အခန်း (၃၂၂-၃၂၄)
Vol. 22 Ch. 322-324
အခန်း ၃၂၂- အာဏာစက် ထူထောင်ခြင်း...
~ရှေ့ဆုံးမှာ လူနှစ်ဦး ရပ်နေသည်။ တစ်ဦးက ခါးကိုင်းနေသော အဘိုးအိုတစ်ဦး။ သူ့လက်များကို အေးဆေးသော အမူအရာဖြင့် နောက်ပစ်ထားသည်။ ရိုးစင်းသော လယ်သမားတစ်ဦးနှင့် တူ၏။
နောက်တစ်ဦးက ရုပ်ရည် ချောမောသော လူငယ်တစ်ဦး။
လုရီ အကဲခတ်ကြည့်လိုက်သည်။ လယ်သမားနှင့်တူသော အဖိုးအိုတွင် သိသာထင်ရှားသော အရှိန်အဝါ မရှိသော်လည်း... သူ့ခွန်အား အလွန်အမင်း ကြီးမားသည်။ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် ဖြစ်၏။ လူငယ်မှာလည်း ခွန်အား ကြီးမားကာ ဟင်းလင်းပြင်ဥမင်နယ်ပယ်မှ ပါရမီရှင်တစ်ဦးပင်။
ပန်းတစ်သောင်းဂိုဏ်း မှ မဟာအကြီးအကဲ အချို့ ဂိုဏ်းတံခါးဝမှာ မူလယန်ဂိုဏ်း အဖွဲ့နှင့် ရင်ဆိုင်နေကြသည်။ မျက်နှာထားများကခက်ထန်နေ၏။ ဂိုဏ်းအကာအကွယ် အခင်းအကျင်း နယ်နိမိတ်ပြင်ပသို့ ခြေတစ်လှမ်းမျှ မထွက်ဝံ့ကြချေ။
အကြောင်းမှာ မူလယန်ဂိုဏ်းက အလွန်အမင်း အင်အား ကြီးမားသည်။ ထိုလူငယ် တစ်ဦးတည်းပင် သူတို့အတွက် မနိုင်နိုင်လောက်အောင်ပင်။
ဆံပင်ဖြူပြီး မျက်နှာ ကြည်လင်သော အကြီးအကဲတစ်ဦးက ပြောသည်။
"မူလယန်ဂိုဏ်းက တာအိုမိတ်ဆွေတို့၊ ယွင်ရှီးက ကျုပ်တို့ ပန်းတစ်သောင်းဂိုဏ်းရဲ့ အနာဂတ် ဂိုဏ်းချုပ်ပါ၊ သူ့ကို လက်ထပ်ပေးလို့ မရတာ ခွင့်လွှတ်ပါ"
ထိုအခါ လက်နှစ်ဖက် နောက်ပစ်ကာ မားမားမတ်မတ် ရပ်နေသည့် လူငယ်က မာနကြီးစွာ ပြောသည်။
"သေးနုပ်တဲ့ ပန်းတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်ရတာ ဘာကောင်းလဲ၊ ငါ့နောက် လိုက်တာ
မကောင်းဘူးလား"
သူ၏ အကြည့်က ပန်းတစ်သောင်းဂိုဏ်းကို
ခြုံလွှမ်းသည်။ မျက်လုံးများ အေးစက်နေ၏။
"ဒီနေ့ အင်မော်တယ် ယွင်ရှီးကို ငါ
တွေ့ကို တွေ့ရမယ်။ မဟုတ်ရင် ငါ အတင်း ဝင်လာတာကို အပြစ်မတင်နဲ့။"
ဒီစကားကို ကြားလျှင်ကြားချင်းပန်းတစ်သောင်းဂိုဏ်း က မဟာအကြီးအကဲများ၏ မျက်နှာတွေ ပြောင်းလဲသွားသည်။ လုံးဝ မနှစ်မြို့စရာပင်။
ဂိုဏ်းတစ်ခုထဲကို အဓမ္မ ဝင်ရောက်ခြင်းက အလွန်အမင်း မလေးမစား ပြုခြင်း ဖြစ်ချေသည်။ သစ္စာဖောက်ရန် ရန်သူများ ဖြစ်စေလောက်၏။
သိသာသည်မှာ မူလယန်ဂိုဏ်း က
ပန်းတစ်သောင်းဂိုဏ်း ကို အလေး မထားခြင်းပင်။
သူတို့ အချင်းချင်း ကြည့်လိုက်ကြသည်။ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကို အပြည့်အဝ အသက်သွင်းရတော့မည် လာ။
ထိုစဉ်... အဘွားဟွား၊ ယွင်ရှီးနှင့် လုရီ ပျံသန်းလာကြသည်။
"ဂိုဏ်းချုပ်..."
မဟာအကြီးအကဲ များက ထိုသုံးဦးကို မြင်တော့ သူတို့ မျက်လုံးများ အရောင်လက်သွားသည်။ ထို့နောက် လုရီကို အံ့ဩစွာ ကြည့်လိုက်၏။
လုရီပါ ထွက်လာလိမ့်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြချေ။
လော့ထျန်းယန်နှင့် အခြားသူများလည်း ထိုသုံးဦးကို သတိပြုမိကြသည်။ လော့ထျန်းယန် ယွင်ရှီးကို မြင်တော့ သူ့မျက်လုံးများ တောက်ပလာပြီး တဟားဟား ရယ်မောလိုက်သည်။
"ကောလာဟလတွေက တကယ်မှန်တာပဲ။
ပန်းတစ်သောင်းဂိုဏ်း က အင်မော်တယ် ယွင်ရှီး က တကယ့်ကို တိုင်းပြည်ရဲ့ အလှဆုံး၊ ပန်းတစ်သောင်းဝိဉာဉ်ခန္ဓာ နဲ့ဆိုတော့ တကယ်ပဲ ပြိုင်ဘက်ကင်း အလှပိုင်ရှင်ပဲ။"
သို့သော် လော့ထျန်းယန်၏ မျက်နှာထား မကြာမီ ခက်ထန်သွားသည်။ ယွင်ရှီးက လုရီ၏ လက်ကို ဆုပ်ကိုင်ထားသည်ကို သူ သတိပြုမိသောကြောင့် ဖြစ်၏။
လော့ထျန်ယန် သူ့မျက်လုံးများ အေးစက်သွား၍
လုရီကို စူးစူးဝါးဝါးကြည့်လိုက်၏။
"မင်းက ဘယ်သူလဲ ဖြေစမ်း"
လုရီက ရိသဲ့သဲ့ ပြုံးသည်။ ရှေ့သို့ တက်လှမ်းသည်။ ပန်းတစ်သောင်းဂိုဏ်း တံခါးဝမှ ထွက်ခွာကာ လေထဲတွင် လွင့်မျောကာ ရန်သူနှင့် ရင်ဆိုင်လိုက်သည်။
မူလယန်ဂိုဏ်းမှ လူများ လန့်သွားကြသည်။
လုရီ သူတို့ရှေ့ မားမားမတ်မတ် ထွက်ရဲလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ကြ။
လုရီက မခိုးမခန့် ရယ်သည်။
"ငါက မင်းတို့ကို သတ်မယ့်သူ"
သည်စကားကို ကြားသည်နှင့် မူလယန်ဂိုဏ်း အဖွဲ့ဝင်တွေ၏ မျက်နှာတွေ ထူးဆန်းသွား၏။
နတ်ဘုရားအသွင်ပြောင်းနယ်ပယ် က ကျင့်ကြံသူတစ်ဦးက သူတို့ကို သတ်ချင်တာလား။
သို့သော် သူတို့ စကားမပြောနိုင်မီ... လုရီ၏ ပတ်ပတ်လည်၌ ဝိဉာဉ်စွမ်းအင်များ သိပ်သည်းစွာ ဝန်းရံလာ၏။
ကောင်းကင်အခင်းအကျင်းမြေပုံက ကောင်းကင်သို့ မြင့်တက်သွားကာ မိုင်ရာနှင့်ချီသော ပတ်ဝန်းကျင်ကို လွှမ်းခြုံ၏။ ကောင်းကင်ပြာပြာမှာ အခင်းအကျင်းပုံစံ များ ရေတွက်
မရအောင် တဖျပ်ဖျပ် လင်းလက်နေသည်။ ကြောက်မက်ဖွယ်ကောင်းသော အင်အားတစ်ခုက မူလယန်ဂိုဏ်း အဖွဲ့ဝင်အားလုံးကို ဖိအားပေးဒ၏။
ကောင်းကင်ရှိ ပုံစံများကို မြင်သောအခါ... မူလယန်ဂိုဏ်း အဖွဲ့ဝင်များ တစ်စုံတစ်ရာကို သတိရသွားသည်။ လုရီကို အံ့ဩစွာ ကြည့်၏။
လယ်သမားနှင့်တူသော အဖိုးအို၏ မူလက ကြည်လင်မှုမရှိသော မျက်လုံးများတွင် ရွှေရောင်အလင်း ဖျတ်ခနဲ လင်းလက်သွားသည်။
သူ လုရီကို စူးစိုက်ကြည့်ကာ အကဲခတ်သည်။
"ကောင်းကင်အခင်းအကျင်း လေထဲမှာ ဖွဲ့တည်နေတယ်... မင်းက လုရီလား"
ထိုအခါ လုရီ ပြုံးလ်ိုက်သည်။ "မှန်တယ်။ ကျုပ်ပဲ။"
ထို ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် ချက်ချင်း ဝမ်းသာအားရ ဖြစ်သွားသည်။
"ဟားဟားဟား၊ အားမစိုက်ရဘဲ ဘာလို့ ဒီလောက် ကောင်းတာလဲ! လုရီ၊ မင်း ..တိမ်ဖြူဂိုဏ်း ရဲ့ ကာကွယ်မှုနယ်နိမိတ်ကနေ ထွက်လာဝံ့မယ် မထင်ထားခဲ့ဘူး! ဒီနေ့ အင်မော်တယ်ကျမ်း က ငါ့အပိုင်ဖြစ်ရမယ်"
သူ ရှေ့တစ်လှမ်း တိုးသည်။ သူ့ကိုယ်ခန္ဓာမှ ရွှေရောင်မီးလျှံများ တောက်လောင်လာသည်။ နေရာလပ်များ လိမ်ကွေး၊ အက်ကွဲကုန်၏။
မူလယန်မီးလျှံ ၏ အပူဒဏ်ကို မခံနိုင်တော့ချေ။
လော့ထျန်းယန်နှင့် အခြား ခွန်အားကြီးသူ များလည်း အံ့ဩတုန်လှုပ်ဟန် ပြကြသည်။
ဘေးက လော့ထျန်ယန်က ရယ်တော့သည်။
"ဒီလောက် ငါးကြီးတစ်ကောင် ဖမ်းမိမယ် မထင်ထားခဲ့ဘူး! ဟားဟားဟား!"
ထိုနှစ်ဦး၏ နောက်တွင်... ကျင့်ကြံသူများအားလုံး ဟင်းလင်းပြင်ဥမင်နယ်ပယ် မှ ဖြစ်ကြသည်။ သူတို့၏ မျက်လုံးများ မီးတောက်များဖြင့် လင်းလက်နေ၏။ တဖြည်းဖြည်း ပြန့်ထွက်ကာ လုရီကို ဝိုင်းထားသည်။
သူတို့သာမက... အဝေးမှာ... ကျင့်ကြံသူများစွာ အရိပ်ထဲ ပုန်းနေကြသည်။ ပန်းတစ်သောင်းဂိုဏ်း မှ လှုပ်ရှားမှုက ကြီးမားလွန်းသည်။ လူတိုင်းကို လန့်သွားစေသည်။
ပန်းတစ်သောင်းဂိုဏ်း မှာ ဘာတွေဖြစ်နေတာလဲဆိုတာ စစ်ဆေးဖို့ ရည်ရွယ်ချက် ရှိကြ၏။
လုရီ ပန်းတစ်သောင်းဂိုဏ်း မှာ ပေါ်လာလိမ့်မည်ဟု သူတို့ လုံးဝ မတွက်ဆထားခဲ့ကြပေ။
ခဏတာမျှ ကျင့်ကြံသူတိုင်း အံ့ဩနေကြ၏။
"လုရီပဲ! သူ့ပုံတူကို မြင်ဖူးတယ်။ တကယ် သူပဲ! သူ ဘယ်လိုလုပ် ရဲတင်းရတာလဲ!"
"ဟုတ်တယ်။ အင်မော်တယ်ကျမ်း ပိုင်ဆိုင်တဲ့
လုရီက တိမ်ဖြူဂိုဏ်း ရဲ့ ကာကွယ်မှုကနေ ဘယ်လို ထွက်ဝံ့တာလဲ? တိမ်ဖြူဂိုဏ်းက ပုန်းနေတဲ့ ကပ်ဘေး ဖြတ်ကျော်ကျင့်ကြံသူ တွေ မရှိရင်... လူအများကြီး သူ့ကို တိုက်ခိုက်ကြမှာပဲ"
"မြန်မြန်... ငါတို့ ဂိုဏ်းက မဟာအင်အားကြီးပုဂ္ဂိုလ် တွေကို အကြောင်းကြား! လုရီ ပေါ်လာပြီ!"
"မူလယန်ဂိုဏ်း က တုံမီရှင်း ဒီမှာ ရှိတယ်။ မူလယန်ဂိုဏ်း က အင်မော်တယ်ကျမ်း ရရင်.. အကြီးအကျယ် တိုးတက်လာနိုင်တယ်။"
"ဒီလို သေချာပေါက် မဖြစ်ဘူး။ အရင်က လုရီ ချင်းကျိုး ရဲ့ သွေးဝိဉာဉ်ဂိုဏ်း ကို ဖျက်ဆီးခဲ့တယ်လို့ ကြားတယ်။ သူ့ လှုပ်ရှားမှုက ပေါင်းစည်းခြင်း နယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လောက် မသေးဘူး။ သူ တုံမီရှင်းကို မရှုံးနိုင်ဘူး!"
"ဘယ်လို တူနိုင်မလဲ? အဲ့ဒီတုန်းက ဘာတွေ ဖြစ်ခဲ့လဲ ဘယ်သူသိလဲ? လုရီက ထူးကဲတဲ့ ပါရမီရှင်၊ အင်မော်တယ် အရည်အချင်းရှိတယ်ဆိုတာ ငါ ဝန်ခံတယ်။ ဒါပေမဲ့ အခြေတည်ဝိဉာဉ်လေးနဲ့ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် ရဲ့ ဖျက်ဆီးနိုင်စွမ်း ရှိတယ်ဆိုတာတော့ ငါ မယုံဘူး။"
"ဒါပေမဲ့ အခု လုရီ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို အဆင့်တက်သွားပြီလေ"
ဤအချက်က ကျင့်ကြံသူများစွာကို တိတ်ဆိတ်စေခဲ့၏။
သူတို့ လုရီကို မမှိတ်မသုန် ကြည့်ရင်း အံ့ဩနေကြ၏။ လုရီ နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကို အဆင့်ချိုးဖြတ်ပြီးပြီ။ သူ့ခွန်အား ဘယ်လောက် အားကောင်းလဲ မည်သူမျှ မသိသေးပါ။
ထိုအချိန်မှာ ကျင့်ကြံသူတိုင်း လုရီကို အာရုံစူးစိုက်၍ အံ့ဩမှုများ ပြည့်နှက်နေ၏။ သူ၏ လက်ရှိ တိုက်ခိုက်နိုင်စွမ်းကို သိလိုကြသည်။
လုရီကမူ မူလယန်ဂိုဏ်း အဖွဲ့ဝင်တွေ၏ ရည်ရွယ်ချက်တွေကို သဘာဝအတိုင်း သိနေသည်။
သူက အေးစက်စွာ ရယ်လေသည်။
"မင်းတို့ ငါ့ကို အကြပ်ရိုက်အောင် လုပ်နိုင်ပြီလို့ ထင်သလား"
အခန်း ၃၂၃ - အာဏာစက် ထူထောင်ခြင်း...
~သူ့စိတ်ထဲမှာ ကြုံးဝါးလိုက်သည်။
"မူလယန်ဂိုဏ်း က ခွန်အားကြီးသူတွေကို သတ်ပစ်မယ်။"
[အလုပ်]
မူလယန်ဂိုဏ်း မှ ခွန်အားကြီးများကို သတ်ပါ။
ဆုလာဘ်: ပေါင်းစည်းခြင်း နယ်ပယ် ဝိဉာဉ်ဝိုင် ချက်နည်း "မူလယန်ဝိုင်"၊ မူလယန်သီး *၅ လုံး၊ ယွမ်ယင်သီး *၅ လုံး၊ အဆင့်မြင့် ဝိဉာဉ်ပစ္စည်း
ဝိဉာဉ်နှိမ်နင်း စည်းတံဆိပ်
အလုပ်ကို လက်ခံပါ: လက်ခံမည်လား/ငြင်းမည်လား။
လုရီ နှလုံးခုန် သွားသည်။
... ဒီအလုပ်ရဲ့ ဆုလာဘ်တွေက တော်တော်များတယ်။...
ဒါ ပေါင်းစည်းခြင်း နယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် နဲ့ ပတ်သက်တဲ့ တာဝန် တစ်ခုပဲ။ ...
သူ့ အနေနှင့် ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ်နှင့် တရားဝင် ရင်ဆိုင်ရတာ ဒါ ပထမဆုံးအကြိမ်ပင်။
သူ တိတ်တဆိတ် အလုပ်ကို လက်ခံလိုက်သည်။
နောက်တစ်ခဏ... လုရီ ကိုယ်ပေါ် ဝိဉာဉ်စွမ်းအင် များ စီးဆင်းလာသည်။ ကောင်းကင်ရှိ အခင်းအကျင်းပုံစံ များ အပိုင်းလိုက် လင်းလက်လာသည်။ ကောင်းကင်တစ်ခုလုံးကို လွှမ်းခြုံလုနီးပါးပင်။
နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ တက်လှမ်းလာပြီးနောက်... လုရီ၏ ဝိဉာဉ်စွမ်းအင်က ပိုမို အားကောင်းလာသည်။ သူ၏ အခင်းအကျင်းတာအို ကျွမ်းကျင်မှု တိုးတက်လာခြင်းနှင့်အတူ... ကောင်းကင်အခင်းအကျင်းမြေပုံ ကို ထိန်းချုပ်နိုင်စွမ်းမှာ ယခင်ကထက် များစွာ သာလွန်နေချေပြီ။
မျက်စိတစ်မှိတ်အတွင်း... ကောင်းကင်အခင်းအကျင်းပုံစံ များ၏ တစ်ဝက်ကျော် လင်းလက်သွားသည်။
"ဝေါင်း!!"
ကျားဖြူ၏။ ဟိန်းသံ ကောင်းကင်နှင့် မြေပြင်
တခွင်.. ပဲ့တင်ထပ်သွားသည်။ ပေါင်းစည်းခြင်းနယ်ပယ် ၏ ကြောက်မက်ဖွယ် ဝိဉာဉ်ဖိအား သည် တောမီးကဲ့သို့ ထွက်ပေါ်လာပြီး အရပ်မျက်နှာ အားလုံးသို့ ပြန့်နှံ့သွား၏။
အခင်းအကျင်းကြီး အောက်တွင် ဧရာမ ကျားဖြူကြီး၏ ရုပ်သွင်ယောင် အသက်ဝင်လာသည်။ ၎င်း၏ ပြင်းထန်သော ဖိနှိပ်မှုကြောင့် အောက်ရှိ မြေပြင်များ ပြိုကျကုန်၏။
ခဏတာမျှ ကမ္ဘာတစ်ခုလုံး ချက်ချင်း တိတ်ဆိတ်သွားသည်။
မူလယန်ဂိုဏ်း မှ လူများ၊ ပန်းတစ်သောင်းဂိုဏ်း မှ လူများ သို့မဟုတ် အဝေးမှ စောင့်ကြည့်နေသော ကျင့်ကြံသူများ ဖြစ်စေ... သူတို့အားလုံး ကောင်းကင်တွင် စုစည်းလာသော ကျားဖြူ၏
ရုပ်သွင်ယောင်ကို အံ့ဩတုန်လှုပ်စွာ စိုက်ကြည့်နေကြ၏။
"ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်း!"
မူလယန်ဂိုဏ်း ၏ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် တုံမီရှင်းသည်
ကျားဖြူ ပုံရိပ်ကြီးကို မြင်တော့ မျက်လုံးများ
မယုံကြည်နိုင်စွာ ပြူးကျယ်သွား၏။
"ပေါင်းစည်းခြင်း နယ်ပယ် သတ်ဖြတ်ရေးအခင်းအကျင်း?! ဘယ်လို ဖြစ်နိုင်မှာလဲ? သူက နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ပဲ ရှိသေးတာ!" လော့ထျန်းယန်လည်း အံ့ဩစွာ အော်ဟစ်သည်။ သူ မြင်နေရသည့် မြင်ကွင်းကို မယုံကြည်နိုင် ဖြစ်နေ၏။
မူလယန်ဂိုဏ်း၏ ရွေးချယ်ခံတစ်ဦးအနေဖြင့်... လော့ထျန်းယန်က ခွန်အားကြီးမားပြီး ကျင့်ကြံနှုန်း မြန်ဆန်သူ ဖြစ်သည်။ သူသည် ယခု အရွယ်လေးနှင့် ဟင်းလင်းပြင်ဥမင်နယ်ပယ် တွင် ခွန်အားကြီး ကျင့်ကြံသူတစ်ဦး ဖြစ်နှင့်နေပြီ။ မူလယန်ဂိုဏ်း ၏ အနာဂတ် ဂိုဏ်းချုပ် ဖြစ်ထိုက်သူပင်။
ဒီလို အခြေအနေမျိုးမှာတောင် လော့ထျန်းယန်က ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် အား ရင်ဆိုင်ဖို့ ခက်ခဲနေသေးသည်။
သို့ရာတွင် အခု သူ ဘာတွေ မြင်နေရတာလဲ?
လုရီ... သူက နတ်ဘုရားအသွင်ပြောင်းနယ်ပယ် သာ ရှိသေးသည်။..ပေါင်းစည်းခြင်းနယ်ပယ် သတ်ဖြတ်ရေး အခင်းအကျင်းကို ဖန်တီးနိုင်တာလား။
လော့ထျန်းယန်၏ ဆုံးဖြတ်ချက် ပျက်စီးသွားသည်။
ပန်းတစ်သောင်းဂိုဏ်း မှ ကျင့်ကြံသူများလည်း အလားတူ ထိတ်လန့်နေကြ၏။
အဘွားဟွားနှင့် မဟာအကြီးအကဲ အချို့ လုရီကို မမှတ်မသုန် ကြည့်နေကြလေသည်။
လွန်ခဲ့သည့် ရက်အနည်းငယ်က လုရီအခင်းအကျင်း တည်ဆောက်ခဲ့သည့် မြင်ကွင်းကို ပြန်လည် သတိရမိကြ၏။
"တာအိုမိတ်ဆွေလေး လုက တကယ်ပဲ စစ်မှန်တဲ့ အင်မော်တယ် ပြန်ဝင်စားသလိုပဲ!" ဟု မဟာအကြီးအကဲ တစ်ဦးက ကြွေးကြော်လိုက်၏။
နောက်ထပ် မဟာအကြီးအကဲ တစ်ဦးက လည်း ခေါင်းညိတ်ကာ ထောက်ခံလေသည်။
"အင်း....ငါတို့ယွင်ရှီးက ကောင်းမွန်တဲ့ ကံကြမ္မာကို ရှာတွေ့ခဲ့ပြီ"
ပန်းတစ်သောင်းဂိုဏ်း မှ တပည့်များ မျက်လုံးများ ပြူးကျယ်စွာဖြင့် ကျားဖြူနှင့်အတူ ရှိနေသော လုရီကို ငေးကြည့်နေကြသည်။ သူတို့ မျက်လုံးများတွင် အံ့ဩမှုနှင့် ကြောက်ရွံ့မှုများ ပြည့်နှက်နေ၏။
ယွင်ရှီး တစ်ဦးတည်းသာ တည်ငြိမ်နေသည်။
အဘယ်ကြောင့်ဆိုသော် သွေးဝိဉာဉ်ဂိုဏ်း မှ အဖြစ်အပျက်တုန်းက လုရီသည် ကျားဖြူ သတ်ဖြတ်ရေးအခင်းအကျင်း ကို သုံးခဲ့ပြီး ဖြစ်သည်။ ထိုအချိန်က သူက နုနယ်သော အခြေတည် ဝိဉာဉ်နယ်ပယ် တွင်သာ ရှိသေးသည်။ အခု နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကိုချိုးဖြတ်သွားပြီ ဖြစ်ရာ... ပို၍ ပြောစရာ မလိုတော့ပေ။
လုရီ အတွေးတစ်ချက် ဖော်ထုတ်လိုက်သည်နှင့်... ကျားဖြူကြီးက ဝေါင်းခနဲ
မြည်ဟိန်းလာသည်။ အလင်းတန်းတစ်ခုအသွင် ပြောင်းလဲကာ မူလယန်ဂိုဏ်း မှ တုံမီရှင်းထံသို့ အရှိန်အဟုန်ဖြင့် တိုးဝင်၏။
တုံမီရှင်း သူ့ထံ လာရောက်သည့် ပြင်းထန်မှုကို ခံစားရသည်။ အသံနိမ့်နိမ့်ဖြင့် ဟစ်အော်သည်။ ရွှေရောင် ဓားရှည်တစ်ချောင်းကို ထွေးထုတ်ကာ ကျားဖြူအား ခုခံလိုက်ရသည်။
မိုးခြိမ်းသလို ကျယ်လောင်သော မြည်ဟည်းသံများ ကောင်းကင်နှင့် မြေပြင်ကို ပဲ့တင်ထပ်သွားသည်။ မိုင်တစ်ရာ ပတ်လည် ဧရိယာကို
နတ်ဘုရားအလင်းဖြင့် ဖုံးအုပ်ထားသည်။ ကြောက်မက်ဖွယ် ကောင်းသော နောက်ဆက်တွဲ သက်ရောက်မှုများ လှုပ်ရှားနေ၏။ ပန်း
တစ်သောင်းဂိုဏ်း ပြင်ပရှိ တောင်တန်းတစ်ခု ချက်ချင်းဆိုသလို မြေပြင်နှင့် ညီမျှစွာ ပြားချပ်သွားသည်။
ကျားဖြူ ပုံရိပ်ယောင်မှာ အလွန်အမင်း အစွမ်းထက်သည်။ ယခင်က သွေးဝိဉာဉ်ဂိုဏ်း မှ ဘိုးဘေးနှင့် ရင်ဆိုင်ရချိန်တွင် သူ၏ အခင်းအကျင်း ပျက်စီးခဲ့ရသော်လည်း...
သွေးဝိဉာဉ်ဂိုဏ်း ဘိုးဘေးသည် ရာရှိုမွန်မျိုးနွယ် ၏ အရေးပါသော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သောကြောင့် အလွန် ထူးခြားသည်။
သူ၏ တိုက်ခိုက်ရေးစွမ်းရည်မှာ တုံမီရှင်းထက်ပင် သာလွန်၏။
ယခုဆိုလျှင် ကျားဖြူ ပုံရိပ်ယောင်က တုံမီရှင်းနှင့် အပြန်အလှန် တိုက်ခိုက်နေပြီး အနည်းငယ် ဖိနှိပ်မှုပင် ပေးစွမ်းနိုင်နေသည်။
လုရီ တိုက်ပွဲကို စစ်ဆေးလိုက်သည်။ ထို့နောက် အာရုံစိုက်မှု ရပ်လိုက်သည်။ ခေါင်းလှည့်ကာ လော့ထျန်းယန်နှင့် အခြားသူများဘက်သို့ ကြည့်သည်။ သူ့မျက်လုံးများတွင် သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေ၏။
ထိုအခါမှ လော့ထျန်းယန် လန့်သွား၍ သတိ ပြန်ဝင်လာကာ လုရီကို မကျေမချမ်း ကြည့်သည်။
"လုရီ! မင်း ကောင်းကင်အခင်းအကျင်းမြေပုံ ကို သုံးလိုက်ပြီ။ အခု မင်းမှာ တခြား နည်းစနစ်တွေ မကျန်တော့ဘူး မဟုတ်လား? ဒီနေ့ မင်းကို ငါ ကိုယ်တိုင် နှိမ်နင်းမယ်"
ပြောပြောဆိုဆိုပင် လော့ထျန်းယန်၏ ကိုယ်ကို ဝိဉာဉ်စွမ်းအင်များ တရှိန်ထိုး မြင့်တက်လာ၏။ ရွှေရောင်ဓား ဆယ့်နှစ်ချောင်း သူ့ပတ်ဝန်းကျင်၌ ပေါ်လာသည်။ တစ်ချောင်းစီက ပြိုင်ဘက်ကင်း ပြတ်သားသော အရှိန်အဝါ ထွက်ပေါ်နေ၏။
သူက ဟစ်အော်လိုက်သည်။
"သေစမ်း"
ဓားများအားလုံး ရွှေရောင် အလင်းတန်းများအဖြစ် ပြောင်းလဲကာ လုရီထံ ပစ်ဝင်သွားသည်။
လုရီ၏ မျက်နှာထား တည်ငြိမ်နေဆဲပင်။ သူ့ပတ်ဝန်းကျင်တွင် ဓားတာအိုနယ်ပယ် ပြန့်ကားလာသည်။
သုံးဆယ်ရာခိုင်နှုန်း ကျော်သော
ဓားတာအိုနယ်ပယ်က မည်မျှလောက် အစွမ်းထက်လိုက်ပါသလဲ။
ဓားများအားလုံး လုရီ၏ ဓားတာအိုနယ်ပယ် ထဲသို့ ဝင်သည်နှင့် ချက်ချင်း လေထဲတွင် တိခနဲ ရပ်သွားသည်။ မလှုပ်ရှားနိုင်တော့ချေ။
လုရီကမူ ဥယျာဉ်ထဲ လမ်းလျှောက်နေသလို ပေါ့ပေါ့ပါးပါးပင် လေဟာနယ်ထဲ တစ်လှမ်းလှမ်းသည်။ နေရာလပ်ကို ဖြတ်သန်းသည်။
လော့ထျန်းယန်ဘေးသို့ ရောက်လာ၏။
ရွှေရောင် ဓားအလင်း ပြိုးပြိုးပြက်ပြက် လင်း၍ ကောင်းကင်နှင့် မြေပြင်ကို ခွဲခြမ်းလိုက်သော နတ်ဘုရား အလင်းကဲ့သို့ပင်... ပြိုင်ဘက်ကင်း
ထက်ရှ သော ဓားစိတ်ဆန္ဒနှင့်အတူ...
လော့ထျန်းယန်ထံသို့ ခုတ်ချလိုက်သည်။
ဓားအလင်း ဖြတ်သန်းသွားသော နေရာတိုင်းတွင် လေဟာနယ် စက္ကူကဲ့သို့ စုတ်ပြဲသွားသည်။ နောက်တွင် အနက်ရောင် အက်ကြောင်းများ ပေါ်လာသည်။ ကောင်းကင်နှင့် မြေကြီး နှစ်ခြမ်းကွဲသွားသလိုပင်။ ၎င်းဖြတ်သန်းသွားသော မြေပြင်ပေါ်တွင် ဓားရာများ ကန့်လန့်ဖြတ် ကျန်ရစ်သည်။
ထိုမြင်ကွင်းအား မျက်မြင် တွေ့ရသောအခါ လော့ထျန်းယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွား၏။ ထိုကဲ့သို့သော ဓားအလင်းကို ရင်ဆိုင်ရသောအခါ သူ့မျက်လုံးများ ထိတ်လန့်မှုများဖြင့် ပြည့်နေသည်။
သူ အဆက်မပြတ် အော်ဟစ်သည်။ ကျင့်ကြံမှုရတနာ တစ်ခုပြီးတစ်ခု အားအပြည့် ထုတ်ဖော်သည်။ သူ၏ အစွမ်းအထက်ဆုံး သိုင်းများကို သုံးသည်။
"မူလယန် မဟာနည်းလမ်း! မူလယန်တံဆိပ်! မဟာတောရိုင်းလက်သီး!"
လော့ထျန်းယန် သိုင်းကွက်များ စိတ်ပျက်အားငယ်စွာ ထုတ်ဖော်ကာ ဓားအလင်းကို အသည်းအသန် ခုခံနေရသည်။
သို့သော် အချည်းနှီးပင်။ ဓားအလင်းက အလွန် ထက်ရှ၍ သူ ကိုင်စွဲသည့် လက်နက်တိုင်းကို ခုတ်ထစ်သည်။
သူ့သိုင်းများအားလုံးကို ငြိမ်းသတ်သည်။ ဓားအလင်းက လော့ထျန်းယန်၏ ကိုယ်ထဲသို့ ထိုးဖောက်ဝင်ရောက်သွား၏။
ဓားစိတ်ဆန္ဒ ထွက်ပေါ်လာပြီး လော့ထျန်ယန်ကို သွေးမှုန်များအဖြစ် ချက်ချင်း ပြောင်းလဲသွားစေသည်။ သူ့ အခြေတည် ဝိဉာဉ် ပင် အပိုင်းပိုင်း ပျက်သုဉ်းသွား၏။
လုရီအတွက် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် သို့ ရောက်ရှိပြီး ဓားတာအိုနယ်ပယ် ၏ သုံးဆယ်ရာခိုင်နှုန်းကျော် ပိုင်ဆိုင်ထားခြင်းကြောင့်... ဟင်းလင်းပြင်ဥမင်နယ်ပယ် ပါရမီရှင်တစ်ဦးကို သတ်ဖြတ်ခြင်းမှာ ရေသောက်သလို လွယ်ကူနေပြီ။
"ထျန်းယန်"
မချိတင်ကဲ အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။ ကောင်းကင်ရှိ တုံမီရှင်းသည်
လော့ထျန်းယန် အလွန်လွယ်ကူစွာ အသတ်ခံရသည်ကို သတိပြုမိတော့... ဒေါသနှင့် ရှက်ရွံ့မှုများဖြင့် မျက်လုံးများ ပြူးကျယ်သွား၏။
လော့ထျန်းယန်သည် မူလယန်ဂိုဏ်း ၏ အနာဂတ် အမွေဆက်ခံသူ ဖြစ်သည်။
ယခု..သူ့ကာကွယ်မှုအောက်မှာ အသတ်ခံလိုက်ရပြီ။
ဒေါသထွက်နေသော တုံမီရှင်းက ကြိမ်းမောင်းတော့သည်။
"လုရီ! မင်း ငါတို့ မူလယန်ဂိုဏ်း ရဲ့ အမွေဆက်ခံသူကို သတ်လိုက်ပြီ။ မင်း သေသည်အထိ ငါတို့ အနားယူမှာ မဟုတ်ဘူး"
သူ ဒေါသတကြီး ဓားကို ဝှေ့ယမ်းလိုက်သည်။ ဆယ်ကီလိုမီတာ အရှည် ရှိသော ရွှေရောင်ဓားအလင်းကြီး ကောင်းကင်ကို ရစ်သိုင်းလာသည်။
သို့သော် လုရီကမူ နေရာလပ်ကို ဖြတ်သန်းကာ လွယ်ကူစွာ ကိုယ်ကို ယိမ်း၍ ရှောင်တိမ်းလိုက်၏။
လုရီ တည်ငြိမ်နေသည်။ တုံမီရှင်းကို ကြည့်လိုက်၏။
ယခုအခါ တုံမီရှင်းသည် ကျားဖြူ ရုပ်သွင်ယောင် နှင့် တိုက်ခိုက်နေရသည်။ သူ့မကျေနပ်မှုကို ပြသသောအားဖြင့် လုရီကို ဓားတစ်ချက်သာ ဝှေ့ယမ်းနိုင်တော့သည်။
လုရီအတွက် ၎င်းက အားမတန်သူ၏ ဒေါသပင်။
သူ မထီမဲ့မြင် ရယ်လိုက်သည်။
"ဟက်..ပန်းတစ်သောင်းဂိုဏ်း ရဲ့ တပည့်တွေ ပျောက်သွားတာ မင်းတို့ လက်ချက် မဟုတ်လား? ပင်လယ်မျိုးနွယ် နဲ့ သေသည်အထိ တိုက်ခိုက်ဖို့ မရဲဘဲ ချင်းကျိုး မှာ အာဏာပြရဲတယ်။ အခုတော့ ငါနဲ့ သေသည်အထိ တိုက်ဖို့ သတ္တိ ရှိတယ်လား?"
အားနည်းသူကို အနိုင်ကျင့်ပြီး အားကြီးသူကို ကြောက်ရွံ့သည့် ဂိုဏ်းကို လုရီ ရှုတ်ချလိုက်သည်။ တကယ်ကို စကားမဲ့ရသည်။
သူတို့သည် သတ္တိရှိလျှင် ပင်လယ်မျိုးနွယ်နှင့် သေသည်အထိ တိုက်ခိုက်သင့်သည်လေ။
လုရီ ခေါင်းလှည့်၍ မူလယန်ဂိုဏ်း မှ အခြား ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများကို ကြည့်လိုက်၏။
ထိုကျင့်ကြံသူများ၏ ရင်ထဲ၌ ယခု အခိုက်အတန့်မှာ အကြောက်တရားကသာ ကြီးစိုးနေသည်။
လုရီ၏ ယခင် ဓားချက်က သူတို့၏ တိုက်ခိုက်လိုစိတ်ကို လုံးဝ ပျက်စီးစေခဲ့သည်။
လော့ထျန်းယန်ကို ကူညီဖို့ အခွင့်ပင် မရလိုက်မီ သူ့ကို ဓားတစ်ချက်တည်းဖြင့် အပိုင်းပိုင်း ခုတ်ထစ်သည်အား မျက်ဝါးထင်ထင် မြင်လိုက်ရသည်။
"ပြေး!" ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူတစ်ဦးက စတင် သွေးရူးသွေးတန်း အော်ဟစ်၍ ပြေးလေတော့သည်။
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူများအားလုံးပင် ကမူးရှူးထိုး ထွက်ပြေးကြ၏။
အခန်း ၃၂၄-အတွေးတစ်ချက်ဖြင့် မဟာစွမ်းအားရှင်ကို ဖျက်ဆီးခြင်း...
~"ထွက်ပြေးဖို့ စဉ်းစားနေတယ်လား။ ငါ့ကို ခွင့်တောင်းပြီးပြီလား။" လုရီ၏ သတ်ဖြတ်လိုစိတ်တို့ ဆူပွက်နေသည်။ သူသည် ရှေ့သို့ တိုးလှမ်းလိုက်ရာ ရွှေရောင်ဓားချီများက ကောင်းကင်ယံကို လျှပ်စီးပမာ မြန်ဆန်စွာ ပစ်ခွင်း၏။
ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတစ်ဦးမျှ မည်သို့မျှ လွတ်မြောက်နိုင်ဖွယ် မရှိချေ။
မျက်တောင်တစ်ခတ်အတွင်း မူလယန်ဂိုဏ်းမှ
ဟင်းလင်းပြင်ဥမင် ကျင့်ကြံသူအားလုံးသည်
အလယ်ခေါင်မှ ကိုယ် နှစ်ပိုင်းပြတ်ကာ သွေးများ ပန်းထွက်လျက် ကောင်းကင်ယံကို နီရဲစေခဲ့တော့သည်။
ထို့နောက် ဓားစိတ်ဆန္ဒက ပေါက်ကွဲထွက်သွားရာ မူလယန်ဂိုဏ်းမှ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတို့၏ ကိုယ်ခန္ဓာများသည် ဓားစိတ်ဆန္ဒနှင့်အတူ သွေးမြူမှုန်အဖြစ်သို့ ပြောင်းလဲကာ ကောင်းကင်နှင့်မြေကြီးအကြားတွင် ပျောက်ကွယ်သွားလေတော့၏။
ဤအချိန်တွင် ပန်းတစ်သောင်းဂိုဏ်းသို့ ရောက်ရှိလာခဲ့သော မူလယန်ဂိုဏ်းမှ ကျင့်ကြံသူအားလုံးထဲတွင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် စွမ်းအားရှင်တစ်ဦးသာ အသက်ရှင်ကျန်ရစ်ခဲ့ပြီး ကျန်သူအားလုံးကို လုရီက သုတ်သင်ရှင်းလင်းခဲ့ပြီးသွားသည်။
ကောင်းကင်ထက်ဝယ် တုံမိီရှင်းသည် ကျားဖြူပုံရိပ်နှင့် ဆက်လက် ပိတ်ခံထားရဆဲ ဖြစ်၏။
လုရီက မူလယန်ဂိုဏ်းမှ ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူအားလုံးကို သတ်ဖြတ်သည်ကို မြင်လိုက်ရသောအခါ သူသည် ပြောမပြနိုင်အောင် ဒေါသထွက်ကာ အကြိမ်ကြိမ် ဟိန်းဟောက်နေမိတော့သည်။
သို့သော် သူသည် လုရီနှင့် ထိပ်တိုက်ရင်ဆိုင်ရန် ကျားဖြူပုံရိပ်၏ ဖမ်းဆုပ်မှုမှ ရုန်းမထွက်နိုင်ဘဲ ဒေါသတကြီး ဟိန်းဟောက်နေရုံသာ တတ်နိုင်ခဲ့တော့၏။
"လုရီ! မင်း ငါ့မူလယန်ဂိုဏ်းရဲ့ဟင်းလင်းပြင်ဥမင် နယ်ပယ် ကျင့်ကြံသူ အများကြီးကို သတ်ခဲ့တယ်။ ငါတို့ ဒီကိစ္စကို ဘယ်တော့မှ အလွတ်ပေးမှာ မဟုတ်ဘူး!"
ထိုအခါ လုရီ၏ မျက်နှာသည် တည်ငြိမ်နေဆဲ ဖြစ်ပြီး ပြုံးလျက် ပြောလိုက်၏။
"ခင်ဗျား အသက်ရှင်လျက် ထွက်သွားနိုင်မယ်လို့ မထင်နဲ့။"
ဤစကားကို ကြားလိုက်ရသောအခါ တုံမိီရှင်းသည် တုန်လှုပ်သွားပြီးနောက် ဒေါသပြင်းစွာ
ရယ်မောလိုက်သည်။
"ဟား ဟား ဟား ဟား၊ မင်း တကယ်ပဲ ငါ့ကို ဒီမှာ ထိန်းထားနိုင်မယ်လို့ ထင်နေတာလား?!"
ပေါင်းစည်းခြင်းနယ်ပယ် စွမ်းအားရှင်တစ်ဦးအနေဖြင့် ဤကျားဖြူပုံရိပ်ကို အနိုင် မယူနိုင်သည့်တိုင် သူ့အနေဖြင့် အလိုရှိလျှင် ထွက်သွားနိုင်သည်ဟု တုံမိီရှင်းသည် ယုံကြည်ထား၏။
လုရီ၏ စကားများသည် အလွန်အမင်း မောက်မာလွန်းသည်။
တုံမိီရှင်းတစ်ဦးတည်းသာ မယုံကြည်နိုင်ဖြစ်နေခြင်း မဟုတ်ဘဲ ဝေးရာမှ စောင့်ကြည့်နေသော ကျင့်ကြံသူ အများအပြားလည်း အံ့အားသင့်စွာ အချင်းချင်း အလဲအလှယ် ကြည့်မိကြသည်။
"ဒီ မွေးရာပါ ဓားနတ်ဘုရားတော့ ရူးသွားပြီလား။ သူက တကယ်ပဲ တုံမိီရှင်းကို ဒီမှာ ထိန်းထားချင်တာလား။ သူက ပေါင်းစည်းခြင်းနယ်ပယ်မှာ
အသန်မာဆုံး မဟုတ်ရင်တောင် မဟာစွမ်းအားရှင်တစ်ယောက်ပဲလေ!"
"လုရီရဲ့ ရည်မှန်းချက်က အရမ်းကြီးလွန်းတယ်။ သူက မဟာစွမ်းအားရှင်တစ်ယောက်ကို သတ်ချင်တာတဲ့! ဒါက သူလုပ်နိုင်တဲ့ ကိစ္စမဟုတ်ဘူး။ မဟာစွမ်းအားရှင်တစ်ယောက်က မနိုင်ရင်တောင် ထွက်ပြေးဖို့ နည်းလမ်းတွေ ရှိတယ် လေ။"
"ဒါပေမဲ့ ပြောရမယ်ဆိုရင် လုရီရဲ့ ခွန်အားက ကြောက်စရာကောင်းတယ်။ သူ့ရဲ့ အခင်းအကျင်းတာအိုနယ်ပယ်အပြင် သူ့ရဲ့ ဓားတာအိုနယ်ပယ်ကလည်း သူ တံခါးပိတ်ကျင့်ကြံနေတဲ့ကာလ မတိုင်ခင်ကထက် အများကြီး ပိုအားကောင်းလာပြီ! သူက လော့ထျန်းယန်နဲ့ မူလယန်ဂိုဏ်းက ဟင်းလင်းပြင်ဥမင်နယ်ပယ်ကျွမ်းကျင်သူ အများအပြားကို အဲ့ဒီလောက် အလွယ်တကူ သတ်နိုင်ခဲ့တယ်။"
"ဟုတ်တယ်၊ ဒီလော့ထျန်းယန်က မူလယန်ဂိုဏ်းက အရမ်းမြှင့်တင်ပေးထားတဲ့ အမွေဆက်ခံသူပဲ။ သူတို့ လျိုကျိုးမှာရှိတုန်းက လော့ထျန်းယန်က ဟင်းလင်းပြင်ဥမင် နယ်ပယ်မှာ ထိပ်တန်းပါရမီရှင်လို့ သတ်မှတ်ခံရတာတောင် လုရီရဲ့ ဓားချက်တစ်ချက်တည်းနဲ့ သေသွားခဲ့ရတယ်။"
"ဟုတ်တယ်၊ လုရီက နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ပဲ ရှိသေးတာ! သူ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို ချိုးဖျက်တုန်းက ရှေးဟောင်းမိစ္ဆာတွေထက်တောင် ပိုအားကောင်းတဲ့ ကောင်းကင်မိုးကြိုးအသွင်ပြောင်းခြင်းကို ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောကြတယ်။ သူ့ပါရမီရှင်နာမည်နဲ့ တကယ်ပဲ ထိုက်တန်တယ်။"
ပရိသတ်အပေါင်းတို့၏ မျက်လုံးများတွင် တုန်လှုပ်မှုများ ပြည့်နှက်နေဆဲဖြစ်ပြီး အကြိမ်ကြိမ် အံ့အားသင့်စွာ ထအော်နေမိကြသည်။
"မင်း..ဘယ်လိုလုပ် ဒီလောက် ဘဝင်မြင့်ပြီး ပြောရဲတာလဲ!" တုံမိီရှင်း၏ မျက်လုံးများ နီရဲလာပြီး သတ်ဖြတ်လိုစိတ်တို့ဖြင့် လုရီကို ကြိတ်မနိုင်ခဲမရ ကြည့်နေခဲ့၏။
"မင်းသာ တတ်နိုင်ရင် ကိုယ်တိုင်လာ တိုက်ခိုက်စမ်း!"
ဤစကားကြောင့် များစွာသောသူတို့ စကားမဲ့သွားကြပြီး အချို့မှာ တုံမိီရှင်း၏ လုပ်ရပ်ကို လေးစားမှု မရှိသော မျက်လုံးများဖြင့် ကြည့်နေမိကြသည်။
ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင်တစ်ဦးက နှစ်တစ်ရာပင် မပြည့်သေးသည့် ကျင့်ကြံသူတစ်ဦးကို ကိုယ်တိုင်တိုက်ခိုက်ရန် ခေါ်ခြင်းသည်... ဤစကားကို အသံကျယ်ကျယ် ပြောရဲသည်မှာ ရှက်စရာပင် မဟုတ်ပါလား။
လုရီက တည်ငြိမ်စွာပင် ပြန်ပြောသည်။
"ဘဝင်မြင့်တာလားဆိုတာ မကြာခင် သိလာလိမ့်မယ်။"
လုရီ၏ ပတ်ဝန်းကျင်ရှိ ဝိညာဉ်စွမ်းအင်တို့သည် လှုပ်ရှားလည်ပတ်နေပြီး ယခင်ကထက် ပိုမိုကြီးမားသော ဝိညာဉ်စွမ်းအင် အားလှိုင်းလုံးတစ်ခု ထွက်ပေါ်လာရာ များစွာသော ကျင့်ကြံသူတို့၏ မျက်နှာထားများကို ပြောင်းလဲသွားစေခဲ့သည်။
လုရီက ပြသလိုက်သည့် ဝိညာဉ်စွမ်းအင်၏ ပြင်းထန်မှုသည် ဟင်းလင်းပြင်ဥမင် နယ်ပယ်ရှိ ကျင့်ကြံသူများစွာကိုပင် ကျော်လွန်နေလေသည်။
ဤအချိန်တွင် အချို့သော ကျင့်ကြံသူတို့သည် တစ်စုံတစ်ရာ ထူးခြားသည်ကို သတိပြုမိလာကြ၏
ပန်းတစ်သောင်းဂိုဏ်း၏ မဟာအကြီးအကဲ
တစ်ဦးသည် မျက်လုံးများ ပြူးကျယ်လာပြီး ကောင်းကင်သို့ မော့ကြည့်လိုက်သည်။
"အခင်းအကျင်း ပုံစံတွေကို ကြည့်စမ်း"
ထိုအခါ ခေါင်းများအားလုံး ကောင်းကင်ရှိ အခင်းအကျင်းပုံစံများဆီသို့ လှည့်ကြည့်လိုက်ကြသည်။
မူလက ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်းကို အသက်သွင်းပြီးနောက် ကောင်းကင်ရှိ အခင်းအကျင်းပုံစံများ၏ တစ်ဝက်ခန့်သာ လှုပ်ရှားနေခဲ့သော်လည်း ယခုအခါ မလင်းသေးသော နောက်တစ်ဝက်ကလည်း မှိန်ဖျော့ဖျော့ အဖြူရောင်အလင်းတန်းများဖြင့် တောက်ပလာခဲ့တော့၏။
ကျင့်ကြံသူအားလုံး ချက်ချင်းပင် ထိတ်လန့်သွားကြသည်။
"ဒီလှုပ်ရှားမှု... လုရီက ကောင်းကင်အခင်းအကျင်းမြေပုံတစ်ခုလုံးကို အသက်သွင်းဖို့ စီစဉ်နေတာလား!"
"ဘယ်လိုဖြစ်နိုင်မှာလဲ?? အခင်းအကျင်းပုံစံရဲ့ တစ်ဝက်ပဲ ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်းလို ပေါင်းစည်းခြင်းအခင်းအကျင်းကို ဖြစ်ပေါ်စေနိုင်တာလေ။ အားလုံးကို အသက်သွင်းရင် ဘယ်လိုအခင်းအကျင်းမျိုး ဖြစ်ပေါ်လာမှာလဲ!"
များစွာသော ကျင့်ကြံသူတို့သည် ကြောက်လန့်တုန်လှုပ်သွားကြပြီး ပုန်းအောင်းနေသော စွမ်းအားရှင်များပင်လျှင် ကျောရိုးထဲမှ ချမ်းတုန်သွားခဲ့သည်။
"မဟုတ်ဘူး၊ ဒါ မမှန်ဘူး၊ လုရီက ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်းကို ချဲ့ထွင်နေတာ မဟုတ်ဘူး၊ သူက ကျန်တဲ့ အခင်းအကျင်းပုံစံတစ်ဝက်နဲ့ အခင်းအကျင်းအသစ်တစ်ခုကို စီစဉ်နေတာ... ဒါက နောက်ထပ် ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်းပဲ! သူက တကယ်ပဲ ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်း နှစ်ခုကို စီစဉ်ထားတာလား?!" အခင်းအကျင်းတာအို ပညာရှင်
တစ်ဦးသည် ကောင်းကင်ရှိ အခင်းအကျင်းကို သိမြင်လိုက်ပြီး မျက်လုံးများ ပြူးကျယ်လျက် တုန်လှုပ်သွားခဲ့သည်။
သီးခြား ပေါင်းစည်းခြင်းအခင်းအကျင်းနှစ်ခုကို ဖန်တီးခြင်းသည် ပေါင်းစည်းခြင်းအခင်းအကျင်းတစ်ခုကို ချဲ့ထွင်ခြင်း သို့မဟုတ် မဟာယာနအခင်းအကျင်းတစ်ခုကို ရေးထိုးခြင်းထက် များစွာလွယ်ကူသော်လည်း...
နတ်ဘုရားအသွင်ပြောင်းနယ်ပယ်မျှသာရှိသော လုရီက ပေါင်းစည်းခြင်းအခင်းအကျင်းနှစ်ခုကို ရေးထိုးနိုင်စွမ်းရှိသည်ဟူသော အချက်သည် အံ့မခန်းစွမ်းရည် တစ်ရပ်ပင် ဖြစ်သည်။
"လုရီက မိစ္ဆာလား?! နတ်ဘုရားအသွင်ပြောင်းအဆင့်လေးနဲ့ ပေါင်းစည်းခြင်းအခင်းအကျင်းနှစ်ခုကို ဖန်တီးနိုင်တာ?! ဝိညာဉ်လက်နက်ရဲ့ အကူအညီနဲ့တောင် ဒါက စိတ်ကူးမယဉ်နိုင်လောက်ဘူး။"
ဤအချိန်တွင် ဒုတိယ ကျားဖြူသတ်ဖြတ်ရေးအခင်းအကျင်းကို အောင်မြင်စွာ စီစဉ်ပြီးစီးသွားပြီး ကျားဖြူ၏ နောက်ထပ်ဟိန်းသံတစ်ချက် ထွက်ပေါ်လာကာ ဒုတိယကျားဖြူကြီး ပုံရိပ် ပေါ်ထွက်လာခဲ့တော့၏။
ပေါင်းစည်းခြင်းနယ်ပယ် ကြီးစိုးသော ကျားဖြူကြီး နှစ်ကောင်သည် ကောင်းကင်ယံကို ဖြတ်လျက် ရပ်တည်နေပြီး ၎င်းတို့၏ အစွမ်းထက်သော အရှိန်အဝါကြောင့် အနီးနားရှိ တောင်တန်းများပင် ပြိုကျကုန်ကြသည်။
တိုက်ပွဲအတွင်း ရောက်နေသော တုံမီရှင်း၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားပြီး နဖူးတွင် ချွေးစေးများပင် ခိုသီးလာခဲ့၏။
"ဒါ ဘယ်လိုဖြစ်နိုင်မှာလဲ?!"
လုရီသည် စကားမပြောဘဲ အတွေးတစ်ချက် ထုတ်ဖော်လိုက်သည်နှင့်တပြိုင်နက် အခြား ကျားဖြူပုံရိပ်သည်လည်း တုံမီရှင်းဆီသို့ အပြေးအလွှား တိုးဝင်သွားခဲ့တော့သည်။
သူ့ထက် အနည်းငယ် ပိုအားကောင်းသော ကျားဖြူပုံရိပ်နှစ်ခုတို့ ပူးပေါင်းတိုက်ခိုက်လိုက်သောအခါ တုံမိီရှင်းသည် ချက်ချင်းပင် ကြီးမားသော ဖိအားကို ခံစားလိုက်ရတော့၏။
တိုက်ကွက်အနည်းငယ် လဲလှယ်လိုက်သည်နှင့်
သူသည် ကျားဖြူ တစ်ကောင်၏ လက်သည်းဖြင့် ရိုက်ခံလိုက်ရတော့သည်။
အကယ်၍ သူသာ အဆောင်လက်ဖွဲ့တစ်ခုကို အသုံးပြုကာ တိုက်ခိုက်မှုကို မကာကွယ်ခဲ့ပါလျှင် ထိုတိုက်ခိုက်မှုသည် ပြင်းထန်သော ဒဏ်ရာကို ရရှိစေခဲ့မည်မှာ သေချာချေသည်။