အခန်း (၃၄၀-၃၄၂)
Vol. 23 Ch. 340-342
အခန်း ၃၄၀- ဆရာ၏ နိယာမ...
~လုရီသည် အနည်းငယ် ရှက်ပြုံးပြုံးလိုက်သည်။
"ဆရာ အိပ်စက်နေတာကို နှောင့်ယှက်မိမှာ စိုးလို့ပါ...။"
"ဟက်..."
လင်းလောင် တောင်ထိပ်သခင်မသည် မထီမဲ့မြင် ကဲ့ရဲ့လိုက်ပြီး လုရီ၏ လိမ်လည်မှုကို ချက်ချင်း သိမြင်လိုက်လေသည်။
"ဟုတ်လို့လား... ဒါမှမဟုတ် မင်းက လျိုနင်ရွှမ်းနဲ့ သုန်းကုန်းမင်ယွဲ့ရဲ့ နူးညံ့တဲ့အရပ်မှာ ပျော်မေ့နေတာလား...။"
ထိုအခါမှာတော့ သူ ပို၍ပင် ရှက်သွားခဲ့ပြီး စကားလမ်းကြောင်းလွှဲရန် ကြိုးစားလိုက်သည်။
"ဒီလိုဆိုရင်တော့ ဆရာ အခုပဲ တာအိုကို ဉာဏ်အလင်းပေးပါလား... ဆရာမရဲ့ သြဝါဒတွေကို မကြားရတာ အတော်ကြာပြီဆိုတော့ တော်တော် လွမ်းနေပါပြီ...။"
လွန်ခဲ့သော သုံးလအတွင်း လုရီ အပြင်ထွက်နေခဲ့သဖြင့် ရုတ်ချည်း ဉာဏ်အလင်းရမည့် အခွင့်အရေးသုံးကြိမ်ကို သူ လွဲချော်ခဲ့ရသည်။ ၎င်းမှာ ကြီးမားသော ဆုံးရှုံးမှုတစ်ခု ဖြစ်လေသည်။
လင်းလောင် တောင်ထိပ်သခင်မ၏ မျက်နှာသည် ကွက်ခနဲ ပျက်သွားခဲ့ပြီး သူမက မကျေမနပ် ဆိုသည်။
"...မင်း ဘေးကင်းကြောင်း လာမပြောရင်တောင် ဘာမှ ကိစ္စမရှိဘူး...။"
လေးနက်သော မျက်နှာဖြင့် လုရီက ပြန်ပြောလိုက်သည်။
"ဘယ်လိုလုပ် အဆင်ပြေမှာလဲ... ဆရာ၊ ကျွန်တော် ဆရာ့ကို တော်တော် လွမ်းနေတာပါ...။"
"..."
လင်းလော့တောင်ထိပ်ဆရာမ၏ မျက်နှာသည် ညိုမည်းသွားခဲ့ပြီး ကူကယ်ရာမဲ့စွာ ပြောလိုက် တော့သည်။
"တာအို ဟောပြောရုံသက်သက်ပဲ မဟုတ်လား... သွားကြစို့၊ သွားကြစို့...။"
ဤသည်ကို မြင်သောအခါ လုရီ၏ မျက်လုံးများ တောက်ပလာခဲ့သည်။ သူက မျက်နှာချိုသွေးကာ ပြောလိုက်သည်။
။
"ဟုတ်သားပဲ... ဆရာ့ရဲ့ တာအိုတွေကို သုံးလကြာ မကြားရတာဆိုတော့... သုံးကြိမ်လောက် ပြောပြသင့်တယ်လို့ မထင်ဘူးလား...။"
"ဟမ်...?"
လင်းလောင် တောင်ထိပ်သခင်မသည် မျက်လုံးများကို ကျဉ်းမြောင်းလိုက်ပြီး ခြိမ်းခြောက်သည့်အကြည့်ဖြင့် ကြည့်လိုက်လေသည်။ လုရီသည် ချက်ချင်း လည်ချောင်းရှင်းလိုက်ပြီး ပြန်ပြောလိုက်သည်။
"တကယ်တော့ တစ်ကြိမ်တည်းဆိုလည်း အဆင်ပြေပါတယ်...။"
"ဟွန့်..." လင်းလောင် တောင်ထိပ်သခင်မသည် နှာခေါင်းရှုံ့လိုက်သည်။
"အဲ့ဒါမှ ငါ့တပည့်ပီသတာ...။"
လုရီသည် လင်းလောင် တောင်ထိပ်သခင်မ၏ နောက်သို့လိုက်ကာ တောင်ထိပ်ရှိ ပင်မခန်းမသို့ သွားခဲ့လေသည်။ နာရီအနည်းငယ်ကြာပြီးနောက် သခင်မသည် လက်ဖက်ရည်တစ်ငုံသောက်လိုက်ပြီး လုရီကို မထီမဲ့မြင်ကြည့်ကာ ပြောလိုက်သည်။
"ဟောပြောပြီးပြီ၊ မင်းသွားလို့ရပြီ...။"
လုရီ၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးများ ပြည့်နှက်နေခဲ့သည်။
"ကျေးဇူးတင်ပါတယ် ဆရာ...။"
ရုတ်ချည်း ဉာဏ်အလင်းရမည့် အခွင့်အရေးတစ်ကြိမ်ကို သူ ရရှိခဲ့ပြီ ဖြစ်သည်။
လုရီ ထွက်ခွာရန် ပြင်ဆင်နေစဉ် သူ၏လက်ထဲရှိ ယင်ယန်ကျောက်စိမ်းနှင့် ဝါးအိမ်အပြင်ဘက်ရှိ ဝိညာဉ်စမ်းရေကို ရုတ်တရက် သတိရသွားခဲ့သည်။ သူ၏စိတ်ထဲ၌ ရဲရင့်သောအတွေးတစ်ခု ပေါ်လာခဲ့ပြီး ပြောလိုက်သည်။
"ဪ၊ ဆရာမ၊ ကျွန်တော် အပြင်မှာနေတုန်း ထူးခြားတဲ့ ရတနာတစ်ခုကိုလည်း ရရှိခဲ့ပါသေးတယ်...။"
ဤစကားကို ကြားသောအခါ လင်းလော့တောင်ထိပ်ဆရာမသည် လုရီကို တစ်ချက်ကြည့်လိုက်သည်။
"ဘာလဲ... ဘယ်လို ကောင်းကင်နဲ့မြေကြီးရဲ့ သဘာဝရတနာမျိုးလဲ...။
သူမ၏အမြင်တွင် လုရီ၏ ကံကောင်းခြင်းသည် ထူးခြားလွန်းသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။
ရာရှိုမွန်ရှေးဟောင်းသစ်ပင်ဖြစ်စေ၊ မူလယန်နှင့် ယွမ်ယင်သစ်ပင်များဖြစ်စေ၊ အားလုံးသည် အလွန်ရှားပါးသော ရတနာများဖြစ်သော်လည်း သူမ၏တပည့်က ၎င်းတို့ကို ရရှိခဲ့လေသည်။
လင်းလောင် တောင်ထိပ်သခင်မပင်လျှင် လုရီ ရရှိခဲ့သော ထူးခြားသည့် ရတနာအပေါ် အနည်းငယ် စူးစမ်းလိုစိတ် ပေါ်လာခဲ့သည်။
လုရီသည် ပြုံးလိုက်ပြီး ယင်ယန်ကျောက်စိမ်းကို ထုတ်ယူလိုက်သည်။
"ဒါက ယင်ယန်ကျောက်စိမ်းပါ...။"
ယင်ယန်ကျောက်စိမ်းကို မြင်သောအခါ ပုံမှန်အားဖြင့် ပျင်းရိနေတတ်သော လင်းလောင်တောင်ထိပ်သခင်မ၏ မျက်လုံးများတွင်ပင် အံ့အားသင့်ရိပ် အနည်းငယ် ထင်ဟပ်သွားလေသည်။
"ယင်ယန်ကျောက်စိမ်း... ဒါက ယင်ယန်နိယာမရဲ့ စုစည်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ရတနာပဲ။
ထျန်းမင်မှာ ဒီလိုမျိုး တကယ်ရှိနေတာလား...။"
လင်းလောင် တောင်ထိပ်သခင်မသည် လက်လှမ်းလိုက်ပြီး ယင်ယန်ကျောက်စိမ်းကို သူမ၏လက်ဖဝါးထဲသို့ ယူလိုက်သည်။
သူမသည် ကျောက်စိမ်းအတွင်းရှိ တာအိုပုံစံများကို လေ့လာ ကြည့်ရှုပြီးနောက်
အံ့သြစွာဖြင့် နှုတ်ခမ်းကို ဖွဖွ ကိုက်လိုက်သည်။
"ကျောက်စိမ်းက အသိဉာဏ်ရှိတယ်၊ ယင်ယန်တာအို ပုံစံတွေကို သဘာဝအတိုင်း ထွင်းထုထားတယ်... ဒါက တကယ်ပဲ ထူးခြားတဲ့ ရတနာပဲ... ဝိညာဉ်စမ်းချောင်းထဲမှာ ထားရင် ယင်ယန်ကျောက်စိမ်းက အဲ့ဒါကို ယင်ယန် ဝိညာဉ်စမ်းရေအဖြစ် ပြောင်းလဲပေးနိုင်တယ်၊ ဒါက ကျင့်ကြံခြင်းအတွက် အလွန်အကျိုးရှိတယ်... ခဏလေး...။"
သူမ ပြောနေရင်း တစ်ခုခုကို သတိပြုမိသွားခဲ့ပုံရသည်။
လင်းလောင် တောင်ထိပ်သခင်မက ခေါင်းလှည့်ကာ လုရီကို တောင့်တင်းပြီး အနည်းငယ်ပြင်းထန်သော အမူအရာဖြင့် ကြည့်လိုက်သည်။
"မင်း ငတုံးလေး၊ ငါ့ရဲ့ ဝိညာဉ်စမ်းချောင်းကို မျက်စိကျနေတယ်လို့တော့ မပြောနဲ့နော်...။"
လုရီ ရှက်ပြုံးပြုံးလိုက်သည်။
"ဆရာ၊ ယင်ယန်ကျောက်စိမ်းက တော်တော် ထူးခြားတယ် မဟုတ်လား... ဆရာရဲ့ ဝိညာဉ်စမ်းရေထဲမှာ ထည့်ထားရင် ကျွန်တော်တို့ အားလုံး အသုံးပြုလို့ ရတာပေါ့...။"
သူ စကားမဆုံးခင်မှာပင် လုရီ၏ နဖူးကို လင်းလော့တောင်ထိပ်ဆရာမက လက်ချောင်းဖြင့် တစ်ချက် ပစ်လိုက်သည်။
"ဖြောင်း!" ဟူသော ကျယ်လောင်သည့်
အသံတစ်ခု ထွက်ပေါ်လာပြီး လုရီ၏ နဖူးသည် ချက်ချင်းပင် ဖူးယောင်သွားခဲ့သည်။ သူ နဖူးကို ကိုင်ကာ မြေပြင်ပေါ်သို့ ထိုင်ချလိုက်ပြီး မဲ့ပြုံးပြုံးလိုက်သည်။
‘အား... နာလိုက်တာ။’
လုရီသည် လင်းလောင် တောင်ထိပ်သခင်မကို အပြစ်ကင်းစင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းလောင် တောင်ထိပ်သခင်မကမူ ပို၍ပင် ဒေါသထွက်လာခဲ့ပြီး လုရီကို စူးစူးဝါးဝါးကြည့်ကာ သူမ၏လက်ချောင်းများကို မကြာခဏ ပစ်လွှတ်ကာ တတောက်တောက် မြည်သံများ ထွက်ပေါ်နေတော့သည်။
လုရီ၏ ဦးနှောက်ပင် ကျိုးတော့မလားဟု ခံစားရသည်။
သူ အလျင်အမြန် ပြောလိုက်သည်။
"ဆရာ၊ ကျွန်တော် မှားပါတယ်...။"
‘ငါ တကယ်ကို အဲ့လို စဉ်းစားမိခဲ့တာ မဟုတ်ဘူးလေ။ မတရားကြီး စွပ်စွဲခံရတာပဲ။’
လင်းလောင် တောင်ထိပ်သခင်မသည် အေးစက်စွာ နှာခေါင်းရှုံ့လိုက်ပြီး ယင်ယန်ကျောက်စိမ်းကို တစ်ချက်ကြည့်လိုက်သည်။ စဉ်းစားပြီးနောက် သူမက ပြောလိုက်သည်။
"ဒါပေမယ့်လည်း... ယင်ယန်ကျောက်စိမ်းက တကယ်ပဲ မဆိုးပါဘူး... ဒီလိုဆိုရင်တော့ ငါ ဆရာ အနေနဲ့ ချွင်းချက်အနေနဲ့ မင်းအတွက် နောက်ထပ် ဝိညာဉ်စမ်းချောင်းတစ်ခု ဖန်တီးပေးမယ်... အဲ့ဒီအချိန်ကျရင် စမ်းချောင်းနှစ်ခုကို ချိတ်ဆက်လို့ရပြီး ယင်ယန်ဝိညာဉ်စမ်းရေကိုလည်း မျှဝေသုံးစွဲလို့ ရတာပေါ့...။"
ဤစကားကို ကြားသောအခါ လုရီ၏ မျက်လုံးများ အရောင်လက်လာခဲ့ပြီး သူက ပြုံးကာ ပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် ဆရာ..."
လင်းလောင် တောင်ထိပ်သခင်မသည် ခေါင်းညိတ်လိုက်ပြီး ယင်ယန်ကျောက်စိမ်းကို ဝါးအိမ်အပြင်ဘက်ရှိ ဝိညာဉ်စမ်းချောင်းသို့ ယူဆောင်သွားခဲ့လေသည်။
ထိုဝိညာဉ်စမ်းချောင်းအတွင်း၌ နို့ကဲ့သို့ ဖြူဖွေးသော ဝိညာဉ်စမ်းရေများ ရှိနေပြီး အဖြူရောင်မြူမှုန်များ ရစ်သိုင်းကာ ထိုမြင်ကွင်းသည် အလွန်အမင်း နက်နဲလှသည်။
လုရီသည် ထိုမြူမှုန်တစ်စကို စုပ်ယူလိုက်သောအခါ သူ၏ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအင် ရုတ်တရက် တိုးတက်လာသည်ကို ခံစားလိုက်ရသည်။
ထိုစဉ် လင်းလောင် တောင်ထိပ်သခင်မက သူ့ကို တစ်ချက် ကြည့်လိုက်ပြီး ပြောလိုက်သည်။
"ဝိညာဉ်စမ်းချောင်းထဲ ဝင်ဖို့တောင် မစဉ်းစားနဲ့... မင်းရဲ့ လက်ရှိ ရုပ်ခန္ဓာနဲ့တောင် အတွင်းက ဝိညာဉ်စွမ်းအင်ကို ခံနိုင်ရည်ရှိမှာ မဟုတ်ဘူး...။"
ထိုအခါ လုရီ၏ မျက်လုံးများ အံ့သြစွာဖြင့် ပြူးကျယ်သွားခဲ့သည်။
‘အတွင်းက ဝိညာဉ်စွမ်းအင်က အဲ့လောက်တောင် ကြွယ်ဝတာလား။ ငါ့ရဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်းက ပေါင်းစည်းခြင်းနယ်ပယ်အထွတ်အထိပ်ကို ရောက်နေပြီလေ။ ရုပ်ပိုင်းဆိုင်ရာ ခွန်အားအကြောင်းပြောရင် မဟာယာနနယ်ပယ်က ကျင့်ကြံသူတစ်ဦးတောင် ငါ့လောက် မသန်မာနိုင်ဘူး။ ဒီလောက်နဲ့တောင် ခံနိုင်ရည်မရှိဘူးဆိုတော့... အတွင်းက ဝိညာဉ်စမ်းအင်က ဘယ်လောက်တောင် ကြွယ်ဝနေလို့လဲ။ ကပ်ဘေးဖြတ်ကျော်နယ်ပယ်အဆင့် စမ်းရေများလား။’
အခန်း ၃၄၁-ဆရာ၏ နိယာမ...
~"ဒီလိုဆိုရင်တော့ ဝိညာဉ်စမ်းရေတစ်ခုတည်းနဲ့ပဲ ယင်ယန်ကျောက်စိမ်းထက် မနိမ့်ကျဘူးပေါ့။ ဆရာ့မှာ ဒီလောက် အံ့ဩဖွယ် ရတနာတွေ ရှိနေတာ အံ့ဩစရာ မဟုတ်တော့ပါဘူး။ ဆရာ့ရဲ့ နက်နဲမှုကို တဖြည်းဖြည်းနဲ့ ပိုပြီး နားမလည်နိုင်အောင် ဖြစ်လာပါပြီ။"
လင်းလောင် တောင်ထိပ်သခင်မသည် လုရီ၏ မေးခွန်းကို မဖြေဘဲ ခဏတာဝိညာဉ်စမ်းချောင်းကို စိုက်ကြည့်နေပြီးနောက် ပေါ့ပေါ့ပါးပါး လက်ညှိုးထိုးလိုက်ရာ ရေကန်နှင့် မလှမ်းမကမ်းရှိ ဝိညာဉ်စမ်းချောင်းသည် တိတ်ဆိတ်စွာပင် နစ်မြုပ်သွားခဲ့လေသည်။
မြေကြီးကပင် ပုံသဏ္ဌာန် ပြောင်းလဲသွားသကဲ့သို့ပင်။ လုရီပင်လျှင် ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုတစ်စုံတစ်ရာကို မခံစားလိုက်ရချေ။
သူ့မျက်လုံးများ ကျဉ်းမြောင်းသွားပြီး မျက်နှာတွင် ထိတ်လန့်မှုအပြည့်ဖြင့် သူ၏ရင်ထဲမှ
အာမေဋိတ်သံတစ်ခု ထွက်ပေါ်လာသည်။
‘နိယာမစွမ်းအား!’
အင်မော်တယ် နိယာမ စွမ်းအားတစ်မျှင်ကို နားလည်ထားပြီးဖြစ်သော လုရီသည် နိယာမစွမ်းအားအကြောင်းကို အနည်းငယ် သိရှိထားလေသည်။
သူ၏ဆရာ အသုံးပြုလိုက်သည့် နည်းလမ်းသည် သာမန်ဘဝိညာဉ်စွမ်းအင်ကဲ့သို့ ရိုးရှင်းသည့်အရာ မဟုတ်ပါ။ ၎င်းသည် နိယာမစွမ်းအားပင်ဖြစ်သည်။
ထိုစဉ် လင်းလောင် တောင်ထိပ်သခင်မသည်
လုရီကို တစ်ချက်ကြည့်လိုက်ပြီး ပျင်းရိစွာ သမ်းဝေလိုက်ကာ ရယ်မောပြောဆိုလိုက်၏။
"မင်းက တော်တော် လိမ္မာပါးနပ်တာပဲ။ ဒါက နိယာမစွမ်းအားဆိုတာ သိနိုင်တာ။ အင်မော်တယ်နိယာမစွမ်းအားတစ်မျှင် ပိုင်ဆိုင်ထားတဲ့သူတစ်ယောက်အတွက်တောင် ထောက်လှမ်းမိဖို့ ခက်ခဲလိမ့်မယ်။"
လုရီ၏ ရင်ခုန်သံ တဒိတ်ဒိတ် မြန်လာခဲ့သည်။
သူ၏ဆရာက သူ၏အင်မော်တယ်နိယာမစွမ်းအားတစ်မျှင်အကြောင်းကို ကြိုတင်သိရှိနေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ချေ။
ထို့နောက် လုရီ သဘောပေါက်သွားခဲ့သည်။ သူ၏ဆရာမကိုယ်တိုင် နိယာမစွမ်းအားကို ပိုင်ဆိုင်ထားသည်ဖြစ်ရာ သူ ကပ်ဘေးကြုံစဉ်က အင်မော်တယ်နိယာမကို အသုံးပြုခဲ့သည်ကို သတိပြုမိပေမည်။
‘ငါက သူ့ကို ကပ်ဘေးဖြတ်ကျော်အဆင့် ဘိုးဘေးကြီးတစ်ပါးလို့ ထင်ခဲ့တာ။ အခု နိယာမစွမ်းအားကို အသုံးပြုတာ မြင်လိုက်ရမှ ငါ သူ့ကို အများကြီး လျှော့တွက်ထားမှန်း သိတော့တယ်။ သူက... သူက သာမန် ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတစ်ဦး မဟုတ်ဘူး... သူက
အင်မော်တယ်တစ်ပါးနဲ့တောင် တူနေပြီ!’
ထိုအခိုက်အတန့်၌ လင်းလောင် တောင်ထိပ်သခင်မသည် နောက်ထပ်လက်ညှိုးထိုးလိုက်ရာ မြေပြင်တွင် နောက်ထပ်အခေါင်းပေါက်တစ်ခု ဖြစ်ပေါ်လာခဲ့သည်။
ထို့နောက် သူမသည် ဝိညာဉ်ကန်၏ ထွက်ပေါက်တွင် တာအိုပုံစံများ ဆက်တိုက်ဖန်တီးခဲ့သည်။ ထိုတာအိုပုံစံများ ဖြစ်ပေါ်လာသည်နှင့်အမျှ ဝိညာဉ်စမ်းရေများသည် မြောင်းများမှတဆင့် သေးငယ်သော ရေကန်နှစ်ခုဆီသို့ စီးဆင်းသွားခဲ့သည်။ ရေသည် တာအိုပုံစံများကို ဖြတ်သန်းသွားသောအခါ ၎င်း၏ပြင်းအားသည် သိသိသာသာ လျော့ကျသွားခဲ့သည်။
လင်းလောင် တောင်ထိပ်သခင်မက ပြောလိုက်သည်။
"ဒီ ဝိညာဉ်စမ်းရေရဲ့ ပြင်းအားကို ငါ လျော့ချလိုက်တာ၊ မင်းဆိုတဲ့ ကောင်လေး ပေါက်ကွဲပြီး
မသေအောင်လို့။"
လုရီ ခေါင်းညိတ်ပြီး ပြုံးကာ
"ကျေးဇူးတင်ပါတယ် ဆရာ"
"ဆရာမက ဘာလို့ ရေကန်နှစ်ခု ဖန်တီးခဲ့တာလဲ"
"တစ်ခုက နင်ရွှမ်းနဲ့ မင်ယွဲ့တို့အတွက်လည်း လုပ်ပေးတာ။ သူတို့အတွက် တော်တော် အကျိုးရှိလိမ့်မယ်။"
လုရီသည် စိတ်အားထက်သန်စွာဖြင့် မေးလိုက်သည်။
"ဆရာမ၊ တပည့် ရေချိုးလို့ ရပြီလား"
"ဘာကို အလျင်လိုနေတာလဲ။"
သူမ လက်ညှိုးကို တစ်ချက်လှုပ်လိုက်သည်နှင့် နောက်တစ်ခဏတွင် သေးငယ်သော ရေကန်သုံးခုကို ဝါးခြံစည်းရိုးများက ဝိုင်းရံသွားပြီး ထိုနေရာတွင် အမြဲရှိနေခဲ့သကဲ့သို့ ရေကန်သုံးခုကို တစ်ခုနှင့်တစ်ခု ပိုင်းခြားထားလိုက်လေသည်။
လုရီသည် ထိတ်လန့်တုန်လှုပ်စွာဖြင့် ငြိမ်သက်သွားခဲ့၏။
‘ဒါ... ဒါက လေဟာနယ်ထဲကနေ ပစ္စည်းတွေ ဖန်တီးလိုက်တာလား။ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတစ်ဦးတောင် ဘာမှ မရှိတဲ့နေရာကနေ တစ်ခုခုကို ပေါ်လာအောင် မလုပ်နိုင်ဘူးလေငါ့ဆရာက... တကယ်ပဲ အင်မော်တယ်ဖြစ်ရမယ်။’
ဝါးနံရံများကို ဖန်တီးပြီးနောက် လင်းလော့တောင်ထိပ်ဆရာမသည် ကျေနပ်စွာ ခေါင်းညိတ်ပြီး ပျင်းရိစွာ ဆန့်တန်းလိုက်ကာ၊
"အဆင်သင့်ဖြစ်ပြီ။ မင်း သွားပြီး နင်ရွှမ်းနဲ့ မင်ယွဲ့တို့ကို ခေါ်လိုက်၊ သူတို့လည်း ခံစားလို့ရအောင်ပေါ့။"
လုရီသည် နောက်ဆုံးတွင် မှင်သက်နေရာမှ သတိပြန်ဝင်လာခဲ့သည်။
သူသည် ဝါးနံရံများကို ကြည့်လိုက်ပြီး ဘာအကြောင်းကြောင့်မှန်းမသိ ၊ အနည်းငယ်
စိတ်ပျက်အားငယ်သွားရသည်။
ထို့နောက် သူ ခေါင်းညိတ်ပြီး နာခံလိုက်သည်။
"ဟုတ်ကဲ့ ဆရာ..စီနီယာအစ်မနဲ့ ဂျူနီယာညီမလေးကို အခုပဲ သွားခေါ်လိုက်ပါ့မယ်။"
အခန်း ၃၄၂- စီနီယာအစ်မ.. ထိကြည့်လို့
ရမလား...
~လုရီသည် လင်းလောင် တောင်ထိပ်မှ ဆင်းလာပြီး လျိုနင်ရွှမ်း၏ ဂူစံအိမ်အဝင်ဝသို့ ရောက်ရှိလာခဲ့၏။
"စီနီယာအစ်မ၊ ဂျူနီယာမောင်လေး ရောက်လာပါတယ်။"
မကြာမီပင် အဖြူရောင်ဝတ်စုံဖြင့် အင်မော်တယ်တစ်ပါးကဲ့သို့ အေးစက်တည်ကြည်နေသည့်
လျိုနင်ရွှမ်းသည် ဂူစံအိမ်တံခါးကို ဖွင့်လိုက်ပြီး လုရီကို အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
"ဂျူနီယာမောင်လေး၊ ဘာလို့ ရောက်လာတာလဲ။"
ထိုအခါ လုရီက ပြုံးပြီး ပြောလိုက်သည်။
"ဆရာက ရေချိုးဖို့ ခေါ်ခိုင်းလိုက်လို့ပါ။"
လျိုနင်ရွှမ်းသည် အနည်းငယ် ထိတ်လန့်သွားပြီး သူမ၏ အေးစက်လှပသော မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာခဲ့၏။
"ရေချိုးဖို့...?"
"အခုတော့ ရှင်းပြဖို့ ခက်တယ်။ ဆရာဆီ ရောက်ရင် နားလည်သွားပါလိမ့်မယ်။"
လျိုနင်ရွှမ်းသည် ထပ်မံမေးမြန်းခြင်း မပြုတော့ဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"ဂျူနီယာညီမလေးကိုလည်း သွားခေါ်ရအောင်၊ အတူတူသွားကြတာပေါ့။"
လုရီ ပြောလိုက်ပြီး သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်ဆီသို့ ပျံသန်းသွားခဲ့သည်။ မကြာမီပင် နှစ်ဦးသား သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်သို့ ရောက်ရှိလာပြီး သူမကို ခေါ်ထုတ်လိုက်ကြသည်။
သုန်းကုန်းမင်ယွဲ့သည် လုရီကို မြင်သောအခါ မျက်လုံးများ တလက်လက် တောက်ပသွားပြီး မျက်နှာ ရဲတက်လာခဲ့၏။ သူမသည် နံနက်ပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် လုရီကို တည့်တည့် မကြည့်နိုင် ဖြစ်နေပုံရသည်။
"စီနီယာ အစ်ကို၊ ဘာ... ဘာလို့ ဒီကို ရောက်လာတာလဲ။"
လုရီက ပြုံးပြီး ထပ်ပြောလိုက်သည်။
"အတူတူ ရေချိုးဖို့ ခေါ်ဖို့ လာတာပါ"
သုန်းကုန်းမင်ယွဲ့: "????"
သူမ၏ လှပသော မျက်နှာသည် နီရဲတက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ လုရီကို ကြည့်လိုက်၏။
ထို့နောက် ဘေးမှ လျိုနင်ရွှမ်းကို တစ်ချက်ကြည့်ပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
"ရေ... ရေချိုး? အတူတူ? စီနီယာအစ်မနဲ့ရောလား?! ဒါ... ဒါ မသင့်တော်ဘူး မဟုတ်လား?!"
‘ငါ့ဂျူနီယာညီမလေးက ငါရည်ရွယ်တာနဲ့ လုံးဝမတူတဲ့ တစ်ခုခုကို စဉ်းစားနေတာပဲ။’
လုရီသည် ရယ်မောလိုက်ပြီး..
",ဘာတွေ စဉ်းစားနေတာလဲ။ ဆရာက တောင်ထိပ်ပေါ်ကို အတူတူ သွားဖို့ ပြောတာပါ။"
ဤသည်ကို ကြားသောအခါ သုန်းကုန်းမင်ယွဲ့ ခေတ္တမျှ ကြောင်ငေးသွား၏။
"ဆရာက သွားခိုင်းတာလား။"
"ဟုတ်တယ်၊ အရင် တောင်ထိပ်ကို သွားကြရအောင်၊ ဆရာ့ကို စောင့်ခိုင်းထားတာ မကောင်းဘူး။"
သုန်းကုန်းမင်ယွဲ့သည် မျက်နှာထား မှုန်မှိုင်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သုံးဦးသား
လင်းလောင်တောင်ထိပ်ပေါ်သို့ ဆက်လက်တက်သွားခဲ့ကြသည်။
ထိုနေရာသို့ရောက်သောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် ဝါးအိမ်ဘေးတွင် အဖြူရောင်မြူများ ရစ်ဝဲနေသော ဝါးတဲအပိုတစ်ခုကို ချက်ချင်း သတိပြုမိလိုက်ကြသည်။
"ဒီနေရာ... ဒါက ဝိညာဉ်ကန်ရှိတဲ့ နေရာပဲ မဟုတ်လား။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ။"ဟု
သုန်းကုန်းမင်ယွဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။
ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မသည် ရုတ်တရက် ဘွားခနဲ ပေါ်လာခဲ့ပြီး သူမ၏ လှပသော မျက်နှာထက်၌ ပျင်းရိသောဟန်ပန်တစ်ခု ထင်ဟပ်နေခဲ့၏။
"မင်းတို့ ရောက်လာပြီလား။ ဝင်ကြရအောင်။ နင်ရွှမ်းနဲ့ မင်ယွဲ့၊ ဟိုဘက်က မင်းတို့ နှစ်ယောက်အတွက်ကန်။ ဒီတစ်ခုကတော့ မင်းအတွက်ပဲ ကောင်လေး။"
သူမက ဝါးတဲ၏ တံခါးနှစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
အခြေအနေကို နားလည်သော လုရီက ခေါင်းညိတ်လိုက်၏။ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်နှာထား မှုန်မှိုင်းနေခဲ့သည်။
"ဆရာ၊ ဒါ ဘာတွေလဲဟင်။" လျိုနင်ရွှမ်းက မေးလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မသည် လုရီကို တစ်ချက်ကြည့်လိုက်၏။
"ဒီကောင်လေးက ယင်ယန်ကျောက်စိမ်းတစ်တုံး ရထားတယ်။ အရမ်း တန်ဖိုးရှိတာ။ သူ ငါ့ဆီလာပြီး တိုင်ပင်တော့ ငါတို့ ဒီ ယင်ယန်ကျောက်စိမ်းနဲ့ ဝိညာဉ်စမ်းရေကို သုံးပြီး မင်းတို့ ရေချိုးဖို့ ဝိညာဉ်ကန်နှစ်ခု ထပ်လုပ်ပေးလိုက်တာ။ သွားကြည့်ကြ၊ မင်းတို့အတွက် အလွန်အကျိုးရှိလိမ့်မယ်။"
ဤသည်ကို ကြားသောအခါ လျိုနင်ရွှမ်းနှင့်
သုန်းကုန်းမင်ယွဲ့တို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။ နှစ်ဦးသား လုရီကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"စီနီယာအစ်ကိုက နောက်ထပ် ရတနာတစ်ခု ရှာတွေ့ပြန်ပြီလား။ စီနီယာအစ်ကိုရဲ့ ကံက တကယ်ကို ကောင်းလွန်းတာပဲ။" ဟု သုန်းကုန်းမင်ယွဲ့က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
"ကံကောင်းတာလေးတစ်ခုပါပဲ။" လုရီက နှိမ့်ချစွာ ပြုံးလိုက်သည်။
"ကဲ၊ ဝင်ကြရအောင်။"
လင်းလောင် တောင်ထိပ် သခင်မသည် ပျင်းရိစွာ ဆန့်တန်းလိုက်ရာ သူမ၏ ချောင်နေသော ဝတ်စုံသည် သူမ၏ ဖြူဖွေးသော အသားအရေကို မသိမသာ ထုတ်ဖော်ပြသနေသည်။
သူမသည် ပင်မကန်၏ အဝင်ဝဆီသို့ ဦးတည်လှမ်းသွားခဲ့သည်။ လုရီလည်း သူ၏ရေကန်တံခါးပေါက်ဆီသို့ ဝင်သွားခဲ့သည်။
ဝင်လိုက်သည်နှင့် ဝါးနံရံများ ဝန်းရံထားသော သေးငယ်သည့် ကန်လေးတစ်ခု ရှိနေလေသည်။ ယင်ယန်ကျောက်စိမ်းသည် ဝိညာဉ်စမ်းရေနှင့် လုံးဝပေါင်းစပ်သွားခြင်းကြောင့် ထိုစဉ်တွင် နက်နဲဆန်းကြယ်သော တာအိုတေးသံများ စမ်းရေထဲတွင် ပေါ်ထွက်လာပြီး ယင်ယန်တာအို၏ စာလုံးများ တလက်လက် လျှပ်စီးနေကာ အလွန်ထူးခြားသည်။
ဝါးနံရံ၏ အခြားတစ်ဖက်မှ သုန်းကုန်းမင်ယွဲ့၏ အံ့သြသံများ ထွက်ပေါ်လာရာ သူမနှင့် စီနီယာအစ်မတို့ အလွန်အမင်း အံ့အားသင့်နေကြသည်မှာ သိသာသည်။
တစ်ဖက်တွင်မူ လုရီသည် အဝတ်အစားများ လှုပ်ရှားသံကို ကြားလိုက်ရပြီးနောက် ရေလှိုင်းများ လှုပ်ခတ်သံ ထွက်ပေါ်လာကာ သူ၏ဆရာမ၏ ပျင်းရိစွာ သက်ပြင်းချသံကို ကြားလိုက်ရလေသည်။
"တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ။"
ထို့နောက် လင်းလောင်တောင်ထိပ်ဆရာမ၏ အသံ ဆက်လက်ထွက်ပေါ်လာခဲ့သည်။
"ဝင်ပြီး စမ်းကြည့်လိုက်၊ အကျိုးသက်ရောက်မှု တော်တော်ကောင်းတယ်။"
လုရီလည်း သူ့ဝတ်ရုံကို ချွတ်လိုက်ပြီး ဝိညာဉ်စမ်းရေထဲသို့ ဝင်လိုက်သည်။
ထိုသို့ဝင်လိုက်သည်နှင့် သူ၏ အမူအရာ မသိမသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ အလွန်ပြင်းထန်သော်လည်း နူးညံ့လှသော ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်လာသည်ကို ခံစားမိလိုက်သည်။
‘ဒါ... ဒါက ဆရာက ပါးလွှာအောင်လုပ်ထားတဲ့ ဝိညာဉ်စမ်းရေပဲ ရှိသေးတာ။ ပင်မရေကန်ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်တောင် ပြင်းထန်လိုက်မလဲ။’
ထို့အပြင် လုရီသည် ဝိညာဉ်စမ်းရေ၌ အလွန်ထူးခြားသော စွမ်းအားတစ်ခု ပါဝင်နေသည်ကိုလည်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ဤစွမ်းအားသည် ကြည်လင်သော စမ်းရေကဲ့သို့ သူ၏ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို သန့်စင်ပေးပြီး အတွင်းမှ အပြင်သို့ အရာအားလုံးကို ဆေးကြောပေးနေသကဲ့သို့ပင်။
"ဒါ... ဒီ ဝိညာဉ်စမ်းရေက ဒဏ်ရာတွေကို ကုသနိုင်ရုံတင်မကဘူး၊ စိတ်ကို ဉာဏ်အလင်းပေးပြီး သဘာဝအမှန်ကိုတောင် ထုတ်ဖော်ပြသနိုင်တာလား။"
ပင်မရေကန်ဘက်မှ လင်းလောင် တောင်ထိပ် သခင်မ၏ အသံထွက်ပေါ်လာခဲ့ပြီး သူမလည်း အနည်းငယ် အံ့အားသင့်နေပုံရ၏။
"ဪ? မင်းအတွက် ဒီအကျိုးသက်ရောက်မှုတွေပဲလား။ မင်းရဲ့ အခြေခံက ငါထင်ထားတာထက် ပိုပြီး ခိုင်မာပုံရတယ်။ ဒီ ဝိညာဉ်စမ်းရေက အခြေခံကို ပြုပြင်ပေးတယ်၊ ခန္ဓာကိုယ်ကို သန်မာစေတယ်၊ ဝိညာဉ်စွမ်းအားကို မြှင့်တင်တယ်၊ ကိုယ်တွင်းက မကောင်းဆိုးဝါးနဲ့ နှလုံးသားနတ်ဆိုးတွေကို သန့်စင်ပေးတယ်၊ ပြီးတော့ စိတ်ကို ဉာဏ်အလင်းပေးပြီး သဘာဝအမှန်ကို ထုတ်ဖော်ပြသနိုင်တာပေါ့။"
လုရီနှင့် လင်းလောင် တောင်ထိပ် သခင်မတို့၏ စကားပြောဆိုသံကို ကြားသောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
"ဒီ ဝိညာဉ်စမ်းရေရဲ့ အကျိုးသက်ရောက်မှုက တကယ်ကို ဒီလောက်ကောင်းတာလား။"
ထိုစဉ် လင်းလောင်တောင်ထိပ် သခင်မက
ဆော်သြလိုက်သည်။
"ဘာတွေ စောင့်နေကြတာလဲ။ ဝင်ပြီး ရေစိမ်လိုက်ကြ။ အရမ်း သက်သောင့်သက်သာရှိတယ်၊ ကျင့်ကြံခြင်းကြောင့် ဖြစ်တဲ့ ပင်ပန်းမှုတွေကို သန့်စင်ပေးနိုင်တယ်။"
"ဒါပေမဲ့... ဒါပေမဲ့ စီနီယာအစ်မနဲ့ ကျွန်မကလေ..."
ထိုသို့ သုန်းကုန်းမင်ယွဲ့၏ အသံလေးမှာ တုံ့ဆိုင်းဆိုင်းဖြင့် ထွက်ပေါ်လာသည်။
လျိုနင်ရွှမ်း၏ အသံကလည်း ရှားရှားပါးပါး
ရှက်ရွံ့သံလေး သဲ့သဲ့ပါလာသည်။
"တစ်ယောက်နဲ့တစ်ယောက် အဝတ်အစားမပါဘဲ မြင်နေရတာက တော်တော်ဆန်းကြယ်တယ်...။"
လင်းလောင် တောင်ထိပ် သခင်မ၏ အသံမှာတော့ လုံးဝကို ပေါ့ပေါ့ပါးပါးပင်။
"နင်တို့နှစ်ယောက်က အခုထိ ရှက်နေတုန်းလား... ဘာလို့ ရှက်နေရမှာလဲ... နင်တို့နှစ်ယောက်လုံး မိန်းကလေးတွေပဲကို...။"
‘သူတို့နှစ်ယောက် ရေကန်ထဲမှာ အတူတူချိုးနေကြတာကို စဉ်းစားမိတော့... အဟဲ... မဟုတ်သေးပါဘူး... ဒီအတွေးကို ဆက်မတွေးတော့ဘူး။’
ထို့နောက် လုရီ နောက်တစ်မျိုး စဉ်းစားမိသည်။
‘ငါ့ရဲ့ နတ်ဘုရားအာရုံက အားကောင်းလွန်းတော့ ဒီဝါးနံရံလောက်က ဘယ်လိုလုပ် ပိတ်ဆို့နိုင်မှာလဲ။ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့... လုပ်သင့်၊ မလုပ်သင့်...’
အဲဒီအချိန်မှာပဲ လင်းလောင် တောင်ထိပ် သခင်မ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
"လုရီ... နင်သာ နတ်ဘုရားအာရုံကို သုံးရဲသုံးကြည့်၊ ဒီအဘွားကြီး နင့်ကို သတ်ပစ်မယ်... ကြားလား...။"
လုရီ: "..."
သူက လေးလေးနက်နက် ပြောလိုက်သည်။
"ဆရာက လွန်လွန်းနေပြီနော်... ဆရာ့ရဲ့ တပည့်က အဲ့ဒီလိုလူမျိုး ဖြစ်နိုင်ပါ့မလားဗျာ...။"
လင်းလောင်တောင်ထိပ်ဆရာမ၏ ရေကန်ထဲမှ ရေလှုပ်ရှားသံနှင့်အတူ သူမက ဆိုသည်။
"ကြိုတင်ကာကွယ်တာပါ... ကြိုပြီး သတိပေးတာပေါ့...။"
ဘေးနားမှ သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့သည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ အဝတ်များ ချွတ်သံသဲ့သဲ့ ကြားရပြီးနောက် ရေကန်ထဲသို့ ဆင်းသွားကြရာ ရေများ လှိုင်းထသွားတော့သည်။
မကြာမီမှာပင် သူတို့နှစ်ယောက်လုံးထံမှ အံ့သြသံလေးများ ထွက်ပေါ်လာသည်။
လင်းလောင် တောင်ထိပ် သခင်မက ရယ်လိုက်သည်။
"အဟင်း..ဘယ်လိုလဲ... မဆိုးဘူးမလား...။"
"ဟုတ်ကဲ့၊ ဒီဝိညာဉ်စမ်းရေထဲမှာ ပုံမှန် ရေချိုးပေးမယ်ဆိုရင် ကျင့်ကြံမှုအဆင့် တော်တော်လေး တိုးတက်လာမယ်လို့ ထင်ပါတယ်။" လျိုနင်ရွှမ်းက အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။
"ဒီလို ဝိညာဉ်စမ်းရေမျိုးမှာ ရေချိုးနေတာဆိုတော့ ဝိုင်ကောင်းတွေ၊ အစားကောင်းတွေ မရှိဘဲ နေလို့ဖြစ်မလား... ဟေ့ ကောင်လေး... မင်းရဲ့ ဝိညာဉ်ဝိုင်တွေ၊ ဝိညာဉ်အစားအစာတွေ အမြန်ယူခဲ့စမ်း...။"
လုရီသည် ဝါးနံရံကို ကြည့်ပြီး ပြောလိုက်သည်။
"ဆရာ... ဘယ်လိုပေးရမလဲဗျ...။"
"အပေါ်ကနေ ပစ်ထည့်လိုက်။"
လုရီသည် ဝိညာဉ်ဝိုင်အိုးများ၊ ဝိဉာဉ် အစားအစာပန်းကန်များကို တစ်ခုပြီးတစ်ခုထုတ်ကာ အခြားတစ်ဖက်သို့ ပစ်ပေးလိုက်သည်။
ထို့နောက် သူ၏ အနီရောင် မီးတောက်ဝိုင်ကို တစ်ခွက်ငှဲ့၍ စတင်သောက်သုံးလိုက်သည်။
မီးလျှံလုံးကြီးကဲ့သို့သော စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားပြီး ဝိဉာဉ်ရေစမ်းမှ နူးညံ့ချိုမြိန်သည့် စွမ်းအင်များကလည်း အပြင်ဘက်မှ သူ၏ခန္ဓာကိုယ်ကို စိမ့်ဝင်လာကာ အာဟာရဖြည့်ပေးနေသည်။
လုရီတစ်ကိုယ်လုံး လေထဲတွင် မြောနေသကဲ့သို့၊ တိမ်များပေါ်တွင် ရောက်နေသကဲ့သို့ ..ခံစားလိုက်ရသည်။
ခန္ဓာကိုယ်နှင့် စိတ်ထဲမှ ပင်ပန်းနွမ်းနယ်မှုများအားလုံး ဆေးကြောသွားသကဲ့သို့ပင်။
‘ဒါက... ဘဝပဲလေ...။’
လုရီသည် ဝိုင်ကို တစ်ငုံထပ်သောက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
လင်းလောင် တောင်ထိပ် သခင်မက ရယ်လိုက်သည်။
"ဟုတ်တယ်မလား... ဝိညာဉ်ရေစမ်းထဲ စိမ်၊ ဝိညာဉ်ဝိုင်မြည်း၊ နေ့ရက်တိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်... ဒါက ကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့ အနှစ်သာရ မဟုတ်ဘူးလား... ကျင့်ကြံတာက လောကကို ကျော်လွန်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကျော်လွန်ဖို့ မဟုတ်ဘူးလား...။"
ဤစကားကို ကြားလိုက်သည်နှင့် လုရီ ရုတ်တရက် ဉာဏ်အလင်းတစ်ချက် လက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် အခုတော့ သူ ထိုဉာဏ်အလင်းကို လေထဲမှာပင် လွင့်မျောခွင့်ပေးလိုက်သည်။
ယနေ့တော့ သူ ပေါ့ပေါ့ပါးပါး နေမည်။ သူ့ကိုယ်သူ ကျင့်ကြံမှုလမ်းကြောင်းမှ ခဏတာ ခွဲထုတ်ပြီး လက်ရှိအခိုက်အတန့်ကို အပြည့်အဝ ခံစားမည်။
လုရီ မသိမသာ ပြုံးလိုက်သည်။
"ဟုတ်ကဲ့၊ ဆရာ ပြောတာ မှန်ပါတယ်။"
ထိုစဉ် သုန်းကုန်းမင်ယွဲ့က ဝိုင်ကို တစ်ကျိုက် မြိုချပြီး ပြောလိုက်သည်။
"အင်း... ကျွန်မရဲ့ အတွေးတွေကတော့ မတူဘူး။ ကျွန်မကတော့ ကြိုးစားပြီး ကျင့်ကြံပြီး အင်မော်တယ်ဖြစ်ဖို့ပဲ စဉ်းစားထားတယ်"
လျိုနင်ရွှမ်းက ဖြူဖျော့ဖျော့ပြုံးကာ၊
"ဆရာနဲ့ ဂျူနီယာ မောင်လေးတို့က ထူးချွန်ထက်မြက်ပြီး ခွန်အားကြီးမားတဲ့ သူတွေပါ။ ငါတို့လို သာမန်လူတွေက ဘယ်မီနိုင်ပါ့မလဲ။ လိုက်မှီအောင်ကြိုးစားရင်း၊ ကျင့်ကြံခြင်းလမ်းမှာ အဆက်မပြတ်..ရှေ့ဆက် လျှောက်လှမ်းနေရုံပဲ
ရှိတာပေါ့။ ဘယ်လိုမှ ခွဲထွက်လို့ မရနိုင်ဘူး" ဟု ဆို၏။
လုရီက ဘာပြောရမှန်း မသိစွာဖြင့်
တုံ့ပြန်လိုက်သည်။
"ဂျူနီယာ ညီမလေးနဲ့ စီနီယာ အစ်မတို့ နှစ်ယောက်စလုံးက သဘာဝအတိုင်း ထူးခြားတဲ့ ဝိညာဉ်ခန္ဓာတွေ ပိုင်ဆိုင်ထားသူတွေပါ။ ကိုယ့်ကိုယ်ကိုယ် သာမန်လူလို့ သတ်မှတ်ကြမယ်ဆိုရင် တခြားကျင့်ကြံသူတွေဆို အသက်ရှင်နေစရာတောင် မလိုတော့ဘူး ထင်ပါရဲ့"
သုန်းကုန်းမင်ယွဲ့က ဝိုင်ကို တစ်ကျိုက် မော့ချရင်း
ပြန်ပြောလာသည်။
"ဒါပေမဲ့ အစ်ကိုကြီးနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်မတို့က သာမန်လူတွေနဲ့ သိပ်မကွာဘူးလို့ ပြောရမှာပဲ"
ဤစကားကို ကြားလိုက်သည်နှင့် လုရီ အနည်းငယ် မနေတတ် ဖြစ်သွားသည်။
သူက သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူတို့ ပြောသလို တန်ခိုး ထွားနေတာမျိုး မဟုတ်ပေ။
သူတို့လေးယောက်သည် ရေကန်ဘောင်ကိုမှီ၍ နတ်ရေစမ်းထဲ စိမ်ကာ တစ်ခါတစ်ရံ စကားပြော၊ ပေါ့ပေါ့ပါးပါး ဝိုင်သောက်ရင်း စိတ်အေးလက်အေး ပေါ့ပါးမှုကို ခံစားနေကြသည်။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့နှစ်ယောက်စလုံးက ကြိုးစား ကျင့်ကြံရမည်ဟု ပြောခဲ့ကြပေမယ့်၊ ဒီနေ့တော့ အနားယူဖို့ ဆုံးဖြတ်လိုက်ကြပုံပါပဲ။
လုရီ တစ်ယောက် တွေးလိုက်မိတာက မိနကလေး နှစ်ယောက်လုံးဟာ ယခုအချိန်မှာ သူ့လိုပဲ ပေါ့ပေါ့ပါးပါးနှင့် ရေကန်အစွန်းမှာ မှီပြီး အနားယူနေကြမှာ အသေအချာပဲ ဟူ၍တည်း။