← Chapters

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း (၃၃၇-၃၃၉)

Vol. 23 Ch. 337-339

အခန်း ၃၃၇ - မကြုံစဖူး ရက်ရောသော အလုပ် ဆုလာဘ်များ...

~လုရီ၏ စိတ်အစဉ်သည် တာအိုအခင်းအကျင်း၏ နက်နဲသော ပုံစံများအတွင်း၌ လုံးဝ နစ်မြုပ်နေခဲ့သည်။

ထိုပုံစံများသည် အဆုံးမရှိ ပြောင်းလဲလိမ်ယှက်နေသော်လည်း ၎င်းတို့အားလုံးတွင် မူလအခြေခံဖြစ်သော အနှစ်သာရတစ်ခု ရှိနေသည်။ ထိုအနှစ်သာရမှ အသွင်အမျိုးမျိုးတို့သည် မည်သည့်အခါမျှ ကွေကွင်းထွက်ခွာသွားခြင်း မရှိပေ။

ထိုသည်ပင်လျှင် တာအိုအခင်းအကျင်း၏ အမှန်တရားဖြစ်သည်။ ကောင်းကင်နှင့် မြေကြီး၏ ပုံစံများကို အသုံးပြုကာ ကောင်းကင်နှင့် မြေကြီး၏ စွမ်းအားကို ငှားယူသုံးစွဲခြင်းပင်တည်း။

လုရီသည် ဉာဏ်အလင်းများစွာ ရရှိခဲ့ပြီး သူ၏ တာအိုအခင်းအကျင်းလမ်းကြောင်းအတွက် ဦးတည်ရာများ ပိုမိုရှင်းလင်းလာခဲ့သည်။

သူသည် တာအိုအခင်းအကျင်းနယ်ပယ်မှ ဉာဏ်အလင်းများကို စုပ်ယူနေစဉ်တွင် သူ၏ပတ်ဝန်းကျင်ရှိ ကမ္ဘာလောကကြီးတစ်ခုလုံးသည် သူနှင့် ပေါင်းစပ်သွားသကဲ့သို့ ဖြစ်နေခဲ့သည်။

မမြင်ရသော ကလောင်တံတစ်ချောင်းက စကြဝဠာ၏ မင်ကို တို့ထိကာ သူ၏ ပတ်ပတ်လည်၌ ဟင်းလင်းပြင်ပေါ်တွင် ရှုပ်ထွေးနက်နဲသော အခင်းအကျင်းပုံစံများကို ရေးဆွဲနေသကဲ့သို့ပင်။

ခေါင်းကို မော့ကာ တရားထိုင်နေသည့် လုရီသည် ထို အခင်းအကျင်း ပုံစံများဖြင့် ဝန်းရံလျက်ရှိပြီး ကမ္ဘာလောကကြီးနှင့် တစ်သားတည်းကျနေသည့်အလား။ သူသည် ကမ္ဘာလောကကြီးကို ကိုယ်စားပြုနေပြီး သူပုံဖော်လိုက်သော သူမအခင်းအကျင်း ပုံစံများသည် ကမ္ဘာလောကကြီး၏ ဆန္ဒနှင့် လုပ်ဆောင်ချက်များ ဖြစ်နေခဲ့သည်။

သူ၏ အထူး ချောမော ထည်ဝါသော မျက်နှာသည် နက်နဲဆန်းကြယ်သော အလင်းရောင်ဖြင့် လင်းစင်လျက် ရှိပြီး မည်သည့်အချိန်တွင်မဆို လေနှင့်အတူ လွင့်မျောကာ စကြဝဠာနှင့် ပေါင်းစပ်သွားနိုင်သည့် ဟန်ပန်ကို ဆောင်လျက်ရှိသည်။

အချိန်မည်မျှ ကြာသွားသည်ကို မသိလိုက်ဘဲ

ထိုအလုပ်ဆုလာဘ်သုံးခုမှ တာအိုအခင်းအကျင်း ဉာဏ်အလင်းကို အပြည့်အဝ စုပ်ယူပြီးစီးသွားခဲ့သည်။

သူ့ခန္ဓာကိုယ်ပတ်လည်ရှိ ဆန်းကြယ်သောမြင်ကွင်းများ ပျောက်ကွယ်သွားပြီး သူ၏မျက်လုံးများကို ဖြည်းညင်းစွာ ဖွင့်လိုက်သည်။ သူ၏ မှောင်မိုက်နေသော မျက်ဝန်းနက်ကြီးများတွင် ရှုပ်ထွေးလှသော အခင်းအကျင်း ပုံစံများ ရိပ်ခနဲ တဖျတ်ဖျတ်လက်သွားပြီးနောက် တဖြည်းဖြည်း မှေးမှိန်ပျောက်ကွယ်သွားခဲ့သည်။

လုရီသည် လေကို ပြင်းပြင်းရှူထုတ်လိုက်ပြီး သူ၏မျက်နှာတွင် အံ့အားသင့်မှုများ ပြည့်နှက်နေခဲ့သည်။

‘ဒီအလုပ်ဆုလာဘ် သုံးခုကနေရတဲ့ တာအိုအခင်းအကျင်း ဉာဏ်အလင်းက ငါထင်ထားတာထက် အများကြီး ပိုပြီး ကြီးမားပါလား။’

တာအိုအခင်းအကျင်း၏ အနှစ်သာရကို နားလည်သွားပြီဟု ခံစားလိုက်ရသည်။

ကောင်းကင်နှင့်မြေကြီး၏ ကိုယ်စားပြုသူအဖြစ် ဤလမ်းကြောင်းအတိုင်းသာ ဆက်လက်လျှောက်လှမ်းပါက သူသည် တာအိုအခင်းအကျင်း ကျင့်ကြံသူများ၏ ထိပ်ဆုံးသို့ ရောက်ရှိကာ အခင်းအကျင်းမှတစ်ဆင့် တာအိုသို့ ဝင်ရောက်ပြီး တာအိုအခင်းအကျင်း

အင်မော်တယ်တစ်ပါး ဖြစ်လာနိုင်ပေလိမ့်မည်။

သူ၏တိုးတက်မှု မည်မျှကြီးမားသည်ကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်သည်။

လက်ရှိ ပန်းတစ်သောင်းဂိုဏ်းအတွက် မဟာ အခင်းအကျင်းကြီးကို ပြန်လည်တည်ဆောက်မည်ဆိုပါက ပေါင်းစည်းခြင်း နယ်ပယ်အဆင့် ရတနာကိုးခု မလိုအပ်တော့ဘဲ သုံးခုတည်းဖြင့်ပင် ထို အခင်းအကျင်း၏ အစွမ်းကို အပြည့်အဝ ဖော်ဆောင်နိုင်မည် ဖြစ်သည်။

သူသည် မဟာယာနအဆင့် မဟာအခင်းအကျင်း ၏ ဦးတည်ချက်ကိုပင် နားလည်သဘောပေါက်သွားခဲ့ပြီး သူ့ကိုယ်ပိုင် မဟာယာန မဟာ အခင်းအကျင်း သို့မဟုတ် ပိုမိုအားကောင်းသည့် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်း းကိုပင် ဖန်တီးနိုင်ပေလိမ့်မည်

ထို့ပြင် သူ၏ တာအိုအခင်းအကျင်းနယ်ပယ်သာ ထပ်မံတိုးတက်လာပါက သူ့ကိုယ်ပိုင် အင်မော်တယ် အခင်းအကျင်းကို တွက်ချက်ဖော်ထုတ်ခြင်းမှာပင် မဖြစ်နိုင်သောအရာ မဟုတ်တော့ပေ။

‘အခု လောလောဆယ်တော့ အရမ်းကြီး ရည်မှန်းချက် မကြီးသေးဘဲ တစ်ဆင့်ချင်းစီပဲ သွားသင့်တယ်။’

သူ့တွင် အတွေးတစ်ခု ပေါ်လာပြီး သူ့ကိုယ်သူ တီးတိုးရေရွတ်လိုက်သည်။

"ငါ ကိုယ်ပိုင် ပေါင်းစည်းခြင်းအဆင့် အခင်းအကျင်းကို ဖွဲ့တည်ချင်တယ်။"

[အလုပ်အသစ်]

ပေါင်းစည်းခြင်းအဆင့် အခင်းအကျင်းကို ဖွဲ့တည်ပါ။

ဆုလာဘ်: တာအိုအခင်းအကျင်း ဉာဏ်အလင်း တိုးမြှင့်ပေးမည်။

တာဝန် လက်ခံမည်လား: [လက်ခံမည်] /

[လက်မခံပါ]

လုရီ၏ မျက်လုံးများ တောက်ပသွားခဲ့သည်။

‘ဒါက အလုပ် ထုတ်လို့ ရတယ်... ဟုတ်တယ်။’

သူသည် အစဉ်အလာ အတိုင်းပင် လက်ခံလိုက်သည်။

ထိုသို့ဆိုလျှင်...

သူ့ခေါင်းထဲ၌ ရဲရင့်သော အတွေးတစ်ခု ပေါ်လာခဲ့သည်။

ဆက်၍ တီးတိုး ရေရွတ်လိုက်သည်။

"ငါ ကိုယ်ပိုင် ချီသန့်စင်အဆင့်အခင်းအကျင်းကို ဖွဲ့တည်ချင်တယ်။"

[အလုပ်အသစ်]

ချီသန့်စင်အဆင့်အခင်းအကျင်းကို ဖွဲ့တည်ခပါ။

ဆုလာဘ်: တာအိုအခင်းအကျင်း ဉာဏ်အလင်း တိုးမြှင့်ပေးမည်။

တာဝန် လက်ခံမည်လား: [လက်ခံမည်] /

[လက်မခံပါ]

လုရီသည် တာဝန်ကို လက်ခံလိုက်ပြီး ထပ်မံ၍...

"ကျွန်တော် ကိုယ်ပိုင် အခြေတည် ဝိဉာဉ် အဆင့် အခင်းအကျင်းကို တွက်ထုတ်ချင်တယ်။"

"..."

ထိုသို့ဖြင့် လုရီသည် အလုပ်များကို တစ်ခုပြီးတစ်ခု ထုတ်ပြန်ခဲ့သည်။ ချီကျင့်ကြံခြင်းမှ ပေါင်းစည်းခြင်းအထိ နယ်ပယ်တိုင်းအတွက် အခင်းအကျင်းများကို တွက်ထုတ်ရန် တာဝန်များကို ထုတ်ပြန်ခဲ့သည်။

ဤလမ်းကြောင်းအတိုင်းဆိုလျှင် သူ၏ တာအိုအခင်းအကျင်း ဉာဏ်အလင်းသည် အလွန်တိုးတက်လာနိုင်ပြီး မဟာအောင်မြင်ခြင်းနယ်ပယ်ကို ကျော်လွန်ကာ ကပ်ဘေးဖြတ်ကျော်နယ်ပယ်သို့ တက်လှမ်းနိုင်မည့် အခွင့်အလမ်းပင် ရှိပေလိမ့်မည်။

လုရီ စဉ်းစားပြီးနောက် ထပ်မံ၍ တီးတိုးရေရွတ်လိုက်သည်။

" ကိုယ်ပိုင် မဟာယာန အခင်းအကျင်းကို

ဖွဲ့တည်ချင်တယ်။"

[အလုပ်အသစ်]

မဟာယာန အခင်းအကျင်းကို တွက်ချက်ပါ။

ဆုလာဘ်: တာအိုအခင်းအကျင်း ဉာဏ်အလင်း တိုးမြှင့်ပေးမည်၊ မွေးရာပါ အခင်းအကျင်း ပုံစံ အပိုင်းအစ (၁) ခု။

တာဝန် လက်ခံမည်လား: [လက်ခံမည်] /

[လက်မခံပါ]

လုရီ၏ မျက်လုံးများ တောက်ပလာခဲ့ပြီး အလုပ်၏ ဆုလာဘ်ပြောင်းလဲမှုကို သတိပြုမိသွားခဲ့သည်။

‘မွေးရာပါ အခင်းအကျင်း ပုံစံ အပိုင်းအစ... ဒါက ဘာကြီးလဲ။’

လုရီ စူးစမ်းလိုစိတ် ပေါ်လာခဲ့သော်လည်း အလုပ်ကမပြီးသေးသည့်အတွက် အသေးစိတ်အချက်အလက်များကို မရရှိနိုင်သေးပေ။

သူက အလုပ်ကို လက်ခံလိုက်ပြီးနောက် သူ့ကိုယ်သူ ထပ်မံ တီးတိုးရေရွတ်လိုက်သည်။

"ငါ ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖွဲ့တည်ချင်တယ်။"

[အလုပ်အသစ်]

ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖွဲ့တည်ခပါ။

ဆုလာဘ်: တာအိုအခင်းအကျင်း ဉာဏ်အလင်း တိုးမြှင့်ပေးမည်၊ အခင်းအကျင်း တာအို နိယာမ တစ်မျှင်။

တာဝန် လက်ခံမည်လား: [လက်ခံမည်] /

[လက်မခံပါ]

"ရှီး..."

တာဝန်၏ ဆုလာဘ်ကို မြင်လိုက်ရသည့်အခါ

လုရီသည် အေးစက်သောလေကို ရှူသွင်းလိုက်မိသည်။

‘နိယာမ... ဒါက နိယာမပဲ။’

ဤသည်မှာ သူ့အတွက် နိယာမနှင့် ဒုတိယအကြိမ် တွေ့ဆုံရခြင်း ဖြစ်သည်။

နောက်ဆုံး တစ်ကြိမ်မှာ အင်မော်တယ် နိယာမဖြစ်ပြီး ထိုသည်မှာ အင်မော်တယ် အလုပ်နှင့် သက်ဆိုင်ကာ ထိုဆုလာဘ်ကို ရရှိခဲ့ခြင်း ဖြစ်သည်။ ယခုတစ်ကြိမ်တွင်မူ သူ့ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဉာဏ်အလင်းဖြင့် ဖော်ထုတ်နိုင်ပါက နိယာမကို ဆုလာဘ်အဖြစ် ရရှိမည်ဖြစ်သည်။

ဤဆုလာဘ်သည် အလွန်ပင် ရက်ရောလွန်းလှသည်၊ လုရီ၏ နှလုံးခုန်နှုန်း မြန်ဆန်လာပြီး ချက်ချင်းပင် အလုပ်ကို လက်ခံလိုက်သည်။

‘ငါ့ကိုယ်ပိုင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ငါ ဖွဲ့တည်ရမယ်။’

လုရီသည် သူ့ရင်ထဲတွင် ခိုင်မာစွာ ဆုံးဖြတ်လိုက်သည်။ ဤနိယာမ တစ်မျှင်သည် အလွန်ပင်

ဆွဲဆောင်မှု ရှိလှသည်။

ပထမ အလုပ် သုံးခုအတွက် ဆုလာဘ်များကို တောင်းဆိုပြီးနောက် လုရီသည် စတုတ္ထအလုပ်အတွက် ဆုလာဘ်ကို စတင် တောင်းဆိုခဲ့သည်။

[အလုပ်]

မူလယန်ဂိုဏ်းမှ အင်အားကြီးမားသော အဖွဲ့ဝင်တစ်ဦးကို သတ်ပါ။ (ပြီးစီး)

ဆုလာဘ်: ပေါင်းစည်းခြင်းနယ်ပယ် ဝိညာဉ်ဝိုင် ချက်နည်း "မူလယန်ဝိုင်"၊ မူလယန်သစ်သီး (၅) လုံး၊ ယွမ်ယင် သစ်သီး (၅) လုံး၊ အဆင့်မြင့် ဝိညာဉ်လက်နက် "ဝိညာဉ်ဖိနှိပ် စည်းတံဆိပ်"။

ဆုလာဘ်ကို တောင်းဆိုမည်လား: [တောင်းဆိုမည်] / [မတောင်းဆိုပါ]

ဤသည်မှာ ပန်းတစ်သောင်းဂိုဏ်းသို့

သူ သွားရောက် လည်ပတ်စဉ် မူလယန်ဂိုဏ်းမှ ကျင့်ကြံသူတစ်ဦးကို သတ်ခဲ့သည့် အလုပ် ဖြစ်သည်။

ဆုလာဘ်များမှာ အလွန်ပင် ရက်ရောလှသည်။

လုရီသည် သေချာ ဂရုတစိုက် ပြန်လည် စစ်ဆေးကြည့်လိုက်သောအခါ သူ၏ မျက်နှာသည် ထူးဆန်းလာခဲ့သည်။

"မူလယန်ဝိုင်"သည် အမျိုးသားကျင့်ကြံသူများအတွက်သာ အထူးရည်ရွယ်သည့် သေရည်အမျိုးအစားဖြစ်သည်။ ၎င်းကို သောက်သုံးပါက ယန်စွမ်းအင်ကို မြှင့်တင်ပေးပြီး ထိုကိစ္စရပ်တွင် စွမ်းဆောင်ရည်ကို သိသိသာသာ တိုးမြှင့်ပေးနိုင်သည်။

ထို့ပြင် ဤမူလယန်ဝိုင်သည် ခန္ဓာကိုယ်ကို သန်မာစေပြီး ဝိညာဉ်စွမ်းအင်၏ အရည်အသွေးကို မြှင့်တင်ကာ ယင်ယန်တာအို၏ ယန်ကဏ္ဍကို နားလည်နိုင်စွမ်းကို မြန်ဆန်စေသည်။

ဤမူလယန်ဝိုင်၏ အသုံးဝင်ပုံကို ကြည့်လိုက်သောအခါ လုရီသည် စကား မပြောနိုင်အောင် ဆွံ့အသွားခဲ့သည်။

‘ဒါ... ဘာ ဝိညာဉ်ဝိုင်ကြီးတုန်း။ အကျိုးသက်ရောက်မှုတွေကတော့ ကောင်းပါရဲ့... ဒါပေမဲ့ ငါ့အတွက် တကယ်တမ်း လက်တွေ့ကျတာက တစ်ခုမှ မပါဘူး။ ဟူး..ပြောစရာတောင်

မလိုဘူး၊ ယွင်ရှီးကတော့ ငိုနေရှာတော့မှာ..."

အခန်း ၃၃၈- မကြုံစဖူး ရက်ရောသော အလုပ် ဆုလာဘ်များ...

~‘ဒုတိယအချက်အနေနဲ့ ငါ့ရဲ့ရုပ်ခန္ဓာက အလွန်အမင်း သန်မာပြီးသား။ ဒီမူလယန်ဝိုင်က ဘယ်လောက်များ ထပ်တိုးမြှင့်ပေးနိုင်မှာမို့လို့လဲ။ တတိယအချက်က ငါ့ရဲ့ဝိညာဉ်စွမ်းအင် အရည်အသွေး... ဒါက စိတ်ကူးနဲ့တောင် ယှဉ်လို့မရလောက်အောင် မြင့်မားနေပြီ။ အင်မော်တယ်အဆင့် ကျမ်းအကြောင်း ကြားဖူးလား။ တာအိုဝိညာဉ်ရတနာတွေနဲ့ အခြေတည်ခဲ့တာကိုရော စဉ်းစားဖူးလား။ နောက်ဆုံးအချက်ဖြစ်တဲ့ ယင်ယန်တာအိုကို နားလည်နိုင်စွမ်း မြန်ဆန်လာခြင်း... ဒီဟာကိုတောင် ငါက လိုသေးလို့လား။ ငါ့အနေနဲ့ နှစ်ကိုယ်တူ ကျင့်ကြံလိုက်ရုံနဲ့ တိုးတက်နှုန်းက ဒုံးပျံလို မြန်နေတာကို။’

လုရီအတွက် ဤမူလယန်ဝိုင်သည် စားလျှင် အရသာ မရှိသော်လည်း စွန့်ပစ်ရမည်ကို နှမြောစရာကောင်းသည့် "ကြက်နံရိုး" ကဲ့သို့သော အရာတစ်ခုနှင့် လုံးဝ တူညီနေခဲ့လေသည်။

သူသည် ကူကယ်ရာ မဲ့စွာ ခံစားလိုက်ရပြီး နောင်တစ်ချိန်အတွက် ဤဝိညာဉ်ဝိုင်ကို စည်းချကာ သိမ်းထားရန်သာ ဆုံးဖြတ်လိုက်တော့သည်။

သို့သော်လည်း မူလယန် သစ်သီးနှင့် ယွမ်ယင်သစ်သီးတို့၏ အကျိုးသက်ရောက်မှုများကမူ သူ့အား မျက်လုံးအရောင် တောက်ပစေခဲ့၏။

၎င်းတို့၏ အကျိုးသက်ရောက်မှုများသည် မူလယန်ဝိုင်နှင့် အတန်ငယ် ဆင်တူကြသည်။ သောက်သုံးပြီးနောက် ယင်ယန်တာအိုကို နားလည်နိုင်စွမ်းကို ပိုမိုနက်ရှိုင်းစေပြီး အမျိုးသား၊ အမျိုးသမီး မခွဲခြားဘဲ နှစ်ဦးစလုံး သောက်သုံးနိုင်လေသည်။

အထူးသဖြင့်... နှစ်ကိုယ်တူ မကျင့်ကြံမီ သောက်သုံးပါက အကျိုးသက်ရောက်မှု အကောင်းဆုံးဖြစ်ချေသည်။

‘ဒါက ငါ့စီနီယာအစ်မ၊ ယွင်ရှီးနဲ့ ဂျူနီယာညီမလေးတို့အတွက်ပဲ။ သူတို့မှာ ငါ့လို ရွှေလက်ချောင်း စနစ် မရှိတော့ ယင်ယန်တာအိုကို နားလည်ဖို့ ခက်ခဲနေတာ။ ဒီဝိညာဉ်သစ်သီးတွေသာသုံးရင် အများကြီး ပိုကောင်းသွားမှာပဲ။ အရေအတွက် နည်းသွားတာပဲ နှမြောစရာကောင်းတယ်။’

နောက်ဆုံးဆုလာဘ်မှာမူ သဘာဝအတိုင်းပင် အဖိုးအထိုက်တန်ဆုံးဖြစ်လေသည်။

"ဝိညာဉ်ဖိနှိပ်တံဆိပ်" သည် အဆင့်မြင့်ဝိညာဉ်လက်နက်တစ်ခုဖြစ်ပြီး အဆင့်အမြင့်ဆုံးဝိညာဉ်လက်နက်များမှလွဲ၍ ကျင့်ကြံခြင်းရတနာများထဲတွင် အစွမ်းအထက်ဆုံးဖြစ်သည်။ ကပ်ဘေးဖြတ်ကျော်အဆင့် ကျင့်ကြံသူတစ်ဦးတွင်ပင် အဆင့်မြင့် ဝိညာဉ်လက်နက်ဘတစ်ခု ပိုင်ဆိုင်ရန် မလွယ်ကူချေ။

ဝိညာဉ် ဖိနှိပ်တံဆိပ်၏ အကျိုးသက်ရောက်မှုကလည်း လုရီ၏ မျက်လုံးများကို တောက်ပစေခဲ့လေသည်။ ဤတံဆိပ်ကြီးတွင် အကျိုးသက်ရောက်မှု နှစ်မျိုးရှိချေ၏။ မိမိကိုယ်တိုင်အသုံးပြုပါက မူလဝိညာဉ်ကို ကာကွယ်ပြီး ဝိညာဉ်စွမ်းအားကို ပိုမိုအားဖြည့်ပေးကာ

ငြိမ်သက် ဝိညာဉ်ပုလဲနှင့် ဆင်တူသည်။

သို့သော် ရန်သူကို တိုက်ခိုက်ရာတွင် အသုံးပြုပါက ပြိုင်ဘက်၏ မူလဝိညာဉ်ကို ဖိနှိပ်နိုင်ပြီး ၎င်းတို့၏ ရုပ်ခန္ဓာကိုပါ ထိခိုက်စေကာ ခုခံရန် အလွန်ခက်ခဲလှသော တိုက်ကွက်တစ်ခုဖြစ်၏။

လုရီသည် ဝိညာဉ်ဖိနှိပ်တံဆိပ်ကို ထုတ်ယူကာ စစ်ဆေးကြည့်လိုက်၏။

၎င်းသည် ကျောက်စိမ်းရောင် လက်သီးဆုပ် အရွယ်ခန့် တံဆိပ်တစ်ခုဖြစ်ပြီး ၎င်းပေါ်တွင် ကြောက်မက်ဖွယ်ကောင်းသော မျက်နှာတစ်ခုကို ထွင်းထုထားကာ အနက်ရောင်မြူမှုန်များ တန်းလန်းကျနေလျက် နက်နဲဆန်းကြယ်သော အရှိန်အဝါကို ထုတ်လွှတ်နေသည်။

သူက ဝိညာဉ်ဖိနှိပ်တံဆိပ်ကို သူ၏အသိစိတ်ပင်လယ်ထဲသို့ ယူဆောင်သွားပြီး သူ၏ ဝိညာဉ်ကို ပြုစုပျိုးထောင်ရန် ငြိမ်သက် ဝိညာဉ်ပုလဲနှင့်အတူ အသုံးပြုခဲ့လေသည်။

‘ဒီနည်းနဲ့ဆို ငါ့ရဲ့ဝိညာဉ်စွမ်းအားက ပိုပြီး မြန်မြန်ဆန်ဆန် တိုးတက်လာနိုင်တယ်။ မကြာခင်မှာ နောက်ထပ် အသွင်ပြောင်းလဲမှုတစ်ခု ဖြစ်လာနိုင်လောက်တယ်။’

[အလုပ်]

ချင်းမိသားစုနှင့် မေ့မြစ်တောင်ကြားမှ ပေါင်းစည်းခြင်း မဟာစွမ်းအားရှင်များကို ဖယ်ရှားပါ။ (ပြီးစီး)

ဆုလာဘ်: ပေါင်းစည်းခြင်းနယ်ပယ် ဝိဉာဉ်အစားအစာ ချက်ပြုတ်နည်း "အသားကင်"၊

ပေါင်းစည်းခြင်းနယ်ပယ် ဝိညာဉ်ဝိုင် ချက်နည်း "ကျောက်စိမ်းဝိညာဉ်ဝိုင်။"

ဆုလာဘ်ကို လက်ခံမည်လား: [လက်ခံမည်] /

[လက်မခံပါ]

ဤအလုပ်သည် လုရီက ပေါင်းစည်းခြင်းအဆင့် မဟာစွမ်းအားရှင် သုံးဦးကို ဖယ်ရှားခဲ့သည့်အတွက် ဖြစ်သည်။ ဆုလာဘ်များမှာလည်း အလွန်ပင် ရက်ရောလှလေ၏။

သေချာ စစ်ဆေးကြည့်လိုက်သော်လည်း မကြာမီ သူ့မျက်နှာပေါ်မှ အပြုံးသည် အတန်ငယ် တောင့်တင်းသွားခဲ့ချေသည်။

အသားကင်ရန်အတွက် ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ကြမ်းတမ်းသော သားရဲ၏ဘအသားကို အဓိက ပါဝင်ပစ္စည်းအဖြစ် အသုံးပြုရမည်ဖြစ်သည်။

‘ပေါင်းစည်းခြင်းနယ်ပယ်အဆင့် သားရဲ... အဲ့ကောင်တွေကို သတ်ရတာများ လွယ်နေလို့လား။ ဒီဝိညာဉ်အစားအစာကို ဖန်တီးရတာ တော်တော်ခက်ခဲမယ့်ပုံပဲ။’

သို့သော် ဤဝိညာဉ်အစားအစာ၏ အကျိုးသက်ရောက်မှုများက သေချာပေါက် အံ့မခန်းဖြစ်သည်၊ ၎င်းသည် ရုပ်ပိုင်းဆိုင်ရာခွန်အားကို တိုးမြှင့်ပေးနိုင်လေသည်။ လုရီသည် ကောင်းကင်နဂါး သူတော်စင်သားတော်ကို မတွေ့ရသည်မှာကြာပြီဖြစ်၍ သူ၏ရုပ်ပိုင်းဆိုင်ရာခွန်အား တိုးတက်မှုမှာ နှေးကွေးနေခဲ့သည်။

‘ကောင်းကင်နဂါးသူတော်စင်သားတော်ကိုတောင် နည်းနည်း လွမ်းသလိုလိုပဲ။’

ကျောက်စိမ်းဝိညာဉ်ဝိုင်သည်လည်း အလားတူပင် အဖိုးတန်လှပြီး ဝိညာဉ်စွမ်းအားကို တိုးမြှင့်ပေးနိုင်သဖြင့် သူ့အတွက် ကောင်းမွန်သည့်အရာတစ်ခုဖြစ်သည်။

ကံကောင်းထောက်မစွာပင် ဤဝိုင်အတွက် လိုအပ်သောပစ္စည်းများကို သူ၏ယခင်အလုပ်များမှ ဆုလာဘ်များ အဖြစ် ရရှိထားခဲ့ပြီးဖြစ်သည်။

လုရီ ချက်ချင်း ပျော်ရွှင်သွားခဲ့သည်။

‘နောက်မှ သားရဲတစ်သောင်းတောင်တန်းရဲ့ အတွင်းပိုင်းကိုသွားပြီး ပေါင်းစည်းခြင်းနယ်ပယ်သားရဲတစ်ချို့ကို သတ်ပြီး ခန္ဓာကိုယ် ပြန်ယူလာဖို့ အခွင့်အရေးရှာရမယ်။’

နောက်ဆုံးအလုပ်နှစ်ခုမှာ လုရီ ပန်းတစ်သောင်းဂိုဏ်းမှ ထွက်ခွာစဉ်က ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

[အလုပ်]

မူလယန်ဂိုဏ်း၊ ချင်းမိသားစုနှင့် မေ့မြစ်တောင်ကြားတို့၏ သုံးဖွဲ့ပေါင်း ပိတ်ဆို့မှုမှ လွတ်မြောက်ပါ။ (ပြီးစီး)

ဆုလာဘ်: နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း (၁၀) ခု၊ ပေါင်းစည်းခြင်းအဆင့် စွမ်းရည်

"မေ့မြစ်ကျိန်စာ"။

ဆုလာဘ် လက်ခံမည်လား: [လက်ခံမည်] /

[လက်မခံပါ]

ဤနှစ်တစ်သောင်း ဝိညာဉ် ကျောက်စိမ်းသည် အလွန် ရှားပါးပြီး တန်ဖိုးကြီးလှသည်။

"မေ့မြစ်ကျိန်စာ" သည်လည်း ဝိညာဉ်ကို ပစ်မှတ်ထားတိုက်ခိုက်သော အလွန်အစွမ်းထက်သည့် သိုင်းပညာ ဖြစ်ပြီး ခုခံရန် ခက်ခဲကာ ကာကွယ်နည်းများ နည်းပါးလှ၏။

‘ဒါကိုသာ ကျွမ်းကျင်သွားရင် ငါ့အတွက် နောက်ထပ် အစွမ်းထက် တိုက်ကွက်တစ်ခု ဖြစ်လာမှာပဲ။’

လုရီသည် ဆုလာဘ်များကို တောင်းဆိုလိုက်ပြီးနောက် သူ၏လက်ထဲ၌ လက်ဖဝါးအရွယ်အစားရှိ အဖြူရောင်ကျောက်စိမ်းတုံး ဆယ်တုံးကို ကိုင်ထားခဲ့သည်။

ထိုကျောက်တုံးကလေးများမှ ထွက်ပေါ်နေသော ဝိညာဉ်စွမ်းအင်၏ ပြင်းအားသည် ဝိညာဉ်ခြင်ဆီထက် များစွာသာလွန်လေသည်။ သူသည် ထိုကျောက်စိမ်းတုံးများကို ဂရုတစိုက်သိမ်းဆည်းလိုက်ပြီး မေ့မြစ် ကျိန်စာကိုလည်း ဦးစားပေးလေ့ကျင့်ရန် ရည်ရွယ်လိုက်၏။

နောက်ဆုံး အလုပ်၏ ဆုလာဘ်သည်လည်း အလွန်ပင် တန်ဖိုးရှိပြီး ဆုလာဘ် အားလုံးထဲတွင် အဖိုး အထိုက်တန်ဆုံးပင် ဖြစ်နိုင်လေသည်။

အခန်း ၃၃၉- ဆရာ၏ နိယာမ…

~[အလုပ်]

မူလယန်ဂိုဏ်းမှ မဟာယာန ကျင့်ကြံသူတစ်ဦးထံမှ ထွက်ပြေးပါ။ (ပြီးစီး)

ဆုလာဘ်: မူလ ယန် သစ်ပင် မျိုးစေ့ (၂) စေ့၊

ယွမ်ယင် သစ်ပင် မျိုးစေ့ (၂)စေ့၊ ယင်ယန် ကျောက်စိမ်း (၁) ခု။

ဆုလာဘ် လက်ခံမည်လား: [လက်ခံမည်] / [လက်မခံပါ]

ဤသည်မှာ အင်မော်တယ် ရတနာနီးပါး ရှားပါးသော ကောင်းကင်နှင့်မြေကြီး၏ သဘာဝရတနာများ ဖြစ်ကြသည်။

လုရီ ဆုလာဘ်ကို ထုတ်ယူလိုက်သည်။

မူလယန်သစ်ပင် မျိုးစေ့များသည် အနီနှင့် ရွှေရောင် တောက်ပနေပြီး သေးငယ်သော

နေလုံးများကဲ့သို့ပင်။ ယွမ်ယင်သစ်ပင် မျိုးစေ့များကမူ မှောင်မိုက်နေပြီး သေးငယ်သောတွင်းနက်များကဲ့သို့ ဖြစ်နေသည်။

ယင်ယန်ကျောက်စိမ်းသည် အဖြူနှင့်အနက်ရောင်တို့ ရောထွေးနေပြီး အတွင်းဘက်တွင် ရှုပ်ထွေးနက်နဲသော တာအိုပုံစံများ ရှိနေလေသည်။

လုရီသည် သူ၏ဂူစံအိမ်အပြင်ဘက်သို့ ထွက်လာပြီး လူသူမရှိသည့်နေရာတစ်ခုကို ရှာကာ မူလယန်သစ်ပင်မျိုးစေ့နှင့် ယွမ်ယင်သစ်ပင်မျိုးစေ့ နှစ်ခုလုံးကို စိုက်ပျိုးခဲ့လေသည်။

သူ၏ဂူစံအိမ်သည် လင်းလောင် တောင်ထိပ်နှင့်

မဝေးလှဘဲ အနီးအနားတွင် သူ၏စီနီယာအစ်မနှင့် ဂျူနီယာညီမလေးတို့၏ ဂူစံအိမ်များသာ ရှိပြီး ပတ်ဝန်းကျင် နေရာသည် အလွန်ကျယ်ဝန်းလေသည်။

ပုံမှန်အားဖြင့် မည်သူမျှ ဤနေရာသို့ လာမည်မဟုတ်သဖြင့် ခိုးယူခံရမည့် အန္တရာယ် နည်းပါးချေသည်။

‘ဟုတ်တာပေါ့၊ တကယ်တမ်း ပြောရရင် တိမ်ဖြူဂိုဏ်းမှာ ဘယ်သူက ငါ့ပိုင်ဆိုင်မှုတွေကို ခိုးရဲမှာလဲ။’

မျိုးစေ့များကို စိုက်ပျိုးပြီးနောက် လုရီသည် ၎င်းတို့ကို ပြုစုပျိုးထောင်ရန် ဝိညာဉ်နှင်းစက်အချို့ကို ဖြန်းပေးခဲ့ပြီးနောက် သဘာဝစွမ်းအားကို ဆင့်ခေါ်ကာ ကြီးထွားစေခဲ့လေသည်။

မကြာမီပင် မျိုးစေ့များမှ အပင်ငယ်များ မြေကြီးပေါ်သို့ ထိုးဖောက် ထွက်လာကာ တစ်ပင်မှာ ရွှေရောင်၊ တစ်ပင်မှာ အနက်ရောင် ဖြစ်ပြီး တစ်ပင်ချင်းစီမှ နက်နဲ၊ ဆန်းကြယ်သော တာအို စွမ်းအင်များ ထုတ်လွှတ်နေလေသည်။

‘ဒီရှေးဟောင်း သစ်ပင်တွေ ကြီးထွားလာပြီးတာနဲ့ သူတို့အောက်မှာ တံခါးပိတ် ကျင့်ကြံရုံနဲ့တင် ယင်ယန်တာအိုကို နားလည်နိုင်စွမ်း မြှင့်တင်ပေးနိုင်တယ်။ ဒါတွေက သူ့အလိုလို ကျင့်ကြံခြင်း မြင့်မြတ်နယ်မြေ ဖြစ်လာမှာပဲ။’

မူလယန်သစ်ပင်နှင့် ယွမ်ယင်သစ်ပင်တို့ ရင့်သန်ရန် နှစ်ပေါင်းရာနှင့်ချီ၍ ကြာနိုင်သော်လည်း နတ်ဘုရားအသွင်ပြောင်းကျင့်ကြံသူတစ်ဦးဖြစ်သော သူ့အတွက် အချိန်ရှိနေသေးသည်လေ။

ထိုအပင်များကို ပျိုး‌ပြီးနောက် လုရီ ထွက်ခွာရန် ပြင်ဆင်နေစဉ် နောက်သို့ လှည့်ကြည့်လိုက်သောအခါ မလှမ်းမကမ်းတွင် အဖြူရောင်ပုံရိပ်တစ်ခု ရပ်နေသည်ကို တွေ့လိုက်ရသဖြင့် အတော်ပင် ထိတ်လန့်သွားခဲ့သည်။

သေချာ ကြည့်လိုက်သောအခါမှ သူ၏ဆရာ ဖြစ်ကြောင်း သိလိုက်ရလေသည်။

မဲ့ပြုံး တစ်ချက် ပြုံးလျက် လုရီက ပြောလိုက်သည်။

"ဆရာ၊ လာရင် အသံ နည်းနည်း ပေးပါလားဟင်... တပည့်ကို လန့်သေအောင် လုပ်တော့မလို့ပဲ...။"

လင်းလောင် တောင်ထိပ်ဆရာမသည် အိပ်ချင်မူးတူး မျက်လုံးများဖြင့် လုရီကို

တစ်ချက်ကြည့်လိုက်ပြီး မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။

"ငါက ပုံမှန်အတိုင်းပဲလာတာ... မင်းက မင်းသတိမထားမိတာ... ဒါက မင်း တိုးတက်ဖို့ အများကြီးလိုသေးတယ်ဆိုတာကို ပြနေတာပဲ။"

လုရီ စကားမပြောနိုင်ဖြစ်သွားခဲ့သည်။

သူ့ဆရာ၏ အစွမ်းသည် သူ့အမြင်၌ နက်နဲဆန်းကြယ်နေဆဲပင်။

လင်းလောင်တောင်ထိပ်သခင်မသည် မြေပြင်ပေါ်ရှိ သစ်ပင်ငယ် လေးပင်ကို ကြည့်လိုက်သည်။ သူမ၏ မှေးမှိန်နေသော မျက်လုံးများတွင် အံ့အားသင့်မှု အနည်းငယ် ရှိနေလေသည်။

"မူလယန်သစ်ပင်တွေနဲ့ ယွမ်ယင်သစ်ပင်တွေပါလား... မင်းမှာ တကယ်ကို ထူးခြားတဲ့ ကံတရားတွေ ရှိတာပဲ... ဒီလို မျိုးစေ့မျိုးကိုတောင် ရှာတွေ့တယ်...။"

လုရီက ခပ်ပြုံးပြုံး ပြောလိုက်သည်။

"နောက်ဆုံးတစ်ခေါက် အပြင်ထွက်တုန်းက မတော်တဆ တွေ့ခဲ့တာပါ... ကံကောင်းသွားတာပေါ့ဗျာ...။"

လင်းလောင် တောင်ထိပ်သခင်မသည် ဒူးထောက်ထိုင်ချလိုက်ပြီး သူမ၏ဆံပင်နက်များ ဖားလျားကျနေသည်။ သူမက အပင်ငယ်များကို သဘောကျစွာ ကြည့်လိုက်သည်။

"ဒါတွေက တကယ်ရတနာတွေပဲ... သေချာစိုက်ပျိုးရင် ကောင်းကောင်း ဖြစ်လာမှာပါ၊ မင်းရဲ့ ယင်ယန်တာအိုကို နားလည်နိုင်စွမ်းကို ပိုနက်ရှိုင်းစေနိုင်တယ်။"

"ဆရာ ပြောတာ မှန်ပါတယ်။"

လင်းလောင် တောင်ထိပ်သခင်မက ခဏတာ စဉ်းစားပြီးနောက် ပြောလိုက်သည်။

"မင်းရဲ့ကံကြမ္မာက ထူးခြားတယ်၊ မင်းရတဲ့ ရတနာတွေကလည်း တန်ဖိုးကြီးလာပြီ... ဒီ လင်းလောင် တောင်ထိပ်ပေါ်က ဒီနေရာကိုတော့ မင်းအတွက်ပဲ သတ်မှတ်လိုက်တော့... ဘယ်လို ကောင်းကင်နဲ့မြေကြီး ရတနာဖြစ်ဖြစ် ဒီမှာ စိုက်ပျိုးလို့ ရတယ်။"

လုရီ၏ မျက်လုံးများ တောက်ပလာခဲ့ပြီး ကျေးဇူးတင်သော အပြုံးဖြင့် ပြန်ဖြေလိုက်သည်။

"ဒါဆို အကောင်းဆုံးပေါ့ ဆရာ၊ ကျေးဇူးတင်ပါတယ်...။"

လင်းလော့တောင်ထိပ် သခင်မသည် ဝါးခနဲ သမ်းဝေလိုက်ပြီး လုရီကို ခပ်စိမ်းစိမ်း ကြည့်ကာ မထီမဲ့မြင် ကဲ့ရဲ့လိုက်သည်။

"မင်းက ငါ့ကို မင်းရဲ့ဆရာလို့ သဘောထားသေးရဲ့လား... ပြန်ရောက်လာတာ ဒီလောက်ကြာနေပြီ၊ ဆရာ့ဆီကို ဘေးကင်းကြောင်း သတင်းပို့ဖို့တောင် ရောက်မလာဘူး။"

All Chapters