← Chapters

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း (၃၁၃-၃၁၅)

Vol. 21 Ch. 313-315

အခန်း ၃၁၃- ချင်ကျိုး ပရမ်းပတာ ...

~အေးခဲဆောင်းရာသီ တောင်ကြားမှ ဂိုဏ်းချုပ် လု၏ မျက်နှာမှာလည်း တည်ကြည်နေ၏။ သူက ခေါင်းညိတ်ကာ သက်ပြင်းချလိုက်ကာ ဝင်ရောက် ပြောဆိုလာ၏။

"ဟုတ်ပါတယ်၊ မဆင်ခြင်နိုင်တဲ့ မဟာယာနကျင့်ကြံသူတစ်ယောက်နဲ့ ကြုံလာရင်… အတော်လေး ခက်ခဲလိမ့်မယ်လို့ ထင်ပါရဲ့။ မိုလင်တောင်ကြားရဲ့ ကံကြမ္မာက သင်ခန်းစာပါပဲ"

ပရိသတ်အကြားမှ လေထုမှာ လေးနက်နေတော့၏။

မိုလင် တောင်ကြား၏ ကြမ္မာ မည်မျှ ဝမ်းနည်းဖွယ် ကောင်းခဲ့သည်ကို လူတိုင်းသိကြသည်သာတည်း။

ထို့နောက်

ဝူချင်းဖုန်းက စကားစလိုက်သည်။

"ဒါကြောင့် ဂိုဏ်းအချို့က အင်အားကြီးသူတွေက မင်းကို သူတို့ရဲ့ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းတွေကို ကူညီတပ်ဆင်ပေးစေချင်ကြပါတယ်။ လိုအပ်တဲ့ ပစ္စည်းအားလုံးကို ငါတို့က ပံ့ပိုးပေးမှာဖြစ်ပြီး၊ မင်း လိုအပ်တာမှန်သမျှ အားမနာတမ်း ပြောနိုင်တယ်"

ဤစကားကို ကြားရသောအခါ လုရီ သဘောပေါက်သွားတော့၏။

သူ၏ အခင်းအကျင်းတာအို၌ ကျင့်ကြံမှုမှာ အလွန်အားကောင်းသော အခင်းအကျင်းများကို တပ်ဆင်ရန် လုံလောက်သည်ကို လူတိုင်းသိရှိကြရာ ဂိုဏ်းချုပ်နှင့် စီနီယာများက သူ၏ အကူအညီကို လာရောက် တောင်းခံကြခြင်းမှာ အံ့ဩစရာပင် မရှိတော့ပေ။

ဤအကြောင်းကို ကြားသောအခါ လုရီသည်

ချီတုံချီတုံ မဖြစ်တော့ဘဲ ချက်ချင်းပင် သဘောတူလိုက်၏။

"ဟုတ်ကဲ့၊ အဲ့ဒါက ပြဿနာ မရှိပါဘူး။"

အမှန်တကယ်ပင် ပန်းတစ်သောင်းဂိုဏ်းမှာ

ယွင်ရှီး၏ ဂိုဏ်းဖြစ်ပြီး သူမ မွေးဖွားကြီးပြင်းရာ နေရာလည်း ဖြစ်သောကြောင့် လုရီသည်

မလိုလားအပ်သော အရာများ ဖြစ်ပျက်သည်ကို မလိုချင်ခဲ့ပေ။ ပန်းတစ်သောင်း ဂိုဏ်းတွင် ပြဿနာကြုံလာလျှင် ယွင်ရှီးမှာ သံသယမရှိ ဝမ်းနည်းပူဆွေးရလိမ့်မည် ဖြစ်၏။

အေးခဲဆောင်းရာသီတောင်ကြားအတွက်မူ ထိုနေရာက ဟန်ယွီ၏ ဂိုဏ်းဖြစ်သည်တကား။

ထိုလူငယ်သည် သူ့အပေါ် အလွန်ကြင်နာခဲ့ပြီး သူတို့တွင် ရင်းနှီးသော ဆက်ဆံရေး ရှိခဲ့သဖြင့်

လုရီက မငြင်းဘဲ ကူညီပေးပေလိမ့်မည်။

လုရီ၏ သဘောတူညီမှုကို ကြားရသောအခါ

ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲဆောင်းရာသီတောင်ကြားတို့မှ အင်အားကြီးများ၏ မျက်နှာများတွင် အံ့အားသင့်မှုနှင့် ဝမ်းမြောက်မှုတို့ ထင်ဟပ်လာတော့၏။

ဂိုဏ်းချုပ် လုက လုရီအား ကျေးဇူးတင်စွာဖြင့် လက်အုပ်ချီလိုက်သည်။

"ကျေးဇူးတင်ပါတယ်၊ တာအိုရောင်းရင်းလေးလု"

လုရီ၏ ကျင့်စဉ်သည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိခဲ့ပြီဖြစ်ရာ သူတို့နှင့် တန်းတူ ပြောဆိုနိုင်သော အဆင့်သို့ ရောက်ရှိခဲ့သည်သာတည်း။

ဂိုဏ်းချုပ် လုသည် ဂိုဏ်းချုပ် ဟွားနှင့် မတူပေ။ ဂိုဏ်းချုပ် ဟွားမှာ ယွင်ရှီး ကြီးပြင်းလာသည်ကို မြင်ခဲ့ရသူဖြစ်ပြီး ယွင်ရှီး၏ အကြီးအကဲလည်း ဖြစ်သည်။

လုရီနှင့် ယွင်ရှီးအကြား ဆက်ဆံရေးကိုလည်း သူမ သိရှိသဖြင့် သဘာဝအတိုင်း ထိုမျှလောက်သော လုပ်ထုံးလုပ်နည်းများ မရှိတော့ပေ။

ဂိုဏ်းချုပ် ဟွားက လုရီအား ကြည့်လိုက်လေ၏။ ကြည့်လေ၊ ကြည့်လေ နှစ်ခြိုက်လေ ဖြစ်နေတော့သည်။

သူမက ခေါင်းကို ဆက်တိုက်ညိတ်ကာ ပြောဆိုလိုက်သည်။

"အချိန်တန်ရင် ငါတို့ဂိုဏ်းရဲ့ ဘဏ္ဍာတိုက်ကို လာကြည့်လို့ရပါတယ်။ ကလေး၊ ကောင်းကင်နဲ့ မြေကြီး ရတနာတွေထဲက မင်းအတွက် အသုံးဝင်တာ ရှိမလားဆိုတာ ကြည့်ပေါ့။ ယွင်ရှီးဆီက ကြားရတာတော့ မင်းလေးက ကံကောင်းပြီး အရင်းအမြစ်တွေ မရှားဘူးတဲ့။ ဒါပေမဲ့ ငါတို့ဘဏ္ဍာတိုက်ထဲမှာ မင်းသဘောကျတာ တွေ့ရင် ဘာမှ မတွန့်ဆုတ်ဘဲ ယူသွားလို့ရတယ်ကွယ်"

ထိုအခါ ဂိုဏ်းချုပ် လုကလည်း ခေါင်းညိတ်ကာ သဘောတူလိုက်သည်။

"ဒါကတော့ ဖြစ်သင့်ပါတယ်! ဖြစ်သင့်ပါတယ်! အေးခဲဆောင်းရာသီတောင်ကြားအတွက်လည်း အတူတူပါပဲ"

ကျန်းကျင်းထျန်ကလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"တူလေးလု၊ ငါတို့ ဝမ်ကျန်းအိမ်တော်ကိုလည်း မင်းကိုပဲ အပ်နှံပါတယ်"

နတ်ဓားဂိုဏ်း ရှိနေသဖြင့် ဝမ်ကျန်း အိမ်တော်အတွက် အန္တရာယ်နည်းပါးသော်လည်း မည်သည့်အခြေအနေအတွက်မဆို ကြိုတင်ပြင်ဆင်ထားခြင်းက ပို၍ ကောင်းသည်သာတည်း။

လုရီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"ကျွန်တော် တတ်စွမ်းသမျှ အကောင်းဆုံး လုပ်ပါ့မယ်။"

ဤအတောအတွင်း လုရီက စိတ်ထဲမှ ကြံစည်နေခဲ့၏။

"တိမ်ဖြူဂိုဏ်းအတွက် ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းတစ်ခု တည်ဆောက်ချင်တယ်။"

သူ့စနစ်မျက်နှာပြင်၌ ပေါ်လာသည်က...

[အလုပ်]

တိမ်ဖြူဂိုဏ်းအတွက် ဂိုဏ်းကာကွယ်ရေးအခင်းအကျင်း တည်ဆောက်ပါ။

ဆုလာဘ်: အခင်းအကျင်းနယ်ပယ် တိုးတက်ခြင်း၊ ပေါင်းစည်းခြင်းနယ်ပယ် အခင်းအကျင်းနည်းလမ်း "နဂါးပြာသတ်ဖြတ်ရေးအခင်းအကျင်း"

အလုပ်လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။

လုရီမှာ ဝမ်းမြောက်ဝမ်းသာ ဖြစ်သွားတော့၏။

ကြီးမားသော အခင်းအကျင်းတစ်ခု တည်ဆောက်ရုံဖြင့် ပေါင်းစည်းခြင်းနယ်ပယ် အခင်းအကျင်းနည်းလမ်းတစ်ခု ရရှိမည်ဟု မမျှော်လင့်ခဲ့ပေ။ ဤသည်မှာ တကယ်ပင် သတင်းကောင်း ဖြစ်ချေသည်။

လုရီက အလုပ်ကို လက်ခံလိုက်ပြီးနောက် အခြားအလုပ်များကို ထပ်မံထုတ်ပြန်လိုက်သည်။

[အလုပ်]

ပန်းတစ်သောင်းဂိုဏ်းအတွက် ဂိုဏ်းကာကွယ်ရေးအခင်းအကျင်း တည်ဆောက်ပါ။

ဆုလာဘ်: အခင်းအကျင်းနယ်ပယ် တိုးတက်ခြင်း၊ ပေါင်းစည်းခြင်းနယ်ပယ် အခင်းအကျင်းနည်းလမ်း "လိပ်နက်သတ်ဖြတ်ရေးအခင်းအကျင်း"

အလုပ်လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။

...

[အလုပ်]

အေးခဲဆောင်းရာသီတောင်ကြားအတွက် ဂိုဏ်းကာကွယ်ရေးအခင်းအကျင်း တည်ဆောက်ပါ။

ဆုလာဘ်: အခင်းအကျင်းနယ်ပယ် တိုးတက်ခြင်း၊ ပေါင်းစည်းခြင်းနယ်ပယ် အခင်းအကျင်းနည်းလမ်း "မီးငှက်သတ်ဖြတ်ရေးအခင်းအကျင်း"

အလုပ်လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။

...

[အလုပ်]

ဝမ်ကျန်းအိမ်တော်အတွက် ဂိုဏ်းကာကွယ်ရေးအခင်းအကျင်း တည်ဆောက်ပါ။

ဆုလာဘ်: အခင်းအကျင်းနယ်ပယ် တိုးတက်ခြင်း၊ ပေါင်းစည်းခြင်းနယ်ပယ် အခင်းအကျင်းနည်းလမ်း "ဓားကိုးစင်းသတ်ဖြတ်ရေးအခင်းအကျင်း"

အလုပ်လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။

...

လုရီသည် အလုပ်များကို တစ်ခုပြီးတစ်ခု လက်ခံလိုက်ရာ အတော်ပင် ပျော်ရွှင်နေတော့၏။

ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်း၊...

မီးငှက်သတ်ဖြတ်ရေးအခင်းအကျင်း...

နဂါးပြာသတ်ဖြတ်ရေးအခင်းအကျင်းနှင့်

လိပ်နက်သတ်ဖြတ်ရေးအခင်းအကျင်း...။

၎င်းတို့သည် ပေါင်းစည်းခြင်းနယ်ပယ်မှ အစွမ်းထက်သော အခင်းအကျင်းများပင် ဖြစ်၏။

အကယ်၍ တစ်ခုတည်းအဖြစ် ပေါင်းစပ်နိုင်ပါက သရုပ်လေးမျိုးသတ်ဖြတ်ရေးအခင်းအကျင်းကိုပင် ဖွဲ့စည်းနိုင်ပြီး မဟာယာနနယ်ပယ်သို့ ရောက်ရှိနိုင်မည်သာတည်း။

လုရီသည် လက်ရှိတွင် ၎င်းတို့ကို ကိုယ်တိုင်တပ်ဆင်နိုင်ခြင်းမရှိသေးသော်လည်း သတ်ဖြတ်ရေးအခင်းအကျင်း လေးမျိုးလုံးကို နားလည်အောင် လေ့လာပြီး ကောင်းကင်အခင်းအကျင်းမြေပုံကို အသုံးပြုပါက သရုပ်လေးမျိုးသတ်ဖြတ်ရေးအခင်းအကျင်းကို တပ်ဆင်ရန် အခွင့်အရေးရှိ၏။

ထိုအချိန်ကျလျှင် မဟာယာနနယ်ပယ်အဆင့်ရှိ မဟာအင်အားကြီးတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် လုရီသည် များစွာ စိုးရိမ်စရာမလိုတော့ပေ။

ဓားကိုးစင်းသတ်ဖြတ်ရေးအခင်းအကျင်းသည်လည်း ပေါင်းစည်းခြင်းနယ်ပယ်မှ သတ်ဖြတ်ရေးအခင်းအကျင်းတစ်ခုပင် ဖြစ်ပြီး သရုပ်လေးမျိုးသတ်ဖြတ်ရေးအခင်းအကျင်းနှင့် အတူတူနီးပါးပင် ဖြစ်သောကြောင့် လုရီအတွက် မရှိတာထက်စာရင် ရှိတာက ပိုကောင်းသည်သာတည်း။

ထို့ပြင် အလုပ်လေးမျိုးမှ ရရှိမည့် အခင်းအကျင်းတာအိုနယ်ပယ် တိုးတက်မှုများသည်လည်း နည်းပါးမည်မဟုတ်ဘဲ သူ၏ အခင်းအကျင်းနယ်ပယ်ကို ပိုမိုမြင့်မားစွာ တိုးတက်စေနိုင်လိမ့်မည်ဟု မျှော်လင့်ရလေသည်။

လုရီသည် ဤမမျှော်လင့်ဘဲ ရရှိလာသော အကျိုးကျေးဇူးကို အလွန်ပင် ပျော်ရွှင်နေတော့၏။

"ဒါဆိုရင် တူလေးလုကို ဒုက္ခပေးရတော့မယ်ဗျာ" ဟု ဝူချင်းဖုန်းက ပြုံးလျက် ပြောဆိုလိုက်သည်။ "ငါတို့ တိမ်ဖြူဂိုဏ်းနဲ့ ဝမ်ကျန်းအိမ်တော်က တခြားဂိုဏ်းတွေကို ရမ်းကားတဲ့ လုပ်ရပ်တွေ

မလုပ်အောင် ထိန်းထားနိုင်သေးတာမို့ မင်းအနေနဲ့ အေးခဲဆောင်းရာသီတောင်ကြားနဲ့ ပန်းတစ်သောင်းဂိုဏ်းတို့ရဲ့ အခင်းအကျင်းတွေကို အရင်ကူညီပေးပါလား။"

"ကောင်းပါပြီ"

လုရီ ခေါင်းညိတ်လိုက်သည်။

ဝူချင်းဖုန်း ခဏမျှ ရပ်တန့်သွားပြီးမှ ဆက်ပြောသည်။

"ဒါပေမဲ့ တူလေးလု၊ မင်း ကိုယ်တိုင်ရဲ့ ဘေးကင်းရေးကိုလည်း ဂရုစိုက်ဖို့ လိုတယ်။ မင်းဆီမှာ အင်မော်တယ်ဓားကျမ်း ရှိနေတာကြောင့် မဟာအင်အားကြီးတွေက မင်းကို စောင့်ကြည့်နေနိုင်တယ်"

"မှန်တယ်၊ ကလေး၊ မင်း ဘာမှ မဖြစ်ဘူးဆိုတာ သေချာလား" ဂိုဏ်းချုပ် ဟွားလည်း ဤအချက်ကို သတိရသွားကာ လုရီအား စိုးရိမ်တကြီး ကြည့်လိုက်၏။

လုရီက ပြုံးလိုက်၏။

"ဂိုဏ်းချုပ်များနဲ့ အဘွားဟွား စိတ်ချပါ။ ကျွန်တော် လုရီက ယုံကြည်ချက် မရှိဘူးဆိုရင် လက်ခံမှာ မဟုတ်ပါဘူး။"

ဤစကားကို ကြားရသောအခါ လူတိုင်း စိတ်သက်သာရာရသွားကြတော့သည်။

လုရီ၏ ယခင်က လုပ်ဆောင်ချက်များမှာ အလွန်အံ့မခန်း ဖြစ်ခဲ့သောကြောင့် သူသည် ပေါ့ပေါ့ဆဆ ကြွားဝါတတ်သူမျိုး မဟုတ်ပေ။

ထို့နောက်တွင် လူတိုင်းက လုရီအား ထပ်မံကျေးဇူးတင်စကား ဆိုကြပြီးနောက် ထွက်ခွာသွားကြတော့၏။

လုရီက သူအားလပ်ချိန်ရလျှင် လာရောက်မည်ဖြစ်ကြောင်းနှင့် စီနီယာများကို စိုးရိမ်စရာမလိုဘဲ စောင့်ဆိုင်းနေရန် ပြောဆိုလိုက်သည်။ အင်အားကြီးသူများက ချောင်းမြောင်းတိုက်ခိုက်လာနိုင်သောကြောင့် သူက မည်သည့်အချိန်တွင် လာရောက်မည်ကို အတိအကျ မဖော်ပြခဲ့ပေ။

ဂိုဏ်းလေးဂိုဏ်းမှ အင်အားကြီးသူများ ထွက်ခွာသွားပြီး မကြာမီ သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့က အခြေအနေကို မေးမြန်းရန် ရောက်လာကြသည်တကား။ အဘယ်ကြောင့်ဆိုသော် လုရီကို အင်အားကြီးသူများ လာရောက်ရှာဖွေကြောင်း သတင်းကို ကြာကြာလျှို့ဝှက်ထား၍ မရနိုင်သောကြောင့်ပင် ဖြစ်တော့သည်။

လုရီ၏ ရှင်းပြချက်များကို ကြားပြီးနောက် သုန်းကုန်းမင်ယွဲ့က မကျေမနပ်ဖြင့် မျက်မှောင် ကလေးကြုတ်ကာ ပြောဆိုလိုက်သည်။

"ဂိုဏ်းချုပ်က ဘယ်လိုလုပ် ဒီလိုလုပ်ရတာလဲ။ ပြီးခဲ့တဲ့တစ်ခေါက် အစ်ကိုကြီး အပြင်ထွက်တုန်းကတည်းက မဟာအင်အားကြီးတစ်ယောက်ရဲ့ စောင့်ကြည့်ခြင်းကို ခံခဲ့ရတာပဲ။ ဒီတစ်ခေါက် ဒီလောက်အကြီးအကျယ် ဖြစ်နေတာကို ဘယ်လို ဖုံးကွယ်ထားလို့ရမှာလဲ။ အင်အားကြီးတစ်ယောက်က အစ်ကိုကြီးကို တိုက်ခိုက်ဖို့ ဆုံးဖြတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။"

လျိုနင်ရွှမ်း၏ မျက်နှာမှာမူ အေးစက်နေသည်။ သူမက လုရီအား ကြည့်ကာ မေးလိုက်သည်။

"အခု ချင်းကျိုးမှာ ပရမ်းပတာ ဖြစ်နေတာကို

ဂျူနီယာမောင်လေး၊ ယုံကြည်မှု ရှိလား။"

အခန်း ၃၁၄- ချင်းကျိုး ပရမ်းပတာ ...

~လုရီက ပြုံးကာ ခေါင်းညိတ်လိုက်သည်။

"စိတ်မပူပါနဲ့၊ ကျွန်တော် အဆင်ပြေပါတယ်၊

စီနီယာအစ်မလည်း သိသင့်တာပေါ့၊ ပုံစံ

တစ်ထောင်အသွင်ပြောင်းပညာက ဘယ်လောက်တောင် အစွမ်းထက်သလဲဆိုတာ..ကျွန်တော်က အလွန် မြင့်မားတဲ့ အဆင့်အထိ ကျင့်ကြံထားပြီးသားမို့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။"

ယခင်က လုရီသည် ပုံစံတစ်ထောင်အသွင်ပြောင်း စွမ်းရည်ကို လျိုနင်ရွှမ်း၊ သုန်းကုန်းမင်ယွဲ့နှင့် ယွင်ရှီးတို့အား သင်ကြားပေးခဲ့ပြီးဖြစ်၏။

အမှန်တကယ်ပင် ၎င်းသည် အလွန်အစွမ်းထက်သော အသက်ကယ် လျှို့ဝှက်သိုင်းတစ်ခုဖြစ်ပြီး သူတို့အတွက်လည်း အလွန်အထောက်အကူ ဖြစ်စေသည်သာတည်း။

လုရီ၏ စကားကို ကြားရသောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့မှာ အနည်းငယ် စိတ်အေးသွားကြတော့သည်။

လျိုနင်ရွှမ်း ခဏမျှ စဉ်းစားပြီးမှ ပြောလိုက်သည်။

"ငါ့ရဲ့ ထောင်ပေါင်းများစွာသော ပြောင်းလဲခြင်းစွမ်းရည်ကလည်း အားမနည်းတဲ့ နယ်ပယ်အထိ ရောက်နေပါပြီ။ ဂျူနီယာမောင်လေး နောက်ဆုံး ဖောက်ထွင်းတုန်းက ထွက်ပေါ်လာတဲ့ လျှို့ဝှက်အလင်းက ဒီအစ်မရဲ့ ရေခဲနယ်ပယ်ကို မြှင့်တင်ပေးခဲ့တာမို့ ကူညီနိုင်လိမ့်မယ်လို့ ထင်ပါတယ်။ အစ်လည်း လိုက်ခဲ့မယ်။"

လျိုနင်ရွှမ်းသည် လုရီပေးခဲ့သော အရင်းအမြစ်အမျိုးမျိုးကြောင့် လုရီထက် ဆယ်နှစ်ခန့် ပိုစောအဆင့်တက်ခဲ့ရာ ယခုအခါ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ နဝမအလွှာတွင် ရှိနေပြီး ထိပ်ဆုံးသို့ ရောက်ရန် တစ်လှမ်းသာ လိုတော့သဖြင့် အတော်ပင် အစွမ်းထက်နေပြီ ဖြစ်၏။

ဤစကားကို ကြားပြီးနောက် လုရီသည် ခဏမျှ စဉ်းစားပြီး ပြောလိုက်သည်။

"မလိုပါဘူး၊ ကျွန်တော် အဲဒီကို တိုက်ခိုက်ဖို့သွားတာ မဟုတ်ပါဘူး။ တခြားသူတွေအတွက် အခင်းအကျင်းတပ်ဆင်ပေးဖို့ပဲ သွားတာပါ။"

လျိုနင်ရွှမ်းက ဤစကားကို ကြားသောအခါ ခပ်ရေးရေး ခေါင်းညိတ်လိုက်သည်။

"ဒါဆိုရင်လည်း ကောင်းပါပြီ။ ဂရုစိုက်ပါနော်။"

"ဟုတ်ကဲ့၊ စိတ်ချပါ။"

သူတို့က လုရီအား ထပ်မံသတိပေးစကားအချို့ ပြောကြားပြီးနောက် ထွက်ခွာသွားကြတော့၏။

ထို့နောက်တွင် လုရီသည် စဉ်းစားပြီး

လင်းလောင် တောင်ထိပ်သို့ သွားရောက်ကာ ဤကိစ္စကို သူ၏ဆရာနှင့် ဆွေးနွေးခဲ့သည်။

ဘေးကင်းစေရန်အတွက် လုရီသည် သူ၏ အဓိကထောက်ခံသူအား အခြေအနေကို အသိပေးသင့်သည်ဟု ခံစားခဲ့ရသည်။ သို့မဟုတ်လျှင် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတစ်ဦးက မမျှော်လင့်ဘဲ ဖမ်းမိမည်ကို စိုးရိမ်သောကြောင့်ပင် ဖြစ်ချေသည်။

သူ၏ဆရာမှာ လုရီနှိုးလိုက်၍ အိပ်ရာမှ နိုးလာသဖြင့် အတော်ပင် မကျေမနပ်ဖြစ်နေ၏။ သူက လုရီ၏ နဖူးကို အကြိမ်ကြိမ် လက်ဖြင့် တောက်လိုက်ရာ လုရီခမျာ နာကျင်မှုကြောင့် မျက်နှာရှုံ့မဲ့သွားရတော့သည်။ လင်းလောင် တောင်ထိပ်သခင်မသည် ဤနည်းလမ်းကို မည်သည့်အချိန်က စ၍ ကြိုက်နှစ်သက်လာသည်ကို သူမသိခဲ့ပေ။

လုရီ၏ စကားများကို ကြားပြီးနောက် လင်းလောင် တောင်ထိပ် သခင်မက သူ့ကို စောစောပြန်လာရန်သာ ပြောခဲ့သည်။

သိပ်ကြီးမားသော တုံ့ပြန်မှုမရှိသော်လည်း လုရီမှာ အနည်းငယ် စိတ်အေးလက်အေး ဖြစ်သွားသည်တကား။

...

ရက်အနည်းငယ်ကြာပြီးနောက် လုရီသည် ပုံစံ

တစ်ထောင် အသွင်ပြောင်းပညာရည်ကို အသုံးပြုကာ သာမန်ရုပ်ရည်ရှိသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲလိုက်သည်။ သူ၏ ဓားပျံပေါ်သို့ တက်ကာ တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားလေ၏။ လုရီ၏ ထွက်ခွာမှုကို သူ၏ဆရာနှင့်

စိီနီယာအစ်မ၊ဂျူနီယာညီမလေးများမှလွဲ၍ မည်သူမျှ မသိရှိခဲ့ကြပေ။

လုရီ၏ ပထမဦးဆုံး ဦးတည်ရာမှာ

ပန်းတစ်‌သောင်းဂိုဏ်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် ထိုနေရာသည် ယွင်ရှီး ရှိရာနေရာဖြစ်ပြီး လုံလောက်စွာ ဘေးကင်းလုံခြုံမှုရှိမရှိ သေချာစေရန် လိုအပ်သောကြောင့်ပင် ဖြစ်ချေသည်။

ဂိုဏ်းမှ အချိန်အတော်ကြာအောင် မထွက်ခွာဖြစ်ခဲ့ရာမှ ပြန်လည်ထွက်ခွာလာရသောအခါ လုရီမှာ အနည်းငယ် စိတ်လှုပ်ရှားမှု ဖြစ်ပေါ်နေသည်တကား။

သူက အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ တောင်တန်းများနှင့် မြစ်များကို ဖြတ်ကျော်ကာ သဲကန္တာရတစ်ခုကို ဖြတ်ကျော်ခဲ့၏။

မကြာမီပင် ရင်းနှီးသောမြို့တစ်မြို့ကို သူမြင်တွေ့ရသည်။ မိုဟဲ့တိုင်းပြည်၏ မြို့တော်ပင်တည်း။

နောက်ဆုံးတစ်ကြိမ်က သူနှင့် အကြီးအကဲ မင်တို့နှင့်အတူ သူ၏ စီနီယာအစ်မပါ ပါဝင်ကာ

ဓားတာအိုအစည်းအဝေးသို့ တက်ရောက်ခဲ့စဉ် ချင်းကျိုးတွင် ပရမ်းပတာ ဖြစ်နေပြီး မိုဟဲ့တိုင်းပြည်၏ မြို့တော်မှာ ပျက်စီးယိုယွင်းနေခဲ့ရသည်။

နှစ်ပေါင်းများစွာ ကုန်လွန်ခဲ့ပြီးနောက် မိုဟဲ့တိုင်းပြည်၏ မြို့တော်သည် ပြန်လည်တည်ဆောက်ပြီး ယခင်ကထက်ပင် ပိုမိုစည်ကားလာခဲ့သည်တကား။ မြို့တော်နှင့် မနီးမဝေးတွင် သူ၏ ထက်မြက်သော အကြားအာရုံဖြင့် မြို့တွင်းရှိ သာမန်လူများ၏ အော်ဟစ်သံများကို လုရီ ကြားနိုင်ခဲ့ရာ အသက်ဝင်လှုပ်ရှားမှု အပြည့်အဝ ရှိနေတော့၏။

လုရီက ခပ်ရေးရေး ပြုံးလိုက်ပြီး ဆက်လက်ချီတက်သွားသည်။ သူ၏ စီနီယာအစ်ကို ကျန့်ဖန်နှင့် အတူ အလုပ်သွားစဉ်ကနှင့် ဓားတာအိုအစည်းအဝေးသို့ တက်ရောက်စဉ်က မြင်တွေ့ခဲ့ရသော မိုဟဲ့တိုင်းပြည်တစ်ခုလုံးမှာ အကြီးအကျယ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

ရှင်းနေသည်မှာ မိုဟဲ့တိုင်းပြည်၏ ဘုရင်မင်းမြတ်သည် သူ ပြောဆိုခဲ့သည်များကို စိတ်ထဲ၌ ထည့်ထားခဲ့သည်သာတည်း။

သို့သော် လုရီမှာ မကြာမီပင် မျက်နှာဆွေးမြည့်စွာ ပြုံးလိုက်မိသည်။ စီနီယာအစ်ကို ကျန့်ဖန်နှင့်အတူ အလုပ်တစ်ခုအတွက် မိုဟဲ့တိုင်းပြည်သို့ ပထမဆုံးအကြိမ် ရောက်ရှိခဲ့စဉ်က သူသည် အခြေခံအုတ်မြစ် နယ်ပယ်တွင်သာ ရှိသေးသည်။ ထိုအချိန်မှစ၍ နှစ်ပေါင်းခြောက်ဆယ်ကျော် ကုန်လွန်ခဲ့ပြီဖြစ်ရာ ကျင့်ကြံနိုင်ခြင်း မရှိသော မိုဟဲ့တိုင်းပြည်၏ ဘုရင်မင်းမြတ်မှာ အသက်ရှင်နေတော့မည် မဟုတ်ပေ။

လုရီသည် လူတို့ကား ဖောက်ပြန်ပြောင်းလဲ၊ အခြေအနေကား မြဲမြံနေဟန်ကို ခံစားရင်း သူ၏ ခရီးကို ဆက်လက်ထွက်ခွာလာခဲ့လေတော့၏။

လုရီသည် တိမ်ဖြူဂိုဏ်း နယ်မြေမှ ထွက်ခွာသည်နှင့် မျက်မှောင်ကြုတ်လိုက်၏။

တိမ်ဖြူဂိုဏ်း၏ နယ်မြေသည် ပန်းတစ်‌သောင်းဂိုဏ်း၏ နယ်မြေနှင့် ကပ်လျက်ရှိပြီး တိမ်ဖြူဂိုဏ်း၏ ငြိမ်းချမ်းသော နယ်မြေနှင့်မတူဘဲ ပန်းတစ်‌သောင်းဂိုဏ်း၏ နယ်မြေမှာ ထိုမျှလောက် ငြိမ်သက်ခြင်း မရှိတော့ပေ။

လုရီ ခဏတာ ပျံသန်းပြီး သစ်တောတစ်တောကို ဖြတ်ကျော်လာစဉ် တစ်စုံတစ်ခု မူပျက်နေကြောင်း ခံစားလိုက်ရသည်။

တည်ရှိမှုများစွာက ပတ်ဝန်းကျင်တွင် ချောင်းမြောင်းနေသည်တကား။

သူ၏ အစွမ်းထက်သော နတ်ဘုရားအာရုံဖြင့် ခပ်မြန်မြန် တစ်ချက် ဝေ့ကြည့်လိုက်ရုံဖြင့် သူတို့၏ အရေအတွက်ကို သိရှိသွားလေသည်။

လူဆယ့်နှစ်ဦး။

အခြေတည် ဝိညာဉ် နှစ်ဦး၊

ရွှေအူတိုင်ကား ဆယ်ဦး ဖြစ်၏။

လုရီ မျက်မှောင်ကြုတ်လိုက်သည်။

သူတို့က သူ့ကို ပစ်မှတ်ထားခြင်း မဟုတ်ကြောင်း နားလည်လိုက်သည်။ အဘယ်ကြောင့်ဆိုသော် သူ့ကို ပစ်မှတ်ထားမည်ဆိုလျှင် မည်သည့်အရူးကမျှ အခြေတည် ဝိဉာဉ် ကျင့်ကြံသူများနှင့် ရွှေအူတိုင် ကျင့်ကြံသူများကို စေလွှတ်လိမ့်မည်မဟုတ်ပေ။

ထိုစဉ် ကောင်းကင်ယံမှ ဓားပျံတစ်လက် ဖြတ်သန်းသွားပြီး လုရီဘက်သို့ ဦးတည်ကာ ခွင်းလာသည်။

ထိုဓားပျံမှာ အားမနည်းပေ။ ၎င်းဖြတ်သန်းသွားရာ လေထုမှာ ဆုတ်ပြဲသံများ ထွက်ပေါ်လာပြီး လေလှိုင်းများ ကြမ်းတမ်းစွာ လှုပ်ခတ်ကာ အနီးအနားရှိ သစ်ပင်ကြီးများကို ဓားစွမ်းအင်များဖြင့် ဆုတ်ဖြဲပစ်လိုက်သည်တကား။

၎င်းမှာ အခြေတည် ဝိညာဉ်နယ်ပယ် ကျင့်ကြံသူများထဲမှ တစ်ဦး၏ ဓားဖြစ်ပြီး သူသည် အခြေတည် ဝိညာဉ်အဆင့်တွင် ရှိနေသော်လည်း ထိပ်တန်းအဆင့် မှော် လက်နက်တစ်ခု ပိုင်ဆိုင်ထားသဖြင့် အတော်ပင် ကြွယ်ဝပုံ ရသည်။

လုရီ၏ မျက်နှာထားမှာ တည်ငြိမ်နေဆဲပင်။ သူက လက်ကို အနည်းငယ် ဆန့်ထုတ်လိုက်ရာ မြင့်တက်နေသော ဓားစွမ်းအင်များဖြင့် တုန်ခါနေသော ဓားပျံကို ဆတ်ခနဲ ဖမ်းဆုပ်လိုက်လေသည်။

လက်ဖဝါးဖြင့် ညင်သာစွာ ဆုပ်နယ်လိုက်သည်နှင့် ထိပ်တန်းအဆင့် မှော်လက်နက်သည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားတော့သည်။

လုရီက လက်များကို ဖြန့်ကားလိုက်ရာ မမြင်ရသော နတ်ဘုရားအာရုံစွမ်းအားသည် ပျံ့နှံ့သွားပြီး သူ့အောက်ရှိ ကျင့်ကြံသူအားလုံးကို လှုပ်ရှား၍မရအောင် လုပ်ကာ ကောင်းကင်သို့ ဆွဲတင်လိုက်လေသည်။

အခြေတည် ဝိညာဉ်ကျင့်ကြံသူနှစ်ဦးနှင့် ရွှေအူတိုင်ကျင့်ကြံသူ ဆယ်ဦးလုံးမှာ ယက်ကန်ယက်ကန်ပါလာပြီး လုရီအား ကြောက်ရွံ့သော မျက်နှာထားများဖြင့် ကြည့်နေကြပြီး မယုံကြည်နိုင်သော အမူအရာများဖြင့် ပြည့်နှက်နေသည်တကား။

"သခင်လေး.. အသက်ချမ်းသာပေးပါ! ကျွန်တော်တို့ သေဖို့ ထိုက်တန်ပါတယ်၊ ကျေးဇူးပြုပြီး အသက်ရှင်ခွင့်ပေးပါ!"

ခေါင်းဆောင် အခြေတည် ဝိညာဉ်ကျင့်ကြံသူက ချက်ချင်းပင် တောင်းပန်လိုက်၏။

လုရီသည် ရွှေအူတိုင်ကျင့်ကြံသူတစ်ဦးကို ဖမ်းဆုပ်ကာ ဝိညာဉ်ရှာဖွေခြင်းကို တိုက်ရိုက်ပြုလုပ်လိုက်သည်။ ထို့နောက် သူ စကားမပြောနိုင်ဖြစ်သွားတော့၏။

ဤကျင့်ကြံသူများသည် ပင်လယ်မျိုးနွယ်များ သိမ်းပိုက်ထားသော ဒေသတစ်ခုမှ ထွက်ပြေးလာကြသူများဖြစ်ပြီး တစ်ချိန်က တိမ်ဖြူဂိုဏ်းနှင့် ခွန်အားချင်း နှိုင်းယှဉ်နိုင်သော ဂိုဏ်းတစ်ခုမှ ပါရမီရှင်တပည့်များပင် ဖြစ်သည်တကား။ သူတို့ဂိုဏ်း၏ နယ်မြေ ပျောက်ဆုံးသွားခဲ့ပြီး သဘာဝအတိုင်း သူတို့၏ ကျင့်ကြံမှုအရင်းအမြစ်များလည်း ပျောက်ဆုံးသွားသဖြင့် ဓားပြအဖြစ်သို့ ပြောင်းလဲခဲ့ကြရသည်။

မကြာသေးမီနှစ်များအတွင်း သူတို့သည် အတော်အတန်များများ လုယက်ခဲ့ကြရာ တကယ်ပင် လုယက်ရသည်အား စွဲလမ်းသွားခဲ့ကြလေသည်။

သူတို့ မည်မျှ ပြတ်ပြတ်သားသားနှင့် ရက်စက်ကြမ်းတမ်းစွာ ပြုမူခဲ့ကြသည်ကို ကြည့်ခြင်းအားဖြင့် သူတို့ မည်မျှ ကျွမ်းကျင်လာခဲ့သည်ကို ရှင်းရှင်းလင်းလင်း မြင်သာပေသည်။ သို့သော် ကံမကောင်းစွာဖြင့် သူတို့သည် လုရီနှင့် ကြုံတွေ့ခဲ့ကြရသည်သာတည်း။

လုရီ၏ အခြေခံအုတ်မြစ်မှာ အလွန်ခိုင်မာသောကြောင့် သူသည် အသွင်ပြောင်း ပညာကို အသုံးပြု၍ သူ့ကိုယ်သူ ရွှေအူတိုင်နယ်ပယ်အထိ ကျင့်စဉ် ဖိနှိပ်ခဲ့ရာ အာရုံစိုက်မှုကို နည်းပါးစေရန် ဖြစ်၏။

မမျှော်လင့်ဘဲ သူတို့က သူ့ကို ပစ်မှတ်ထားခဲ့ကြ၏။

ဝိညာဉ်ရှာဖွေခြင်းမှ လုရီသည် ထိုကဲ့သို့သော ဓားပြကျင့်ကြံသူများစွာ ရှိနေပြီး ၎င်းတို့အားလုံးသည် အခြားသော မဟာဒေသများမှ လာကြသည်ကို တွေ့ရှိခဲ့သည်။

မည်သူမျှ တိမ်ဖြူဂိုဏ်း၏ နယ်မြေသို့ သွားရဲခြင်း မရှိသောကြောင့် သူတို့သည် အခြားနယ်မြေများတွင် လုပ်ဆောင်ခဲ့ကြရသည်။

ယခုအခါ ဒေသခံကျင့်ကြံသူများစွာက တိမ်ဖြူဂိုဏ်း၏ နယ်မြေတွင် ခိုလှုံရန် လိုလားကြပြီး ဤကျင့်ကြံသူများသည် လမ်းများပေါ်တွင် စောင့်ဆိုင်းနေကြကာ ဖြတ်လာသူတိုင်းကို လုယက်ကြသဖြင့် အကျိုးအမြတ်များစွာ ရရှိခဲ့ကြသည်။

လုရီ၏ မျက်နှာထားမှာ အေးစက်သွားပြီး သူတို့ကို တိုက်ရိုက် သုတ်သင်ပစ်လိုက်လေ၏။

သူက ပန်းတစ်‌သောင်း

ဂိုဏ်းဘက်သို့ ဆက်လက်ပျံသန်းသွားသည်။ လမ်းတစ်လျှောက်တွင် လုရီသည် ထိုကဲ့သို့သော ဓားပြအဖွဲ့များစွာနှင့် ထပ်မံကြုံတွေ့ခဲ့ရပြီး သူတို့ကိုလည်း ရက်စက်စွာ နှိမ်နင်းခဲ့ပြန်သည်။

ထိုအထဲတွင် အခြေအနေ ပရမ်းပတာဖြစ်နေသည်ကို မြင်သော ဒေသခံကျင့်ကြံသူအချို့ပင် ဓားပြတိုက်ခြင်းတွင် ပါဝင်နေသည်ကို တွေ့ရလေသည်။

ပန်းတစ်‌သောင်းဂိုဏ်း သည် လက်ရှိတွင် ဤပရမ်းပတာ အခြေအ‌နေကို ပြန်လည်ပြင်ဆင်ရန် အင်အားမရှိတော့ပေ။ လုရီပင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်မှ ဓားပြများနှင့် ပက်ပင်း ကြုံခဲ့ရာ ၎င်းက မည်မျှ ပရမ်းပတာ ဖြစ်နေသည်ကို သုံးသပ်ကြည့်နိုင်လေသည်။

ဤသည်မှာ သေးငယ်သော ဧရိယာတစ်ခုမျှသာဖြစ်သော်လည်း ချင်းကျိုးတစ်ခုလုံးနှင့် ပတ်ဝန်းကျင်ရှိ မဟာဒေသများ၏ အခြေအနေကို ထင်ဟပ်နေသည်သာတည်း။

အခန်း ၃၁၅- ယင်ယန် နှစ်ကိုယ်တူကျင့်ကြံခြင်း ...

~လုရီသည် တိုက်ခိုက်ရင်းနှင့်ပင် လှုပ်ရှားလာခဲ့ရာ နောက်ဆုံးတွင် ပန်းတစ်‌သောင်းဂိုဏ်း၏ ပန်းတစ်‌သောင်း တောင်ကြားဝသို့ ရောက်ရှိလာတော့၏။

ချင်းကျိုးပြည်သည် လောလောဆယ် ရှုပ်ထွေးနေသော အခြေအနေကြောင့် ဂိုဏ်း၏ တံခါးဝများတွင် အခြေတည်ဝိဉာဉ် ကျင့်ကြံသူများက စောင့်ကြပ်နေကြချေသည်။ လုရီသည် သူတို့ကို နှိုးဆော်ခြင်းမရှိဘဲ ဂိုဏ်းထဲသို့ တိုက်ရိုက်ဝင်ရောက်ကာ ဂိုဏ်း၏ အတွင်းပိုင်းရှိ ဆိတ်ငြိမ်သော တောင်ကြားလေးတစ်ခုသို့ ရောက်ရှိလာခဲ့၏။

ထိုတောင်ကြားငယ်သည် ကြီးမားလှသည်

မဟုတ်၊ ပန်းမျိုးစုံဖြင့် ပြည့်နှက်နေပြီး ပန်းရနံ့များက လေထဲတွင် မွှေးကြိုင်ပျံ့လွင့်နေတော့သည်။ ပန်းပင်လယ်အဆုံးတွင် သိုသိပ်သော အိမ်ငယ်လေးတစ်လုံး တည်ရှိနေပြီး ယင်းမှာ ယွင်ရှီး၏ ဂူစံအိမ်ပင် ဖြစ်လေသည်။

အိမ်၏ ရှေ့သို့ ရောက်သော် လုရီက ခေါ်လိုက်၏။

“ယွင်ရှီး၊ ရှိသလား?”

မကြာမီပင် ယွင်ရှီး တံခါးဖွင့်၍ ထွက်လာ၏။

လုရီကို မြင်သည်နှင့် တပြိုင်နက် အံ့အားသင့်ဝမ်းသာသော အပြုံးတစ်ခု ပေါ်ထွက်လာပြီး

“ဘာလို့ ရောက်လာတာလဲ?” ဟု မေးလိုက်တော့သည်။

ချင်းကျိုးပြည်၏ မကြာသေးမီက ဆူပူလှုပ်ရှားမှုများကြောင့် ပန်းတစ်‌သောင်းဂိုဏ်းနှင့် တိမ်ဖြူဂိုဏ်းကြား ခရီးသွားလာရာတွင် အခက်အခဲများ ပေါ်ပေါက်လာနိုင်ချေရှိ၏။ ပန်းတစ်‌သောင်းဂိုဏ်း၏ တပည့်များသည် ခရီးသွားလာမှု နည်းပါးလာပြီး ယွင်ရှီးလည်း ထိုနည်းနှင်နှင်ပင် ဖြစ်လေသည်။

မိုလင်တောင်ကြားတွင် ဖြစ်ပျက်ခဲ့သည့် အဖြစ်အပျက်ကို ထောက်ရှုလျှင် ပန်းတစ်‌သောင်းဂိုဏ်းမှ တပည့်များ ထွက်ခွာသွားပါက ဘေးအန္တရာယ်များ ဖြစ်ပေါ်လာနိုင်သည့်အပြင် အခြားအင်အားစုများကိုလည်း ပန်းတစ်‌သောင်းဂိုဏ်းကို တိုက်ခိုက်ရန် အကြောင်းပြချက် ပေးရာရောက်လိမ့်မည် ဖြစ်၏။

ယွင်ရှီး နောက်ဆုံးအကြိမ် တိမ်ဖြူဂိုဏ်းသို့ သွားခဲ့သည်မှာ လွန်ခဲ့သော တစ်နှစ်ကျော်က ဂိုဏ်းအကြီးအကဲများနှင့်အတူ လိုက်ပါသွားခြင်းပင် ဖြစ်ချေသည်။

လုရီက ပြုံးကာ ပြောလိုက်၏။ “အဖွားဟွားက ပန်းပေါင်းစုံဂိုဏ်းအတွက် ဂိုဏ်းအကာအကွယ်အခင်းအကျင်း လာလုပ်ပေးဖို့ ပြောလို့ ငါ ရောက်လာတာပါ။”

ယွင်ရှီး မျက်တောင်တစ်ချက် မှိတ်လိုက်၏။ သူမ၏ ချောမောလှပသော မျက်နှာတွင် ဖုံးကွယ်မရသည့် စိတ်ပျက်အားငယ်မှု တစ်စွန်းတစ်စ ပေါ်နေကာ ပြောလေသည်။

“ဟွန့်၊ ငါ့ကို သတိရလို့ ရောက်လာတယ်၊ ထင်လိုက်တာ”

“ဟားဟား..ပြီးခဲ့တဲ့တစ်ခေါက် လင်းလောင်တောင်ထိပ်မှာ နေဖို့ ပြောတုန်းက မင်း ငြင်းခဲ့တယ် မဟုတ်လား?”

ယွင်ရှီး ခေါင်းခါလိုက်၏။

“ဟင့်အင်း.. ပန်းတစ်သောင်းဂိုဏ်းက ငါ့အိမ်ပါ”

ယွင်ရှီးကို သည်လောက်ကြာအောင် သိလာခဲ့သည်မို့ လုရီလည်း သူမ၏ နောက်ခံသမိုင်းကို သဘာဝအတိုင်း နားလည်လေ၏။ ယွင်ရှီးသည် ပန်းတစ်‌သောင်းဂိုဏ်း နယ်မြေအတွင်းရှိ

လူသားဘုရင့်နိုင်ငံတစ်ခုမှ မိဘမဲ့ ကလေးတစ်ဦး ဖြစ်ချေသည်။

ထိုအချိန်က သူမ၏ နိုင်ငံသည် အခြားနိုင်ငံနှင့် စစ်ဖြစ်နေပြီး ဆူပူအုံကြွမှုများကြောင့် အကြီးမားဆုံး ဒုက္ခခံစားရသူများမှာ နိုင်ငံအတွင်းရှိ သာမန်လူများပင် ဖြစ်တော့၏။

ယွင်ရှီး နေထိုင်ရာမြို့ကို ရန်သူတို့က သိမ်းပိုက်ထားခဲ့ပြီး အသက်တစ်နှစ်တောင် မပြည့်သေးသည့် ယွင်ရှီးကိုတော့ အလောင်းပုံကြီးထဲတွင် ထားခဲ့ကြလေသည်။ အကယ်၍ အဘွားဟွားက လမ်းကြုံဖြတ်သွားရင်း ယွင်ရှီး၏ အသက်လက္ခဏာများကို မသိရှိခဲ့လျှင် သူမ သေဆုံးသွားခဲ့ရမည်မှာ သေချာချေသည်။

ထို့ကြောင့် အဘွားဟွားသည် ယွင်ရှီးကို သူမနှင့်အတူ ပန်းတစ်‌သောင်းဂိုဏ်းသို့ ခေါ်ဆောင်လာခဲ့ပြီး ယွင်ရှီးလည်း ထိုနေရာတွင် ကြီးပြင်းလာခဲ့ရလေသည်။ သူမအတွက်မူ ပန်းတစ်‌သောင်းဂိုဏ်းသည် အိမ်ဖြစ်ပြီး အဘွားဟွားမှာ ဆရာမနှင့် မိခင်တစ်ဦးသဖွယ် ဖြစ်ခဲ့သည် မဟုတ်ပါလား။။

ဟုတ်ပါ၏။ ထိုအချိန်က အဘွားဟွားသည် သူမ မတော်တဆ တွေ့ဆုံခဲ့သော စစ်ဘေးဒုက္ခသည် မိဘမဲ့ကလေးသည် အံ့ဩဖွယ် ပါရမီရှိသည့် ပန်းတစ်‌သောင်း ဝိဉာဉ်ခန္ဓာ ဖြစ်လာလိမ့်မည်ဟု မျှော်လင့်ထားခဲ့လိမ့်မည် မဟုတ်ချေ။ ဤသည်မှာ ကံကြမ္မာ၏ ဖန်တီးမှုတစ်ရပ်ပင် ဖြစ်တော့သည်။

လုရီ အနည်းငယ် ပြုံးကာ ပြောလိုက်၏။

“ဒါဆို ငါ နောက်ဆို အချိန်ရရင် မင်းဆီကို

လာလည်ပါ့မယ်။”

ဤစကားကို ကြားသောအခါ ယွင်ရှီး၏ နှုတ်ခမ်းထောင့်များ မသိစိတ်ဖြင့် ကွေးတက်သွားပြီး သူမ ရယ်မောလိုက်လေ၏။

“နင်က နင့်ရဲ့ ကျင့်ကြံမှုပေါ်မှာ အာရုံစိုက်ပါ။ အခွင့်အရေးရှိရင် အဘွားဟွားနဲ့အတူ ငါ နင့်ဆီ လာရှာပါ့မယ်။”

ယွင်ရှီး၏ ဆွဲဆောင်မှုရှိပြီး ပျော်ရွှင်သော အပြုံးကို မြင်ရသောအခါ လုရီ သူမ၏ ဆံပင်ကို ပွတ်သပ်လိုက်မိ၏။ ယွင်ရှီး မျက်လုံးများကို ပျော်ရွှင်စွာ မှိတ်လိုက်ပြီးနောက် ပြောလိုက်၏။

“ညီမလေး မင်ယွဲ့ ..မလိုက်လာဘူးလား?”

ဤတွင် လုရီ မရယ်ဘဲ မနေနိုင်တော့ချေ။

သုန်းကုန်းမင်ယွဲ့သာ ဒီမှာရှိနေခဲ့လျှင် ဒေါသထွက်ပြီး ခုန်ပေါက်နေမှာ သေချာလေသည်။

ယွင်ရှီးက ပြောလိုက်၏။

“ကျွန်မ အဘွားဆီ ခေါ်သွားပေးမယ်။”

လုရီ ခေါင်းညိတ်လိုက်၏။

“အင်း…”

အဖွားဟွား၏ ဂူစံအိမ်သည် ပန်းတစ်‌သောင်းဂိုဏ်း၏ အနက်ရှိုင်းဆုံးနေရာတွင် တည်ရှိလေသည်။ ယွင်ရှီးက လုရီကို အဖွားဟွားထံ ခေါ်ဆောင်လာသောအခါ အဘွားက ပြုံးရွှင်သော မျက်နှာဖြင့် “ကောင်လေး၊ ရောက်လာပြီလား။ ကြိုမပြောဘဲ ဘာလို့လဲ?” ဟု မေးလိုက်တော့၏။

လုရီက ပြုံးကာ တုံ့ပြန်သည်။

“ကျွန်တော့် လက်ရှိအခြေအနေက နည်းနည်း ထိရှလွယ်တာမို့ သိပ်ပြီး အများမြင်သာအောင် မလုပ်ရဲပါဘူး။ အဖွား ခွင့်လွှတ်ပါ”

အဘွားဟွား နားလည်သွားပြီး

“မဟာအခင်းအကျင်းတည်ဆောက်တဲ့အခါလည်း လျှို့ဝှက်ထားကြတာပေါ့။ ငါတို့ မဟာအကြီးအကဲတွေ အချို့က မင်းကို ကူညီပေးပါ့မယ်။ တခြားသူတွေကို မပြောပါဘူး”

လုရီက ခေါင်းညိတ်ပြုံးသည်။

“နားလည်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ် အဘွားဟွား”

ထို့နောက် အဘွားဟွားသည် လုရီကို တစ်ချက်ကြည့်လိုက်ပြီးနောက် ယွင်ရှီးကို ကြည့်ကာ စနောက်သည့်သဘောဖြင့် “မင်းတို့နှစ်ယောက် တွေ့ရခဲတယ်နော်။ အရင် စကားစမြည် ပြောဖို့ အချိန်ပေးရမလား” ဟု မှတ်ချက်ပြုလိုက်လေသည်။

လုရီ ခပ်ပြုံးပြုံးရယ်မောလိုက်၏။ အနည်းငယ် ရှက်ရွံ့သွားလေသည်။ ယွင်ရှီးကမူ တည်ငြိမ်စွာပင် ခေါင်းညိတ်၍ “အဖွား၊ လုရီ အခုမှ ရောက်လာတာမို့ ခရီးပန်းလာတာပါ။ အနားယူဖို့ တကယ် လိုပါတယ်” ဟု ပြောလေသည်။

အဖွားဟွာက ထက်မြက်သော အပြုံးဖြင့် လက်ဝှေ့ယမ်းလိုက်ပြီး “သွားကြ၊ ဒီရက်ပိုင်း အလျင်လိုစရာမရှိပါဘူး။ ငါ အကြီးအကဲအချို့နဲ့ အရင် ပြင်ဆင်ရဦးမယ်” ဟု ပြောလိုက်တော့သည်။

ထို့နောက် ယွင်ရှီးသည် လုရီကို ခေါ်ဆောင်ကာ သူမ၏ ဂူစံအိမ်သို့ ပြန်သွားလေသည်။

သူမသည် လုရီကို ကြည့်လိုက်ပြီး မျက်တောင်တစ်ချက် မှိတ်ကာ ပြောလေသည်။

“လုရီ၊ ဝိုင်ပါလား? ငါ သောက်ချင်တယ်”

လုရီက မေးလိုက်၏။

“ငါ အရင်ပေးထားတဲ့ ပန်းနှင်းရည်ကုန်သွားပြီလား”

ပန်းနှင်းရည်သည် လုရီရရှိထားသော အခြေတည်ဝိဉာဉ် အဆင့် ဝိဉာဉ် ဝိုင်တစ်မျိုးဖြစ်ပြီး ခန္ဓာကိုယ်ကို အားဖြည့်ပေးနိုင်ကာ သဘာဝစွမ်းအားကို နားလည်သဘောပေါက်မှုကိုလည်း တိုးတက်စေနိုင်သဖြင့် အလွန်တန်ဖိုးရှိလှ၏။

လုရီသည် ၎င်းကို အဆင့်မြင့်ဆုံးအထိ ကျွမ်းကျင်ပိုင်နိုင်ထားပြီး ယွင်ရှီး၏ အကြိုက်ဆုံးလည်း ဖြစ်လေသည်။

ယွင်ရှီးသည် လုရီကို ကြည့်ကာ

“မဟုတ်ဘူး၊ ငါ ပိုပြင်းတာ သောက်ချင်တယ်”

လုရီ ယွင်ရှီးကို အနည်းငယ် စိတ်ရှုပ်ထွေးစွာ ကြည့်လိုက်၏။ ပုံမှန်အားဖြင့် သုန်းကုန်းမင်ယွဲ့ကသာ ပိုပြင်းသည့် အဖျော်ယမကာများကို နှစ်သက်တတ်ပြီး ယွင်ရှီးရော လျိုနင်ရွှမ်းပါ အရသာနူးညံ့သည့် အရာများကို ပိုနှစ်သက်တတ်ကြ၏။

ယနေ့တွင် ယွင်ရှီးက သူမ၏ အကြိုက်ကို ပြောင်းလဲလိုသည်မှာ မမျှော်လင့်ထားသော ကိစ္စပင် ဖြစ်ချေသည်။

လုရီအတွက် ပြဿနာ မရှိချေ။ သူက ပြုံးကာ “ဒါဆို ဒီနေ့ အနီရောင်မီးတောက်ဝိုင် သောက်ကြတာပေါ့”

ယွင်ရှီး ခေါင်းညိတ်လိုက်၏။ “အင်း…”

သူတို့နှစ်ဦး သောက်ရင်း စကားပြောကြ၏။

ယွင်ရှီးက သူမ၏ ကျင့်ကြံခြင်းနှင့် အပန်းဖြေနေစဉ်က ရယ်စရာကောင်းသော ဇာတ်လမ်းများကို ဝေမျှပြောပြလေသည်။ ဥပမာ- သူမ ဆေးဖော်နည်းပညာကို စတင်စမ်းသပ်ခဲ့ပုံနှင့် ပန်းတစ်‌သောင်း ဝိဉာဉ်ခန္ဓာကြောင့်ပင် ဖြစ်မည်ထင်ပါ၏။ သူမသည် ဆေးဖော်ခြင်းတွင် ပါရမီအတော်လေး ရှိသည်ကို တွေ့ရှိခဲ့ပုံစသည်ဖြင့် ပြောပြလေသည်။

“လုရီ၊ နင် အချိန်အားရင် ငါ့ကို မှော်ဆေးပညာ သင်ပေးလို့ ရမလား?”

ယွင်ရှီးသည် လုရီ၏ မှော်ဆေးပညာသည်လည်း အလွန်မြင့်မားကြောင်း သိရှိထား၏။

သူမ ပိုင်ဆိုင်ထားသော လုရီပေးသည့် အခြေတည်ဝိဉာဉ်နယ်ပယ် ဆေးလုံးများမှာလည်း အားလုံး ပြီးပြည့်စုံသော အရည်အသွေးများ ဖြစ်ချေသည်။

ဒီအကြောင်းကို သိသူ အများကြီးရှိမည် မဟုတ်ပေ။

လုရီက ပြုံးရွှင်စွာ သဘောတူလိုက်၏။

“ဟုတ်တာပေါ့၊ ပြဿနာမရှိဘူး။ မှော်‌ဆေးပညာနဲ့ပတ်သက်ပြီး ဘာမေးခွန်းများ ရှိလဲ။ ငါ့က်ု ပြောပြ။ ကူညီဖြေရှင်းပေးမယ်။”

ယွင်ရှီးက လုရီကို တစ်ချက်ကြည့်လိုက်ပြီး

ပြောလာသည်က..

“ဒီနေ့တော့ အဲ့ဒါတွေအကြောင်း မပြောချင်ဘူး။ နောက်မှပဲ ဖြစ်မယ်”

All Chapters