အခန်း (၃၅၂-၃၅၄)
Vol. 24 Ch. 352-354
အခန်း ၃၅၂-ခြောက်နှစ်တာ အလျင်စလို ဖြတ်သန်းခြင်း ...
~လုံမင်ဘိုးဘေးသည် စိတ်ဓာတ်ကျလုဆဲဆဲ ဖြစ်နေသော ကောင်းကင်နဂါး သူတော်စင်
သားတော်၏ ပခုံးကို ဖွဖွလေး ပုတ်လိုက်ရင်း လေးနက်စွာ ဆိုလိုက်၏။
"လုရီလို လူမျိုးကို ရှုံးနိမ့်ခြင်းက မင်းအတွက် အရှက်တရားတစ်ခု မဟုတ်ပါဘူး... အော့ထျန်းရယ်..."
ထိုစကားကြောင့် ကောင်းကင်နဂါး သူတော်စင်
သားတော်၏ မျက်နှာအမူအရာသည် အနည်းငယ် ပြေလျော့သွား၏။ သူ၏ မျက်ဝန်းများထဲတွင် တောက်ပမှု အရိပ်အယောင်တို့ ပြန်လည် ယှက်သန်းလာသည်။ သူသည် လုရီအား စူးစိုက်ကြည့်ကာ ရှုပ်ထွေးသောလေသံဖြင့် မေးလိုက်သည်။
"လုရီ... ငါက မင်းနဲ့ တကယ်ပဲ သိုင်းပြိုင်ဖို့ ထိုက်တန်တယ်လို့ မင်း စိတ်ရင်းနဲ့ ထင်တာလား..."
လုရီက တည်ကြည်လေးနက်သော မျက်နှာဖြင့် ခေါင်းညိတ်ပြလိုက်၏။
"တကယ်ကို ထိုက်တန်ပါတယ်ဗျာ။ အချိန်အားရင် ညီအစ်ကိုအော့ထျန်း၊ တိမ်ဖြူဂိုဏ်းကို လာပြီး ငါနဲ့ မကြာခဏ သိုင်းပညာဖလှယ်ဖို့ အမြဲတမ်း ကြိုဆိုနေမှာပါ..."
ဤစကားကို ကြားလိုက်ရသောအခါ ကောင်းကင်နဂါး သူတော်စင်
သားတော်၏ မျက်ဝန်းတို့သည် မီးတောက်ငယ်များအလား တစ်ဖန်ပြန်၍ တောက်ပလာတော့သည်။ သူ လုရီအား စိုက်ကြည့်နေသော အကြည့်ထဲတွင် တိုက်ခိုက်လိုစိတ်တို့ ပြည့်လျှံလာရင်း...
"လုရီ! ငါ ဒီတစ်ခေါက် ပင်လယ်နွယ်ဖွား စစ်မြေပြင်ကို သွားမယ်။ အသက်နဲ့သေခြင်းတိုက်ပွဲတွေကို ဖြတ်သန်းပြီးရင်... ငါ့မှာ ကြီးမားတဲ့ အသွင်ကူးပြောင်းမှုကြီး ဖြစ်လာမှာ သေချာတယ်။ အဲ့ဒီအချိန်ကျမှ... ငါတို့ ပြန်ပြီး တိုက်ခိုက်ကြတာပေါ့!"
ကောင်းကင်နဂါး သူတော်စင်
သားတော်၏ တာအိုစိတ်ဓာတ် ပြန်လည် တည်ငြိမ်သွားသည်ကို မြင်မှ လုရီလည်း စိတ်သက်သာရာရစွာ သက်ပြင်းချနိုင်တော့သည်။ သူ၏ မျက်နှာထက်တွင် အပြုံးရိပ်တို့ ဝေလျက် ခေါင်းကို ဆက်တိုက်ညိတ်ပြလိုက်သည်။
"ကောင်းပြီလေ! ညီအစ်ကိုအော့ထျန်း လာဖို့ကို ငါ အမြဲစောင့်ကြိုနေပါ့မယ်!"
လုံမင်ဘိုးဘေးသည် မိမိ၏ သူတော်စင်
သားတော် ပြန်လည်ကောင်းမွန်လာသည်ကို မြင်မှ ကျေနပ်စွာ သက်ပြင်းချလိုက်၏။
ထို့နောက် တစ်စုံတစ်ခုကို သတိရသွားကာ လုရီအား အလွန် ဝေခွဲမရသော အမူအရာဖြင့် ကြည့်လိုက်သည်။
"မိတ်ဆွေလေးလုရီ... မင်းရဲ့ ကိုယ်ခန္ဓာသန့်စင်ခြင်း သိုင်းနည်းစနစ်ကို... မင်းကိုယ်တိုင် ဖန်တီးခဲ့တာဆိုတာ... အမှန်ပဲလား။"
ဤမေးခွန်းကို လုံမင်ဘိုးဘေးသည် စိတ်ထဲ၌ သိချင်စိတ်ဖြင့် ပေါက်ကွဲလုမတတ် ဖြစ်နေခဲ့ရာ
မမေးဘဲ မမြိုသိပ်နိုင်တော့ချေ။
လုရီ၏ မျက်နှာတွင် အံ့အားသင့်ဟန် ရိပ်ခနဲ ထင်သွားသည်။ ထို့နောက် ပြုံးလိုက်ကာ...
"ဟုတ်ပါတယ်...။ ကျွန်တော် အဆင့်တက်တိုင်း ကောင်းကင်မိုးကြိုးဒဏ်နဲ့ ခန္ဓာကိုယ်ကို သန့်စင်နေကျပါ။ အဲ့ဒီအချိန်မှာ စစ်မှန်တဲ့ နဂါးပုံရိပ်ယောင်ကို မတော်တဆ မြင်တွေ့ပြီး စိတ်ကူးရလာတာနဲ့... ဒီကိုယ်ခန္ဓာသန့်စင်ခြင်း သိုင်းနည်းစနစ်ကို ဖန်တီးဖြစ်သွားတာပါ..."
လုံမင်ဘိုးဘေး: "..."
ကောင်းကင်နဂါး သူတော်စင်
သားတော်: "..."
နှစ်ဦးစလုံး အသက်ရှူဖို့ပင် မေ့လျော့ကာ
အေးစက်တောင့်တင်းပြီး ကျောက်ရုပ်တစ်ရုပ်ပမာ ဖြစ်သွားကြ၏။
ဒီလောက် ပြင်းထန်တဲ့ ကိုယ်ခန္ဓာ သန့်စင်ခြင်း သိုင်းနည်းစနစ်က နတ်ဘုရား အသွင်ပြောင်း ကျင့်ကြံသူ တစ်ယောက်က ‘ကောင်းကင် မိုးကြိုးဒဏ် ခံရင်း... စစ်မှန်တဲ့ နဂါး ပုံရိပ်ယောင် မြင်ပြီး... စိတ်ကူး ရလာလို့ ဖန်တီးလိုက်တာတဲ့လား...။’
လုရီက သူတို့၏ တုန်လှုပ်မှုကို မသိဟန်ဆောင်ကာ သက်ပြင်းတစ်ချက် ချလိုက်သည်။
"ဒါပေမဲ့ စီနီယာတို့ရဲ့ မြင့်မြတ်နယ်မြေက အင်မော်တယ်သိုင်းကျမ်းတွေလောက်တော့... ဒီနည်းစနစ်က မမီသေးပါဘူး။ ကျွန်တော် ဆက်ပြီး ပြင်ဆင်သန့်စင်ဖို့ လိုပါသေးတယ်..."
ထိုစကားကိုကြားသော် လုံမင်ဘိုးဘေးသည် သူ၏ ဦးရေပြားတစ်ခုလုံး ကျဉ်တက်သွားသလို ခံစားလိုက်ရ၏။ သူက တောင့်တင်းသော လေသံဖြင့် ချီးကျူးလိုက်သည်။
"...မိတ်ဆွေလေးလုရီ... မင်းရဲ့ ရည်မှန်းချက်က တကယ်ကို ကြီးမားလှပါပေတယ်။ ဒီလောက်ငယ်ရွယ်တဲ့အရွယ်၊ ဒီလောက်ကျင့်ကြံမှုအဆင့်နဲ့... အင်မော်တယ်သိုင်းကျမ်းတစ်ခုကို ဖန်တီးဖို့ စဉ်းစားနေတာပါလား... ဟား... ငါ... ငါ တကယ်ပဲ အိုသွားပြီ ထင်ပါရဲ့..."
ကောင်းကင်နဂါး သူတော်စင်
သားတော်မှာမူ သူနှင့် လုရီကြားက ကွာခြားချက်သည် သူထင်ထားသည်ထက် အဆပေါင်းများစွာ ကြီးမားနေမှန်း ထပ်မံ၍ နားလည်သဘောပေါက်သွားပြန်တော့သည်။
သူတို့ သုံးဦးသား တိမ်ဖြူတောင်ထိပ်သို့ ပြန်ရောက်သောအခါ ကောင်းကင် နဂါးမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူအားလုံးက မိမိတို့၏ သူတော်စင် သားတော်ကို စိုးရိမ်တကြီး ကြည့်နေကြ၏။
လုံမင်ဘိုးဘေးက ရယ်မောလိုက်သည်။
"ဘာမှ မစိုးရိမ်ကြနဲ့။ ဒီတိုက်ပွဲအပြီးမှာ ချိုးဖျက်ပြီး ပြန်လည်ရပ်တည်နိုင်ခဲ့တာကြောင့်...
အော့ထျန်းဟာ အောင်မြင်မှု အသစ်တွေ ရလာမှာ သေချာတယ်"
သူ၏ လေသံထဲတွင် လက်ရှိ အခြေအနေအပေါ် အလွန်ကျေနပ်နေဟန် ပါဝင်နေ၏။ ထိုစကားကိုကြားမှ ကောင်းကင် နဂါးမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ သက်ပြင်းချနိုင်ကြတော့သည်။
ထိုအခိုက်တွင် ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် တိမ်ဖြူဂိုဏ်းမှ အကြီးအကဲများ၏ တင်းမာနေသော မျက်နှာထားများလည်း ပြေလျော့သွား၏။
တော်သေးသည်။ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ၏ သူတော်စင်သားတော်သာ သူတို့
တိမ်ဖြူ ဂိုဏ်းမြေပေါ်တွင် တစ်ခုခုဖြစ်သွားခဲ့လျှင်... သူတို့အနေဖြင့် ကောင်းကင်နဂါးမြင့်မြတ်နယ်မြေ၏ အမျက်ဒေါသကို မည်သို့မျှ ခုခံနိုင်မည် မဟုတ်ချေ။
လုံးမင်ဘိုးဘေးသည် ခဏတာ စဉ်းစားပြီးနောက် လုရီအား ကောက်ကျစ်စဉ်းလဲသော အပြုံးဖြင့် ကြည့်ကာ ရယ်မောရင်း...
"လောကကြီးက လုရီဟာ ဓားပညာနဲ့ အခင်းအကျင်း ကျင့်ကြံမှုမှာ ပါရမီရှင်လို့ပဲ သိကြတယ်။ ဒါပေမဲ့ ခန္ဓာကိုယ်ကျင့်ကြံမှုမှာ သူ့ရဲ့ပါရမီက ပိုပြီး အံ့မခန်းဖြစ်နေတာကိုတော့ ဘယ်သူမှ မသိကြဘူး။ မိတ်ဆွေလေးလုရီ... မင်းရဲ့ပါရမီနဲ့သာ ငါတို့ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေကို လာပြီး... 'ကောင်းကင်နဂါး ကိုးပါးအသွင်ပြောင်း အင်မော်တယ်ကျမ်း' ကို လေ့လာမယ်ဆိုရင်... အဲ့ဒီကျမ်းရဲ့ အနှစ်သာရတွေကို မင်းရဲ့နည်းစနစ်နဲ့ ပေါင်းစပ်ပြီး ကိုယ်ပိုင်အင်မော်တယ်ကျမ်း ဖန်တီးမှုကို အရှိန်မြှင့်တင်နိုင်မှာပဲ။ မင်း ဘယ်လိုထင်သလဲ။"
...ဟာ...
ထိုစကားကြောင့် ဝူချင်းဖုန်းနှင့် တိမ်ဖြူဂိုဏ်းအကြီးအကဲတို့၏ မျက်နှာပေါ်မှ အပြုံးများသည် ချက်ချင်းပင် ခဲသွားတော့သည်။ သူတို့၏ မျက်နှာများ တောင့်တင်းသွားပြီး အလွန်အမင်း ဒေါသထွက်လာကြ၏။
'ဒီအဘိုးကြီး... ငါတို့ဂိုဏ်းထဲအထိ လာပြီးတော့ ငါတို့ဂိုဏ်းရဲ့ အဖိုးတန်ဆုံး ပါရမီရှင်ကို ခေါ်ထုတ်ဖို့ ကြိုးစားနေတာ... ဒါ လူစိတ်ရှိသေးရဲ့လား!'
အကယ်၍သာ ပြိုင်ဘက်သည် ကပ်ဘေးဖြတ်ကျော်ဘိုးဘေးတစ်ပါး မဟုတ်ခဲ့လျှင်... ၍သာ ပြိုင်ဘက်သည် ကပ်ဘေးဖြတ်ကျော်ဘိုးဘေးတစ်ပါး မဟုတ်ခဲ့လျှင်...
ဝူချင်းဖုန်းတို့ သတ်ပစ်ချင်စိတ် ပေါက်သွားကြမှာ အမှန်ပင်။
လုရီကမူ ပြုံးလိုက်သည်။ ထို့နောက် ယဉ်ကျေးစွာ ငြင်းဆန်လိုက်၏။
"စီနီယာရဲ့ စေတနာကို ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့... ကျွန်တော် တိမ်ဖြူဂိုဏ်းမှာပဲ ဆက်နေချင်ပါသေးတယ်။"
ထိုစကားကို ကြားရတော့ လုံမင်ဘိုးဘေး သက်ပြင်းတစ်ချက် ချလိုက်သည်။ သူသည်
ဝူချင်းဖုန်းတို့၏ အေးစက်စက် အမူအရာကို သတိပြုမိသွားပြီး ထပ်မံ၍ အတင်းမတိုက်တွန်းတော့ပေ။
တိမ်ဖြူဂိုဏ်းထဲတွင် လျှို့ဝှက်နေထိုင်သည့် ကပ်ဘေးဖြတ်ကျော် မဟာစွမ်းအားရှင်ကို သူလည်း အနည်းငယ် စိုးရိမ်ရသည် မဟုတ်ပါလား။
"ကောင်းပြီလေ... မိတ်ဆွေလေးလုရီက ကိုယ့်အစီအစဉ်နဲ့ကိုယ် ရှိနေမှတော့ ငါလည်း ထပ်မပြောတော့ပါဘူး။ ဒီနေ့ကိစ္စ ဒီမှာပဲ အဆုံးသတ်ကြတာပေါ့။ အချိန်တန်ရင်တော့ တိမ်ဖြူဂိုဏ်းက စစ်ပွဲမှာ ပါဝင်ဖို့ အင်အားကြီးသူတွေကို စေလွှတ်ပေးရလိမ့်မယ်။ နောက်ပြီးတော့... အဲ့ဒီလူသတ်သမားကိစ္စ... ငါ ကိုယ်တိုင် ကောင်းကင်မြွေဂိုဏ်းကို သွားပြီး စုံစမ်းမေးမြန်းပေးပါ့မယ်။"
ထိုစကားကို ကြားသောအခါ လုရီ သက်ပြင်းချလိုက်၏။ သူ၏မျက်နှာထက်တွင် အပြုံးတစ်ခု ပေါ်လာသည်။
"ကျေးဇူးတင်ပါတယ် ..စီနီယာခင်ဗျာ"
‘အစ်ကိုလီယွင်... ခင်ဗျားအတွက် လက်စားချေပေးနိုင်ခဲ့ပြီဆိုတော့... စိတ်ချလက်ချ အနားယူနိုင်ပါပြီ...။’
မကြာမီပင်၊ ကောင်းကင်နဂါးမြင့်မြတ်နယ်မြေမှ ကျင့်ကြံသူများ ပြန်သွားကြသည်။
လုရီလည်း အားလုံးကို နှုတ်ဆက်ကာ သူ၏ ဂူစံအိမ်သို့ ပြန်၍ ဆက်လက်၍ တံခါးပိတ်ကျင့်ကြံလေတော့သည်။
တစ်လခွဲ အကြာတွင် လုရီသည် ပေါင်းစည်းခြင်းအဆင့် အခင်းအကျင်းကို ဖန်တီးနိုင်ခဲ့သည်။
လင်းလောင်တောင်ထိပ် ကောင်းကင်ယံ၌ အခင်းအကျင်းပုံစံများ ထူထပ်စွာ ရုတ်တရက်ပေါ်လာပြီး ကောင်းကင်တစ်ခုလုံးကို ဖုံးလွှမ်းသွားသည်။ ကြောက်မက်ဖွယ် အခင်းအကျင်း တာအိုဖိအားက တိမ်ဖြူဂိုဏ်းတစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေ၏။ ဤအခင်းအကျင်းပုံစံများသည် တစ်ရက်တိတိ ကြာမြင့်ခဲ့ရာ လင်းလောင်တောင်ထိပ်သခင်မခမျာ ကောင်းစွာပင် အနားမယူနိုင်ခဲ့ချေ။
အခင်းအကျင်းပုံစံများ ပျောက်ကွယ်သွားသည်နှင့် လင်းလောင်တောင်ထိပ်သခင်မသည် လုရီ၏ ဂူစံအိမ်ထဲသို့ အတင်းဝင်လာပြီး
လုရီ၏နဖူးကို "ဖြောင်း" ခနဲ အကြိမ်ကြိမ် ပစ်တောက်လိုက်ရာ လုရီခမျာ နာကျင်စွာဖြင့် နဖူးကိုအုပ်ကိုင်ရင်း မျက်ရည်များပင် ဝေ့လာတော့သည်။
"အာ..ဆရာ! ဘာလို့ ရိုက်တာလဲဗျ!" လုရီ အလွန်တရာ မကျေမနပ်ဖြစ်သွားသည်။
'ဘာမှ မလုပ်ရသေးဘဲ အသားနာရတယ်လို့... ဒီလောက်တောင် လူမဆန်ရသလား!'
ဤဒေါသကို သူ၏ မှတ်စုစာအုပ်ငယ်လေးထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။ သူ၏ကျင့်ကြံမှုအဆင့် ဆရာမကို ကျော်လွန်သွားသည်နှင့် ဤနဖူးပစ်တောက်ခံရသည့်အတွက် အတိုးချ၍ လက်စားချေမည်ဟု လုရီ ကျိန်ဆိုလိုက်သည်။
အခန်း ၃၅၃- ခြောက်နှစ်တာ အလျင်စလို ဖြတ်သန်းခြင်း...
~"အာ..ဆရာ! ဘာလို့ ရိုက်တာလဲဗျ!" လုရီ အလွန်တရာ မကျေမနပ်ဖြစ်သွားသည်။
'ဘာမှ မလုပ်ရသေးဘဲ အသားနာရတယ်လို့... ဒီလောက်တောင် လူမဆန်ရသလား!'
ဤဒေါသကို သူ၏ မှတ်စုစာအုပ်ငယ်လေးထဲတွင် တိတ်တဆိတ် မှတ်သားထားလိုက်သည်။ သူ၏ကျင့်ကြံမှုအဆင့် ဆရာမကို ကျော်လွန်သွားသည်နှင့် ဤနဖူးပစ်တောက်ခံရသည့်အတွက် အတိုးချ၍ လက်စားချေမည်ဟု လုရီ ကျိန်ဆိုလိုက်သည်။
ထိုအခါ လင်းလောင်တောင်ထိပ် သခင်မက သူ့လိုပင် ထပ်တူထပ်မျှဒေါသထွက်နေပြီး နှာခေါင်းရှုံ့သည်။
"မင်းရဲ့ အခင်းအကျင်းကျင့်ကြံမှုက ဒီလောက် ဆူညံနေတာ၊ မင်းဆရာတောင် ကောင်းကောင်း အနား မယူရဘူး။ ငါ ဒေါသထွက်လို့ မရဘူးလား။"
"ဟုတ်... ဟုတ်ပါတယ်... ကျွန်တော် မှားပါတယ်..." လုရီကသာ အံကြိတ်ကာ စိတ်မပါလက်မပါ ဝန်ခံလိုက်ရသည်။
နောက်ထပ်တစ်လကြာသော် လုရီသည် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်၏ သတ္တမ အလွှာသို့ အောင်မြင်စွာ အဆင့် ချိုးဖြတ်နိုင်ခဲ့သည်။
ဤအတောအတွင်း လုရီသည် သူ၏ မိတ်ဆွေတပည့်များနှင့် မကြာခဏ တာအိုဆွေးနွေးရင်း၊ သေရည်ကောင်းများ သောက်သုံးရင်း အပြင်လောကမှ သတင်းများကို နားစွင့်ခဲ့သေးသည်။
လွန်ခဲ့သော လအနည်းငယ်ခန့်မှ စတင်၍ ပင်လယ်မျိုးနွယ်စုအား တိုက်ခိုက်ချေမှုန်းလျက်ရှိသည့် မဟာမိတ်အဖွဲ့သည် အရှေ့ပိုင်းဒေသတစ်ခွင်မှ ကျင့်ကြံသူအပေါင်းအား သူတို့၏ တိုက်ပွဲကြီးအတွင်း ပါဝင်ဆင်နွှဲပေးရန်အတွက် ကျယ်ကျယ်ပြန့်ပြန့် ဖိတ်ခေါ်ခဲ့လေသည်။
ထိုအခါ၊ ဂိုဏ်းတိုင်းထံသို့ မဟာမိတ်အဖွဲ့မှ စေလွှတ်လိုက်သည့် အထူးတမန်တော်များ ရောက်ရှိလာခဲ့ကြ၏။ သဘာဝကျစွာပင်၊ ဂိုဏ်းတို့၏ အင်အားကြီးခြင်း၊ သေးခြင်းအပေါ်မူတည်၍ တိုက်ပွဲသို့ စေလွှတ်ရမည့် လူအင်အား အရေအတွက်မှာလည်း တစ်ခုနှင့်တစ်ခု မတူညီခဲ့ကြချေ။
တစ်ကိုယ်တော် ကျင့်ကြံသူများအတွက်မူ၊ တိုက်ပွဲမှရရှိမည့် စစ်ရေး စွမ်းဆောင်မှု အမှတ်များကို ကျင့်ကြံခြင်းဆိုင်ရာ အထောက်အပံ့များနှင့် ပြန်လည် ဖလှယ်နိုင်မည့် အခွင့်အရေးမှာ သူတို့အဖို့ အလွန်အမင်း ဆွဲဆောင်မှုရှိသော မက်လုံးတစ်ခု ဖြစ်နေခဲ့တော့သည်။
အခြားသော ပြည်နယ်များအကြောင်းကို အသာထားဦး၊ ချင်ကျိုးပြည်နယ်အတွင်း၌ပင်၊ လူသူများနှင့် အဆက်အဆံနည်းပါးကာ တစ်သီးတသန့် နေလေ့ရှိကြသော ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲ ဆောင်းရာသီ တောင်ကြားကဲ့သို့သော ဂိုဏ်းများပင်လျှင် စစ်မြေပြင်သို့ ချီတက်ရန် ဖိတ်ခေါ်ခံခဲ့ရလေသည်။ သို့ဖြစ်ရာ အဆိုပါ ပြင်ပမှ စစ်ကူအင်အားများအတွက်မူ ပိုမိုများပြားသော ကျင့်ကြံသူအင်အားကို လိုအပ်လျက်ရှိလေ၏။
လုရီ၏ ရန်ငြိုး ရှိခဲ့သော မူလယန်ဂိုဏ်း၊
ချင်မိသားစုနှင့် မေ့မြစ် တောင်ကြားမှ မဟာယာန
ဘိုးဘေးများပင် စစ်မြေပြင်သို့ အတင်းအကျပ် ဆွဲခေါ်ခံခဲ့ရသည်။
အစောပိုင်းတွင်တော့၊ "မီးလျှံဂိုဏ်း" ဟု အမည်တွင်သည့် မဟာယာနအဆင့် ဂိုဏ်းကြီးတစ်ခုသည် ထိုဖိတ်ခေါ်မှုကို လက်မခံဘဲ ပြောင်ပြောင်တင်းတင်း ငြင်းဆန်ခဲ့၏။
"ငြင်းတယ်...။ ငါတို့ မီးလျှံဂိုဏ်းက ဘယ်သူ့အမိန့်ကိုမှ နာခံစရာ မလိုဘူး! မဟာမိတ်အဖွဲ့ဆိုတာ ဘာအကောင်လဲ။ ငါတို့ ဂုဏ်သရေရှိ ဂိုဏ်းချုပ်ဘိုးဘေးရှေ့မှာ လာပြီး မလေးမစား
မလုပ်နဲ့!"
ထို့မျှမကသေး၊ မာနတံခွန် ထူလျက် ရှိသော ထိုဂိုဏ်းသည် မဟာမိတ် အဖွဲ့၏ အထူးတမန်ကိုပင် မိမိတို့၏ နယ်မြေအတွင်းမှ အကြမ်းပတမ်း မောင်းထုတ်ခဲ့သေးတော့သည်။
"ထွက်သွား! မင်းတို့ရဲ့ အသုံးမကျတဲ့ မဟာမိတ်အဖွဲ့ဆီ ပြန်သွားပြီး ငါတို့ မီးလျှံဂိုဏ်းက ဒီစစ်ပွဲမှာ ပါဝင်မှာ မဟုတ်ဘူးလို့ ပြောလိုက်စမ်း"
သို့သော်ငြားလည်း၊ နောက်တစ်နေ့တွင်တော့...
ကောင်းကင်တစ်ခုလုံး အက်ကွဲမတတ်
တုန်ဟည်းသွားကာ မီးလျှံဂိုဏ်း တည်ရှိရာ ကောင်းကင်ယံထက်၌ ကြောက်မက်ဖွယ်ရာ အရှိန်အဝါတို့နှင့်အတူ ကပ်ဘေး ဖြတ်ကျော်အဆင့် ဘိုးဘေးသခင်တစ်ပါး ကိုယ်တိုင်ကိုယ်ကျ ပေါက်ချလာခဲ့သည်။
သူ၏ မျက်ဝန်းအစုံသည် နတ်ဘုရားတစ်ပါးက ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသကဲ့သို့ အေးစက်လျက်ရှိ၏။
ထို ပုဂ္ဂိုလ်ကြီး၏ နှုတ်မှ စကားသံ တစ်ခွန်းမျှ ထွက်မလာခဲ့ချေ။ သူသည် မီးလျှံဂိုဏ်း၏
မဟာယာနအဆင့် ဘိုးဘေးကို လက်ဝါးတစ်ချက်တည်းဖြင့်ပင် အပြတ်အသတ် နှိမ်နင်းချေမှုန်းပစ်ခဲ့လေသည်။
ဝုန်း!
"မင်း... မင်းက ဘယ်သူလဲ...!"
မီးလျှံဂိုဏ်းဘိုးဘေး၏ ထိတ်လန့်တကြား အော်ဟစ်သံသည် လေထဲတွင်ပင် ပျောက်ကွယ်သွားခဲ့ရ၏။
သူ၏ မာန၊ သူ၏ ကျင့်ကြံခြင်း... အရာအားလုံးသည် ထိုလက်ဝါးတစ်ချက်အောက်၌ ကြက်ဥတစ်လုံး ကြေမွသွားသကဲ့သို့ပင်။
ထိုအခိုက်အတန့်၌၊ မီးလျှံဂိုဏ်းတစ်ခုလုံး သွေးပျက်မတတ် တိတ်ဆိတ်သွားခဲ့တော့သည်။
ထို့နောက်၊ ထိုကပ်ဘေး ဖြတ်ကျော် အဆင့် ဘိုးဘေးသခင်သည် မီးလျှံဂိုဏ်းမှ တပည့်အားလုံးကို ချီကျင့်ကြံခြင်း အဆင့်မျှသာ ရှိသေးသည့် အငယ်ဆုံးတပည့်များအပါအဝင် အားလုံးကို စစ်မြေပြင်သို့ တိရစ္ဆာန်များသဖွယ် အတင်းအကျပ် ဆွဲခေါ်သွားခဲ့တော့၏။
"မ... မလိုက်နိုင်ဘူး! ကျုပ်တို့ကို လွှတ်...!"
အာခံငြင်းဆန်ရန် ကြိုးပမ်းသူမှန်သမျှကိုမူ နေရာမှာပင် သွေးအေးစွာဖြင့် ရက်ရက်စက်စက် သတ်ဖြတ်ပစ်ခဲ့လေတော့သည်။
"အမိန့်ကို မနာခံတဲ့ကောင်တွေအတွက် သေခြင်းတရားကလွဲလို့ ဘာမှမရှိဘူး။"
ထိုအဖြစ်အပျက်သည် ကျင့်ကြံခြင်း
လောက တစ်ခုလုံးကို တုန်လှုပ်ခြောက်ခြားစေခဲ့သည့် သတင်းတစ်ပုဒ် ဖြစ်လာခဲ့ပြီး၊ မဟာမိတ်အဖွဲ့၏ ဖိတ်ခေါ်မှုသည် ဖိတ်ခေါ်ခြင်း မဟုတ်၊ ငြင်းဆန်ခွင့် မရှိသော အမိန့်တော်တစ်ခုဖြစ်ကြောင်း အားလုံးကို သတိပေးလိုက်သကဲ့သို့ပင် ရှိတော့လေသည်။
ဤသို့ မိုးကြိုးပစ်သလို ရက်စက်သည့် နည်းလမ်းများကြောင့် မည်သည့်ဂိုဏ်းမျှ ပြန်လည် ငြင်းဆန်မရဲတော့ချေ။
ဟင်းလင်းပြင် ဥမင် အဆင့် ကျင့်ကြံသူများကိုမူ သခင်ကြီးလျိုကျန်းယန် ကိုယ်တိုင် ဦးဆောင်သွားခဲ့၏။ ထို့အပြင်၊ နတ်ဘုရားအသွင်ပြောင်း အဆင့် ကျင့်ကြံသူ အများအပြားလည်း လိုက်ပါသွားခဲ့ကြသေးသည်။
အကြောင်းမူကား၊ တိမ်ဖြူဂိုဏ်းသည် သံမဏိနှလုံးသား ဂိုဏ်းနှင့် ကျောက်စိမ်းနက် တောင်မှ လူအင်အားများကို သိမ်းသွင်းပေါင်းစည်းထားခဲ့
သောကြောင့် နတ်ဘုရားအသွင်ပြောင်း အဆင့် ကျင့်ကြံသူ အင်အားမှာ ယခင်ကထက်ပင် ပိုမို တောင့်တင်းလျက် ရှိချေသည်။
သို့ဖြစ်သော်ငြားလည်း၊ ဂိုဏ်းချုပ်သခင်ကြီး ဝူချင်းဖုန်းသည် အရာရာကို အမြော်အမြင်ကြီးစွာဖြင့် စီမံခန့်ခွဲခဲ့သည်။
သူ၏ရင်ထဲ၌မူ...
"သွေးစည်းညီညွတ်မှုက အရေးကြီးဆုံးပဲ။ အခုလိုအချိန်မှာ ဂိုဏ်းသားတွေကြား စိတ်ဝမ်းကွဲလို့ မဖြစ်ဘူး။ အထူးသဖြင့် ငါတို့ဆီ ခိုလှုံလာတဲ့ ဂိုဏ်းနှစ်ခုရဲ့ လူတွေ... သူတို့ရင်ထဲမှာ မကျေနပ်ချက်တွေ မရှိစေရဘူး။ မျှတမှုက အားလုံးရဲ့နှလုံးသားကို အနိုင်ယူနိုင်တဲ့ တစ်ခုတည်းသော သော့ချက်ပဲ။"
ထို့ကြောင့် သူသည် လူအားလုံးကို တန်းတူညီမျှ ဆက်ဆံကာ၊ ဂိုဏ်းသုံးခုလုံးမှ နတ်ဘုရားအသွင်ပြောင်း အဆင့် ကျင့်ကြံသူများ၏ သုံးပုံတစ်ပုံစီကို တိုက်ပွဲသို့ စေလွှတ်ခဲ့လေသည်။
ဤသည်မှာ ဂိုဏ်းသားများ၏ စိတ်နှလုံးကို တည်ငြိမ်စေရန်နှင့် သံမဏိနှလုံးသားဂိုဏ်းနှင့် ကျောက်စိမ်းနက်တောင်မှ ကျင့်ကြံသူများ၏ မကျေနပ်မှုများကို ကြိုတင်ကာကွယ်ရန်အတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်တော့၏။
ထိုသို့ လိုက်ပါသွားကြသူများထဲတွင် တိမ်ဖြူဂိုဏ်း၏ မူလအကြီးအကဲများဖြစ်ကြသော ချီလင်နှင့် လုရီ ယခင်က တွေ့ဆုံခဲ့ဖူးသည့် အဘိုးအို၊ အဘွားအိုအချို့လည်း ပါဝင်ခဲ့လေသည်။
အခြေတည် ဝိညာဉ် အဆင့်နှင့် ရွှေအူတိုင် အဆင့် ကျင့်ကြံသူများမှာမူ ပြောစရာပင်မလို၊ ပို၍ပင် များပြားလှသော အရေအတွက်ဖြင့် လိုက်ပါသွားခဲ့ကြရသည်။
တဆက်တည်းမှာပင်၊ ကျန့်ဖန်၊ ပိုင်ယွီလုံနှင့် ထျဲ့မန်တို့သုံးဦးသည် မွေးရာပါ စစ်သွေးကြွသူများ ဖြစ်ကောင်းဖြစ်မည်။
သူတို့သည် စစ်ရေးစွမ်းဆောင်မှုအတွက် ချီးမြှင့်မည့် ဆုလာဘ်များအကြောင်း ကြားသည့်အခါ အလွန်အမင်း စိတ်လှုပ်ရှားတက်ကြွနေခဲ့ကြတော့သည်။
"ဟားဟား.. ကြားကြလား.. စစ်ပွဲတဲ့ကွ.. ဒါမှ တကယ့်ယောက်ျားကောင်းတွေရဲ့ နေရာအစစ်ပဲ! စစ်မြေပြင်မှာရမယ့် ကုသိုလ်ကံနဲ့ ကျင့်ကြံခြင်း
အထောက်အပံ့တွေက ငါတို့ကို နဂါးတစ်ကောင်လို ပျံသန်းစေလိမ့်မယ်!"
ထျဲ့မန်က သူ၏သံမဏိကဲ့သို့ မာကျောသော လက်သီးနှစ်ဖက်ကို ဆုပ်ရင်း ကြွေးကြော်လိုက်သည်။
"မှန်တယ်၊ ထျဲ့မန်! ဂိုဏ်းထဲမှာ ပုစွန်ခြောက်လို ကျုံ့ကျုံ့လေး ကျင့်ကြံနေရုံနဲ့ ဘယ်တော့မှ ထိပ်ဆုံးရောက်မှာမဟုတ်ဘူး။ စစ်မြေပြင်ကသာ ငါတို့လိုလူတွေရဲ့ အရည်အသွေးကို သွေးမယ့် တကယ့်နေရာပဲ။ သွေးနဲ့ ချွေးနဲ့ ရင်းမှရတဲ့ အောင်မြင်မှုကမှ တန်ဖိုးရှိတာကွ!"
ပိုင်ယွီလုံက သူ၏ ယပ်တောင်ကို ခပ်မိုက်မိုက်ခေါက်လိုက်ရင်း ထောက်ခံလိုက်၏။
ပြောပြောဆိုဆို၊ သူတို့သုံးဦးသား ဆွေးနွေးတိုင်ပင်ပြီးနောက်တွင်တော့ စစ်မြေပြင်သို့သွားရောက်ကာ စွမ်းဆောင်မှုအမှတ်များရယူပြီး ကျင့်ကြံခြင်းအထောက်အပံ့များ စုဆောင်းရန်အတွက် တညီတညွတ်တည်း ဆုံးဖြတ်လိုက်ကြလေ၏။
အကြောင်းမှာ၊ ကျန့်ဖန်တို့အဖွဲ့သည် အပြင်လောကတွင် အတွေ့အကြုံရှာထွက်ခဲ့သည်မှာ ဆယ်နှစ်ကျော်ပြီဖြစ်ပြီး၊ ယခုအခါ 'ဉာဏ်အလင်း' အချို့ကိုပင် ပေါက်မြောက်အောင်မြင်ကာ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ဂိုဏ်းအတွင်း၌ သူတို့၏ ဂုဏ်သတင်းမှာ မွှေးပျံ့ကျော်ကြားလျ က်ရှိလေသည်။
"ကြည့်စမ်း! အစ်ကိုကြီး ကျန့်ဖန်တို့တောင် သွားကြပြီ!"
"သူတို့က ဆယ်နှစ်ကျော်အတွေ့အကြုံနဲ့ 'ဉာဏ်အလင်း’’တွေတောင် ပေါက်မြောက်လာကြပြီတဲ့။ ငါတို့လည်း သူတို့လို ဖြစ်ရမယ်!"
"ဟုတ်တယ်! ကိုယ့်အရည်အချင်းကိုယ် ယုံကြည်မှုရှိတယ်။ ဒီအခွင့်အရေးကို လက်လွှတ်ခံလို့ မဖြစ်ဘူး။ ငါလည်း လိုက်သွားမယ်!"
ဤအဖြစ်အပျက်သည် တိမ်ဖြူဂိုဏ်းအတွင်းမှ မိမိတို့၏ အရည်အချင်းအပေါ် ယုံကြည်မှုအပြည့်ရှိကြသော အရည်အချင်းရှိသည့် တပည့်အများအပြားကို သူတို့၏နောက်သို့ လိုက်ပါရန်အတွက် သဘာဝကျကျပင် စိတ်အားထက်သန်စေခဲ့ပါတော့သည်။
ရှဲ့ထျန်းမင်နှင့် နန်းကုန်းမိုယွီတို့ အပါအဝင်၊ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ ရောက်ရှိရန် အလှမ်း ကွာဝေးနေသေးသည့် အခြားသော အခြေတည် ဝိညာဉ် အဆင့် ပါရမီရှင်များ အားလုံးသည်၊ လုရီက သူတို့ကို တစ်လှမ်းချင်း ကျော်တက်သွားသည်ကို ဘေးမှ ရပ်ကြည့်နေရစဉ်၊ သူတို့၏ ရင်ထဲ၌ ပြင်းထန်သော ဖိအားနှင့် အရေးတကြီး ဖြစ်သော ခံစားချက်တို့ကို သဘာဝကျစွာပင် ခံစားလာခဲ့ကြရတော့သည်။
သူတို့၏ ရင်တွင်းအတွေးများကား...
"ကျစ်! လုရီ... အဲ့ဒီကောင်! ငါတို့တွေ ဒီမှာ အခြေတည် ဝိညာဉ်အဆင့်မှာ ရုန်းကန်နေရတုန်း... သူကတော့ ငါတို့ကို ကျော်ပြီး တစ်လှမ်းချင်း... တစ်လှမ်းချင်း ရှေ့ကို ရောက်သွားပြီ!"
"သူ့ရဲ့ ကျောပြင်ကို ကြည့်နေရတာ... ငါ့ရင်ဘတ်ထဲမှာ ဖိအားတွေ တိုးလာလိုက်တာ! ဒီအတိုင်း ဆက်နေလို့တော့ မဖြစ်တော့ဘူး!"
ဟူ၍ ကိုယ်စီ တွေးတောမိကြသည်။
ထို့ကြောင့် သူတို့အားလုံးသည် ပင်လယ်မျိုးနွယ်စု စစ်မြေပြင်သို့ သွားရောက်ကာ အရင်းအမြစ်များ ပိုမိုရယူပြီး နတ်ဘုရားအသွင်ပြောင်း နယ်ပယ်သို့ အလျင်အမြန် အဆင့်ချိုးဖြတ်ရန် တညီတညွတ်တည်း ကြံစည်လိုက်ကြ၏။
ထိုသူများထဲမှ အများစုမှာ လင်းလောင် တောင်ထိပ်မှ တပည့်အကြီးများ ဖြစ်ကြပြီး၊ လုရီနှင့် ရင်းနှီးသော ဆက်ဆံရေး ရှိသည့်အပြင် ယခင်က သူနှင့်အတူတကွ ယှဉ်ပြိုင်လေ့ကျင့်ခဲ့ဖူးသူများလည်း ဖြစ်ကြလေသည်။
မလွဲမသွေပင်၊ လုရီသည် ထိုကျင့်ကြံသူများအတွက် အနည်းငယ် စိုးရိမ်ပူပန်မိလေသည်။
...
"သူတို့အားလုံး စစ်မြေပြင်ကို သွားကြတော့မယ်...။ စစ်မြေပြင်ဆိုတာ ကစားကွင်း မဟုတ်ဘူး။ အသက်နဲ့ ရင်းရတဲ့ နေရာ။ ငါ့မှာရှိတဲ့ ပစ္စည်းတွေက သူတို့အတွက် အသက်တစ်ချောင်းစာလောက်တော့ အာမခံချက် ပေးနိုင်လောက်မှာပါ..."
သူသည် ယခင် စစ်ဆင်ရေးများမှ ရရှိထားခဲ့သော၊ သူကိုယ်တိုင်ပင် အသုံးမပြုသည့် မှော်ရတနာများ၊ အသက်ကယ်ဆေးလုံးများနှင့် ကောင်းကင်ရတနာ မြေအဖိုးတန်များ အများအပြား ပိုင်ဆိုင်ထား၏။
သူသည် ထိုပစ္စည်းများထဲမှ အချို့ကို— အစွမ်းထက်လက်နက်များနှင့် ပို၍ပင်တန်ခိုးကြီးမားသော အဖိုးတန်ပစ္စည်းများ အပါအဝင် အသက်ကယ်ဆေးလုံးမျိုးစုံတို့ကို
ထိုဂိုဏ်းတူ မောင်နှမများအား ရက်ရောစွာ မျှဝေပေးခဲ့လေသည်။
စစ်မြေပြင်ဟူသည် အန္တရာယ် ပေါများလှပြီး ပေါ့ပေါ့ဆဆ သဘောထား၍ ရသော နေရာတစ်ခု မဟုတ်ချေ။ လုရီအနေဖြင့် သူတတ်နိုင်သမျှ အကူအညီကိုသာ ပေးနိုင်ခဲ့ခြင်း ဖြစ်လေ၏။
အကြောင်းမူကား…
"...အကိုကြီး လီယွမ်ကဲ့သို့သော အဖြစ်ဆိုးမျိုး နောက်တစ်ကြိမ် ထပ်မံမဖြစ်ပွားစေရန်..."
ဤသည်မှာ သူ၏ တစ်ခုတည်းသော မျှော်လင့်ချက်ပင် ဖြစ်တော့သည်။
သခင်ကြီးလျိုကျန်းယန်က တိမ်ဖြူဂိုဏ်းမှ တပည့်တစ်စုကို စစ်မြေပြင်သို့ ဦးဆောင်ခေါ်သွားသည့်အခါ၊ ဂိုဏ်းသားအားလုံး ထွက်၍ နှုတ်ဆက်ကြ၏။ ထိုသူများထဲတွင် လုရီ၊ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့လည်း ပါဝင်ခဲ့သည့်အပြင်、 ပုံမှန်ဆိုလျှင် အိပ်စက်ခြင်းကို အလွန်နှစ်သက်သော သူတို့၏ဆရာသခင်ပင်လျှင် ထွက်လာခဲ့လေသည်။
ဂိုဏ်းချုပ်သခင်ကြီး ဝူချင်းဖုန်းနှင့် အခြားအကြီးအကဲများသည် ရှေ့ဆုံးမှ ရပ်ကာ၊ တိမ်ဖြူဂိုဏ်းမှ တပည့်များ မိုးကုပ်စက်ဝိုင်းအောက်သို့ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို လိုက်လံကြည့်ရှုနေကြစဉ်၊ သူတို့၏ မျက်နှာထက်၌မူ မျှော်လင့်ချက်၊ စိုးရိမ်ပူပန်မှု၊ ဂုဏ်ယူမှုနှင့် ကြေကွဲမှုတို့ ရောယှက်နေသော ရှုပ်ထွေးလှသည့် ခံစားချက်တို့ဖြင့် ပြည့်နှက်နေခဲ့ပါတော့သည်။
ဂိုဏ်းချုပ် ဝူချင်းဖုန်းသည် သက်ပြင်းရှည်ကြီးတစ်ချက်ကို ချလိုက်ရင်း လေးလံသောလေသံဖြင့် ဆိုလာ၏။
"ပင်လယ်မျိုးနွယ်စုနဲ့ တိုက်ခိုက်ရတဲ့ စစ်မြေပြင်က သေမင်းတမန်ရဲ့ ကစားကွင်းပဲ...။ ကျုပ်တို့ တိမ်ဖြူဂိုဏ်းက ဂိုဏ်းသားတွေထဲက ဘယ်နှစ်ယောက် အသက်ရှင်လျက် ပြန်လာနိုင်မလဲဆိုတာ ဘယ်သူမှ အတပ်မပြောနိုင်ဘူး...။"
"အင်းလေ၊ သူတို့အားလုံး ဘေးမသီရန်မခဘဲ ပြန်လာနိုင်ဖို့ပဲ ကျုပ်တို့ မျှော်လင့်နိုင်တော့တာပေါ့။"ဟု
အကြီးအကဲတစ်ဦးက ညည်းညူသံဖြင့် ဆိုလိုက်သည်။
ထိုစကားအဆုံးတွင်တော့ ပတ်ဝန်းကျင် တစ်ခုလုံး အပ်ကျသံပင် မကြားရအောင် တိတ်ဆိတ်သွားခဲ့တော့သည်။
အဘယ်ကြောင့်ဆိုသော်၊ စစ်မြေပြင်ဟူသည် သားသတ်ရုံတစ်ခုဖြစ်ကြောင်း၊ အသက်နှင့်သေခြင်းတရားသည် မျက်စိတစ်မှိတ်အတွင်း ကွဲပြားသွားနိုင်ပြီး မည်သူမျှ ထိန်းချုပ်နိုင်စွမ်းမရှိကြောင်းကို ထိုနေရာရှိ လူတိုင်း ကောင်းစွာသိရှိနေကြသောကြောင့်တည်း။
လုရီ၏ ရင်ထဲ၌လည်း ခံစားချက်တို့ ရောထွေးလျက်ရှိ၏။ သူ၏ရင်ထဲတွင်...
"ဒီတစ်ခေါက် နှုတ်ဆက်ခွဲခွာသွားတဲ့ ဂိုဏ်းတူအကိုတွေ၊ ညီတွေထဲက တချို့ကို... ဒီတစ်ဘဝမှာ ငါ နောက်တစ်ခါ ပြန်တွေ့ခွင့်ရချင်မှ ရတော့မှာ...။"
ဟူသော အတွေးက သူ့ကို လေးလံစေခဲ့သည်။
စစ်ထွက်တပ်ဖွဲ့ကို နှုတ်ဆက်ပြီးနောက်၊ တိမ်ဖြူဂိုဏ်းသည် ယခင်ကအတိုင်းပင် တည်ငြိမ်အေးချမ်းလျက်ရှိ၏။
သို့သော်၊ ထိုတည်ငြိမ်မှုသည် တိမ်ဖြူဂိုဏ်း တစ်ခုတည်း၌ သာမက၊ ချင်းကျိုး ပြည်နယ် တစ်ခုလုံးတွင်ပင် ဖြစ်ပေါ်နေခဲ့သည်။
အကြောင်းမူကား၊ ပြင်ပမှ ကျူးကျော်လာသော အင်အားစုများထဲမှ အင်အားကြီးသူ အများစုမှာ စစ်မြေပြင်သို့ ဆွဲခေါ်သွားခြင်း ခံခဲ့ရသောကြောင့် ဖြစ်သည်။
သူတို့၏ မူလနယ်မြေများကို ပင်လယ်မျိုးနွယ်စုက သိမ်းပိုက်ထားခဲ့ရာ၊ စစ်ပွဲကို ရင်မဆိုင်ဘဲ နောက်ဆုတ်ခြင်းကို မဟာမိတ်အဖွဲ့သည် လုံးဝ ခွင့်ပြုလိမ့်မည်မဟုတ်ချေ။
ပင်လယ်မျိုးနွယ်စုကို အကြိမ်ကြိမ် ရှုံးနိမ့်ခဲ့ပြီးနောက်တွင်တော့ မဟာမိတ်အဖွဲ့သည် ထိုပြင်ပအင်အားစုများကို အခွင့်အရေး ထပ်ပေးမည့်အစား ရက်စက်စွာဖြင့် အရေးယူ ဆောင်ရွက်ခဲ့လေသည်။
ကျန်ရှိနေသော ကျင့်ကြံသူများသည် ချင်းကျိုးပြည်နယ်၏ ဒေသခံဂိုဏ်းများအတွက် ကြီးမားသော ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ချေ။ ထို့ကြောင့်ပင် ပန်းတစ်သောင်းဂိုဏ်းနှင့် အေးခဲ ဆောင်းရာသီတောင်ကြားတို့သည် သူတို့၏ တံခါးပိတ်အခြေအနေကိုပင် ပြန်လည်ဖွင့်လှစ်နိုင်ခဲ့ကြသည်။
ချင်းကျိုးပြည်နယ်သည် တဖြည်းဖြည်း ငြိမ်းချမ်းမှုကို ပြန်လည်ရရှ ရလာသော်ငြားလည်း၊ ဤတိတ်ဆိတ်ငြိမ်သက်မှုသည် တည်ငြိမ်လှသည်တော့ မဟုတ်ချေ။
ကျင့်ကြံသူအားလုံး၏ အာရုံသည် ပင်လယ်မျိုးနွယ်စု စစ်မြေပြင်မှ အခြေအနေများအပေါ်တွင်သာ စူးစိုက်နေကြ၏။ လက်ရှိ အရှေ့နယ်မြေ မဟာမိတ် တပ်မတော်သည် အင်အားမနည်းလှသော်လည်း၊ သူတို့သာ ပင်လယ်မျိုးနွယ်စုကို ကုန်းမကြီး၏ အရှေ့ နယ်မြေမှ မောင်းထုတ်နိုင်ခြင်း မရှိပါက၊ နောက်တစ်ကြိမ်တွင်မူ ကျင့်ကြံသူအားလုံး စစ်မြေပြင်သို့ သွားရောက်တိုက်ခိုက်ရပေလိမ့်မည်။
ထိုသို့သော အခြေအနေတွင်၊ တိမ်ဖြူဂိုဏ်းအတွင်း၌မူ လုရီတစ်ယောက်ကတော့ သူ၏ကျင့်ကြံခြင်းကို အေးချမ်းစွာ ဆက်လက် ပြုလုပ်နေခဲ့လေသည်။
ဤတစ်ကြိမ် စစ်မှုထမ်း ဆင့်ခေါ်မှုတွင် သူ လိုက်ပါသွားခဲ့ခြင်း
မရှိချေ။ အမှန်တကယ်တွင်မူ၊ သူက သွားချင်သည်ဟု ဆိုလျှင်ပင် ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် အခြား အကြီးအကဲများက သူ့ကို ခွင့်ပြုကြလိမ့်မည် မဟုတ်ချေ။
သူတို့၏ ရင်တွင်းစကားမှာ…
"အရမ်း အန္တရာယ်များလွန်းတယ်! တူလေး လုရဲ့ တိုက်ခိုက်ရေး စွမ်းရည်က ပေါင်းစည်းခြင်း အဆင့် ကျင့်ကြံသူတွေကိုတောင် ကြံ့ကြံ့ခံနိုင်ပြီး မဟာယာနအဆင့် ကျင့်ကြံသူတွေ လက်ကနေ ထွက်ပြေး လွတ်မြောက်နိုင်တယ်
ဆိုပေမယ့်၊ စစ်မြေပြင်မှာ ပေါ်လာနိုင်တဲ့ ကပ်ဘေးဖြတ်ကျော် အဆင့် ဘိုးဘေးတွေကတော့ သူ့ခေါင်းပေါ်မှာ ချိတ်ဆွဲထားတဲ့ သေမင်းရဲ့ ဓားတစ်လက်ပဲ!"
လုရီတွင် အနာဂတ်၌ အင်မော်တယ်ဘုံသို့ တက်လှမ်းနိုင်မည့် အခွင့်အရေး ရှိနေပြီး၊ သူသာ အောင်မြင်ပါက တိမ်ဖြူဂိုဏ်းသည် အင်မော်တယ်တို့၏ မြင့်မြတ် နယ်မြေ တစ်ခု ဖြစ်လာနိုင်ချေ ရှိလေသည်။
ထို့ကြောင့်ပင် ဂိုဏ်းချုပ် ဝူချင်းဖုန်းနှင့် အခြားအကြီးအကဲများက သူ့ကို ထိုကဲ့သို့ အသက် အန္တရာယ် များလှသော နေရာသို့ သွားရောက်ရန် ခွင့်မပြုခြင်းက ယထာဘူတ ကျလှပါသည်။
….
ထိုသို့ဖြင့် အချိန်ကာလတို့သည် လျင်မြန်စွာ ကုန်လွန်သွားခဲ့ပြီး... ခြောက်နှစ် အချိန်ကာလပင် ကြာမြင့်သွားခဲ့လေပြီ။
ထိုခြောက်နှစ်အတွင်း လုရီသည် နတ်ဘုရားအသွင်ပြောင်းအဆင့်၏ ဆယ်လွှာသို့ အောင်မြင်စွာ အဆင့်ချိုးဖြတ်နိုင်ခဲ့ပြီး၊ ဆယ့်တစ်လွှာသို့ တက်လှမ်းနိုင်ရန်အတွက် အလုပ် တစ်ခုကို ထုတ်ခဲ့လေတော့သည်။
အခန်း ၃၅၄ - ကျန်းရူယွီကို ပြန်လည် တွေ့ဆုံခြင်း...
~[အလုပ်]
နတ်ဘုရားအသွင်ပြောင်း နယ်ပယ်၏ ဆယ့်တစ်လွှာကို ချိုးဖျက်ပါ။
ဆုလာဘ်: တာအို အနှစ်သာရ (၁) ခု။
အလုပ်အား လက်ခံပါ : လက်ခံမည်လား/
ငြင်းမည်လား။
ဤသည်မှာ ယခင်က ရရှိခဲ့သော တာအိုစွမ်းအင်နှင့် ဆင်တူသည့် ဆုလာဘ်တစ်ခု ဖြစ်သော်လည်း၊ "တာအိုအနှစ်သာရ" ဟူသော အမည် နာမအရအရ တာအိုရတနာကျောက်စိမ်းထက် အဆပေါင်းများစွာ သာလွန်မြင့်မြတ်ရမည် ဖြစ်ကြောင်း ထင်ရှားလှ၏။
လုရီသည် ထိုအလုပ်ကို နှစ်လိုစွာပင် လက်ခံလိုက်လေသည်။
နတ်ဘုရား အသွင်ပြောင်း နယ်ပယ် ဆယ်လွှာသို့ အောင်မြင်စွာ တက်လှမ်းနိုင်ခဲ့ပြီးနောက်မှာတော့ လုရီ တစ်ယောက် မိမိကိုယ်ကို နှစ်ရက်တာ အနားပေးရန် ဆုံးဖြတ်ချက် ချလိုက်လေသည်။
ထို့နောက် သူသည် သူ၏ကျင့်ကြံရာ ဂူစံအိမ်မှ ထွက်ခွာလာခဲ့ပြီးနောက် မူလယန် သစ်ပင်နှင့် ယွမ်ယင် သစ်ပင်တို့ တည်ရှိရာ နေရာဆီသို့ ခြေဦးလှည့်ခဲ့တော့၏။
သူ၏ သဘာဝစွမ်းအားနှင့် အဖိုးတန်ဝိညာဉ်နို့ရည်တို့ကို အသုံးပြုကာ ထိုရှေးဟောင်းသစ်ပင်ကြီးများအား အာဟာရ ဖြည့်တင်းပေးနေခဲ့သည်။
ပြောရမည်ဆိုလျှင်၊ သူ၏ ကုန်ကျစရိတ်ကိုပင်
မငဲ့ကွက်ဘဲ ဝိညာဉ်နို့ရည်များဖြင့် ပြုစုပျိုးထောင်မှု၊ ထို့အပြင် ရံဖန်ရံခါ သဘာဝစွမ်းအားဖြင့် လှုံ့ဆော်ပေးမှုတို့ကြောင့် မူလယန်နှင့် ယွမ်ယင် ရှေးဟောင်းသစ်ပင်တို့၏ ကြီးထွားမှုသည် သူမျှော်လင့်ထားသည်ထက်ပင် များစွာပို၍ ကောင်းမွန်နေခဲ့လေသည်။
ယခုအခါတွင် ထိုသစ်ပင်တို့သည် ငါးမီတာနီးပါး မြင့်မားလာခဲ့ပြီး၊ ပင်စည်များမှာ တုတ်ခိုင်ကာ အကိုင်းအခက်များကလည်း စိမ်းလန်းစိုပြေလျက်ရှိသည်။ မူလယန်သစ်ပင်၏ အရွက်တိုင်းသည် ရွှေရောင်ဖျော့ဖျော့ ရောယှက်နေသည့် အနီရောင်အလင်းတန်းများဖြင့် တဖျပ်ဖျပ်လက်နေပြီး၊ ၎င်းတို့အတွင်း၌ ယန် လမ်းစဉ်ကို သယ်ဆောင်ထားကာ ရှင်းပြရန် ခက်ခဲလှသော တာအိုယွင်တို့ကို ထုတ်လွှတ်နေတော့၏။
တစ်ဖက်တွင်မူ ယွမ်ယင်သစ်ပင်သည် မှောင်နက်သောအရောင်အဆင်း ရှိပြီး၊ အရွက်တိုင်း၌ အေးစက်သော အနက်ရောင်မြူခိုးများက လှည့်ပတ်စီးဆင်းနေကာ ယင်လမ်းစဉ်၏ တာအိုယွင်ကို အေးစက်စွာ ထုတ်လွှင့်လျက်ရှိလေသည်။
ရှေးဟောင်းသစ်ပင်များ ကြီးထွားလာသည်နှင့်အမျှ၊ ယင်နှင့်ယန် ၊ တာအိုယွင်တို့သည် ယခင်ကထက် များစွာပို၍ ပြည့်ဝလာခဲ့ပြီး၊ ထိုစွမ်းအားများသည် တဖြည်းဖြည်း ကျယ်ပြန့်ကာ
လင်းလောင် တောင်ထိပ် တစ်ခုလုံးကိုပင် လွှမ်းခြုံသွားတော့သည်။
တောင်ထိပ် အောက်ခြေမှ အခြားသော တပည့်အစ်ကို၊ အစ်မနှင့် ညီငယ်၊ ညီမငယ် အားလုံးသည် လင်းလောင် တောင်ထိပ်ပေါ်မှ ထူးခြားသော ပြောင်းလဲမှုကို သတိပြုမိကြပြီး၊ အဘယ်အရာ ဖြစ်ပျက်နေသည်ကို အလွန်သိချင်စိတ်ပြင်းပြနေကြတော့၏။
သို့ဖြစ်သော်ငြားလည်း၊ လင်းလောင် တောင်ထိပ်၏ အရှင်သခင်သည် သူမ၏ကျင့်ကြံနေစဉ်အတွင်း အနှောင့်အယှက်ပေးခြင်းကို မနှစ်သက်ကြောင်း လူတိုင်းသိသောကြောင့် အကြီးအကဲများပင်လျှင် အပေါ်သို့ တက်လာရန် မဝံ့ရဲခဲ့ကြပေ။
အကြီးအကဲ ဝူချင်းဖုန်းနှင့် မဟာ အကြီးအကဲ အနည်းငယ်တို့သာလျှင် ထိုထူးခြားမှုကို သတိပြုမိကာ အခြေအနေကို စုံစမ်းရန် ရောက်ရှိလာခဲ့ကြလေသည်။
ဤမူလယန်နှင့် ယွမ်ယင်သစ်ပင်တို့၏ အခြေအနေမှန်ကို နားလည်သွားသောအခါမှာတော့၊ အကြီးအကဲ ဝူချင်းဖုန်းနှင့်တကွ အစဉ်အမြဲတကာ အကြီးအကဲများအားလုံးပင် မနာလိုစိတ်ကို မထိန်းနိုင်အောင် ဖြစ်ခဲ့ကြရတော့သည်။
"တာအိုယွင်တွေ ပါဝင်နေတဲ့ ဒီလိုရှေးဟောင်းသစ်ပင်မျိုးဆိုတာ... တကယ့်ကို အဖိုးမဖြတ်နိုင်တဲ့ ရတနာတွေပဲ! ကံဆိုးတာက... အဲ့ဒီရတနာတွေက လင်းလောင် တောင်ထိပ်ပေါ်မှာ ရှိနေတာကိုး။"
သို့သော်၊ လုရီက ရှေးဟောင်းသစ်ပင်များ ပုံမှန်ကြီးထွားလာသည်နှင့်အမျှ တာအိုယွင်များသည်လည်း ဆက်လက်ပျံ့နှံ့နေမည် ဖြစ်ကြောင်း ပြောပြလိုက်သည့်အခါ၊ ထိုစကားက အကြီးအကဲ ဝူချင်းဖုန်းနှင့် မဟာ အကြီးအကဲတို့၏ စိတ်ထဲတွင် နေ့စဉ်၊ နေ့တိုင်း ဤသစ်ပင်များအနီး၌ အစောင့်ချထားကာ အမြန်ဆုံး ကြီးထွားလာစေရန် ဆုတောင်းချင်စိတ်များ တဖွားဖွားပေါ်ပေါက်လာခဲ့တော့သည်။
အကြောင်းမူကား၊ ထိုသို့သာဖြစ်လာခဲ့ပါလျှင်... ယင်နှင့်ယန် တာအိုယွင်တို့သည် တိမ်ဖြူဂိုဏ်း တစ်ခုလုံးသို့ ပျံ့နှံ့သွားမည်ဖြစ်ပြီး၊ ဂိုဏ်းသားအားလုံးအတွက် ကြီးကျယ်ခမ်းနားလှသော အခွင့်အရေးကြီးတစ်ခု ဖြစ်ထွန်းလာမည် မဟုတ်ပါလား။
လုရီမှာမူ ဤကိစ္စအပေါ်၌ လုံးဝတည်ငြိမ်သော သဘောထားကိုသာ ထားရှိလျက်ရှိနေတော့၏။
။
အမှန်စင်စစ်၊ သူဤမျှလောက် တည်ငြိမ်နေရခြင်းတွင် အကြောင်းရင်းရှိပေသည်။ အဘယ်ကြောင့်ဆိုသော် သူ၏ကျင့်ကြံရာဂူသိမ်အတွင်း၌ ထိုသစ်ပင်များထက်ပင် ပို၍အဖိုးထိုက်တန်သော 'ရာရှိုမွန် ရှေးဟောင်းသစ်ပင်'တစ်ပင်ကို စိုက်ပျိုးထားသောကြောင့် ဖြစ်ချေသည်။
ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သော်လည်း၊ ရာရှိုမွန် ရှေးဟောင်းသစ်ပင်သည် အနည်းငယ်မျှသာ မြင့်မားလာခဲ့ပြီး၊ လူတစ်ရပ်အမြင့်သို့ပင် မရောက်သေးချေ။
သို့ဖြစ်သော်ငြားလည်း၊ ရာရှိုမွန် ရှေးဟောင်းသစ်ပင် ကြီးထွားလာသည်နှင့်အမျှ ၎င်းထုတ်လွှတ်သော ဝိညာဉ်စွမ်းအင်တို့မှာ ပို၍ပို၍ သိပ်သည်းလာခဲ့ပြီး၊ ယခုအခါ လုရီ၏ ဂူသိမ်အတွင်းမှ ဝိညာဉ်စွမ်းအင် ပြင်းအားသည် နတ်ဓား ဂိုဏ်း နှင့်ပင် ယှဉ်နိုင်သည့် အခြေအနေသို့ ရောက်ရှိနေပြီ ဖြစ်တော့သည်။
နတ်ဓား ဂိုဏ်းဆိုသည်မှာ အင်မော်တယ်ဂိုဏ်းမြေ တစ်ခုဖြစ်ပြီး၊ ဇာတိအားဖြင့်ပင်
ကောင်းကင်ဂူ ကောင်းချီးနယ်မြေဖြစ်သည်ကို သတိပြုရပေမည်။
"ဒါတောင် ရာရှိုမွန်သစ်ပင်က အပြည့်အဝ မကြီးထွားသေးလို့... တကယ်လို့သာ သူ အပြည့်အဝ ကြီးထွားလာခဲ့ရင်၊ ဒီနေရာက ဝိညာဉ်စွမ်းအင်ပြင်းအားက ဘယ်လောက်အထိ မြင့်တက်သွားမလဲ... စဉ်းစားလို့တောင်မရဘူး။"
မူလယန်နှင့် ယွမ်ယင်သစ်ပင်တို့ကို အာဟာရဖြည့်တင်းပြီးနောက် လုရီသည် ရေချိုးရန်အတွက် လင်းလောင် တောင်ထွတ်၏ အမြင့်ဆုံးနေရာသို့ တက်လာခဲ့လေသည်။
သူ၏ စီနီယာအစ်မနှင့် ဂျူနီယာ ညီမငယ်မှာ
တစ်ဦးတစ်ယောက်မှ မရှိဘဲ တံခါးပိတ်ကျင့်ကြံနေကြသည်။
သူ၏ဆရာသခင်မှာမူ ပြောစရာပင်မလိုတော့... နေ့စဉ်နေ့တိုင်း အိပ်စက်ခြင်းဖြင့်သာ အချိန်ကုန်နေတော့၏။
"ဆရာ့ရဲ့ ကျင့်ကြံခြင်းနည်းစနစ်က အိပ်တာကနေတစ်ဆင့် ကျင့်ကြံရတဲ့ နည်းစနစ်များ ဖြစ်
နေမလားပဲ။"
လင်းလောင် တောင်ထွတ်ထိပ်တွင် တစ်ယောက်တည်း ရေစိမ်နေရသည့်အခါ၊ အနီးအနားမှ အခန်းများဆီမှ ရေပက်သံများကို မကြားရတော့သဖြင့် လုရီတစ်ယောက် တစ်စုံတစ်ခု လိုအပ်နေသလို ခံစားလိုက်ရလေသည်။
တစ်ညလုံး ရေစိမ်ပြီးနောက် သူ၏တစ်ကိုယ်လုံး လန်းဆန်းတက်ကြွသွားခဲ့ပြီး၊ သူသည် တောင်ပေါ်မှဆင်းကာ အလုပ်ရုံဆီသို့ သွားရောက်လည်ပတ်ခဲ့တော့သည်။
လုရီသည် အားလပ်ချိန်ရတိုင်း အလုပ်ရုံသို့ အမြဲတစေ လာရောက်လည်ပတ်လေ့ရှိ၏။
"ကျင့်ကြံခြင်းလမ်းက ခက်ခဲကြမ်းတမ်းတယ်။ နေ့တိုင်း တစ်ယောက်တည်း တံခါးပိတ်ကျင့်ကြံနေရတာက တိတ်ဆိတ်လွန်းပြီး ငြီးငွေ့စရာကောင်းလှတယ်။ ဒီအတိုင်းဆက်သွားရင် ငါဟာ လူတွေနဲ့အဆက်အသွယ်မလုပ်တဲ့ အထီးကျန်သမားတစ်ယောက် ဖြစ်သွားနိုင်တယ်။"
"အလုပ်ရုံထဲက တပည့်တွေကြားထဲ လမ်းလျှောက်သွားလာနေရတာကမှ ငါ့ကို လူ့ဘောင်လောကရဲ့ ရသကို ခံစားရစေတယ်။ ငါဟာ လူသားတစ်ယောက်ပါလားဆိုတဲ့ ခံစားချက်ကို ပြန်ပေးတယ်။ ဒီလို ခံစားချက်က ငါ့ဘဝကို ပိုပြီး နွေးထွေးစေတယ်...။"
ထို့အပြင်၊ လုရီသည် ပင်လယ်မျိုးနွယ်စုနှင့် ဖြစ်ပွားနေသော စစ်ပွဲအပေါ်တွင်လည်း အထူးဂရုပြုလျက် ရှိလေသည်။ အဘယ်ကြောင့်ဆိုသော် ပင်လယ်မျိုးနွယ်စုသည် ယခုအခါ
ချင်းကျိုးနှင့် မလှမ်းမကမ်းသို့ ရောက်ရှိနေပြီဖြစ်သောကြောင့်တည်း။
အကယ်၍ တိုက်ပွဲများသာ ဆက်လက်နီးကပ်လာပါက၊ စစ်မီးသည် မလွဲမသွေ ချင်းကျိုးသို့ ကူးစက်လာပေလိမ့်မည်။ ထိုအခါတွင် ရှေ့တန်းစစ်မျက်နှာဖြစ်လာမည့် ချင်းကျိုးနှင့် တိမ်ဖြူဂိုဏ်းတို့သည်လည်း ဧကန်မုချ သက်ရောက်မှုမှ လွတ်ကင်းနိုင်မည် မဟုတ်ချေ။
ထို့ကြောင့် သူ့အနေဖြင့် ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားရန် လိုအပ်နေပြီ ဖြစ်သည်။
ကံကောင်းထောက်မစွာပင်၊ အရှေ့နယ်မြေ မဟာမိတ်တပ်ဖွဲ့သည် ပင်လယ်မျိုးနွယ်စုကို ခုခံတွန်းလှန်ရန်အတွက် ကျင့်ကြံသူများကို အကျယ်တဝင့် စုဆောင်းခဲ့ပြီးနောက်၊ မဟာမိတ်တပ်၏ အင်အားမှာ အဆမတန် တိုးတက်လာခဲ့တော့သည်။
ထိုသို့အင်အားတောင့်တင်းလာမှုကြောင့် ပင်လယ်မျိုးနွယ်စု၏ ထိုးစစ်ကို အောင်မြင်စွာ ဟန့်တားနိုင်ခဲ့လေသည်။ ခြောက်နှစ်တာကာလပတ်လုံး စစ်မြေပြင်သည် တည်ငြိမ်နေခဲ့ပြီး၊ ကုန်းတွင်းပိုင်းသို့ ပို၍ နက်ရှိုင်းစွာ ထိုးဖောက်လာနိုင်ခြင်း မရှိခဲ့ချေ။
.....
တနေ့သ၌...
ယွီလန် စားသောက်ဆောင်အတွင်း၌ လုရီ
တစ်ယောက် တစ်ကိုယ်တည်း သေရည်ကောင်းကို ထိုင်၍ မြည်းစမ်းလျက် ရှိသည်။ သူ၏ ပတ်ပတ်လည်တွင် ကျင့်ကြံသူများစွာ ရှိနေသော်ငြားလည်း၊ မည်သူတစ်ဦးတစ်ယောက်ကမျှ လုရီထံသို့ အကြည့်တစ်ချက်ပင် မရောက်ခဲ့ပေ။
အကြောင်းမူကား၊ လုရီသည် ပုံစံတစ်ထောင်အသွင်ပြောင်းသိုင်းကို အသုံးပြုကာ သူ၏ရုပ်ရည်ကို သာမန်မျှသာဖြစ်သော
ရွှေအူတိုင် တပည့်တစ်ဦးအသွင်သို့ ပြောင်းလဲထားသောကြောင့်တည်း။
"ဟေ့ကောင်တွေ.. ကြားပြီးကြပြီလား? ကောင်းကင်နဂါး သားတော် တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာပြီးနောက်ပိုင်း သူ့ရဲ့တိုးတက်မှုက အံ့မခန်းပဲတဲ့။ ပင်လယ်မျိုးနွယ်စုရဲ့ ဟင်းလင်းပြင်ဥမင်ကျင့်ကြံသူ ခြောက်ယောက်ကိုတောင် သတ်ဖြတ်ပစ်ခဲ့တယ်ဆိုပဲ။ နောက်ဆုံး ပင်လာ်နွယ်ဘက်က ပေါင်းစည်းခြင်း အဆင့် အရှင်သခင်တစ်ပါးကိုယ်တိုင် လိုက်လံသတ်ဖြတ်တာတောင် သူ့လက်ကနေ လွတ်သွားခဲ့တယ်တဲ့ဗျာ။"
"ရှူး... တကယ်ကြီးလား! ကောင်းကင်နဂါး သားတော်က ဒီလောက်တောင် ပြန်ပြီး အားကောင်းလာပြီလား! ဒီရက်ပိုင်းတွေမှာ သူ့ရဲ့တိုးတက်မှုနှုန်းက ကြောက်ခမန်းလိလိ မြန်လွန်းနေပြီ!"
"ဒါက ညီလေးလုရဲ့ လှုံ့ဆော်မှုကြောင့် ဖြစ်ရမယ်။ စဉ်းစားကြည့်လေ၊ လွန်ခဲ့တဲ့ ခြောက်နှစ်က အံ့သြတုန်လှုပ်ဖွယ် တိုက်ပွဲကြီးမှာ၊ ကောင်းကင်နဂါး သားတော်ရဲ့ ဖိအားပေးနိုင်စွမ်းက ကမ္ဘာလောကထဲကို ဝင်ရောက်လာတဲ့ နဂါးတစ်ကောင်လို ကြောက်ဖို့ကောင်းခဲ့တာ။ ဒါပေမဲ့ ညီလေးလုရဲ့ရှေ့မှာတော့ သူလုံးဝ ပြန်ခုခံနိုင်စွမ်းမရှိခဲ့ဘူးလေ။ ကောင်းကင်နဂါး သားတော်ရဲ့ စိတ်ဓာတ်က မာကျောခိုင်မာလွန်းလို့သာ အဲ့ဒီရှုံးနိမ့်မှုကြောင့် မကြေမွသွားတာ။ တခြားလူသာဆိုရင် အဲ့ဒီလိုရိုက်ခတ်မှုမျိုးနဲ့ လုံးလုံးလျားလျား လဲကျသွားလောက်ပြီ။"
"ဟုတ်တယ်၊ အစ်ကိုကြီးလုလို ပုဂ္ဂိုလ်မျိုးရဲ့ရှေ့မှာ ရဲရဲဝံ့ဝံ့ ထွက်တိုက်ရဲကတည်းက သူ့ရဲ့ပါရမီက သာမန်မဟုတ်တာတော့ သေချာတယ်။ ငါတို့ရဲ့အစ်ကိုကြီးလုကတော့ တကယ့်ကို ကောင်းကင်ဘုံက အင်မော်တယ် တစ်ပါးလိုပဲ! နောက်ထပ်အချိန်နည်းနည်းလောက် ကြာရင် ကောင်းကင်နဂါး သားတော်တစ်ယောက် ဟင်းလင်းပြင်ဥမင်အဆင့်ကို ထိုးဖောက်တက်လှမ်းနိုင်လောက်ပြီထင်တယ်၊ ဟုတ်တယ်
မလား?"
"ဖြစ်နိုင်လောက်ပါတယ်။ အင်ပါယာ ဓားဂိုဏ်း က ဖုန်းပုမင်ဆိုရင်လည်း လွန်ခဲ့တဲ့ခြောက်လက စစ်မြေပြင်ကို သွားခဲ့တာ၊ သူ့ရဲ့ခွန်အားက အကြီးအကျယ်တိုးတက်လာပြီး အင်ပါယာဓားကျမ်းကို အရမ်းကို နက်နဲတဲ့အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီလို့ ပြောကြတယ်။ သူ့ရဲ့
အင်ပါယာ ဓားစိတ်ဆန္ဒနဲ့ဆို ပင်လယ်မျိုးနွယ်စုတွေတောင် ခေါင်းငုံ့ခဲ့ရတယ်တဲ့။ သူတစ်ယောက်တည်းက နတ်ဘုရားအသွင်ပြောင်းအဆင့် ကျင့်ကြံသူ ဒါဇင်နဲ့ချီပြီး ရင်ဆိုင်ကာ အားလုံးကို သတ်ဖြတ်နိုင်ခဲ့တယ်လို့တောင် ကောလာဟလတွေ ထွက်နေတာ! နောက်ဆုံး ပင်လယ်မျိုးနွယ်စုဘက်က ဟင်းလင်းပြင်ဥမင် အဆင့် ကျင့်ကြံသူတစ်ယောက်ကိုပါ သုတ်သင်နိုင်ခဲ့သေးတယ်ဆိုပဲ!"