← Chapters

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း (၃၁၉-၃၂၁)

Vol. 22 Ch. 319-321

အခန်း ၃၁၉- ကြယ်တာရာမြစ်အား လက်ဆောင်ပေးမည်...

~ထို့နောက်တွင်တော့... လုရီသည် အမျိုးမျိုးသော အခင်းအကျင်းပစ္စည်းများကို ထုတ်ယူလိုက်လေ၏။ ဝိညာဉ်စွမ်းအင်တို့သည် လှိုင်းထန်စွာ ပဲ့တင်ထပ်လျက်... ပစ္စည်းများအားလုံး လေထဲတွင် ဝဲပျံနေတော့၏။

သူ့လက်ချောင်းထိပ်လေး တစ်ချက်ဝှေ့ယမ်းလိုက်သည်နှင့်... လုရီသည် ကောင်းကင်ယံထက်တွင် ရှုပ်ထွေးနက်နဲလှသော အခင်းအကျင်းပုံစံများကို ရေးဆွဲကာ... ပစ္စည်းများအားလုံးကို တစ်ခုနှင့်တစ်ခု ဆက်စပ်ပေးလိုက်လေတော့၏။

အခင်းအကျင်း ပစ္စည်းများ ဆက်စပ်မိသွားသည်နှင့်အမျှ... နက်ရှိုင်းလှသော အရှိန်အဝါတစ်ခုသည် တဖြည်းဖြည်းနှင့် ပျံ့နှံ့လာခဲ့တော့၏။

ထိုအရှိန်အဝါကြောင့်ပင်... အဘွားဟွားနှင့် မဟာအကြီးအကဲတို့အုပ်စု၏ မျက်နှာအမူအရာများ ထပ်တလဲလဲ ပြောင်းလဲသွားကြချေသည်။

"ဒါက... ဒါက... ဒီလောက် ပြင်းထန်တဲ့ အရှိန်အဝါမျိုးလား... ငါတို့ ဂိုဏ်းအကာအကွယ် အခင်းအကျင်းထက် အများကြီး သာလွန်နေပါလားဟင်..." ဟု... နုပျိုကြည်လင်သော ရုပ်ရည်နှင့် ဆံပင်ဖြူများ ဖုံးလွှမ်းနေသည့် အကြီးအကဲတစ်ဦးက အံ့သြဝမ်းသာစွာဖြင့် ရေရွတ်လိုက်လေတော့၏။

"တာအိုမိတ်ဆွေလေး လုရဲ့ အခင်းအကျင်း

တာအို ကျွမ်းကျင်မှုက တကယ်ကို ထူးခြားတာပဲ... ဒီလို အချိန်တိုလေးအတွင်းမှာ...

ပေါ့ပေါ့ပါးပါးလေး လက်ဝှေ့ယမ်းရုံနဲ့ပဲ... ပန်းတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို ကျော်လွန်သွားနိုင်ခဲ့ပြီလေ..."

"တခြား ဘာမှ မပြောပါနဲ့တော့... သူရဲ့ ပုံမှန်အခင်းအကျင်းတွေကို လေထဲမှာ မြဲမြံအောင် လုပ်နိုင်တဲ့ သိုင်းနည်းစနစ်သက်သက်နဲ့တင်... သာမန်အခင်းအကျင်းပညာရှင်တွေကို အများကြီး ကျော်လွန်နေပြီလေ..."

"တာအိုမိတ်ဆွေလေး လုက ရေးဆွဲတာတောင်

မပြီးသေးဘူးရယ်... သူပြီးသွားရင် ဒီအခင်းအကျင်းက ဘယ်အဆင့်ထိ ရောက်သွားမလဲမသိပါဘူးကွယ်..."

အဘွားဟွားနှင့် မဟာအကြီးအကဲတို့သည် ဝမ်းသာအားရ ဖြစ်နေကြပြီး... မျှော်လင့်တကြီးဖြင့် လုရီအား ကြည့်နေကြစဉ်... သူ၏ကျင့်ကြံမှုကို အနှောင့်အယှက် မဖြစ်စေရန်အတွက်... အတွင်းစိတ်အချင်းချင်းသာ လျှိူ့ဝှက် ဆက်သွယ်နေကြလေ၏။

လုရီသည် အခင်းအကျင်းပုံစံများကို ရေးဆွဲရာတွင် အာရုံစိုက်နေတော့၏။ ယခု... ယွင်ရှီးသည် လုရီနှင့်အတူ ရှိနေသည်ဖြစ်ရာ...

ပန်းတစ်သောင်းဂိုဏ်းအား မည်သည့် ပြဿနာမျှ ကြုံတွေ့ခွင့်ပြု၍ မဖြစ်ချေ။ သူသည် သူ၏ သိုင်းစွမ်းရည်များကို ထိန်းချုပ်မထားဘဲ... အခင်းအကျင်းတာအိုတွင် ပိုင်နိုင်သော စွမ်းရည်အားလုံးကို အပြည့်အဝ ထုတ်ဖော်နေတော့၏။

လုရီ၏ လက်ရှိ အခင်းအကျင်းတာအို ကျွမ်းကျင်မှုသည် အလွန်မြင့်မားလျက်... မဟာယာနနယ်ပယ် အခင်းအကျင်းကိုပင် ရေးဆွဲနိုင်လောက်သည့် အခြေအနေသို့ ရောက်ရှိနေပြီဖြစ်သော်ငြား...သူ၏ ကျင့်ကြံမှုအဆင့်မှာ နတ်ဘုရားအသွင်ပြောင်းအဆင့်သာ ရှိနေသေး၏။ ထိုအဆင့်နှင့် မဟာယာနနယ်ပယ်အကြားက ကွာခြားချက်မှာ ကောင်းကင်နှင့်မြေကြီးပမာ ကြီးမားလှသဖြင့်... တစ်ယောက်တည်းဖြင့်တော့ ထိုအဆင့်ကို ရယူနိုင်မည်မဟုတ်ပေ။

ဂိုဏ်းမှ ပေးအပ်ထားသည့် ကောင်းကင်နှင့်မြေကြီး ရတနာများထဲတွင် ကြယ်တိမ် သံမဏိသည် အလွန်ကောင်းမွန်လှပြီး... အခင်းအကျင်းပုံစံများ၏ သယ်ဆောင်သူအဖြစ် အသုံးပြုနိုင်တော့၏။

လုရီသည် လူ၏ ဦးခေါင်းအရွယ်အစား ကျောက်စိမ်းတုံးတစ်ခုဖြစ်သည့် ထိုကြယ်တိမ် သံမဏိကို ထုတ်ယူလိုက်ပြီး... အလေးအနက်ထားသည့် အမူအရာဖြင့် ထိုကျောက်တုံးပေါ်တွင် ပိုမိုရှုပ်ထွေးသော အခင်းအကျင်းပုံစံများကို စတင် ရေးဆွဲတော့၏။

အခင်းအကျင်းပုံစံများကို ရေးဆွဲနေစဉ်... ကြယ်တိမ် သံမဏိပေါ်မှ ကြယ်တာရာရောင်ခြည်များ စီးဆင်းလာပြီး... ကြယ်ပွင့်ပေါင်းများစွာ စတင် တောက်ပလာခဲ့၏။

ထို့ပြင်... ပိုမိုနက်ရှိုင်းသော အရှိန်အဝါတစ်ခုသည် တဖြည်းဖြည်း ထွက်ပေါ်လာခဲ့ရာ...

အဘွားဟွားနှင့် အခြားသူများပင် အံ့အားသင့်သွားကြလေတော့သည်။

ထိုအရှိန်အဝါသည် ဟင်းလင်းပြင်ဥမင် နယ်ပယ်ကိုပင် ကျော်လွန်နေချေ၏။

မကြာမီပင်... ကြယ်တိမ် သံမဏိ တစ်ခုလုံးသည် ထူထပ်လှသော အခင်းအကျင်း ပုံစံများဖြင့် ပြည့်နှက်သွားတော့၏။ ထို့နောက်... လုရီသည် ခရမ်းရောင် လုအို ကျောက်စိမ်းနှင့် အဝါရောင် မြေအောက်ကျောက်တုံးတို့ကို ထုတ်ယူကာ အခင်းအကျင်းပုံစံများ စတင်ရေးဆွဲလိုက်လေသည်။

ကောင်းကင်နှင့်မြေကြီး ရတနာ သုံးခုပေါ်တွင် အခင်းအကျင်း ပုံစံများ ပြည့်နှက်သွားသည်နှင့်တပြိုင်နက်... လုရီသည် လက်ဝှေ့ယမ်းလိုက်ပြီး... ထိုသုံးခုကို ကောင်းကင်ယံရှိ ကြယ်တာရာများပမာ ကွဲလွင့်နေသော ကောင်းကင်နှင့် မြေကြီး ရတနာများနှင့် ပေါင်းစပ်လိုက်လေတော့၏။

ချက်ချင်းပင်... အခင်းအကျင်းမျက်လုံးနေရာသည် ကြယ်တာရာများဖြင့် ပြည့်နှက်နေသော ကောင်းကင်နှင့်တူညီနေပြီး... နက္ခတ်ရောင်ခြည်များ စီးဆင်းကာ... နက်နဲ ဆန်းကြယ်သော အရှိန်အဝါများ အစပျိုးလာခဲ့၏။

အရှိန်အဝါတို့သည် ပျံ့နှံ့သွားရာ... အဝေးသို့ပင် ရောက်ရှိသွားပြီး... ပန်းတစ်သောင်းဂိုဏ်းတစ်ခုလုံးကိုပင် တုန်လှုပ်စေတော့၏။

ပန်းပေါင်းစုံဂိုဏ်းမှ တပည့်အများအပြားတို့သည် သူတို့၏ဂိုဏ်းအတွင်းပိုင်းသို့ ကြည့်ရှုရင်း... အလွန်ပင် အံ့အားသင့်နေကြသည်။

လုရီသည် ငြိမ်သက်စွာပင် သူ၏လက်များကို လေထဲတွင် ယိမ်းနွဲ့နေပြီး... အခင်းအကျင်းပုံစံများ၏ နေရာများကို ဆက်တိုက် ချိန်ညှိနေလေ၏။ မဟာအခင်းအကျင်းသည် ပုံစံပေါ်လာသည်နှင့်အမျှ... ကောင်းကင်သည် အနည်းငယ် မှောင်မိုက်သွားပြီး... ကြယ်ရောင်ခြည်များပင် အခင်းအကျင်းမှတစ်ဆင့် ကောင်းကင်သို့ ပွင့်ထွက်သွားရာ... စကြာဝဠာနှင့်ပင် ဆက်သွယ်နေသယောင် ရှိနေတော့၏။

ပန်းပေါင်းစုံဂိုဏ်းမှ တပည့်များ အားလုံး တုန်လှုပ်သွားကြသည်။

"ဒါ... ဒါ ဘယ်လို ဆန်းကြယ်မြင်ကွင်းမျိုးလဲဟင်..."

"ဘာတွေဖြစ်နေတာလဲ... ဘာလို့ ငါတို့ ဂိုဏ်းထဲမှာ ဒီလို ဆန်းကြယ်မြင်ကွင်းမျိုး ဖြစ်နေရတာလဲ... ထူးခြားတဲ့ ရတနာတစ်ခု ပေါ်လာတာများ ဖြစ်မလား.."

ပန်းတစ်သောင်းဂိုဏ်းမှ တပည့်များသည် အချင်းချင်း ဆွေးနွေးနေကြပြီးနောက် သူတို့၏ မျက်နှာအမူအရာများတွင် စိုးရိမ်စိတ် လောင်မြိုက်လာတော့၏။

ချင်းကျိုးသည် ယခုအခါ ပြဿနာများစွာနှင့် ရင်ဆိုင်နေရချိန်တွင်... ပန်းပေါင်းစုံဂိုဏ်းအတွင်း၌ ထိုသို့သော ဆန်းကြယ်မြင်ကွင်း ဖြစ်ပေါ်လာခြင်းသည် ကောင်းခြင်းလော... ဆိုးခြင်းလော မသေချာတော့ချေ။

တစ်ချိန်တည်းမှာပင်... အဘွားဟွားနှင့် မဟာအကြီးအကဲတို့သည် များပြားလှသော ကြယ်တာရာများကို အံ့အားသင့်စွာ ကြည့်နေကြလေ၏။ လုရီသည် ကြယ်တာရာများအလယ်တွင် ရပ်နေသည်မှာ... ပြင်ပနယ်ပယ်များမှ ကောင်းကင်မြစ်များအား သေမျိုးကမ္ဘာသို့ ဆွဲယူလာသကဲ့သို့ ရှိနေတော့၏။

သူသည် နှင်းခဲထက် ဖြူဖွေးသော ဝတ်ရုံကို ဝတ်ဆင်ထားပြီး... သူ၏ အနက်ရောင် ဆံရှည်များ လှိုင်းထနေသည်မှာ... ကြယ်တာရာ မြစ်ပေါ်တွင် ရပ်တည်နေသည့် တုနှိုင်းမဲ့သော အင်မော်တယ် ဘုရင်တစ်ပါးနှင့် တူညီနေလေ၏။

ရာစုနှစ်များစွာ သက်တမ်းရှိပြီးသော ပန်းတစ်သောင်းဂိုဏ်းဂိုဏ်းမှ အားကောင်းသည့် ကျင့်ကြံသူများ၏ စိတ်ခံစားမှုများကိုပင် လှုပ်ခတ်စေခဲ့ချေသည်။

ဤမျှကြာမြင့်စွာ နေထိုင်ခဲ့ရသော်လည်း...

ထိုအားကောင်းသည့် ကျင့်ကြံသူများသည် ထိုသို့သော ပုဂ္ဂိုလ်ကို တစ်ခါမျှ မမြင်ဖူးခဲ့ကြချေ။

ထိုအချိန်တွင်... အဝေးမှ နေ၍ အရှိန်အဝါတစ်ခုသည် မြန်ဆန်သော အမြန်နှုန်းဖြင့် ချဉ်းကပ်လာခဲ့တော့၏။

အဘွားဟွားက တုံ့ပြန်လာခြင်းပင်။

အဘွားဟွား၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားပြီး... သူမက...

"အားလုံး... တခြားသူတွေကို အရင် သွားတားကြပါ... သူတို့ကို စိတ်အေးအောင် လုပ်ပေးကြပါ... ပြီးတော့ ဘယ်သူ့ကိုမှ ဝင်ခွင့်မပြုနဲ့... မဟာအခင်းအကျင်းက မပြီးသေးဘူး... ငါတို့ အန္တရာယ် ဘာတစ်ခုမှ မကျအောင် လုပ်ရမယ်နော်..." ဟု ဆိုလိုက်လေတော့၏။

မဟာအကြီးအကဲတို့သည်လည်း ပြန်လည် သတိဝင်လာကြပြီး... ဆက်တိုက် ခေါင်းညိတ်ကာ အခြားသူများကို တည်ငြိမ်စေရန်အတွက် အခင်းအကျင်းမျက်လုံးနေရာမှ ထွက်ခွာသွားကြလေသည်။

အဘွားဟွားသည် လုရီအား ကြည့်လိုက်ရင်း... အနည်းငယ် စိတ်လှုပ်ရှားသလို ရှိနေသော်လည်း... မျှော်လင့်တကြီး ရှိနေတော့၏။ လုရီ ရေးဆွဲနိုင်သည့် အခင်းအကျင်းအကြောင်းကို အလွန်ပင် သိလိုစိတ် ပြင်းပြနေမိချေသည်။

ဂိုဏ်းအကာအကွယ် အခင်းအကျင်းသည် ခိုင်မာလာပြီး ပုံသဏ္ဌာန် ဖြစ်တည်လာသည်နှင့်အမျှ... လုရီသည် ရုတ်တရက် သူ၏လက်များကို ရပ်တန့်လိုက်လေတော့၏။

သူသည် ကျယ်ပြောလှသော ကောင်းကင်မြစ်ကို ကြည့်လိုက်ပြီး... အတွေးနယ်ချဲ့နေတော့၏။

ဂိုဏ်းအကာအကွယ် အခင်းအကျင်းသည် ရိုးရှင်းသော အခင်းအကျင်းတစ်ခုတည်း မဟုတ်ဘဲ... အလွှာပေါင်းများစွာ ပါဝင်သော အခင်းအကျင်းတစ်ခု ဖြစ်ချေသည်။

ကြယ်တိမ် သံမဏိအား သယ်ဆောင်သူအဖြစ် အသုံးပြုပြီး... လုရီသည် ထိုအရာပေါ်တွင် ပေါင်းစည်းခြင်းနယ်ပယ် မဟာအခင်းအကျင်း (၄) ခုကို ဖန်တီးခဲ့၏။

ထို့နောက်... အဝါရောင် မြေအောက်ကျောက်တုံးနှင့် ခရမ်းရောင် လုအို ကျောက်စိမ်းပေါ်တွင် ဟင်းလင်းပြင် ဥမင် အခင်းအကျင်း (၃၂) ခုကို ဖန်တီးခဲ့ပြီး... အခြား ကောင်းကင်နှင့် မြေကြီး ရတနာများမှာ နတ်ဘုရား အသွင်ပြောင်း အခင်းအကျင်း စုစုပေါင်း (၂၃၆) ခု ရှိနေတော့၏။

ထိုသို့သော အခင်းအကျင်းမျိုးဖြင့်... ပေါင်းစည်းခြင်းနယ်ပယ် ကျင့်ကြံသူများပင် ဂိုဏ်းအကာအကွယ် အခင်းအကျင်းထဲသို့ ရောက်ရှိလာပါက သေဆုံးရလိမ့်မည် ဖြစ်ချေသည်။

သို့သော်လည်း... မဟာယာနအဆင့် ကျင့်ကြံသူတစ်ဦး အားထုတ်ပါကမူ... ဤအခင်းအကျင်းသည် ခဏတာမျှသာ ခုခံနိုင်လိမ့်မည် ဖြစ်သည်။

ချင်းကျိုးတွင် ထိုမျှ ပရမ်းပတာ ဖြစ်နေချိန်... ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင်များစွာနှင့် မဟာယာနအဆင့် ကျင့်ကြံသူအချို့ ရှိနေသဖြင့်... ဤအခင်းအကျင်းကို လုံးဝ ဘေးကင်းသည်ဟု ယူဆ၍ မဖြစ်ချေ။

စဉ်းစားပြီးနောက်... လုရီသည် အနည်းငယ် ထပ်ဖြည့်ရန် ဆုံးဖြတ်လိုက်တော့၏။

သူ၏လက်ကို ပြောင်းပြန်လှန်လိုက်သည်နှင့်... အမျိုးမျိုးသော အလင်းတန်းများ တောက်ပနေသည့် ကောင်းကင်နှင့်မြေကြီး ရတနာ (၈) ခုသည် ကောင်းကင်ပေါ်တွင် ပေါ်လာခဲ့တော့၏။ တစ်ခုစီတွင် တာအိုယွမ် စွမ်းအားမျှင်များ ပါရှိပြီး... အံ့မခန်း မြင့်မားလှသော ဝိညာဉ်စွမ်းအင်လှိုင်းများ ပါဝင်နေခဲ့၏။

ထိုသို့ မြင်လိုက်ရသည့်အခါ... အဘွားဟွား၏ မျက်လုံးများ အံ့အားသင့်စွာ ပြူးကျယ်သွားတော့၏။

"ဒါတွေက... အရှေ့ခြံစည်းရိုး ကျောက်စိမ်းဖြူ၊ နှစ်ပေါင်း (၁၀၀၀၀) သက်တမ်းရှိတဲ့ မှော်ရေခဲ၊ အနီရောင် မီးလျှံပုလဲ... အားလုံးက ပေါင်းစည်းခြင်းနယ်ပယ် ကောင်းကင်နဲ့မြေကြီး ရတနာတွေပဲ..."

အဘွားဟွားခမျာ လုံးဝကို ရှုပ်ထွေးအံ့အားသင့်နေတော့၏။

သူမတို့ ပန်းတစ်သောင်းဂိုဏ်းသည် နှစ်ပေါင်းများစွာကတည်းက ရှိခဲ့သော ရှေးဟောင်းဂိုဏ်းတစ်ခုဖြစ်သော်ငြား... ကြယ်တိမ် သံမဏိတစ်ခုသာ ရှိခဲ့သည်ကို ထောက်ရှုရမည်။...

လုရီသည် ပေါင်းစည်းခြင်းနယ်ပယ် ကောင်းကင်နှင့်မြေကြီး ရတနာ (၈) ခုအထိ ထုတ်ပြနိုင်ခြင်းမှာ အဘယ်မျှ အံ့မခန်းဖွယ်ရာ ဖြစ်ပါသနည်း။

အခန်း ၃၂၀- ကြယ်တာရာမြစ်အား လက်ဆောင်ပေးမည်...

~အဘွားဟွားမှာ မယုံနိုင်အောင်ပင် ဖြစ်နေတော့၏။

ဤမျှ အဖိုးတန်လှသည့် ကောင်းကင်နှင့်မြေကြီး ရတနာ (၈) ခုကို လုရီက ထုတ်ယူလာပြီး... ပန်းတစ်သောင်းဂိုဏ်းအတွက် ဂိုဏ်းအကာအကွယ်အခင်းအကျင်း တည်ဆောက်ရန် သုံးမည်လား။

ခဏတာမျှ... အဘွားဟွား၏ စိတ်ထဲတွင် အတွေးများ ရှုပ်ထွေးနေသည်။

လုရီကတော့ အဘွားဟွား၏ အတွေးများကို မသိရှာပေ။ သူသည် အခင်းအကျင်းပုံစံများကို အခြား ကောင်းကင်နှင့်မြေကြီး ရတနာပစ္စည်းများပေါ်တွင် စတင်ထွင်းထုတော့၏။

၎င်းတို့အားလုံးမှာ ပေါင်းစည်းခြင်းနယ်ပယ်မှ ဖြစ်ကြပြီး... ပေါင်းစည်းခြင်းနယ်ပယ်၏ အခင်းအကျင်းပုံစံများကို ခံနိုင်ရည် ရှိကြလေသည်။

ကောင်းကင်နှင့်မြေကြီး ရတနာပစ္စည်း (၈) ခုပေါ်တွင်... တစ်ခုစီ၌ ပေါင်းစည်းခြင်းအခင်းအကျင်း (၃) ခုမှ (၅) ခုအထိ ရေးထိုးထားတော့၏။ ကြယ်တိမ်သံမဏိနှင့် ပေါင်းစပ်လိုက်လျှင်... စုစုပေါင်း ပေါင်းစည်းခြင်းအခင်းအကျင်း (၃၆) ခု ရှိနေချေသည်။

လုရီ၏ မျက်နှာထားက တည်ကြည်နေသည်။ ဤ ကောင်းကင်နှင့်မြေကြီး ရတနာ (၈) ခုကို အခင်းအကျင်းကြီးအတွင်းသို့ ပေါင်းစပ်ပြီးနောက်... ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို ထပ်မံ ခင်းကျင်းနေတော့၏။

ဤမျှ များပြားလှသော အခင်းအကျင်းများဖြင့်... လုရီကဲ့သို့ အခင်းအကျင်းတာအိုနယ်ပယ်တွင် ကျွမ်းကျင်သူပင်... ဤအချိန်တွင် ဖိအားအချို့ ခံစားရချေသည်။

သူ၏ လက်များ လေထဲတွင် ယိမ်းနွဲ့၍ တစ်စစီ ရွေ့လျားနေ၏။ လေဟာနယ်တွင် အခင်းအကျင်းပုံစံများကို ရေးဆွဲကာ... အခင်းအကျင်းကျောက်တုံးအားလုံးကို ဆက်သွယ်လိုက်လေတော့သည်။

အခင်းအကျင်းကျောက်တုံးများ တစ်ခုပြီးတစ်ခု ဆက်သွယ်သည်နှင့်... ပန်းတစ်သောင်းဂိုဏ်းအထက် ကောင်းကင်တွင် ထူးခြားမှု ပို၍ တောက်ပလာတော့၏။ ကောင်းကင်ယံတွင် ကြယ်တာရာမြစ် အလွှာလိုက် ဖြစ်ပေါ်လာရာ... ခရမ်းရောင် ပန်းပင်လယ်တစ်ခုလုံးကိုပင် လွှမ်းခြုံလိုက်သလိုပင် ဖြစ်ချေသည်။

ဤကဲ့သို့သော လှုပ်ရှားမှုများက ပန်းတစ်သောင်းဂိုဏ်းမှ ခွန်အားရှိသည့် ကျင့်ကြံသူများ၊ တပည့်များအားလုံးကို အံ့အားသင့်စေခဲ့သည်။

"ဘာ... ဘာတွေ ဖြစ်နေတာလဲ..."

"ဘာဖြစ်လို့ မဟာအကြီးအကဲတွေက ငါတို့ကို တားနေတာလဲ... အဲ့ဒီကို သွားခွင့် မပြုတာလဲဟင်..."

ပန်းတစ်သောင်းဂိုဏ်းမှ ခွန်အားရှိသည့် ကျင့်ကြံသူအချို့ နားမလည်နိုင် ဖြစ်နေကြကာ... သိလိုစိတ် ပြင်းပြနေ၏။

အခင်းအကျင်းအူတိုင် နေရာတွင်... အဘွားဟွားက လေးနက်သော မျက်နှာနှင့် လုရီကို ကြည့်နေသည်။ အလွန် ရှုပ်ထွေးသော ခံစားမှုများ ဖြစ်ပေါ်နေရင်း... လုရီ ဘာတွေ တွေးနေလဲဟု မေးခွန်းထုတ်နေမိတော့၏။

ထိုအချိန်... ဝေးကွာသော နေရာမှ အရှိန်အဝါတစ်ခု အရှိန်အဟုန်ဖြင့် ချဉ်းကပ်လာခဲ့၏။

အဘွားဟွား လန့်နိုးသွားပြီး... အလျင်အမြန် လှည့်ကြည့်လိုက်ရာ... ဝေးကွာသော နေရာမှ

ယွင်ရှီး ပျံသန်းလာသည်ကို မြင်ရလေသည်။

မဟာအကြီးအကဲများက အခြားသူများကို တားဆီးခဲ့ကြသော်လည်း... ယွင်ရှီး၏ အဆင့်အတန်းမှာမူ ကွဲပြားသည်ဖြစ်ရာ... လုရီနှင့် ဆက်ဆံရေး ကောင်းမွန်သဖြင့် သူမကို ထုံးစံအတိုင်းမျှ မတားဆီးခဲ့ကြပေ။

အဓိကအားဖြင့်... လုရီ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ရေးထိုးရာမှ ဆူပူသံ ကြီးမားလှသည်ဖြစ်ရာ... အနားယူနေသည့် ယွင်ရှီးကိုပင် နှောင့်ယှက်ခဲ့၏။ ထို့ကြောင့် သူမ ပျံသန်းလာခဲ့ခြင်း ဖြစ်လေသည်။

ယွင်ရှီး ဆင်းသက်လာပြီး... အထက်ကောင်းကင်ရှိ ကြယ်တာရာမြစ်ကို မော့ကြည့်သည်။ ကြယ်တာရာမြစ်ပေါ် ခြေချနေသည့် အင်မော်တယ်ဘုရင်ကဲ့သို့သော လုရီ၏ ပုံရိပ်ကို ကြည့်သည်။ သူမ၏ မျက်လုံးများ စိုစွတ်လာပြီး... မျက်တောင်မခတ်ဝံ့ဘဲ လုရီအား စူးစိုက်ကြည့်နေမိတော့၏။

ယွင်ရှီးကို မြင်သောအခါ... အဘွားဟွား အနည်းငယ် ပြုံးသည်။

"ယွင်ရှီး... မင်းလည်း ရောက်လာတာပဲလား... ဘာဖြစ်လို့ လုရီနဲ့အတူ မလာတာလဲလို့ အခုလေးတင် တွေးနေတာ..."

ယွင်ရှီး ထိုအခါမှ အသိပြန်ဝင်လာပြီးနောက်...

အဘွားဟွားကို ကြည့်ကာ ပြုံးလျက်...

"အဘွား..." ဟု နှုတ်ဆက်လိုက်၏။

အဘွားဟွားက ခေါင်းညိတ်သည်။ ထို့နောက်

သူမ ယွင်ရှီးကို အနည်းငယ် ထူးဆန်းသော မျက်နှာထားဖြင့် တစ်ချက် ကြည့်ကာ...

မေးလေသည်။

"ယွင်ရှီး... မင်း ဘာဖြစ်လို့ ဒီလောက် ပင်ပန်းပုံ ပေါ်နေတာလဲ..."

ယွင်ရှီး တောင့်တင်းသွားပြီး... သူမ၏ မျက်နှာ

နီရဲသွား၏။ သူမကဲ့သို့ ပွင့်လင်းဖြောင့်တန်းသူပင် ထိုအချိန်တွင် မည်သို့ ပြန်ဖြေရမည်ကို မသိတော့ချေ။

အဘွားဟွား ထိုအခါမှ သဘောပေါက်သွားပုံရပြီးနောက်... သူမ၏ မျက်နှာ ပို၍ ထူးဆန်းလာသည်။ ယွင်ရှီးနှင့် လုရီတို့အား သံသယမကင်း တစ်ချက် ကြည့်လိုက်ပြီး...

"မင်းတို့ နှစ်ယောက်... နှစ်ကိုယ်တူ ကျင့်ကြံခဲ့ကြတာလား..." ဟု မေးလိုက်လေ၏။

ယွင်ရှီး အနည်းငယ် ခေါင်းညိတ်ကာ ဝန်ခံရ တော့သည်။

"ဟုတ်ပါတယ်..."

အဘွားဟွား၏ စိတ်ခံစားမှုများ ရှုပ်ထွေးသွားသည်။ သူမ၏ မျက်စိအောက် ကြီးပြင်းလာခဲ့သူ ယွင်ရှီးလေးက ထိုလူဆိုးလေး လုရီ၏ တိတ်တိတ်ဆိတ်ဆိတ် ဖမ်းစားခြင်းကို ခံခဲ့ရလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

သူမ နှာခေါင်း ဖွဖွရှုံ့ကာ လုရီကို တစ်ချက်ကြည့်သည်။

...မဆန်းပါဘူး... ဒီကောင်လေးက ဘာလို့ ဒီလောက် ရက်ရောနေတာလဲ... အားလုံးက မင်းကြောင့်ပဲ... ကောင်မလေး...

ထိုစဉ် ယွင်ရှီးကမူ အဘွားဟွားကို အနည်းငယ် မျက်စိလည်စွာ ကြည့်နေသည်။ အဘွားဟွာက လုရီသည် ပေါင်းစည်းခြင်းနယ်ပယ် ကောင်းကင်နှင့်မြေကြီး ရတနာပစ္စည်း (၈) ခုကို ထုတ်ယူကာ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ရေးထိုးခဲ့သည့် အခြေအနေကို ပြန်လည် ပြောပြရတော့၏။

ဤစကားကို ကြားသောအခါ... ယွင်ရှီး းရဘလုရီကို ငေးကြည့်သည်။ သူမ၏ နှုတ်ခမ်းများတွင် တောက်ပသော အပြုံး ဖြစ်ပေါ်လာပြီးနောက်... စကားတစ်ခွန်းမျှ မပြောတော့ချေ။

ယွင်ရှီး၏ အနည်းငယ် တုံးအသော အပြုံးကို မြင်သောအခါ... အဘွားဟွား အနည်းငယ် ခေါင်းခါသည်။ သို့သော် လုရီသည် ယွင်ရှီးအတွက် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်ဟု စိတ်ထဲက ဝန်ခံလိုက်ရတော့၏။

အချိန်များ ကုန်ဆုံးသွားသည်။ (၂) နာရီကြာပြီးနောက်... လုရီ အခင်းအကျင်းကျောက်တုံးများ အားလုံး စီစဉ်ပြီးစီးခဲ့၏။ ကျောက်တုံးများ ခိုင်မြဲစွာ တည်ရှိသွားသည်နှင့်... ပန်းတစ်သောင်းဂိုဏ်းတစ်ခုလုံး၏ နယ်ပယ်ကို ကြယ်များဖြင့် ဖုံးအုပ်သွားတော့သည်။ ပန်းတစ်သောင်းဂိုဏ်းမှ တပည့်တိုင်း ကောင်းကင်ယံကို မယုံကြည်နိုင်သော မျက်ဝန်းများဖြင့် မူးဝေဝေ ကြည့်နေကြသည်။....

မြင်ကွင်းကြောင့် လွှမ်းမိုးခံရလေတော့၏။

ဤအရာသည် ပန်းတစ်သောင်းဂိုဏ်းမှ တပည့်များ ဘဝတစ်လျှောက်လုံးတွင် တစ်ခါမျှ မမြင်ဖူးခဲ့ဖူးသည့် အံ့ဖွယ် ဖြစ်ချေသည်။

သူတို့အားလုံး အချင်းချင်း ဆွေးနွေးနေကြသည်။ အခြေအနေက ဘာလဲဟု တွေးတောနေကြ၏။

ပန်းတစ်သောင်းဂိုဏ်းသာမက... လုရီ အခင်းအကျင်းကြီး ဖန်တီးရာမှ လှုပ်ရှားမှု ပြင်းထန်လှသည်ဖြစ်ရာ... ပန်းတစ်သောင်းဂိုဏ်းနှင့် ဝေးကွာသော ဒေသများမှပင် ၎င်းကို မြင်တွေ့နိုင်ခဲ့ကြ၏။

ကျင့်ကြံသူများ အလွန် အံ့ဩနေကြပြီး... ပန်းတစ်သောင်းဂိုဏ်းတွင် မည်သို့မည်ပုံ ဖြစ်ပျက်နေသည်ကို ခန့်မှန်းနေကြ၏။

အချို့ပင် ပန်းတစ်သောင်းဂိုဏ်းဘက်သို့ အလျင်အမြန် ဦးတည်လာခဲ့ကြချေသည်။

ပန်းတစ်သောင်းဂိုဏ်း အတွင်းပိုင်း နက်ရှိုင်းသော ..အခင်းအကျင်းအူတိုင် နေရာတွင်... အခင်းအကျင်းကျောက်တုံးကို စစ်ဆေးပြီး လုရီမျက်နှာ ပြုံးယောင်သမ်းသွား၏။

ဤအခင်းအကျင်းကျောက်တုံး ချိတ်ဆက်မှု ဧရိယာသည် အခင်းအကျင်းကြီးတစ်ခုလုံး၏ ဗဟိုအကျဆုံးနှင့် အစွမ်းအထက်ဆုံး ဧရိယာ ဖြစ်ချေသည်။ မဟာယာနကျင့်ကြံသူများပင် ထိုးဖောက်ဝင်ရောက်ရန် မစွမ်းနိုင်ကြပေ။

ဤ ဂိုဏ်းအကာအကွယ်အခင်းအကျင်းသည် ပေါင်းစည်းခြင်းအခင်းအကျင်း (၃၆) ခု၊ ဟင်းလင်းပြင်ဥမင်နှင့် နတ်ဘုရားအသွင်ပြောင်း အခင်းအကျင်းများစွာဖြင့် တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသည်ဖြစ်ရာ... တစ်ခုကို ရွှေ့လိုက်သည်နှင့် အားလုံးကို သက်ရောက်မှုရှိလေသည်။ လုရီပင် သူ၏ စိတ်တစ်ခုလုံးကို ၎င်းတွင် မြှုပ်နှံထားခဲ့၏။

ဤကဲ့သို့သော အခင်းအကျင်းသည် မဟာယာနနယ်ပယ်မှ ကျင့်ကြံသူများကိုပင် ခံနိုင်ရည်ရှိသည်မှာ အမှန်ပင်တည်း။

"လု... လုရီ..."

ခေါ်သံ ကြားရသည်ဖြစ်ရာ... လုရီ ခေါင်းလှည့်လိုက်တော့ ယွင်ရှီး သူ့အား စူးစိုက်ကြည့်နေသည်ကို မြင်ရလေ၏။

လုရီ အနည်းငယ် ပြုံးကာ... ကြယ်တာရာမြစ်မှ ဆင်းသက်၍ ယွင်ရှီးထံ ချဉ်းကပ်လာသည်။

ကျယ်ပြောစွာ တလက်လက် တောက်ပနေသော ကြယ်တာရာမြစ်ကို လက်ညှိုးထိုးပြပြီး... ရယ်မောရင်း မေးလိုက်၏။

"ဒါ... မင်းအတွက် ဖန်တီးခဲ့တာ... ကြိုက်ရဲ့လား..."

ထိုအခါမှာ.. ယွင်ရှီး ခေါင်းညိတ်၍... လုရီအား ဖက်လိုက်ကာ အားရပါးရ နမ်းလိုက်တော့၏။

"အဟမ်း... အဟမ်း..."

အနီးတွင် ရပ်နေသည့် အဘွားဟွား၏ မျက်နှာ တောင့်တင်းနေသည်။ အလွန် မကျေမနပ်ဖြစ်ကာ... သမီးရည်းစားနှစ်ဦးက သူမကို လုံးဝ လစ်လျူရှုထားသည်ဟု ခံစားနေရ၏။

ထိုအခါ ယွင်ရှီး ကိုယ်လေး တောင့်တင်းသွားသည်။ လုရီအား ဖက်ထားလျက် မလွှတ်ဘဲ ခေါင်းလှည့်ကာ အဘွားဟွားကို ကြည့်သည်။

"အဘွား..."

လုရီလည်း အနည်းငယ် ရှက်ရွံ့သွားကာ ရယ်မောသည်။

"အဟဲ..အဘွား... ရောက်နေတာပဲ..."

အဘွားဟွား "???"

သူမ မျက်နှာမည်းသွားသည်။

"ငါ အစောထဲက ဒီမှာ ရှိနေတာလေ..."

လုရီ ပို၍ ရှက်ရွံ့သွားသည်။ ခဏတာ ဘာပြောရမှန်း မသိတော့ချေ။

အဘွားဟွားက ရယ်မော၍ သူ့ကို ကြည့်သည်။

"ငါက..ယွင်ရှီးကို ကလေးဘဝကတည်းက သူ ကြီးပြင်းတာကို စောင့်ကြည့်လာခဲ့တယ်... သူ မင်းနဲ့အတူ ရှိနေပြီဆိုတော့... ငါ စိတ်ချလက်ချ နေနိုင်ပြီ... မင်း သူ့ကို စိတ်မပျက်စေမှာ မဟုတ်ဘူးလို့ ထင်တာပဲ..."

လုရီ အလေးအနက် ခေါင်းညိတ်သည်။

"အဘွား စိတ်ချပါ..." ဟု ကတိပြုလိုက်၏။

အဘွားဟွာ တဖြည်းဖြည်း မှေးမှိန်သွားသော ကြယ်တာရာမြစ်ကို ကြည့်လိုက်ပြီး... ခေါင်းလှည့်ကာ အပြင်ဘက်သို့ တစ်ဖန် ရှုမျှော်သည်။

"ဒီလှုပ်ရှားမှုက အရမ်းကြီးလွန်းတယ်... အပြင်မှာ ဆူပူမှုတွေ ဖြစ်စေနိုင်တယ်... ငါ အရင်သွားကြည့်လိုက်ဦးမယ်... မင်းနဲ့ ယွင်ရှီး ဒီမှာပဲ နေခဲ့ကြ... အပြင်မထွက်ကြနဲ့ဦး... အာရုံစိုက်ခံရမှာ စိုးရိမ်ရတယ်..." ဟု မှာကြားလေသည်။

လုရီ ခေါင်းညိတ်ပြီးနောက်... ယွင်ရှီးနှင့်အတူ ဂူစံအိမ်သို့ ပြန်လာခဲ့လိုက်ပါ၏။

ဂူစံအိမ်သို့ ပြန်ရောက်သည်နှင့်... လုရီ ယွင်ရှီးအား ပွေ့ဖက်လိုက်တော့၏။

ယွင်ရှီးသည် ထိုအထိအတွေ့အား ခံစားမိကာ တောင့်တင်းသွားသည်။ သူမ၏ လှပသော မျက်နှာလေးတွင် ကြောက်ရွံ့မှု အရိပ်အယောင် ပေါ်လာသည်။

"လုရီမလုပ်ပါနဲ့... ငါ တကယ် မလုပ်နိုင်တော့ဘူး..."

လုရီက ယွင်ရှီးအား ပွေ့ဖက်လျက်... သူတို့အခန်းသို့ ဦးတည် ပြန်လာသည်။

"သဘာဝစွမ်းအားက ပြန်လည် နာလန်ထူဖို့ အရမ်းကောင်းတဲ့ အကျိုးသက်ရောက်မှု ရှိတယ်... မင်း လုပ်နိုင်မယ်လို့ ငါ ယုံတယ်..."

တစ်ရက် ကြာသည့်အခါ... လုရီ အခန်းထဲမှ ထပ်မံ ထွက်လာခဲ့သည်။ သူ အနည်းငယ်

မကျေနပ်သေးချေ။

ယွင်ရှီး အလွန် အားနည်းလှ၏။ မူလကပင် ကောင်းစွာ မနာလန်ထူသေးသည် ဖြစ်နိုင်ချေသည်။ ဤတစ်ကြိမ်တွင်မူ ယခင်ကထက်ပင် ပိုမိုတိုတောင်းသော အချိန်အတွင်း မေ့မြောသွားတော့၏။

သို့သော်... လုရီ၏ သဘာဝနယ်ပယ်နှင့် ယင်ယန်နယ်ပယ်တို့မှာ အနည်းငယ် တိုးတက်လာခဲ့၏။ သူက အလျင်စလို ထွက်ခွာခြင်း မပြုခဲ့ပေ။

ဤတစ်ကြိမ်တွင် သိသာထင်ရှားသော လှုပ်ရှားမှု ဖြစ်ခဲ့သောကြောင့်... ပန်းတစ်သောင်းဂိုဏ်းကို လူများစွာ စောင့်ကြည့်နေကြဖွယ် ရှိလေသည်။ လုရီ နှစ်ရက်၊ သုံးရက်ခန့် ကြာမှ ထွက်ခွာရန် ဆုံးဖြတ်လိုက်တော့၏။

တစ်ရက် ကြာသည့်အခါ... ယွင်ရှီး နောက်ဆုံး၌ အခန်းထဲမှ ထွက်လာခဲ့သည်။ လုရီကို မြင်သောအခါ... အလွန် အလေးအနက်ထားကာ ပြောလိုက်တော့၏။

"လုရီ... နင် ပြန်ရောက်တာနဲ့... အစ်မနင်ရွှမ်းနဲ့ အစ်မ မင်ယွဲ့တို့နဲ့ မြန်မြန် နှစ်ကိုယ်တူ ကျင့်ကြံပါ... ငါ တောင်းပန်ပါတယ်..."

လုရီ "???"

အခန်း ၃၂၁- အာဏာစက် ထူထောင်ခြင်း...

~လုရီ၏ ခေါင်းထဲတွင် မေးခွန်းများ ပြည့်နှက်နေချေသည်။

"ယွင်ရှီး... ဘာလို့ ရုတ်တရက် ဒီလိုပြောတာလဲ..."

"ငါ တစ်ယောက်တည်း သေတော့မယ်..."

ယွင်ရှီးက ပြောသည်။ သူမ၏ မျက်ဝန်းများတွင် တိတ်ဆိတ်သော အပြစ်တင်မှုများဖြင့် လုရီအား ကြည့်၏။

ထိုအခါ လုရီ အနည်းငယ် ရှက်မိသွားသည်။ ကြည့်ရသည်မှာ... ခန္ဓာကိုယ် သန်မာလွန်းခြင်းသည်လည်း အားနည်းချက် ရှိနိုင်သည်ပဲ။

သူ အလေးအနက်ထား ပြောလိုက်သည်။

"ပြန်ရောက်ရင် ငါ အကောင်းဆုံး ကြိုးစားပါမယ်..."

ယွင်ရှီး ခေါင်းညိတ်ကာ လုရီ၏ ရင်ခွင်တွင်း ခိုမှီလိုက်သည်။

"လုရီ... ကျေးဇူးတင်ပါတယ်... ဒီ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကြောင့် ပန်းတစ်သောင်းဂိုဏ်း ပိုလုံခြုံသွားပြီ..."

လုရီ ပြုံးသည်။ "ဟုတ်တာပေါ့... မင်းက ငါ့လူပဲ... မင်း အန္တရာယ်ဖြစ်မှာ ငါ မလိုချင်ဘူး..."

ယွင်ရှီး ကျေနပ်စွာ ပြုံးသည်။ သို့သော် သူမ၏ မျက်နှာထား ရုတ်တရက် တောင့်တင်းသွားကာ ပျားတုပ်ခံရသလို အလျင်အမြန် နောက်ဆုတ်လိုက်လေသည်။

လုရီကို အဝေးက ကြည့်ကာ ကြောက်ရွံ့မှုနှင့် မကျေနပ်မှု အရိပ်အယောင်လေး ပေါ်လာသည်။

"နင်..."

လုရီ ခြောက်ကပ်စွာ ရယ်ပြလိုက်သည်။

"အဟဲ..ဗီဇ... ဗီဇကြောင့်ပါ..."

သူ သတိပြုမိသည်။

စစ်မှန်သော နဂါးသွေးအနှစ်သာရကို အပြည့်အဝ စုပ်ယူပြီး အင်မော်တယ်မိုးကြိုးနဂါးနည်းစနစ်ကို အပြည့်အဝ ကျင့်ကြံပြီးသည့်တိုင် သူ့ခန္ဓာကိုယ်တွင် တစ်ခုခု မှားယွင်းနေပုံရ၏။

ဒါ သူ မူလက ဖြစ်ခဲ့သည့် ပုံစံ လုံးဝ မဟုတ်ချေ။

လုရီ နောက်ဆုံးတွင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်လိုက်သည်။

မည်သို့ပင်ဆိုစေ ယွင်ရှီးသည် အမှန်တကယ် ပင်ပန်းနွမ်းနယ်နေပြီ။ သူတို့နှစ်ဦး စကားပြောရင်း တာအိုကို ဆွေးနွေးကြ၏။ လုရီသည်

ယွင်ရှီးအား နဂါးပျံ ဖီးနစ်သံစဥ် သိုင်းနည်းစနစ်ကို သင်ပေးလေသည်။

သူတို့၏ နှစ်ကိုယ်တူ ကျင့်ကြံခြင်း နောက်ပိုင်း... လုရီ၏ နဂါးပျံ ဖီးနစ်သံစဥ် သိုင်းနည်းစနစ် ကျွမ်းကျင်မှု လျင်မြန်စွာ တိုးတက်လာသည်။ ၎င်းသည် မဟာယာနနယ်ပယ် လျှို့ဝှက်ကျွမ်းကျင်မှု ဖြစ်သော်လည်း... သူ၏ လက်ရှိအဆင့်တွင်... နားလည်နိုင်စွမ်း ပြင်းထန်သောကြောင့် လုရီအတွက် အလွန် ခက်ခဲခြင်း

မရှိပေ။

ယွင်ရှီးလည်း နားလည်နိုင်စွမ်း ကောင်းသည်။

လုရီ သူမအား ဉာဏ်အလင်းလက်ဖက်ခြောက် (၁) ပေါင် ပေးသည်။ သူမ၏ နားလည်နိုင်စွမ်းကို မြှင့်တင်ရန် ဖြစ်၏။ နဂါးပျံဖီးနစ်သံစဥ် သိုင်းနည်းစနစ်တွင် အဆင့်တစ်ခုသို့ လျင်မြန်စွာ ရောက်စေလေသည်။

ဒီလိုဆိုလျှင် နောက်တစ်ကြိမ် နှစ်ကိုယ်တူ ကျင့်ကြံသည့်အခါ သူတို့နှစ်ဦးလုံးအတွက် အကျိုးကျေးဇူး ပိုမို ကြီးမားမည် ဖြစ်သည်။

ထို့အပြင်... ထိုအချိန်တွင် ယွင်ရှီးသည် စစ်မှန်သော ဖီးနစ်တာအိုပုံစံကိုပါ သိမြင်နိုင်လိမ့်မည်။ သူမ၏ ခန္ဓာကိုယ်လည်း တိုးတက်လာပြီး ပိုမို ခံနိုင်ရည်ရှိလာမည်။

တကယ်တော့ ဒါက လုရီအတွက် အကောင်းဆုံး ရလဒ်ပင်။

နှစ်ကိုယ်တူ ကျင့်ကြံခြင်း နောက်ပိုင်း... လုရီ ယင်ယန်နယ်ပယ်ကို သိမြင်သည်။ သို့သော်

ယွင်ရှီးက မသိမြင်ခဲ့။ ၎င်းသည် ယွင်ရှီးအတွက် ကိုယ့်ဘာသာ နားလည်ရန် လိုအပ်သည်ဖြစ်ရာ... လုရီ များစွာ ကူညီနိုင်မည် မဟုတ်ချေ။

သည်လိုနှင့် တစ်ရက် ကုန်ဆုံးသွားခဲ့တော့၏။

ရုတ်ချည်းပင်... ကောင်းကင်ယံမှ ကြောက်မက်ဖွယ်ကောင်းသော ဖိအားကြီးတစ်ခု ပန်းတစ်သောင်းဂိုဏ်းတစ်ခုလုံးကို ဖိအားပေးလာတော့၏။

ပန်းတစ်သောင်းဂိုဏ်းက အားနည်းသော ချီသန့်စင်အဆင့် တပည့်တွေ ချက်ချင်း သွေးအန်ကျကုန်သည်။ အခြေခံအုတ်မြစ် တည်ထောင်ခြင်း အဆင့် ရောက်နေသူတွေတောင် မျက်နှာများ ဖြူဖျော့သွား၏။

ခန့်ညားထည်ဝါသော အသံကြီးက မိုးခြိမ်းသံလို ထွက်ပေါ်လာသည်။

"မူလယန်ဂိုဏ်းက လော့ထျန်းယန်၊ ခင်ဗျားတို့ ဂိုဏ်းက အင်မော်တယ် ယွင်ရှီးရဲ့ ထူးကဲတဲ့ အလှအပနဲ့ ကျက်သရေကို ကြားလို့ လက်ထပ်ထိမ်းမြားဖို့ လာရောက်ကမ်းလှမ်းတာ... အင်မော်တယ် ယွင်ရှီးကို ကြိုဆိုဖို့ လာတာပါ..."

ဒီစကားကို ကြားသောအခါ ယွင်ရှီး၏ ဂူစံအိမ်ထဲက လုရီ မျက်နှာ ဖြူဆုပ်သွားတော့၏။

ယွင်ရှီးမှာမူ ဒေါသထွက်နေသလို စိုးရိမ်နေဟန်လည်း ရှိသည်။

"မူလယန်ဂိုဏ်းက အပြင်ကနေ လာတဲ့ အင်အားကြီး ဂိုဏ်းပါ... ငါတို့ ပန်းတစ်သောင်းဂိုဏ်း နယ်မြေထဲမှာ တည်းခိုနေတာ...

အမျိုးသမီးတွေရဲ့ အနှစ်သာရကို စုပ်ယူပြီး သူတို့ရဲ့ ယန်စွမ်းအင်ကို မြှင့်တင်တဲ့ နှစ်ကိုယ်တူ ကျင့်ကြံမှု ဆိုးဝါးတဲ့ ပညာရပ်တွေကို ကျင့်ကြံကြတယ်... မူလယန်ဂိုဏ်း ရောက်လာကတည်းက ငါတို့ ညီအစ်မတွေ ပျောက်နေကြတာ... သူတို့ လက်ချက်ပဲ.. သက်သေတော့ မရှိဘူး... အရမ်းအင်အားကြီးတယ်... သူတို့ထဲမှာ အစွမ်းအထက်ဆုံးက မဟာယာနနယ်ပယ်က မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦးပဲ..."

လုရီ မျက်နှာ တည်တင်းသွားသည်။ သူ့စိတ်ထဲတွင် သတ်ဖြတ်လိုစိတ်များ ပြင်းထန်နေတော့၏။

...

သူ့စိတ်ဓာတ်အခြေအနေသည် ထိန်းချုပ်နိုင်ရည် မြင့်မားသည်ဟု ထင်ခဲ့ဖူးသည်။ ယခုလို ပြင်းထန်သည့် သတ်ဖြတ်လိုစိတ် ခံစားရတာ ပထမဆုံးအကြိမ်ပါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ယွင်ရှီးက သူ့လူပဲလေ။....

ထို့အပြင်... လုရီသည် မူလယန်ဂိုဏ်းလို ဂိုဏ်းမျိုး ရှိနေတာကို မမျှော်လင့်ထားခဲ့ပေ။

ပန်းတစ်သောင်းဂိုဏ်းနယ်မြေထဲမှာ အဘယ်ကြောင့် နေထိုင်တာလဲဆိုတာ မဆန်းတော့ချေ။

သူတို့အတွက်တော့ ပန်းတစ်သောင်းဂိုဏ်းက အမျိုးသမီး ကျင့်ကြံသူတွေ အားလုံးဟာ ပြီးပြည့်စုံသော ဆေးဒယ်အိုးတစ်ခုလို ဖြစ်နေမှာပင်။

ယွင်ရှီး လုရီ၏ သတ်ဖြတ်လိုစိတ်ကို ခံစားမိတော့ သူ့လက်ကို ဖွဖွလေး ဆုပ်ကိုင်ပြီး ပြောလိုက်သည်။

"သူတို့က ဂိုဏ်းအကာအကွယ်အခင်းအကျင်းကြောင့် ဖြစ်တဲ့ ဆူပူမှုကြောင့် အခုလို လှုပ်ရှားနေတာ ဖြစ်နိုင်တယ်..."

လုရီ ခေါင်းညိတ်သည်။

"ငါသိတယ်..."

သူသည် ငတုံး မဟုတ်ချေ။ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ရေးထိုးစဉ်က သူ ဖန်တီးခဲ့သည့် ဆူပူမှုက ကြီးမားလွန်းတာကြောင့် တခြားဒေသက ကျင့်ကြံသူတွေ၏ အာရုံစိုက်မှုကို ဆွဲဆောင်ခဲ့ကြောင်း သဘာဝအတိုင်း နားလည်ပါသည်။

ပန်းတစ်သောင်းဂိုဏ်းအတွင်းမှာ ကောင်းကင်နှင့်မြေကြီး ရတနာပစ္စည်းတွေ မွေးဖွားလာသည်ဟု တချို့က ယူဆတာ ဖြစ်နိုင်သည်။ ထို့ကြောင့် သူတို့ လာရောက် စူးစမ်းကြခြင်း ဖြစ်မည်။

မူလယန်ဂိုဏ်းက ပန်းတစ်သောင်းဂိုဏ်းနယ်မြေထဲမှာ အချိန်အတော်ကြာ နေခဲ့ပြီး ယွင်ရှီး၏ ဂိုဏ်းအတွင်း အဆင့်အတန်းကို သိသည်။ သူတို့က အခြေအနေကို နားလည်ဖို့ ဒီအချက်ကို အသုံးချနေတာ ဖြစ်နိုင်လေသည်။

ယခုအခါ လုရီ မျက်နှာက တည်ကြည်နေလေသည်။

"လာ၊ သွားကြရအောင်..."

ယွင်ရှီး လန့်သွားသည်။ စိုးရိမ်တကြီး ပြောသည်။

"လုရီ... အပြင်ထွက်မလို့လား... နင် ပန်းတစ်သောင်းဂိုဏ်းမှာ ရှိနေတာ လူသိရင်... အင်အားကြီး ပုဂ္ဂိုလ်တွေက နောက်ကွယ်ကနေ နင့်ကို နှိမ်နင်းမှာ စိုးရတယ်... ဂိုဏ်းအကာအကွယ်အခင်းအကျင်း ရှိနေတော့ မူလယန်ဂိုဏ်းကို ငါတို့ မကြောက်ဘူး... သူတို့ မဖြတ်နိုင်ဘူး... ဒါကြောင့် စိတ်ပူစရာ မလိုဘူး..."

လုရီက ခေါင်းခါသည်။ သူ့မျက်လုံးများ ပြင်းထန်သော ဆုံးဖြတ်ချက်များဖြင့် ပြည့်နေသည်။

"သူတို့က ငါတို့ တံခါးဝကို ပြဿနာ လာရှာပြီဆိုတော့... ငါတို့ မတုံ့ပြန်ရင် သူတို့ ရပ်မှာ မဟုတ်ဘူး... ပိုပြီး အင်အားကြီးတဲ့ ပုဂ္ဂိုလ်တွေပါ ဒီကို ရောက်လာနိုင်တယ်... ပန်းတစ်သောင်းဂိုဏ်း နယ်မြေက အခု အရမ်း ရှုပ်ထွေးနေတယ်... ငါတို့ရဲ့ အာဏာစက်ကို ထူထောင်တာက ဂိုဏ်းအတွက် အကျိုးရှိလိမ့်မယ်..."

ယွင်ရှီး၏ စိုးရိမ်ဟန်ကို မြင်သောအခါ... လုရီ သူမကို စိတ်ချစေသည်။

"မပူပါနဲ့... မင်း ငါ့ခွန်အားကို မယုံဘူးလား... ငါ မသေချာတဲ့ ကိစ္စမျိုးကို မလုပ်ဘူး..."

ယွင်ရှီး ညင်သာစွာ ခေါင်းညိတ်ကာ သဘောတူသည်။ သူမ လုရီကို ယုံကြည်သောကြောင့် ဖြစ်၏။

သူတို့နှစ်ဦး ဂူစံအိမ်မှ ထွက်ခွာလာကာ ဂိုဏ်းတံခါးဝဆီသို့ ပျံသန်းလာလေသည်။

လုရီနှင့် ယွင်ရှီးအပြင်... ခွန်အားကြီး ကျင့်ကြံသူများစွာ ကောင်းကင်သို့ ပျံတက်လာကြသည်။ ဂိုဏ်းသို့ အလျင်အမြန် ဦးတည်ကြတော့၏။

သူတို့ ဂူစံအိမ်မှ မဝေးသေးမီ... အဘွားဟွားက ပျံသန်းလာပြီး လုရီနှင့် ယွင်ရှီးကို မြင်တော့ သူမ၏ မျက်နှာထား စိုးစဉ်းမျှ ပြောင်းလဲသွား၏။

"လူငယ်လေး... ဘာလို့ ထွက်လာတာလဲ... ဒီကိစ္စ ငါတို့ကို ကိုင်တွယ်ခွင့် ပေးပါ... ယွင်ရှီး... မင်းလည်း ပြန်သွား..." အဘွားဟွား၏ မျက်နှာက တည်တံ့နေ၏။

လုရီက ပြုံးကာ ပြောဆိုလိုက်သည်။

"အဘွား... ယွင်ရှီးက မူလယန် ဂိုဏ်းအကြောင်း ကျွန်တော့်ကို ပြောပြပြီးပြီ... ယွင်ရှီးက

ကျွန်တော့်လူပါ... မူလယန်ဂိုဏ်းက သူ့ကို ပစ်မှတ်ထားနေချိန်မှာ ကျွန်တော် ဒီအတိုင်း ကြည့်နေလို့ မရဘူး... ဒါ့အပြင် ပန်းတစ်သောင်းဂိုဏ်းက အခု ဂိုဏ်းအာဏာစက် ထူထောင်ဖို့ လိုအပ်နေပြီ..."

ယွင်ရှီး ဘေးကနေ ထောက်ခံပေးပြီး လုရီ၏ ယုံကြည်ချက်ကို မြင်တော့... အဘွားဟွားတွန့်ဆုတ်စွာဖြင့် သဘောတူလိုက်ရတော့၏။

အဖွဲ့သားများ အလျင်အမြန် တံခါးဝသို့ ပျံသန်းလာကြသည်။

တံခါးဝအပြင်ဘက်တွင်... အနက်ရောင်နှင့် ရွှေရောင်အနားသတ် မှော်ဝတ်ရုံများ ဝတ်ဆင်ထားသော ခွန်အားကြီး ပုဂ္ဂိုလ်များ တန်းစီ၍ ကောင်းကင်တွင် ရပ်၍ စောင့်နေကြသည်။

သူတို့သည် တောက်လောင်နေသော မီးဖိုများနှယ်... ။

သူတို့၏ တည်ရှိမှုသည် အလွန်အမင်း အားကောင်းလှချေသည်။

All Chapters