← Chapters

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း (၃၅၅-၃၅၇)

Vol. 24 Ch. 355-357

အခန်း ၃၅၅-ကျန်းရူယွီနှင့် ပြန်လည် တွေ့ဆုံခြင်း ...

~ "နတ်ဓားဂိုဏ်းက ဝမ်ချီဖုန်းဆိုရင်လည်း တော်တော်လေးကို စွမ်းဆောင်နိုင်လွန်းတယ်။ သူက နတ်ဓားကျမ်းကို နက်နဲတဲ့အဆင့်အထိ ကျင့်ကြံနိုင်ခဲ့ပြီး၊ သတ်ဖြတ်ရေး လျှို့ဝှက်သိုင်းကွက်ဖြစ်တဲ့ 'နတ်ဓား ကောင်းကင်ဘုံ ဖိနှိပ်ခြင်းသိုင်း'ကိုတောင် ကျွမ်းကျင်ပိုင်နိုင်သွားပြီတဲ့။ ဓားတစ်ချက်တည်းနဲ့ ပင်လယ်မျိုးနွယ်စုရဲ့ ဟင်းလင်းပြင် ဥမင်အဆင့် ခြောက်လွှာ ရှိတဲ့ကျင့်ကြံသူ တစ်ယောက်ကို လှုပ်မရအောင်

ချုပ်နှောင်သတ်ဖြတ်ပစ်ခဲ့တာ! ဒီမြင်ကွင်းကို မျက်မြင်သက်သေတွေ တော်တော်များများရှိတယ်ဆိုပဲ။"

"ထိုက်ရီ သူတော်စင် သားတော်ကတော့ အခင်းအကျင်း လမ်းစဉ်ကို ဝင်ရောက်သွားခဲ့ပြီ၊ အဲ့ဒါက သူ့ကို ပိုပြီးတောင် အားကောင်းစေတယ်လို့ ငါ ထင်တယ်။ မင်းတို့အားလုံး လွန်ခဲ့တဲ့ သုံးလက လမင်းဖြူ တောင်ကြားတိုက်ပွဲကို မှတ်မိကြသေးတယ်မလား၊ အဲ့ဒီတုန်းကသာ ထိုက်ယီ သားတော်က ကြိုတင်ပြီး အဖိုးမဖြတ်နိုင်တဲ့ မဟာ အခင်းအကျင်းကြီးတစ်ခုကို ခင်းကျင်း

မထားခဲ့ဘူးဆိုရင်၊ အဲ့ဒီမှာရှိတဲ့ လူသားကျင့်ကြံသူတွေရဲ့အင်အားနဲ့ချည်း ပင်လယ်မျိုးနွယ်စုအများကြီးကို ခုခံနိုင်ပါ့မလားဆိုတာ မသေချာဘူး။ အဲ့ဒီတိုက်ပွဲမှာ ထိုက်ရီ သူတော်စင် သားတော်ရဲ့ 'ထိုက်ယင် ဟွားရှန့် အခင်းအကျင်း'က ပေါင်းစည်းခြင်း နယ်ပယ်ကိုတောင် တက်လှမ်းဖို့ မလိုတော့တဲ့ ပင်လယ်မျိုးနွယ်စုရဲ့ တပ်မှူး

တစ်ယောက်ကိုတောင် ထောင်ချောက်ဆင်ဖမ်းချုပ်ထားနိုင်ခဲ့တာကွ။"

ထိုသူ၏ စကားကို ကြားသောအခါ အခြား

တိမ်ဖြူ ဂိုဏ်းသားများကလည်း သဘောတူစွာ ခေါင်းညိတ်လိုက်ကြပြီး အာမေဋိတ်သံများ ပြုကြတော့သည်။

"ဟုတ်တယ်၊ ဒီလို စစ်မြေပြင်မျိုးမှာ အခင်းအကျင်း ပညာရှင် တစ်ယောက်က

တကယ့်ကို သတ်ဖြတ်ရေးစက်ယန္တရားတစ်လုံးပဲ။ ထိုက်ရီ သူတော်စင် သားတော်က ပင်လယ်မျိုးနွယ်စုရဲ့ သတ်ပစ်ရမယ့် လူစာရင်းထဲတောင် ပါနေပြီလို့ ငါ ကြားတယ်၊ အဆင့် သတ်မှတ်ချက်အရဆိုရင် သူက အရှေ့ပိုင်းဒေသက တခြားပါရမီရှင်တွေကို အများကြီး ကျော်လွန်သွားပြီး ဝါရင့် ကျင့်ကြံသူကြီးတွေနဲ့တောင် နီးစပ်နေပြီတဲ့။"

"ဒီလိုဆိုရင် စီနီယာအစ်ကိုလုကလည်း အခင်းအကျင်း ကျင့်ကြံသူ တစ်ယောက်ပဲလေ။ ထိုက်ရီ သားတော်လိုမျိုး ကြောက်မက်ဖွယ် ကောင်းတဲ့ စွမ်းဆောင်ရည်နဲ့သာဆိုရင် သူသာ သွားတိုက်ခဲ့ရင် ပင်လယ်မျိုးနွယ်စုရဲ့ ပေါင်းစည်းခြင်း နယ်ပယ် အရှင်သခင် တစ်ပါးကိုတောင် သုတ်သင်နိုင်မယ့် အခွင့်အရေး ရှိနိုင်မှာပေါ့၊ ဟုတ်တယ်မလား..." တိမ်ဖြူဂိုဏ်းမှ တပည့်

တစ်ဦးက သူ၏ မျက်လုံးများ တောက်ပလာရင်း ဆိုလိုက်သည်။

"ဟုတ်တယ်! အရှေ့ပိုင်းဒေသမှာ ပါရမီရှင်တွေက ကောင်းကင်ပေါ်က ကြယ်တွေလိုပဲ အများကြီးရှိတယ်။ အဲ့ဒီထဲက တချို့က လပြည့်ဝန်းလို ထွန်းလင်းတောက်ပနေနိုင်ပေမဲ့ စီနီယာအစ်ကိုကြီးလုနဲ့ ယှဉ်လိုက်ရင်တော့ အားလုံးက အများကြီး အားနည်းသွားကြတာပဲ။ စီနီယာ အစ်ကိုကြီးလုရဲ့ ထွန်းလင်း တောက်ပမှုက နေမင်းကြီးလိုပဲ... တခြား မာနကြီးတဲ့ ပါရမီရှင် မိစ္ဆာတွေရဲ့ အလင်းရောင်အားလုံးကို လုံးဝ ဖုံးလွှမ်းသွားနိုင်စွမ်း ရှိတယ်ကွ" အခြား တိမ်ဖြူ ဂိုဏ်းသား

တစ်ဦးက လုရီအပေါ် အထင်ကြီး လေးစားမှုအပြည့်နှင့် စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

အနီးအနားမှ တပည့်များကလည်း သဘောတူညီစွာဖြင့် အားရပါးရ ခေါင်းညိတ်လိုက်ကြတော့သည်။

ထိုတပည့်များအားလုံးသည် အခြေခံအုတ်မြစ်တည်ထောင်ခြင်း နယ်ပယ်တွင်သာ ရှိကြသေးပြီး အစားကောင်း စားချင်သည့်အတွက် ယွီလန်

စားသောက်ဆောင်သို့ ရံဖန်ရံခါ လာရောက်ကြသူများ ဖြစ်ကြ၏။ သူတို့အားလုံးသည် မကြာသေးမီ နှစ်များအတွင်း အတွင်းစည်းဂိုဏ်းသို့ ဝင်ရောက်လာကြသူများ ဖြစ်ပြီး၊ ရာထူးအစဉ်အရဆိုလျှင် လုရီ၏ ညီငယ်များ ဖြစ်ကြလေသည်။

အချို့မှာမူ ကိုယ်တိုင်က ပါရမီရှင်များဖြစ်ကြပြီး၊ ပိုမိုအားကောင်းသော ဂိုဏ်းကြီးများသို့ ဝင်ရောက်ရန် အရည်အချင်းအပြည့်အဝ ရှိကြသော်လည်း၊ သူတို့သည် လုရီ၏ ဂုဏ်သတင်းကျော်စောမှုကြောင့်သာ တကူးတက လာရောက်ခဲ့ကြခြင်း ဖြစ်ချေသည်။

လွန်ခဲ့သောနှစ်များအတွင်း လုရီ၏ စွမ်းဆောင်ရည်များသည် အရှေ့ပိုင်းဒေသတစ်ခွင်လုံးရှိ လူငယ်များ၏အမြင်တွင် ဒဏ္ဍာရီတစ်ခုပမာ ဖြစ်နေခဲ့ပြီး၊ မရေမတွက်နိုင်သော လူငယ်ထူးချွန်များသည် လုရီကို သူတို့၏ စံပြုပုဂ္ဂိုလ်အဖြစ် အားကျလေးစားနေခဲ့ကြသည်။

"ကံဆိုးတာက ဂိုဏ်းချုပ်ကြီးတို့က စီနီယာအစ်ကိုကြီးလုကို ဒီလိုအန္တရာယ်မျိုး မစွန့်စားစေချင်တာပဲ။" တပည့်တစ်ဦးက အနည်းငယ် နှမြောတသစွာဖြင့် ညည်းညူလိုက်သည်။

"ဟုတ်တယ်၊ အဲ့ဒီနေရာက တကယ်ကို အန္တရာယ်များလွန်းတယ်လေ၊ ပြီးတော့ ပါရမီရှင်တွေက ပိုပြီးတော့ ပစ်မှတ်ထားခံရလွယ်တယ်။ ထိုက်ရီ မြင့်မြတ်နယ်မြေက လင်ထျန်းရှင်းတောင် စစ်မြေပြင်မှာ ကျဆုံးသွားခဲ့တယ် မဟုတ်လား? တကယ်ကို နှမြောစရာကောင်းတာပဲ။" ကျင့်ကြံသူတစ်ဦးက လေးလံစွာ ဆိုလိုက်၏။

ထိုစကားကို ကြားလိုက်သည့်အခိုက်၊ လုရီ၏ မျက်နှာပေါ်မှ အပြုံးသည် ရုတ်တရက် ခဲသွားခဲ့ပြီး၊ သူ၏မျက်ဝန်းများထဲတွင် အံ့ဩတုန်လှုပ်မှုတို့က အထင်းသား ပေါ်ပေါက်လာတော့၏။

…လင်ထျန်းရှင်း... ငါ သူ့ကို မှတ်မိတယ်။ အဲ့ဒီတုန်းက အင်မော်တယ် ဓားဂိုဏ်းရဲ့ အမွေအနှစ် အပျက်အစီးတွေထဲမှာ၊ ငါ ထိုက်ရီ သူတော်စင်သားတော်တို့နဲ့အတူ နောက်ဆုံး ရှေးဟောင်း ခန်းမဆောင်ကြီးထဲကို သွားခဲ့တုန်းက သူလည်း ပါခဲ့တာပဲ။

လင်ထျန်းရှင်းက အရင်မျိုးဆက်ရဲ့ ပါရမီရှင်တစ်ယောက် ထင်တယ်။ သူ့ပုံစံက နူးညံ့တဲ့အပြုံးနဲ့၊ အရမ်းကို ကြင်နာပြီး ဖော်ရွေတဲ့လူတစ်ယောက်….

..ငါ သူ့အပေါ်မှာ အထင်ကြီး လေးစားမှု အပြည့် ရှိခဲ့တာ..

…အခုတော့... သူက တကယ်ပဲ စစ်မြေပြင်မှာ ကျဆုံးသွားခဲ့ပြီလား...

လုရီ၏ ရင်ထဲတွင် ရှုပ်ထွေးသော ခံစားချက်များနှင့်အတူ ညှိုးငယ်သော စိတ်တို့က ဝင်ရောက်လာခဲ့သည်။

ဘဝဆိုသည်မှာ အဘယ်မျှလောက် ကြမ်းတမ်းပါသနည်း။

တပည့်တစ်ဦးက သက်ပြင်းချ၍ ပြောလိုက်သည်။

"ဟုတ်တယ်၊ လင်ထျန်းရှင်းရဲ့ ပါရမီကလည်း အလွန် မြင့်မားခဲ့တာ။ သူက ထိုက်ရီ သူတော်စင် သားတော်ထက် အနည်းငယ် နိမ့်ပေမဲ့၊ အခုဆိုရင် ပေါင်းစည်းခြင်းအဆင့်ကို ရောက်ဖို့ မဝေးတော့ဘူး။ ထိုက်ရီ မြင့်မြတ် နယ်မြေထဲမှာဆိုရင် သူက ထူးခြားတဲ့ ပါရမီရှင်တစ်ယောက်ပဲ။ တစ်ချိန်ချိန်မှာ ထိုက်ရီ မြင့်မြတ် နယ်မြေရဲ့ မဟာယာန အကြီးအကဲကြီးတွေထဲက တစ်ပါးဖြစ်လာနိုင်ပြီး၊ ကပ်ဘေးကျော်ဖြတ်ခြင်း ဘိုးဘေးအဖြစ် ထိုးဖောက်ဖို့ မျှော်လင့်ချက်တောင် ရှိခဲ့တာ။ အခုလို သေဆုံးသွားလိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။"

"ဒါပေမယ့့် အဲ့ဒီစီနီယာက ဂုဏ်သိက္ခာရှိရှိနဲ့ သေဆုံးခဲ့တာပါ။ သူက သူ့တစ်ကိုယ်တည်းရဲ့ စွမ်းအားနဲ့၊ သူ့အသက်နဲ့လဲပြီး တုန်လှုပ်ခြောက်ခြားဖွယ်ရာ မဟာအခင်းအကျင်းကြီးတစ်ခုကို ဖန်တီးခဲ့တယ်။ အဲ့ဒီမဟာအခင်းအကျင်းကြီးနဲ့ ပင်လယ်မျိုးနွယ်စုရဲ့ ပေါင်းစည်းခြင်းအဆင့် အရှင်သခင်နှစ်ယောက်ကို သုတ်သင်နိုင်ခဲ့ပြီး၊ မိစ္ဆာတိမ်တိုက်တောင် ဘက်ကို ချီတက်လာတဲ့ ပင်လယ်မျိုးနွယ်စုရဲ့လမ်းကြောင်းကို နှစ်ရက်တိတိ တားဆီးထားနိုင်ခဲ့တာ။ တကယ့်ကို မယုံနိုင်စရာကောင်းလောက်အောင်ပါပဲ။"

"ဟုတ်တယ်၊ အဲ့ဒီနှစ်ရက်က ကျင့်ကြံသူပေါင်း သိန်းနဲ့ ချီပြီး၊ မရေမတွက်နိုင်တဲ့ သာမန်လူသားတွေရဲ့ အသက်ကို ကယ်တင်ပေးခဲ့တာပဲ။"ဟူ၍ အခြားတစ်ဦးက ထပ်ဖြည့်ပြောလိုက်သည်။

လူအုပ်ကြီးသည် ထပ်ခါထပ်ခါ သက်ပြင်းချနေကြတော့သည်။

ခေတ္တမျှ တိတ်ဆိတ်သွားပြီးနောက်၊ လုရီသည်လည်း သက်ပြင်းတစ်ချက်ချလိုက်ရင်း လေးနက်စွာဆို၏။

"လင်ထျန်းရှင်းက သူရဲကောင်းတစ်ယောက်ပါပဲ။"

စကားလက်ဆုံကျနေသော ကျင့်ကြံသူများသည် သူ့ဘက်သို့လှည့်ကြည့်လိုက်ကြပြီး သဘောတူညီစွာဖြင့် ပြန်ပြောကြသည်။

"ကျွန်တော်တို့လည်း ဒီလိုပဲ ထင်ပါတယ်။"

"ကျွန်တော်တို့သာ အစွမ်းရှိရင် စစ်မြေပြင်ကို သွားပြီး ပင်လယ်မျိုးနွယ်စုတွေကို သတ်ဖြတ်ပစ်မှာပဲ!"

"ဟုတ်တယ်၊ ဒီပင်လယ်မျိုးနွယ်စုတွေက သိပ်ကို ဗိုလ်ကျလွန်းတယ်။ သူတို့မှာ ပင်လယ်ထဲမှာ ကိုယ်ပိုင်နယ်မြေ ရှိလျက်သားနဲ့ ငါတို့နဲ့ လာပြီး ကုန်းမြေကို လုနေကြသေးတယ်!"

ဖြောင့်မတ်သော ဒေါသများဖြင့် ပြည့်နှက်နေသော ထိုလူငယ်ကျင့်ကြံသူများကို မြင်သောအခါ လုရီသည် အနည်းငယ် ပြုံးမိသွားသည်။

သူသည် သူ၏အရက်ခွက်ကို ပင်လယ်မျိုးနွယ်စု စစ်မြေပြင်ရှိရာဘက်သို့ မြှောက်ကိုင်လိုက်ကာ သက်ပြင်းချရင်း "စီနီယာ လင်ထန်ရှင်းအတွက်... ဂုဏ်ပြုပါတယ်" ဟု ဆိုလိုက် လေ၏။

ထိုမြင်ကွင်းကို တွေ့သောအခါ အခြားတိမ်ဖြူဂိုဏ်းသားများသည်လည်း သူတို့၏ အရက်ခွက်များကို ထိုဘက်သို့ လေးနက်တည်ကြည်စွာ မြှောက်ကိုင်လိုက်ကြပြီး တစ်ပြိုင်နက်တည်း ဆိုကြသည်။

"အကြီးအကဲ လင်ထျန်းရှင်းအတွက်... ဂုဏ်ပြုပါတယ်။"

ထို့နောက် လုရီက မေးလိုက်သည်။

"ငါတို့ တိမ်ဖြူဂိုဏ်းက တပည့်တွေရော အခြေအနေ ဘယ်လို ရှိလဲ...မကြာသေးခင်က ထိခိုက် သေဆုံးတဲ့ သတင်းတွေ ကြားမိသေးလား"

ထိုမေးခွန်းကို ကြားသောအခါ လူတိုင်းက ခေါင်းခါလိုက်ကြသည်။

"ထိခိုက် သေဆုံးတဲ့ သတင်းတော့ မကြားမိသေးဘူး၊ ဒါပေမယ့် အခြေအနေက သိပ်အကောင်းမြင်လို့ ရမယ်တော့ မထင်ဘူး"

"ဒါပေမယ့် စီနီယာအစ်ကို ကျန့်ဖန်နဲ့

စီနီယာအစ်ကို ရှဲ့ထျန်းမင်တို့အကြောင်း သတင်းတော့ ထွက်နေတယ်။" ဟု တပည့်တစ်ဦးက ပြောလိုက်ပြန်သည်။

အခြားသူများအားလုံး အံ့ဩသွားကြပြီး စကားပြောလိုက်သော တပည့်ကို အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။

"သူတို့အကြောင်း သတင်းက ဘယ်လိုလုပ်

ထွက်လာနိုင်ရတာလဲ"

စကားပြောသော တပည့်က ပြုံးလိုက်ပြီး

"ကျွန်တော်လည်း လွန်ခဲ့တဲ့နှစ်ရက်က အပြင်ကနေ ကြားလာတာပါ။ စီနီယာအစ်ကို ကျန့်ဖန်တို့ အစောပိုင်းခရီးထွက်တုန်းက အရှေ့ပိုင်းဒေသရဲ့ အရှေ့ဘက်ကို သွားခဲ့ကြတယ်တဲ့။ အဲ့ဒီမှာရှိတဲ့ တောင်တန်းဒေသတစ်ခုနဲ့ သူတို့က ရင်းနှီးနေတယ်၊ အရင်က အဲ့ဒီနေရာမှာ အတိုက်ခိုက်ခံရပြီး လိုက်လံသတ်ဖြတ်ခံခဲ့ရဖူးတယ်ဆိုပဲ။ သူတို့က စီနီယာအစ်ကို ရှဲ့ထျန်းမင်၊ စီနီယာအစ်ကို

နန်းကုန်းမိုယွီနဲ့ တခြားပါရမီရှင် အင်အားကြီးတွေနဲ့ ပေါင်းပြီး အဲ့ဒီဒေသမှာ ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာမှာ ပင်လယ်မျိုးနွယ်စု ကျင့်ကြံသူ အုပ်စုတော်တော်များများကို ချေမှုန်းနိုင်ခဲ့တယ်တဲ့၊ အဲ့ဒီထဲမှာ ဟင်းလင်းပြင် ဥမင် အဆင့် ကျင့်ကြံသူ တချို့တောင် ပါသွားသေးတယ် ဆိုပဲ"

ထိုစကားကို ကြားသောအခါ လူတိုင်း၏ မျက်လုံးများသည် အံ့ဩမှုကြောင့် ပြူးကျယ်သွားကြတော့သည်။

"ဟားဟားဟား! ငါတို့ တိမ်ဖြူဂိုဏ်းက ညီအစ်ကို မောင်နှမတွေက တကယ်ကို အစွမ်းထက်ကြတာပဲ"

"အလို၊ စီနီယာအစ်ကိုလု မရှိရင်တောင် ငါတို့တိမ်ဖြူဂိုဏ်းမှာ ထင်ပေါ် ကျော်ကြားနိုင်တဲ့ လူတွေ ရှိနေသေးတာပဲ!"

လူအုပ်ကြီးသည် အတိုင်းမသိ ဝမ်းသာသွားကြတော့သည်။

ထိုသတင်းကို ကြားသောအခါ လုရီ၏ မျက်နှာထက်တွင်လည်း အပြုံးတစ်ပွင့် ပေါ်ထွက်လာခဲ့လေသည်။

သူ၏ စီနီယာ ညီအစ်ကို၊ မောင်နှမများ လောလောဆယ် ဘေးကင်းလုံခြုံနေသေးပုံ ရပြီး၊ ထိုအရာက သတင်းကောင်းတစ်ခုပင် ဖြစ်ချေသည်။

အခန်း ၃၅၆- ကျန်းရူယွီနှင့် ပြန်လည် တွေ့ဆုံခြင်း ...

~လုရီသည် စစ်မြေပြင်မှ သတင်းစကားများကို ခေတ္တမျှ ဆက်လက် နားစွင့်နေခဲ့၏။

စစ်မြေပြင်ဆိုသည်မှာ သဘာဝအတိုင်းပင်

သူရဲကောင်းများနှင့် အစွမ်းထက် ပုဂ္ဂိုလ်များ အလွယ်ကူဆုံး ပေါ်ထွက်ရာနေရာ ဖြစ်ပေရာ၊ မဟာ ကျင့်ကြံရေး ဂိုဏ်းများနှင့် မြင့်မြတ်နယ်မြေများမှ ပါရမီရှင် ပုဂ္ဂိုလ် အများအပြားသည် ထိုနေရာ၌ မိမိတို့၏ နာမည်ကို တစ်လုံးတစ်ခဲတည်း ထုဆစ်နိုင်ခဲ့ကြလေသည်။

ကောင်းကင်နဂါးသူတော်စင် သားတော်၊ ထိုက်ယီသူတော်စင် သားတော်နှင့် အခြားသော မဟာကျင့်ကြံရေးဂိုဏ်းများ၊ မြင့်မြတ်နယ်မြေများမှ ဆက်ခံသူများအားလုံးသည် အလွန်အမင်း ကြောက်ခမန်းလိလိ အစွမ်းထက်သော ခွန်အားနှင့် ပါရမီများကို ထုတ်ဖော်ပြသခဲ့ကြ၏။

ထိုသူများထဲမှ တစ်ဦးချင်းစီတိုင်းသည် မိမိတို့ထက် ကျင့်ကြံခြင်း နယ်ပယ်ကြိီးတစ်ရပ် မြင့်မားသော ပြိုင်ဘက်များကိုပင် အနိုင်ယူချေမှုန်းနိုင်စွမ်း ရှိကြပေသည်။

ထို့ပြင် တောနက်ကြီးများထဲတွင် ပုန်းလျှိုးနေသော ပညာရှင်များပင် ထွက်ပေါ်လာခဲ့ပြီး ဒေသတစ်ခုကို လွှမ်းမိုး စိုးမိုးထားနိုင်ခဲ့တော့သည်။

လုရီသည် ယွီလန်ဆောင်၌ နေ့လယ်ခင်းတစ်ခုလုံးကို ထိုင်ရင်း ကုန်ဆုံးစေခဲ့ပြီးနောက် လှည့်ထွက်သွားရန် ပြင်ဆင်လိုက်တော့၏။

...

ယွီလန်ဆောင်မှ ထွက်ခွာလာပြီးနောက် သူသည် အလုပ်ရုံများကြားမှ လမ်းမတစ်လျှောက် လျှောက်လှမ်းလာခဲ့သည်။ အဝေးဆီမှ နေဝင်ဆည်းဆာကို လှမ်းမျှော်ကြည့်ရင်း သူ၏နှလုံးသားသည် စိတ်လှုပ်ရှားမှုများဖြင့် လှိုင်းထန်လာသည်ကို ခံစားလိုက်ရတော့သည်။

"အသိမိတ်ဆွေဟောင်းတွေ တော်တော်များများက စစ်မြေပြင်မှာ ကိုယ်စီကိုယ်ငှ တောက်ပနေကြပါလား... ငါကိုယ်တိုင်တောင် သူတို့နဲ့အတူ သွားရောက်ပူးပေါင်းချင်စိတ်တွေ တဖွားဖွား ပေါ်ပေါက်လာရတယ်"

ထို့အပြင် စစ်မြေပြင်သို့ ဦးတည်ထွက်ခွာခြင်းအားဖြင့် သူ ရရှိမည့် 'အလုပ်' ဆုလာဘ်များသည်လည်း မသေးလှလောက်ဟု လုရီ

တွက်ဆလိုက်မိသည်။

သို့ဖြစ်သော်ငြားလည်းသူသည် ထိုသို့သော စိတ်လှုပ်ရှားမှုများကို ချိုးနှိမ်ထားဆဲပင်။

အဘယ်ကြောင့်ဆိုသော် လက်ရှိအခြေအနေတွင် အရှေ့နယ်မြေ မဟာမိတ်တပ်သည် ပင်လယ်

မျိုးနွယ်စု၏ ထိုးစစ်ကို အောင်မြင်စွာ ဟန့်တားထားနိုင်ခဲ့ပြီးဖြစ်ရာ ချက်ချင်းလက်ငင်း အပြောင်းအလဲများ ဖြစ်ပေါ်လာဖွယ် မရှိသေးသောကြောင့်တည်း။

"ငါတစ်ယောက်တည်း ပိုပါသွားတာက ပင်လယ်မျိုးနွယ်စုကို ပင်လယ်ထဲအထိ မောင်းထုတ်နိုင်မှာမှ မဟုတ်တာ... ပြီးတော့ ငါ မရှိရင်တောင်မှ အရှေ့နယ်မြေ မဟာမိတ်တပ်က ရှုံးနိမ့်သွားမှာ မဟုတ်ဘူး"

သူ့အတွေးထဲ၌ ဆက်လက်၍...

"ဟိုကောင်းကင်ရဲ့ ဂုဏ်ယူရတဲ့ ပါရမီရှင်တွေ စစ်မြေပြင်ထဲ ဝင်နေကြတာကလည်း သူတို့ကိုယ်ပိုင် ကျင့်ကြံခြင်းအတွေ့အကြုံအတွက် သက်သက်ပါပဲ... ဒါပေမဲ့ ငါ့အတွက်ကတော့ အဲ့လိုအတွေ့အကြုံမျိုးတွေ မလိုအပ်ဘူးလေ... ငါ့ရဲ့ခွန်အားက အခုတောင် အလွန်အမင်း မြန်ဆန်တဲ့နှုန်းနဲ့ တိုးတက်နေတာပဲဟာ"

"ရင်းမြစ်တွေဘက်က ကြည့်ပြန်ရင်လည်း ငါက စီနီယာအစ်မနဲ့ ဂျူနီယာ ညီမလေးတွေနဲ့ မကြာခဏ ဆိုသလို လေ့ကျင့်နေရတာ

ဆိုတော့ ဆုလာဘ်တွေကလည်း ပေါများနေပြီ... ဒါတွေ အားလုံးက ငါ့ရဲ့ ကျင့်ကြံခြင်းအတွက် လုံလောက်နေတာထက်တောင် ပိုနေသေးတယ်"

….

အတွေးစတို့ကို ဖြတ်တောက်ရင်း လုရီသည် ခေါင်းတစ်ချက် ခါယမ်းလိုက်၏။

ထို့နောက် သူ၏ ခြေလှမ်းတို့သည် လေကိုခွင်း၍

လင်းလောင်တောင်ထိပ်သို့ ဦးတည် ‌ပျံသန်းသွားတော့သည်။

သူ၏ ဂူစံအိမ်သို့ ပြန်ကာ ကျင့်ကြံခြင်း၌သာ နစ်မြုပ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်ချေသည်။

သို့သော်၊ သူ၏ ဂူစံအိမ် အဝင်ဝသို့ ရောက်ရှိသောအခါ ရင်းနှီးနေသော ပုံရိပ် တစ်ခုက သူ့ကို ဆီးကြိုနေသည်ကို လုရီ တွေ့လိုက်ရပါ၏။

ထိုသူမှာ ပိုးဖြူဝတ်စုံကို ဆင်မြန်းထားပြီး ကျောထက်၌ ကျောက်စိမ်းဓားတစ်လက်ကို လွယ်ထားသည့် မိန်းမပျို တစ်ဦးပင်။

သူမ၏ ရပ်နေဟန်သည် နတ်ဘုရားဓားတစ်လက်နှယ် မည်သည့်အရာကိုမှ ဂရုမစိုက်ဟန်ဖြင့် မားမားမတ်မတ် တည်ရှိနေလေသည်။

လုရီ၏ မျက်ဝန်းတို့၌ အံ့ဩခြင်း အရိပ်အယောင်တို့ ဖြတ်ပြေးသွား၏။

"စီနီယာအစ်မ ရူယွီ...!"

သူ၏ ရေရွတ်သံကြောင့် ထိုအမျိုးသမီးသည် ဖြည်းညင်းစွာ လှည့်ကြည့်လာရာ၊ သိုင်းလောကသူရဲကောင်းမလေးတစ်ဦး၏ ရုပ်သွင်နှင့် လှပချောမောသော မျက်နှာတစ်ခုကို မြင်လိုက်ရသည်။

ကျန်းရူယွီ...

သူမ အစစ်ပင် ဖြစ်ချေသည်။

လုရီကို မြင်လိုက်သည်နှင့် ကျန်းရူယွီ၏ မျက်လုံးတို့သည် ကြယ်တာရာများကဲ့သို့ ဝင်းလက်တောက်ပသွားပြီး လှပစွာ ပြုံးလိုက်တော့သည်။

"ဂျူနီယာမောင်လေး၊ နောက်ဆုံးတော့ ပေါ်လာပြီပေါ့! ငါ နင့်ရဲ့ ဂူအပြင်မှာ အာခေါင်ခြစ်အော်နေတာဟယ်၊ ဘယ်သူမှ ရှိမနေဘူး! ဆိုတော့... နင် က အပြင်သွားနေတာကိုး။"

သူမ၏ တက်ကြွသော လေသံကြောင့် လုရီလည်း မပြုံးဘဲ မနေနိုင်တော့။

"ဟုတ်ကဲ့၊ ကျွန်တော် ခုနကပဲ ယွီလန်း စားသောက်ဆောင်ကို ခဏ သွားခဲ့တာပါ။ ဒါနဲ့...

စီနီယာအစ်မ ရူယွီ၊ ဘယ်လိုကိစ္စနဲ့များ ဒီအထိ ရောက်လာတာလဲ။ ကျွန်တော်တို့ မတွေ့ဖြစ်ကြတာတောင် အတော်ကြာပြီနော်"

နတ်ဓားဂိုဏ်း၏ အပျက်အစီးများကို အတူတကွ ရှာဖွေခဲ့ပြီးနောက်ပိုင်း၊ သူသည် နတ်ဓားဂိုဏ်းမှ ပြန်လာသည်နှင့် ကျန်းရူယွီကို မတွေ့ရတော့ပေ။

အချိန်ကို ပြန်တွက်ကြည့်လျှင် နှစ်ပေါင်း

လေးဆယ်ပင် ကျော်လွန်ခဲ့ပြီ မဟုတ်ပါလား။

ထိုအခိုက်တွင် လုရီသည် ကျန်းရူယွီ၏ မျက်နှာသွင်ပြင်သည် ယခင်ကထက် ပိုမိုနူးညံ့လာပြီး ဓားသွားလို ထက်ရှနေမှုအချို့ မှေးမှိန်သွားသည်ကို သတိထားမိ၏။ သူမ၏ အသားအရေမှာ အပြစ်အနာအဆာကင်းသော ဖြူစင်ကြည်လင်သည့် ကျောက်စိမ်းဖြူနှယ်။

တစ်ကိုယ်လုံးသည်လည်း သက်ရှိဓားတစ်လက်အဖြစ် ဓားနှင့်အတူ ပေါင်းစည်းနေသည့်အလားပင်။

ရုတ်တရက် လုရီသည် ကျန်းရူယွီထံမှ ထုတ်လွှတ်နေသော အရှိန်အဝါသည် မယုံနိုင်လောက်အောင် အားကောင်းပြီး ကြောက်မက်ဖွယ်ဖြစ်ကာ "ဟင်းလင်းပြင် ဥမင်နယ်ပယ်" သို့ပင် ရောက်ရှိနေပြီဖြစ်ကြောင်း အာရုံခံမိလိုက်သဖြင့် အကြီးအကျယ် တုန်လှုပ်သွားရလေသည်။

...ဟင်းလင်းပြင် ဥမင်အဆင့်! ဘယ်လိုဖြစ်နိုင်မှာလဲ။

မူလက အစ်မရူယွီရဲ့ ကျင့်ကြံမှုအဆင့်က စီနီယာအစ်မ လျိုနင်ရွှမ်းနဲ့ တန်းတူလောက်ပဲ ရှိသင့်တာ။

အခု... အစ်မနင်ရွှမ်းက နတ်ဘုရားအသွင်ပြောင်းဆယ့်သုံးလွှာမှာပဲ ရှိသေးပြီး ဟင်းလင်းပြင်ဥမင်နယ်ပယ်နဲ့ အလှမ်းဝေးနေတုန်း။

သူက ဒီလောက် မြန်မြန်ကြီး ချိုးဖျက်နိုင်လိမ့်မယ်လို့ ဘယ်သူက ထင်မှာလဲ။

ဒါဆို... အခုလက်ရှိ လူငယ်မျိုးဆက်ထဲမှာ ကျင့်ကြံမှု အဆင့် အမြင့်ဆုံးက ငါ့မျက်စိရှေ့က ဒီအမျိုးသမီးပဲ ဖြစ်ရမယ်။

ကောင်းကင်နဂါး သူတော်စင် သားတော်တို့၊ ထိုက်ရီ သူတော်စင် သားတော်တို့တောင်

နတ်ဘုရား အသွင်ပြောင်း နယ်ပယ်မှာပဲ ရှိနေကြသေးတာ။...

"စီနီယာအစ်မ ရူယွီ! ခင်ဗျား... ခင်ဗျားရဲ့ ကျင့်ကြံမှုအဆင့်က ဟင်းလင်းပြင်ဥမင် အဆင့်ကို ရောက်နေပြီလား။ ဒါ... ဒါ တကယ်ကို အရှိန်လွန်လွန်းနေပြီ!"

လုရီ၏ အံ့ဩ‌သော အော်ဟစ်သံကြောင့်

ကျန်းရူယွီသည် ခဏမျှ တောင့်ခနဲ ဖြစ်သွားပြီးနောက် သူ့ကို မယုံနိုင်မှု အပြည့်နှင့် ပြန်လည်

စိုက်ကြည့်လာသည်။

"ဟင်... နင် တကယ်ကြီး ခံစားမိတာလား။ ငါက နတ်ဓားကျမ်းထဲက အရှိန်အဝါဖုံးကွယ်ခြင်းနည်းစနစ်ကို သုံးထားတာကိုတောင် နင်က ထွင်းဖောက်မြင်နိုင်သေးတယ်ပေါ့။ ဂျူနီယာမောင်လေး... နင်က တကယ်ကို ထူးခြားတဲ့ကောင်လေးပဲ"

သူမ စကားကြောင့် လုရီ ပြုံးလိုက်၏။

"ကျွန်တော့်ရဲ့ ဝိညာဉ် စွမ်းအင်က တခြားသူတွေထက် နည်းနည်း ပိုပြီး အားကောင်းနေလို့ပါပဲ။"

ထိုအခါ ကျန်းရူယွီက နှုတ်ခမ်းလေး စူကာ ညည်းညူလိုက်သည်။

" ငါက နင့်ကို အံ့အားသင့်သွားအောင် လုပ်ပြီး ကြွားချင်နေတာကို၊ အခုတော့ ပျော်စရာ မရှိတော့ဘူး။"

လုရီက ခပ်ဟဟ ရယ်မောလိုက်၏။

"မဟုတ်ပါဘူး၊ ကျွန်တော် တော်တော်လေးကို လန့်သွားတာပါဗျာ။"

သူ တကယ်ပင် အကြီးအကျယ် လန့်ဖျပ်သွားခဲ့သည်မှာ အမှန်ပင် ဖြစ်လေသည်။

ထိုစကားကို ကြားမှ ကျန်းရူယွီသည် ကျေနပ်စွာ ပြန်လည် ရယ်မောလိုက်တော့သည်။

"ဒါက နင်နဲ့လည်း အများကြီးဆိုင်နေသေးတယ်။ လာ... ငါတို့ အထဲဝင်ပြီးမှ အေးအေးဆေးဆေး ပြောကြတာပေါ့။"

ကျန်းရူယွီသည် သူမကိုယ်ကို လူစိမ်း တစ်ယောက်ဟုပင် မသတ်မှတ်တော့ဘဲ ဂူစံအိမ်တံခါးကို ဖွင့်ရန် လုရီအား မေးဆတ်ပြလေသည်။

လုရီ၏ မျက်နှာပေါ်တွင် အံ့ဩခြင်းနှင့် စူးစမ်းလိုစိတ်တို့ ရောယှက်သွား၏။

"ကျွန်တော်နဲ့ ဆိုင်တယ်"

ဂူစံအိမ် တံခါးကို ဖွင့်ရင်း သူ၏စိတ်ထဲ၌ အတိတ်ကို ပြန်ပြောင်းစဉ်းစားမိသွားပြီးနောက် တစ်စုံတစ်ခုကို ရုတ်တရက် သတိရကာ သူ၏ မျက်နှာထားသည် အနည်းငယ် ထူးဆန်းသွားတော့သည်။

"စီနီယာအစ်မ ရူယွီ...ဓားနှလုံးသားသစ်သီးကြောင့်လား"

ကျန်းရူယွီက ကျေနပ်စွာ ပြုံးလိုက်ပြီး လုရီ၏ မျက်နှာကို လက်ဖြင့် အသာအယာ ဆွဲညှစ်ကာ ချီးကျူးလိုက်၏။

"ငါ့ရဲ့ ဂျူနီယာ မောင်လေးကတော့ တကယ်ကို ဉာဏ်ကောင်းတာပဲ.. ဟုတ်တယ်... အဲ့ဒီ ဓားနှလုံးသား သစ်သီးကြောင့်ပဲ။"

ဂူစံအိမ်ထဲသို့ ဝင်ရောက်လာကြပြီးနောက်

ကျန်းရူယွီသည် နေရာ တစ်နေရာတွင် ဝင်ထိုင်လိုက်ပြီးနောက် ပြုံးစစဖြင့် ပြော၏။

"ကဲ... မြန်မြန် လုပ်ပါ။ ဝိုင်ကောင်းကောင်းလေး သွားယူခဲ့။ ငါ နှစ်ပေါင်းများစွာ တံခါးပိတ်ကျင့်ကြံခဲ့ရတာ တော်တော် မွန်းကြပ်နေပြီ.. မင်းရဲ့ ဝိညာဉ် ဝိုင်နဲ့ ဝိညာဉ် အစားအစာတွေကို လွမ်းနေတာ သေတော့မယ်"

သူမ၏ အမူအရာကို ကြည့်ရင်း လုရီသည် မတတ်သာစွာ ပြုံးလိုက်မိပြီး ဝိညာဉ်ဝိုင်နှင့် ဝိညာဉ် အစားအစာအချို့ကို တည်ခင်းပေးလိုက်သည်။

"ဝိုး..အသစ်အဆန်းတွေရော မရှိဘူးလား။"

သူမသည် ဝိုင်ကို တစ်ငုံ မော့သောက်လိုက်ပြီးနောက် ကျေနပ်စွာ သက်ပြင်းချလိုက်၏။

လုရီက စကားမပြောနိုင်လောက်အောင် ဖြစ်သွားပြီးနောက် မေးလိုက်သည်။

"စီနီယာအစ်မ၊ အခုတော့ ရှင်းပြလို့ ရပြီလားဗျာ"

ကျန်းရူယွီက ပြုံးရွှင်စွာဖြင့် စတင်ရှင်းပြတော့သည်။

"မူလက ဒီအစ်မမှာ 'သဘာဝဓားအရိုး' ရှိတယ်ဟယ်။ နင် ပေးခဲ့တဲ့ ဓားနှလုံးသားသစ်သီးက ငါ့ရဲ့ 'ဓားနှလုံးသား' ကို ဖြစ်ပေါ်လာဖို့ အကြီးအကျယ် အထောက်အကူပြုခဲ့တာ။ အဲ့ဒီ ဓားအရိုးနဲ့ ဓားနှလုံးသားနှစ်ခု ပေါင်းစပ်မိသွားတဲ့အခါမှာတော့... ငါ့ရဲ့ခန္ဓာကိုယ်က 'ဓားအင်မော်တယ်ခန္ဓာ' အဖြစ် ပြောင်းလဲတိုးတက်သွားခဲ့တာပဲ! အင်မော်တယ်ခန္ဓာတဲ့... ကြားလား။ မင်းရဲ့ စီနီယာအစ်မက အင်မော်တယ်ခန္ဓာရှင် ဖြစ်သွားပြီ!"

ထိုအခါ လုရီ၏ မျက်လုံးများ အံ့ဩမှုကြောင့် ပြူးကျယ်ထွက်သွားတော့၏။ သူ ယွင်ရှီးအား ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများ ပေးခဲ့စဉ်ကပင် သူမ အင်မော်တယ်ခန္ဓာရှင် ဖြစ်လာလိမ့်မည်ဟု တစ်ခါမျှ မတွေးခဲ့ဖူးပေ။ ကျန်းရူယွီအား ဓားနှလုံးသားသစ်သီး ပေးခဲ့စဉ်ကဆိုလျှင် ထိုသို့သော အတွေးမျိုးသည် သူ၏စိတ်ထဲ၌ အရိပ်အယောင်မျှပင် မရှိခဲ့ချေ။

သို့သော် ပြန်စဉ်းစားကြည့်လျှင်... ဓားနှလုံးသားသစ်သီးသည် ကိုးရောင်ခြယ် ခေါင်းလောင်းပန်းများလောက် မထူးခြားသော်ငြားလည်း အလွန်တရာ တန်ဖိုးရှိ၍ ရှားပါးလှသည့် ကောင်းကင်နှင့် မြေကြီး ရတနာ တစ်ပါး ဖြစ်နေဆဲပင်။ အင်မော်တယ် အဆင့် ရတနာနှင့်ပင် မလှမ်းမကမ်းဟု ဆိုနိုင်ချေသည်။

ထို့အပြင် ကျန်းရူယွီ ကိုယ်တိုင်မှာလည်း ဝိညာဉ်ခန္ဓာအဆင့်ရှိ ကောင်းကင်က ဂုဏ်ယူရသူ တစ်ဦး

ဖြစ်ပြီး၊ ဓားတာအို၏ မြင့်မြတ်နယ်မြေ ဖြစ်သော

နတ်ဓားဂိုဏ်းမှ ပေါက်ဖွားလာကာ အင်မော်တယ် အဆင့်သိုင်းကျမ်းများကို ကျင့်ကြံပြီး ဓားစိတ်ဆန္ဒကို နားလည် သဘောပေါက်ထားသူ ဖြစ်၏။ ယခု သူမ အင်မော်တယ်ခန္ဓာ အဖြစ်သို့ ပြောင်းလဲသွားသည်မှာ ဖြစ်သင့်ဖြစ်ထိုက်သည်ဟုပင် လုရီ ခံစားလိုက်ရသည်။

ထိုစဉ် အခြား အကြောင်းအရာ တစ်ခုကို စဉ်းစားမိပြန်ရာ လုရီ၏ မျက်နှာထားသည် သိသိသာသာ ပြောင်းလဲသွားပြီး အနည်းငယ် ထူးဆန်းသော အမူအရာဖြစ်သွား၏။

"စီနီယာအစ်မ ရူယွီ၊ သာမန်ခန္ဓာကနေ အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲတဲ့အခါမှာ ကြီးကျယ်ခမ်းနားတဲ့ ဆန်းကြယ် မြင်ကွင်းတွေ ဖြစ်ပေါ်သင့်တာမဟုတ်ဘူးလား။ နတ်ဓားဂိုဏ်းမှာ ဒီလောက်ကြီးကျယ်တဲ့ သတင်းမျိုး ဘာလို့ လုံးဝ မကြားခဲ့ရတာလဲ"

ထိုအခါ ကျန်းရူယွီသည် နှာခေါင်းလေး ရှုံ့ကာ

လုရီကို မျက်လုံးလှန်ကြည့်လိုက်ပြီး မယုံနိုင်ဟန်ဖြင့် ပြော၏။

"ဂျူနီယာ မောင်လေးရယ်... နင် နတ်ဓားဂိုဏ်းကို ဘာထင်နေတာလဲ။ ငါတို့ရဲ့ အင်မော်တယ်

ဓားကြီးက ဖိနှိပ်ထားတဲ့အတွက် ဆန်းကြယ်မြင်ကွင်းတွေ ရှိခဲ့ရင်တောင် အပြင်ကလူတွေ ဘယ်လိုလုပ် မြင်နိုင်မှာလဲဟယ်..."

ထိုအခါမှ လုရီ နားလည်သွားတော့သည်။

ယွင်ရှီး ပြောင်းလဲခဲ့စဉ်က ကြီးမားသော ဆန်းကြယ်မြင်ကွင်း ဖြစ်ပေါ်ခဲ့ရခြင်းမှာ ပန်းတစ်သောင်းဂိုဏ်းသည် ထိုသို့သော ဆန်းကြယ်မြင်ကွင်းများကို ဖုံးကွယ်နိုင်စွမ်းမရှိသည့် သာမန်ဂိုဏ်းငယ်လေးတစ်ခုသာ ဖြစ်နေသောကြောင့် အဓိကအားဖြင့် ဖြစ်ချေသည်။

အင်မော်တယ်ခန္ဓာများသည် ထျန်းမင်ကမ္ဘာ၌ အလွန်အမင်း တန်ဖိုးထားရပြီး အရေးပါလှပေသည်။ အကယ်၍ ဂိုဏ်းတစ်ခုတွင် ဆန်းကြယ်မြင်ကွင်းများကို ဖုံးကွယ်နိုင်စွမ်း အမှန်တကယ်ရှိခဲ့ပါလျှင်၊ မည်သည့်ဂိုဏ်းကမှ မိမိတို့ဂိုဏ်းသားတစ်ဦး အင်မော်တယ်ခန္ဓာဖြစ်ပေါ်လာခြင်းကို အပြင်သို့ ပျံ့နှံ့စေမည်မဟုတ်သည်မှာ သေချာသလောက်ပင်။

ရှင်းရှင်းလင်းလင်းပင်... နတ်ဓားဂိုဏ်းတွင် ထိုစွမ်းရည် ရှိခဲ့သည်။

ထိုအခါ လုရီသည် ဝမ်ကျန်း စံအိမ်၌

ကျန်းကျင်းထျန်ထံမှ ကြားခဲ့ရသော စကားကို ပြန်အမှတ်ရသွား၏။

ယခင် ဂိုဏ်းချုပ်ကြီး ကိုယ်တိုင်က ကျန်းရူယွီကို သတိပြုမိပြီး ကိုယ်တိုင် သင်ကြားပေးခဲ့သည်ဟု ဆိုခဲ့သည် မဟုတ်ပါလား။

အံ့ဩစရာ မရှိတော့ပေ။ အင်မော်တယ်ခန္ဓာ

ဖြစ်ပေါ်လာခြင်းသည် အမှန်ပင် ထူးကဲဆန်းကြယ်လှ၏။ ယခင် ဂိုဏ်းချုပ်ကြီးကိုယ်တိုင် သတိပြုမိသည်မှာလည်း ဆီလျော်လွန်းလှတော့သည်။

အခန်း ၃၅၇- ဂူစံအိမ်နယ်ပယ်ကို ချိုးဖျက်ခြင်း...

~ "ဒါဆို... အဲ့ဒီနောက်ပိုင်းမှာ နတ်ဓားဂိုဏ်းရဲ့

အရင်ဂိုဏ်းချုပ်ဆရာကြီးက စီနီယာအစ်မကို ကိုယ်တိုင် တပည့်အဖြစ် လက်ခံသင်ကြားပေးခဲ့တာပေါ့။"

လုရီ၏ စကားကြောင့် ကျန်းရူယွီ အနည်းငယ် အံ့အားသင့်သွားတော့သည်။

"ဂျူနီယာမောင်လေး၊ မင်းက ဘယ်လိုလုပ်ပြီး သိနေပြန်တာလဲ။"

"ပြီးခဲ့တဲ့တစ်ခေါက် ဝမ်ကျန်းစံအိမ်ကို သွားတုန်းက ဦးလေးကျန်းဆီကနေ ကြားခဲ့ရတာပါ။"

"ဪ... ဒီလိုကိုး။"

သူမ နားလည်သဘောပေါက်သွားပြီးနောက် ရယ်မောလိုက်၏။

"ဝမ်ကျန်းစံအိမ်အတွက် ဂိုဏ်းအကာအကွယ်အခင်းအကျင်း ကိစ္စအတွက်လည်း မင်းကို ကျေးဇူးတင်ရဦးမယ်။ နတ်ဓားကျောက်တိုင်က မိစ္ဆာသေးသေးမွှားမွှားတွေကို ဖိနှိပ်ထားနိုင်ပေမဲ့ ဘာမဆို ဖြစ်လာနိုင်တာမို့ ကြိုတင်ပြင်ဆင်ထားတာက ပိုစိတ်ချရတာပေါ့။"

ထိုအခါ လုရီက အသာအယာသာ ပြုံးလိုက်၏။

"ဒါက ကျွန်တော် လုပ်သင့်လုပ်ထိုက်တာလေးတွေပါပဲ"

ထို့နောက် သူက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်သည်။

"ဒါနဲ့ စီနီယာအစ်မ၊ ဘာလို့ အခုမှ တံခါးပိတ်ကျင့်ကြံရာကနေ ထွက်လာတာလဲ။"

ကျန်းရူယွီ သက်ပြင်း တစ်ချက် ချလိုက်၏။

"ဒီအဆင့်မှာ ကျင့်ကြံရတာက အင်မော်တယ်ခန္ဓာအတွက်တောင် အရှိန်က နည်းနည်း နှေးကွေးလာပြီ လေ။ ဒါနဲ့ ဆရာကြီးက ငါ့ကို ပင်လယ်နွယ် စစ်မြေပြင်ကို စွန့်စားပြီး ကိုယ့်ကိုယ်ကိုယ် သံမဏိလို မာကျောအောင်လုပ်ခိုင်းတာ။ အဲ့ဒါမှ ပိုပြီး မြန်မြန်ဆန်ဆန် ချိုးဖျက်နိုင်မှာတဲ့။"

လုရီ နားလည်သွားသည်။ သာမန်ကျင့်ကြံသူများအတွက် ကျင့်ကြံမှု တိုးတက်ရန် မလွဲမသွေ အတွေ့အကြုံများ ရယူရန်နှင့် သွေးမြေကျသော တိုက်ပွဲများကို ဖြတ်သန်းရန် လိုအပ်၏။ သို့သော် သူကတော့ ခြွင်းချက်ဖြစ်လေသည်။

လစဉ် ရုတ်ချည်းဉာဏ်အလင်းပွင့်ရန် အခွင့်အရေး ရရှိနေသည့်အပြင်၊ သူ၏ အခြေခံကိုယ်၌က တာအိုကိုယ်ပွားမှ ပေါင်းစည်းတည်ဆောက်ထားသောကြောင့် တာအိုကို နားလည်နိုင်စွမ်းမှာ သာမန်ကျင့်ကြံသူများ၊ အင်မော်တယ်ခန္ဓာရှိသူများထက်ပင် များစွာသာလွန်နေချေသည်။

"ပင်လယ်နွယ် စစ်မြေပြင်က တိုက်ပွဲတွေက အခုဆို တော်တော်လေး ပြင်းထန်နေတယ်လို့ ကြားတယ်ဗျ။ စီနီယာအစ်မရူယွီ သွားမယ်ဆိုရင် အထူးဂရုစိုက်ပါဦး။"

"အမယ်လေး... ဒါတော့ ငါက နင့်ထက်တောင် ပိုသိသေးတယ်။ ဂျူနီယာမောင်လေးက ငါ့လောက် စမ်းသပ်မှုတွေတောင် မကြုံဖူးသေးပဲနဲ့များ။"

သူမသည် လုရီ၏ မျက်နှာကို လက်ဖြင့် ဖျစ်ညှစ်ရင်း မယုံကြည်ဟန်ဖြင့် စနောက်လိုက်၏။

လုရီက ရယ်မောလိုက်ပြီး...

"စီနီယာအစ်မ နားလည်ရင် ပြီးတာပါပဲ။"

ကျန်းရူယွီသည် လုရီကို စိုက်ကြည့်နေရင်း သူမ၏ မျက်လုံးများထဲ၌ အရောင်တစ်စွန်းတစ်စ တောက်ပလာကာ ပြုံးစစဖြင့် ဆို၏။

"ဒါနဲ့... ဂျူနီယာမောင်လေး၊ ဓားနှလုံးသားသစ်သီးအတွက် ငါ နင့်ကို အခုထိ ကျေးဇူးမတင်ရသေးဘူးနော်။"

လုရီသည် သူမကို အနည်းငယ် အံ့ဩသော မျက်နှာဖြင့် ကြည့်လိုက်သည်။

"စီနီယာအစ်မက ဘယ်လို ကျေးဇူးတင်ဖို့ စီစဉ်ထားလို့လဲ..."

သူ၏ စကားပင် မဆုံးသေး

၊ ကျန်းရူယွီသည် ရှေ့သို့ ကိုယ်ကိုင်းလိုက်ပြီး သူ၏ ကော်လံစကို ဆတ်ခနဲ ဆွဲယူကာ... သူမ၏ နီစွေးသော နှုတ်ခမ်းလွှာတို့ဖြင့် ဖိကပ်လိုက်တော့သည်။

လုရီ: "???"

...ဒါ... ဒါက အတင်းအဓမ္မ နမ်းခံလိုက်ရတာလား။...

ကျန်းရူယွီသည် တိုက်ပွဲတစ်ခုကို တိုက်ခိုက်နေသည့်အလား အလွန်ထက်မြက်လှ၏။

လုရီသည် ချိုမြိန်သော ရနံ့တစ်ခုကို ခံစားလိုက်ရပြီး ကျန်းရူယွီက သူ၏ နှုတ်ခမ်းအတွင်း ထိုးဖောက်ရန် ကြိုးစားနေသည်ကို သိလိုက်ရသည်။

...အတင်းနမ်းရုံနဲ့ အားမရဘဲ၊ ဒီတိုက်ပွဲကိုတောင် အစ်မရူယွိီက ဦးဆောင်ချင်နေသေးတာလား။"

သို့သော်... ယနေ့ လုရီသည် ယခင်က အတွေ့အကြုံမရှိသော ကောင်လေးတစ်ယောက် မဟုတ်တော့ချေ။ ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံမှုဖြင့် လပေါင်းများစွာ ကုန်ဆုံးခဲ့ပြီးနောက်၊ သူသည် ဤကဲ့သို့သော အခြေအနေတွင် ငြိမ်သက်စွာ လက်လွှတ်လိုက်မည့်သူ မဟုတ်တော့။

သူသည် ကျန့်ရူယွီ၏ လက်ကို ဆတ်ခနဲ ဖမ်းဆွဲလိုက်ပြီး သူမကို သူ့ရှေ့သို့ ဆွဲယူကာ တုံ့ပြန်တိုက်ခိုက်လိုက်တော့၏။

ကျန့်ရူယွီ၏ မျက်လုံးများမှာ ဝိုင်းစက်သွားခဲ့ပြီးနောက် ခေါင်းမာစွာဖြင့်ပင် သူမ၏ ကိုယ်ခွန်အားကို အသုံးချကာ လုရီကို အနိုင်ယူရန် ကြိုးပမ်းလေတော့သည်။

လုရီ အံ့အားသင့်စွာဖြင့် မျက်ခုံးတစ်ဖက်ကို ပင့်တင်လိုက်မိသည်။

...အစ်မ ရူယွီရဲ့ အင်မော်တယ် ခန္ဓာကိုယ်အဖြစ် ပြောင်းလဲခြင်းက သူ့ရဲ့ခန္ဓာကိုယ်ကို အရင်ကထက် အများကြီး ပိုသန်မာစေခဲ့တာပဲ..."

အစ်မရူယွီ၏ ခွန်အားသည် ကောင်းကင်နဂါးသူတော်စင် သားတော်ထက်ပင် ပို၍ သန်မာနေနိုင်သေး၏။

ကျန့်ရူယွီသည် ဓားကျင့်ကြံသူတစ်ဦးဖြစ်ကြောင်း ထည့်သွင်းစဉ်းစားကြည့်လျှင်၊ သူမ၏ ခန္ဓာကိုယ်သည် ခန္ဓာကိုယ်ကျင့်ကြံခြင်းတွင် ပြိုင်ဘက်ကင်းသော နတ်ဆိုးတစ်ပါးထက် ပိုမိုသန်မာနေခြင်းမှာ တုန်လှုပ်စရာကောင်းလွန်းလှသည်ဟု ဆိုရပေမည်။

သို့သော်ငြားလည်း ထိုကဲ့သို့သော ခွန်အားမျိုးသည် သူ လုရီ၏ အရှေ့တွင်မူ သဘာဝအတိုင်းပင် အရေးမပါ ၊ အရာမရောက်တော့ချေ။

သူ၏ညာလက်သည် ကျန်းရူယွီ၏ နှင်းကဲ့သို့ ဖြူစွတ်သော လက်ကောက်ဝတ်ကို ဖမ်းဆွဲလိုက်ပြီး သူမ၏ လက်နှစ်ဖက်ကို နောက်သို့ ချုပ်ကိုင်လိုက်တော့၏။

သူ၏ဘယ်ဘက်လက်ကမူ ကျန်းရူယွီ၏

သွယ်လျသော ခါးသိမ်လေးကို ပွေ့ဖက်လိုက်သည်။ အင်အားချိန်ခွင် လျှာသည် ချက်ချင်းပင် ပြောင်းပြန် ဖြစ်သွားတော့သည်။

ကျန်းရူယွီ၏ နူးညံ့သိမ်မွေ့သော ခန္ဓာကိုယ်သည် အနည်းငယ် တုန်ယင်သွားပြီးနောက်၊ သူမသည် လျင်မြန်စွာ ခေါင်းလှည့်ကာ အသက်ကို ရှူသွင်းရင်း ပြောလာ၏။

"ဂျူ... ဂျူနီယာမောင်လေး၊ မလုပ်နဲ့။"

လုရီ ရပ်တန့်လိုက်သည်။ သူ၏ မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံးတစ်ချက် ဖြတ်ပြေးသွား၏။

"စီနီယာအစ်မ ရူယွီ၊ စတင်ခဲ့တာက စီနီယာအစ်မပဲလေ။ အခုမှ ဘယ်လိုလုပ်ပြီး ထွက်ပြေးဖို့ စဉ်းစားရတာလဲ။"

ကျန်းရူယွီ၏ စစ်သည်တော်တစ်ဦးနှယ် ရဲရင့်သော မျက်နှာသည် ရှက်သွေးကြောင့် နီမြန်းနေ၏။

"ငါ... ငါက အကြီးအကဲ ဖန်ထျန်းယောင်နဲ့ အတူတူလာခဲ့တာ။ အခုက အကြီးအကဲကို ခဏရှောင်ပြီး ထွက်လာတာ။ သူ ဘယ်အချိန်မဆို ပြန်ရောက်လာနိုင်တယ်နော်"

လုရီ တောင့်ခနဲဖြစ်သွားပြီး အနည်းငယ် စိတ်ပျက်စွာဖြင့် လက်ကို လွှတ်ပေးလိုက်သည်။

"ကောင်းပြီလေ။"

သူ၏တုံ့ပြန်မှုကို မြင်သောအခါ ကျန်းရူယွီက ပြုံးလိုက်ပြီး ကတိပေးစကားဆို၏။

"ပင်လယ်နွယ် စစ်မြေပြင်ကနေ ပြန်လာရင် ချင်းကျိုးမှာ ခဏလောက် နေဦးမှာပါ။"

ဤစကားကို ကြားသောအခါ လုရီသည် သူမ၏ ရည်ရွယ်ချက်ကို ချက်ချင်းနားလည်သွားပြီး မျက်လုံးများက အရောင်တောက်လာတော့သည်။

"ကောင်းပါပြီ။"

"အခုထိ လွှတ်မပေးသေးဘူးလား။"

သူမသည် လက်ရှိတွင် လုရီ၏ ပေါင်ပေါ်၌ ထိုင်နေဆဲ ဖြစ်ပြီး တစ်စုံတစ်ခု ထူးခြားနေသည်ကို ခံစားမိသဖြင့် လုရီကို စိတ်ဆိုးဟန်ဖြင့် စိုက်ကြည့်လိုက်၏။

"ဟွန့်! နင့်ရဲ့ ခန္ဓာကိုယ်က ဘာလို့ ဒီလောက်တောင် သန်မာရတာလဲ။ ငါက နင့်ကို အသာလေး အနိုင်ယူနိုင်မယ် ထင်ခဲ့တာ... အခုတော့ နင်က ငါ့ကို သေလောက်အောင် ပြန်အနိုင်ကျင့်တယ်။"

ထိုအခါ လုရီ သိမ်မွေ့စွာ ပြုံးလိုက်၏။

"ကျွန်တော် လွန်ခဲ့တဲ့ မကြာသေးခင်ကပဲ ခန္ဓာကိုယ် ကျင့်ကြံခြင်း လမ်းမှာ စိန်ခေါ်လာတဲ့ ကောင်းကင်နဂါး သူတော်စင် သားတော်ကို အပြတ်အသတ် အနိုင်ယူခဲ့တာပါ။"

ဤစကားကို ကြားသောအခါ ကျန်းရူယွီသည် အနည်းငယ် တုန်လှုပ်သွားပြီးနောက် ချီးကျူးလိုက်သည်။

"ငါ့ရဲ့ ဂျူနီယာမောင်လေးကတော့ ထင်ထားတဲ့အတိုင်းပဲ၊ တကယ်ကို အထင်ကြီးစရာပါပဲဟယ်"

လုရီသည် ကျန်းရူယွီကို လွှတ်ပေးလိုက်ရာ သူမ ထရပ်လိုက်သည်။ ပါးပြင်များမှာမူ နီရဲနေဆဲပင်။ သူမသည် ဝိုင်တစ်ခွက်ကို တစ်ကျိုက်တည်းမော့ချလိုက်ပြီးမှ မေး၏။

"ဒါနဲ့... နင်ရွှမ်းရော ဘယ်မှာလဲ။ ငါ သူ့ကို

မတွေ့တာကြာလို့ လွမ်းတောင် လွမ်းနေပြီ။"

"စီနီယာအစ်မ နင်ရွှမ်းလား၊ တံခါးပိတ်ကျင့်ကြံနေတုန်းပဲ။ စီနီယာအစ်မ ရူယွီ အရင်ဆုံး သူ့ဆီကို မသွားခဲ့ဘူးလား"

ထိုအခိုက်အတန့်၌

ကျန်းရူယွီက မဲ့ပြုံးတစ်ချက် ပြုံးလိုက်၏။

"ငါသာ သူ့ဆီ အရင်သွားခဲ့ရင်... နင့်ကို နမ်းဖို့ အခွင့်အရေးရပါ့မလား။"

လုရီ အနည်းငယ် ထူးဆန်းသလို ခံစားလိုက်ရပြီး ရေရွတ်မိသည်။

"ဒါဆို... စီနီယာအစ်မက ဒါကို ကြိုတင်ကြံစည်ထားတာပေါ့။"

ကျန်းရူယွီ၏ မျက်နှာသည် ပို၍ပင် နီရဲသွားပြီးနောက် ဆိုးသွမ်းသော အပြုံးတစ်ပွင့်ကို ဖော်ပြကာ သခင်မလေးတစ်ဦး၏ ဟန်ပန်ဖြင့်

လုရီ၏ မေးစေ့ကို ပင့်ကိုင်ရင်း ဆို၏။

"ဟုတ်တယ်... စီနီယာအစ်မက ဂျူနီယာမောင်လေးရဲ့ ခန္ဓာကိုယ်ကို တပ်မက်နေခဲ့တာ ကြာပြီ၊ ဟဲဟဲဟဲ..."

လုရီ: "..."

သူ၏ မျက်နှာတစ်ခုလုံး ညှိုးငယ်သွားဟန် ပြုပြီး ကျန်းရူယွီကို နောက်တစ်ကြိမ် ပြန်ဆွဲခေါ်လိုက်၏။

ကျန်းရူယွီ၏ မျက်လုံးများ ပြူးကျယ်သွားပြီး ထိတ်ထိတ်ပျာပျာ တောင်းပန်တော့သည်။

"ဂျူနီယာမောင်လေး... ငါ... ငါ မှားပါတယ်... အွန်း..."

ခဏအကြာတွင်မှ လုရီသည် ကျန်းရူယွီကို လွှတ်ပေးလိုက်ပြီး နှစ်ဦးသား ဂူစံအိမ်မှ ထွက်ခွာကာ လျိုနင်ရွှမ်း၏ ဂူစံအိမ်တံခါးဝဆီသို့ ဦးတည်သွားကြတော့သည်။

ထိုအချိန်တွင် ကျန်းရူယွီ၏ မျက်နှာသည် ပုံမှန်အတိုင်း ပြန်လည်တည်ငြိမ်နေလေပြီ။

လုရီက လျိုနင်ရွှမ်းအား ခေါ်လိုက်သည်။

"စီနီယာအစ်မ! စီနီယာအစ်မရူယွီ ရောက်လာပါတယ်။"

မကြာမီပင် ဂူစံအိမ်၏ ကျောက်တံခါးများ ပွင့်လာပြီး လျိုနင်ရွှမ်းသည် လရောင်နန်းတော်မှ အင်မော်တယ် တစ်ပါးနှယ် ကြော့ရှင်းစွာ ထွက်ပေါ်လာ၏။

ကြာမြင့်စွာ ကွဲကွာနေခဲ့သည့် မိတ်ဆွေဟောင်းကို မြင်သောအခါ လျိုနင်ရွှမ်း၏ အေးစက်တည်ငြိမ်သော မျက်နှာထက်၌ပင် နွေးထွေးသော အပြုံးပန်းတစ်ပွင့် ဖူးပွင့်လာပြီး သူမက ရင်းနှီးစွာ အရှေ့သို့ တက်လာတော့သည်။

"ရူယွီ... မတွေ့တာကြာပြီနော်။ ဒီနေ့ ဘယ်လိုဖြစ်ပြီး ရောက်လာတာလဲ။"

All Chapters