← Chapters

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း (၃၄၆-၃၄၈)

Vol. 24 Ch. 346-348

အခန်း ၃၄၆ -ယွင်ရှီးရဲ့ အင်မော်တယ်ခန္ဓာကိုယ်ဆန်းကြယ်မှု ..

~ဟင်းဟင်းပြင် ဥမင် နယ်ပယ် အဆင့် မဟာအခင်းအကျင်း တစ်ခု၏ ဖွဲ့စည်းပုံသည် ဤမျှလောက် ရှုပ်ထွေး နက်နဲလှသည်။ ဤသည်ကို အခြေခံ၍ ပေါင်းစည်းခြင်း အဆင့် အခင်းအကျင်းကို ထပ်မံ တွက်ချက် ခန့်မှန်းရန် မည်မျှ

ကြာမည်ကို လုရီ မသိနိုင်ချေ။

"အနည်းဆုံးတော့ တစ်နှစ်လောက် အချိန်ယူရလိမ့်မယ်။ မဟာ အခင်းအကျင်းတွေကို ခန့်မှန်းရတာက တကယ်ကို ဦးနှောက်ခြောက်တဲ့ အလုပ်ပဲ။"( ယခင်အပိုင်းက ဖွဲ့တည်တာလို့ သုံးခဲ့ပါတယ်၊ အတူတူပါပဲ :D)

လုရီသည် စိတ်ထဲမှ သက်ပြင်းချလိုက်သည်။ သို့သော် မဟာ အခင်းအကျင်းများကို ခန့်မှန်းခြင်းအပြင်၊ သူသည် အစောပိုင်းက ရရှိခဲ့သော 'သင်္ကေတလေးခု သတ်ဖြတ်ခြင်းအခင်းအကျင်း' အပါအဝင် အခြားသော အခင်းအကျင်းများကိုလည်း စတင်လေ့ကျင့်နေခဲ့သည်။

ဤတစ်လအတွင်း တိမ်ဖြူဂိုဏ်းသည် ယခင်ကထက် များစွာ ပိုမိုအလုပ်များလာခဲ့သည်။

သူသည် အနားယူချိန်တွင် သူ့ဆရာမအတွက် အလုပ်အချို့ ဆောင်ရွက်ပေးရင်း ဖြစ်စေ၊ အလုပ်ရုံသို့ သွားရောက် လည်ပတ်ရင်း ဖြစ်စေ မျက်နှာစိမ်းများစွာကို တွေ့ရတတ်၏။ ထိုသူတို့၏ အရှိန်အဝါများမှာလည်း အတော်ပင် အားကောင်းကြသည်။ သူတို့သည် ကျောက်စိမ်းနက် တောင်နှင့် သံမဏ်ိ နှလုံးသားဂိုဏ်းတို့မှ စွမ်းအားရှင်များပင် ဖြစ်ကြသည်။

တစ်လကျော်လာသောအခါ ထိုဂိုဏ်းနှစ်ခုမှ ကျင့်ကြံသူများသည် တိမ်ဖြူဂိုဏ်းသို့ ရေစီးကြောင်းများပမာ ဆက်တိုက် စီးဝင်လာကြတော့သည်။

လွန်ခဲ့သော နှစ်ရက်က... ထိုဂိုဏ်းနှစ်ခုမှ အားကောင်းသော ကျင့်ကြံသူများအားလုံးနီးပါး တိမ်ဖြူဂိုဏ်းသို့ ရောက်ရှိလာခဲ့ကြသည်။ ထို့နောက် တိမ်ဖြူဂိုဏ်းမှ တရားဝင် ကြေညာချက်တစ်ခု ထုတ်ပြန်လိုက်သည်။

ကျောက်စိမ်းနက် တောင်ထိပ်နှင့် သံမဏ်ိ နှလုံးသားဂိုဏ်းတို့သည် တိမ်ဖြူဂိုဏ်းနှင့် ပူးပေါင်းလိုက်ပြီ ဖြစ်ကြောင်း...။

ဤသတင်းသည် ချင်းကျိုးတစ်ခုလုံးကို ဗုံးတစ်လုံးကြဲချလိုက်သကဲ့သို့ ဆူညံပွက်လောရိုက်သွားစေသည်။ ထိုနေ့မှာပင် ပြင်းထန်သော စွမ်းအားရှင်များသည် ဂိုဏ်းနှစ်ခု၏ အကာအကွယ်အခင်းအကျင်းများကို အင်အားသုံး၍ ထိုးဖောက် ဝင်ရောက်ခဲ့ကြသည်။ သို့သော်... ဂိုဏ်းတစ်ခုလုံးသည် ဗလာနတ္ထိဖြစ်နေပြီး ဘဏ္ဍာတိုက်များပင် လုံးဝဗလာကျင်းနေသည်ကို တွေ့ရှိခဲ့ရ၏။ တန်ဖိုးရှိသော အရာဟူ၍ ဆံချည် တစ်မျှင်ပင် မကျန်ခဲ့ပေ။

ဤအဖြစ်အပျက်က အခွင့်အရေးသမား ပြင်ပအင်အားစုများစွာကို ထိတ်လန့်တုန်လှုပ်စေခဲ့သည်။ တောင်ဝါ ဂိုဏ်းသုံးခုမှ စွမ်းအားရှင်များ၏ ဒေါသတကြီး ဟိန်းဟောက်သံများက ရက်ပေါင်းများစွာတိုင် ပဲ့တင်ထပ်နေခဲ့သည်ဟု ဆိုကြသည်။

နောက်ထပ် သုံးလ...အကြာ။

အချိန်ယန္တရားတို့သည် တရွေ့ရွေ့ ကုန်လွန်သွားခဲ့ပြန်လေသည်။

ဤညတွင် လုရီ ကျင့်ကြံနေစဉ်...

ရုတ်တရက်ဆိုသလိုပင်...။

မိုးကုတ်စက်ဝိုင်း၏ အဝေးတစ်နေရာမှ အလွန်နက်နဲသော အရှိန်အဝါတစ်ခု ထွက်ပေါ်လာသည်ကို သူ ခံစားလိုက်ရသည်။ ထိုအရှိန်အဝါမှာ နက်နဲလှသော်လည်း သူနှင့်မူ ရင်းနှီးနေခဲ့သည်။

"ဒီအရှိန်အဝါ... ဒါ... ယွင်ရှီးပဲ!"

လုရီသည် တုန်လှုပ်စွာဖြင့် သူ၏နေရာမှ ပျောက်ကွယ်သွားသည်။ နောက်တစ်ခဏတွင် ကောင်းကင်ယံ၌ ပေါ်လာကာ ပန်းတစ်သောင်းဂိုဏ်းတည်ရှိရာ အရပ်ဆီသို့ လှမ်းကြည့်လိုက်သည်။ သူ၏မျက်နှာတွင် အံ့ဩမှုများ အထင်းသား ပေါ်လွင်နေ၏။

လုရီသာမက... တိမ်ဖြူဂိုဏ်းတစ်ခုလုံးမှ အားကောင်းသော ကျင့်ကြံသူများစွာလည်း ထိုနည်းတူ ထိတ်လန့်တကြား ကောင်းကင်ပေါ်သို့ ပျံတက်လာကြသည်။

သူ၏ဆရာမ၊ စီနီယာအစ်မနှင့် ဂျူနီယာညီမလေးပင်လျှင် ပန်းတစ်သောင်းဂိုဏ်းဘက်သို့ ကြည့်ရန် ပျံသန်းလာကြသည်။

ညကောင်းကင်၏ အစွန်အဖျားဆီတွင်... ကိုးရောင်ခြယ် အလင်းတန်းတိုင်ကြီးတစ်ခုသည် ကောင်းကင်သို့ ထိုးတက်သွားသည်။ ၎င်းသည် ကြယ်တာရာပေါင်းများစွာနှင့် ပေါင်းစပ်ကာ

ပြင်ပအာကာသနှင့်ပင် ချိတ်ဆက်နေဘိသကဲ့သို့။

နက်နဲသော အရှိန်အဝါများ လှည့်ပတ်စီးဆင်းနေပြီး လုရီသည် သင်းပျံ့သော ပန်းရနံ့အချို့ကိုပင် ရရှိလိုက်သည်ဟု ထင်မှတ်မိလေသည်။

'ဒီလောက်ကြီးမားတဲ့ မြင်ကွင်းကြီး... ပန်းတစ်သောင်းဂိုဏ်းနဲ့ ဒီလောက်ဝေးတာတောင် ငါတို့ဆီကနေ ခံစားသိနိုင်နေတယ်။ ယွင်ရှီး... ဘာတွေဖြစ်နေတာလဲ။'

ထိုအချိန်တွင် ပုံမှန်အားဖြင့် မျက်နှာပေါ်တွင် ပျင်းရိသော အလှကိုဆောင်ထားသည့် လင်းလောင်တောင်ထိပ်သခင်မ၏ မျက်နှာထက်၌ အံ့အားသင့်သည့် အရိပ်အယောင်လေးတစ်ခု ပေါ်လာကာ ဆိုလိုက်သည်။

"အင်မော်တယ်ခန္ဓာ...။ ဟိုဘက်က ပန်းတစ်သောင်းဂိုဏ်းဘက် မဟုတ်လား။ ယွင်ရှီးဆိုတဲ့ ကောင်မလေးတော့ ကံအကြီးကြီး ကောင်းတာပဲ။ သူ့ရဲ့ ပန်းတစ်သောင်း ဝိညာဉ်ခန္ဓာကို

အင်မော်တယ်ခန္ဓာ အဆင့်အထိ မြှင့်တင်နိုင်လိမ့်မယ်လို့ ငါတောင် မထင်ထားမိဘူး။ သူ့ရဲ့ အနာဂတ်ကတော့ တိုင်းတာလို့ မရနိုင်တော့ဘူး"

"အင်မော်တယ်ခန္ဓာ ! ယွင်ရှီးက... အင်မော်တယ်ခန္ဓာကို စုစည်းနိုင်ခဲ့တာလား!" လုရီသည် အလွန်အမင်း တုန်လှုပ်သွား၏။

ထို့နောက် သူသည် သူ မထွက်ခွာမီက ယွင်ရှီးကို ပေးခဲ့သော 'ကိုးရောင်ခြယ် ခေါင်းလောင်းပန်း' များကို သတိရလိုက်သည်။ ၎င်းမှာ

အင်မော်တယ် ရတနာနှင့် နီးစပ်သော ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ခု ဖြစ်ပြီး ယွင်ရှီးနှင့် အလွန် လိုက်ဖက်လှသည်။ ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများကို စုပ်ယူပြီးနောက်... ယွင်ရှီးသည် အင်မော်တယ် ခန္ဓာအဖြစ်သို့ အမှန်တကယ်ပင် ချိုးဖျက် ဝင်ရောက်ခဲ့သည်တကား။

မွေးရာပါဝိညာဉ် ခန္ဓာ ဖြစ်သော ပန်းတစ်သောင်းဝိညာဉ် ခန္ဓာကို ပိုင်ဆိုင်ထားခြင်းကပင် ကြီးမားသော ပါရမီ ခန္ဓာကိုယ်ကို သက်သေပြနေပြီ ဖြစ်သည်။ ယခု အင်မော်တယ်ခန္ဓာအဖြစ်သို့ ချိုးဖျက်ဝင်ရောက်ပြီးနောက် သူမသည် မည်မျှ ကြောက်မက်ဖွယ် ကောင်းလာမည်ကို စဉ်းစား၍ပင် မရနိုင်တော့ပေ။

ထိုကောင်းကင်ယံမှ ကြီးကျယ်ခမ်းနားသော မြင်ကွင်းကြီးကပင် ထိုအချက်ကို သက်သေခံနေသည်။

လုရီသည် ယွင်ရှီးအတွက် ဝမ်းသာပီတိ ဖြစ်သွားသည်။ ထို့အပြင် သူ့ကိုယ်သူအတွက်လည်း

ပျော်ရွှင်မိသေးသည်။

"ယွင်ရှီးရဲ့ ခွန်အားက ဒီလောက် တိုးတက်သွားမှတော့... ငါတို့နှစ်ယောက်ရဲ့ ကျင့်ကြံမှု အလုပ်တွေအတွက် ဆုလာဘ်တွေကလည်း အဆပေါင်းများစွာ တိုးလာမှာ သေချာတယ်။ ဒါ... ဒါကတော့ အကောင်းဆုံးပဲ!"

လုရီ ပျော်ရွှင်မှုများဖြင့် ဖုံးလွှမ်းနေစဉ်၊ သူ၏ဘေးရှိ သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့မှာမူ တုန်လှုပ်ခြောက်ခြားနေကြသည်။

"အင်မော်တယ်ခန္ဓာ! အဲ့ဒီ ယွင်ရှီးဆိုတဲ့ မိန်းမက တကယ်ကြီး အင်မော်တယ်ခန္ဓာကို စုစည်းနိုင်ခဲ့တာလား! ဒါဆို... ဒါဆို သူ့ရဲ့ပါရမီက ငါ့ထက်တောင် သာသွားပြီပေါ့! ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ! ငါတို့ရဲ့ ပါရမီက အတူတူလောက်ရှိရမှာလေ! သူ့ကို ကျော်ဖြတ်ဖို့ ငါ ကြိုးစားကျင့်ကြမလို့ စီစဉ်ထားခဲ့တာလေဟယ်!"

သုန်းကုန်းမင်ယွဲ့သည် မယုံကြည်နိုင်စွာ အော်ဟစ်လိုက်သည်။

သူမသည် စိတ်ဓာတ်ကျကာ ငိုင်တွေသွားတော့သည်။

လျိုနင်ရွှမ်းသည်လည်း မျက်မှောင်ကို ကြုတ်လိုက်သည်။ သူမ၏ အေးစက်လှပသော မျက်နှာထက်တွင် လေးနက်သောအရိပ်အယောင်များ ပေါ်လာကာ နှုတ်ခမ်းများ လှုပ်ကာ ရေရွတ်လိုက်သည်။

"အင်မော်တယ်ခန္ဓာ...။"

လျိုနင်ရွှမ်းကိုယ်တိုင်က အလွန် ပါရမီ ထူးချွန်သူတစ်ဦး ဖြစ်ပြီး ယွင်ရှီးထက် ကျင့်စဉ် မြင့်မားသော်လည်း ယခု ယွင်ရှီး ရရှိသွားသော ပြီးပြည့်စုံသည့်အသွင်ပြောင်းလဲမှုက သူမအပေါ်တွင် ကြီးမားသောဖိအားကို သက်ရောက်စေခဲ့သည်။

"နှမြောစရာပဲ... ယွင်ရှီးလေးက ငါ့တပည့်လေးသာ ဖြစ်ခဲ့ရင် သိပ်ကောင်းမှာ။" ဟု လင်းလောင်တောင်ထိပ်သခင်မက နောင်တရသော အမူအရာဖြင့် ဆိုလိုက်သည်။

ထိုစဉ် လုရီသည် တစ်စုံတစ်ခုကို သတိရကာ မျက်နှာအမူအရာ ပြောင်းလဲသွားပြီး

"ဆရာမ... ဒီလောက် ကြီးမားတဲ့ မြင်ကွင်းကြီးက... စွမ်းအားကြီးတဲ့ ကျင့်ကြံသူတွေ အများကြီးကို ဆွဲဆောင်လာလိမ့်မယ် မဟုတ်လား"

"ဟုတ်တယ်။ အင်မော်တယ် ခန္ဓာရဲ့ စွမ်းအား အတက်အကျတွေကို ဖုံးကွယ်မထားခဲ့ဘူးလေ။ ထျန်းမင်က ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတိုင်း ဒါကို သတိထားမိကြလိမ့်မယ်။ အများစုကတော့ ယွင်ရှီးလေးအပေါ် သူတို့ရဲ့ လောဘမျက်လုံးတွေ ကျရောက်နေလောက်ပြီ။" ဟု လင်းလောင်တောင်ထိပ်သခင်မက ခေါင်းငြိမ့်လျက် ပြန်ဖြေသည်။

ထိုအခါ၌ လုရီသည် မျက်မှောင်ကြုတ်ကာ လေးနက်စွာ ခွင့်တောင်း၏။

"ဆရာ... ကျွန်တော် ဆရာ့ဆီက အကူအညီတစ်ခု တောင်းချင်ပါတယ်။"

လင်းလောင်တောင်ထိပ်သခင်မက ပြုံးလျက် ကြည့်ကာ မေးလေသည်။

"ဘာလဲ၊မင်းက ငါ့ကို ပန်းတစ်သောင်းဂိုဏ်းကို သွားပြီး ကာကွယ်ပေးစေချင်တာ မဟုတ်လား။"

"ကျွန်တော် စီစဉ်ပေးခဲ့တဲ့ မဟာအခင်းအကျင်းက ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူတွေကို

မတားဆီးနိုင်ပါဘူး။ ဆရာ ဝင်ရောက်စွက်ဖက်မှပဲ သူတို့ကို တားဆီးနိုင်မှာပါ။" ဟု လုရီက ခေါင်းညိတ်ကာ ဆိုသည်။

သူ့စကားအား ကြားတော့ လင်းလောင်တောင်ထိပ်သခင်မက နောက်ပြောင်သည့် သဘောဖြင့် ပြောလိုက်သည်။

"... ကောင်လေး၊ မင်းကတော့ ယွင်ရှီးလေးကို တကယ်ပဲ အရမ်းဂရုစိုက်တာပဲနော်။"

လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် လုရီကို ထူးဆန်းသော အမူအရာများဖြင့် ကြည့်လိုက်ကြသော်လည်း ဘာမှဝင်မပြောကြပေ။

အခန်း ၃၄၇ - ယွင်ရှီးရဲ့ အင်မော်တယ်ခန္ဓာကိုယ်ဆန်းကြယ်မှု ...

~"ဆရာမ... ယွင်ရှီးက မျက်နှာပြောင်ပြီး အရှက်မရှိပေမဲ့ သူက လူဆိုး တစ်ယောက်တော့ မဟုတ်ပါဘူး... သူ့ကို ကူညီပေးလိုက်ပါနော်"

သုန်းကုန်းမင်ယွဲ့ကလည်းပဲ နှုတ်ခမ်းစူလျက် တောင်းပန်လာသည်။

လျိုနင်ရွှမ်းလည်း လင်းလောင်တောင်ထိပ်သခင်မဘက်သို့ တိတ်ဆိတ်စွာ ကြည့်လိုက်၏။ သူမ၏အကြည့်က အရာအားလုံးကို ပြောပြနေသည်။

ထိုအခါ လင်းလောင်တောင်ထိပ်သခင်မက ပျင်းရိစွာ အကြောဆန့်လိုက်ရင်း ဆိုသည်။

"မင်းတို့ မပြောရင်တောင် ငါက ဒီအင်မော်တယ်ခန္ဓာကိုယ်ကို ဘာမှ အဖြစ်ခံမှာမဟုတ်ဘူး။ အင်မော်တယ်ခန္ဓာကိုယ်က ပုံမှန်အတိုင်း ကြီးပြင်းလာရင် သူက အင်မော်တယ်တစ်ပါး ဖြစ်လာလိမ့်မယ်။ အင်မော်တယ်တောင်မှ ရိုးရိုး အင်မော်တယ် မဟုတ်ဘဲ ထူးချွန် ပြောင်မြောက်တဲ့

အင်မော်တယ်နော်၊ အဲ့ဒါ ထျန်းမင်အတွက် ကောင်းတယ်။ ကြယ်တာရာမြစ် တစ်ခုလုံးအတွက်တောင် ကောင်းတယ်။"

ထိုအခါ လုရီမှာ သူ့ဆရာ ပါဝင်မည်ဟု ပြောသောအခါမှ စိတ်အေးကာ သက်ပြင်းချသွားရသည်။

ထို့နောက် သူက

"ကြယ်တာရာမြစ် တစ်ခုလုံးအတွက် ဘာလို့ ကောင်းရတာလဲ ဆရာမ။" ဟု နားမလည်စွာ ပြန်မေးလိုက်သည်။

လင်းလောင်တောင်ထိပ်သခင်မက လုရီကို မျက်လုံး ထောင့်စွန်းမှ ကပ်၍ ကြည့်လိုက်ပြီး

ပြောလာသည်က

"မင်းကောင်လေးက ခွေးတစ်ကောင်ထက်တောင် အားနည်းပြီး မင်းရဲ့ စပ်စုချင်စိတ်က ကြောင်တစ်ကောင်ထက်တောင် ပိုနေသေးတယ်"

"????"

လုရီ လုံးဝကို အံ့အားသင့်သွားသည်။

"ကျွန်တော်က ဘယ်လိုလုပ် ခွေးတစ်ကောင်လို အားနည်းရမှာလဲ"

"တချို့ခွေးတွေမှာ အင်မော်တယ် ခွန်အားရှိတယ်။ မင်းမှာကော... ဘာရှိလဲ။" ဟု

လင်းလောင် တောင်ထိပ်သခင်မက မထီမဲ့မြင် ကဲ့ရဲလိုက်သည်။

"..."

လုရီ ခေါင်းထဲတွင် မိုးကြိုးအစင်း တစ်ရာလောက် ပစ်ချလိုက်သကဲ့သို့ ရုတ်တရက် ငိုင်သွားသည်။

သူ... သူက ခွေးတစ်ကောင်လောက်တောင် အားမကောင်းသေးဘူးတဲ့လား။

အနီးအနားတွင် သုန်းကုန်းမင်ယွဲ့သည် သူမ၏

စီနီယာအစ်ကို ရှက်ရမ်းရမ်းသွားသည်ကို မြင်ရသဖြင့် ပျော်ရွှင်စွာ ရယ်မောလိုက်သည်။

ထိုအခိုက်အတန့်ဝယ် လျိုနင်ရွှမ်းက သုန်းကုန်းမင်ယွဲ့ကို အေးစက်စွာကြည့်လိုက်ပြီး သူမ၏ မျက်လုံးများတွင် သနားခြင်း အရိပ်အယောင်လေး ပေါ်လာသည်။

"...ဂျူနီယာ ညီမလေး၊ နင်က ဂျူနီယာအစ်ကိုထက်တောင် အားနည်းသေးတယ်"

ဤစကားကို ကြားသောအခါ သုန်းကုန်းမင်ယွဲ့၏ ရယ်သံသည် လည်ချောင်းထဲတွင်ပင် တစ်ဆို့ကာ ရုတ်တရက် ရပ်တန့်သွားသည်။ သူမ ကြက်သေသေသွား၏။

...ငါ့စီနီယာအစ်ကိုက ခွေးနဲ့ နှိုင်းယှဉ်ခံရတယ်။ ငါ့ခွန်အားက သူ့ထက်တောင် နည်းသေးတယ်ဆိုတော့... ငါက... ငါက ခွေးထက်တောင် နိမ့်ကျနေတာပေါ့...

သူမ၏ ရင်ထဲတွင် တုန်လှုပ်စွာ တွေးလိုက်မိသည်။

သုန်းကုန်းမင်ယွဲ့သည် သူမ၏ ဘဝ ရွေးချယ်မှုများကို သံသယ ဝင်လာတော့သည်။

"တော်ကြတော့။ အားလုံး ကိုယ့်ကျင့်ကြံမှုအပေါ်ပဲ အာရုံစိုက်ကြ။" ဟု လင်းလောင်တောင်ထိပ်သခင်မက ပျင်းရိစွာ ဆိုလိုက်သည်။

ထိုသို့ပြောပြီးနောက် သူမသည် ထိုနေရာမှ ရုတ်တရက် ပျောက်ကွယ်သွားလေသည်။ လုရီနှင့် သူ့အဖော်နှစ်ဦးတို့သည် တစ်ယောက်ကိုတစ်ယောက် အကြည့်ချင်းဖလှယ်ပြီးနောက် သူတို့၏ သက်ဆိုင်ရာ ဂူစံအိမ်များသို့ တိတ်ဆိတ်စွာ ပြန်သွား၍ ကျင့်ကြံကြတော့သည်။

နှစ်ရက်ကြာသော်...

ကျန့်ဖန်နှင့် သူ့အဖော်များသည် သတင်းများယူဆောင်လာခဲ့ကြသည်။

ပန်းတစ်သောင်းဂိုဏ်း၏ အံ့ဖွယ်နိမိတ်နှင့်

မဖော်ထုတ်နိုင်သော လျှို့ဝှက်ချက်အကြောင်းပါပင်။

လွန်ခဲ့သော နှစ်ညတာ...။

ပန်းတစ်သောင်းဂိုဏ်း၏ ကောင်းကင်ယံအပေါ်ဝယ် မယုံကြည်နိုင်စရာ၊ ထိတ်လန့်တုန်လှုပ်ဖွယ် နိမိတ်ထူးတစ်ခု ထွက်ပေါ်လာခဲ့သည်။

မျက်မြင်သက်သေတို့၏ ကြက်သေသေလောက်ဖွယ် ဖော်ပြချက်များအရ ထိုညဉ့်က ကောင်းကင်ယံအထက်တွင် ပန်းပေါင်းစုံတို့သည် လှိုင်းထန်စွာ ယိမ်းနွဲ့နေပုံ၊ ရှေးဟောင်းသစ်တောကြီးများ ဖူးပွင့်ဝေဆာလာပုံ၊ နွယ်ပင်ကြီးများ ရစ်ပတ်နေပုံ တို့သည် ကောင်းကင်ထက်၌ အသက်ဝင်ရှင်သန်လာသည့် ရှေးဟောင်းသစ်တောကြီးတစ်တောနှယ် ထင်မှတ်ရစေခဲ့သည်။

၎င်းသစ်တောကြီး၏ ဗဟိုချက်တွင်မူ နေကို ဖုံးအုပ်မတတ်၊ ကောင်းကင်ကို ထိလုနီးပါး ဧရာမ ကိုးရောင်ခြယ် ပန်းကြီးတစ်ပွင့် ထွက်ပေါ်လာခဲ့သည်။

၎င်း၏ ပန်းဖတ်များသည် ကောင်းကင်ယံနှင့်ပင် တစ်ထပ်တည်း ကျလုနီးပါး ရှိနေပြီး ကြယ်တာရာမြစ်တစ်ခုလုံးကိုပါ လွှမ်းမိုးထားနိုင်ခဲ့သည်။

ဤသည်ကား လူအများတို့၏ စိတ်ကူးဉာဏ်ဖြင့်ပင် မှီနိုင်မည် မဟုတ်သော ခမ်းနားထည်ဝါ၍ ကြီးမားသော နိမိတ်ထူးပင်ဖြစ်သည်။

ပန်းတစ်သောင်းဂိုဏ်း၏ နယ်မြေ တစ်ခုလုံးသာမက အရှေ့ နယ်မြေ တစ်ခုလုံးပင် ယင်းလှုပ်ခတ်မှု၏ ပြင်းထန်သော သက်ရောက်မှုကို ခံစား သိရှိခဲ့ကြရသည်အထိ ဖြစ်ခဲ့သည်။

နိမိတ်ထူး ပေါ်ထွက်ပြီး နောက်တစ်မနက်တွင်မူ ကောင်းကင်ယံကို ဖြတ်သန်းလာသည့် အရိပ်နက်များ၊ ခြောက်ခြားဖွယ် ကောလဟာလများသည် မီးတောက် မီးလျှံပမာ လျင်မြန်စွာ ပျံ့နှံ့ခဲ့၏။

ကပ်ဘေးဖြတ်ကျော် မဟာစွမ်းအားရှင်ကြီးများသည် မည်သူမျှ မသိသော နည်းလမ်းများဖြင့် ကောင်းကင်ယံကို ဖြတ်ကျော်လာခဲ့ကြသည်။ ထို့ထက်ပို၍ ထိတ်လန့်စရာ ကောင်းသည့် ကောလာဟလမှာမူ အင်မော်တယ်ဂိုဏ်းကြီးများ၊ ဘုန်းကြီးသည့် မြင့်မြတ်နယ်မြေများမှ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးများပင် ပန်း

တစ်သောင်းဂိုဏ်းသို့ ရောက်ရှိလာခဲ့သည် ဟူ၍ ဖြစ်သည်။

ပန်းတစ်သောင်းဂိုဏ်း၏ အပြင်ဘက်၌မူ ကြောက်မက်ဖွယ် ကောင်းသော အကြီးအကဲ ဆယ့်နှစ်ဦးထက်မနည်း ရပ်တည်နေကြသည်။ အဝေးမှနေ၍ ဤအဖြစ်အပျက်အားလုံးကို မျက်မြင် ကြုံတွေ့ခဲ့ရသည့် ကျင့်ကြံသူများ၏ ဖော်ပြချက်အရ ထိုဝါရင့်အကြီးအကဲ တစ်ဦးချင်းစီတိုင်းတွင် အလွန်တရာ ပြင်းထန်ပြီး ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါများ ရှိနေခဲ့သည်ဟု ဆိုသည်။

သူတို့ ရပ်နေရုံသက်သက်ဖြင့်ပင် ကောင်းကင်ကို ပုံပျက်ပန်းပျက် ဖြစ်စေခဲ့ပြီး သူတို့၏ ပြင်းထန်လှသော ဝိညာဉ် ဖိအားကြောင့် ပတ်ဝန်းကျင်ရှိ နေရာလွတ်များကိုပင် ကြေမွသွားစေသည်အထိ သြဇာညောင်းခဲ့သည်။

ထိုမဟာ စွမ်းအားရှင်ကြီး အချို့၏ တီးတိုးစကားသံများမှတစ်ဆင့် ပန်းတစ်သောင်းဂိုဏ်းမှ အင်မော်တယ် ခန္ဓာ တစ်ခု ထွက်ပေါ်လာပြီ

ဟူသည့် လျှို့ဝှက်ချက်သည် ဖော်ထုတ်ခံခဲ့ရသည်။ ဘေးဒုက္ခ ကျော်ဖြတ်ပြီးသူ ဘိုးဘေးကြီးအားလုံးတို့သည် အင်မော်တယ် ခန္ဓာ အတွက် ရောက်ရှိလာခဲ့ကြခြင်းပင်။

လူတိုင်း နားလည်ထားကြသည့် အတိုင်းပင်၊

လုရီ တည်ဆောက်ထားသည့် ပန်းတစ်သောင်းဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းသည် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးများ၏ တိုက်ခိုက်မှုကို လုံးဝ တားဆီးနိုင်မည် မဟုတ်ပေ။

သို့သော်လည်း လူတိုင်းကို အံ့အားသင့်စေခဲ့သော အဖြစ်အပျက်ကား ဤသို့....ဖြစ်၏။

ကပ်ဘေးဖြတ်ကျော် ဘိုးဘေး အုပ်စုက

ပန်းတစ်သောင်းဂိုဏ်းသို့ ချဉ်းကပ်လာပြီး သက်ကြီးအကြီးအကဲတစ်ဦးက ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို အတင်းအဓမ္မ ဖောက်ထွင်းရန် ကြိုးစားသည့်အခါ ပန်းတစ်သောင်းဂိုဏ်းသည် အခြား ကမ္ဘာတစ်ပါးတွင် တည်ရှိနေသကဲ့သို့၊ ပုံရိပ်ယောင်သက်သက် ဖြစ်နေသည်။ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းကပင် ထိုနည်းအတိုင်းပင်ဖြစ်ပြီး မည်သည့် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီး၏ တိုက်ခိုက်မှုမှ လုံးဝ မထိခိုက်ခဲ့ပေ။

ဤအချက်က ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးအားလုံးကို ရင်သပ်ရှုမောသွားစေခဲ့ပြီး မည်သူမျှ နောက်ထပ် မလှုပ်ရှားဝံ့တော့ဘဲ၊ အခင်းအကျင်း အပြင်ဘက်မှသာ ပန်းတစ်သောင်းဂိုဏ်းမှ

အဘွားဟွားနှင့် ညှိနှိုင်းခဲ့ကြရသည်။

ကပ်ဘေးဖြတ်ကျော် ဘိုးဘေး တစ်ဦးစီတိုင်းက အင်မော်တယ် ကိုယ်ခန္ဓာကို ခေါ်ဆောင်သွားရန် အလွန်မြင့်မားသော တန်ဖိုးများစွာ ကမ်းလှမ်းခဲ့ကြသည်ဟု ဆိုသည်။ သို့သော်လည်း

ပန်းတစ်သောင်းဂိုဏ်းကမူ ယဉ်ကျေးစွာပင် ငြင်းပယ်ခဲ့သည်။

နောက်ဆုံးတွင်မူ ကျင့်ကြံသူများ အားလုံးကို တုန်လှုပ် အံ့အားသင့်စေသည်မှာ ငြင်းပယ်ခံရပြီးနောက် ကပ်ဘေးဖြတ်ကျော် ဘိုးဘေးကြီးများသည် တုံ့ဆိုင်းခြင်းမရှိ၊ ဝန်လေးခြင်းမရှိဘဲ လှည့်ထွက်သွားခဲ့ကြခြင်းပင် ဖြစ်သည်။

ဤကိစ္စသည် မဖြေရှင်းနိုင်သော နက်နဲလှသည့် ပဟေဠိတစ်ခုအဖြစ် ကျန်ရစ်ခဲ့သည်။ ထိုမျှလောက် စွမ်းအားကြီးမားသော ကျင့်ကြံသူများကို မည်သည့်အရာက ဤမျှလောက် ကြောက်ရွံ့စေကာ နောက်ထပ် ယှဉ်ပြိုင်ဝံ့ခြင်း မရှိအောင် ပြုလုပ်ခဲ့သနည်း ဟူသည်ကို ကျင့်ကြံသူများအားလုံး ခန့်မှန်း၍ မရဘဲ ရှိနေခဲ့သည်။

အဖြစ်အပျက်များအား ရှင်းပြပြီးသောနောက်မှာတော့ ပိုင်ယွီလုံက ပြုံးစစဖြင့် လုရီကို ကြည့်လိုက်ပြီး...

"တချို့ကတော့ ပန်းတစ်သောင်းဂိုဏ်းထဲမှာ

အင်မော်တယ်တစ်ပါး ပုန်းအောင်းနေပြီး သူကပဲ ကာကွယ်ပေးလိုက်တာလို့ ပြောနေကြတယ်။

ယွင်ရှီးကတော့ တကယ်ကံကောင်းတာပဲ။

ဂျူနီယာညီလေးလု၊ ဒီကိစ္စ မင်းနဲ့တော့

မပတ်သက်လောက်ပါဘူးနော်"

လုရီက တည်ငြိမ်စွာ ပြုံးလိုက်ပြီး

တုံ့ပြန်လိုက်သည်။

"ကျွန်တော်လည်း မသေချာပါဘူး"

သူသည် စိတ်ထဲတွင်တော့ ပင့်သက်ရှိုက်လိုက်သည်။

သူ့ဆရာ၏ နည်းလမ်းများက နိယာမများနှင့် ပတ်သက်နေမည်ပင်။

ထို့ကြောင့်သာ ကပ်ဘေးဖြတ်ကျော်ကျင့်ကြံသူများ ကြောက်လန့်တကြား ဆုတ်ခွာသွားခဲ့ခြင်း ဖြစ်ပေမည်။

ဆိုလိုသည်မှာ... ပန်းတစ်သောင်းဂိုဏ်းသည် လုံခြုံသွားပြီ။

"ယွင်ရှီး လုံခြုံသွားပြီ ဆိုတော့ စိတ်အေးရပြီ။ အင်း... သူ့ကို သွားတွေ့ဖို့ အချိန်ရောက်ပြီလား။ အင်မော်တယ် ခန္ဓာကိုယ်ဆိုတာ ဘယ်လိုမျိုးလဲ သွားကြည့်ရမလား။ မဖြစ်သေးဘူး... အခုချိန်မှာ လူတိုင်းက ပန်းတစ်သောင်း ဂိုဏ်းကို စောင့်ကြည့်နေကြမှာ။ နောက်မှပဲ သွားတော့မယ်။" ဟု သူ တွေးလိုက်သည်။

ယွင်ရှီး၏ အင်မော်တယ်ခန္ဓာ ကိစ္စပြီးနောက် ချင်းကျိုးသည် တဖြည်းဖြည်း တည်ငြိမ်လာခဲ့ပြီး လုရီလည်း ငြိမ်းချမ်းသော ကျင့်ကြံမှုဘဝသို့ ပြန်လည်ရောက်ရှိခဲ့သည်။

နောက်ထပ် အချိန်ကာလ တစ်နှစ်...

မြေပေါ်သို့ သက်ဆင်းသော ရွက်ကြွေများအသွင် ကြွေခဲ့ပြန်သည်..။

အချိန်သည် မြားတစ်စင်းပမာ ကုန်လွန်သွားခဲ့သည်။

တစ်နှစ်အကြာတွင် တိမ်ဖြူဂိုဏ်းအပြင်ဘက်၌ တပည့်တစ်ဦးထံမှ သူသည် သတင်းစကားတစ်ခု ရရှိခဲ့သည်။

မိတ်ဟောင်းဆွေဟောင်းတစ်ဦး... အလည်အပတ် ရောက်ရှိလာခဲ့ခြင်းပင်။

အခန်း ၃၄၈ - ကပ်ဘေးဖြတ်ကျော်ဘိုးဘေးနှင့် စည်းကမ်းချက်များ ဆွေးနွေးခြင်း ...

~"မိတ်ဆွေဟောင်းတစ်ဦး လာရောက်တွေ့ဆုံတယ် ဟုတ်လား"

လုရီက သတင်းပို့လာသည့် တပည့်ကို ကြည့်ရင်း အနည်းငယ် အံ့ဩသွားလေသည်။ ထိုတပည့်ကမူ လုရီအား အထင်ကြီးလေးစားသော မျက်ဝန်းများဖြင့် ကြည့်ကာ ပြုံးလျက်၊

"ဟုတ်ပါတယ်၊ အစ်ကိုလု။ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေက လူတွေပါပဲ။ ဂိုဏ်းချုပ်ကလည်း အစ်ကိုလုကို အမြန်လာဖို့ ပြောခိုင်းလိုက်ပါတယ်" ဟု ဆို၏။

" ကောင်းကင်နဂါး မြင့်မြတ် နယ်မြေကလား"

လုရီ၏ မျက်လုံးများထဲတွင် အရောင်တစ်ချက် လက်သွားသည်။

' ကောင်းကင်နဂါး သူတော်စင် သားတော်များ ရောက်လာတာများ ဖြစ်မလား '

မကြာသေးမီက သူ့ကိုယ်ခန္ဓာသန့်စင်ခြင်း ကျင့်ကြံမှုအတွက် အရင်းအမြစ်များမှာ အဆင်

မပြေလှချေ။ စစ်မှန်သော နဂါးသွေးအဆီအနှစ်များလည်း လိုအပ်နေသည်။ အကယ်၍ ကောင်းကင် နဂါးမြင့်မြတ် နယ်မြေမှ လူများသာ ရောက်လာခဲ့လျှင် ဤသည်မှာ သတင်းကောင်းတစ်ခု ဖြစ်ရပေမည်။

"ကောင်းပြီ၊ ဒါဆို လမ်းပြပါ။"

လုရီက ပြုံးလျက်ဆို၏။

"ဟုတ်ကဲ့ပါ!"

ထိုတပည့်က လုရီအား တိမ်ဖြူတောင်ထိပ်၏ ပင်မခန်းမဆီသို့ လေးစားစွာ ခေါ်ဆောင်သွားတော့သည်။

ပင်မခန်းမအတွင်းသို့ မဝင်မီကပင် လုရီသည် အတွင်းမှ လေးလံသော အရှိန်အဝါကို ခံစားမိနေပြီ ဖြစ်သည်။ ခန်းမဆောင်တစ်ခုလုံးရှိ လေထုသည် ကျောက်တုံးကြီးတစ်ခုကဲ့သို့ လေးလံကာ တင်းမာနေတော့သည်။ ဂိုဏ်းချုပ် ဝူချင်းဖုန်း၊ အကြီးအကဲမင်နှင့် မဟာအကြီးအကဲများအားလုံးသည် ဧည့်သည်တော်တစ်စုအား ဧည့်ခံလျက် ရှိကြ၏။

ထိုကျင့်ကြံသူများ၏ အရှိန်အဝါများမှာ မုန်တိုင်းထန်သော ပင်လယ်ကြီးတစ်ခုပမာ ပြင်းထန်လှပြီး၊ သူတို့၏ ခန္ဓာကိုယ်ထဲမှ စွမ်းအင်များမှာ ပေါက်ကွဲထွက်လုမတတ် ပြည့်နှက်နေသည်ကို ကြည့်ခြင်းအားဖြင့် ထိုသူများမှာ အလွန်အားကောင်းသည့် ကိုယ်ခန္ဓာကျင့်ကြံသူများဖြစ်ကြောင်း ထင်ရှားပေသည်။

လုရီ၏ မျက်လုံးများက ခန်းမထဲသို့ ဝေ့ကြည့်လိုက်ရာ သူ တွေ့ချင်နေသည့် ကောင်းကင်နဂါးသူတော်စင်သားတော်ကို တွေ့လိုက်ရ၏။

သူသည် မျက်ခုံးတစ်ချက် ပင့်လျက် ပင်မခန်းမထဲသို့ ခြေလှမ်းဝင်လိုက်သည်။

"တူတော်လု ရောက်လာပြီ။"

လုရီ ဝင်လာသည်ကို မြင်သည်နှင့် ဂိုဏ်းချုပ်

ဝူချင်းဖုန်းနှင့် မဟာ အကြီးအကဲများ အားလုံး၏ မျက်နှာများ ဝင်းပသွားကြသည်။

ကောင်းကင်နဂါး မြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများအားလုံး၏ အကြည့်များသည်လည်း

တစ်ချိန်တည်းမှာပင် လုရီထံသို့ စုရုံး

ရောက်ရှိလာကြတော့သည်။

ကောင်းကင်နဂါး သူတော်စင် သားတော်၏ မျက်လုံးများက ဓားသွား တစ်စင်းပမာ စူးရှစွာ တောက်ပနေပြီး လုရီအား စိုက်ကြည့်နေ၏။

လုရီကမူ တည်ငြိမ်စွာ ပြုံးလျက်ပင် နှုတ်ဆက်လိုက်သည်။

"ဂိုဏ်းချုပ်၊ အကြီးအကဲများနဲ့ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေက စီနီယာတို့၊ တာအိုရောင်းရင်းတို့အားလုံးကို နှုတ်ခွန်းဆက်သပါတယ် ခင်ဗျာ။"

ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ အဖွဲ့၏ ခေါင်းဆောင်မှာ အရပ်ရှည်ပြီး ဆံပင်ရွှေရောင်ရှိသော အမျိုးသားတစ်ဦး ဖြစ်သည်။ သူ၏ အရှိန်အဝါမှာ အတိုင်းအဆမရှိ နက်ရှိုင်းပြီး အဆုံးမဲ့ချောက်နက်ကြီးတစ်ခုပမာ ကြောက်မက်ဖွယ်ကောင်းလှ၏။ သူသည် သိသ်ိသာသာပင် ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူတစ်ဦး ဖြစ်လေသည်။

သူမှ လွဲ၍ မဟာယာနအဆင့် ကျင့်ကြံသူ နှစ်ဦး၊ ဟင်းလင်းပြင် ဥမင် နယ်ပယ်အဆင့်ရှိ ငယ်ရွယ်သော ကျင့်ကြံသူ အများအပြားနှင့် ကောင်းကင်နဂါးမြင့်မြတ်သားတော်တစ်ဦးတို့လည်း ပါဝင်လာကြသည်။

ဤမျှ ခမ်းနား ကြီးကျယ်သည့် အဖွဲ့အစည်းကြီးသည် သာမန် တိမ်ဖြူဂိုဏ်းလေးသို့ အဘယ်ကြောင့် ရောက်လာရသည်ကို လုရီ

နားမလည်နိုင်အောင် ဖြစ်သွားရသည်။

လုရီ စဉ်းစားနေစဉ်မှာပင် ခေါင်းဆောင်ဖြစ်သူ ကပ်ဘေးဖြတ်ကျော်ဘိုးဘေးက သူ့ဘက်သို့ ခေါင်းညိတ်ပြကာ အောင်မြင် ခန့်ညားသော လေသံဖြင့် ချီးကျူးလိုက်သည်။

"ဝိညာဉ်စွမ်းအင်တွေက ပင်လယ်လို ပြည့်လျှံနေပြီး အသက်ရှူနှုန်းက နက်ရှိုင်းတည်ငြိမ်တယ်။ တကယ်ကို ထူးခြားတဲ့ လူငယ်တစ်ယောက်ပဲ။"

"စီနီယာက ချီးကျူးလွန်းပါတယ်" လုရီက လက်နှစ်ဖက်ဆုပ်ကာ အရိုအသေပေးလျက် ပြန်ပြော၏။

ကပ်ဘေးဖြတ်ကျော်ဘိုးဘေးက ရယ်မောလိုက်ပြီး၊

"မင်းရဲ့ ရုပ်ခန္ဓာကလည်း အလွန်သန်မာတယ်လို့ ငါ ကြားထားတယ်။ အခု မင်းကို တွေ့လိုက်ရတော့ မင်းရဲ့ သွေးချီစွမ်းအင်တွေက မီးတောက်တစ်ခုလို တောက်လောင်နေတာပဲ။ အော့ထျန်းထက်တောင် ပိုသန်မာနိုင်လောက်တယ်။"

'အော့ထျန်း' ဟူသော အမည်ကို ကြားသည်နှင့် လုရီသည် နတ်နဂါးမြင့်မြတ်သားတော်အား တစ်ချက်ဝှေ့ကြည့်လိုက်၏။ သူ၏ မျက်နှာမှာ အနည်းငယ် တင်းမာနေပြီး မကျေမနပ်ဖြစ်နေသည်မှာ ရှင်းလင်းလှသည်။

လုရီက ပြုံးလျက်၊ "သိုင်းဆရာကြီးက ချီးကျူးလွန်းပါတယ်။ နတ်နဂါးမြင့်မြတ်သားတော်က ကိုယ်ခန္ဓာကျင့်ကြံတဲ့နေရာမှာ ထူးချွန်တဲ့ ပါရမီရှင်တစ်ပါးပါ။ သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုကလည်း အလွန်အင်အားကြီးမားပါတယ်။"

"ဟားဟားဟား၊ ဒီလောက် ငယ်ရွယ်တဲ့သူ

တစ်ယောက်က ဒီလောက် နှိမ့်ချတတ်တာက ကိုယ်ခန္ဓာ ကျင့်ကြံသူတစ်ယောက်နဲ့ မလိုက်ဖက်ဘူး။ မင်းက သိုင်းအခင်းအကျင်းပညာရှင်တစ်ယောက်နဲ့ ပိုတူနေပါလား။" ကပ်ဘေးဖြတ်ကျော်ဘိုးဘေးက ရယ်မောရင်း ဆိုသည်။

ထိုအခိုက်အတန့်၌ ဂိုဏ်းချုပ်ဝူချင်းဖုန်းက လက်ဖြင့် လုရီအား အချက်ပြလိုက်ပြီး

အသိပေးသည်။

"တူတော်လု၊ ဒီကို လာခဲ့ဦး။ ဒီနေ့ နတ်နဂါးမြင့်မြတ်နယ်မြေက စီနီယာတွေ လာတာက ပင်လယ်မျိုးနွယ်နဲ့ တိုက်ခိုက်မယ့်ကိစ္စနဲ့ ပတ်သက်လို့ပဲ။"

ထိုစကားကို ကြားသည်နှင့် လုရီ အနည်းငယ် အံ့အားသင့်သွားပြီး၊

"ပင်လယ်မျိုးနွယ်နဲ့ တိုက်ခိုက်မယ့် ကိစ္စလားဗျ။"

ထိုအခါ ကပ်ဘေးဖြတ်ကျော်ဘိုးဘေးက ရှင်းပြ၏။

"အခု ပင်လယ်မျိုးနွယ်ရဲ့ စွမ်းအားက အရမ်းကြီးထွားနေတယ်။ ကုန်းမြေကို တိုက်ခိုက်နေတဲ့ သူတို့ထဲမှာ အင်အားကြီးသူတွေ အများကြီးပဲ။ ချင်းကျိုးရဲ့ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခုတည်းနဲ့တော့ သူတို့ကို မခုခံနိုင်ဘူး။ ဒါကြောင့် အရှေ့နယ်မြေက ဂိုဏ်းအားလုံး ဆပူးပေါင်းတိုက်ခိုက်ရမယ်။ ငါတို့ ဒီနေ့ တိမ်ဖြူဂိုဏ်းကို လာတာက မင်းတို့ဂိုဏ်းက ကျင့်ကြံသူတွေကို စစ်ပွဲမှာ ပါဝင်ဖို့ ဖိတ်ခေါ်ဖို့ပဲ။"

ဤစကားများကြောင့် ဂိုဏ်းချုပ်ဝူချင်းဖုန်းနှင့် အခြားသူများ၏ မျက်နှာများထက်တွင် စိုးရိမ်မှုအရိပ်အယောင်များ ပေါ်လာတော့သည်။

"စီနီယာ၊ ကျွန်တော်တို့ တိမ်ဖြူဂိုဏ်းက အင်အားနည်းတဲ့ ဂိုဏ်းလေးတစ်ခုပါ။ ကျွန်တော်တို့လည်း စစ်ပွဲမှာ ပါဝင်ရမှာလား။" ဂိုဏ်းချုပ်က မေးမြန်းလိုက်သည်။

ကပ်ဘေးဖြတ်ကျော်ဘိုးဘေးက ဝူချင်းဖုန်းအား တည်ငြိမ်စွာ ကြည့်ကာ၊ ဩဇာရှိသော အသံဖြင့် ပြောသည်။

"အရှေ့နယ်မြေဆိုတာ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေတစ်ခုတည်းရဲ့ ပိုင်ဆိုင်မှု မဟုတ်ဘူး။ အရှေ့ဒေသမှာရှိတဲ့ ကျင့်ကြံသူအားလုံးရဲ့ ပိုင်ဆိုင်မှုပဲ။ တိမ်ဖြူဂိုဏ်းကလည်း အရှေ့နယ်မြေက ဂိုဏ်းတစ်ခု ဖြစ်တဲ့အတွက် စစ်ပွဲမှာ ပါဝင်သင့်တာပေါ့!"

သူက ဖြည်းဖြည်းချင်း ထပ်ပြော၏။

"မင်းတို့ တိမ်ဖြူဂိုဏ်းတင်မကဘူး။ ငါတို့က ဂိုဏ်းအားလုံးကို ပါဝင်ဖို့ ဖိတ်ခေါ်ထားတယ်။ မင်းတို့ဂိုဏ်းကတော့ အခြေအနေထူးခြားလို့ ငါ ကိုယ်တိုင် လာခဲ့တာ။"

ဤသို့ ပြောပြီးနောက် ကပ်ဘေးဖြတ်ကျော်

ဘိုးဘေးက လုရီဘက်သို့ ကြည့်လိုက်ရာ၊ ဤသို့ လာရောက်ရခြင်းမှာ လုရီကြောင့်ပင် ဖြစ်သည်မှာ ထင်ရှားလှ၏။

ဤစကားများကို ကြားရသည်နှင့် ဂိုဏ်းချုပ်က သက်ပြင်း တစ်ချက် ချလိုက်သည်။ စိတ်ခံစားမှုအရရော၊ ဆင်ခြင်တုံ တရားအရပါ ဤစစ်ပွဲသို့ သွားရောက်ရမည်ဖြစ်ပြီး ရှောင်လွှဲ၍ မရနိုင်တော့ကြောင်း သူ နားလည်သွား၏။

"ဒါဆိုရင်... ကျွန်တော်တို့ တိမ်ဖြူဂိုဏ်းက

ဘယ်နှစ်ယောက် စစ်ပွဲမှာ ပါဝင်ရမှာလဲဆိုတာ သိပါရစေ။"

"မင်းတို့ တိမ်ဖြူဂိုဏ်းမှာ ဟင်းလင်းပြင် ဥမင်အဆင့် ကျင့်ကြံသူ နှစ်ယောက်ရှိပြီး၊ ဟင်းလင်းပြင် ဥမင် အဆင့်ဂိုဏ်းလို့ သတ်မှတ်လို့ရတယ်။ ဒါကြောင့် ဟင်းလင်းပြင် ဥမင် အဆင့် ကျင့်ကြံသူ တစ်ယောက်၊ နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ဆယ်ယောက်၊ အခြေတည် ဝိညာဉ်အဆင့် ကျင့်ကြံသူ သုံးဆယ်နဲ့ ရွှေအူတိုင်အဆင့် ကျင့်ကြံသူ သုံးရာကို စစ်ပွဲထဲ စေလွှတ်ရမယ်။"

"ဒီလောက် အများကြီးလား!" ဂိုဏ်းချုပ်ဝူချင်းဖုန်းနှင့် မဟာအကြီးအကဲများ၏ မျက်နှာ အမူအရာများ အနည်းငယ် ပျက်ယွင်းသွား၏။

ကောင်းကင်နဂါး ကပ်ဘေးဖြတ်ကျော် ဘိုးဘေးက ခေါင်းကို ဖြည်းညင်းစွာ ခါယမ်းလျက်၊

"ရိုးရိုးသားသားပြောရရင် ဒီအရေအတွက်က သိပ်မများပါဘူး။ မင်းတို့က စစ်မြေပြင်ကို တစ်ခါမှ မရောက်ဖူးသေးတော့ ပင်လယ်မျိုးနွယ် ကျင့်ကြံသူ အရေအတွက်ကို မမြင်ဖူးသေးလို့ပါ။ ငါတို့ အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေအသီးသီးက တပည့်တွေ သေဆုံးတာက ဒီအရေအတွက်ထက် အဆပေါင်းများစွာ ပိုများတယ်။ ဒါ့အပြင်... စစ်ပွဲမှာ ပါဝင်တာက အလကားမဟုတ်ပါဘူး။ စစ်ရေးအောင်မြင်မှုတွေ ရရင် ငါတို့ရဲ့ ဆုလာဘ်တွေကလည်း အလွန်ကြွယ်ဝမှာပါ။"

ထိုစကားကို ကြားရသည်နှင့် ဂိုဏ်းချုပ်

ဝူချင်းဖုန်းနှင့် အခြားသူများ၏ မျက်နှာများ အနည်းငယ် ပြေလျော့သွား၏။

ဝူချင်းဖုန်းက တစ်စုံတစ်ရာကို တွေးမိပြီး လုရီအား တစ်ချက်ဝှေ့ကြည့်ကာ ချက်ချင်းပင် မေးလိုက်သည်။

"စစ်ပွဲထဲကို သွားမယ့် ကျင့်ကြံသူတွေကို ကျွန်တော်တို့ ဘာသာ ရွေးချယ်နိုင်တယ် မဟုတ်လား။"

"ဒါပေါ့ ၊ ဒါက မင်းတို့ ဂိုဏ်းရဲ့ အတွင်းပိုင်း ဆုံးဖြတ်ချက်ပဲ။"

ထိုစကားကို ကြားရသည်နှင့် အားလုံး သက်ပြင်းချလိုက်ကြသည်။

"စီနီယာ ကိုယ်တိုင် လာရောက်ဖိတ်ခေါ်မှတော့ ကျွန်တော်တို့ ငြင်းပယ်စရာ အကြောင်းမရှိပါဘူး။"

ထိုသို့ ဂိုဏ်းချုပ် ဝူချင်းဖုန်းက ခြောက်ကပ်သော အပြုံးဖြင့် ပြောလိုက်ရတော့၏။

ကပ်ဘေးဖြတ်ကျော်ဘိုးဘေးလည်း တည်ငြိမ်စွာ ခေါင်းညိတ်လိုက်သည်။

သူသည်လည်း ငြင်းဆန်မည်ဟု မတွေးထားပါချေ။

All Chapters