← Chapters

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း (၃၂၅-၃၂၇)

Vol. 22 Ch. 325-327

အခန်း ၃၂၅- အတွေးတစ်ချက်ဖြင့် မဟာစွမ်းအားရှင်ကို ဖျက်ဆီးခြင်း...

~ထိုသို့ ဖြစ်နေသည့်တိုင် တုံမိီရှင်းသည် အန္တရာယ်ကြီးစွာ ကျရောက်နေဆဲဖြစ်ပြီး မည်သည့်အချိန်မဆို ရှုံးနိမ့်သွားနိုင်ချေ၏။

သူသည် အကြိမ်ကြိမ် အော်ဟစ်ကာ နောက်ဆုတ်လိုသော်လည်း ကျားဖြူပုံရိပ်နှစ်ကောင်က သူ့၏ ထွက်ပြေးလမ်းကြောင်းကို တမင်တကာ ပိတ်ဆို့ထားသဖြင့် ထွက်ပြေးရန် ခက်ခဲနေတော့သည်။

ဘုန်း!!

ကျားဖြူ တစ်ကောင်သည် ပါးစပ်ကိုဖွင့်ကာ အဖြူရွှေရောင် အလင်းတန်းတစ်မျှင် အန်ထုတ်လိုက်ရာ သုန်းမိရှင်း၏ ခန္ဓာကိုယ်သို့ တည့်တည့်ထိမှန်သွားလေ၏။

တုံမီရှင်းသည် နာကျင်စွာ အော်မြည်လိုက်ရပြီး နောက်သို့ လွင့်စင်သွားကာ ဆံပင်များ ရှုပ်ပွလျက် သူ့ခန္ဓာကိုယ်မှ သွေးများ စီးကျနေတော့သည်။

သူ၏ ကိုင်းညွတ်နေသော ကိုယ်နေဟန်ထားသည် အတော်လေး ဖရိုဖရဲ ဖြစ်နေသည်။

"လုရီ!"

တုံမိီရှင်းသည် အကြိမ်ကြိမ် မာန်မဲကာ လုရီနှင့် နီးအောင် သွားရောက်၍ ခေါင်းဆောင်ကို ဦးစွာ ဖမ်းဆုပ်လိုသော်လည်း လုရီ၏ မျက်နှာသည် တည်ငြိမ်နေပြီး အနည်းငယ် နောက်ဆုတ်လိုက်ကာ ရှေ့သို့ တိုးလာမည့် အမူအရာ မပြချေ။

သူသည် လေထဲတွင် ရပ်လျက် ကျားဖြူပုံရိပ်နှစ်ကောင်က သုန်းမိရှင်းကို ဟိန်းဟောက်ဝိုင်းရံနေသည်ကို တည်ငြိမ်စွာ ကြည့်နေခဲ့တော့သည်။

လုရီ၏ နောက်ကျောပုံရိပ်ကို မြင်ရသောအခါ ကျင့်ကြံသူများစွာ၏ ကျောရိုးထဲတွင် ချမ်းတုန်သွားခဲ့သည်။

"ဆယ်နှစ်လောက်က မဟာစွမ်းအားရှင်တစ်ဦးက လုရီ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို ချိုးဖျက်ပြီး ပြင်းထန်တဲ့ အရှိန်အဝါတစ်ခု ရရှိထားပြီလို့ အခိုင်အမာ ပြောခဲ့ဖူးတယ်။ အဲ့တုန်းက မယုံခဲ့ပေမယ့် ငါ အခုတော့ ယုံပြီ။"

" အရမ်းကြောက်စရာ ကောင်းလွန်းတယ်။ ဒီလူက စစ်မှန်တဲ့ အင်မော်တယ်ရဲ့ ပြန်လည်ဝင်စားလာတာများလား။ နတ်ဘုရားအသွင်ပြောင်းအဆင့်ပဲ ရှိသေးပေမယ့် ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင်တစ်ယောက်ကို ဒီလိုအခြေအနေမျိုးကို တွန်းပို့နိုင်တာပဲ!"

"ဟုတ်တယ်၊ ငါတို့ သူ့ကို အပြစ်မပြုသင့်ဘူး.."

ဤစောင့်ကြည့်နေသော ကျင့်ကြံသူများထဲတွင် ဟင်းလင်းပြင်ဥမင် နယ်ပယ်မှ အစွမ်းထက်သူများ မနည်းပါဝင်သကဲ့သို့ အခြားသော ကြီးကျယ်သော ပြည်နယ်များမှ မဟာဂိုဏ်းကြီးများမှ ထွက်ပြေးလာသူများလည်း ရှိ၏။ ယခုအခါ သူတို့အားလုံးသည် လုရီကို ကြီးစွာသော စိုးရိမ်ထိတ်လန့်မှုဖြင့် ကြည့်နေကြသည်။

နတ်ဘုရားအသွင်ပြောင်းနယ်ပယ်မျှသာ ရှိသေးသူက ဤမျှလောက် အစွမ်းထက်နေလျှင် သူသာ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ချိုးဖျက်နိုင်ခဲ့ပါက မဟာယာန နယ်ပယ်ကိုပင် ဖိနှိပ်နိုင်လိမ့်မည်လား။

မဟာယာနကျင့်ကြံသူများသည် ထျန်းမင်တစ်ခွင်လုံးတွင် ထိပ်တန်းပုဂ္ဂိုလ်များဖြစ်ပြီး ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများသာ ယှဉ်ပြိုင်နိုင်ချေ၏။

အကယ်၍ သူတို့သာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူတစ်ဦး၏ ဖိနှိပ်ခြင်းကို ခံရပါက ပြက်ရယ်ပြုစရာ ဖြစ်လာပြီး သေလျှင်ပင် အရှက်ရဖွယ်ရာ ဖြစ်ချေမည်။

ဤအချိန်တွင် ကျားဖြူ ပုံရိပ်နှစ်ကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရသော တုံမိီရှင်းသည် အားအင် ကုန်ခမ်း၍ ရှုံးနိမ့်ခါနီးလာ၏။

လူတိုင်း နားလည်ထားသည်မှာ ဤသို့ ဆက်လက်ဖြစ်နေပါက တုံမိီရှင်းသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် ကျင့်ကြံသူ လူငယ်လေးတစ်ဦး၏ နှိမ်နင်းခြင်းကို ခံရဖွယ်ရှိသည်ဟူ၍ပင်။

တုံမိီရှင်းသည်လည်း ဤအချက်ကို နားလည်ထားပြီး အကြိမ်ကြိမ် မာန်သွင်းကာ ဖောက်ထွက်ရန် ကြိုးစားသော်လည်း အကြိမ်ကြိမ် ဖယ်ထုတ်ခံနေရတော့သည်။

ထိုစဉ် ဝေးကွာသော အရပ်မှ ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါသုံးခုသည် မြန်ဆန်လှသော အရှိန်ဖြင့် ချဉ်းကပ်လာခဲ့၏။

အသံတစ်သံ ထွက်ပေါ်လာသည်။

"ဟားဟားဟား၊ ညီအစ်ကိုတုံ၊ မင်းကို ငါတို့ လာကူပြီ!"

ထိုအခါ လုရီ၏ မျက်နှာသည် အနည်းငယ် ပြောင်းလဲသွားပြီး ချဉ်းကပ်လာသော အရှိန်အဝါများ၏ ဦးတည်ရာဘက်သို့ လှည့်ကြည့်လိုက်ရာ သူ့မျက်နှာတွင် ကြမ်းကြုတ်သော အမူအရာ ပေါ်ထွက်လာသည်။

အခြားသူများ၏ မျက်နှာများသည်လည်း တုန်လှုပ်မှုများဖြင့် ပြောင်းလဲသွားခဲ့ချေ၏။

"ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင်တွေလား?! နောက်ထပ် သုံးယောက်တောင် ရောက်လာပြီ!"

"ကျင်းမိသားစုက နှစ်ဦးနဲ့ မေ့မြစ် တောင်ကြားက တစ်ဦးပဲ! ပန်းတစ်သောင်းဂိုဏ်း နယ်မြေထဲမှာ ကျင်းမိသားစု၊ မေ့မြစ် တောင်ကြားနဲ့ မူလယန်ဂိုဏ်းတို့ပဲ ဒီလို မဟာစွမ်းအားရှင်တွေ ရှိတာ။ သူတို့အားလုံး ဒီလို အတူတူ လာလိမ့်မယ်လို့ မထင်ထားဘူး! တစ်စုံတစ်ယောက်က ဒီမဟာအင်အားစုနှစ်ခုကို အကြောင်းကြားလိုက်ပုံရတယ်။"

"ဒါ ဆိုးပြီ။ တုံမီရှင်း တစ်ယောက်တည်းဆိုရင်တောင် လုရီက အခြေအနေကို ပြောင်းပြန်လှန်နိုင်ပေမယ့် နောက်ထပ် သုံးယောက် ထပ်ပေါင်းရင် မဟာစွမ်းအားရှင် လေးယောက်ဖြစ်သွားပြီဆိုတော့ လုရီအတွက် ခက်ခဲလိမ့်မယ်။"

"ဟုတ်တယ်၊ ကောင်းကင်အခင်းအကျင်းမြေပုံရဲ့ စွမ်းအားကို လုရီက အကုန်နီးပါး အသုံးချပြီးသွားပြီ။ မဟာ ယာနအခင်းအကျင်းပုံစံကို

မဖန်တီးနိုင်ရင် သူ့အတွက် ပြန်တိုက်ခိုက်ဖို့ အခွင့်အရေး မရှိတော့ဘူး!"

"ဒီမဟာစွမ်းအားရှင် လေးယောက်က ကြိုတင်ပြင်ဆင်ပြီးသား ရောက်လာတာဆိုတော့ လုရီကို လွှတ်မပေးမှာ သေချာတယ်။

အင်မော်တယ် ဓားကျမ်းက တကယ်ပဲ သူတို့လက်ထဲ ရောက်တော့မလား။"

ထိုသို့..စောင့်ကြည့်နေသော ကျင့်ကြံသူများအုပ်စုသည် အချင်းချင်း တီးတိုး၊ တီးတိုးပြောဆိုနေကြသည်။

ပန်းတစ်သောင်းဂိုဏ်းမှ အစွမ်းထက်သော အဖွဲ့ဝင်များနှင့် တပည့်များ၏ မျက်နှာများသည်လည်း ပျက်ယွင်းနေသည်။

မူလက လုရီက တုံမီရှင်းကို ဖိနှိပ်နေသည်ကို မြင်ရသည့်အတွက် သူတို့ ပျော်ရွှင်နေခဲ့ကြသော်လည်း ယခုအခါ ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် သုံးဦး ထပ်မံရောက်ရှိလာသဖြင့် သူတို့၏ မျက်နှာများသည်ပင် ပြောင်းလဲသွားပြီး လုရီကို စိုးရိမ်နေကြတော့၏။

အဘွားဟွားနှင့် မဟာအကြီးအကဲများ၏ ရင်ထဲတွင်မူ ပို၍ပင် တင်းကြပ်နေခဲ့သည်။

အဘွားဟွားသည် လက်သီးများကို ဆုပ်ကာ သွားများကြားမှ ပြောလိုက်သည်။

"အင်အားစုသုံးခုလုံးက လူတွေ ရောက်လာလိမ့်မယ်လို့ မထင်ထားဘူး! ရီအာသာ ကျွန်မတို့ကို ဂိုဏ်းအကာအကွယ်အခင်းအကျင်းအသစ်ကို တည်ဆောက်ပေးခဲ့တာ မဟုတ်ရင် ကျွန်မတို့ပန်းတစ်သောင်းဂိုဏ်း အဆုံးသတ်သွားပြီ"

"ဟုတ်ပါတယ်... တာအို ရောင်းရင်းလေးလုသာ မရှိခဲ့ရင် ကျုပ်တို့ သေပြီးနောက် ဘိုးဘေးတွေကို မျက်နှာပြလို့ ရတော့မှာ မဟုတ်ဘူး။"

"မြန်မြန်၊ တာအို ရောင်းရင်းလေးလုကို အတွင်းထဲ ခေါ်သွင်းလိုက်! ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် လေးဦးနဲ့ ရင်ဆိုင်ရတာ တာအို ရောင်းရင်းလေးလုအတွက် အန္တရာယ်ကြီးလိမ့်မယ်! အခြေအနေဆိုးလာရင် တောင်ကို ပိတ်ပစ်လိုက်ရုံပဲ"

ပန်းတစ်သောင်းဂိုဏ်းမှ အစွမ်းထက်သော အဖွဲ့ဝင်များသည် အလုအယက် ပြောဆိုလာကြပြီး လုရီကို အတွင်းသို့ ခိုလှုံရန် တိုက်တွန်းနေကြ၏။

တုံမီရှင်းသည် ကျားဖြူပုံရိပ်နှစ်ကောင်၏ ဝိုင်းရံတိုက်ခိုက်ခြင်းကို ခံနေရဆဲဖြစ်ပြီး ဒဏ်ရာများ ထပ်မံရရှိကာ အခြေအနေမှာ ပိုမိုဆိုးရွားလာနေ၏။ သို့သော် အခြားပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် သုံးဦး နီးကပ်လာသည်ကို အာရုံခံမိသောအခါ သူသည် အကျယ်ကြီး ရယ်မောကာ ဝမ်းသာအားရ ကြွေးကြော်လိုက်သည်။

"ဟားဟားဟားဟား! လုရီ၊ ကောင်လေး! ကောင်းကင်ကိုယ်တိုင်က မင်းကို ဖျက်ဆီးချင်နေပြီ"

လုရီသည် ချဉ်းကပ်လာသော ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် သုံးဦးကို မြင်သော်လည်း တည်ငြိမ်နေဆဲ ဖြစ်ချေ၏။

သူသည် ကောင်းကင်ပြင်ကို ဖြတ်ကျော်ကာ ဂိုဏ်းအကာအကွယ်အခင်းအကျင်းအတွင်းသို့ ဝင်ရောက်သွားသည်။

လုရီသည် ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် လေးဦးကို ကိုင်တွယ်ရန် နည်းလမ်းအချို့ ရှိသော်လည်း ၎င်းတို့သည် သူ၏ အားကြီးသော လျှို့ဝှက်လက်နက်များဖြစ်ရာ

လူများစွာရှေ့တွင် ဖော်ထုတ်ရန် မသင့်တော်ချေ။

မှောင်ရိပ်ထဲတွင် ပုန်းအောင်းနေသော ကျင့်ကြံသူများစွာ ရှိနေသည် ဖြစ်ရာ ဤလျှို့ဝှက်လက်နက်များကို ထုတ်ဖော်လိုခြင်း မရှိပေ။

ထို့ပြင် သူသည် ဤမဟာစွမ်းအားရှင်များကို

ကို ရင်ဆိုင်ရန် နည်းလမ်း မရှိသည်တော့ မဟုတ်ချေ။

"ရီအာ၊ မင်း အတွင်းမှာ ရှိနေတာ ကောင်းတယ်။ ငါတို့ အခု ဂိုဏ်းအကာအကွယ်အခင်းအကျင်းကို အသက်သွင်းပြီး သူတို့ကို ထိန်းထားလိုက်မယ်။

လုရီ ဝင်ရောက်လာသည်ကို မြင်သောအခါ

အဘွားဟွား၏ မျက်နှာသည် အနည်းငယ် ပိုမိုတည်ငြိမ်လာပြီး ပြောလိုက်ခြင်းပါ။

"ဟုတ်ပါတယ်၊ ၊ ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် လေးဦးက အရမ်း အစွမ်းထက်တယ်။ ငါတို့ရဲ့ ခွန်အားက အရမ်းနည်းပါးနေတာမို့ မင်းကို ဝန်ထုပ်ဝန်ပိုးအချို့ မကူညီနိုင်တာ ဆိုးလိုက်တာ။"

ပန်းတစ်သောင်းဂိုဏ်း၏ မဟာအကြီးအကဲများသည် အသီးသီးပင် နောင်တရနေကြသည်။ မူလက ချင်းကျိုးတွင် သူတို့၏ ခွန်အားသည် ယှဉ်ပြိုင်စရာမရှိအောင် အစွမ်းထက်ခဲ့သော်လည်း ယခုအခါ ချင်းကျိုးသို့ အစွမ်းထက်သော အင်အားစုများစွာ ဝင်ရောက်လာသဖြင့် သူတို့၏ ခွန်အားသည် လုံးဝယှဉ်နိုင်စွမ်း မရှိတော့ချေ။

ဤကဲ့သို့သော အားနည်းချက် ခံစားမှုသည်

ချင်းကျိုးတွင် တစ်ချိန်က ထိပ်တန်း ပုဂ္ဂိုလ်များဖြစ်ခဲ့ဖူးသော သူတို့အတွက် အလွန်ပင် နာကျင်စေသည်။

ယွင်ရှီး တစ်ဦးတည်းသာ တည်ငြိမ်နေခဲ့၏။ သူမသည် လုရီ၌ မည်မျှများပြားသော လျှို့ဝှက်လက်နက်များ ရှိသည်ကို သိရှိထားပြီး ဖြစ်သည်လေ။ ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအားရှင် လေးဦးသည် သူ့ကို ခြိမ်းခြောက်နိုင်မည်ဟု သူမ မထင်ပါ။

ထိုအခါ ..လုရီက အပြုံး မပျက်ဘဲ ပြောလိုက်သည်။

"အကြီးအကဲတို့၊ စိတ်မပူပါနဲ့။ အခု ခဏ နောက်ဆုတ်ပေးပါဦး။ မဟာစွမ်းအားရှင် အများကြီးက ပန်းတစ်သောင်းဂိုဏ်းကို ပစ်မှတ်ထားနေပြီဆိုတော့ အခုသာ အာဏ မတည်ဆောက်ဘူးဆိုရင် နောင်အနာဂတ်မှာ ကျွန်တော်တို့ ဂိုဏ်းသားတွေ ခက်ခဲကြလိမ့်မယ်။"

အခန်း ၃၂၆ - အတွေးတစ်ချက်ဖြင့် မဟာအင်အားကြီးပုဂ္ဂိုလ်တို့ကို နှိမ်နင်းခြင်း ...

~အဘွားဟွား၏ မျက်နှာသည် ရုတ်ခြည်းပင် ပြောင်းလဲသွား၏။ သူမသည် လုရီ ကို အံ့အားသင့်စွာ စူးစိုက် ကြည့်သည်။

"ရီအာ... မင်း သူတို့ကို ဒီမှာပဲ ထိန်းချုပ်ထားဖို့ ကြံစည်နေတာလား"

လုရီ က ခေါင်းညိတ်ပြ၏။

ပတ်ဝန်းကျင်ရှိ ကြည့်ရှုသူအပေါင်းတို့သည်

မယုံကြည်နိုင်စွာ အံ့အားသင့်နေကြသည်။ အချင်းချင်း အကြည့်ဖလှယ်နေစဉ် မဟာအကြီးအကဲ တစ်ပါး မေးမြန်းလိုက်သည်က

"သူတို့က ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးတောင် ရှိနေတာ၊ မင်း တကယ် ယုံကြည်မှု ရှိရဲ့လား"

"စိတ်ချပါ။ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ရဲ့စွမ်းအားကို ခင်ဗျားတို့ မျက်ဝါးထင်ထင် မြင်ရတော့မယ့် အချိန် ရောက်ပြီ " လုရီက ပြုံး၍ အာမခံလိုက်လေ၏။

ဤစကားသံကို ကြားရသည်နှင့် ပန်းတစ်သောင်းဂိုဏ်း မှ ခွန်အားကြီးသော ကျင့်ကြံသူတို့၏ မျက်နှာများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေတော့၏။

ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် သုံးဦး ချဉ်းကပ်လာသည်နှင့်အမျှ လုရီ သည် လက်များကို ဖြန့်ကားလိုက်ရာ ကောင်းကင်အခင်းအကျင်းမြေပုံ မှာ သူ၏ လက်ထဲသို့ ပြန်လည် ပျံသန်းဝင်ရောက်လာ၏။

ဤသည်မှာ လက်ရှိ သူနှင့် အလွန်လိုက်ဖက်ညီသော ရတနာတစ်ပါး ဖြစ်သောကြောင့် ကောင်းကင်အခင်းအကျင်းမြေပုံ ကို အခြားသူတစ်ဦး၏ လက်ထဲသို့ ကျရောက်စေရန် သူ လုံးဝ မလိုလားပေ။

ကောင်းကင်အခင်းအကျင်းမြေပုံ ပြန်လည်ရောက်ရှိလာသည်နှင့်တစ်ပြိုင်နက် ကျားဖြူ သတ်ဖြတ်ရေး အခင်းအကျင်း ပျောက်ကွယ်သွားပြီး ကျားဖြူ ရုပ်သွင်ယောင် နှစ်ခုလည်း ကွယ်ပျောက်သွားတော့၏။

တုံမီရှင်း သည် တိုက်ခိုက်ခံရခြင်းမှ လွတ်မြောက်သွားသဖြင့် သက်ပြင်းချလိုက်မိလေ၏။

ထိုစဉ် ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် သုံးဦးသည် တုံမီရှင်း ဘေးသို့ ရောက်ရှိလာကြသည်။ သက်လတ်ပိုင်းအရွယ် အမျိုးသားနှစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦး ပါဝင်၏။

တုံမီရှင်း ၏ အခြေအနေကို မြင်ရသောအခါ ထိုသုံးဦးမှာ ခဏတာမျှ မှင်တက်မိသွားကြသည်။

တုံမီရှင်း မှာ အလွန် ဖရိုဖရဲ ဖြစ်နေ၏။ ဆံပင်များ ရှုပ်ပွကာ ကိုယ်ခန္ဓာတစ်ခုလုံး သွေးများ ဖုံးလွှမ်းနေသည်။ အသက်ရှူသံများ ပြင်းထန်စွာ လှုပ်ရှားနေသဖြင့် ဒဏ်ရာများစွာ ရရှိထားလေ၏။

"ညီအစ်ကို တုံ၊ မင်း ပုံစံက ကောင်းပုံ မရပါလား"

သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက ပြုံးစိစိလုပ်ကာ မေးသည်။

ကျန်နှစ်ဦး၏ မျက်နှာများတွင်လည်း ထူးဆန်းသော အမူအရာများ ပေါ်လာ၏။

သူ့စကားကြောင့် တုံမီရှင်း၏ မျက်နှာ တင်းမာသွားပြီး ထိုသုံးဦးကို အေးစက်သော အကြည့်ဖြင့် ကြည့်ကာ

"မင်းတို့လည်း သတိထားကြ။ ဒီ ကလေးဆိုးလေးမှာ ပညာအမျိုးမျိုး ရှိတယ်။ နောက်မှ အကြီးအကျယ် နစ်နာမှု မဖြစ်ရအောင် သတိပြုကြ"

ဟူ၍ ဆောင့်အောင့်လိုက်တော့၏။

နောက်ထပ် သက်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက တဟားဟား ရယ်မောလိုက်ကာ ဆိုသည်။

"ငါတို့ လေးဦး ပူးပေါင်းတိုက်ခိုက်လိုက်ရင်

အဲ့ကောင်လေး လက်ဖဝါး တစ်ချက်တောင်

မလှန်နိုင်ပါဘူး ကွာ"

ဆံပင်ဖြူနေသော အခြားလူကြီးကလည်း ထောက်ခံဟန်ဖြင့် ခေါင်းညိတ်လိုက်၏။

ပန်းတစ်သောင်းဂိုဏ်း ၏ တောင်ဝဂိတ်အတွင်းရှိ လုရီ ကို ကြည့်ရင်း သူက

"ညဘက် အိပ်မက်ဆိုးတွေ မမက်ရအောင် အရင်ဆုံး တိုက်ခိုက်ကြစို့" ဟု ဆိုလိုက်လေ၏။

ဤလူကြီးမှာ သူတို့ကြား၌ အလွန် လေးစားခံရပုံ ပေါ်သည်။ ကျန်သုံးဦးလည်း စကားဆက်မပြောတော့ဘဲ သူတို့၏ အကြည့်များကို လုရီ ဘက်သို့ စူးစိုက်လိုက်ကြသည်။

ထိုလေးဦးက မထီတရီ ပြုံးကာ ပန်းတစ်သောင်းဂိုဏ်း နယ်မြေထဲသို့ တည့်တည့်ဝင်ရောက်လိုက်ကြတော့သည်။

ပန်းတစ်သောင်းဂိုဏ်း ကျင့်ကြံသူတို့၏ ဒေါသထွက်နေသော မျက်နှာများကို လုံးဝ ဂရုမစိုက်ကြဘဲ သူတို့၏ မျက်လုံး အကြည့်များမှာ လုရီ ပေါ်တွင်သာ ရောက်ရှိနေသည်။

တုံမီရှင်းက ပြုံးစိစိလုပ်ကာ မေး၏။

"လုရီ၊ မင်းမှာ ဘယ်လိုပညာတွေ ကျန်သေးလဲ။ ထုတ်သုံးစမ်း"

ကျန်သုံးဦးမှာ အေးစက်သော အမူအရာများ ရှိနေပြီး စကားမပြောဘဲ သူတို့၏ အရှိန်အဝါများဖြင့် လုရီပေါ်တွင် ဖိနှိပ်ထားသည်။

လုရီ၏ မျက်နှာတွင် ဆန်းကြယ်သော အမူအရာတစ်မျိုး ပေါ်လာ၏။

သူက မရယ်မိဖို့ ကြိုးစားရင်း ပြောလိုက်သည်။

"ကျုပ် မူလက ခင်‌ဗျားတို့ လေးယောက်ကို ဂိုဏ်းထဲ ဘယ်လို ဆွဲဆောင်ရမလဲ စဉ်းစားနေခဲ့တာ။

မမျှော်လင့်ဘဲ ခင်‌ဗျားတို့က ပန်းတစ်သောင်းဂိုဏ်း ကို အန္တရာယ် မရှိဘူးလို့တောင် မစဉ်းစားခဲ့ကြဘူး။ ဟုတ်တာပေါ့လေ၊ ခင်‌ဗျားတို့ မျက်လုံးထဲမှာ နတ်ဘုရားအသွင်ပြောင်း အဆင့် စွမ်းအား‌လေးနဲ့ ဂိုဏ်းလေး တစ်ဂိုဏ်းက ခင်‌ဗျားတို့လို ပေါင်းစည်းခြင်းနယ်ပယ် မဟာကျင့်ကြံသူ လေးယောက်အတွက် ဘယ်လို ခြိမ်းခြောက်မှုမျိုး ပေးနိုင်မှာလဲ..."

လုရီ သည် မူလက ထိုလေးဦးကို မျှားခေါ်ရန် ကြံစည်ခဲ့သည်။ သို့သော် ဤ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးက အလွန် ရိုးသားကြသည်ကို တွေ့ရလေသည်။

လုရီ ၏ စကားကို ကြားသောအခါ တုံမီရှင်း အဖွဲ့၏ မျက်နှာထားများ သိသိသာသာ ပြောင်းလဲသွား၏။ သူတို့ ပတ်ပတ်လည်တွင်

ဝိဉာဉ်စွမ်းအင် များ လှိုင်းထလာပြီး

ကောင်းကင်ယံသို့ ပျံသန်းရန်အပြု....

ထိုအခိုက်အတန့်၌ ပဲ့တင်သံတစ်ခု ထွက်ပေါ်လာပြီးတပြိုင်နက် ပန်းတစ်သောင်းဂိုဏ်း၏ ကောင်းကင်ယံအပေါ်တွင် လှပ ဆန်းကြယ်သော ကြယ်တာရာမြစ် တစ်စင်း ရုတ်ချည်း ပေါ်ပေါက်လာတော့၏။

ကြယ်များ ဝိုင်းပတ်နေပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းထားကာ ပန်းတစ်သောင်းဂိုဏ်း သည် ကြယ်ပင်လယ် အတွင်း၌ ရှိနေသကဲ့သို့ ထင်ရသည်။

ယင်းက ပန်းတစ်သောင်းဂိုဏ်း တပည့်တို့၏ မျက်နှာများတွင် အံ့အားသင့်တုန်လှုပ်မှုကို ဖြစ်ပေါ်စေ၏။

"ဒါက... ဒါက ဘာလဲ"

"ဒါ ငါတို့ရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း လား! ငါတို့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း က ဘယ်လိုဖြစ်ပြီး ဒီလို ပြောင်းလဲသွားတာလဲ!"

"ဂိုဏ်းရဲ့ အဓိကနေရာမှာ ရှိတဲ့ ကြယ်တာရာမြစ် က... ငါတို့ရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ဖြစ်နေတာလား"

အဘွားဟွား၊ မဟာအကြီးအကဲ အချို့နှင့် ယွင်ရှီး မှလွဲ၍ ပန်းတစ်သောင်းဂိုဏ်း ၏ ဂိုဏ်းအကာအကွယ်အခင်းအကျင်း သည် ထိုသို့သော အခြေအနေသို့ ပြောင်းလဲသွားသည်ကို မည်သူမျှ မသိရှိကြသည်ဖြစ်ရာ အားလုံး ..ပါးစပ်အဟောင်းသား ဖြစ်နေကြလေ၏။

သူတို့သာမက တုံမီရှင်းတို့ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးအဖွဲ့နှင့် အဝေးမှ စောင့်ကြည့်နေသော ကျင့်ကြံသူများအားလုံးလည်း ဤအချိန်တွင် ပါးစပ်ပွင့်နေကြတော့သည်။

ထိုအခါမှ သူတို့ အရင်က မြင်ခဲ့သော ကြယ်အလင်း သည် ကောင်းကင်နှင့် မြေကြီးရတနာများ ပေါ်ထွန်းခြင်း သို့မဟုတ် အင်မော်တယ်လက်နက် ဆင်းသက်လာခြင်း မဟုတ်ဘဲ ပန်းတစ်သောင်းဂိုဏ်း ၏ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ဖြစ်သည်ကို သဘောပေါက်ကြကြရတော့သည်။

လုရီ ရှိနေသည်ကို မြင်သောအခါ ကျင့်ကြံသူများစွာက အခြေအနေကို သဘောပေါက်သွားကြတော့သည်။

"အို..လုရီ ပန်းတစ်သောင်းဂိုဏ်းနဲ့ အတူရှိနေတာ မအံ့ဩတော့ဘူး..သူ သူတို့ရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကို တိုးတက်အောင် လုပ်ပေးခဲ့တာပဲ!"

"ဟုတ်တယ်။ လုရီ ရဲ့ အခင်းအကျင်းတာအို ပါရမီက အရမ်း ချီးကျူးခံရတာကွ.. အခင်းအကျင်းတာအို မြင့်မြတ်နယ်မြေ ဖြစ်တဲ့ တာအီ မြင့်မြတ်နယ်မြေ ရဲ့ မဟာအင်အားကြီးပုဂ္ဂိုလ် တွေတောင် လေးစားကြတာ။ လုရီသာ ကိုင်တွယ်ရင် ပန်းတစ်သောင်းဂိုဏ်း ရဲ့ အကာအကွယ်အခင်းအကျင်း ကို အဆ တစ်ရာ လွယ်လွယ်ကူကူ တိုးမြှင့်ပေးနိုင်လိမ့်မယ်"

"ဒီ ပန်းတစ်သောင်းဂိုဏ်း က ဘာ နောက်ခံ ရှိတာလဲ၊ လုရီ ကို သူတို့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း မြှင့်တင်ဖို့တောင် စီမံနိုင်တယ်!"

ထိုသို့ ထိုပုံ..လူအုပ်ကြီးမှာ အံ့အားသင့်စွာ ပြောဆိုနေကြလေသည်။

"ဒါပေမယ့်..."

"ဒီ ဂိုဏ်းအကာအကွယ်အခင်းအကျင်း က ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးကို တကယ်တမ်း ခံနိုင်ရည်ရှိပါ့

မလားကွ"

အချို့က မယုံကြည်နိုင်စွာ မေးခွန်းထုတ်ကြပြီး အခြားသူများစွာကလည်း ထိုနည်းတူ ခံစားကြရ၏။ ကျင့်ကြံသူများအားလုံး သူတို့၏ မျက်လုံးများကို ကောင်းကင်ယံပြည့် ကြယ်တာရာများပေါ်တွင် စူးစိုက်ထားကြတော့၏။

တုံမီရှင်းတို့အဖွဲ့မှာတော့ သံသယ မရှိကြပေ။ ဂိုဏ်းအကာအကွယ် အခင်းအကျင်း စတင်အသက်ဝင်သည့် အခိုက်အတန့်တွင် သူတို့ ကိုယ်ခန္ဓာတစ်ခုလုံးကို ကြက်သီးထစေသော သေစေတတ်သည့် အရှိန်အဝါကို ခံစားလိုက်ရသည်။

ထိုလေးဦး အော်ဟစ်ကြ၏။ ထွက်ပြေးရန် ကြိုးစားကြသည်။ သို့သော် သူတို့၏ ခန္ဓာကိုယ်များမှာ ရွေ့လျားမရ ဖြစ်နေပြီး လုံးဝ မလှုပ်ရှားနိုင်တော့ချေ။

ဤ ကောင်းကင်ယံပြည့် ကြယ်အလင်းသည် ကြောက်မက်ဖွယ် ကောင်းသော တန်ခိုးအင်အားကို ပိုင်ဆိုင်ထားပြီး စစ်မှန်သော ကြယ်များက

သူတို့၏ ကိုယ်ခန္ဓာများကို ဖိထားသကဲ့သို့ပင် သူတို့အပေါ် ဖိနှိပ်နေတော့၏။

ထိုလေးဦး၏ မျက်လုံးများတွင် အကြောက်တရား ကြီးစိုးသွားလေသည်။

"မဖြစ်နိုင်ဘူး! ဒီ ဂိုဏ်းငယ်လေးရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း က ဘယ်လိုလုပ် ဒီလောက် အစွမ်းထက်နိုင်တာလဲ!"

" ဖွင့်စမ်း!"

ထိုလေးဦး အကြိမ်ကြိမ် ဟစ်အော်ကြသည်။ ရုန်းကန်ရန် ကြိုးစားကြသည်။

သို့သော် ကျောက်တုံးများဖြင့် ဖိထားသော ပုရွက်ဆိတ်ကလေးများနှယ် တုပ်တုပ်မျှပင်

မလှုပ်နိုင်တော့ချေ။

လုရီ သည် ထိုလေးဦးနှင့် မဝေးသော လေထုထဲတွင် ရပ်နေလေည်။ သူတို့ကို တည်ငြိမ်စွာ ကြည့်နေပြီး ကြီးစိုးစွာ ပြုံးသည်။

"ကျုပ်မှာ ဘယ်လို နည်းလမ်းတွေ ရှိသေးလဲဆိုတာ အခု ခင်‌ဗျားတို့ သိပြီလား"

"လုရီ! မင်း..." တုံမီရှင်း ဒေါသတကြီး ကြည့်လိုက်လေသည်။

သတ်လတ်ပိုင်းအရွယ် အမျိုးသားတစ်ဦးက

ထိုနေရာမှာပင် တောင်းပန်သည်။

"လုရီ၊ ကျွန်တော် မှားသွားပါပြီ။ ကျွန်တော့်ကို လွှတ်ပေးပါ။ ကျွန်တော်တို့ ချင်မိသားစု က မင်းနဲ့ ဘယ်တော့မှ ထိပ်တိုက်မဆုံစေရတော့ပါဘူး!"

ကျန်နှစ်ဦးလည်း အသနားခံကာ ဆက်တိုက် အော်ဟစ်ကြ၏။

လုရီ၏ မျက်နှာအမူအရာ ခက်ထန်လာပြီး

သူ့အတွေးတစ်ချက်ကို ထုတ်ဖော်လိုက်သည်နှင့်တပြိုင်နက် မြောက်များစွာသော ကြယ်တာရာ အလင်းများက ပြိုကျလာ တော့သည်။

အသခ်ျေကြယ်အစင်းများစွာနှယ် ဖိနှိပ်ချလိုက်ရာ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးသည် မည်သည့် အသံမျှပင်

မထွက်နိုင်မီ သွေးမြူများအဖြစ် ပြောင်းလဲ ကွယ်ပျောက်သွားရတော့၏။

သွေးမှုန်များသည် ကြယ်အလင်းထဲတွင် လှိုင်းထနေပြီး ကြေကွဲဖွယ်ရာ လှပမှု အရိပ်အယောင်တစ်ခုကို သယ်ဆောင်လာလေသည်။

ခဏတာမျှ လောကတစ်ခုလုံး ငြိမ်သက်သွားတော့၏။

ဂိုဏ်းအကာအကွယ်အခင်းအကျင်း၏ တန်ခိုးအင်အားကို စပ်စုနေသော အဝေးမှ ကျင့်ကြံသူများ အသံတိတ်သွားကြသည်။

သူတို့က ကြယ်တာရာ အလင်းများကြားမှ လုရီကို ပြူးကျယ်သော မျက်လုံးအစုံဖြင့် စိုက်ကြည့်နေကြ၏။ ဤမြင်ကွင်းသည် သူတို့ တစ်သက်တာလုံး မမေ့နိုင်တော့မည့် မြင်ကွင်းမျိုးပင် ဖြစ်ချေသည်။

လုရီသည် လက်များကို နောက်ပစ်ကာ

တုနှိုင်းမဲ့သော အင်မော်တယ်ပါရမီဖြင့် အတွေးတစ်ချက်တည်းဖြင့် ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးကို နှိမ်နင်းချလိုက်ရာ သူသည် သေမျိုး လောက အထက်မှ အင်မော်တယ် တစ်ပါး အလားပင်။

သူတို့အတွက်သာမက ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူ မိန်းကလေးများအတွက်ပါ

အဖြူရောင် ဝတ်ဆင်ထားပြီး နတ်ဘုရားနှယ် လေထဲတွင် ရပ်နေသော လုရီ၏ ရုပ်ပုံလွှာသည် သူမတို့၏ နှလုံးသားများတွင် ထာဝရ စွဲထင်ကျန်ရစ်ခဲ့တော့၏။

ခဏတာ တိတ်ဆိတ်ပြီးနောက် အဝေးမှ တောင်ထိပ်တစ်ခုပေါ်တွင် အခင်းအကျင်းတာအို ပညာရှင် တစ်ဦးက အသံများ တုန်ရီနေသည်။

"ဒီ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ဟာ မဟာယာန မဟာအင်အားကြီးပုဂ္ဂိုလ် တစ်ပါး ဝင်ရောက်လာရင်တောင် သေစေနိုင်တယ်ဆိုတာ သက်သေပြနိုင်ပြီ" ဟု သူက မှတ်ချက်ပြုလိုက်လေ၏။

အခန်း ၃၂၇ - ပန်းတစ်သောင်းဂိုဏ်း ၏ တစ်ဦးတည်းသော အမျိုးသားကျင့်ကြံသူ...

~ပတ်ဝန်းကျင်ရှိ ကျင့်ကြံသူတို့ အားလုံး တစ်ပြိုင်တည်း အသက်ရှူမှားသွားကြသည်။ သူတို့၏ မျက်လုံးများတွင် မယုံကြည်နိုင်သည့် အရိပ်များ ပြည့်နှက်နေလေ၏။

"ပန်းတစ်သောင်းဂိုဏ်း ရဲ့ ဂိုဏ်းအကာအကွယ်အခင်းအကျင်း က ဒီလောက် အစွမ်းထက်တာလား!"

ကျင့်ကြံသူအုပ်စုကြီးက တက်တက်ကြွကြွ ဆွေးနွေးနေကြသည်။

"ဒီ ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကို လုရီ က တည်ဆောက်ခဲ့တာပဲ။ သူ့ရဲ့ အခင်းအကျင်းတာအို အင်အားက မဟာယာန နယ်ပယ်ကြီးကိုတောင် အံတုနိုင်နေပြီ.. ကြောက်စရာကောင်းလှတယ်"

"ပန်းတစ်သောင်းဂိုဏ်းက အရင်က မငြိမ်မသက် ဖြစ်ခဲ့ရပေမဲ့ ဒီလို ဂိုဏ်းအကာအကွယ်အခင်းအကျင်း မျိုး ရှိနေတော့ နောက်ထပ် စိုးရိမ်စရာ မရှိတော့ဘူးပဲ.."

ထို့နောက် တစ်စုံတစ်ဦးက ပြဿနာတစ်ခုကို တွေးမိပြီး ပြောလိုက်၏။

"ဒါပေမဲ့ လုရီက မူလယန်ဂိုဏ်း၊ ချင်မိသားစု နဲ့ မေ့မြစ်တောင်ကြား က ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် တွေကို သတ်ပစ်လိုက်တာနော်။ သူတို့အိမ်တွေက ဒီအတိုင်း လွှတ်ထားမှာ မဟုတ်ဘူး!"

"ဟား..လွှတ်မထားလည်း ဘာဖြစ်လဲ။ ဒီလို မဟာအခင်းအကျင်းကြီး ကာကွယ်ပေးထားတာကို မဟာယာန ဘိုးဘေး တစ်ပါး လာရင်တောင် အသုံးမဝင်တော့ဘူးလေကွာ"

"ဒါပေမယ့်၊ သူတို့က ပန်းတစ်သောင်းဂိုဏ်းကို ပစ်မှတ် မထားဘဲ လုရီ ကို ပစ်မှတ်ထားရင်ရော"

"လုရီသာ ဒီလောက် လွယ်လွယ်ကူကူ ပစ်မှတ်ထားလို့ ရရင် သူ နတ်ဓားဂိုဏ်း ကနေ နောက်ဆုံးအကြိမ် ပြန်လာတုန်းက မဟာအင်အားကြီးပုဂ္ဂိုလ်တွေရဲ့ အဖမ်းခံရမှာပေါ့။ အရင်တစ်ခါ မဟာအင်အားကြီးပုဂ္ဂိုလ်အများကြီးပဲ သူ့ကို

မဖမ်းနိုင်ခဲ့ဘူးဆိုတော့ ဒီတစ်ခါလည်း ခက်ခဲမှာပဲ။ လုရီ တိမ်ဖြူဂိုဏ်းကို ပြန်ရောက်တဲ့အထိ စောင့်ကြည့်ကြဦး၊ ဘယ်သူက တိမ်ဖြူဂိုဏ်းထဲ ဝင်ပြီး သူ့ကို ဖမ်းရဲမလဲ?"

"ဒါတင် မကသေးဘူး... တိမ်ဖြူဂိုဏ်းထဲမှာ တိတ်တဆိတ် ရှိနေတဲ့ ခွန်အားကြီးသူက လုရီ နဲ့ အတူ ရှိမလား.. မင်း ဘယ်လို ‌သိမလဲ။ လုရီ ရဲ့ ပါရမီတွေကို ကြည့်ရင် သူ အနာဂတ်မှာ အင်မော်တယ် ဖြစ်ဖို့ သေချာသလောက်ပဲ။ ရိုးရိုး အင်မော်တယ် လည်း မဟုတ်နိုင်ဘူး။ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူ တစ်ပါးက သူ့ရဲ့ အစောင့်အ‌ရှောက်အဖြစ် တာဝန်ယူထားတာလည်း ဖြစ်နိုင်တာပဲ

ဤစကားများကြောင့် လူတိုင်း ချက်ချင်း မီးကို ရေဖြင့် ငြိမ်းလိုက်သလို ငြိမ်ကျသွားကြလေသည်။

ကျင့်ကြံသူများအားလုံး လန့်သွားကြကာ ပတ်ပတ်လည်ကို ပြူးပြူးပျာပျာ ကြည့်ကြသည်။

ကပ်ဘေးဖြတ်ကျော် ဘိုးဘေး တစ်ပါးက မှောင်ရိပ်ထဲမှာ ပုန်းအောင်းနေပြီး လုရီအား စောင့်ကြပ်နေတာမျိုး ရှိမှာကို ကြောက်ရွံ့ကြတော့၏။

ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးကို သတ်ဖြတ်ပြီးနောက် လုရီ သည် ဂိုဏ်းဝဂိတ်သို့ ပြန်လာခဲ့၏။

ဤအချိန်တွင် အဘွားဟွားနှင့် အခြား ခွန်အားကြီးသူတို့သည် မှင်သက်မှုမှ ပြန်လည် အသိဝင် နေပြီ ဖြစ်ရာ အံ့ဩမှုများဖြင့် ပြည့်နှက်နေကြလေသည်။

"ဒီ ဂိုဏ်းအကာအကွယ်အခင်းအကျင်းက တကယ်ပဲ ဒီလောက် အစွမ်းထက်တာလား"

ထိုသို့ မဟာအကြီးအကဲ တစ်ဦးက အပျော်လွန်၍ ထုတ်ပြောလာလေ၏။

အဘွားဟွားပင်လျှင် ထပ်တူ ခံစားရ၏။

လုရီ သည် ပေါင်းစည်းခြင်းနယ်ပယ် မှ ပစ္စည်းများစွာကို အသုံးပြုခဲ့ပြီး သူ၏ အခင်းအကျင်းတာအို အဆင့်မှာ အလွန်မြင့်မားသည်ကို

သိသော်လည်း လုရီ က ဤမျှ ကြောက်မက်ဖွယ်ကောင်းသော ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကို ဖန်တီးနိုင်လိမ့်မည်ဟု သူမ ထင်မထားခဲ့ချေ။

"ဒီ ဂိုဏ်းအကာအကွယ်အခင်းအကျင်းက

မဟာယာန အင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတယ်။ မဟာယာန တစ်ပါးပါးက အခင်းအကျင်း ထဲကို ဝင်ရဲရင် သူတို့ကိုလည်း သတ်ပစ်နိုင်တယ်ဗျ"

ထိုသို့ လုရီ က ပြုံး၍ အသိပေးလိုက်သည်။

ယင်းက ပန်းတစ်သောင်းဂိုဏ်း မှ အာဏာရှိသူများအားလုံးကို ပို၍ပင် စိတ်လှုပ်ရှားစေတော့၏။

"ဒီ အခင်းအကျင်း ရှိနေတော့ ငါတို့ ပန်း

တစ်သောင်းဂိုဏ်း အတွက် ဘာမှ စိုးရိမ်စရာ မရှိတော့ပါဘူး" အဘွားဟွား စိတ်သက်သာရာ ရကာ သက်ပြင်းချလိုက်သည်။

လုရီ ခဏမျှ စဉ်းစားပြီးနောက် တွေးတွေးဆဆ ပြောလိုက်၏။

"အခု ကျွန်တော် ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ် လေးဦးကို သတ်ပစ်လိုက်ပြီဆိုတော့ တချို့ အင်အားစုတွေကို ထိန်းချုပ်ထားလိုက်ပါပြီ။ သူတို့ ပန်းတစ်သောင်းဂိုဏ်း ကို ရှုပ်ရှုပ်ယှက်ယှက် မလုပ်ရဲတော့ဘူး။

ဒါပေမယ့်... ဒါက မူလယန်ဂိုဏ်း၊ ချင်မိသားစု နဲ့ မေ့မြစ်တောင်ကြားကို စော်ကားရာ ရောက်သွားပြီ။ သူတို့ ပန်းတစ်သောင်းဂိုဏ်းကို မလာနိုင်ရင်တောင် ဂိုဏ်း တပည့်တွေ အပြင်ထွက်ရင် အန္တရာယ် ရှိနိုင်ပါတယ်"

ယင်းအချက်က အဘွားဟွားနှင့် မဟာအကြီးအကဲ အချို့ကိုပါ ခေါင်းညိတ်စေခဲ့သည်။ သူတို့၏ မျက်နှာများတွင် အနည်းငယ် စိုးရိမ်မှုများ ရှိနေ၏။

အသက်ကြီး အမျိုးသမီးတစ်ဦးက သက်ပြင်းချကာ ထုတ်ဖော်သည်။

"အင်း၊ ဒီ မဟာဂိုဏ်းကြီးတွေရဲ့ နယ်မြေတွေကိုလ ပင်လယ်မျိုးနွယ်တွေက သိမ်းပိုက်ထားတယ်။ သူတို့ ပင်လယ်မျိုးနွယ်တွေကိုကျ မတိုက်ဝံ့ဘဲ ငါတို့ နယ်မြေတွေကို လာကျူးကျော်ချင်ကြတယ်။ တကယ်ကို ရွံဖို့ ကောင်းလိုက်တာ"

အခြားသူများလည်း ခေါင်းတဆတ်ဆတ်ညိတ်ကြသည်။ ဒေါသများကို ဖော်ပြကြ၏။

"အထူးသဖြင့် မူလယန်ဂိုဏ်း၊ သူတို့က နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှာ မိစ္ဆာစွမ်းရည်တွေကို ကျင့်ကြံကြတာ။ ငါတို့ ဂိုဏ်းက တပည့်တွေ ဆက်တိုက် ပျောက်နေတာ သနားစရာပဲ။ ဒါ သူတို့ လက်ချက်ပဲ လေ"

အဘွားဟွား၏ မျက်နှာထားလည်း အေးစက်နေကာ စိတ်ပျက် အားလျော့နေ၏။

"အင်း...တောင်နဲ့ ဂိုဏ်းကို ခဏပိတ်ထားပြီး ဒီ မငြိမ်မသက်မှုတွေ ကုန်ဆုံးတဲ့အထိ စောင့်ကြည့်ကြတာ ပိုကောင်းမယ်။"

မဟာအကြီးအကဲ တစ်ဦးကလည်း အဘွားသွားစကားအား ခေါင်းညိတ်သည်။

"တာအိုရောင်းရင်းလု တည်ဆောက်ပေးထားတဲ့ ဂိုဏ်းအကာအကွယ် အခင်းအကျင်းနဲ့ဆိုရင် တောင်ကို ပိတ်ထားရင်တောင် ငါတို့ လုံခြုံနေဦးမှာပါပဲ"

မဟာအကြီးအကဲ များနှင့် အဘွားဟွားတို့ ပြင်းပြင်းထန်ထန် ဆွေးနွေးနေကြသည်။

လုရီက သူ့စိတ်ထဲတွင် အဘွားဟွား၏ စိတ်ကူးကို အမှန်ပင် သဘောတူခဲ့သည်။

အထူးသဖြင့် ချင်းကျိုး သည် အခု အလွန် ရှုပ်ထွေးနေလေငည်။ သူသည်ပင်

တိမ်ဖြူဂိုဏ်း နယ်မြေမှ ပန်းတစ်သောင်းဂိုဏ်း သို့ လမ်းတစ်လျှောက် တိုက်ပွဲကြမ်းများ ဆင်နွှဲလာခဲ့ရသည်လေ။

ပန်းတစ်သောင်းဂိုဏ်း မှ အမျိုးသမီး ကျင့်ကြံသူများသည် ပန်းများကြားမှ နတ်မိမယ်လေးများနှယ် ချစ်စရာကောင်းပြီး ဆွဲဆောင်မှုရှိကြရာ ဤအချိန်မျိုးတွင် သူမတို့ အပြင်ထွက်ခြင်းသည် အလွန်အမင်း အန္တရာယ်များလှပေ၏။

တောင်ကို ပိတ်ထားပြီးနောက် လုံခြုံစွာ ကျင့်ကြံခြင်းက တကယ်ပင် ပိုမို လုံခြုံမည် ဖြစ်ချေသည်။

လုရီ တစ်ချက်ပြုံးလ်ိုက်၏။

"ဒါဆိုရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်"

ထိုအခါ အဘွားဟွားက လုရီကို ကြည့်လိုက်သည်။

ထို့နောက် ယွင်ရှီးကို ဝေ့ကြည့်ပြီး ပြုံးကာ ပြောလာသည်။

"ရီအာ ၊ မင်းလည်း ဒီမှာပဲ နေပါလား"

လုရီ အံ့ဩသွားသည်။ ယွင်ရှီးကို ကြည့်လိုက်ရာ ယွင်ရှီးသည် သူ့ကို မျှော်လင့်ချက်ပြင်းစွာ ကြည့်နေသည်ကို တွေ့လိုက်၏။

ခဏမျှ စဉ်းစားပြီးနောက် သူ ပြောသည်။

"ဒါဆို ရက်အနည်းငယ်လောက် ကျွန်တော် နေပါ့မယ်။"

ယင်းက ယွင်ရှီးကို ပျော်ရွှင်သော အပြုံးတစ်ပွင့် ပွင့်စေခဲ့၏။

အဘွားဟွားနှင့် မဟာအကြီးအကဲ များလည်း ပြုံးပြုံးရွှင်ရွှင် ဖြစ်သွားကြ၏။

"ဒီနေ့ မဟာတိုက်ပွဲ ကြီးပြီးသွားတော့ မင်း မောပန်းနေမှာပဲ။ ယွင်ရှီး နဲ့အတူ အရင် ပြန်သွားပါလား" ဟု အဘွားဟွားက တိုက်တွန်းလေသည်။

လုရီက ခေါင်းညိတ်လိုက်၏။

ယွင်ရှီးသည် လုရီကို လက်ချင်း ချိတ်ကာ ဂိုဏ်း၏ အတွင်းပိုင်းသို့ ဦးဆောင်ခေါ်ဆောင်သွားလေသည်။

လမ်းတစ်လျှောက်တွင် လုရီ သည် ပန်း

တစ်သောင်းဂိုဏ်း မှ ကျင့်ကြံသူများအားလုံး

သူ့ထံ အကြည့်များ စုပြုံနေကြသည်ကို သတိပြုမိသည်။ သူမတို့၏ ကြည်လင်တောက်ပသော မျက်လုံးများတွင် ဖော်မပြနိုင်သော နှစ်သက်လေးစားမှုနှင့် စိတ်လှုပ်ရှားမှုများ ပြည့်နှက်နေ၏။ လူတိုင်း၏ အကြည့်များမှာ အလွန် ပြင်းထန်သဖြင့် သူ့ တစ်ကိုယ်လုံးကို ဝါးမျိုချင်နေသကဲ့သို့ပင် ဖြစ်ပြီး သူ့ဦးရေပြားပင် ယားယံလာတော့၏။

ပန်းတစ်သောင်းဂိုဏ်း တွင် အဖွဲ့ဝင် တစ်သိန်းကျော် တကယ်ပင် ရှိ၏။ ထိုမျှများပြားသော လူအများက သူ့ကို ထိုသို့ ကြည့်နေကြရာ လုရီ ပင် လွှမ်းမိုးခံစားရလေသည်။

သူသည် ဝံပုလွေဂူထဲ ဝင်ရောက်လာသလိုပင် ခံစားခဲ့ရလေ၏။

ယွင်ရှီး လည်း ဤအချက်ကို သတိပြုမိသည်။ သူမ နဖူးကို အနည်းငယ် တွန့်ချိုးလိုက်ပြီး လုရီ ၏ လက်မောင်းကို ဖက်တွယ်ကာ "လုရီ၊ မြန်မြန်သွားရအောင်" ဟု ဆိုလိုက်၏။

လုရီ အံ့ဩသွားပြီး ယွင်ရှီးအား ကြည့်ရင်းမျက်လုံးပြူးပြလိုက်သည်။

"ယွင်ရှီး၊ မင်း သဝန်တိုနေတာလား"

ထိုအခါ ..ယွင်ရှီး ခဏမျှ စဉ်းစားဟန်လေးဖြင့်

ပွင့်ပွင့်လင်းလင်း ဆိုလိုက်လေသည်။

"ဟုတ်တယ်၊ နည်းနည်း စိတ်မသက်မသာ ဖြစ်မိတယ်"

လုရီ : "..."

ယွင်ရှီးဆိုသည်မှာ အမြဲတမ်း ပွင့်ပွင့်လင်းလင်းပင် ရှိလေသည်။

လုရီ တဟဲဟဲ ရယ်မောလိုက်သည်။

ထို့နောက် ယွင်ရှီး နှင့်အတူ ဂူစံအိမ် ဆီသို့ အလျင်အမြန် ဦးတည်သွားတော့၏။

ဂူစံအိမ် သို့ ပြန်ရောက်သော် လုရီက စကားတစ်ခွန်းမျှ ထပ်မပြောဘဲ ယွင်ရှီး ကို အခန်းထဲသို့ ခေါ်ဆောင်သွားတော့၏။

ယွင်ရှီး က သူ့လက်မောင်းကို အရင်က တွယ်ကပ်ထားခဲ့သည်မှာ သူ့အား ရင်ခုန်စေပြီး ဖြစ်ရာ သူသည် အပြင်ဘက်တွင် သူ့ကိုယ်သူ ထိန်းချုပ်ထားခဲ့ရလေသည်။

"အာ..လုရီ..ဒီ..ဒီလို... မဟုတ်ဘူး"

ယွင်ရှီးမှာ လုရီ ဤသို့ ပြုမူလိမ့်မည်ဟု

မမျှော်လင့်ထားခဲ့ရာ မျက်လုံးကလေးများ ပြူးကျယ်သွားပြီး အံ့ဩတကြီး အော်ဟစ်လိုက်လေ သည်။

All Chapters