← Chapters

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း (၃၁၀-၃၁၂)

Vol. 21 Ch. 310-312

အခန်း ၃၁၀- တစ်ဆယ်စုနှစ်ဆိုတာ တစ်စက္ကန့်...

~ဤသတင်းသည် ဂိုဏ်းပေါင်းစုံမှ ထူးချွန်ပြောင်မြောက်သူများကြား ပျံ့နှံ့သွားသောအခါ

ချင်းကျိုးပြည်တစ်ခွင် လှုပ်လှုပ်ရှားရှား ဖြစ်သွားတော့သည်။

နားလည်ရမည်မှာ… လုရီသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိကာစ ဖြစ်သော်ငြား၊ ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူများကိုပင် လုံးဝဥဿုံ ဖိနှိပ်နိုင်စွမ်းမရှိအောင် ပြုလုပ်နိုင်ခဲ့ခြင်းပင် ဖြစ်ချေသည်။

ထို့ကြောင့်ပင် ဤမျှ ကြီးမားသည့် တုန်လှုပ်ချောက်ချားမှုကို ဖြစ်ပေါ်စေခဲ့သည်မှာ အံ့ဩစရာ မဟုတ်ချေ။

သို့သော်လည်း ကျင့်ကြံသူ အများအပြားက လုရီ၏ ယခင် မှတ်တမ်းဟောင်းများကို ပြန်လည်စဉ်းစားမိသည့်အခါ... သူသည် နယ်ပယ်မတက်မီကပင် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူကို သုတ်သင်ခဲ့ပြီး ဖြစ်၏။ ထို့ပြင် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူ၏ လက်မှပင် လွတ်မြောက်ခဲ့ကာ ဂိုဏ်းတစ်ခုကိုပင် ဖျက်ဆီးခဲ့ဖူးသည် မဟုတ်လော။

နယ်ပယ် ချိုးဖြတ်ပြီးနောက် လုရီသည် သူ့နည်းလမ်းများဖြင့် ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူနှင့် ရင်ဆိုင်ရန် အမှန်တကယ် အခွင့်အရေးရှိလိမ့်မည် ဖြစ်၏။

ဤအတွေးက ကျင့်ကြံသူတို့၏ ရင်ကို တဒိတ်ဒိတ်ခုန်စေ၏။ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူတစ်ဦး ဤကဲ့သို့ ပြုလုပ်နိုင်ခြင်းမှာ စိတ်ကူးပင် မယဉ်နိုင်စရာ ကောင်းလှသည် မဟုတ်ပါလား။

ဤဂိုဏ်း၏ မဟာအင်အားကြီးများအပြင် အခြားသော သိုင်းသမားကြီးများစွာလည်း အသံကုန်ဟစ်ကာ ထောက်ခံပြောဆိုလာတော့၏။

“လုရီက နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ရောက်သွားခဲ့ပြီတဲ့... သူ့ရဲ့ အင်မော်တယ်သိုင်းကျမ်းကို မက်မောနေတဲ့ ကြွက်တွေ၊ စဉ်းစားကြဦးပေါ့။ ကြိုးစားလုယူလို့ ကလေးတစ်ယောက်ရဲ့ ဖိနှိပ်ခြင်းကို ခံရမယ့်အစား မလုပ်တာပဲ ကောင်းမယ် ထင်ရဲ့!”

နတ်ဓားမြို့တော်မှ တင်းချင်းက မျက်နှာတွင် အေးစက်စက် လှောင်ပြုံးဖြင့် ပြောလိုက်၏။ ထိုစကားက တစ်ဟုန်ထိုး ပျံ့နှံ့သွားတော့သည်။

ဓားတာအိုအစည်းအဝေး ကတည်းက နတ်ဘုရားဓားဂိုဏ်းမှ သိုင်းသမားကြီးများက လုရီကို အလွန် အလေးအနက်ထားခဲ့ကြသည်မှာ အားလုံးသိပြီးသား ဖြစ်၏။ ဂိုဏ်းဝင်ရန် အကြိမ်ကြိမ်ပင် ဖိတ်ခေါ်ခဲ့ဖူးသော်လည်း လုရီက လက်မခံခဲ့သည်မှာ ဝမ်းနည်းစရာ ကောင်းလေသည်။

နတ်ဓားဂိုဏ်း၏ ဂိုဏ်းချုပ်ဟောင်းပင်လျှင် အခြားသော သိုင်းသမားကြီးများနှင့် စကားပြောဆိုရာတွင် လုရီသည် မွေးရာပါ ဓားအင်မော်တယ်ဖြစ်ကြောင်း ချီးကျူးမြှောက်စားခဲ့သည် မဟုတ်ပါလား။

အင်မော်တယ်ဓားဂိုဏ်း၏ အပျက်အစီးများထဲတွင် လုရီသည် နတ်ဘုရားဓားဂိုဏ်းမှ ထူးချွန်သူများနှင့်ပင် လက်တွဲ လုပ်ဆောင်ခဲ့သည်ကို ကြည့်ခြင်းအားဖြင့် သူတို့၏ ဆက်ဆံရေး မည်မျှ ကောင်းမွန်ကြောင်း သိသာလေ၏။

လုရီသည် မဟာအင်အားကြီးများ၏ ပစ်မှတ်ဖြစ်လာသောအခါ နတ်ဘုရားဓားဂိုဏ်းက လုရီကို ပွင့်ပွင့်လင်းလင်း ထောက်ခံခဲ့သည် မဟုတ်ပါလား။

သို့တိုင် နတ်ဓားဂိုဏ်း၏ ဂုဏ်သိက္ခာကို

မလေးစားဘဲ လုရီကို တိုက်ခိုက်ရန် အတင်းအကျပ် ဆောင်ရွက်ခဲ့ကြသည့် ကောက်ကျစ်သူ အချို့ ရှိခဲ့သည်ကြောင့် ဂိုဏ်း၏ မနှစ်မြို့မှုကို သဘာဝအတိုင်း ရရှိခဲ့ကြတော့သည်။

ယခုအချိန်တွင် လုရီ နယ်ပယ်ချိုးဖြတ်သွားသောအခါ နတ်ဘုရားဓားဂိုဏ်း၏ အထက်ပိုင်း အကြီးအကဲများမှာ သူတစ်ပါး ဒုက္ခရောက်သည်ကို ပျော်ရွှင်သောစိတ်ဖြင့် ပြုံးရယ်နေမိကြချေ၏။

နတ်ဘုရားဓားဂိုဏ်းတင်မက၊ အင်ပါယာဓားဂိုဏ်းမှ မဟာယာနကျင့်ကြံသူ နန်ယွီချင်းကလည်း ခဏခဏ နှာခေါင်းရှုံ့ကာ ပြောလိုက်လေ၏။

“လူငယ်လေးတစ်ယောက်ဆီက အင်မော်တယ်ကျမ်းတွေကို အတင်းအကျပ် လုယူဖို့ ကြိုးစားတဲ့သူတွေရှိတယ်ဆိုတာ… အသက်ကြီးလာလေ၊ မိုက်မဲလာလေဆိုတာမျိုးကို ပြောတာပဲ။ အခု ကောင်လေးလုရီ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ရောက်သွားခဲ့ပြီ။ အဲ့ဒီ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်က ကောင်လေးတွေ

အရင်ဆုံး တိုက်ခိုက်ရဲရင် ငါ ဘာတစ်ခွန်းမှ

မပြောတော့ဘူး!”

ထိုအခါ ထိုက်ရီမြင့်မြတ်နယ်မြေမှ ယွမ်ကျင်းကလည်း ရယ်မောပြောဆိုလိုက်၏။

“ကလေးလုက အင်မော်တယ်တွေတောင် ချီးကျူးရတဲ့ ပါရမီရှင်ပဲ။ အနှစ် (၁၀၀) မပြည့်သေးခင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ရောက်သွားခဲ့တာ… တော်ရုံတန်ရုံ ပါရမီရှင်မျိုး မဟုတ်ဘူး။ နောက်ထပ် နှစ် (၃၀၀) လောက်ဆို အဘိုးကြီးတချို့ ကောင်းကောင်းအိပ်ရတော့မှာ မဟုတ်ဘူးထင်ပါရဲ့… ကံဆိုးတာက ကောင်လေးလုရဲ့ အခင်းအကျင်းတာအိုမှာ ပါရမီက အတုမရှိပေမယ့် အဲ့ဒါကိုပဲ အာရုံစိုက်မလုပ်နိုင်တာပဲ… ထိုက်ရီမြင့်မြတ်နယ်မြေကို လာလည်ဖို့ အခွင့်အရေးသာ ရခဲ့ရင်တော့ အကောင်းဆုံးပဲပေါ့လေ။”

လေ့ယင် မြင့်မြတ်နယ်မြေ၊ ကောင်းကင် နဂါးမြင့်မြတ်နယ်မြေအပြင် အခြားသော အင်မော်တယ်ဂိုဏ်းမြင့်မြတ်နယ်မြေများနှင့် ထိပ်တန်းမဟာဂိုဏ်းများစွာကလည်း ထပ်မံထောက်ခံပြောဆိုကြပြန်ရာ သူတို့၏ စကားများမှာ တော်တော်လေး ပြင်းထန်လှ၏။

ကျင့်ကြံသူများမှာ စကားပင်မပြောနိုင်အောင် ဖြစ်ရလေသည်။ ဤအင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေများသည် ရပ်နေရင်း စကားပြောရခြင်း၏ နာကျင်မှုကို အမှန်တကယ် မသိကြသည်ပဲ ဖြစ်တော့၏။

သူတို့ကိုယ်တိုင်က နတ်ဘုရားအဖြစ် တက်လှမ်းရန် လမ်းခင်းပေးသော အင်မော်တယ်ကျမ်းများကို ပိုင်ဆိုင်ထားကြသည်ကြောင့် လုရီပိုင်ဆိုင်သော အင်မော်တယ်ကျမ်းများကို သဘာဝအတိုင်း ဂရုမစိုက်ကြပေ။ သို့သော် လမ်းဆုံးနေပြီဖြစ်သော ကျင့်ကြံသူများအတွက်မူ လုရီပိုင်ဆိုင်သော အင်မော်တယ်ကျမ်းများသာလျှင် သူတို့၏ တစ်ခုတည်းသော အခွင့်အရေး ဖြစ်လေသည်။

သို့သော်လည်း အရှေ့ဒေသ၏ ထိပ်တန်းအင်အားစုများ ဖြစ်ကြသည်ကြောင့် ထိုသို့သော မှတ်ချက်များရှိနေသော်လည်း များများစားစား ရဲရဲပြောဝံ့သူများ မရှိကြပေ။ အများဆုံးဆိုလျှင်လည်း ပုဂ္ဂလိက တွေ့ဆုံမှုများတွင် အတင်းအဖျင်းများ ပြောဆိုကြရုံသာ ရှိတော့၏။

အင်မော်တယ်လမ်းကြောင်းနှင့် အလှမ်းဝေးနေသော ကျင့်ကြံသူအချို့အတွက်မူ လုရီ၏ နယ်ပယ်တက်လှမ်းခြင်းသည် ညစာစားပြီးနောက် စကားစမြည်ပြောဆိုစရာ ခေါင်းစဉ်တစ်ခုသာ ဖြစ်တော့၏။ မကြာခဏဆိုသလို ရှေးဟောင်းမြို့အသီးသီးရှိ ဈေးဆိုင်ငယ်လေးများတွင် ဆွေးနွေးပြောဆိုနေကြလေသည်။

“မွေးရာပါ ဓားအင်မော်တယ်က နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို အမှန်တကယ် တက်လှမ်းသွားခဲ့ပြီတဲ့။ သူ့ရဲ့ ကျင့်ကြံမှုအမြန်နှုန်းက… တကယ်ကို မိုက်မိုက်ရိုင်းရိုင်းပဲ။ အသက် (၁၀၀) တောင် မပြည့်သေးဘူး မဟုတ်လား!”

“… ဒါတွေ မပြောကြပါနဲ့တော့လားဗျာ။ ဒီရက်ပိုင်း နေ့တိုင်း ကြားနေရတာ စိတ်နှလုံးနာလှပြီ။ ကျွန်တော် အသက် (၁၀၀) တုန်းက ရွှေအူတိုင်နယ်ပယ်ကို တက်လှမ်းစပဲ ရှိသေးတယ်!”

“ဟာ! တာအိုကျင့်ကြံသူနင်၊ ခင်ဗျား အသက် (၁၀၀) မှာ ရွှေအူတိုင်ကျင့်ကြံသူ ဖြစ်နေခဲ့တာလား။ ခင်ဗျားလည်း ပါရမီရှင်တစ်ယောက် ဖြစ်နေမယ်လို့ မထင်ထားမိဘူးဗျာ။ ကျွန်တော်က အသက် (၁၀၀) မှာ အခြေတည်နယ်ပယ်မှာပဲ ရှိသေးတာဗျ…”

“ဒါပေမဲ့ စဉ်းစားကြည့်တော့ ခေတ်ကြီးက တကယ်ပဲ ပြောင်းလဲသွားပြီ။ အရှေ့ဒေသမှာ မွေးရာပါ ဓားအင်မော်တယ် လုရီလို ထူးချွန်တဲ့ ပါရမီရှင်၊ အတုမရှိ အင်မော်တယ်ပါရမီရှင်တစ်ယောက် ပေါ်ပေါက်လာတယ်။ မြောက်ပိုင်းနယ်မြေမှာလည်း အမြီး ကိုးချောင်း မိစ္ဆာဧကရာဇ်ရဲ့ အမွေခံ၊ မဟာယာနနယ်ပယ်တစ်ခွင်မှာ အနိုင်မခံ အရှုံးမပေးတဲ့သူ ပေါ်ထွက်လာတယ်။ ကျန်တဲ့ နယ်မြေသုံးခုမှာလည်း သူတို့ရဲ့ ပါရမီရှင်တွေ ရှိနေတယ်။ ဒီလို စည်ကားတာမျိုး မရှိတာ တော်တော်ကြာပြီ ”

“ဟုတ်တယ်လေ။ အရင် ထောင်စုနှစ်တွေတုန်းက ဘယ်သူမှ မတက်လှမ်းနိုင်ကြဘူး။ အခုကျမှ ရုတ်တရက် အင်မော်တယ်ဘဝကို တက်လှမ်းနိုင်စွမ်းရှိတဲ့ ပါရမီရှင်တွေ အများကြီး ပေါ်ထွက်လာတာ။ ဒီခေတ်ကြီးကတော့ စည်ကားတော့မယ်ထင်ပါရဲ့။”

“မှန်ပေ၏။ ဒီပါရမီရှင်တွေရဲ့ စရိုက်ကို ကြည့်ရင် တစ်ယောက်နဲ့တစ်ယောက် အရှုံးပေးကြမှာ မဟုတ်လောက်ဘူး။ စောစောစီးစီးပဲ ဖြစ်ဖြစ်၊ နောက်ကျမှပဲ ဖြစ်ဖြစ် တိုက်ပွဲတွေ ပေါ်ပေါက်လာလိမ့်မယ်။ သူတို့ရဲ့ ကိုယ်ပိုင်တာအိုကို အတည်ပြုဖို့လေ။”

“…”

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ လုရီနယ်ပယ်တက်သွားပြီဖြစ်၍ အခြား ထူးချွန်သော မိစ္ဆာများထဲမှ မည်သည့်ပါရမီရှင်များက ကျုံးပြည်သို့ လာရောက်ကာ လုရီနှင့် တာအိုကို ဆွေးနွေးငြင်းခုံကြမည်ကို ကျင့်ကြံသူများစွာ စူးစူးစမ်းစမ်း ဖြစ်နေကြတော့၏။

နောက်ဆုံးတွင် မည်သည့်ပါရမီရှင်သည် စစ်မှန်သော ထူးချွန်သူ ဖြစ်လာမည်နည်း၊ နတ်ဘုရားအဖြစ် တက်လှမ်းသည်အထိ ကမ္ဘာလောကကို လွှမ်းမိုးနိုင်မည်နည်းဆိုသည်မှာ မသိနိုင်သေးပေ။

ပြင်ပလောကမှ သတင်းများမှာ မုန်တိုင်းတစ်ခုနှယ် လုရီ၏ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ နယ်ပယ်တက်ခြင်းကြောင့် တုန်လှုပ်ချောက်ချားနေသော်ငြား လုရီကိုယ်တိုင်မူ ထိုအချိန်တွင် စိုးရိမ်ပူပန်ခြင်းမရှိချေ။

သူသည် နေ့တိုင်း စားသောက်နေရုံသာမက စားသောက်ပွဲများသို့ သွားနေရလေသည်။

ယွင်ရှီးနှင့် ဟန်ယွီ၊ အခြားသော ဂိုဏ်းမှ ထူးချွန်သူများပါ ရောက်ရှိလာကြသည်ကြောင့် နေ့တိုင်း အလွန် စည်ကားနေတော့သည်။

လုရီကတော့ ပျော်ရွှင်နေ၏။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်းလမ်းစဉ်သည် တင်းမာမှုပြီးနောက် အနားယူမှုလည်း လိုအပ်သည် မဟုတ်ပါလား။

သူသည် လွန်ခဲ့သော နှစ်အနည်းငယ်အတွင်း ကြိုးစားပမ်းစား ကျင့်ကြံခဲ့ပြီး ယခု နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ တက်လှမ်းနိုင်ပြီဖြစ်သည်ကြောင့် အနည်းငယ် အနားယူရန် တတ်နိုင်တော့သည် မဟုတ်ပါလား။

သူ့အတိတ်ကလည်း ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးဆုံးပြီးနောက် တော်တော်ကြာကြာ ပျော်ပျော်ပါးပါး နေခဲ့ဖူးသည် မဟုတ်ပါလား။

တစ်ဝက်လောက်ကြာသောအခါ ဂိုဏ်းအသီးသီးမှ တပည့်များလည်း ဤပွဲတော်ကို အပြီးသတ်ခဲ့ကြပြီး လုရီလည်း အေးချမ်းစွာ နေနိုင်တော့သည်။

ဟုတ်ပါ၏။ ပွဲလမ်းသဘင် ကာလ၊ စိတ်ဓာတ်များ မြင့်တက်နေချိန်တွင် လုရီသည် မိတ်ဆွေများနှင့် ဆွေမျိုးများနှင့်လည်း သိုင်းပညာဖလှယ်ခဲ့သေး၏။ ထို့နောက် ဆုလာဘ်အချို့လည်း ရရှိခဲ့လေသည်။

နောက်ထပ် တစ်လကြာသောအခါ ယွင်ရှီးလည်း ထွက်ခွာသွားတော့သည်။ သူမသည် လုရီ နယ်ပယ်တက်လှမ်းခြင်း သတင်းကို ရသည်နှင့် တပြိုင်နက် ရောက်ရှိလာခဲ့ပြီး တိမ်ဖြူဂိုဏ်းတွင်တော်တော်ကြာကြာ နေထိုင်ခဲ့သည်သာ။

အခန်း ၃၁၁- တစ်ဆယ်စုနှစ်ဆိုတာ တစ်စက္ကန့်...

~လုရီ ပြင်ပလောကသို့ ထွက်ခွာလာချိန်တွင်

ယွင်ရှီးက ပန်းတစ်သောင်းဂိုဏ်းသို့ လာရောက်လည်ပတ်ရန်ပင် ဖိတ်ခေါ်လိုက်သည်တကား။

ဤသည်မှာ သုန်းကုန်းမင်ယွဲ့ကို ယွင်ရှီးဘက်သို့ မသင်္ကာစိတ်ဖြင့် စိမ်းစိမ်းကြည့်စေခဲ့လေတော့၏။

မှန်ပါပေ၏။ ယွင်ရှီး ရှိနေစဉ်ကာလတစ်လျှောက်လုံး ထိုနှစ်ဦးမှာ ရန်ဖြစ်ခြင်း မရပ်စဲကြဘဲ နေ့တိုင်းလိုလို အငြင်းပွားရန် နီးစပ်နေကြသည်သာတည်း။ သုန်းကုန်းမင်ယွဲ့မှာ ယွင်ရှီး ထွက်ခွာသွားမည့်နေ့ကိုပင် အိပ်မက် မက်နေခဲ့ရတော့သည်။

ယွင်ရှီး ထွက်ခွာသွားပြီးနောက် သုန်းကုန်းမင်ယွဲ့မှာ ဝမ်းမြောက်ဝမ်းသာ တုံ့ခနဲဖြစ်ကာ လမ်းလျှောက်ရင်းပင် ခုန်ပေါက်နေတော့၏။

လျိုနင်ရွှမ်းတစ်ဦးတည်းသာ ပုံမှန်အတိုင်း အေးစက်သော မျက်နှာထားဖြင့် ကျန်ရစ်ခဲ့သည်။ အားလပ်ချိန်များတွင် သုန်းကုန်းမင်ယွဲ့အား ဖမ်းဆွဲ၍ ကျင့်ကြံရန် ခေါ်သွားလေ့ရှိ၏။

အစပိုင်းတွင် သုန်းကုန်းမင်ယွဲ့က ယွင်ရှီး ထွက်ခွာသွားပြီဖြစ်၍ လုရီနှင့် ဝိုင်အရက်ပိုသောက်ရမည်ဟု တွေးထင်ခဲ့သည်။ သို့သော် ကံမကောင်းစွာဖြင့် လျိုနင်ရွှမ်းက သူမ၏ ကြမ္မာကို လည်ပင်းကနေ ဆွဲကိုင်ထားခဲ့သည်တကား။ သူမမှာ လျိုနင်ရွှမ်းကို လုံးဝခုခံနိုင်စွမ်းမရှိဘဲ အလွန်အားနည်းနေခဲ့လေတော့သည်။

"စီနီယာအစ်မကြီး.. စုတ်ပြတ်သတ်နေပါစေ! ခင်ဗျား စောင့်နေလိုက်! ကျွန်မ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို ဖောက်ထွင်းပြီးတာနဲ့ ခင်ဗျားကို အသေအချာ လက်စားချေမှာပဲ!"

သုန်းကုန်းမင်ယွဲ့မှာ လျိုနင်ရွှမ်းက ဆွဲခေါ်သွားစဉ် ဒေါသတကြီး အော်ဟစ်ခြိမ်းခြောက်နေခဲ့လေ၏။

ကံမကောင်းစွာဖြင့်၊ သူမ စကားပြောပြီးသည်နှင့် လျိုနင်ရွှမ်းက ရေခဲတုံးလို အေးခဲအောင် လုပ်လိုက်ရာ စကားပြောဆိုနိုင်ခြင်းပင် မရှိတော့လေသည်။

"အား! မင်းက ယုတ်မာတဲ့ မိန်းမ! ငါ့ကို ဖိနှိပ်ရဲတယ်ပေါ့! မင်းပြီးပြီ၊ ငါ ယွင်ရှီးကို ကျော်လွန်သွားတာနဲ့ မင်းကိုလည်း ကျော်လွန်သွားမှာပဲ!" သုန်းကုန်းမင်ယွဲ့က လက်လျှော့ခြင်းမရှိဘဲ တုန်ခါနေသောအသံဖြင့် အသံ ပို့လွှတ်လိုက်လေ၏။

လျိုနင်ရွှမ်း၏ လှပသောမျက်နှာလေးမှာ အေးစက်နေဆဲပင်။ သူမက ရေခဲတုံးကို အေးဆေးစွာ လက်ညှိုးထိုးလိုက်ရာ သုန်းကုန်းမင်ယွဲ့၏ နတ်ဘုရားအာရုံကိုပါ ပိတ်ဆို့လိုက်ချေသည်။

ထို့နောက်တွင် သုန်းကုန်းမင်ယွဲ့မှာ တိတ်ဆိတ်သွားတော့သည်။

ထို့နောက် လျိုနင်ရွှမ်းက လုရီဘက်သို့ လှည့်လိုက်၏။ သူမ၏ အေးစက်သော မျက်နှာပေါ်တွင် ခပ်ပြုံးပြုံး ပြုံးယောင်သန်းနေသည်တကား။ "ဂျူနီယာမောင်လေး၊ နင် နားနေချိန်တွေ ရှိခဲ့တယ်ဆိုတော့ ကျင့်ကြံတာ ကောင်းပါတယ်။

လုရီက ရေခဲတုံးထဲတွင် ဖိနှိပ်ခံနေရပြီး မျက်လုံးလှန်ကာ အကူအညီတောင်းနေသော သုန်းကုန်းမင်ယွဲ့အား တစ်ချက်ကြည့်လိုက်သည်။ ထို့နောက် သူမကို လျစ်လျူရှုကာ လှည့်ထွက်သွားတော့၏။

သူက ကျေးဇူးတင်သော မျက်လုံးဖြင့် တစ်ချက်ကြည့်ကာ ပြုံးရွှင်စွာ ခေါင်းညိတ်လိုက်သည်။

"ဟုတ်ကဲ့၊ စီနီယာအစ်မ.. စီနီယာအစ်မ ဆက်ပြီး ကျင့်ကြံပါဗျာ။ ကျွန်တော် မကြာသေးခင်က အရင်းအမြစ်အတော်များများ တွေ့ခဲ့ရတယ်။ ဝိညာဉ်ခြင်ဆီတွေလည်း ပါပါတယ်။ အစ်မရဲ့ကျင့်ကြံမှုအတွက် အရင်းအမြစ်တွေ ထပ်လိုအပ်ရင် အားမနာဘဲ တောင်းခံပါနော်။"

လျိုနင်ရွှမ်းက သူမ၏ မဲနက်သော ရေတံခွန်ကဲ့သို့ ဆံပင်များကို ဖျတ်ခနဲ ခါလိုက်ရာ ဖျော့တော့သော၊ နူးညံ့သော ဘေးတစောင်းမျက်နှာလေး ပေါ်လာပြီး ခပ်ရေးရေး ခေါင်းညိတ်လိုက်သည်။ "အင်း၊ ငါ့မှာ အများကြီး ကျန်ပါသေးတယ်။ ဂျူနီယာမောင်လေး၊ နင်ပဲ ဆက်ကျင့်ကြံလိုက်တော့။"

လှည့်ကာ ထွက်ခွာသွားသော လျိုနင်ရွှမ်းနောက်တွင် သုန်းကုန်းမင်ယွဲ့ပါဝင်သော ရေခဲတုံးကြီးက လိုက်ပါလာခဲ့ပြီး နှစ်ဦးသား အလင်းတန်းအဖြစ် ပြောင်းလဲကာ ရုတ်ချည်းပျောက်ကွယ်သွားလေတော့၏။

လုရီသည် ထွက်ခွာသွားသော ပုံရိပ်များကို ကြည့်ရင်း ကူကယ်ရာမဲ့စွာ ခေါင်းခါလိုက်သည်။

ဂျူနီယာညီမလေးမှာ တကယ်ကို

မကြောက်မရွံ့သူဖြစ်သည်၊ သူ့စီနီယာအစ်မကိုပင် ဤမျှ ရဲရင့်စွာ စိန်ခေါ်ရဲပါသည်တကား။

ကံမကောင်းစွာဖြင့်၊ သူမမှာ လျင်မြန်စွာ ဖိနှိပ်ခံလိုက်ရတော့သည်။

ယွင်ရှီးနှင့် နှိုင်းယှဉ်ပါက လျိုနင်ရွှမ်းသည် စကားနည်းပြီး ရက်စက်ကြမ်းတမ်းသော အမျိုးအစားပင် ဖြစ်ချေသည်။

လုရီသည် သူ၏ ဂူစံအိမ်ကို ပိတ်ကာ ကျင့်ကြံတော့၏။

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့

အဆင့်ချိုးဖျက်ပြီးနောက်တွင်လည်း လုရီ၌ အရင်းအမြစ်များ မရှားသေးပေ။ အမှန်တကယ်ပင် သူ့စီနီယာအစ်မကလည်း နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ သိုင်းဖလှယ်ခြင်းအတွက် ဆုလာဘ်များမှာ နှစ်တစ်သောင်း ဝိညာဉ်ခြင်ဆီများပင် ဖြစ်သည်တကား။ ထို့အပြင် တိမ်ဖြူဂိုဏ်းအတွင်း၌ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ရှိ မဟာအကြီးအကဲများနှင့် ထိပ်တန်းသခင်များစွာလည်း စပယ်ယာလုပ်နိုင်ခဲ့ရာ ထိုသူတို့ထံမှလည်း နှစ်ပေါင်းတစ်သောင်းသား ဝိညာဉ်ခြင်ဆီများကို ရရှိနိုင်ခဲ့လေသည်။

လုရီက ယခင်က အများအပြား စုဆောင်းခဲ့ပြီး ယခုအခါ သူ့၌ ဝိညာဉ်ခြင်ဆီ ထောင်ပေါင်းများစွာ ရှိနေသဖြင့် လက်ရှိကျင့်ကြံမှုအတွက် လုံလောက်နေခဲ့သည်။

အခြား အရင်းအမြစ်များလည်း ပေါများနေသဖြင့် လုရီသည် သူ၏ ဂူအိမ်တော်အတွင်း၌ တည်ငြိမ်စွာ ဆက်လက်ကျင့်ကြံနေခဲ့လေတော့၏။

မျက်စိတစ်မှိတ်အတွင်းပင် ဆယ်နှစ်တာ ကာလကုန်ဆုံးခဲ့ချေပြီ။

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ စတင်

တက်လှမ်းစဉ်က လုရီသည် အင်မော်တယ်ဓားကျမ်း၏ နတ်ဘုရားအသွင်ပြောင်းအခန်းကို ကျင့်ကြံခဲ့၏။ ထိုကျင့်ကြံခြင်းနည်းစနစ်အဆင့်မှာ အနည်းငယ်နိမ့်ကျနေသောကြောင့် ထိရောက်မှုနည်းကာ နှေးကွေးခဲ့သည်သာတည်း။ သို့သော် လုရီသည် ရုတ်ချည်းဉာဏ်အလင်းပွင့်ခြင်းကို ထပ်ခါတလဲလဲ အသုံးပြုခဲ့ရုံသာမက နေ့စဉ် ဉာဏ်အလင်းပွင့်လက်ဖက်ရည်ကို သောက်သုံးခဲ့သဖြင့် သူ၏ ကျင့်ကြံခြင်းနည်းစနစ်အဆင့်မှာ လျင်မြန်စွာ တိုးတက်လာခဲ့လေသည်။

သူ၏ ကျင့်ကြံခြင်းနည်းစနစ်အဆင့်ကို အဆင့် ၇ အထိ တိုးတက်အောင် လုပ်ဆောင်ရန် ရှစ်နှစ်သာ ကြာမြင့်ခဲ့၏။ ထို့နောက် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ အဆင့်ချိုးဖျက်ခြင်းနှင့် ပတ်သက်သော အလုပ်များအတွက် ဆုလာဘ်များကို အသုံးပြုကာ သူ၏ ကျင့်ကြံခြင်းနည်းစနစ်ကို အမြင့်ဆုံးအဆင့်အထိ တိုက်ရိုက်မြှင့်တင်လိုက်လေတော့သည်။

ထို့နောက်တွင် သူ၏ ကျင့်ကြံခြင်းအရှိန်မှာ သိသိသာသာ တိုးလာခဲ့သည်။ နှစ်တစ်သောင်း ဝိညာဉ်ခြင်ဆီများကို ဆက်တိုက်အသုံးပြုခဲ့သဖြင့်

လုရီ၏ ကျင့်ကြံခြင်းအရှိန်မှာ အံ့မခန်း မြန်ဆန်လှသည်။

ဆယ်နှစ်မျှသာ ကုန်လွန်ခဲ့ပြီး လုရီသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ ဆဋ္ဌမအလွှာသို့ပင် ရောက်ရှိခဲ့ရာ ငါးဆင့် တိုးတက်ခဲ့သည်တကား။

မှန်ပါ၏၊ သူ၏ ကျင့်ကြံမှုအခြေခံကို မြှင့်တင်ခြင်းအပြင် လုရီသည် အခြားသော နယ်ပယ်များတွင်လည်း သိသိသာသာ တိုးတက်မှုများ ရရှိခဲ့လေသည်။

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ တက်လှမ်းခြင်းနှင့် သက်ဆိုင်သော ကောင်းကင်ကပ်ဘေးသည် လုရီအား သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်စေခဲ့သည်။ ယခုအချိန်တွင် သူ၏

' အင်မော်တယ်မိုးကြိုးနဂါး'သိုင်းစွမ်းရည်မှာ

'မဟာယာန' အဆင့်သို့ တိုးတက်လာခဲ့ချေပြီ။

လုရီက သူ၏ ကန့်သတ်ချက်အထိ ကျင့်ကြံနိုင်ပါက သူ၏ ကိုယ်ခန္ဓာသန့်စင်ခြင်းတာအိုသည် မဟာယာနကျင့်ကြံသူ၏ ခွန်အားအထိ ရောက်ရှိနိုင်ပေလိမ့်မည်။

နောက်တစ်ကြိမ် ကောင်းကင်ကပ်ဘေး ခံယူပြီးနောက်တွင် သူ၏ အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည်ကို ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ပင် မြှင့်တင်နိုင်တော့မည်ဖြစ်ပြီး ထို့နောက်တွင် အင်မော်တယ်သိုင်းကျမ်းနှင့် ဝေးကွာတော့မည် မဟုတ်ပေ။

ထိုအချိန်ကျလျှင် လုရီသည် သူကိုယ်တိုင်၏ အင်မော်တယ်သိုင်းကျမ်းတစ်ခုကို ဖန်တီးနိုင်တော့မည်ဖြစ်ရာ ဤသည်မှာ အလွန်စိတ်လှုပ်ရှားစေသော အရာတစ်ခု ဖြစ်ချေသည်။

ထို့အပြင် သူက အားလပ်ချိန်ရတိုင်း မှော်စွမ်းရည်အမျိုးမျိုးကို ကျင့်ကြံလေ့ရှိ၏။ ဉာဏ်အလင်းပွင့်လက်ဖက်ရည်ကို သောက်သုံးခြင်းအပြင် ကျင့်ကြံမှုအလုပ်များလည်း ပါဝင်သဖြင့် သူ၏ ကျင့်ကြံခြင်းအရှိန်မှာ သဘာဝအတိုင်း မြန်ဆန်လှပေသည်။

ဟင်းလင်းပြင်ဥမင်နယ်ပယ်၏ ကမ္ဘာအဆုံး

နင်းခြေခြင်း ခြေလှမ်းပညာကို ကျွမ်းကျင်ရန်

လုရီသည် ဆယ်နှစ်တာကာလ ကျင့်ကြံခဲ့ရပြီး အမြင့်ဆုံးအဆင့်သို့ပင် ရောက်ရှိခဲ့၏။

ပေါင်းစည်းခြင်း နယ်ပယ် စွမ်းရည် ဖြစ်သည့် "ကောင်းကင်ဖြိုခွဲ စည်းတံဆိပ်" ကိုပင် လုရီသည် အဆင့် ၇ အထိ ကျင့်ကြံခဲ့ပြီး စစ်မှန်လောကပြန်လည်ရောက်ရှိခြင်း နယ်ပယ်ကိုပင် ကျော်လွန်ခဲ့ချေပြီ။ ဤပေါင်းစည်းခြင်းစွမ်းရည်မှာ လုရီ၏ ကိုယ်ခန္ဓာသန့်စင်ခြင်းလမ်းကြောင်းနှင့် အလွန်သင့်လျော်သည်။

လုရီ၏ လက်ရှိစွမ်းအားဖြင့် ထိုပညာ၏ စွမ်းအားမှာ အတော်ပင် ကြောက်မက်ဖွယ်ကောင်းမည်ဖြစ်ရာ သူ့အတွက် အဓိက အားကိုးရာ လျှို့ဝှက်လက်နက်တစ်ခု ဖြစ်တော့သည်။

ထို့အပြင် လုရီသည် အံ့သြဖွယ်ကောင်းသော ပုံစံတစ်ထောင်အသွင်းပြောင်းလျှို့ဝှက်နည်းစနစ်ကိုလည်း အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံခဲ့ရာ ပြောင်းလဲခြင်း၏ အကျိုးသက်ရောက်မှုများကို ပိုမိုပြင်းထန်စေခဲ့ရုံသာမက သူ၏ မူလဇာစ်မြစ်ကို ပိုမိုကောင်းမွန်စွာ ဖုံးကွယ်နိုင်ခဲ့ရာ ယခင် အသွင်ပြောင်းလဲနည်းစနစ်ကို များစွာ ကျော်လွန်သွားခဲ့ချေသည်။

အလယ်အလတ်အဆင့် ဝိညာဉ်ပစ္စည်းဖြစ်သော အိပ်မက်တိမ်ကျောက်စိမ်းဆွဲကြိုးနှင့် ပူးပေါင်းဆောင်ရွက်မှုနှင့်အတူ လုရီသည် ယခုအခါ မဟာစွမ်းအားရှင်များ၏ ပစ်မှတ်ထားခြင်းမခံရဘဲ သွားလာနိုင်ပြီဟု ယုံကြည်စိတ်ချနေတော့သည်။

ဤဆယ်နှစ်တာကာလအတွင်း လုရီသည် ဂိုဏ်းအတွင်း၌သာ နေထိုင်ခဲ့ပြီး အပြင်သို့ မထွက်ခဲ့ပေ။

သို့သော် ကျန်းဖန်နှင့် သူ၏ အဖော်သုံးဦး

၊နန်းကုန်းမိုယွီနှင့် အခြားစီနီယာအစ်ကိုကြီးများ၊ အစ်မကြီးများကတော့ သဘာဝအတိုင်း အတွေ့အကြုံများ ရယူရန် အပြင်သို့ ထွက်ခွာခဲ့ကြသည်တကား။

ပြန်လည်ပေါင်းစည်းကြတိုင်း တာအိုကို ဆွေးနွေးကြရာ လုရီလည်း သူတို့ထံမှ အပြင်လောက၏ သတင်းများကို ရရှိခဲ့သည်။

လုရီအား အများဆုံး တုန်လှုပ်စေခဲ့သည်မှာ

ကျန့်ဖန်နှင့် အခြားသူများထံမှ ရရှိသော သတင်းဖြစ်၏။ နှစ်ပေါင်းများစွာကတည်းက ပင်လယ်မျိုးနွယ်များ ကုန်းပေါ်တက်လာကာ အရှေ့ဒေသ၏ ကမ်းရိုးတန်းနယ်စပ်များကို တိုက်ခိုက်ခဲ့ကြရာ ယခုအခါ ချင်းကျိုးနှင့် နီးကပ်သော အနေအထားအထိပင် ရောက်ရှိနေကြသည်တကား။

နှစ်ပေါင်းသုံးဆယ်ကျော်အတွင်းမှာပင် အရှေ့ဒေသ၏ လေးပုံတစ်ပုံနီးပါးကို သိမ်းပိုက်ထားခဲ့ရာ သူတို့၏ ချဲ့ထွင်မှုမှာ မည်မျှမြန်ဆန်သည်ကို ဖော်ပြနေတော့သည်။

စီနီယာအစ်ကို ကျန့်ဖန်နှင့် အခြားသူများထံမှ ကြားသိခဲ့ရသည့် သတင်းအရ...

လွန်ခဲ့သော နှစ်ပေါင်းနှစ်ဆယ်ခန့်ကတည်းက ကမ်းရိုးတန်းကျွန်းများ အားလုံးကို ပင်လယ်မျိုးနွယ်များက သိမ်းပိုက်ခဲ့ပြီး ထိုနေရာရှိ အဆောက်အဦများမှာ ပျက်စီးခြင်း၊ ကွဲလွင့်ခြင်း သို့မဟုတ် ပြောင်းရွှေ့ခြင်းများ ဖြစ်ခဲ့ရ၏။

ထို့နောက် ပင်လယ်မျိုးနွယ်များ၏ မရပ်မနားသော စစ်မျက်နှာပြင်သည် ကုန်းတွင်းပိုင်းသို့ ဆက်လက်ချီတက်လာပြီး လမ်းတစ်လျှောက်ရှိ ဂိုဏ်းများကို ရှင်းလင်းဖျက်ဆီးခဲ့သည်။ ဂိုဏ်းများစွာသည် နောက်ဘက်သို့ ဆက်တိုက်ဆုတ်ခွာခဲ့ကြသည်။

ယခုအခါ ချင်းကျိုးတွင် ပြောင်းရွှေ့လာသော ဂိုဏ်းများစွာ ရောနှောနေပြီး ပြည်တွင်း ပရမ်းပတာများစွာ ဖြစ်ပေါ်စေခဲ့ရုံသာမက

တိမ်ဖြူဂိုဏ်းကဲ့သို့ ဒေသခံဂိုဏ်းများနှင့်ပင် ပဋိပက္ခများစွာ ဖြစ်ပွားခဲ့ရလေသည်။

အခန်း ၃၁၂- ချင်းကျိုး၏ ပရမ်းပတာအခြေအနေ...

~ဤဂိုဏ်းများထဲတွင် အချို့သည် ဧရာမစွမ်းအားများကို ကိုင်စွဲထားကြပြီး ပေါင်းစည်းခြင်းနှင့် မဟာယာနနယ်ပယ်ရှိ ကျင့်ကြံသူများပင် ရှိကြသည်ဖြစ်၏။

သို့သော် ပင်လယ်မျိုးနွယ်၏ ခွန်အားမှာ အလွန်အမင်း ကြောက်မက်ဖွယ်ကောင်းလှသည်။

အရှေ့ဒေသ၏ အရှေ့ဘက်တွင် ကောင်းကင်ဝိညာဉ်ဂိုဏ်းဟု ခေါ်သော ထိပ်တန်းဂိုဏ်းတစ်ခု ရှိခဲ့ပြီး ထိုဂိုဏ်းတွင် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူများပင် ရှိကြသည်။ သို့သော် လွန်ခဲ့သော နှစ်နှစ်က ပင်လယ်မျိုးနွယ်၏ အစွမ်းထက်သူများက ညအချိန်တွင် ဝင်ရောက်စီးနင်းခဲ့ကြသည်။ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူ ခြောက်ဦးက ကောင်းကင်ဝိညာဉ်ဂိုဏ်းကို ဝိုင်းရံတိုက်ခိုက်ခဲ့ကြပြီး ကပ်ဘေးဖြတ်ကျော် ဘိုးဘေးနှစ်ဦး သေဆုံးကာ ဂိုဏ်းတစ်ခုလုံး

တစ်ညတည်း ပျက်စီးသွားခဲ့လေ၏။

ကောင်းကင်ဝိညာဉ်ဂိုဏ်း ပျက်စီးမှုက အရှေ့ဒေသတစ်ခုလုံးကို တုန်လှုပ်စေခဲ့ရုံသာမက အခြားသော မဟာဒေသများ၏ အာရုံကိုပင် ဖမ်းစားနိုင်ခဲ့တော့သည်။

ပင်လယ်မျိုးနွယ်သည် ရှေးယခင်ကတည်းက အလွန်နိမ့်ကျသော အနေအထားဖြင့် နေထိုင်ခဲ့ကြပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများကို တိတ်တဆိတ် စုဆောင်းခဲ့ကြသည်တကား။ သို့သော် ပင်လယ်မျိုးနွယ်က အရှေ့ဒေသကို ရုတ်တရက် တိုက်ခိုက်လာလိမ့်မည်ဟု မည်သူကမှ ကြိုတင်မှန်းဆနိုင်ခဲ့မည်နည်း။

ယခုအချိန်အထိ ပင်လယ်မျိုးနွယ်သည် လက်ရှိငြိမ်းချမ်းရေးကို ရုတ်တရက် အဘယ်ကြောင့် ချိုးဖောက်ကာ ကုန်းမြေကို စတင်ကျူးကျော်ခဲ့သည်ကို မည်သူကမှ မသိသေးချေ။

ကောင်းကင်ဝိညာဉ်ဂိုဏ်း ပျက်စီးပြီးနောက် အရှေ့ဒေသရှိ အဓိကဂိုဏ်းကြီးများမှာ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားခဲ့ကြရပြီး မဟာမိတ်တပ်ဖွဲ့ကို စတင်ဖွဲ့စည်းခဲ့ကြသည်။ သို့သော် အရှေ့ဒေသမှာ ကျယ်ပြန့်လှပြီး ဂိုဏ်းများမှာ ကြယ်များကဲ့သို့ များပြားလှသဖြင့် တစ်ခုချင်းစီ၌ ကိုယ်ပိုင်အကျိုးစီးပွားများ ရှိနေကြရာ အလွန်ကျယ်ပြန့်သော စိုးရိမ်ပူပန်မှုများကို ဖြစ်ပေါ်စေခဲ့သည်။

နှစ်နှစ်ကြာပြီးနောက်တွင်ပင် မဟာမိတ်အဖွဲ့အစည်းမှာ အပြည့်အဝ ဖွဲ့စည်းနိုင်ခြင်းမရှိသေးဘဲ အရှေ့ဒေသ၏ ပြည်တွင်းအခြေအနေမှာ အလွန်ပရမ်းပတာ ဖြစ်နေဆဲပင်။

မဟာမိတ်တပ်ဖွဲ့များ ရှိနေခြင်းက ပင်လယ်မျိုးနွယ်အား သိသာထင်ရှားသော ခြိမ်းခြောက်မှုဖြစ်စေခဲ့သော်လည်း သူတို့၏ ချီတက်မှုကို လုံးဝ ရပ်တန့်စေခဲ့ခြင်းမရှိခဲ့ပေ။ ပင်လယ်မျိုးနွယ်၏ ကျူးကျော်မှုမှာ သိသိသာသာ နှေးကွေးသွားခဲ့ရုံသာဖြစ်ပြီး ကုန်းတွင်းပိုင်းသို့ ဆက်လက်တိုးဝင်နေခဲ့သည်တကား။

ဂိုဏ်းများစွာက ပင်လယ်မျိုးနွယ်၏ ခွန်အားကို မြင်တွေ့ခဲ့ကြပြီး နောက်ဘက်သို့ ဆက်တိုက်ဆုတ်ခွာခဲ့ကြရာ ပင်လယ်မျိုးနွယ်ကို အသက်ပေး၍ ခုခံရန်ပင် မရဲတော့ပေ။ ထိုသို့ဖြင့် ရှေ့တန်းနောက်ကွယ်ရှိ နယ်မြေများတွင် ဂိုဏ်းအရေအတွက် ပိုမိုများပြားလာခဲ့ချေသည်။

ချင်းကျိုးသည် လက်ရှိတွင် ထိုကဲ့သို့ အခြေအနေမျိုး ဖြစ်နေသည်။ ဝင်ရောက်လာသော ဂိုဏ်းများအားလုံးမှာ ပင်လယ်မျိုးနွယ် သိမ်းပိုက်ခဲ့သော နယ်မြေများမှ ထွက်ပြေးလာသူများပင် ဖြစ်၏။

ပင်လယ်မျိုးနွယ်၏ စွမ်းအားကို မြင်တွေ့ခဲ့ကြပြီးနောက်တွင် ပေါင်းစည်းခြင်းနှင့် မဟာယာနနယ်ပယ်ရှိ ကျင့်ကြံသူများပင်လျှင် ပင်လယ်မျိုးနွယ်ကို တိုက်ခိုက်ရန် မဟာမိတ်တပ်ဖွဲ့များတွင် ပါဝင်ရန် မရဲတော့ဘဲ ဆက်တိုက် ဆုတ်ခွာနေခဲ့ကြသည်။

အချို့ဂိုဏ်းများတွင်မူ ကန့်သတ်ချက်များ ရှိနေသေးသဖြင့် သူတို့ ဆုတ်ခွာရာတွင် အတိုင်းအတာလွန်ကဲသော လုပ်ဆောင်မှုများ

မပြုလုပ်ခဲ့ကြပေ။ သို့သော် အချို့ဂိုဏ်းများကတော့ ဓားပြများအဖြစ် ပြောင်းလဲသွားကြပြီး သူတို့၏ ဆုံးရှုံးမှုများကို ကာမိစေရန် အခြားဂိုဏ်းများထံမှ အရင်းအမြစ်များကို လုယက်ကြသည်တကား။

ချင်ကျိုးသည် လက်ရှိတွင် ထိုကဲ့သို့ ပရမ်းပတာအခြေအနေမျိုး ဖြစ်နေသည်။

ချင်းကျိုး၏ ယခင်က ပရမ်းပတာဖြစ်ရပ်များနောက်ပိုင်းတွင် တိမ်ဖြူဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်း၊ အေးခဲဆောင်းရာသီတောင်ကြားနှင့် ဝမ်ကျန်းအိမ်တော်တို့သည် နီးနီးကပ်ကပ် ဆက်စပ်နေသည်ဟု ဆိုနိုင်ပေသည်။

သံမဏိ နှလုံးသားဂိုဏ်း၊၊ တိမ်တိုက်နီဂိုဏ်း၊ ကျောက်စိမ်းနက် တောင်နှင့် မိုလင်တောင်ကြားတို့ကတော့ နောက်ပိုင်းကာလတွင် တိမ်ဖြူဂိုဏ်း၏ မဟာမိတ်တပ်ဖွဲ့များနှင့် ပူးပေါင်းခဲ့ကြသော်လည်း ရင်းနှီးမှုနည်းပါးသောကြောင့် သူတို့၏ ဆက်ဆံရေးမှာ အနည်းငယ် ပိုအေးစက်နေခဲ့သည်။

မှန်ပါ၏၊ ဂိုဏ်းကြီးရှစ်ခုအကြား ဆက်ဆံရေးမှာ ပုံမှန်အားဖြင့် အလွန်သဟဇာတ ဖြစ်နေလေ့ရှိသည်။

သို့သော် ယခုအခါ အခြားဂိုဏ်းများ ချင်ကျိုးသို့ မြစ်ဖြတ်ကူးလာသော အင်အားကြီးနဂါးများကဲ့သို့ ဝင်ရောက်လာသဖြင့် ချင်ကျိုး၏ အခြေအနေမှာ များစွာ ပိုမိုပရမ်းပတာ ဖြစ်လာခဲ့တော့သည်။

မကြာသေးမီနှစ်များအတွင်း လုရီသည် ချင်ကျိုးရှိ ဒေသခံကျင့်ကြံသူများနှင့် ပြင်ပမှ ကျင့်ကြံသူများအကြား ပဋိပက္ခများစွာ ဖြစ်ပွားခဲ့သည့် အကြောင်းအရာများစွာကို ကြားသိခဲ့ရ၏။

ထို့ပြင် လွန်ခဲ့သော နှစ်နှစ်က မိုလင်တောင်ကြားသည် ငွေလရောင်ဂိုဏ်းဟု ခေါ်သော ဂိုဏ်းတစ်ခုမှ ပါရမီရှင်တစ်ဦးကို ပြစ်မှားမိပြီးနောက် တစ်ညတည်း အရှင်းဖျက်ဆီးခံလိုက်ရကာ မိုလင်တောင်ကြား၏ နယ်မြေကို ငွေလရောင်ဂိုဏ်းအချိန်တန်သော် သိမ်းပိုက်လိုက်သည်ကို ကြားသိခဲ့ရသဖြင့် လုရီ တုန်လှုပ်သွားခဲ့ရသည်။

ငွေလရောင်ဂိုဏ်းသည် အလွန်အစွမ်းထက်ပြီး မူလက ပင်လယ်ကမ်းစပ်မှ ဂိုဏ်းတစ်ခုဖြစ်ရာ မဟာယာနကျင့်ကြံသူများပင် ရှိကြသည်။ ပင်လယ်မျိုးနွယ် ကျူးကျော်လာသောအခါ

မကောင်းသော အခြေအနေကို မြင်တွေ့ရသဖြင့် သူတို့သည် ပထမဆုံး ဆုတ်ခွာခဲ့ကြသည့် အဖွဲ့များထဲမှ ပါဝင်ခဲ့ကြရာ သူတို့၏ ခွန်အားအများစုကို ထိန်းသိမ်းထားနိုင်ခဲ့သည်။

မိုလင်တောင်ကြား ပျက်စီးမှုကြောင့် ငွေလရောင်ဂိုဏ်းသည် နယ်မြေအသစ်ရှာရန် တိုက်ခိုက်ရန် အကြောင်းပြချက်ရှာခဲ့ခြင်းဖြစ်သည်ဟု

လူအများ ယုံကြည်ခဲ့ကြသည်။

သို့သော် ငွေလရောင်ဂိုဏ်း၏ ဧရာမခွန်အားကြောင့် ချင်းကျိုးရှိ အခြားသော ဒေသခံဂိုဏ်းများနှင့် ကျင့်ကြံသူများမှာ များစွာ ပြောဆိုရန်ပင် မရဲတော့ပေ။

ထိုအချိန်က ချင်းကျိုးတွင် ထိတ်လန့်မှုများ ဖြစ်ပေါ်နေခဲ့သည်။

ပြင်ပ ဂိုဏ်းများမှ ကျင့်ကြံသူများပင်လျှင်

ချင်းကျိုးရှိ ဒေသခံဂိုဏ်းကျင့်ကြံသူများကို ရန်စခြင်း၊ ပြဿနာများ တမင်တကာ ဖန်တီးခြင်းများ ပြုလုပ်လာခဲ့ကြသည်။ သို့သော် မိုလင်တောင်ကြား၏ ရှေ့ဖြစ်ကို ကြည့်ပြီး သူတို့မှာ တိတ်တဆိတ် ခံစားခဲ့ကြရသည်သာတဃည်း။

လုရီ ရရှိခဲ့သော သတင်းအချက်အလက်များအရ ချင်ကျိုး၏ လက်ရှိအခြေအနေမှာ အစောပိုင်း ရုတ်ရုတ်သဲသဲဖြစ်ရပ်များထက်ပင် ပိုမိုပရမ်းပတာ ဖြစ်နေခဲ့သည်။

ချင်ကျိုး၏ အစောပိုင်း ရုတ်ရုတ်သဲသဲ ဖြစ်ရပ်မှာ ဒေသခံထိပ်တန်းဂိုဏ်းများအကြား အကြီးစားတိုက်ပွဲတစ်ခုသာ ဖြစ်ခဲ့သော်လည်း အပြင်ဘက်မှ ဂိုဏ်းများမှာ အလွန်အစွမ်းထက်သဖြင့် ဒေသခံဂိုဏ်းများဖြင့် နှိုင်းယှဉ်၍မရနိုင်ပေ။

သို့သော် ကျန့်ဖန်၊ နန်ကုန်းမိုယွီ၊ ရှဲ့ထျန်းမင်နှင့် အခြားသူများ၏ ပြောကြားချက်အရ တိမ်ဖြူဂိုဏ်းကို အခြားမည်သည့်ဂိုဏ်းမှ ရန်စခြင်းမရှိခဲ့ပေ။

ဤအချက်အတွက် လုရီက အကြောင်းရင်းကို ခန့်မှန်းနိုင်ခဲ့သည်။

အမှန်တကယ်ပင် ယခင်ကပင် မဟာယာနကျင့်ကြံသူများ တိမ်ဖြူဂိုဏ်းအတွင်းသို့ ထိုးဖောက်ဝင်ရောက်ခဲ့ကြသော်လည်း ခြေရာလက်ရာမကျန် ပျောက်ကွယ်သွားခဲ့ကြရာ တိမ်ဖြူဂိုဏ်းအတွင်း၌ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူများ ရှိနေပြီး ကြောက်မက်ဖွယ်ကောင်းသော ခွန်အားများ ပိုင်ဆိုင်ကြသည်ဟု လူတိုင်းက ထင်ကြေးပေးခဲ့ကြသည်တကား။

သဘာဝအတိုင်း ပြင်ပဂိုဏ်းများစွာက သူတို့ကို စိန်ခေါ်ရဲခြင်း မရှိခဲ့ပေ။

သို့သော် အခြားဂိုဏ်းများဖြစ်သော ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲဆောင်းရာသီတောင်ကြားတို့ပင်လျှင် အကြိမ်ကြိမ် ရန်စခံခဲ့ကြရ၏။

ဝမ်ကျန်းအိမ်တော်ကတော့ ကျန်းရူယွီနှင့် ဆက်စပ်နေသောကြောင့် နတ်ဓားဂိုဏ်း၏ လက်အောက်ခံ အင်အားစုဟု ဆိုနိုင်ပြီး နတ်ဓားဂိုဏ်းက ဝမ်ကျန်း အိမ်တော်အတွင်း၌ ဓားမှတ်တိုင်တစ်ခု ထူထောင်ထားသောကြောင့် ပြင်ပဂိုဏ်းများအားလုံးနီးပါးက သူတို့ကို ရန်စရဲခြင်းမရှိကြရာ တိမ်ဖြူဂိုဏ်းထက်ပင် ပိုမို၍ ဆင်ခြင်ကြသည်တကား။

.....

ဒီရက်ပိုင်းအတွင်း လုရီသည် အပြင်သို့ မထွက်ခဲ့သော်လည်း အေးခဲဆောင်းရာသီတောင်ကြား၊ ပန်းတစ်သောင်းဂို‌ဏ်းနှင့် ဝမ်ကျန်းအိမ်တော်တို့မှ အစွမ်းထက်သူများ တိမ်ဖြူဂိုဏ်းသို့ တိုင်ပင်ဆွေးနွေးရန် လာရောက်သည်ကို မကြာခဏ မြင်တွေ့ခဲ့ရသည်။

လုရီက လူအုပ်ထဲသို့ မဝင်ခဲ့သော်လည်း ထိုဂိုဏ်းအင်အားကြီးများ၏ မျက်နှာထားများမှာ အလွန်တည်ကြည်လေးနက်နေသည်ကို အဝေးမှ မြင်တွေ့ခဲ့ရပြီး စိုးရိမ်ပူပန်နေသော ပုံစံများသာ ရှိနေခဲ့သည်တကား။

တစ်နေ့တွင် ဝူချင်းဖုန်းသည် လုရီအား

လာရှာသည်။ သူနှင့်အတူ ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲဆောင်းရာသီ တောင်ကြားတို့၏ ဂိုဏ်းချုပ်များ၊ ဝမ်ကျန်းအိမ်တော်၏ အိမ်တော်သခင်

ကျန်းကျင်းထျန်း (သူမှာ ကျန်းရူယွီ၏ ဖခင်ဖြစ်ပါသည်) အပြင် ထိုဂိုဏ်းများမှ အခြားအစွမ်းထက် ပုဂ္ဂိုလ်များလည်း ပါဝင်လာခဲ့ကြသည်။

လုရီက စုရုံးရောက်ရှိနေသော တစ်ဒါဇင်ကျော် လူအုပ်ကြီးကို မြင်သောအခါ နားမလည်စွာ မေးလိုက်သည်။

"ဂိုဏ်းချုပ်ကြီး၊ ထိပ်တန်းအကြီးအကဲများခင်ဗျား၊ ကျွန်တော့်ကို ဘာများ ကိစ္စရှိလို့ ရှာတွေ့တာပါလဲဗျာ။"

ထိုအခါ ဝူချင်းဖုန်းက မျက်နှာ မသာယာသော အပြုံးဖြင့် စတင်ပြောဆိုလိုက်သည်။

"တူလေးလု၊ မလိုအပ်လို့ကတော့ ဒီအချိန်မှာ မင်းကို ငါတို့ ရှာမှာ မဟုတ်ပါဘူး"

ပန်းတစ်သောင်းဂိုဏ်းမှ ဂိုဏ်းချုပ်ဟွားက ရှင်းပြလိုက်သည်။

"လူငယ်လေး၊ ဒီလိုပါ။ ပင်လယ်မျိုးနွယ် ကျူးကျော်မှုကြောင့် ချင်းကျိုးမှာ တခြားမဟာဒေသတွေက အစွမ်းထက်တဲ့ ဂိုဏ်းတွေ အများကြီး ရောက်နေကြပြီ။ တိမ်ဖြူဂိုဏ်းနဲ့ ဝမ်ကျန့်အိမ်တော်တို့ကတော့ အခြေအနေကောင်းပေမဲ့ အေးခဲဆောင်းရာသီတောင်ကြားနဲ့ ငါတို့ ပန်း

တစ်သောင်းဂိုဏ်းတို့က မကြာသေးခင်က အခက်အခဲတွေ အများကြီး ကြုံနေရတယ်။ ဒါ့အပြင် အဲ့ဒီပြင်ပဂိုဏ်းတွေက ပိုပြီး လွန်ကဲလာကြတယ်။ ငါတို့ဂိုဏ်းကို အင်အားပြင်းပြင်းနဲ့ တိုက်ခိုက်လာမှာကို စိုးရိမ်နေရတယ်။ ငါတို့ရဲ့ ကာကွယ်ရေးဂိုဏ်းအခင်းအကျင်းက ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတွေကို ခုခံနိုင်ပေမဲ့ ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူတွေ၊ မဟာယာနနယ်ပယ် ကျင့်ကြံသူတွေနဲ့ဆိုရင်တော့ မခံနိုင်ဘူး ဖြစ်နေတယ်"

All Chapters