အခန်း (၃၃၄-၃၃၆)
Vol. 23 Ch. 334-336
အခန်း ၃၃၄ - သားကောင်အဖြစ် အသတ်ခံရမည့် သိုးသူငယ်...
~"ဘာ... သူတို့က ပြင်ပဂိုဏ်းတွေနဲ့ တကယ်ကြီးပေါင်းလိုက်ပြီဟုတ်လား... ဒါက... ဒါက သူတို့ဂိုဏ်းရဲ့ အချုပ်အခြာကို စွန့်လွှတ်လိုက်တာနဲ့တူတူပဲ မဟုတ်ဘူးလား။"
"ဘယ်တတ်နိုင်မှာလဲ... ချင်းကျိုးမဟာစစ်ပွဲမှာ သူတို့ ရှုံးထားတာလေ... နှစ်တစ်ထောင်လောက် တောင်ပိတ်နေတာက အခုအခြေအနေထက် ဘာထူးမှာလဲ။"
"ဒုက္ခပဲ... ဒီဂိုဏ်းသုံးခုက ပြင်ပအင်အားစုတွေနဲ့ပေါင်းပြီး သူတို့နယ်မြေဟောင်းတွေကို ပြန်တောင်းမယ်ဆိုရင် အေးခဲဆောင်းရာသီတောင်ကြားလို ဂိုဏ်းတွေနဲ့ တိုက်ပွဲဖြစ်ကြတော့မှာပေါ့။"
"အဓိပ္ပာယ်မရှိတာ... ငါတို့ ချင်းကျိုးမှာ
အားအကြီးဆုံးဆိုလို့ ဟင်းလင်းပြင်ဥမင်အဆင့် ဘိုးဘေးအဆင့်ပဲရှိတာ။ သူတို့ပေါင်းလိုက်တဲ့ ဂိုဏ်းတွေမှာ အနည်းဆုံး ပေါင်းစည်းခြင်းနယ်ပယ်က မဟာအင်အားကြီးတစ်ယောက်စီပါတယ်တဲ့... ဘယ်လို သွားယှဉ်မလဲ။"
"ငါစိုးရိမ်တာက အဲ့ဒီ မိုးကြိုးဘုရင်ခန်းမလို အဖွဲ့တွေက တောင်ဝါ ဂိုဏ်းကို အကြောင်းပြပြီး ငါတို့ ချင်းကျိုးရဲ့ ဒေသခံဂိုဏ်းတွေကို ပစ်မှတ်ထားလာမှာပဲ... အဲ့လိုသာ ဖြစ်လာရင်တော့ သွေးချောင်းစီးတော့မှာပဲ။"
ထိုစကားဝိုင်းကို နားထောင်နေသော လုရီ၏ စိတ်အစဉ်သည် လေးလံသွားခဲ့သည်။ ပြင်ပအင်အားစုတို့သည် ချင်းကျိုးသို့ မရေမရာသော အကြောင်းပြချက်များဖြင့် ရောက်ရှိလာခဲ့ကြသည်။ သူတို့တွင် လွှမ်းမိုးနိုင်သော ကြောက်မက်ဖွယ်ကောင်းသည့် ခွန်အားများ ရှိနေသော်လည်း အပေါ်ယံအားဖြင့်မူ ၎င်းတို့သည် ဂိုဏ်းချုပ်များဖြစ်ကြသောကြောင့် ဒေသခံ ချင်းကျိုးဂိုဏ်းများကို အလွန်အကျွံ ဒုက္ခမပေးဘဲ အနေအထိုင် ထိန်းသိမ်းထားကြသေး၏။
သို့သော် ယခုမူ တောင်ဝါဂိုဏ်း၊ ယိုလော့ဂိုဏ်း နှင့် ငွေလမင်း တောင်ကြားတို့က သစ္စာခံလိုက်ကြခြင်းကြောင့် ၎င်းတို့၌ ဒေသခံများကို ဒုက္ခပေးရန် အကြောင်းပြချက်ကောင်းတစ်ခု ပေါ်ထွက်လာတော့သည်။
ချင်းကျိုး၏ အတိတ်က မဟာစစ်ပွဲတွင် နယ်မြေများ ခွဲဝေခဲ့ခြင်းကို အကြောင်းပြု၍ ဤပြင်ပဂိုဏ်းအင်အားစုသုံးခုသည် ကျူးကျော်ရန် ဆင်ခြေကောင်းတစ်ခု ရရှိသွားခဲ့ရာ ချင်းကျိုး၏ ဒေသခံဂိုဏ်းများအတွက် မကြုံစဖူး ခက်ခဲမှုများကို ယူဆောင်လာနိုင်သည်မှာ မလွဲဧကန်ပင် ဖြစ်၏။
‘တော်သေးတာပေါ့... အေးခဲဆောင်းရာသီတောင်ကြားနဲ့ ဝမ်ကျန်း စံအိမ်အတွက် အခင်းအကျင်းတွေ ငါ တည်ဆောက်ပေးခဲ့လို့။ ဟုတ်တယ်... ဝမ်ကျန်းစံအိမ်က နတ်ဓားဂိုဏ်းရဲ့ ကျောထောက်နောက်ခံရှိလို့ ပြဿနာ မရှိလောက်ဘူး။ ဒါပေမဲ့ အေးခဲဆောင်းရာသီတောင်ကြားကတော့ ငါ့ အခင်းအကျင်း သာမရှိရင် တကယ်ကို ဒုက္ခအကြီးအကျယ်ရောက်မှာ။’
လုရီ သက်ပြင်းချလိုက်မိသည်။
‘သံမဏိနှလုံးသား ဂိုဏ်း၊ အနီရောင် တိမ်တိုက်ဂိုဏ်းနဲ့ ကျောက်စိမ်းနက် တောင်ကတော့ ငါ့ကို လာမပြောသလို အခင်းအကျင်း လုပ်ပေးဖို့လည်း မဖိတ်ခေါ်ခဲ့ဘူး။ ဒီကိစ္စကျတော့လည်း ငါ ဘာမှ လုပ်ပေးလို့ မရဘူး။’
သုံးရက်ကြာသော် ချင်းကျိုး၏ မငြိမ်သက်မှုများသည် လှိုင်းလုံးကြီးများအဖြစ် ထပ်မံရိုက်ခတ်လာတော့သည်။
လုရီ မျှော်လင့်ထားသည့်အတိုင်းပင် မိုးကြိုးဘုရင်ခန်းမ၊ ပေတိုဂိုဏ်းနှင့် လော့ရှင်းဂိုဏ်းတို့သည် သူတို့၏ လက်အောက်ခံဂိုဏ်းများကို အကြောင်းပြ၍ နယ်မြေများစွာနှင့် အရင်းအမြစ်အချို့ကို ပြန်လည်သိမ်းပိုက်ခဲ့ကြသည်။
ဤအရင်းအမြစ်များသည် မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦးရှိသော ဂိုဏ်းတစ်ခုအတွက် များစွာ မပြောပလောက်သော်လည်း ၎င်းတို့၏ တပည့်များအတွက်မူ သိသာသော ဖြည့်ဆည်းမှုဖြစ်ခဲ့သည်။ အခြား မဟာ ဒေသများသို့ သွားရောက်တိုက်ခိုက်ပါက ၎င်းတို့နှင့် အဆင့်တူ ပြိုင်ဘက်များနှင့် ရင်ဆိုင်ရမည်ဖြစ်ပြီး ဆုံးရှုံးမှုက ပို၍ ကြီးမားပေလိမ့်မည်။
ဤကာလအတွင်း အနီရောင် တိမ်တိုက် ဂိုဏ်းနှင့် မိုးကြိုးဘုရင်ခန်းမတို့ကြား၌ သတ္တုတွင်းတစ်ခုကြောင့် အငြင်းပွားမှုဖြစ်ပွားခဲ့ရာ နောက်ဆုံးတွင် အနီရောင် တိမ်တိုက် ဂိုဏ်း၏ တံခါးဝကို တိုက်ခိုက်ခြင်းအထိ ရောက်ရှိသွားခဲ့ပြီး ၎င်းတို့၏ ကျင့်ကြံမှု အမွေအနှစ်များ ပြန့်ကျဲပျက်စီးသွားခဲ့ရတော့သည်။
အခြေအနေကို သိရှိသူအချို့က အနီရောင် တိမ်တိုက် ဂိုဏ်းသည် အလွန်အမင်း
အလျှော့ပေးခဲ့သော်လည်း မိုးကြိုးဘုရင်ခန်းမက အကြောင်းပြချက်မရှိ အကြောင်းပြချက်ရှာကာ တိုက်ခိုက်ခဲ့ကြောင်း ဖွင့်ဟ ပြောဆိုခဲ့ကြသည်။
ရုတ်တရက် ချင်းကျိုးအတွင်း၌ ဝှက်ထားသော လှိုင်းစီးကြောင်းများသည် ပြည်နယ်တစ်ခုလုံးကို ဝါးမြိုပစ်မည့် ဧရာမလှိုင်းလုံးကြီးများအဖြစ် ပြောင်းလဲသွားတော့၏။
ဤသို့ အင်အားကြီးမားသော ပြင်ပအင်အားစုများနှင့် နှိုင်းယှဉ်ပါက ချင်းကျိုးဒေသခံ ဂိုဏ်းများ၌ သိသိသာသာ အားနည်းချက်များ ရှိနေခဲ့ကြသည်။
‘ဒီလို ကမောက်ကမ ဖြစ်တဲ့အချိန်တွေမှာ အင်အားနည်းတဲ့ ဂိုဏ်းတွေရဲ့ကံကြမ္မာက တကယ်ကို ကြေကွဲစရာပဲ။’
လုရီသည် စိတ်ထဲ၌ သက်ပြင်းချရင်း တွေးတောနေမိသည်။
နောက်ထပ် ရက်အနည်းငယ်အကြာတွင် အေးခဲဆောင်းရာသီတောင်ကြားသည် ပန်းတစ်သောင်းဂိုဏ်းနည်းတူ တံခါးပိတ်ကျင့်ကြံကြောင်း ကြေညာလိုက်တော့သည်။
ဤဆုံးဖြတ်ချက်ကြောင့် ချင်းကျိုးမှ ကျင့်ကြံသူတို့ အံ့အားသင့်သွားကြသည်။ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ဂိုဏ်း တစ်ခုသည် မဟာအင်အားကြီးပုဂ္ဂိုလ် ဦးဆောင်သော အင်အားစုများနှင့် ရင်ဆိုင်ရသောအခါ တံခါးပိတ်ခြင်းနှင့် မပိတ်ခြင်းသည် မည်သို့များ ကွာခြားမည်နည်း။
မူလချင်းကျိုးစစ်ပွဲတွင် အပြင်းထန်ဆုံးတိုက်ခိုက်ခဲ့ကြသည်မှာ တိမ်ဖြူဂိုဏ်း၊ ပန်းတစ်သောင်းဂိုဏ်း၊ ဝမ်ကျန်း စံအိမ် နှင့် အေးခဲဆောင်းရာသီတောင်ကြားတို့ ဖြစ်ကြသည်။
ဂိုဏ်းလေးဂိုဏ်းစလုံးသည် ယိုလော့ ဂိုဏ်းတို့နှင့် သိသိသာသာ ရန်ငြိုးများ ရှိနေခဲ့ကြသည်။
သို့သော် ယခုမူ အေးခဲဆောင်းရာသီတောင်ကြားတစ်ခုတည်းသာ သိသာသော ကျောထောက်နောက်ခံ မရှိသည့် အားအနည်းဆုံးကွင်းဆက်အဖြစ် ကျန်ရှိနေတော့သည်။
တိမ်ဖြူဂိုဏ်း၌ လျှို့ဝှက် နေသော ကပ်ဘေး ဖြတ်ကျော် ကျင့်ကြံသူ တစ်ဦး ရှိသည်။
ပန်းတစ်သောင်းဂိုဏ်း၌ ကြောက်မက်ဖွယ်ကောင်းသော ဂိုဏ်းအကာအကွယ် အခင်းအကျင်းကြီး ရှိသည်၊ ဝမ်ကျန်း စံအိမ်၌မူ နတ်ဓားဂိုဏ်း၏ ထောက်ပံ့မှုရှိသည်။ ထို့ကြောင့် ဂိုဏ်းသုံးဂိုဏ်းသည် အေးခဲဆောင်းရာသီတောင်ကြားကို သဘာဝအတိုင်း လက်လွှတ်မည်မဟုတ်ချေ။
ရက်အနည်းငယ်အကြာတွင် ပေတိုဂိုဏ်းမှ ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦးသည် အေးခဲဆောင်းရာသီတောင်ကြားသို့ ကိုယ်တိုင်ရောက်ရှိလာပြီး ဖျက်ဆီးရန် ကြံရွယ်ခဲ့သည်။
သို့သော် ချင်းကျိုးတစ်ခုလုံးကို တုန်လှုပ်သွားစေသည်မှာ အေးခဲဆောင်းရာသီတောင်ကြား၏ ဂိုဏ်းအကာအကွယ် အခင်းအကျင်းကြီးသည် ထိုမဟာအင်အားကြီးပုဂ္ဂိုလ်ကို အောင်မြင်စွာ တားဆီးနိုင်ခဲ့ခြင်းပင် ဖြစ်လေသည်။
ဤအချက်သည် လူတိုင်းကို အံ့အားသင့်စေခဲ့ပြီး ၎င်းတို့သည် အလားတူအခြေအနေမျိုး ကြုံတွေ့ခဲ့ရသော ပန်းတစ်သောင်းဂိုဏ်းကို ချက်ချင်း သတိရလိုက်ကြသည်။ သဘာဝအတိုင်းပင် လူတိုင်းသည် လုရီကို သတိရသွားကြကုန်၏။
လုရီသည် ပန်းတစ်သောင်းဂိုဏ်းအတွက်သာမက အေးခဲဆောင်းရာသီတောင်ကြားအတွက်ပါ အခင်းအကျင်း စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်လား။
ယခုမှပင် ကျင့်ကြံသူတို့သည် အေးခဲဆောင်းရာသီတောင်ကြား အဘယ်ကြောင့် ဤမျှပြတ်သားစွာ တံခါးပိတ်ရန် ဆုံးဖြတ်ခဲ့သည်ကို နားလည်သွားကြတော့သည်။
မိုးကြိုးဘုရင်ခန်းမ၊ ပေတိုဂိုဏ်း နှင့် လော့ရှင်းဂိုဏ်းတို့သည်လည်း ပန်းတစ်သောင်းဂိုဏ်းနှင့် ဖြစ်ပျက်ခဲ့သည်ကို သိရှိပြီးဖြစ်သောကြောင့် အေးခဲ ဆောင်းရာသီတောင်ကြားကို အလွန်အကျွံ ဒုက္ခမပေးတော့ဘဲ ၎င်းတို့၏ နယ်မြေများကို သိမ်းပိုက်ရုံသာ ပြုလုပ်ခဲ့ကြသည်။
ဝမ်ကျန်း စံအိမ်၏ နယ်မြေများကိုမူ နတ်ဓားဂိုဏ်းမှ မဟာအင်အားကြီးပုဂ္ဂိုလ်တစ်ဦးကို ဒေါသထွက်စေမည်ကို ကြောက်ရွံ့သောကြောင့် မည်သူမျှ မထိရဲခဲ့ကြပေ။
ယခုမူ ချင်းကျိုးမှ ကျင့်ကြံသူအားလုံးသည် သံမဏိ နှလုံးသားဂိုဏ်းနှင့် ကျောက်စိမ်းနက် တောင်တို့ အဘယ်အခါတွင် နောက်ထပ် သားကောင်ဖြစ်လာမည်ကို မှန်းဆနေကြသည်။
အမှန်စင်စစ် အင်အားကြီးသော ပြင်ပဂိုဏ်းတို့အတွက် အင်အားနည်းသော ချင်းကျိုးဂိုဏ်းတို့သည် ရွေးချယ်ရန် အသင့်ဖြစ်နေသည့် သိုးသူငယ်လေးများနှင့် တူကာ အခြားသူတို့အတွက် အစာရေစာသာ ဖြစ်နေကြသည်တကား။
လုရီသည် စိတ်ထဲ၌ သက်ပြင်းချလိုက်သော်လည်း သိပ်လှုပ်ရှားခြင်းမရှိခဲ့ပေ။
‘. ဒါပေမဲ့လည်း ငါနဲ့ သူတို့နဲ့က ရင်းနှီးတဲ့ ဆက်ဆံရေးမှ မရှိတာ။’
နောက်ထပ်ရက်အနည်းငယ်အကြာတွင် လုရီသည် တိမ်ဖြူဂိုဏ်း၏ နယ်မြေသို့ ပြန်ရောက်လာပြီး တိမ်ဖြူ တောင်တန်းဆီသို့ လျင်မြန်စွာ ဦးတည်ခဲ့သည်။
ဂိုဏ်းတံခါး အပြင်ဘက်သို့ ရောက်သောအခါ
လုရီသည် အံ့အားသင့်စွာဖြင့် မြင်ကွင်းတစ်ခုကို တွေ့လိုက်ရသည်။
တိမ်ဖြူဂိုဏ်းတံခါးဝ၌ ကျင့်ကြံသူများစွာ ရှိနေပြီး ခွန်အား ကြီးသော ပုဂ္ဂိုလ်အချို့ကို
ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် နတ်ဘုရားအသွင်ပြောင်းနယ်ပယ် မဟာအကြီးအကဲအချို့က လက်ခံ တွေ့ဆုံနေခြင်း ဖြစ်သည်။
‘ဟိုလူတွေက သံမဏ်ိနှလုံးသား ဂိုဏ်းနဲ့ ကျောက်စိမ်းနက် တောင်က ခေါင်းဆောင်တွေနဲ့ အကြီးအကဲတွေပဲ။ ချင်းကျိုး စစ်ပွဲတုန်းက တစ်ခါ တွေ့ဖူးတယ်။ သူတို့... ဒီမှာ ဘာလာလုပ်ကြတာလဲ။ သူတို့အခြေအနေက မရေမရာ ဖြစ်နေတဲ့အချိန်မှာ...’
လုရီမှာ သူ၏ မူလရုပ်သွင်ကို ပြန်လည်ပြောင်းလဲထားပြီးဖြစ်ရာ သူရောက်ရှိလာသည်နှင့်
ဝူချင်းဖုန်းနှင့် အခြားသူများ ချက်ချင်း သတိထားမိလိုက်ကြလေသည်။ သူတို့၏ မျက်လုံးများ လင်းလက်လာပြီး ချဉ်းကပ်လာကြတော့၏။
ဂိုဏ်းချုပ် ဝူချင်းဖုန်းက ပြုံး၍ နှုတ်ဆက်လိုက်သည်။
"တူတော်မောင်လု... မင်း ပြန်လာပြီလား။"
အခန်း ၃၃၅ - သားကောင်အဖြစ် အသတ်ခံရမည့် သိုးသူငယ်...
~လုရီသည် ပြုံး၍ ခေါင်းညိတ်လိုက်သည်။
"ဟုတ်ကဲ့၊ ကျွန်တော် ပြန်ရောက်ပါပြီ။"
"ကောင်းတယ်... ကောင်းတယ်... ပြန်လာတာ တကယ်ကောင်းတယ်။ တကယ်ဆို ငါတို့တောင် မင်းကို သူတို့ဆီ အခင်းအကျင်း သွားလုပ်ပေးဖို့ လွှတ်လိုက်မိတာ နည်းနည်း နောင်တရနေတာ။ အပြင်မှာက ပိုပြီး ကမောက်ကမဖြစ်လာနေပြီ။"
ဟု အကြီးအကဲ ချူးယွင်က သက်ပြင်းချရင်း ဆိုသည်။
လုရီသည် ထပ်မံပြုံးလိုက်၏။
"အကြီးအကဲ ချူးယွင် စိတ်မပူပါနဲ့... ကျွန်တော့်မှာ နည်းလမ်းတွေရှိပါတယ်။ ဒီလောက် လှိုင်းထနေတာလောက်က ကျွန်တော့်အတွက် ပြဿနာ
မကြီးပါဘူး။"
ထိုစဉ် သံမဏ်ိနှလုံးသားဂိုဏ်း၏ ဂိုဏ်းချုပ်ဖြစ်သူ၊ အရပ်မြင့်မြင့် အလုံးအဖန်ကောင်းကောင်းနှင့် သက်လတ်ပိုင်း လူက ဝူချင်းဖုန်းအား အားကျသော အကြည့်ဖြင့် ကြည့်ကာ သက်ပြင်းချလိုက်သည်။
"အစ်ကိုဝူ... ခင်ဗျားကို တကယ်ပဲ အားကျတယ်ဗျာ... ကျွန်တော်တို့ သံမဏိနှလုံးသား ဂိုဏ်းမှာသာ အစကတည်းက လုရီလို ပါရမီရှင်တစ်ယောက် ရှိခဲ့ရင် ဒီလိုအခြေအနေမျိုး ရောက်မှာမဟုတ်ဘူး"
ဝူချင်းဖုန်း၏ မျက်ခုံးများသည် ပျော်ရွှင်စွာဖြင့် ကခုန်သွားပြီး သူက အားပါးတရ ရယ်မောလိုက်သည်။
"ဟားဟားဟား... ဒါကတော့ ကျွန်တော့် တိမ်ဖြူဂိုဏ်းကို ဘိုးဘေးတွေက စောင့်ရှောက်နေလို့နေမှာပေါ့ဗျာ။"
ကျောက်စိမ်းနက်တောင်၏ ဂိုဏ်းချုပ်ဖြစ်သူ၊ ပိန်ပါးသောမျက်နှာနှင့် ဆံပင်ဖြူများရှိသည့် အနက်ရောင်ဝတ်ရုံ ဝတ် အဘိုးအိုက လုရီကို ခေါင်းညိတ်ပြပြီး လက်များ ဆုပ်၍ နှုတ်ဆက်သည်။
"တာအို ရောင်းရင်းလေး လု... မတွေ့တာ ကြာပြီပဲ။"
လုရီသည်လည်း ပြုံး၍ ပြန်လည် နှုတ်ဆက်လိုက်ပြီးနောက် အနည်းငယ် နားမလည်သော အမူအရာဖြင့် မေးလိုက်သည်။
"ဂိုဏ်းနှစ်ခုလုံးက လူကြီးမင်းတွေက ဘာဖြစ်လို့ ကျွန်တော့် တိမ်ဖြူဂိုဏ်းတံခါးဝမှာ စုပြီး ရောက်နေကြတာလဲခင်ဗျ။"
သူ၏မေးခွန်းကြောင့် ဂိုဏ်းနှစ်ခုလုံးမှ ခွန်အားကြီးသော ကျင့်ကြံသူတို့၏ မျက်နှာများသည် အနည်းငယ် ရှက်ရွံ့သော အသွင်သို့ ပြောင်းသွားကြလေသည်။ ထို့နောက် ဝူချင်းဖုန်းက ရှင်းပြသည်။
"တူလေးလု... ဒီလိုကွ... သူတို့က ငါတို့ တိမ်ဖြူဂိုဏ်းနဲ့ လာပေါင်းဖို့ စီစဉ်နေကြတာ။"
ဤစကားကို ကြားသောအခါ လုရီသည် ခဏတာ အံ့အားသင့်သွားပြီး ဂိုဏ်းနှစ်ခုလုံးမှ ခွန်အားကြီးသော ကျင့်ကြံသူတို့ကို အနည်းငယ် ထူးဆန်းစွာ ကြည့်လိုက်မိသည်။ ထိုသူတို့ အများစုမှာ နတ်ဘုရား အသွင်ပြောင်းအဆင့် ကျင့်ကြံသူများဖြစ်ကြပြီး ဂိုဏ်းချုပ်များပင် ပါဝင်နေသည်တကား။
‘သူတို့က တိမ်ဖြူဂိုဏ်းကို လာပေါင်းမယ်... ဟုတ်လား။ ဒါဆို သူတို့ရဲ့ ကိုယ်ပိုင်ဂိုဏ်းတွေကရော ဘယ်လိုလုပ်မှာလဲ။’
သံမဏ်ိနှလုံးသား ဂိုဏ်း၏ ဂိုဏ်းချုပ်က ခါးသီးစွာ ပြုံးလိုက်သည်။
"လက်ရှိအခြေအနေကို ကြည့်ပါဦး... ငါတို့
သံမဏ်ိနှလုံးသားဂိုဏ်းအတွက် ဘာအနာဂတ်မှ မရှိတော့ဘူး။"
"မှန်တယ်၊" ဟု ကျောက်စိမ်းနက်တောင်၏ ဂိုဏ်းချုပ်ကလည်း အလားတူ ခါးသီးသောလေသံဖြင့် ထောက်ခံလိုက်၏။
"ဟိုပြင်ပဂိုဏ်းတွေက လောဘကြီးသလောက် အတောမသတ်ဘူး... အဲ့ဒီအပြင် ယိုလော့ဂိုဏ်းတို့လို အကောင်တွေကလည်း ငါတို့ကို အလွတ်ပေးမှာမဟုတ်ဘူး... သူတို့က ငါတို့ကို တိုက်ခိုက်ဖို့ အကြောင်းပြချက်အသစ်တွေ ထပ်ရှာနေကြမှာ... ငါတို့ရဲ့ ခွန်အားနဲ့ ဘယ်လိုခုခံနိုင်မှာလဲ။"
ဂိုဏ်းနှစ်ခုလုံးမှ ခွန်အားကြီးသော ကျင့်ကြံသူတို့၏ မျက်နှာထက်၌ ခါးသီးသော အမူအရာများနှင့် မချိတင်ကဲဖြစ်မှုတို့ ထင်ဟပ်နေကာ ပတ်ဝန်းကျင်တစ်ခုလုံး၌ လေးလံသောလေထုတစ်ခုကို ဖန်တီးခဲ့ကြလေသည်။
လုရီလည်း တိတ်ဆိတ်သွား၏။ ထိုဂိုဏ်းချုပ်များ ပြောကြားသည်မှာ မှန်ကန်ကြောင်း သူ သိရှိသည်တကား။ သို့သော်လည်း ၎င်းတို့၏ အမူအရာများကို ကြည့်ရင်း သူ၏စိတ်ထဲ၌ ရှုပ်ထွေးသော ခံစားချက်များ ဖြစ်ပေါ်နေခဲ့သည်။
‘ဒီဂိုဏ်းနှစ်ခုလုံးက နှစ်ပေါင်းတစ်သောင်းကျော် သမိုင်းရှိခဲ့တာ... ဘိုးဘေးတွေ မျိုးဆက်ပေါင်းများစွာ တည်ထောင်လာခဲ့တဲ့ အမွေအနှစ်တွေပဲ။ အခု သူတို့လက်ထက်ကျမှ ဒီအမွေအနှစ်တွေ ဆုံးခန်းတိုင်ရတော့မယ်ဆိုတော့... ဂိုဏ်းရဲ့ ထိပ်တန်းပုဂ္ဂိုလ်တွေအနေနဲ့ သူတို့ရဲ့ခံစားချက်က ဘယ်လောက်တောင် မချိတင်ကဲနဲ့ ရှုပ်ထွေးနေလိုက်မလဲ။’
ဂိုဏ်းချုပ်ဝူချင်းဖုန်းကမူ ၎င်းတို့၏ စိတ်အစဉ်ကို နားလည်သောကြောင့် သံမဏ်ိနှလုံးသားဂိုဏ်း၏ ဂိုဏ်းချုပ်ပုခုံးကို ပုတ်လိုက်ပြီး နှစ်သိမ့်သည်။
"အစ်ကိုထျဲ... စိတ်မကောင်းမဖြစ်ပါနဲ့... တိမ်ဖြူဂိုဏ်းကို ပူးပေါင်းလိုက်တာက သံမဏ်ိနှလုံးသားဂိုဏ်းရဲ့ အမွေအနှစ်ကို လုံးဝပြတ်တောက်သွားတာမဟုတ်ဘဲ ပုံစံတစ်မျိုးနဲ့ ဆက်ပြီးထိန်းသိမ်းသွားတယ်လို့ပဲ သဘောထားလိုက်ပါ...။"
သံမဏ်ိနှလုံးသားဂိုဏ်း၏ ဂိုဏ်းချုပ်က အပြုံးအတင်းလေးတစ်ခုကို ပြုံးလိုက်ရာ တော်တော်လေး အားယူထားရပုံ ပေါ်လေသည်။
နောက်ပိုင်း၌ လုရီသည် သံမဏ်ိနှလုံးသားဂိုဏ်းနှင့် ကျောက်စိမ်းနက်တောင်တို့ တိမ်ဖြူဂိုဏ်းအတွင်းသို့ ပေါင်းစည်းမည့် အသေးစိတ်အချက်အလက်များကို ဆွေးနွေးသည်ကို နားထောင်ခဲ့သည်။
ဂိုဏ်းနှစ်ခုလုံး၌ အခိုင်မာဆုံးကျင့်ကြံသူများမှာ နတ်ဘုရားအသွင်ပြောင်းအဆင့်များသာ ဖြစ်ကြပြီး ဟင်းလင်းပြင်ဥမင်အဆင့် ဘိုးဘေးများ မရှိကြချေ။ သို့သော် ချင်းကျိုး၏ ထိပ်တန်းဂိုဏ်းများထဲမှ တစ်ခုအဖြစ် ၎င်းတို့၌ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ တစ်ဒါဇင်ခန့်နှင့် အခြားအဆင့်မြင့် ကျင့်ကြံသူများစွာ ပိုင်ဆိုင်ကြသည်။
သို့သော်လည်း ဂိုဏ်းနှစ်ခုလုံး တိမ်ဖြူဂိုဏ်းထဲသို့ ပေါင်းစည်းပါက လူအများအပြားကို တစ်ပြိုင်နက် ခေါ်ဆောင်လာရန်မှာ လက်တွေ့
မကျချေ။ ထို့အပြင် တိမ်ဖြူဂိုဏ်းသည်လည်း ၎င်းတို့၏ နယ်မြေများနှင့် တပည့်အားလုံးကို လက်ခံရန် မတတ်နိုင်ပေ။ ထို့ကြောင့် တိမ်ဖြူဂိုဏ်း လုပ်ဆောင်နိုင်သည်မှာ ဂိုဏ်းနှစ်ခုလုံးမှ ရွှေအူတိုင်အဆင့်နှင့်အထက် ကျင့်ကြံသူများကိုသာ လက်ခံရန်ဖြစ်ပြီး ထိုအရေအတွက်ပင် လူထောင်ပေါင်းများစွာ ရှိနေသေးသည်။
ချင်းကျိုး ကမောက်ကမဖြစ်နေချိန်တွင် ၎င်းတို့သည် အသုတ်လိုက် လျှို့ဝှက်စွာ လာရောက်ကြရမည်ဖြစ်ပြီး နောက်ဆုံးတွင် တိမ်ဖြူဂိုဏ်းသို့ ကျင့်ကြံသူ မည်မျှ ဘေးမသိီ၊ ရန်မခဘဲ ရောက်ရှိလာမည်ကိုမူ မည်သူမျှ မသိနိုင်ချေ။
ထို့နောက် သူတို့သည် အသေးစိတ်အချက်အလက်များကို ဆက်လက်ဆွေးနွေးရန် တိမ်ဖြူဂိုဏ်း၏ မဟာခန်းမဆီသို့ ပျံသန်းသွားကြသည်။ လုရီသည် ထိုအရေးများအပေါ်
စိတ်မဝင်စားသဖြင့် သူတို့နောက်သို့ လိုက်မသွားတော့ချေ။
ပထမဆုံး လုရီသည် အိမ်သို့ ပြန်၍ အဘိုးကြီးလုနှင့် သူ့အမေကို သွားရောက် တွေ့ဆုံခဲ့သည်။
နှစ်များ ကြာလာသည်နှင့်အမျှ လုရီ၏ စဉ်ဆက်မပြတ်သော အရင်းအမြစ်ထောက်ပံ့မှုနှင့် ဝိညာဉ်ခြင်ဆီ၏ အစွမ်းကြောင့် သူ့မိဘများသည် အခြေတည် ဝိညာဉ်နယ်ပယ်သို့ ချိုးဖျက်နိုင်ခဲ့ကြပြီဖြစ်သည်။
သို့သော်လည်း သူ့မိဘများသည် ပြင်ပဂိုဏ်း၌သာ ဆက်လက် နေထိုင်ခဲ့ကြပြီး အတွင်းဂိုဏ်းသို့ ပြောင်းရွှေ့ရန် မလိုလားခဲ့ကြပေ။ ဂိုဏ်းချုပ်ကိုယ်တိုင် အကြိမ်ကြိမ် စည်းရုံးခဲ့သော်လည်း မအောင်မြင်ခဲ့ရာ နောက်ဆုံးတွင်
လုရီသည်လည်း သူ့မိဘများ သဘောအတိုင်းသာ နေထိုင်ခွင့် ပြုလိုက်တော့သည်။
ရလဒ်အနေဖြင့် အဘိုးကြီးလုသည် ပြင်ပအကြီးအကဲတစ်ဦး ဖြစ်လာခဲ့ပြီး သူ၏မိခင်ကမူ လုပ်ငန်းဆောင်ရွက်မှုခန်းမကို တာဝန်ယူခဲ့သည်။ အကြီးအကဲ ချီဖေးယွီနှင့် အကြီးအကဲ တုကူးဖန်တို့ပင်လျှင် သူတို့၏ လက်အောက်ငယ်သားများ ဖြစ်လာခဲ့ကြသည်။
အကြီးအကဲ ချီဖေးယွီနှင့် အကြီးအကဲ တုကူးဖန်တို့သည် အဘိုးကြီးလု၊ သူ့အနေနှင့် သူ့အား အစဉ်အဆက် ကောင်းမွန်စွာ ဆက်ဆံခဲ့ကြသောကြောင့် လုရီသည်လည်း မလိုအပ်တော့သော ပြီးပြည့်စုံခြင်းအဆင့် မှော်ဆေးလုံးများနှင့် ကောင်းကင်နှင့် မြေကြီး ရတနာအချို့ကို ၎င်းတို့အား ရက်ရောစွာ ပေးအပ်ခဲ့သည်။
ဤဆေးလုံးများနှင့် ရတနာတို့သည် လုရီအတွက် အရေးမကြီးသော်လည်း ရွှေအူတိုင်အဆင့်
အဘိုးအိုနှစ်ဦးအတွက်မူ အဖိုးမဖြတ်နိုင်သော ရတနာများ ဖြစ်ကြသည်။ ထိုအရာများကြောင့် တုကူးဖန်းသည် အခြေတည်ဝိညာဉ်နယ်ပယ်ကိုပင် ချိုးဖျက်နိုင်ခဲ့ပြီး ချီဖေးယွီလည်း ထိုနယ်ပယ်နှင့် သိပ်မဝေးတော့ချေ။
လုရီ အိမ်ပြန်ရောက်သည်နှင့် ထိုလူကြီးနှစ်ဦးသည် ချက်ချင်းပင် အစားအသောက်စားရရန်လာရောက် ဖားယားကြသည်။ ထို့အပြင်
အဘိုးကြီးလု၏ ယခင်လုပ်ဖော်ကိုင်ဖက်များသည်လည်း အလွန် လေးစားစွာဖြင့် အိမ်သို့ လာရောက်လည်ပတ်ကြသည်။
မည်သို့ပင်ဆိုစေကာမူ သူ လုရီသည် ယခုအခါ ချင်းကျိုး၏ အထွတ်အထိပ်ပုဂ္ဂိုလ်တစ်ဦး ဖြစ်နေပြီ မဟုတ်လော။
သူသည် အိမ်၌ တစ်ရက်တာ နေထိုင်ပြီးနောက် နောက်တစ်နေ့တွင် လူအုပ်ကြီးမှ လွတ်မြောက်ရန် လင်းလောင်တောင်ထွတ်သို့ ပြန်သွားခဲ့သည်။
သူ၏ ဂူစံအိမ် အရှေ့သို့ ရောက်သည်နှင့် ပုံပန်းသဏ္ဌာန် အလွန် လှပသော ပုဂ္ဂိုလ်နှစ်ဦး စံအိမ် အရှေ့မှာ ရပ်စောင့်နေသည်ကို တွေ့လိုက်ရသည်။
သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့ပင် ဖြစ်၏။
လုရီ တိမ်ဖြူဂိုဏ်းသို့ ပြန်ရောက်လာသည့်သတင်းသည် လျင်မြန်စွာ ပျံ့နှံ့နေပြီဖြစ်ရာ
သူမတို့နှစ်ဦးလည်း သဘာဝအတိုင်း သတင်းရရှိခဲ့ကြသည်တကား။
လုရီကို မြင်သောအခါ သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ အရောင် တောက်ပလာသည်။
သူမသည် လုရီ၏ ရင်ခွင်ထဲသို့ ခုန်ဝင်ပွေ့ဖက်လိုက်ပြီး မျက်နှာလေးကို ရှုံ့မဲ့ကာ ညုတုတုလေသံဖြင့် ဆိုလိုက်သည်။
"စီနီယာအစ်ကို... ဘာလို့ ဒီလောက် ကြာအောင် ပျောက်နေရတာလဲ... သုံးလနီးပါးတောင် ရှိပြီ။"
လုရီသည် ချက်ချင်းပင် အနေရခက်သွားသည်။
‘သုံးလ..အဲ.. အဲ့ဒီထဲက နှစ်လက
ပန်းတစ်သောင်းဂိုဏ်းမှာ ကုန်ဆုံးခဲ့တာ...
အချိန်အများစုက ယွင်ရှီးနဲ့ နှစ်ကိုယ်တူ
ကျင့်ကြံနေခဲ့တာ...’
ထို့နောက် လုရီသည် သူ မထွက်ခွာမီ ယွင်ရှီး၏ အလေးအနက် ဖြစ်နေသော တောင်းဆိုစကားကို ပြန်လည် သတိရလိုက်မိသည်။
‘သူက ငါ့ကို... စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးတို့နဲ့ မြန်မြန်လေး နှစ်ကိုယ်တူ ကျင့်ကြံဖို့ မှာလိုက်တယ်...။’
အခန်း ၃၃၆ - မကြုံစဖူး ရက်ရောသော အလုပ်ဆုလာဘ်များ...
~လုရီသည် ထိုရှုပ်ထွေးသော ပြဿနာကို စဉ်းစားနေစဉ်မှာပင် လျိုနင်ရွှမ်းသည် ရှေ့သို့တိုးလာပြီး သုန်းကုန်းမင်ယွဲ့၏ လည်ကုပ်ကို ဆွဲကာ နောက်သို့ ဆွဲခေါ်သွားတော့၏။
သုန်းကုန်းမင်ယွဲ့သည် ခြေကားယား လက်ကားယားဖြင့် ရုန်းကန်နေရင်း မကျေမနပ်အော်ဟစ်လိုက်သည်။
"အား... အား... အား... စီနီယာအစ်မ လူဆိုးမကြီး... ကျွန်မကို ဒီလိုလုပ်ပြန်ပြီ...။"
လျိုနင်ရွှမ်းသည် သုန်းကုန်းမင်ယွဲ့ကို အေးစက်စက်အကြည့်တစ်ချက် လှမ်းကြည့်လိုက်ရာ အေးခဲသော ရေခဲငွေ့များ ပျံ့နှံ့သွားသည်။ သုန်းကုန်းမင်ယွဲ့သည် ချက်ချင်းပင် တောင့်တင်းသွားပြီး အရင်တစ်ခါကဲ့သို့ ရေခဲတုံးအဖြစ် အေးခဲခံရမည်ကို စိုးရွံ့သောကြောင့် ဘာစကားမှ မပြောရဲတော့ဘဲ စိတ်ထဲ၌သာ တိုးတိုးလေး ညည်းညူနေတော့သည်။
‘တော်ပြီ... ဘာမှမပြောတော့ဘူး... ပြောရင် ရေခဲတုံး ဖြစ်သွားဦးမယ်။’
ထို့နောက် လျိုနင်ရွှမ်းသည် လုရီဘက်သို့ လှည့်လာကာ ညင်သာစွာ ပြုံးပြလိုက်သည်။
"ဂျူနီယာမောင်လေး ပြန်လာတာ ကောင်းပါတယ်။ မဟာယာနအဆင့် ဘိုးဘေးတစ်ပါးက နင့်ကို ချုံခိုတိုက်ခိုက်ခဲ့တယ်လို့ ကြားတော့ ငါတို့အရမ်း စိတ်ပူနေခဲ့တာ။"
လုရီက ပြန်လည် ပြုံးပြလိုက်သည်။
"စိတ်ချပါ... ကျွန်တော် ဘေးကင်းလုံခြုံစွာ ပြန်ရောက်လာပြီပဲ မဟုတ်လား။"
ထိုအခါ လျိုနင်ရွှမ်းသည် ခေါင်းအသာညိတ်ပြပြီး ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။
"အင်း... အပြင်မှာဖြစ်ခဲ့တဲ့ ကိစ္စတွေ ငါ့ကို နည်းနည်းလောက် ပြောပြပါဦး။"
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများလည်း တောက်ပလာပြီး လုရီကို မျှော်လင့်တကြီး ကြည့်နေသည်။ အမှန်ပင်၊ ချင်းကျိုးသည် ဤရက်ပိုင်းအတွင်း အလွန်ကမောက်ကမဖြစ်နေသောကြောင့် ၎င်းတို့သည် ဂိုဏ်းအပြင်သို့ တစ်ခါမျှ မထွက်ခဲ့ကြရပေ။
လုရီသည် ရယ်မောရင်း ခေါင်းညိတ်လိုက်ပြီး လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ကို သူ၏ဂူစံအိမ်သို့ ပြန်ခေါ်သွားကာ ဝိုင်ကောင်းအချို့ကို ထုတ်လာခဲ့သည်။
သူတို့သုံးဦးသည် သောက်ရင်း စကားပြောကြရင်း လုရီက သူ၏ မကြာသေးမီက အတွေ့အကြုံအချို့ကို ဝေမျှခဲ့သည်။ သို့သော် ပြင်ပလောကသည် ရှုပ်ထွေးနေသောကြောင့် သူပြောပြသည်တို့၏ အများစုမှာ မကောင်းသောသတင်းများသာဖြစ်ပြီး လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ မျက်မှောင်ကြုတ်စေခဲ့သည်။
‘နှစ်ကိုယ်တူကျင့်ကြံတဲ့ ကိစ္စကိုတော့ ချန်ထားလိုက်တယ်။ သီးသန့်ဆွေးနွေးတာ ပိုကောင်းလိမ့်မယ်။ ဒါက ယွင်ရှီးဆီကနေ သင်ယူခဲ့တဲ့ အတွေ့အကြုံပဲ။ ယွင်ရှီး ရောက်လာတိုင်း ငါတို့ကြားက ဆက်ဆံရေးက အစပိုင်းမှာ သိပ်မတိုးတက်ဘူး။ ဒါပေမဲ့ သူနဲ့ နှစ်ယောက်တည်း အချိန်ဖြုန်းပြီးမှ သိသိသာသာ တိုးတက်လာခဲ့တာ။ စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးတို့နဲ့ တစ်ယောက်ချင်းစီ သီးသန့်တွေ့ပြီးမှ ဆွေးနွေးတာ ပိုကောင်းလိမ့်မယ်။’
သူတို့သည် စကားပြောရင်း၊ ဝိုင် သောက်ရင်းဖြင့် ကိစ္စများစွာကို အသေးစိတ်ဆွေးနွေးခဲ့ကြရာ ဝိုင်ပုလင်းများစွာ ကုန်ဆုံးသွားခဲ့သည်။
နောက်ဆုံးတွင် သုံးဦးစလုံး တော်တော်လေး မူးယစ်သွားကြပြီး တစ်ယောက်နှင့်တစ်ယောက် မှီ၍ တစ်ညတာလုံး အိပ်ပျော်သွားခဲ့ကြသည်။
နောက်တစ်နေ့ နံနက်ခင်း၌ လုရီ နိုးလာသောအခါ သူ၏ကိုယ်ပေါ်၌ လေးလံမှုကို ခံစားလိုက်ရပြီး မွှေးရနံ့သင်းသင်းတစ်ခုက သူ၏နှာခေါင်းထဲသို့ တိုးဝင်လာသည်။ သူ အောက်သို့ငုံ့ကြည့်လိုက်ရာ လျိုနင်ရွှမ်းသည် သူ၏ရင်ခွင်ထဲ၌ ခေါင်းလေးမှီကာ အိပ်စက်နေပြီး သုန်းကုန်းမင်ယွဲ့သည် သူ၏ ပေါင်ကို တင်းတင်းဖက်ထားကာ သူမ၏
သွယ်လျဖြူဖွေးသော ခြေထောက်များကို သူ၏လည်ပင်းပေါ်၌ပင် တင်ထားသည်ကို တွေ့လိုက်ရသည်။
‘ဒါ... ဘာ အခြေအနေကြီးလဲ။’
လုရီသည် သူ၏ ပါးစပ်ထောင့်ကို တွန့်လိုက်မိသည်။
"ဟင်... ဒါက ဘာကြီးလဲ။"
သုန်းကုန်းမင်ယွဲ့သည် အိပ်မက်ထဲ၌ ယောင်နေပုံရပြီး သူမ၏လက်ထဲ၌ ထူးဆန်းသောအရာတစ်ခုကို စမ်းမိကာ ညှစ်လိုက်သည်။
လုရီ၏ ကိုယ်သည် ပို၍ပင် တောင့်တင်းသွားပြီး သူ၏ကိုယ်ခန္ဓာတစ်ခုလုံး ထုံကျင်သွားတော့သည်။
ထိုလှုပ်ရှားမှုသည် အလွန်ကြီးမားလွန်းသောကြောင့် လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ လုံးဝနိုးသွားကြသည်။
သူမတို့ဘနှစ်ဦးစလုံး မျက်လုံးဖွင့်လိုက်ပြီး သုန်းကုန်းမင်ယွဲ့၏ လက်တင်ထားသည့်နေရာကို မြင်သောအခါ သူမတို့၏အမူအရာများ ခဲသွားကြသည်။ ပုံမှန်တည်ငြိမ်လှသော လျိုနင်ရွှမ်း၏ မျက်နှာပင်လျှင် ရှက်သွေးဖြန်းကာ နီရဲသွားခဲ့သည်။ သုန်းကုန်းမင်ယွဲ့အကြောင်းမှာမူ ပြောစရာပင် မလိုတော့ချေ။
သုန်းကုန်းမင်ယွဲ့၏ မျက်နှာသည် နီရဲတောက်သွားပြီး သူမသည် အလန့်တကြား ထအော်ကာ မိုးကြိုး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲသွားပြီး လုရီ၏ ဂူစံအိမ်ထဲမှ အပြေးအလွှား ထွက်သွားတော့၏။
လျိုနင်ရွှမ်းသည် ထထိုင်လိုက်ရာ သူမ၏နက်မှောင်သောဆံပင်များသည် ရေတံခွန်ကဲ့သို့ ကျဆင်းလာပြီး သူမ၏ကျောက်စိမ်းကဲ့သို့ လက်မောင်းများနှင့် သွယ်လျသောခြေထောက်များသည် သူမ၏မသပ်မရပ်ဖြစ်နေသော အဝတ်အစားများကြောင့် တစ်စိတ်တစ်ပိုင်း ပေါ်လွင်နေသည်တကား။ သူမ၏မျက်နှာသည် အနည်းငယ်နီရဲနေပြီး လုရီကို ကြည့်ရင်း ညင်သာစွာ တိုးတိုးလေး ဆိုလိုက်သည်။
"ဂျူနီယာမောင်လေး... မင်းစိတ်ထဲမှာ ဘယ်လိုဖြစ်လို့ ဒီလိုအတွေးတွေ ရောက်နေရတာလဲ။"
လုရီသည် အပြစ်ကင်းစင်သောပုံစံဖြင့် ကာကွယ်ပြောဆိုလိုက်သည်။
"ကျွန်တော့်အပြစ် မဟုတ်ဘူးလေ... ဒါက မနက်ခင်းမှာ ဖြစ်တတ်တဲ့ သဘာဝတုံ့ပြန်မှုပဲဟာ။"
လျိုနင်ရွှမ်းသည် "ဟွန့်" ဟု အသာအယာ ရွတ်လိုက်ပြီး၊ "ငါ ကျင့်ကြံဖို့ ပြန်တော့မယ်။" ဟု ဆိုကာ ထရပ်လိုက်သည်။ သူမလည်း ထိုနေရာမှ လေနှင့်အတူ ပျောက်ကွယ်သွားတော့၏။
‘ဒါက ငါ့အပြစ် တကယ်မှ မဟုတ်တာ။’
လုရီသည် ခဏတာ သူ့ အောက်သို့ ငုံ့ကြည့်ပြီး သက်ပြင်းချလိုက်မိသည်။
လှပသော အမျိုးသမီးများ ထွက်ခွာသွားသောအခါ လုရီသည် ဂူစံအိမ်ကို ပိတ်ပြီး ကျင့်ကြံရေး အခန်းထဲသို့ ဝင်ရောက်သွားသည်။ သူ၏ခရီးစဉ်မှ ရရှိသော အကျိုးအမြတ်များကို စာရင်းပြုစုလိုက်ရာ သူ၏မျက်နှာထက်၌ ပျော်ရွှင်မှုတို့ ထင်ဟပ်လာသည်။
ပြီးမြောက်ခဲ့သော အလုပ်များ:
* ပန်းတစ်သောင်းဂိုဏ်းအတွက် ဂိုဏ်းအကာအကွယ် အခင်းအကျင်း တည်ဆောက်ခြင်း (ပြီးစီး)
* အေးခဲဆောင်းရာသီတောင်ကြားအတွက် ဂိုဏ်းအကာအကွယ် အခင်းအကျင်း တည်ဆောက်ခြင်း (ပြီးစီး)
* ဝမ်ကျန်း စံအိမ်အတွက် ဂိုဏ်းအကာအကွယ် အခင်းအကျင်း တည်ဆောက်ခြင်း (ပြီးစီး)
* မူလယန်ဂိုဏ်းမှ ခွန်အားကြီးသော ကျင့်ကြံသူတစ်ဦးကို သတ်ဖြတ်ခြင်း (ပြီးစီး)
* ပေါင်းစည်းခြင်းနယ်ပယ် မဟာအင်အားကြီးပုဂ္ဂိုလ်နှစ်ဦးကို သတ်ဖြတ်ခြင်း (ပြီးစီး)
* ဂိုဏ်းသုံးခု၏ ပိတ်ဆို့မှုမှ လွတ်မြောက်ခြင်း (ပြီးစီး)
* မူလယန်ဂိုဏ်းမှ မဟာယာနကျင့်ကြံသူတစ်ဦး၏ လက်မှ လွတ်မြောက်ခြင်း (ပြီးစီး)
ဤအလုပ်များသည် အကြီးမားဆုံးဖြစ်ပြီး
အကြွယ်ဝဆုံး ဆုလာဘ်များကို ယူဆောင်လာခဲ့သည်။ ပထမဆုံးအလုပ်သုံးခု၏ ဆုလာဘ်များမှာ အလွန်ရက်ရောလှသည်။ ၎င်းတို့တွင်
"လိပ်မည်းသတ်ဖြတ် အခင်းအကျင်း"၊ "မီးငှက်သတ်ဖြတ် အခင်းအကျင်း" နှင့် "ဓားကိုးစင်းသတ်ဖြတ် အခင်းအကျင်း" တို့ ပါဝင်ပြီး ၎င်းတို့အားလုံးသည် ပေါင်းစည်းခြင်းနယ်ပယ်အဆင့် မဟာ အခင်းအကျင်း များ ဖြစ်ကြသည်။
‘ငါ့မှာ အရင်ကတည်းက ကျားဖြူသတ်ဖြတ် အခင်းအကျင်း ရှိပြီးသား။ အခု လိပ်မည်းနဲ့ မီးငှက်ကိုရပြီ။ ငါ့ဂိုဏ်းအတွက် အခင်းအကျင်းကိုသာ ပြီးအောင်လုပ်လိုက်ရင် မိုးပြာနဂါးသတ်ဖြတ် အခင်းအကျင်း ကို ရနိုင်လောက်တယ်။ ဒါဆိုရင်... မဟာယာနအဆင့်ဖြစ်တဲ့
သက်ေတ လေးခု သတ်ဖြတ် အခင်းအကျင်း ကြီး ဖြစ်သွားမှာပဲ။’
‘သက်ေတ လေးခု သတ်ဖြတ် အခင်းအကျင်းနဲ့ ကောင်းကင် အခင်းအကျင်း မြေပုံကိုသာ ပေါင်းစပ်လိုက်ရင်... ငါ့ရဲ့စွမ်းအားက အကြီးအကျယ် တိုးတက်သွားမှာပဲ။ အဲ့ဒီအခါကျရင် မဟာယာနအဆင့် ကျင့်ကြံသူနဲ့တွေ့ရင်တောင် ထွက်ပြေးနေစရာမလိုတော့ဘဲ တည့်တည့်တောင် တိုက်ခိုက်လို့ရနိုင်လောက်တယ်။ ဟုတ်ပါတယ်... ငါက အဲ့ဒီတိုက်ပွဲကို ခံနိုင်ရည်ရှိမရှိကတော့ ပြေးရမှာပေါ့။’
သတ်ဖြတ်ရေအခင်းအကျင်း များအပြင် အခင်းအကျင်း တာအိုနှင့် ပတ်သက်သော ဉာဏ်အလင်းများလည်း ရရှိခဲ့သည်။
လုရီသည် အလုပ်များကို လက်ခံလိုက်သည်နှင့် သူ၏စိတ်ထဲတွင် တုန်ခါမှုကြီးတစ်ခု ပဲ့တင်ထပ်သွားသည်။
ကြယ်တာရာများ လှည့်ပတ်နေသော စကြဝဠာကြီးသည် သူ၏ရှေ့မှောက်၌ ဖွင့်လှစ်နေသကဲ့သို့ ဖြစ်နေပြီး ကမ္ဘာမြေနှင့် ကောင်းကင်၏ အမှန်တရားများသည် အခင်းအကျင်း ပုံစံများအဖြစ် ပေါ်ထွက်လာကာ ဖြည်းညင်းစွာ ပုံဖော်နေသည်။ ထို အခင်းအကျင်း ပုံစံများသည် ရှုပ်ထွေးပြီး စကြဝဠာတစ်ခွင် ပျံ့နှံ့နေကာ ဖော်ပြမရနိုင်သော ထူးဆန်း နက်နဲမှုတို့ စိမ့်ဝင်နေသည်တကား။
လုရီ၏ ဒန်တျန်အတွင်း၌ ကိုယ်ပိုင် တာအို ကိုယ်ပွားထံမှ တာအို တေးသံများ ထွက်ပေါ်လာပြီး ခုနစ်ရောင်မြူထုတို့ စီးဆင်းနေကာ လုရီ၏ ခန္ဓာကိုယ်အတွင်း ကောင်းကင်နှင့်မြေကြီး၏ ပဲ့တင်သံကဲ့သို့ ဟိန်းထွက်နေသည်။
သူ၏ အသိစိတ်ပင်လယ်အတွင်း၌ သူ၏ရွှေရောင်ဝိညာဉ်သည် ပွက်ပွက်ဆူနေပြီး စကြဝဠာ၏ အပြောင်းအလဲများကို အသေးစိတ်ခြေရာခံကာ နက်နဲသော အခင်းအကျင်း ပုံစံအမျိုးမျိုးကို ပုံဖော်နေသည်။
လုရီသည် ကမ္ဘာမြေနှင့် ကောင်းကင်၏ အမှန်တရားများအပေါ် သူ၏ နားလည်မှု လျင်မြန်စွာ တိုးတက်လာ သည်ကို ခံစားလိုက်ရသည်။
သူ ယခင်က ကျွမ်းကျင်ခဲ့သော အခင်းအကျင်းတာအို၏ ကန့်သတ်ချက်များသည် ဦးတည်ချက်အသစ်တစ်ခုကို တွေ့ရှိခဲ့သည်တကား။