အခန်း (၃၁၆-၃၁၈)
Vol. 22 Ch. 316-318
အခန်း ၃၁၆-ယင်ယန် နှစ်ကိုယ်တူကျင့်ကြံခြင်း ...
~လုရီက အေးအေးဆေးဆေးပင်။
“ဘယ်အချိန်မဆို ရပါတယ်” ဟု ပြောလိုက်၏။
ထို့နောက် ယွင်ရှီးသည် လုရီကို ဂူစံအိမ်အပြင်ဘက်ရှိ ပန်းပင်လယ်သို့ ခေါ်ဆောင်သွားသည်။
“ဒီယွီလန်ပန်းက အသစ်စိုက်ထားတာ။ ကျွန်မ ရှာတွေ့တုန်းက သေလုနီးပါး ဖြစ်နေပြီ။ ပြန်ရှင်လာအောင် ပြုစုပျိုးထောင်ရတာ အချိန်တော်တော် ကုန်သွားတယ်..ခစ်ခစ်..”
တင့်တယ်ကာ လှပသော ယွီလန် ပန်းတစ်ပွင့်ကို ဂုဏ်ယူစွာ လက်ညှိုးထိုးပြကာ ရယ်မောပြောဆိုလိုက်ခြင်းပါ။
ဤပန်းများအားလုံးကို ယွင်ရှီးက သူမ၏ အားလပ်ချိန်များတွင် စိုက်ပျိုးထားခြင်း ဖြစ်ချေသည်။
ယခုအခါ...သူတို့နှစ်ဦး ပန်းပင်လယ်အလယ်တွင် ဝိုင်သောက်ရင်း အေးအေးဆေးဆေး စကားပြောနေကြသည်။
အနီရောင် မီးတောက်ဝိုင်သည် အထူးပင်
ပြင်းပါသည်။ ယွင်ရှီး၏ အရက်ခံနိုင်ရည်မှာ အထူးမြင့်မားခြင်း မရှိသည့်အလျောက် သူမ၏ မျက်နှာသည် ခပ်မြန်မြန်ပင် ပန်းရောင်သမ်းလာတော့၏။ သူမ၏ တောက်ပကြည်လင်သော မျက်လုံးများတွင် အရက်မူးသည့် အရိပ်အယောင်လေးများ ပေါ်လာပြီး လမ်းလျှောက်ရန် လုရီ၏ လက်မောင်းကို မှီတွယ်ထားရလေသည်။
လုရီ ကူကယ်ရာမဲ့ ပြုံးလိုက်၏။
“တာအို ရောင်းရင်း ယွင်ရှီး..ဒီနေ့ တော်တော် သောက်တာပဲ။”
ယွင်ရှီးသည် လုရီကို ပြုံး၍ ကြည့်သည်။
“ဟုတ်တယ်၊ ဒီနေ့ အရမ်းပျော်တယ်။ နင် ငါ့ဆီ လာလည်လို့လေ”
လုရီ အံ့အားသင့်သွား၏။ ထို့နောက် ခဏတာ စဉ်းစားပြီးနောက် သူ့ကို လာရှာသူမှာ ယွင်ရှီးသာ အမြဲတမ်းဖြစ်ပြီး ယခုအကြိမ်သည် သူက
ယွင်ရှီးကို ဦးစွာ လာရှာခြင်း ဖြစ်ကြောင်း သဘောပေါက်သွားတော့၏။
လုရီက ရယ်မောလိုက်၏။
“ဒါဆို အားတဲ့အခါ ပိုပြီး ခဏခဏ လာတွေ့ပါ့မယ်။”
ယွင်ရှီးက ကြည်လင်စွာ ပြုံးလိုက်၏။ ဘာမှ ပြန်မဖြေဘဲ လုရီကို သူမ၏ ဂူစံအိမ်သို့ ပြန်ခေါ်သွားရန် တောင်းဆိုတော့သည်။
ဂူစံအိမ်အတွင်း နေရာယူပြီးနောက် ယွင်ရှီးသည် လုရီ၏ ပခုံးပေါ်မှီကာ တခစ်ခစ်ရယ်မောလိုက်၏။
“ညီမမင်ယွဲ့ မရှိတော့ နည်းနည်းတော့ မစည်တော့ဘူးနော်။”
“ဟားဟား..ဂျူနီယာညီမလေးက မင်း ခုလိုပြောတာကို ကြားချင်မှာ မဟုတ်လောက်ဘူး။”
ဤစကားများက တော်တော်ပင် ရဲတင်းလွန်းလှ၏။ ယွင်ရှီးသည် သုန်းကုန်းမင်ယွဲ့၏
ဟောက်စားနေခြင်းကို လုံးဝ စိတ်ထဲမထားချေ။
သုန်းကုန်းမင်ယွဲ့သာ သိသွားလျှင် ယွင်ရှီးနှင့် ပြင်းပြင်းထန်ထန် စိန်ခေါ်တိုက်ခိုက်လိမ့်မည် မဟုတ်ပါလား။
ယွင်ရှီး မျက်လုံးများကို မှိတ်လိုက်၏။ ထို့နောက် လုရီ၏ နှုတ်ခမ်းကို ကြည့်လိုက်ပြီး နမ်း
လိုက်ကာ ပျော်ရွှင်စွာ ပြုံးလျက် ပြောလာသည်က..
“ညီမ မင်ယွဲ့၊ ဒီမြင်ကွင်းကို မြင်သွားရင်တော့ တကယ် စည်ကားသွားမှာပဲ”
လုရီခမျာ စကားလုံးများ ပျောက်ရှသွားတော့၏။
သုန်းကုန်းမင်ယွဲ့သာ ဒီမြင်ကွင်းကို အမှန်တကယ် မြင်သွားခဲ့လျှင် သူ အဆုံးသတ်သွားပြီပင် ဖြစ်ချေသည်။
ပုံမှန်အားဖြင့် ဘွင်းဘွင်းရှင်းရှင်း နေတတ်သော ယွင်ရှီးတွင် ဤမျှ ဆိုးရွားသော ရယ်စရာဥာဏ် ရှိလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့မိချေ။
ခဏတာ စဉ်းစားပြီးနောက် ယွင်ရှီးက မေးလေသည်။
“အစ်မမင်ယွဲ့နဲ့ ညီမနင်ရွှမ်းက ငါတို့ ဒီလိုဖြစ်နေတာ သိကြလား”
လုရီ အံ့အားသင့်သွား၏။ ထို့နောက် ခေါင်းခါလိုက်ကာ တုံ့ပြန်လိုက်သည်။
“မသိကြဘူး”
ယွင်ရှီး ခဏတာ စဉ်းစားပြီး ခေါင်းညိတ်လိုက်၏။
“ဒါဆို နောက်တစ်ခါ သူတို့နဲ့ ငါ ဆွေးနွေးလိုက်မယ်။”
လုရီ- “???”
ယွင်ရှီးက ထိုသို့ ပြောလိုက်သောအခါ သူမ အနည်းငယ် သာလွန်နေပုံ ရသည်ဟု သူ ခံစားလိုက်ရသည်။
သူမ ဘယ်လိုလုပ် ဒီလောက် မာနကြီးနိုင်ပါသနည်း။
ယွင်ရှီးက လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့နှင့် သူ့ကို နမ်းခဲ့ကြောင်းကို အတည်ပေါက်ကြီး ဆွေးနွေးနေသည့် မြင်ကွင်းကို စဉ်းစားမိသောအခါ လုရီ၏ ဦးရေပြား ကျိန်းစပ်လာတော့၏။
လျိုနင်ရွှမ်း မည်သို့ တုံ့ပြန်မည်ကို သူ မသေချာသော်လည်း သုန်းကုန်းမင်ယွဲ့မှာမူ ယွင်ရှီးနှင့် ဒေါသတကြီး ရန်ဖြစ်နိုင်ချေ အရှိဆုံးပင် ဖြစ်လိမ့်မည်။
လုရီ ထိုမြင်ကွင်းကို စိတ်ကူးယဉ်နေသည့်အခိုက်...
“လုရီ၊ နင် ပြောတဲ့ နှစ်ကိုယ်တူ ကျင့်ကြံမှု နည်းစနစ်ကို ငါ အရမ်း စိတ်ဝင်စားတယ်။ နင်
သိလား၊ နင့်ရဲ့ ဂူစံအိမ်ကို လာတိုင်း ညီမမင်ယွဲ့က အမြဲ ရှိနေလို့လေ.. ဒီတစ်ခေါက်တော့ ငါ ဒါကို ခံစားကြည့်ချင်တယ်။”
ဤစကားကို ကြားသောအခါ လုရီ ကိုယ်သည် တောင့်တင်းသွား၏။ မျက်လုံးများ ပြူးကျယ်သွားပြီး ယွင်ရှီးကို ကြည့်လိုက်တော့သည်။
ထို့နောက် လုရီသည် ယွင်ရှီး၏ စကတ်သည် အောက်သို့ တစ်စတစ်စ.. လျှောကျသွားသည်ကို မြင်ရပြီး သူမ၏ နှင်းကဲ့သို့ ဖြူစင်ကာ ကျောက်စိမ်းကဲ့သို့ နူးညံ့သိမ်မွေ့သော ကိုယ်လေးကို မြင်လိုက်ရတော့သည်။ ပြင်းသောဝိုင်ကို သောက်ထားသောကြောင့် ဖြစ်နိုင်ချေရှိ၏။ သူမ၏ ပါးပြင်များ နီရဲနေပြီး နူးညံ့သော ပန်းနုရောင် အလင်းတစ်မျိုး သူမ၏ နို့နှစ်ရောင် အသားအရေပေါ်တွင် တည်ရှိနေလေသည်။
လုရီ- “???”
လုရီသည် ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံမှု နည်းစနစ်ကို အမှန်တကယ် ဆွေးနွေးခဲ့ဖူး၏။ သို့သော် ပြီးခဲ့သည့်တစ်ခေါက်က သူမက သဘောမတူခဲ့ချေ။ ထို့ပြင် သုန်းကုန်းမင်ယွဲ့ကလည်း ဒေါသတကြီး ကြည့်နေပြီး လူသတ်လိုသည့် ရည်ရွယ်ချက်များ ပြည့်နှက်နေသည်ကြောင့် သူ့ကို ကျောချမ်းစေခဲ့သည် မဟုတ်ပါလား။
ယခုမူ ဂျူနီယာ ညီမလေး ရှိနေခဲ့ခြင်းကြောင့်
ယွင်ရှီးမှာ အနည်းငယ် ရှက်ရွံ့နေခဲ့ခြင်း ဖြစ်သည်ဟု ထင်ရလေသည်။
လုရီ အတွင်းစိတ်မှ သက်ပြင်းချလိုက်ပြီး သူ၏ ညီမလေးသည် အမြဲတမ်း အနှောင့်အယှက်ဖြစ်ခဲ့ကြောင်း ညည်းညူလိုက်မိသေးသည်။
ယွင်ရှီး၏ ပြိုင်ဘက်ကင်းအောင် လှသော ခန္ဓာကိုယ်နှင့် သဘာဝအတိုင်း ထူးကဲသော ခန္ဓာဖွဲ့စည်းပုံ၊ အဆီပို တစ်အောင်စမျှပင် မတွေ့ရဘဲ ကျစ်လစ်သွယ်လျသော ကောက်ကြောင်းများရှိနေခြင်းကြောင့် သူ၏ နှလုံးခုန်နှုန်းမှာ မလွဲမသွေ မြန်ဆန်လာခဲ့၏။ ထို့နောက် လေးနက်သောလေသံဖြင့် ပြောလိုက်တော့၏။
“အို..ဒါဆို ဒီလျှို့ဝှက်နည်းစနစ်ရဲ့ ထိရောက်ပုံကို သေချာဆွေးနွေးကြတာပေါ့”
ဤသည်မှာ တာအိုကို ဆွေးနွေးခြင်းဖြစ်၏။
ယင်ယန်တာအိုကို အလွန်အလေးအနက် ရှာဖွေလေ့လာခြင်းပင် ဖြစ်ချေသည်။
ပြောပြောဆိုဆိုနှင့် လုရီ လက်တစ်ချက် လှုပ်လိုက်ရာ ရှုပ်ထွေးသော အခင်းအကျင်းပုံစံများက ဂူစံအိမ်တစ်ခုလုံးကို လွှမ်းခြုံသွားတော့၏။
တစ်ချိန်တည်းမှာပင် တိတ်တဆိတ် ကြုံးဝါးလိုက်၏။
“ငါ ယွင်ရှီးနဲ့ နှစ်ကိုယ်တူကျင့်ကြံချင်တယ်။”
[အလုပ်]
ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံပါ။
ဆုလာဘ်- သဘာဝတာအိုကို နားလည်သဘောပေါက်မှု တိုးမြှင့်ခြင်း၊ ယင်ယန်တာအိုကို နားလည်သဘောပေါက်မှု တိုးမြှင့်ခြင်း၊ နှစ်တစ်သောင်းသက်တမ်း ဝိဉာဉ်ခြင်ဆီ (၃) စက်။
အလုပ်ကို လက်ခံပါ- လက်ခံမည်လား /ငြင်းမည်လား။
လုရီ- “?”
သူ ခဏတာ တွေဝေသွား၏။
ယွင်ရှီး၏ ကျင့်ကြံမှုအဆင့်မှာ အခြေတည်
ဝိဉာဉ်သာ ရှိသေးပြီး နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ မရောက်သေးချေ။
အကယ်၍ ကျင့်ကြံမှု အလုပ် တစ်ခု ဖြစ်ပါက ကျင့်ကြံခြင်း အရင်းအမြစ်များမှာ နှစ်တစ်ထောင် ဝိဉာဉ်ခြင်ဆီ ဖြစ်တတ်သော်လည်း နှစ်ကိုယ်တူ ကျင့်ကြံမှုက ဆုလာဘ်ကို
နှစ်တစ်သောင်း ဝိဉာဉ်ခြင်ဆီအဖြစ် ပြောင်းလဲပေးခဲ့ခြင်းလော?
လုရီ အတွင်းစိတ်တွင် တစ်စုံတစ်ရာ ထူးဆန်းနေသည်ဟု ခံစားရ၏။ အလုပ် မျက်နှာပြင်က လှည့်စားနေခြင်းလော။
ထို့ပြင် သဘာဝတာအိုကို နားလည်သဘောပေါက်မှု တိုးမြှင့်ခြင်းမှာ မျှော်လင့်ထားနိုင်သော်လည်း ယင်ယန်တာအိုကို နားလည်သဘောပေါက်မှု တိုးမြှင့်ခြင်းကပါ ပါဝင်နေသည်လေ။ ဤအလုပ်၏ ဆုလာဘ်များမှာ အလွန်ပင် ကောင်းမွန်လှတော့၏။
သူ တိတ်ဆိတ်စွာပင် အလုပ်ကို လက်ခံလိုက်လေသည်။
မျက်နှာ နီရဲနေဆဲ ဖြစ်သော်လည်း အမြဲတမ်း ဖြောင့်ဖြောင့်တန်းတန်းနေတတ်သော ယွင်ရှီးသည် လုရီကို ဆွေးနွေးမည့်နေရာသို့ ခေါ်ဆောင်သွားတော့၏။
မကြာမီ နာကျင်စွာ ညည်းညူသံ ထွက်ပေါ်လာပြီးနောက် နဂါးနှင့်ဖီးနစ်ငှက်တို့၏ အော်ဟစ်သံများ အခန်းအတွင်း ပဲ့တင်ထပ်သွားလေသည်။
ထူးဆန်းသော တာအိုအလင်းများ ပေါ်ထွက်လာပြီး အမျိုးမျိုးသော ထူးဆန်းသည့် တာအိုပုံစံများ.. သဘာဝတာအိုပုံစံများ၊ အင်မော်တယ်
တာအိုပုံစံများ၊ စစ်မှန်သောနဂါးတာအိုပုံစံများ.. စသည်တို့က လေထဲတွင် ရှုပ်ထွေးစွာ ယှက်နွယ်နေကြ၏။
အခန်းသည် ဆန်းကြယ် မြင်ကွင်းများဖြင့် ပြည့်နှက်နေပြီး အတွင်းရှိ မြင်ကွင်းကို မှောင်မိုက်စေတော့သည်။ ကံကောင်းစွာပင် လုရီသည် အခင်းအကျင်းပုံစံများကို တည်ဆောက်ထားခဲ့သည်။ မဟုတ်လျှင် နဂါးနှင့် ဖီးနစ်ငှက်တို့၏ အော်ဟစ်သံများမှာ ပန်းတစ်သောင်းဂိုဏ်းတစ်ခုလုံးတွင် ပဲ့တင်ထပ်သွားလိမ့်မည် ဖြစ်ချေသည်။
ဆွေးနွေးမှုမှာ သုံးရက်သုံးညလုံး မနားဘဲ ဆက်လက်ရှိနေခဲ့သည်။
ဤအတောအတွင်း ပန်းပေါင်းစုံဂိုဏ်းမှ အစ်မများက ယွင်ရှီးကို လာရှာကြ၏။ သူမ ထွက်သွားပြီဟု ယူဆကြလေသည်။
တစ်ချိန်တည်းမှာပင် အဘွားဟွားနှင့် မဟာအကြီးအကဲများမှာ အရာရာကို အစီအစဉ်တကျ ပြင်ဆင်ပြီး လုရီကို ရှာဖွေနေခဲ့ကြသည်။ သို့သော် ဂူစံအိမ်တစ်ခုလုံးကို လွှမ်းခြုံထားသော အခင်းအကျင်းပုံစံများကို မြင်ရသောအခါ သူတို့ အချင်းချင်း ပြန်ကြည့်လိုက်ကြပြီး လုရီနှင့်
ယွင်ရှီးတို့ ကျင့်ကြံနေကြသည်ဟု ယူဆကာ ထွက်ခွာသွားတော့သည်။
သုံးရက်ကြာပြီးနောက် လုရီ အခန်းထဲမှ ထွက်လာခဲ့သည်။ သို့သော်ငြားလည်း သူက ဆက်လက် ဆန္ဒ ရှိနေပုံ ပေါ်လေသည်။
သူသည် အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည်နှင့် အင်မော်တယ်နိယာမ၏ စစ်မှန်သော စွမ်းအားကို နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။
စစ်မှန်သောနဂါးသွေးကို စုပ်ယူထား၍
စစ်မှန်သောနဂါးတာအိုပုံစံကို ကျွမ်းကျင်ပိုင်နိုင်သော၊ အင်မော်တယ်နိယာမစွမ်းအားမျှင်တစ်မျှင်ကိုပင် နားလည်ထားသည့် ခန္ဓာကိုယ်ကျင့်ကြံသူတစ်ဦးအနေဖြင့် သူ၏ သက်လုံမှာ ကြီးမားလှသည်။ သုံးရက်သုံးညလုံး ဆက်တိုက်
နှစ်ကိုယ်တူ ကျင့်ကြံပြီးနောက်တွင်ပင် မောပန်းနွမ်းနယ်သည့် လက္ခဏာ တစ်စွန်းတစ်စမျှ မရှိဘဲ စွမ်းအင်နှင့် စိတ်ဓာတ်များ အပြည့်အဝ ရှိနေလေသည်။
အခန်း ၃၁၇- ယင်ယန် နှစ်ကိုယ်တူကျင့်ကြံခြင်း ...
~ယွင်ရှီးသာ နောက်ဆုံးတွင် မခံနိုင်တော့ဘဲ... ရပ်တန့်ရန် တောင်းပန်ရင်း... မေ့မြောသွားခြင်း မရှိခဲ့လျှင်... လုရီမှာ ဆက်လက် ကျင့်ကြံရန်ပင် စိတ်ကူးထားခဲ့တော့၏။
ဤအချိန်၌... ယွင်ရှီးမှာ အခန်းတွင်း၌ အနားယူနေလေသည်။ သူမမှာ အမှန်ပင် ပင်ပန်းနွမ်းနယ်နေခဲ့ရုံသာမက... လုရီလို လူမျိုးနှင့် ပထမဆုံးအကြိမ် တွေ့ကြုံခဲ့ရခြင်း ဖြစ်ရာ... သူမ မည်သို့ခံနိုင်ရည် ရှိမည်နည်း။
လုရီမှာ ထိုင်ခုံတွင် ထိုင်လျက်... အလုပ် တာဝန်မျက်နှာပြင်ကို ငေးကြည့်နေ၏။
[အလုပ်
* ယွင်ရှီးက ချစ်လာအောင် လုပ်ပါ (ပြီးစီး)
* ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံပါ (ပြီးစီး)
လုရီသည် ပြီးစီးသွားသည့် အလုပ်တာဝန်နှစ်ခုကို ကြည့်ရင်း... အတွေးနယ်ချဲ့မိသည်။
သောက်ကျိုးနည်း... ငါ အမြဲတမ်း ဒီအလုပ်တွေမှာ ချို့ယွင်းချက် ရှိနေတယ်လို့ ခံစားနေရတာ မဆန်းတော့ပါဘူး
တစ်စုံတစ်ဦးကို သူ့ကို ချစ်အောင် လုပ်ရမည့် အလုပ်တိုင်းမှာ... မည်သည့်အခါမျှ ပြီးမြောက်ခြင်း မရှိခဲ့သည် မဟုတ်ပါလား။
"ဒါဆို... တကယ့်ကို အချစ်စစ်လိုအပ်တာပေါ့လေ..."
"နောက်ဆုံးအဆင့်အထိ သွားဖို့ လိုအပ်တာပေါ့..."
"မဆန်းပါဘူး!"
လုရီမှာ အားလုံးကို နောက်ဆုံးတွင် နားလည်သွားခဲ့တော့၏။
မည်သို့ပင် ဖြစ်စေကာမူ... အလုပ်က ပြီးစီးသွားပြီ ဖြစ်ရာ... လုရီမှာ အလွန်ပင် အူမြူးနေလေသည်။
ယွင်ရှီးကို သူ့ကို ချစ်အောင် လုပ်ရမည့် အလုပ်က ဆုလာဘ်ကောင်းများ ပေးအပ်ခဲ့လေ၏။
သဘာဝနယ်ပယ် (၇၀) ရာခိုင်နှုန်း၊ နတ်ဘုရားအသွင်ပြောင်း သိုင်းနည်းစနစ်ဖြစ်သည့်
"ပန်းပွင့်ပျံ ကောင်းကင်ယံသို့ ထွက်ပြေး"သိုင်းနည်းစနစ်" နှင့် ကောင်းကင်နှင့် မြေကြီး ရတနာ ဖြစ်သည့် ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများတို့ ပါဝင်သည်။
လုရီမှာ ဆုလာဘ်များကို လက်ခံယူရန် ရွေးချယ်လိုက်၏။
(၇၀) ရာခိုင်နှုန်း သဘာဝနယ်ပယ် သည် သူ၏ သဘာဝတာအို နားလည်မှု အဖြစ်သို့ တိုက်ရိုက် ပြောင်းလဲသွားလေသည်။ ထိုနယ်ပယ်အဆင့်ကို ယွင်ရှီးနှင့် ဆက်တိုက် ကျင့်ကြံခြင်းအားဖြင့် မူလကပင် (၁၀) ရာခိုင်နှုန်း အထိ ရောက်ရှိခဲ့ပြီး ဖြစ်ချေသည်။
ဤ သဘာဝနယ်ပယ် မှ နားလည်မှုအဖြစ် ပြောင်းလဲလိုက်ခြင်းသည် သဘာဝနယ်ပယ် ကို သိသိသာသာ မြှင့်တင်ပေးလိုက်ရာ... (၃၀) ရာခိုင်နှုန်း အထိ ချက်ချင်း တိုးတက်သွားတော့၏။
ထိုအရာက လုရီ၏ အချိန်များစွာကို သေချာပေါက် ချွေတာပေးလိုက်ခြင်းပင်တည်း။
၎င်းက လုရီ၏ သဘာဝနယ်ပယ် ကို မိုးကြိုးနယ်ပယ် ထက် ကျော်လွန်ကာ ဓားတာအိုနယ်ပယ်ကို မီစေပြီး ရေခဲနယ်ပယ်သို့ ချဉ်းကပ်စေခဲ့၏။
ယခုအခါတွင် လုရီ၏ အားအကောင်းဆုံး နယ်ပယ်မှာ ရေခဲနယ်ပယ် ဖြစ်လာခဲ့လေပြီ။ ဓားတာအိုနယ်ပယ် မှာ အလွန်နှေးကွေးစွာ တိုးတက်နေချိန်တွင် ရေခဲနယ်ပယ် မှာမူ သူ၏ စီနီယာအစ်မနှင့် ကျင့်ကြံသည့် အကြိမ်တိုင်း ရက်ရောသော ဆုလာဘ်များ ရရှိခဲ့သောကြောင့် ယခုအခါ (၄၀) ရာခိုင်နှုန်း အထိ ရောက်ရှိနေပြီး (၅၀) ရာခိုင်နှုန်း သို့ ရောက်ရှိရန် မဝေးတော့ပြီ ဖြစ်ချေသည်။
ပြောရမည်ဆိုလျှင်... ဤလုပ်ငန်းတာဝန်က ဤဆုလာဘ်တစ်ခုတည်းနှင့်ပင် အလွန် ရက်ရောလှသည်ဟု ဆိုရပေမည်တကား။
အခြားဆုလာဘ်များအတွက်မူ... နတ်ဘုရားအသွင်ပြောင်းနယ်ပယ် လျှို့ဝှက်နည်းစနစ်ဖြစ်သည့်"ပန်းပွင့်ပျံ ကောင်းကင်ယံသို့ ထွက်ပြေး" သိုင်းနည်းစနစ်" မှာ အလွန်ပင် သိမ်မွေ့လှသော ထွက်ပြေးသိုင်းပညာ ဖြစ်၏။ သဘာဝစွမ်းအား ကို ပိုင်ဆိုင်ထားသည့် ကျင့်ကြံသူများအတွက်မူ နားလည်ရန် တစ်ဝက်ခန့် ပိုမိုလွယ်ကူပြီး အသုံးပြုသောအခါ၌လည်း ၎င်း၏ စွမ်းအားမှာ သဘာဝအတိုင်း ပိုမိုအားကောင်းလေသည်။
လုရီမှာ ထို့ထက် ပိုမို အစွမ်းထက်သည့် "ကမ္ဘာ့အစွန်းဆီသို့ ခြေလှမ်းများ" သိုင်းကို လက်ဝယ်ပိုက်ထားပြီး... ၎င်းကို အဆင့်ကုန် နားလည်ထားပြီး ဖြစ်ရာ... ကျင့်ကြံခြင်းနည်းစနစ် ပြောင်းလဲရန် မလိုအပ်တော့ချေ။
သို့သော်လည်း ဤ"ပန်းပွင့်ပျံ ကောင်းကင်ယံသို့ ထွက်ပြေး" သိုင်းနည်းစနစ်" ကို ယွင်ရှီးအတွက် အသုံးပြုနိုင်ပေသည်။
နယ်ပယ်အဆင့်သို့ မြင့်တင်နိုင်သည့် ယွင်ရှီး၏ သဘာဝတာအို စွမ်းရည်ကို ထည့်သွင်းစဉ်းစားလျှင်... သူမ၏ အခြေခံခွန်အားနှင့် ပေါင်းစပ်လိုက်ပါက... ဤ နတ်ဘုရားအသွင်ပြောင်း နည်းစနစ်ကို ကျင့်ကြံရာတွင် မည်သည့် ပြဿနာမျှ ရှိလိမ့်မည် မဟုတ်ချေ။
နောက်ဆုံး ဆုလာဘ်ဖြစ်သည့် ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများ အတွက်မူ... ၎င်းမှာ အလွန်ရှားပါးသော ကောင်းကင်နှင့် မြေကြီး ရတနာ မျိုးအစား ဖြစ်ပြီး... နားလည်မှုနှင့် သဘာဝ တာအိုကို ခံစားနိုင်စွမ်းကို တိုးမြှင့်ပေးနိုင်ကာ... အလွန်ပင် အဖိုးတန်လှတော့၏။
ဤကဲ့သို့ ကောင်းကင်နှင့် မြေကြီး ရတနာအမျိုးအစားကို လုရီမှာ ရှေးဟောင်းကျမ်းများတွင် ဖတ်ဖူးသည်။... ၎င်းတို့မှာ လွန်ခဲ့သော ကာလများကတည်းက ပျောက်ကွယ်သွားခဲ့ကာ... ရှေးဟောင်းခေတ် တွင်သာ ရှိခဲ့သည်ဟု ဆိုကြလေသည်။
ရှေးဟောင်း မှတ်တမ်းများအရ... ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများ ကို စားသုံးခဲ့သော ကျင့်ကြံသူများသည်... နောက်ဆုံးတွင် သဘာဝနယ်ပယ် တစ်ခုကို တိုက်ရိုက် ဖွဲ့တည်နိုင်ခဲ့ကြသည်။ သူတို့၏ ရုပ်ခန္ဓာပင် ကြီးမားစွာ တိုးတက်လာကာ... ကျင့်ကြံမှုအရှိန်အဟုန်မှာ သိသိသာသာ မြင့်တက်လာ၏။... နောက်ဆုံးတွင်
ခေတ်ပြိုင် မျိုးဆက်၏ ထူးချွန်သူပင် ဖြစ်လာခဲ့ကြသည်ဟု ဆိုလေသည်။
ဤအရာမှာ ဓားနှလုံးသားသစ်သီး နှင့် နှိုင်းယှဉ်နိုင်သည်... ။ သို့မဟုတ်ပါက.. ပို၍ပင် အဖိုးတန်နိုင်၏။
လုရီအတွက်မူ... ဤရတနာမှာ အသုံးဝင်သော်လည်း... သူ၏ အူတိုင်ကို အလုပ်များ ပြီးမြောက်ခြင်းဖြင့် တိုးတက်အောင် လုပ်နိုင်သည် ဖြစ်ရာ... သူ့အတွက် အလွန်အမင်း
မလိုအပ်လှချေ။ ယွင်ရှီးအား ပေးလိုက်ခြင်းက ပို၍ ကောင်းမည်။
သူမမှာ သဘာဝအတိုင်း ပန်းတစ်သောင်း ဝိဉာဉ်ခန္ဓာ ပိုင်ရှင် ဖြစ်ပြီး... ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများကို စုပ်ယူပြီးနောက်... သိသာထင်ရှားသော ပြောင်းလဲမှုများ ဖြစ်လာနိုင်ဖွယ် ရှိ၏။ လုရီမှာ ဤအရာကို မျှော်လင့်နေမိတော့သည်။
ယခုအခါ ယွင်ရှီးမှာ သူ၏ လူ ဖြစ်လာပြီ ဖြစ်ရာ... ယွင်ရှီး ပိုမိုအားကောင်းလာလေလေ... သူ့အတွက် သဘာဝအတိုင်း ပိုမိုကောင်းမွန်လေလေ ဖြစ်ချေသည်။
"နှစ်ကိုယ်တူ ကျင့်ကြံခြင်း အလုပ်နဲ့ ကျင့်ကြံခြင်း အလုပ်တို့ တူညီနိုင်လား..."
"ယွင်ရှီးသာ ပိုအစွမ်းထက်လာရင်... နှစ်ကိုယ်တူ ကျင့်ကြံခြင်း အလုပ်အတွက် ဆုလာဘ်တွေလည်း ပိုကောင်းလာမှာလား..."
ယွင်ရှီးကို သူ့ကို ချစ်အောင် လုပ်ရသည့် အလုပ်အတွက် ဆုလာဘ်များ ရယူပြီးနောက်... လုရီမှာ နှစ်ကိုယ်တူ ကျင့်ကြံခြင်း လုပ်ငန်းတာဝန်အတွက် ဆုလာဘ်များကို ထပ်မံ ရယူခဲ့တော့၏။
ပြောရမည်ဆိုလျှင်... နှစ်ကိုယ်တူ ကျင့်ကြံခြင်း အလုပ်အတွက် ဆုလာဘ်များမှာ ကျင့်ကြံခြင်း အလုပ်အတွက် ဆုလာဘ်များထက် အမှန်ပင် များစွာ ပိုမိုကောင်းမွန်ခဲ့၏။ ဤအလုပ်က ကျင့်ကြံခြင်း အလုပ်များနှင့် နှိုင်းယှဉ်ပါက သဘာဝတာအို စွမ်းရည်ကို နှစ်ဆ သုံးဆ တိုးမြှင့်ပေးခဲ့သောကြောင့်တည်း။
ပုံမှန် နှစ်ကိုယ်တူ ကျင့်ကြံပါက... သူ၏ သဘာဝတာအိုစွမ်းရည် မှာ မကြာမီပင် (၁၀၀) ရာခိုင်နှုန်း နယ်ပယ်အဆင့် သို့ မြင့်တက်နိုင်ပြီး... ထိုအချိန်တွင် သဘာဝတာအို ၏ နိယာမများကို နားလည်ရန်လည်း မဝေးတော့ လေပြီ။
နားလည်ရမည်မှာ... ဤအရာမှာ နိယာမများ နှင့် ပတ်သက်နေခြင်းတည်း။ ယခုအချိန်အထိပင်
လုရီမှာ အင်မော်တယ်နိယာမ၏ အပိုင်းအစတစ်ခုကိုသာ နားလည်ထားသေး၏။
တိုးတက်မှုနှုန်းသာ ဤအတိုင်း ဆက်ရှိနေပါက... ကံကောင်းလျှင် လုရီသည် ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ မရောက်မီပင် သဘာဝနိယာမ ကို ကျွမ်းကျင်လာနိုင်ချေ၏။
၎င်းက မည်မျှ အစွမ်းထက်သည်ကို သင် စဉ်းစားကြည့်နိုင်ပါ၏။
ယင်ယန်တာအို နားလည်မှု အတွက်မူ...ထိုအရာအား စုပ်ယူပြီးနောက်... ယင်ယန်နယ်ပယ်အား တိုက်ရိုက် ကျွမ်းကျင်လာသည်။ ဤဆုလာဘ်မှာ အလွန် ရက်ရောသောကြောင့်... လုရီ၏
ယင်ယန်နယ်ပယ် မှာ (၂၀) ရာခိုင်နှုန်းအဆင့်သို့ တိုက်ရိုက် မြင့်တက်လာခဲ့တော့၏။
စကြဝဠာသည် ယင်ကို ပွေ့ဖက်ထားပြီး ယန်ကို ဆုပ်ကိုင်ထားရာ... ၎င်းသည် အပြန်အလှန် ပေါက်ဖွားခြင်းနှင့် ဆန့်ကျင်ခြင်း စွမ်းအားကို ကိုယ်စားပြု၏။
ယင်နှင့်ယန်မှာ ဆန့်ကျင်ဘက်ဖြစ်သော်လည်း အချင်းချင်း ပေါင်းစပ်နေပြီး... မရှိမဖြစ်လိုအပ်ကာ... အလွန်ပင် နက်နဲဆန်းကြယ်ပြီး မှော်ဆန်လှသဖြင့်... ပုံမှန်နယ်ပယ်များထက် ပိုမိုအားကောင်း၏။
ယင်ယန်တာအို မှာလည်း တာအိုကြီး သုံးထောင် တွင် အစွမ်းအထက်ဆုံး တာအိုများထဲမှ တစ်ခု ဖြစ်ချေသည်။
၎င်းကို အဆင့်ကုန် နားလည်နိုင်ပြီး ယင်ယန်နိယာမ ကို ကျွမ်းကျင်နိုင်ပါက... ၎င်းသည် အလွန်ပင် နက်နဲဆန်းကြယ်ပြီး မှော်ဆန်သော စွမ်းအားတစ်ခု ဖြစ်လာမည်မှာ ခြွင်းချက်မဲ့ပင်။
လုရီ မျှော်လင့်နေမိ၏။ နှစ်ကိုယ်တူ ကျင့်ကြံခြင်း အလုပ် ဆုလာဘ်များအရဆိုလျှင်... မကြာမီပင် သူသည် ယင်ယန်နယ်ပယ် ကို နယ်ပယ်အဆင့်သို့ မြှင့်တင်နိုင်မည် ဖြစ်ပြီး... နိယာမများလည်း မျှော်လင့်ရချေသည်။
အလုပ် နှစ်ခုအပြင် နဂါးပျံ ဖီးနစ်သံစဉ် ကိုယ်တိုင်က ရရှိလာသော အကျိုးကျေးဇူးများမှာလည်း သိသာထင်ရှားလှ၏။
ပြောရမည်ဆိုလျှင်... ဤလျှို့ဝှက်နည်းစနစ်သည် မဟာယာနနယ်ပယ် နှစ်ကိုယ်တူ ကျင့်ကြံခြင်း နည်းစနစ်ဖြစ်သောကြောင့်... နှစ်ကိုယ်တူ ကျင့်ကြံနေစဉ်အတွင်း ဝိဉာဉ်စွမ်းအင် လည်ပတ်နှုန်းကို သိသိသာသာ မြှင့်တင်ပေးခဲ့၏။
လုရီကိုယ်တိုင်က အမြင့်ဆုံးအဆင့် အင်မော်တယ်သိုင်းကျမ်း ကို ကျင့်ကြံသော်လည်း... ၎င်းက သူ၏ ကျင့်ကြံမှုနှုန်းကို (၃၀) ရာခိုင်နှုန်း အထိ တိုးမြှင့်ပေးခဲ့သေး၏။
ဤအရာမှာ အံ့ဩစရာပင် ဖြစ်ချေသည်။
သိထားရမည်မှာ... လုရီ၏ ကျင့်ကြံခြင်းနည်းစနစ် မှာ ကျော်လွှား၍ မရနိုင်သော အကန့်အသတ်သို့ ရောက်ရှိနေပြီ ဖြစ်သော်လည်း... (၃၀) ရာခိုင်နှုန်း အထိ တိုးတက်စေနိုင်ခြင်းမှာ လုရီကိုယ်တိုင်ပင် မယုံနိုင်လောက်စရာပင် ဖြစ်ချေသည်။
ထို့မျှ မကသေးပါ။ နဂါးပျံ ဖီးနစ်သံစဉ် ဟူသော လျှို့ဝှက်နည်းစနစ်သည်... နဂါးနှင့် ဖီးနစ် တာအိုပုံစံများကို စိတ်ကူးဖြင့် မြင်ယောင်ခြင်းမှ ဖန်တီးထားပြီး... နဂါးနှင့် ဖီးနစ် ပုံစံများ၏ နက်နဲမှုများဖြင့် ပြည့်နှက်နေသောကြောင့်... လုရီ၏ စစ်မှန်သော နဂါးတာအိုပုံစံ ကို နားလည်ရာတွင် များစွာ အကျိုးပြုသည်။ ခန္ဓာကိုယ် ခွန်အားကို မြှင့်တင်ပေး၏။
ကျင့်ကြံသော သုံးရက်အတွင်းမှာပင် လုရီသည် သူ၏ ရုပ်ခန္ဓာ ခွန်အား တိုးတက်လာသည်ကို ခံစားမိပြီး... အင်မော်တယ်မိုးကြိုးနဂါးသိုင်းစွမ်းရည် ကို ပိုမို နက်ရှိုင်းစွာ နားလည်လာခဲ့တော့၏။
ဤ နဂါးပျံ ဖီးနစ်သံစဉ် သည် ယင်နှင့်ယန်ကို ညီညွတ်စေသော လျှို့ဝှက်နည်းစနစ်ဖြစ်ရာ... နှစ်ဦးစလုံးအတွက် အကျိုးပြု၏။
လုရီအတွက် အကျိုးကျေးဇူးများစွာ ရရှိခဲ့စဉ်... ကျင့်ကြံမှုအခြေခံ နိမ့်သော ယွင်ရှီးအတွက်မူ... အကျိုးကျေးဇူးများမှာ သဘာဝအတိုင်း ပို၍ပင် ကြီးမားလေသည်။
နှစ်ကိုယ်တူ ကျင့်ကြံခြင်း အခြေအနေတွင်...
ဝိဉာဉ်စွမ်းအင် လည်ပတ်မှုမှာ အားကောင်းသူက အားနည်းသူကို ဦးဆောင်ခြင်း ဖြစ်ရာ... လုရီသည် ယွင်ရှီးအား ကျင့်ကြံရာတွင် ဦးဆောင်နေသည်နှင့် တူ၏။ ၎င်းသည် လုရီ၏ ကိုယ်ပိုင်
ဝိဉာဉ်စွမ်းအင် လည်ပတ်နှုန်းနှင့် မကိုက်ညီသော်လည်း... သူမ၏ ကျင့်ကြံမှုနှုန်းကို အကြိမ်များစွာ တိုးမြှင့်ပေးရန် လုံလောက်ချေသည်။
ကျင့်ကြံမှု သုံးရက်အတွင်းမှာပင်... လုရီသည် ယွင်ရှီး၏ ကျင့်ကြံမှုအခြေခံ သိသိသာသာ တိုးတက်လာသည်ကို ရှင်းလင်းစွာ ခံစားနိုင်ခဲ့၏။
ထို့အပြင် နဂါးပျံ ဖီးနစ်သံစဉ် က ဝိဉာဉ်စွမ်းအင် နှင့် ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်ပြီး... ယွင်ရှီး၏ ခန္ဓာကိုယ်မှာလည်း ယခင်ကထက် သိသိသာသာ အားကောင်းလာခဲ့ကာ... သူမ၏ ဝိဉာဉ်စွမ်းအင် ၏ အရည်အသွေးမှာလည်း အလားတူ တိုးတက်လာခဲ့၏။
ပို၍ပင်ဆိုရလျှင်... နှစ်ကိုယ်တူ ကျင့်ကြံခြင်း အခြေအနေအောက်တွင်... ယွင်ရှီးသည် လုရီ၏ အရှိန်အဝါ ကို လက်ခံရရှိခဲ့ပြီး... ၎င်းက သူမ၏ တာအို ခံစားနိုင်စွမ်းကို များစွာ မြှင့်တင်ပေးခဲ့လေသည်။
နှစ်ကိုယ်တူ ကျင့်ကြံခြင်း အခြေအနေတွင် လုရီက များစွာ ရရှိခဲ့သော်လည်း... ထိုအရာနှင့် နှိုင်းယှဉ်ပါက... ယွင်ရှီးက လုရီထက်ပင် ပိုမိုရရှိခဲ့ချေသည်။
သင့်အထင် မမှားပါ။... လုရီအတွက် အမှန်တကယ် အကြီးမားဆုံးသော ရရှိမှုမှာ နှစ်ကိုယ်တူ ကျင့်ကြံခြင်း အလုပ်မှ ဆုလာဘ်များ ဖြစ်ချေသည်။
ထိုအရာနှင့် နှိုင်းယှဉ်ပါက... (၃၀) ရာခိုင်နှုန်း ကျင့်ကြံမှုနှုန်း တိုးတက်ခြင်းနှင့် ရုပ်ခန္ဓာ ခွန်အား အနည်းငယ် တိုးတက်ခြင်းတို့မှာ သူ့အတွက် အကျိုးသက်ရောက်မှု မကြီးမားလှချေ။
ဆန့်ကျင်ဘက်အားဖြင့်... ယွင်ရှီး၏ ခွန်အား ပိုမိုမြန်ဆန်စွာ တိုးတက်လာနိုင်ခြင်းကိုတော့ သူ အတော်ပင် ပျော်ရွှင်မိ၏။
ယွင်ရှီးသာ ပိုမိုအားကောင်းလာလျှင်... နောက်ပိုင်း သိုင်းဖလှယ်ခြင်းနှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်း အလုပ်များအတွက် ဆုလာဘ်များလည်း ပိုမို ကြီးမားလာမည် မဟုတ်ပါလော။
လုရီသည် သူ၏ ဆုများကို စုစည်းပြီးနောက်... ဂူစံအိမ်၏ တံခါးကို ဖွင့်ကာ အပြင်သို့ ခြေချလိုက်တော့၏။
ယွင်ရှီး အနားယူနေစဉ်အတွင်း...
ပန်းတစ်သောင်းဂိုဏ်း အတွက် ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို တည်ဆောက်ပေးရလေမည်။
အခန်း ၃၁၈- ကြယ်တာရာ မြစ်အား လက်ဆောင်ပေးမည်...
~လုရီသည် အဘွားဟွား၏ ဂူစံအိမ်သို့ ရောက်ရှိလာ၏။ သူ့ကို တွေ့သောအခါ အဘွားဟွားမှာ အံ့ဩသော မျက်လုံးများဖြင့် ကြည့်လာသည်။
သူမက မေးမြန်းလေသည်။
“မနေ့က ယွင်ရှီးရဲ့ ဂူစံအိမ်ကို မင်းကို ရှာခဲ့သေးတယ်။ တံခါးပိတ်ကျင့်ကြံနေတယ် ထင်ပါရဲ့...”
ထိုအခါမှာ လုရီမှာ တုန်လှုပ်သွားပြီးနောက်... ခြောက်ကပ်စွာ ချောင်းဆိုး၍ အနည်းငယ် ခေါင်းညိတ်ကာ
“ဟုတ်ပါတယ်... တံခါးပိတ်ကျင့်ကြံနေခဲ့တာပါ”
...နှစ်ကိုယ်တူ ကျင့်ကြံတာကလည်း ကျင့်ကြံခြင်းတစ်မျိုးပါပဲလေ...ဟု သူ့စိတ်မှ ပြန်ပြောလိုက်လေ၏။
အဘွားဟွားသည် အနည်းငယ် ခေါင်းညိတ်ပြီး မေးသည်။
“ကာကွယ်ရေးအခင်းအကျင်း တည်ဆောက်ဖို့ လိုအပ်တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာ အားလုံးကို ရတနာတိုက်ကနေ စီစဉ်ပြီးပြီ။ အခု သွားကြည့်ချင်လား။”
လုရီသည် အနည်းငယ် ခေါင်းညိတ်ကာ “ဟုတ်ကဲ့ပါ”ဟု နာခံလိုက်တော့သည်။
လုရီသည် အဘွားဟွားနောက်မှ လိုက်ကာ ပန်းတစ်သောင်းဂိုဏ်း ၏ ရတနာတိုက်သို့ ရောက်ရှိလာ၏။
ထိုနေရာတွင် အလွန်အိုမင်းသော အဘွားအိုတစ်ဦးမှာ အပြင်ဘက်တွင် တင်ပလ္လင်ခွေ ထိုင်နေ၏။ ဤအဘွားအို၏ အရှိန်အဝါ မှာ သာမန်လူတစ်ဦးနှင့် တူသော်လည်း... လုရီ၏ နတ်ဘုရားအာရုံ မှာ မယုံနိုင်စရာကောင်းလောက်အောင် အားကောင်းသည် ဖြစ်ရာ... တစ်ချက်ကြည့်ရုံဖြင့် သူမမှာ နတ်ဘုရားအသွင်ပြောင်း အထွတ်အထိပ် ခွန်အားရှင်တစ်ဦးဖြစ်ကြောင်း သိလိုက်တော့၏။
ပန်းတစ်သောင်းဂိုဏ်း တွင် နှစ်ပေါင်းများစွာ ကာလကြာရှည်စွာ ကျင်လည်ခဲ့သော ဆန်းကြယ်သည့် သက်ကြီးပုဂ္ဂိုလ်တစ်ဦးပင်တည်း။
လုရီမှာ ထိုသို့ ဆုံးဖြတ်လိုက်၏။ ထို့အပြင် အဘွားအို၏ ပတ်ပတ်လည်တွင် သေမင်း အရှိန်အဝါ လည်ပတ်နေသည်ကို တွေ့ရရာ... သူမမှာ အချိန်များစွာ မကျန်တော့ကြောင်း ပြသနေလေ၏။
အဘွားဟွားသည် ထိုအဘွားအိုကို တွေ့သောအခါ... သူမ၏ မျက်နှာတွင် အလွန်လေးစားသော အမူအရာ ပေါ်လာပြီး... “ဆရာမယွဲ့... ကျွန်မ လုရီကို ရတနာတိုက်ထဲ ခေါ်သွားမလို့ပါ” ဟု ပြောလိုက်၏။
ဆရာမယွဲ့သည် ခေါင်းလှည့်ကာ လုရီကို ကြည့်လိုက်၏။ သူမ၏ အရေးအကြောင်းများဖြင့် ပြည့်နေသော မျက်နှာပေါ်တွင် ပြုံးယောင်သန်းလာ၏။ သူမ၏ အသံမှာ နူးညံ့သိမ်မွေ့သည်။
“မင်းက လုရီလား... ကလေးကောင်းတစ်ယောက်ပဲ... ငါတို့ ပန်းတစ်သောင်းဂိုဏ်းက မင်းကို အလုပ်ရှုပ်စေတာပဲ။”
“စီနီယာ စိတ်ချပါ... ကျွန်တော် ပန်းတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို ကျောက်ဆောင်လို ခိုင်မာအောင် တည်ဆောက်ပေးပါ့မယ်။”ဟု လုရီမှာ ပြုံးပြီး ပြန်ဖြေလိုက်၏။
ဆရာမယွဲ့သည် ထပ်ခါတလဲလဲ ခေါင်းညိတ်ကာ... အလွန်ပင် ပျော်ရွှင်နေလေသည်။
သူမ၏ အသက်အရွယ်ကြီးရင့်သော အဘွားအိုတစ်ဦးအတွက်... ဘဝတွင် အခြားဆန္ဒများ မရှိတော့သလောက်ပင် ဖြစ်၏။ ပန်းတစ်သောင်းဂိုဏ်း ဆက်လက် ထွန်းကားစေလိုသော ဆန္ဒတစ်ခုသာ ရှိတော့၏။
သို့သော် ယခုအခါ ချင်းကျိုး၏ အခြေအနေမှာ တင်းမာနေသဖြင့်... အဘွားအိုမှာလည်း စိုးရိမ်ပူပန်နေခဲ့၏။ လုရီ၏ စကားများကို ကြားရသောအခါ... သူမ၏ စိတ်နေစိတ်ထားမှာ
သဘာဝအတိုင်း များစွာ ပိုမိုကောင်းမွန်လာခဲ့တော့၏။
ဆရာမယွဲ့သည် ရတနာတိုက်၏ တံခါးကြီးများကို ဖွင့်ပေးလိုက်ရာ... အဘွားဟွားက လုရီကို အတွင်းသို့ ခေါ်ဆောင်သွားလေသည်။
ရတနာတိုက်အတွင်းရှိ ဝိဉာဉ်စွမ်းအင် မှာ အလွန် ကြွယ်ဝ၏။ လုရီ ကြည့်လိုက်သောအခါ... စင်များပေါ်တွင် ကောင်းကင်နှင့် မြေကြီး ရတနာများစွာကို တွေ့ရ၏။ အချို့မှာ ဆေးဖက်ဝင် အပင်များ ဖြစ်ပြီး နှစ်တစ်ထောင်နီးပါး သက်တမ်းရှိပြီး... အချို့မှာ လက်နက်သန့်စင် ရာတွင် အသုံးပြုသော သတ္တုသိုက်များ ဖြစ်ချေသည်။
ထို့အပြင် ကျင့်ကြံခြင်း ရတနာအချို့လည်း ရှိသည်။... အများစုမှာ မှော်လက်နက်များ ဖြစ်ကာ...မလုံလောက်သော လက်နက်အချို့သာ ရှိသည်။... ဝိဉာဉ်လက်နက်တစ်ခုသာ ရှိရာ... ၎င်းမှာ အဖြူရောင်ကျောက်စိမ်းပင်တစ်ပင် ဖြစ်ချေသည်။
လုရီမှာ တစ်ချက်ကြည့်ပြီး... စိတ်ဝင်စားမှု ကင်းမဲ့သွားတော့၏။
သူ၏ ကိုယ်ပိုင်ရတနာများနှင့် နှိုင်းယှဉ်ပါက... ဤ ကောင်းကင်နှင့် မြေကြီး ရတနာများမှာ
များစွာ နိမ့်ကျနေ၏။
လုရီ၏ ကျင့်ကြံမှုအခြေခံ တိုးတက်လာသည်နှင့်အမျှ... စမ်းသပ်မျှော်စင်၏ လုပ်ငန်းတာဝန်များမှ ဆုလာဘ်များမှာ ပို၍ပင် ကြီးမားလာခဲ့၏။
သူသည် လစဉ် စမ်းသပ်မျှော်စင် သို့ စမ်းသပ်ရန် သွားရောက်ခဲ့လျှင်ပင်... အလုပ် ဆုလာဘ်များတွင် အဆင့်မြင့် လက်နက်များ ပါဝင်တော့၏။
ထို့အပြင်... ထုံးစံအတိုင်း အခြားအရာများစွာလည်း ရှိသေး၏။
ပန်းတစ်သောင်းဂိုဏ်း ၏ ရတနာတိုက်ထဲရှိ ပစ္စည်းများက လုရီ၏ စိတ်ဝင်စားမှုကို မနှိုးဆွနိုင်ခဲ့ချေ။
ဟုတ်ပေသည်... ပန်းတစ်သောင်းဂိုဏ်း အတွက်မူ... ရတနာတိုက်ထဲရှိ ပစ္စည်းများမှာ အတော်ပင် ကောင်းမွန်ပြီ ဖြစ်၏။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းကိုယ်တိုင်က အားမကောင်းလှဘဲ... အားအကောင်းဆုံးမှာ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် တွင်သာ ရှိသောကြောင့်တည်း။
အဘွားဟွားသည် လုရီအား ဦးဆောင်ရင်း ရယ်မော
ကာ ခွင့်ပေးလိုက်သည်။
“လူငယ်လေး... ဘာကိုပဲ သဘောကျကျ ယူလို့ ရတယ်နော်။”
လုရီမှာ ပြုံးပြီး ပြန်ဖြေလိုက်၏။
“ကျွန်တော့်မှာ အရင်းအမြစ် တွေ မလုံလောက်တာ မရှိပါဘူး... ဒါတွေ မလိုအပ်ပါဘူး... ဒါပေမဲ့ အဘွားကို ကျေးဇူးတင်ပါတယ်ခင်ဗျ။”
အဘွားဟွားသည် ခပ်ဖွဖွ ရယ်မောပြီး ခေါင်းခါကာ
“မင်းလေးကတော့လေ... ငါတို့ ရတနာတိုက်ထဲက ပစ္စည်းတွေကို မကြိုက်ဘူးပေါ့နော်... ယွင်ရှီးက ပြောဖူးတယ်... မင်းမှာ ထူးခြားတဲ့ ကံကြမ္မာရှိတယ်... အိမ်ကနေ ထွက်တိုင်း ကံကောင်းမှုကြီးတွေ ကြုံရတယ်တဲ့... မင်းပိုင်ဆိုင်တဲ့ ရတနာတွေက ငါတို့ ဂိုဏ်းရတနာတိုက်ထဲက ပစ္စည်းတွေထက်တောင် သာလွန်နိုင်တယ်တဲ့...”
ထိုအခါမှာ လုရီမှာ အနည်းငယ် ရှက်ပြုံးပြုံးပြီး ပြန်ပြောလိုက်၏။
“ကျွန်တော်က သေးသေးလေး ကံကောင်းတာလောက်ပါပဲဗျ... ဒါပါပဲ...”
အဘွားဟွားသည် ထပ်မံ မပြောတော့ဘဲ... လုရီအား စီစဉ်ပြီးသား ကောင်းကင်နှင့် မြေကြီး ရတနာများထံသို့ ခေါ်ဆောင်သွားပြီး...မေးမြန်းလေသည်။
“ဒါတွေက အခင်းအကျင်း တည်ဆောက်ဖို့အတွက် ကောင်းကင်နှင့် မြေကြီး ရတနာတွေပဲ။ မင်း ဘယ်လို ထင်လဲ။”
လုရီ ကြည့်လိုက်သောအခါ... ကြယ်များ ပါဝင်သည်ဟု ထင်ရသော ကျောက်စိမ်းအပိုင်းအစတစ်ခုကို အံ့ဩစွာ တွေ့လိုက်၏။
“ဒါက... ကြယ်တိမ် သံမဏိလားဗျ.. ဒါက အရမ်း အဖိုးတန်တဲ့ ပစ္စည်းပဲ... ပေါင်းစည်းခြင်းအခင်းအကျင်း အတွက် အခင်းအကျင်းအူတိုင် အဖြစ် သုံးဖို့တောင် ကောင်းတယ်... ပန်းတစ်သောင်းဂိုဏ်း မှာ ဒီလို ရတနာမျိုး ရှိမယ်လို့ ကျွန်တော် မထင်ထားခဲ့ဘူး။”
သူ၏ စကားများကို ကြားသောအခါ...
အဘွားဟွာ မှာ ကျေကျေနပ်နပ် ရယ်မောကာ ရှင်းပြသည်။
“ဒါက ရှေးဟောင်းအမွေအနှစ်တစ်ခုကနေ
အရင် ဂိုဏ်းချုပ် တစ်ဦး ကံအားလျော်စွာ ရရှိခဲ့တဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာ ပဲ။ ဒါက အလွန် အဖိုးတန်လွန်းလို့ ဖွက်ထားခဲ့တာ...
ဘယ်သူ့ကိုမှ မပြဝံ့ဘူး။ မင်း ဒီနေ့ ဒီကိုရောက်လာလို့သာ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ရေးထိုးဖို့ ငါ ထုတ်ပြတာ။ မင်းရဲ့ အခင်းအကျင်းတာအိုနယ်ပယ် နဲ့ဆို ဒီလို ရတနာမျိုးကို အလဟဿ ဖြစ်စေမှာ မဟုတ်ဘူးလို့ ငါ ယုံတယ်လေ။”
...ကြယ်တိမ်သံမဏိ အပြင် ခရမ်းရောင်
လုအို ကျောက်စိမ်း နဲ့ အဝါရောင် မြေအောက်ကျောက် တွေလည်း ရှိသေးတာပဲ... ဒီနှစ်ခုက ဟင်းလင်းပြင်ဥမင်နယ်ပယ် ရဲ့ ကောင်းကင်နဲ့ မြေကြီး ရတနာတွေ ပဲ... ပန်းတစ်သောင်းဂိုဏ်း မှာ ကောင်းတဲ့ပစ္စည်းတွေ ရှိနေသေးတယ်လို့
မထင်ထားခဲ့ဘူး..ဟု လုရီမှာ အတွင်းစိတ်ကနေ သက်ပြင်းချရင်း ထပ်မံ၍ ချီးကျူးလိုက်၏။
သူက ပြုံးပြီး အာမခံလိုက်သည်။
“ဒီကောင်းကင်နဲ့ မြေကြီး ရတနာနဲ့ဆိုရင် အရမ်း အားကောင်းတဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို တည်ဆောက်နိုင်မယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။”
အဘွားဟွာ သည် ဤစကားကို ကြားရသောအခါ... စိတ်သက်သာရာရသွား၏။
“ဒါဆို ကောင်းတာပေါ့ကွယ်”
ပစ္စည်း မလုံလောက်မည်ကို အဘွားဟွား အမှန်တကယ် စိုးရိမ်ခဲ့ခြင်းတည်း။ အဘယ့်ကြောင့်ဆိုသော် ချင်းကျိုး ပြည်၏ လက်ရှိ မတည်ငြိမ်သော အခြေအနေနှင့်ဆိုလျှင်... လိုအပ်သော ဂိုဏ်းအကာအကွယ်အခင်းအကျင်း မှာ သဘာဝအတိုင်း အလွန်အားကောင်းရမည်။
... စံပြအားဖြင့် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ ၏ အခင်းအကျင်းကြီး ကို ခံနိုင်ရည်ရှိရမည် ဖြစ်သော်လည်း... အဘွားဟွားမှာ ထိုအရာ မဖြစ်နိုင်ကြောင်း သိရှိခဲ့၏။
လုရီသည် ဤကောင်းကင်နှင့် မြေကြီး ရတနာများကို စုဆောင်းပြီးနောက်...
“စီနီယာ... ကျွန်တော် အခင်းအကျင်းအူတိုင် ကို အရင် သွားကြည့်ပြီးမှ တာဝန်ယူပါ့မယ်။” ဟု ပြောလိုက်၏။
အဘွားဟွား ခေါင်းညိတ်ကာ
“အတူတူ ကူညီကြရအောင်..ကျန်တဲ့ မဟာအကြီးအကဲတွေကို ငါ သွားပြောလိုက်မယ်... ”
“ဟုတ်ကဲ့...”
နောက်ပိုင်းတွင် အဘွားဟွားသည် ကျန်ရှိသော မဟာ အကြီးအကဲများ ကို အကြောင်းကြားရန် သွားလေ၏။
မဟာ အကြီးအကဲများ အားလုံးမှာ... လုရီသည် ယွင်ရှီး၏ ဂူစံအိမ် မှ တံခါးပိတ် ကျင့်ကြံမှုမှ ထွက်ပေါ်လာပြီဖြစ်ပြီး... ဂိုဏ်းအကာအကွယ်အခင်းအကျင်း စတင် တည်ဆောက်တော့မည်ဖြစ်ကြောင်း ကြားသောအခါ... အလွန်ပင်
စိတ်ပျော်ကာ ပြုံးရယ်နေကြလေသည်။
ထို့နောက် လုရီသည် အဘွားဟွားနှင့် မဟာအကြီးအကဲများ အဖွဲ့နောက်မှ လိုက်ကာ အခင်းအကျင်း အူတိုင် ရှိရာသို့ ရောက်ရှိလာ၏။
ပန်းတစ်သောင်းဂိုဏ်း ..၊ဂိုဏ်းအကာအကွယ်အခင်းအကျင်း၏ အခင်းအကျင်း အူတိုင်မှာ ခရမ်းရောင် လုအို ပန်းပင်လယ်၏ နက်ရှိုင်းသော ..အလယ်ဗဟို အကျဆုံး နေရာတွင် တည်ရှိသည်။
... ထိုနေရာတွင် ရှုပ်ထွေးသော ပုံစံများ ရေးထိုးထားသည့် ကျောက်စာတိုင်တစ်ခု ရှိ၏။
တစ်ချက်ကြည့်ရုံဖြင့် လုရီသည် ဤ ဂိုဏ်းအကာအကွယ်အခင်းအကျင်း၏
တည်ဆောက်ပုံကို နားလည်သွားတော့၏။ သူ၏ လက်ရှိ အခင်းအကျင်းတာအိုနယ်ပယ် ဖြင့်ဆိုလျှင်... ဤကဲ့သို့သော ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကို အလွယ်တကူ ဖျက်ဆီးနိုင်သည့် နည်းလမ်းများစွာ ရှိသည်ကား။