ရည်ရွယ်သည်။

လှုပ်ရှားမှုမှာ အလွန်ကြီးမားပြီး လုရီအောက်ဘက်ရှိ ကျက်တီးမြေသည် ချက်ချင်း ပြိုကျသွားသည်။ အချင်း ဆယ်ကီလိုမီတာကျော်ရှိသော စက်ဝိုင်းပုံ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ ထိုတွင်းနက်သည် ကောင်းကင်တာအို၏ ဖိအားကြောင့် ပေါ်ထွက်လာခြင်းပင်။

“ဒါက… ကောင်းကင်မိုးကြိုး အသွင်ပြောင်းခြင်းလား?! အလိုလေး...ကောင်းကင်ဘုံ၊ သူတို့အားလုံး မှော်လက်နက်တွေအဖြစ် ပြောင်းလဲသွားပြီ! ဒီကောင်းကင်မိုးကြိုးက ဒီလောက် ကြောက်စရာကောင်းနေပြီ၊ အခု လက်နက်တွေအဖြစ် စုစည်းသွားတော့ ဘယ်လောက် အစွမ်းထက်လိုက်မလဲ?!” ဝူချင်းဖုန်း၏ မျက်လုံးများ အံ့သြတုန်လှုပ်စွာ ပြူးကျယ်သွားသည်။

“ဒဏ္ဍာရီအရ ရှေးခေတ်တုန်းကတောင် အဆန်းကြယ်ဆုံး ပုဂ္ဂိုလ်တွေသာ ကောင်းကင်မိုးကြိုးကို ပုံဖော်နိုင်ခဲ့တယ်လို့ ပြောကြတယ်။ အဲ့လို ဖြစ်ပေမယ့်ဘအဲ့ဒီ ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေတောင် နတ်ဘုရားအသွင်ပြောင်း ကောင်းကင်ကပ်ဘေး!းတုန်းက ကောင်းကင်မိုးကြိုးကို ပုံဖော်နိုင်ခဲ့တာ မဟုတ်ဘူး မဟုတ်လား?! ဒါဆို… လုကောင်လေးရဲ့ အရည်အချင်းက ရှေးဟောင်းပုဂ္ဂိုလ်ကြီးတွေရဲ့ အရည်အချင်းကိုတောင် ကျော်လွန်သွားတာ မဟုတ်လား?!” အကြီးအကဲမင်မှာ မယုံနိုင်အောင် ဖြစ်နေရ၏။

ရှေးခေတ်က အစွမ်းထက် ပုဂ္ဂိုလ်ကြီးများမှာ ငယ်ရွယ်စဉ် သေဆုံးခြင်း မရှိသရွေ့ အခြေခံအားဖြင့် အင်မော်တယ်များ ဖြစ်လာရန် ကံကြမ္မာပါသောသူများ ဖြစ်ကြသည်။

သူ့ခေတ်အခါက ထူးချွန်ပုဂ္ဂိုလ်တစ်ဦး ဖြစ်ခဲ့ရမည့် အင်မော်တယ်ဓားဂိုဏ်းမှ နှစ်သန်းပေါင်းများစွာ အိပ်စက်နေခဲ့သော တစ်မူထူးခြားသည့်

အင်မော်တယ်ကဲ့သို့ပင်။

ထိုသို့ ဖြစ်သော်လည်း ထိုကဲ့သို့သော ကြီးကျယ်သည့် ပုဂ္ဂိုလ်များပင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်တွင် ကပ်ဘေးကို ပုံဖော်နိုင်ခဲ့ခြင်း မရှိခဲ့ပေ။

“သေချာတယ်လို့တော့ မပြောနိုင်သေးဘူး။ ဘာပဲဖြစ်ဖြစ် ကောင်းကင်က ကျယ်ပြောပြီးနယ်နိမိတ်မဲ့တယ်။ တချို့ ဝေးလံတဲ့ခေတ်တွေမှာ လူမရှိတဲ့နေရာမှာ ဒီလို ဘေးဒဏ်ခံခဲ့တဲ့ ထူးခြားတဲ့ ပါရမီရှင်တွေ ရှိကောင်း ရှိနိုင်တယ်၊ ရှေးဟောင်းမှတ်တမ်းတွေမှာ မှတ်တမ်း မတင်ထားတာမျိုး ဖြစ်နိုင်တယ်” ဟု အခြားတစ်ဦးက ထင်မြင်ယူဆလိုက်သည်။

ဤအယူအဆက ကျင့်ကြံသူများကို ခေါင်းညိတ်သဘောတူစေခဲ့၏။

“ဒါက တကယ် ဖြစ်နိုင်ပါတယ်” ဟု မျက်နှာပေါ်တွင် အရေးအကြောင်းများဖြင့် မျက်လုံးများ မှေးမှိန်နေသော အကြီးအကဲတစ်ဦးက ပြောလိုက်သည်။ သူသည် တိမ်ဖြူဂိုဏ်းမှ ရှေးဟောင်းပုဂ္ဂိုလ်ကြီးများထဲမှ တစ်ဦးဖြစ်ပြီး မင်အကြီးအကဲနှင့် ရွှမ်အကြီးအကဲတို့ထက်ပင် သက်တမ်းပိုကြီးသည်။

ရွှမ်အကြီးအကဲက ပြောလိုက်သည်။

“ ဒီလို ဖြစ်နေရင်တောင် လုကောင်လေး ပိုင်ဆိုင်တဲ့ အရည်အချင်းက ရှေးရော အခုခေတ်မှာပါ အားလုံးထဲမှာ အစွမ်းအထက်ဆုံးတွေထဲက

တစ်ဦး ဖြစ်မှာ သေချာတယ်!”

အခြားသူများမှာလည်း ကန့်ကွက်ခြင်း မရှိပေ။

“မိုင်တစ်ရာအထိ ကျယ်ပြောပြီး ကောင်းကင်မိုးကြိုးကို ပုံဖော်နိုင်တဲ့ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကပ်ဘေး။ ဒီလို အရည်အချင်းက ကောင်းကင်တာအိုတောင် ကြောက်ရလောက်အောင် ကြီးမားလွန်းတယ်၊ ဒါကြောင့် သူကတော့ သမိုင်းတစ်လျှောက် အစွမ်းအထက်ဆုံး ပုဂ္ဂိုလ်ကြီးတွေထဲက တစ်ဦး ဖြစ်မှာ သေချာတယ်”

“ဟားဟားဟား၊ ဒီလို ထူးချွန်ပုဂ္ဂိုလ်ကြီးက ငါတို့ တိမ်ဖြူဂိုဏ်းမှာ ပေါ်လာတာပဲ! အရမ်း ကောင်းတယ်၊ အရမ်း ကောင်းတယ်!”

လူတိုင်း ကြည်နူးစွာ ပြုံးနေကြသည်။

ထိုသို့ သူတို့ စကား ပြောဆိုနေကြစဉ်မှာပင် ကောင်းကင်မိုးကြိုးမှ အသွင်ပြောင်းထားသော လက်နက်များသည် လုရီကို အကုန်လုံး ထိမှန်ပြီး သူ့ကို လက်နက်အမျိုးမျိုးဖြင့် အပြည့်အဝ ဖုံးလွှမ်းသွားတော့သည်။

လုရီသည် သူ့ခန္ဓာကိုယ်ပေါ်တွင် ထိုးဖောက်ဝင်ရောက်လာသော ဓားစိတ်ဆန္ဒနှင့် ဓားသွားစိတ်ဆန္ဒကို ခံစားလိုက်ရ၏။ သူ၏ အရေပြားပေါ်တွင် သွေးစွန်းရာများ ပေါ်လာသည်။ အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည်မှ ခိုင်မာသော ခန္ဓာကိုယ်ပင် အပြည့်အဝ ခုခံနိုင်စွမ်း မရှိခဲ့ပေ။

မှတ်ထားရမည်မှာ လုရီသည် စစ်မှန်သောနဂါးသွေး အဆီအနှစ်ခြောက်စက်ကို စုပ်ယူထား၏။ သူ၏ ရုပ်ခန္ဓာသည် အလွန်အမင်း အစွမ်းထက်ပြီး စိတ်ကူးမယဉ်နိုင်အောင်ပင် ဖြစ်သည်။ ယင်းသည် ဤဘေးဒဏ် မည်မျှ ပြင်းထန်သည်ကို ပြသနေသည်။

ရှေးဟောင်းခေါင်းလောင်းသည် ပဲ့တင်ထပ်လာသည်။ ၎င်း၏ ခေါင်းလောင်းလှိုင်းများက မိုးကြိုးအလင်းကို ဆောင်ထားပြီး လုရီ၏ ခန္ဓာကိုယ်ပေါ်သို့ ကျရောက်လာ၏။ သူ၏ သွေးများ ပွက်ပွက်ဆူလာပြီး သူ၏ ခန္ဓာကိုယ် နီရဲလာသည်။ ဒဏ်ရာများမှ သွေးများ ဖြည်းဖြည်းချင်း စီးကျလာလေသည်။

ရှေးဟောင်းဒယ်အိုးက လုရီကို ဝန်းရံထားသည်။ ထိုနေရာတွင် လျှပ်စီးနှင့် မီးတို့ ရောယှက်နေပြီး သူ့ကို အရှင်လတ်လတ် သန့်စင်ရန် ကြိုးစား နေ၏။ လုရီ၏ အရေပြားတွင် မီးကျွမ်းသော အမှတ်များ ပေါ်လာသော်လည်း သူ၏ အသားသည် ခိုင်မာနေဆဲ ဖြစ်လေသည်။

အခန်း ၃၀၈-လုရီဆရာရဲ့ အံ့အားသင့်ခြင်း...

~လုရီ၏ ကိုယ်တွင်း၌ အင်မော်တယ်နိယာမများ လည်ပတ်နေသည်။ မူလက စီးထွက်ခဲ့သည့် သွေးများ ဖြည်းဖြည်းချင်း ပြန်လည် စီးဝင်ကုန်၏။ ဒဏ်ရာများ အလျင်အမြန် ကျက်သည်။ မီးလောင်ထားသည့် အသားအရေသည် နဂိုအတိုင်း ဖြူဝင်းလာပြန်သည်။

သူ့ခန္ဓာကိုယ်အပေါ်ယံတွင် မိုးကြိုးအခင်းအကျင်းပုံစံများက အရောင်လက်နေသည်။ ပို၍ပင် တောက်ပလာသည်က နေရောင်ခြည်က လုရီပေါ်တွင် စွဲထင်နေသည့်အလားပင်။ မိုးကြိုးအခင်းအကျင်းပုံစံများ ရှိရာတစ်ဝိုက်တွင် စစ်မှန်သောနဂါးပုံရိပ်က လှုပ်ရှားနေလေသည်။

လုရီသည် ချက်ချင်းပင် ရုတ်ချည်း

ဉာဏ်အလင်းရသည့် အခြေအနေသို့ ဝင်ရောက်လိုက်သည်။ သူ့အတွင်းရှိ အခြေတည် ဝိဉာဉ်သည် တာအိုတေးသံများကို ဖမ်းယူလာသည်။ နဖူးပြင်တွင် ရွှေရောင်အလင်းတန်းများ လင်းလက်နေသည်။ ဝိဉာဉ်စွမ်းအင်က တာအိုတေးသံများကို ကူညီပေး၏။ လုရီ၏ ဒန်တျန်အတွင်း၌ မြူများက စောစီးစွာ ပွင့်ဖျန်းလာသည့် တာအိုကဲ့သို့ ‌အုံ့မှိုင်းနေသည်။ တာအိုယွမ်က အလိုလို ပေါ်ထွက်လာ၏။

ကောင်းကင်မိုးကြိုး၏ ဖျက်ဆီးနိုင်စွမ်း၊ ကောင်းကင်တာအို၏ ထိတ်လန့်ဖွယ် ဖိအား၊ ကောင်းကင်မိုးကြိုးမှ စုစည်းဖြစ်ပေါ်လာသည့် ကျင့်ကြံခြင်းရတနာများ၊ စစ်မှန်သောနဂါး

တာအိုအခင်းအကျင်းများ၊ မွေးရာပါတာအိုအခင်းအကျင်းများ၊ အင်မော်တယ်နိယာမ၊ နယ်ပယ်အမျိုးမျိုး စသည်ဖြင့်…ဤကောင်းကင်ကပ်ဘေးကြီးမှ လုရီ နားလည်နိုင်သည်များ

များစွာရှိသည်။

ဤအရာအားလုံးကို လုရီ နားလည်နိုင်သော်လည်း သူအတွက် အသိသာဆုံးမှာ

အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည်ပင်။

ကောင်းကင်မိုးကြိုးဖြင့် သန့်စင်နေမှုအောက်တွင် လုရီသည် အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည်နှင့်ပတ်သက်၍ ထိုးထွင်းဉာဏ်သစ်များ ရရှိလာသည်။ နက်နဲဆန်းကြယ်သည့် တာအိုအခင်းအကျင်းပုံစံအမျိုးမျိုးတို့သည်

လုရီ၏စိတ်ထဲတွင် ပုံပေါ်လာ၏။ ၎င်းသည် အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည်၏ တိုးတက်မှု၊ ၎င်း၏ နက်နဲသောလျှို့ဝှက်ချက်များကို နားလည်ခြင်းပင် ဖြစ်သည်။

လုရီ နားလည်သိမြင်နေစဉ်တွင် အဝေးမှ လင်းလောင်တောင်ထိပ်သခင်မ ရုတ်တရက် တောင့်ခနဲ ဖြစ်သွားသည်။ သူမ၏မျက်လုံးများ ပြူးကျယ်လာသည်။ ကောင်းကင်မိုးကြိုးများကြားမှ လုရီကို စိုက်ကြည့်နေ၏။ နဂိုက အေးစက်စက်ရှိသော သူမ၏မျက်လုံးများ ကြည်လင်လာသည်။ အံ့အားသင့်သည့် အကြည့်များ ပါဝင်လာသည်။

သူမ ညင်သာစွာ ရေရွတ်လိုက်သည်။

"… ဒါ နိယာမရဲ့ အရှိန်အဝါလား။ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။"

လင်းလောင်တောင်ထိပ်သခင်မ မယုံနိုင်အောင် ဖြစ်နေ၏။ သူမ မှားယွင်းစွာ မြင်ယောင်နေမိသည်ဟုပင် ထင်မှတ်နေမိသည်။

သူမဘေးတွင် လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့က ဆရာဖြစ်သူ၏ ရေရွတ်သံကို သတိပြုမိကြသည်။

သို့သော် မိုးကြိုးသံကြောင့် သဲသဲကွဲကွဲ မကြားရပေ။

နှစ်ဦးစလုံး ခေါင်းလှည့်ကာ လင်းလောင်တောင်ထိပ်သခင်မကို ကြည့်လိုက်ကြသည်။

ထိုစဉ် သုန်းကုန်းမင်ယွဲ့က စပ်စုစွာ မေးလိုက်သည်။

"ဆရာ၊ ဘာပြောလိုက်တာလဲ။"

လင်းလောင်တောင်ထိပ်သခင်မ ခေါင်းအသာခါသည်။

"ဘာမှမဟုတ်ဘူး။"

အဝေးမှ မိုးကြိုးအလင်းတန်းကို စူးစူးစိုက်စိုက် စိုက်ကြည့်နေရင်း သူမ၏ မျက်ဝန်းနက်များတွင် အိပ်မက်ဆန်သည့် အရောင်အသွေးများ လင်းလက်နေသည်။ နောက်တစ်ခဏတွင် သူမ၏မျက်လုံးများ အကြီးအကျယ် ပြူးကျယ်လာသည်။

"တကယ်ပဲ… နိယာမပဲလား။ အားနည်းပေမယ့် တကယ်ကို ရှိနေတာပဲ။ အင်မော်တယ်ဓားသိုင်းကျမ်းနဲ့ အရင်းအမြစ် တစ်ခုတည်းကနေ ဖြစ်ပေါ်လာတာ။ အင်မော်တယ်ရဲ့ နက်နဲတဲ့ လျှို့ဝှက်ချက်တွေပဲ။ ဒီကောင်လေး… အင်မော်တယ်ဓားသိုင်းကျမ်းထဲက အင်မော်တယ်စိတ်ဆန္ဒ အရိပ်အယောင်လေးကို နားလည်သွားတာလား။"

လင်းလောင်တောင်ထိပ်သခင်မ ခေါင်းကုတ်လိုက်သည်။ အိပ်ချင်စိတ် လုံးဝပျောက်သွားချေပြီ။ လုရီကြောင့် လုံးဝ နိုးကြားလာခဲ့လေပြီ။

"ဒီကောင်လေး… တကယ်လား။ သာမန်လူသားအဆင့်လေးနဲ့ နိယာမကို နားလည်သွားတာလား..မယုံနိုင်စရာ!"

လင်းလောင်တောင်ထိပ်သခင်မ တတွတ်တွတ် ရေရွတ်နေသည်။

သူမ၏ ပုံမှန် အေးတိအေးစက် မျက်နှာတွင်

မကြုံဖူးသည့် မျက်နှာအမူအရာများ ပေါ်ထွက်နေ တော့သည်။

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့အနေဖြင့် လင်းလောင်တောင်ထိပ်သခင်မကို ဤကဲ့သို့ မြင်ဖူးသည်မှာ ပထမဆုံးပင်။ သူမတို့ နှစ်ဦးစလုံး

အံ့သြနေကြသည်။

တစ်ဦးကိုတစ်ဦး အဖြေထုတ်သလို ကြည့်လိုက်မိကြသည်။

ထိုအခါ သုန်းကုန်းမင်ယွဲ့က တိုးတိုးလေး မေးလိုက်သည်။

"စီနီယာအစ်မ၊ ဆရာဘာဖြစ်နေတာလဲ။ လန့်နေပုံရတယ်။ ပြဿနာတစ်ခုခု ရှိလို့လား။"

လျိုနင်ရွှမ်း အသာခေါင်းခါသည်။

"အစ်မလည်း မသိဘူး။"

လျိုနင်ရွှမ်းပင် စိုးရိမ်စိတ် အရိပ်အယောင် ပေါ်လာမိပါသည်။

"ဆရာ ဒီလိုဖြစ်တာ ဒါပထမဆုံးပဲ။ ဒီလောက်ထိ ရှင်းရှင်းလင်းလင်း ဖြစ်နေတာ ထိတ်လန့်စရာပဲ။"

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့၏ နားလည်မှုအရ လင်းလောင်တောင်ထိပ်သခင်မ မအိပ်ချင်ဘဲ ရှင်းရှင်းလင်းလင်းဖြစ်နေပါက ပြဿနာရှိသည်ဟု ဆိုလိုသည်ပင်။

ထို့နောက် လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ ရုတ်တရက် တစ်ခုခုကို သတိရကာ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။

သုန်းကုန်းမင်ယွဲ့က ပြောသည်။ "ပြီးခဲ့တဲ့တစ်ခေါက် စီနီယာအစ်ကို အခြေတည်ဝိဉာဉ်နယ်ပယ်ကို တက်လှမ်းတုန်းကလည်း ဆရာ အံ့သြခဲ့သေးတယ်။ စီနီယာအစ်ကို တစ်ခုခု ထပ်လုပ်ပြန်ပြီလား။"

လျိုနင်ရွှမ်းလည်း ထိုအကြောင်းကို သတိရကာ ခေါင်းအသာငြိမ့်လိုက်သည်။

"ငါတို့ ဂျူနီယာမောင်လေးနဲ့ ဆက်စပ်နေတာ ဖြစ်နိုင်တယ်။"

နှစ်ဦးစလုံး ကောင်းကင်မိုးကြိုးရှိရာသို့ အကြည့်များ ပြောင်းသွားကြသည်။

ကောင်းကင်မိုးကြိုးရတနာအမျိုးမျိုးတို့က စက်ဝိုင်းပုံစံ စုစည်းနေသည်။ ခရမ်းရောင်မိုးကြိုးအလင်းတန်းက နေကဲ့သို့ တောက်ပနေ၍ မျက်စိစူးလောက်အောင် လင်းလက်ပြီး လုရီ၏ ပုံရိပ်ကို လုံးဝ ဖုံးအုပ်ထား၏။

သို့သော်လည်း သူတို့သည် လုရီ၏ ရှိနေခြင်းကို ခံစားမိနေဆဲပင်။ အလွန်တည်ငြိမ်နေသည်။ ကြောက်မက်ဖွယ် ကောင်းကင်ကပ်ဘေးကို အလွယ်တကူ ဖြတ်သန်းနေ၏။

၎င်းသည် လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့၏ မျက်လုံးများတွင် လေးစားမှု အသွင်ကို ဆောင်ယူလာသည်။ သူမတို့အတွက် ထိုကဲ့သို့သော ကောင်းကင်ကပ်ဘေးသည် စိတ်ကူး၍ပင် မရနိုင်ပေ။

နှစ်ဦးစလုံး နောက်ပြန်လှည့်ကာ မျက်နှာအမူအရာ ပြောင်းလဲနေသည့် လင်းလောင်တောင်ထိပ်သခင်မကို အရိပ်အခြေ ကြည့်လိုက်ကြသည်။ နှစ်ဦးစလုံး အနည်းငယ် စိုးရိမ်နေကြသည်။

"ဆရာ...အဆင်ပြေရဲ့လား။ ဂျူနီယာမောင်လေး တစ်ခုခု ပြဿနာတက်လို့လား။" လျိုနင်ရွှမ်းက မေးသည်။

ထိုလင်းလောင် တောင်ထိပ်သခင်မ သတိပြန်ဝင်လာသည်။ မျက်လုံးများတွင် ရှုပ်ထွေးသည့် အကြည့်များဖြင့် လျိုနင်ရွှမ်းကို ကြည့်လိုက်ပြီးနောက် ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်မိုးကြိုးကို စူးစိုက်ကြည့်သည်။ သူ့ဘဝနှင့် ပတ်သက်သည့် နားလည်မှုကို ကိုယ်တိုင် သံသယဝင်လျက် ပြောလိုက်သည်။

"ပြဿနာလား။ ကောင်းကင်ကပ်ဘေးက နှစ်ဆ ပိုပြင်းရင်တောင် သူ့အတွက် ဘာပြဿနာမှ မရှိဘူး!"

...ဟာသလုပ်နေတာလား။ ဒါ အင်မော်တယ်နိယာမလေ။ အရိပ်အယောင်လေးပဲ ရှိပေမယ့် နိယာမပဲ! ဒီအဆင့် ကောင်းကင်ဘေးဆိုးက ဒီကောင်လေးကို ဘယ်လိုလုပ် အနည်းငယ်လေးမှ ထိခိုက်စေနိုင်မှာလဲ။...

"နှစ်ဆ ပိုပြင်းရင်တောင်.."

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ နှစ်ဦးစလုံး အံ့အားသင့်သွားကြသည်။

ထိုဘေးဆိုးသည်ပင် လုံလောက်စွာ ကြောက်မက်ဖွယ် ကောင်းနေပြီ။ နှစ်ဆ ပိုပြင်းလာပါက လုရီ ဆက်ပြီး ခံနိုင်ရည်ရှိဦးမှာလား။ နှစ်ဦးစလုံး မယုံနိုင်ကြပေ။

လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာအမူအရာ ထူးဆန်းနေသည်။ သူမက

"မင်းတို့ နားမလည်သေးဘူး။ ဒီကောင်လေး… အနာဂတ်မှာ ကြီးမားတဲ့ ပြဿနာတွေနဲ့ မကြုံရဘူးဆိုရင် သူက အရေးပါတဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်လာဖို့ သေချာတယ်။"

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ တစ်ဦးကိုတစ်ဦး ကြည့်လိုက်ကြသည်။ ထို့နောက် နှစ်ဦးစလုံး သက်ပြင်းချလိုက်ကြသည်။

လုရီ အဆင်ပြေနေသရွေ့ သူတို့ စိတ်သက်သာရာရလေပြီ။

လင်းလောင်တောင်ထိပ်သခင်မလည်း သူမ၏ တုန်လှုပ်မှုမှ ပြန်လည်သက်သာလာသည်။ စကားအချို့ တီးတိုးရေရွတ်နေသည်။ အတော်လေး လက်မခံနိုင်သည့် အသံ၊ အနည်းငယ်ပင်

မကျေမချမ်း ဖြစ်နေသည့် အသံများပင်။

၎င်းသည် လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့၏ မျက်နှာအမူအရာကို ပို၍ပင် ထူးဆန်းစေခဲ့သည်။

ထိုစဉ်တွင် နက်နဲပြီး ပြိုင်ဘက်ကင်းသည့် တာအိုအလင်းတန်းများ ပေါ်ထွက်လာသည်။ ကောင်းကင်ဂီတသံကဲ့သို့ တာအိုတေးသံများက မသိရသည့်နေရာများမှ ပဲ့တင်ထပ်လာသည်။ စကြဝဠာ၏ အဆုံးစွန်သော အမှန်တရားများကို ရှင်းပြနေသည့်နှယ်။

တာအိုအလင်းတန်းအတွင်း၌ ဖော်ပြ၍ မရနိုင်လောက်အောင် နက်နဲသည့် တာအိုအခင်းအကျင်းပုံစံများ တောက်ပနေသည်။

ဤနက်နဲသည့် ဆန်းကြယ်မြင်ကွင်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကျင့်ကြံသူများအားလုံး ဝမ်းမြောက်သွားကြသည်။

"လာပြီ!"

ပြီးခဲ့သည့်တစ်ကြိမ်က ထိုတာအိုအလင်းတန်းအောက်တွင် သူတို့သည် ထိုးထွင်းဉာဏ်အမျိုးမျိုး ရရှိခဲ့ကြသည်။

ယခုလည်း ပေါ်လာပြန်ပြီ။

မြင်ကွင်းကို ကြည့်ရသည်မှာ ပြီးခဲ့သည့်တစ်ကြိမ်ထက်ပင် ပို၍ ခမ်းနားကြီးကျယ်လှသည်။

ကျင့်ကြံသူအားလုံး ထိုးထွင်းဉာဏ်များ ရယူရန်အတွက် နှစ်မြုပ်နေကြသည်။

ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာအမူအရာမှာ အလွန်ပင် စကားမပြောနိုင်ဖြစ်နေသည်။

"ဒီကောင်လေး၊ ကောင်းကင်ကပ်ဘေးနဲ့ ကြုံတိုင်း ထိုးထွင်းဉာဏ်ရတယ်။ ဒီထိုးထွင်းဉာဏ်က တာအိုအလင်းတန်းကိုပါ နှိုးဆွပေးတယ်။"

သူမ တစ်ကိုယ်တည်း ထပ်မံ ရေရွတ်နေပြန်သည်။

ထိုအတောအတွင်း သုန်းကုန်းမင်ယွဲ့နှင့်

လျိုနင်ရွှမ်းတို့သည် တာအိုအလင်းတန်း ပေါ်လာသည်နှင့် တစ်ပြိုင်နက် ထိုးထွင်းဉာဏ်များ ရယူရန် စူးစိုက်လိုက်ကြတော့သည်။

နှစ်ဦးစလုံးသည် အလွန်မြင့်မားသော ပါရမီရှင်များ ဖြစ်ကြသည်။ သူတို့၏ တာအိုနှင့်ပတ်သက်၍ ထိုးထွင်းဉာဏ်များစွာ ရရှိထားပြီးဖြစ်ရာ ထိုတာအိုအလင်းတန်းမှ ပို၍ပင် များပြားစွာ ရရှိခဲ့ကြသည်ပင်။

မကြာမီ ပထမလှိုင်း ကောင်းကင် ကပ်ဘေး ပြီးဆုံးသွားသည်။ ဒုတိယလှိုင်း စတင်ပေါ်ပေါက်လာသည်။

ဒုတိယလှိုင်း ကောင်းကင် ကပ်ဘေးသည်လည်း ကောင်းကင်မိုးကြိုးအဖြစ် ပြောင်းလဲလာသည်။

၎င်းက ပထမလှိုင်းထက် ပိုမိုအားကောင်းပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကျင့်ကြံခြင်းရတနာများ ပါဝင်၏။

ခရမ်းရောင်ကောင်းကင်မိုးကြိုးတွင် ဖြူစွတ်စွတ် စီးဆင်းနေသည့် အလင်းတန်းများ ပါဝင်လာပြီး ဖော်ပြ၍မရသည့် ဖျက်ဆီးခြင်းအရှိန်အဝါကို သယ်ဆောင်လာ၏။

သို့သော် ထိုကဲ့သို့ ကောင်းကင် ကပ်ဘေးသည်

လုရီကို အနည်းငယ်မျှပင် ထိခိုက်စေခြင်း မရှိပေ။

ထို့နောက် တတိယလှိုင်း၊ စတုတ္ထလှိုင်း…

တောကျက်တီးမြေသည် ကီလိုမီတာ ရာပေါင်းများစွာ ကျယ်ဝန်းသည့် နက်ရှိုင်းသော ချိုင့်ခွက်အဖြစ် ပြောင်းလဲသွားသော်လည်း လုရီသည် ကောင်းကင်မိုးကြိုးအောက်တွင် ငြိမ်သက်စွာ ရပ်နေဆဲ ဖြစ်ရာ လူတိုင်းအား ထုံပေပေ ဖြစ်စေခဲ့သည်။

ယခုတစ်ကြိမ်တွင် ကောင်းကင်မိုးကြိုးလှိုင်း ကိုးလှိုင်း ပစ်ချခဲ့သည်။

ကိုးကြိမ်မြောက် ကောင်းကင်မိုးကြိုးလှိုင်းသည်လည်း ဖြူစင်သည့် မိုးကြိုးအလင်းတန်းအဖြစ် ပြောင်းလဲသွား၏။

ကောင်းကင်နှင့်မြေကြီး နှစ်ခုစလုံးကို ဖျက်ဆီးနိုင်သည့် စွမ်းအားက ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ အကြီးအကဲမင်ကိုပင် ကျောရိုးထဲ စိမ့်စေခဲ့သော်လည်း လုရီကို ထိခိုက်စေရန်

မအောင်မြင်ခဲ့ပေ။

မိုးကြိုးအလင်းတန်းများ မှေးမှိန်သွားပြီး မိုးတိမ်နက်များ ပြန့်ကျဲသွားသောအခါ လုရီ၏ အရှိန်အဝါ ငြိမ်သက်သွားတော့သည်။ ထိုအချိန်တွင် သူသည် နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ တစ်ပါး ဖြစ်နေချေပြီ။ လုရီ၏ မျက်လုံးများ စိတ်လှုပ်ရှားစွာ တောက်ပနေလေသည်။

သူသည် နောက်ဆုံးတွင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ တက်လှမ်းနိုင်ခဲ့လေပြီ

မဟုတ်ပါလော။

ယခင်က အခြေတည် ဝိဉာဉ်နယ်ပယ်သို့ တက်လှမ်းခဲ့စဉ်ကလည်းသူ့ကိုယ်သူ အလုပ်တစ်ခု သတ်မှတ်ခဲ့ဖူးပြီး ထိုအလုပ်၏ ဆုလာဘ်များမှာ မယုံနိုင်လောက်အောင်ပင် များပြားခဲ့လေသည်။

အခန်း ၃၀၉- တစ်ဆယ်စုနှစ်ဆိုတာ တစ်စက္ကန့်...

~[အလုပ်]

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ တက်လှမ်းပါ (ပြီးစီး)

ဆုလာဘ်-ဉာဏ်အလင်း လက်ဖက်ခြောက် ၂၀ ပိဿာ၊ကောင်းကင်နှလုံးသားသစ်သီး ၁၀ လုံး၊ အဆင့်မြင့်ဝိဉာဉ်လက်နက် 'တုန်ခါအလင်းဓား'၊ အဆင့်မြင့်ဝိဉာဉ်လက်နက် 'အစိမ်းရောင်အလင်းကောင်းကင်ကျော်နင်းဖိနပ်'၊ ဟင်းလင်းပြင်ဥမင်နယ်ပယ်သိုင်းနည်းစနစ် 'ကမ္ဘာအဆုံးနင်းခြေခြင်း'၊ သီးခြားသိုင်းစွမ်းရည်အဆင့် +၃

ဆုလာဘ်များ ထုတ်ယူလိုပါသလား-ထုတ်ယူမည်/မထုတ်ယူပါ။

ပြောရလျှင် လုရီ၏ ကျင့်ကြံမှုအဆင့် တိုးတက်လာသည်နှင့်အမျှ နယ်ပယ်မြင့်တက်ခြင်းအတွက် ဆုလာဘ်များမှာ ပို၍ပင် ရက်ရောလာသည်။ ဉာဏ်အလင်းလက်ဖက်ခြောက်ပင်လျှင် ပိဿာ ၂၀ ရှိလာ၏။ လုရီ မြင်လိုက်ရသောအခါ အတော်ပင် အံ့အားသင့်သွားတော့သည်။

ဤသည်မှာ ဉာဏ်အလင်းလက်ဖက်ခြောက် ဖြစ်ကြောင်း သိထားရမည်လေ။ နားလည်နိုင်စွမ်းကို မြှင့်တင်ပေးနိုင်သည့် ကောင်းကင်နှင့် မြေကြီး၏ရတနာပင်။

ပိဿာဖြင့် တိုင်းတာရခြင်းမှာပင် လွန်ကဲလှပြီ။ သို့တိုင် ပိဿာ ၂၀ အပြည့်ပင် ရှိနေသည်။

လုရီ ချွေတာ၍ သုံးစွဲမည်ဆိုပါက

ဤ ဉာဏ်အလင်းလက်ဖက်ခြောက် ပမာဏသည် နှစ်တစ်ရာခန့် အသုံးပြုနိုင်ပေလိမ့်မည်။

ကောင်းကင်နှလုံးသားသစ်သီးများမှာ ကောင်းကင်တာအိုကို နားလည်သဘောပေါက်စေနိုင်သည့် အစွမ်းထက် ဝိဉာဉ်သစ်သီးများဖြစ်သည်။ တာအိုသိုင်းပညာများကို နားလည်နိုင်စွမ်း မြှင့်တင်ပေးနိုင်ပြီး ရုတ်ချည်း ဉာဏ်အလင်းကိုပင် နှိုးဆွပေးနိုင်သည်။

လုရီအတွက်မူ ၎င်းတို့သည် သိပ်မလိုအပ်လှ။ အဘယ်ကြောင့်ဆိုသော် သူသည် တစ်လလျှင် တစ်ကြိမ် ရုတ်ချည်း ဉာဏ်အလင်း ရယူနိုင်ပြီး နေ့စဉ် ဉာဏ်အလင်းလက်ဖက်ခြောက်ကို သောက်သုံးနေသောကြောင့်ပင်။ သို့သော် အခြားကျင့်ကြံသူများအတွက်မူ ၎င်းတို့သည် အလွန်အကျိုးပြုသည်။ ၎င်းတို့ကို သူ့စီနီယာအစ်မများအား နောက်ပိုင်းတွင် ပေးရန် စီစဉ်ထားသည်။

အဆင့်မြင့် ဝိဉာဉ်လက်နက်နှစ်ခု ပါဝင်သည်။ သူ၏ ကောင်းကင်အခင်းအကျင်းမြေပုံနှင့် မှော်ကြယ်တာရာခေါင်းလောင်းတို့သည် သူ့တိုက်ခိုက်ရေးစွမ်းရည်ကို များစွာ တိုးမြှင့်ပေးပြီးဖြစ်သည်။ ၎င်းတို့မှာ အလယ်အလတ်အဆင့် ဝိဉာဉ်လက်နက်များသာ ဖြစ်သည်။ ဤအဆင့်မြင့်

ဝိဉာဉ်လက်နက်များ မည်မျှအစွမ်းထက်မည်ကို စဉ်းစားကြည့်နိုင်တော့သည်။

ထို့အပြင် ဟင်းလင်းပြင်ဥမင် နယ်ပယ်သိုင်းနည်းစနစ် "ကမ္ဘာအဆုံးနင်းခြေခြင်း" လည်း ပါဝင်သည်။ ၎င်းသည် အလွန်အစွမ်းထက်သော ကိုယ်ဖော့သိုင်းပညာဖြစ်သည်။ နက်ရှိုင်းစွာ ကျင့်ကြံပါက တစ်လှမ်းတည်းဖြင့် မိုင်တစ်ထောင်ခရီးကို ဖြတ်သန်းနိုင်ပြီး လုရီ လက်ရှိအသုံးပြုနေသည့် မူလလွတ်မြောက်ဓား

ကိုယ်ဖော့သိုင်းထက် သာလွန်ကာ သူ့အတွက် အထူးသင့်တော်လှသည်။

သီးခြားသိုင်းစွမ်းရည်အဆင့် သုံးဆင့်မြှင့်တင်ပေးသည့် နောက်ဆုံးဆုလာဘ်သည်လည်း လုရီအတွက် အဖိုးတန်လှသည်။ သူ၏သိုင်းပညာများနှင့် ကျင့်ကြံခြင်းနည်းစနစ်များ နက်ရှိုင်းသောအဆင့်သို့ ရောက်ရှိနေပြီဖြစ်ရာ ဤဆုလာဘ်ကို အသုံးပြုခြင်းဖြင့် အချိန်များစွာ သက်သာစေနိုင်သည်။

လုရီ ပျော်ရွှင်နေသော်လည်း ဆုလာဘ်ကို ချက်ချင်း ထုတ်ယူရန် မစောခဲ့ပေ။

မိုးတိမ်နက်များ ပြန့်ကျဲပြီး ကောင်းကင်ဘေးဆိုး ပြီးဆုံးသွားသည်နှင့်အမျှ လုရီပတ်ဝန်းကျင်ရှိ ဆန်းကြယ်မြင်ကွင်းများလည်း မှေးမှိန်သွားသည်။ ထိုဆန်းကြယ်မြင်ကွင်းမှ ထိုးထွင်းဉာဏ်ရယူရန် နှစ်မြုပ်နေခဲ့ကြသည့် တပည့်များလည်း တဖြည်းဖြည်း သတိပြန်ဝင်လာကြသည်။

အားလုံးသည် ကိုယ်ပိုင်အကျိုးအမြတ်များ ရရှိခဲ့ကြသည်။ အားလုံး အကြီးအကျယ် အံ့အားသင့်နေကြသည်။ အချို့က ပေါ့ပေါ့ပါးပါး ရယ်မောကြသည်။ အချို့က စိတ်လှုပ်ရှားစွာ မျက်မှောင်ကြုတ်ကြသည်။ အချို့ဆိုလျှင် တိမ်ဖြူဂိုဏ်းသို့ ချက်ချင်းပျံသန်းပြန်သွားကာ အဆင့်တက်လှမ်းရန် အခွင့်အရေးကို ဆုပ်ကိုင်ယူကြသည်။

ဝူချင်းဖုန်းနှင့် တိမ်ဖြူဂိုဏ်းမှ အခြားသော အင်အားကြီး ပုဂ္ဂိုလ်များလည်း အကျိုးအမြတ်များ ရရှိခဲ့ကြသည်။

ယခုအခိုက်အတန့်တွင် တိမ်ဖြူဂိုဏ်းအတွင်းမှ မဟာ အကြီးအကဲ တစ်ပါး၏ မျက်လုံးများ အလွန် တောက်ပနေသည်။ သူ့အသံက တုန်ရီနေသည်။

"ငါ နားလည်ပြီ!"

နောက်တစ်ခဏတွင် သူသည် အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တိမ်ဖြူဂိုဏ်းသို့ တဟုန်ထိုး ပျံသန်းသွားတော့သည်။

အခြားသူများလည်း အလားတူပင် ပျော်ရွှင်နေကြသည်။ ၎င်းသည် တိမ်ဖြူဂိုဏ်းသည် ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူ နောက်တစ်ပါးကို ထပ်မံ ရရှိတော့မည်ကို ဖော်ပြနေခြင်းပင်!

ထို့မျှမက ဝူချင်းဖုန်းကဲ့သို့သော ပုဂ္ဂိုလ်များသည်လည်း သိသာထင်ရှားသည့် ထိုးထွင်းဉာဏ်များ ရရှိခဲ့ကြပြီး ဟင်းလင်းပြင်ဥမင် နယ်ပယ်နှင့် ပိုမိုနီးစပ်လာခဲ့ကြသည်။

မကြာမီပင် သူတို့လည်း ဟင်းလင်းပြင်ဥမင် နယ်ပယ်ကို ချိုးဖြတ်နိုင်တော့မည် ဖြစ်နိုင်ပါသည်။

ဟင်းလင်းပြင်ဥမင် အဆင့် ကျင့်ကြံသူများ ပိုမိုပေါ်ထွက်လာသည်နှင့်အမျှ တိမ်ဖြူဂိုဏ်း၏ အင်အားသည်လည်း နောက်တစ်ဆင့်သို့ မြင့်တက်လာသည်။

"ကျုပ်တို့ တိမ်ဖြူဂိုဏ်း ပိုပြီး စည်ပင်နေပြီ!" ဟု

ဝူချင်းဖုန်းက ပြုံးရွှင်စွာ ပြောလိုက်သည်။

"ဟုတ်တယ်။ ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတွေ ပိုများလာတယ်။" အကြီးအကဲမင်၏ ခန္ဓာကိုယ်ထဲတွင် ဓားစိတ်ဆန္ဒများ စီးဆင်းနေသည်။

သူသည် အကျိုးကျေးဇူးများစွာ ရရှိခဲ့သည်။ အထူးသဖြင့် လုရီက သူ့ကို ဓားစိတ်ဆန္ဒ နားလည်မှုကို အထောက်အကူပြုမည့် ရတနာများစွာ ပေးထားခဲ့သောကြောင့်ပင်။

ထို့နောက် တိမ်ဖြူဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်အမျိုးမျိုးတို့က လုရီကို ချီးကျူးဂုဏ်ပြုရန် လာရောက်ခဲ့ကြသည်။

တိမ်ဖြူဂိုဏ်းမှ အဆင့်မြင့်ပုဂ္ဂိုလ်များသာမက နန်ကုန်းမိုယွီကဲ့သို့သော တပည့်များလည်း

လုရီ၏ နယ်ပယ် ချိုးဖြတ်မှုကို ဂုဏ်ပြုခဲ့ကြသည်။

လုရီ ပြုံးကာ တစ်ဦးချင်းစီအား တုံ့ပြန်ခဲ့သည်။

သို့သော် နောက်ဆုံးတွင် လူများ အလွန်များပြားပြီး သူတို့၏ စိတ်အားထက်သန်မှုက ကြီးမားလှသဖြင့် သူ ထွက်ပြေးရုံမှတစ်ပါး အခြားရွေးချယ်စရာ မရှိခဲ့ရှာပေ။

နောက်ရက်များတွင် လုရီ အလွန်အလုပ်များနေခဲ့သည်။ တပည့်များစွာ လုရီ၏ ဂူစံအိမ်သို့ လာရောက်ကာ သူ၏နယ်ပယ် ချိုးဖြတ်မှုကို ဂုဏ်ပြုကြသည်။ လုရီနှင့် ခင်မင်ရင်းနှီးသော ကျင့်ကြံသူအချို့ဖြစ်သည့် ကျန့်ဖန်တို့သုံးဦး၊ နန်းကုန်းမိုယွီနှင့် ရှဲထျန်းမင်ကဲ့သို့သော စီနီယာအစ်ကို၊ အစ်မများ၊ ဟန်ယွီကဲ့သို့သော အခြားဂိုဏ်းများမှ တပည့်များအားလုံးက လုရီကို ဂုဏ်ပြုပွဲများ ကျင်းပပေးခဲ့ကြသည်။

လုရီ၏ နယ်ပယ် ချိုးဖြတ်မှုသတင်းသည် သဘာဝအတိုင်းပင် ပြန့်နှံ့သွားသည်။

ပြောရမည်ဆိုလျှင် ဂယက်ရိုက်ခတ်မှုက ကြီးမားလှသည်။ သူ တိမ်ဖြူဂိုဏ်း အပြင်ဘက်တွင် နယ်ပယ် ချိုးဖြတ်ခဲ့စဉ်က အနီးအနားရှိ တောပုန်းကျင့်ကြံသူများပင် ကောင်းကင်

ကပ်ဘေးကို သတိပြုမိခဲ့ကြပြီး လုရီမှ ထုတ်လွှတ်သည့် ထိုးထွင်းဉာဏ်ရသော ဆန်းကြယ်အလင်းတန်းမှ အကျိုးကျေးဇူးများစွာ ရရှိခဲ့ကြသည်။

၎င်းသည် ကျင့်ကြံသူများစွာကို အကြီးအကျယ် အံ့အားသင့်စေခဲ့သည်။ လုရီ၏ နယ်ပယ်ချိုးဖြတ်မှုနှင့် သူ၏ ကောင်းကင်ကပ်ဘေးက သူတို့အား ထိုကဲ့သို့သော အခွင့်အရေးကို ပေးနိုင်မည်ဟု မည်သူက ထင်ခဲ့ပါမည်နည်း။

အချို့ ကျင့်ကြံသူများသည် သူတို့၏ သိုင်းပညာများကို တိုးတက်စေခဲ့သည်။ အချို့က သူတို့၏ ကျင့်ကြံခြင်းနည်းစနစ်များကို ပိုမိုကောင်းမွန်စေခဲ့သည်။ အချို့ဆိုလျှင် တာအိုကိုပင် နားလည်သဘောပေါက်ကာ သူတို့၏ ကျင့်ကြံမှုရှိ အခက်အခဲများကို သိသိသာသာ လျော့ပါးစေခဲ့သည်။

ဤသတင်းသည် ကောင်းကင်မိုးကြိုးအသွင်ပြောင်းမှုနှင့်အတူ ကျင့်ကြံသူများစွာကြားတွင် ပြန့်နှံ့သွားပြီး ချင်းကျိုးတစ်ခွင်ကို လွှမ်းခြုံကာ အရှေ့နယ်မြေရှိ အခြားဂိုဏ်းများသို့ပါ ရောက်ရှိသွားသည်။

လုရီသည် အင်မော်တယ်သိုင်းကျမ်းကို ပိုင်ဆိုင်ထားခြင်း၊ ဓားတာအို အစည်းအဝေးနှင့်

အင်မော်တယ်ဓားဂိုဏ်းပျက်စီးရာနေရာတွင် သူ၏ အံ့မခန်း လုပ်ဆောင်ချက်များကြောင့် နာမည်ကျော်ပြီးဖြစ်သည်။ အထွတ်အထိပ် အင်မော်တယ်တစ်ပါး၏ လေးစားမှုကိုပင် ရရှိထားရာ သူ၏ ဂုဏ်သတင်းသည် အရှေ့နယ်မြေတစ်ခွင်သို့ ကြာမြင့်စွာကတည်းက ပြန့်နှံ့နေခဲ့သည်။

အထူးသဖြင့် အချို့သော မဟာအင်အားကြီးများကြားတွင် လုရီနှင့်ပတ်သက်သည့် သတင်းများကို အထူးဂရုပြုကြသည်။ အင်မော်တယ်သိုင်းကျမ်း မရှိသော အင်အားကြီးကျင့်ကြံသူများစွာသည် သူ၏လက်ဝယ်ရှိ အင်မော်တယ်သိုင်းကျမ်းကို လက်ရှိတွင် အာရုံစိုက်နေကြပြီး ၎င်းကို အလွယ်တကူ စွန့်လွှတ်ရန် မလိုလားသည့် ရှားပါးအခွင့်အရေးတစ်ခုအဖြစ် ရှုမြင်နေကြသည်။

ထိုကဲ့သို့သော သတင်းကို ကြားရသောအခါ မဟာအင်အားကြီးများစွာ အကြီးအကျယ် အံ့အားသင့်သွားကြတော့သည်။

ထောက်ရှုရမည်ဆိုလျှင် ကောင်းကင်မိုးကြိုးအသွင်ပြောင်းခြင်း၏ အရေးပါမှုက ကြီးမားလှလေသည်။ ရှေးဟောင်းကျမ်းများစွာတွင် မှတ်တမ်းတင်ထားသည်မှာ ရှေးခေတ်ကာလများတွင်ပင် အထူးပါရမီရှင် ကျင့်ကြံသူများသာ ထိုကဲ့သို့သော ပေးစွမ်းမှုကို ရရှိခဲ့ကြသည်ဟု ဆိုသည်။

All Chapters