အခန်း (၃၄၂-၃၄၅)
Vol. 23 Ch. 342-345
အခန်း ၃၄၂- စီနီယာအစ်မ.. ထိကြည့်လို့
ရမလား...
~လုရီသည် လင်းလောင် တောင်ထိပ်မှ ဆင်းလာပြီး လျိုနင်ရွှမ်း၏ ဂူစံအိမ်အဝင်ဝသို့ ရောက်ရှိလာခဲ့၏။
"စီနီယာအစ်မ၊ ဂျူနီယာမောင်လေး ရောက်လာပါတယ်။"
မကြာမီပင် အဖြူရောင်ဝတ်စုံဖြင့် အင်မော်တယ်တစ်ပါးကဲ့သို့ အေးစက်တည်ကြည်နေသည့်
လျိုနင်ရွှမ်းသည် ဂူစံအိမ်တံခါးကို ဖွင့်လိုက်ပြီး လုရီကို အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် ကြည့်လိုက်၏။
"ဂျူနီယာမောင်လေး၊ ဘာလို့ ရောက်လာတာလဲ။"
ထိုအခါ လုရီက ပြုံးပြီး ပြောလိုက်သည်။
"ဆရာက ရေချိုးဖို့ ခေါ်ခိုင်းလိုက်လို့ပါ။"
လျိုနင်ရွှမ်းသည် အနည်းငယ် ထိတ်လန့်သွားပြီး သူမ၏ အေးစက်လှပသော မျက်နှာတွင် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာခဲ့၏။
"ရေချိုးဖို့...?"
"အခုတော့ ရှင်းပြဖို့ ခက်တယ်။ ဆရာဆီ ရောက်ရင် နားလည်သွားပါလိမ့်မယ်။"
လျိုနင်ရွှမ်းသည် ထပ်မံမေးမြန်းခြင်း မပြုတော့ဘဲ ခေါင်းအနည်းငယ် ညိတ်လိုက်သည်။
"ဂျူနီယာညီမလေးကိုလည်း သွားခေါ်ရအောင်၊ အတူတူသွားကြတာပေါ့။"
လုရီ ပြောလိုက်ပြီး သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်ဆီသို့ ပျံသန်းသွားခဲ့သည်။ မကြာမီပင် နှစ်ဦးသား သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်သို့ ရောက်ရှိလာပြီး သူမကို ခေါ်ထုတ်လိုက်ကြသည်။
သုန်းကုန်းမင်ယွဲ့သည် လုရီကို မြင်သောအခါ မျက်လုံးများ တလက်လက် တောက်ပသွားပြီး မျက်နှာ ရဲတက်လာခဲ့၏။ သူမသည် နံနက်ပိုင်းက ဖြစ်ပျက်ခဲ့သည့်ကိစ္စကြောင့် လုရီကို တည့်တည့် မကြည့်နိုင် ဖြစ်နေပုံရသည်။
"စီနီယာ အစ်ကို၊ ဘာ... ဘာလို့ ဒီကို ရောက်လာတာလဲ။"
လုရီက ပြုံးပြီး ထပ်ပြောလိုက်သည်။
"အတူတူ ရေချိုးဖို့ ခေါ်ဖို့ လာတာပါ"
သုန်းကုန်းမင်ယွဲ့: "????"
သူမ၏ လှပသော မျက်နှာသည် နီရဲတက်သွားပြီး မျက်လုံးများ ပြူးကျယ်သွားကာ လုရီကို ကြည့်လိုက်၏။
ထို့နောက် ဘေးမှ လျိုနင်ရွှမ်းကို တစ်ချက်ကြည့်ပြီး တုန်တုန်ယင်ယင်ဖြင့် မေးလိုက်သည်။
"ရေ... ရေချိုး? အတူတူ? စီနီယာအစ်မနဲ့ရောလား?! ဒါ... ဒါ မသင့်တော်ဘူး မဟုတ်လား?!"
‘ငါ့ဂျူနီယာညီမလေးက ငါရည်ရွယ်တာနဲ့ လုံးဝမတူတဲ့ တစ်ခုခုကို စဉ်းစားနေတာပဲ။’
လုရီသည် ရယ်မောလိုက်ပြီး..
",ဘာတွေ စဉ်းစားနေတာလဲ။ ဆရာက တောင်ထိပ်ပေါ်ကို အတူတူ သွားဖို့ ပြောတာပါ။"
ဤသည်ကို ကြားသောအခါ သုန်းကုန်းမင်ယွဲ့ ခေတ္တမျှ ကြောင်ငေးသွား၏။
"ဆရာက သွားခိုင်းတာလား။"
"ဟုတ်တယ်၊ အရင် တောင်ထိပ်ကို သွားကြရအောင်၊ ဆရာ့ကို စောင့်ခိုင်းထားတာ မကောင်းဘူး။"
သုန်းကုန်းမင်ယွဲ့သည် မျက်နှာထား မှုန်မှိုင်းစွာဖြင့် ခေါင်းညိတ်လိုက်ပြီး သုံးဦးသား
လင်းလောင်တောင်ထိပ်ပေါ်သို့ ဆက်လက်တက်သွားခဲ့ကြသည်။
ထိုနေရာသို့ရောက်သောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် ဝါးအိမ်ဘေးတွင် အဖြူရောင်မြူများ ရစ်ဝဲနေသော ဝါးတဲအပိုတစ်ခုကို ချက်ချင်း သတိပြုမိလိုက်ကြသည်။
"ဒီနေရာ... ဒါက ဝိညာဉ်ကန်ရှိတဲ့ နေရာပဲ မဟုတ်လား။ ဘယ်လိုလုပ် ဒီလိုဖြစ်သွားတာလဲ။"ဟု
သုန်းကုန်းမင်ယွဲ့က နားမလည်နိုင်စွာ မေးလိုက်သည်။
ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မသည် ရုတ်တရက် ဘွားခနဲ ပေါ်လာခဲ့ပြီး သူမ၏ လှပသော မျက်နှာထက်၌ ပျင်းရိသောဟန်ပန်တစ်ခု ထင်ဟပ်နေခဲ့၏။
"မင်းတို့ ရောက်လာပြီလား။ ဝင်ကြရအောင်။ နင်ရွှမ်းနဲ့ မင်ယွဲ့၊ ဟိုဘက်က မင်းတို့ နှစ်ယောက်အတွက်ကန်။ ဒီတစ်ခုကတော့ မင်းအတွက်ပဲ ကောင်လေး။"
သူမက ဝါးတဲ၏ တံခါးနှစ်ခုကို လက်ညှိုးထိုးပြရင်း ပြောလိုက်သည်။
အခြေအနေကို နားလည်သော လုရီက ခေါင်းညိတ်လိုက်၏။ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့သည် တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ကာ မျက်နှာထား မှုန်မှိုင်းနေခဲ့သည်။
"ဆရာ၊ ဒါ ဘာတွေလဲဟင်။" လျိုနင်ရွှမ်းက မေးလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မသည် လုရီကို တစ်ချက်ကြည့်လိုက်၏။
"ဒီကောင်လေးက ယင်ယန်ကျောက်စိမ်းတစ်တုံး ရထားတယ်။ အရမ်း တန်ဖိုးရှိတာ။ သူ ငါ့ဆီလာပြီး တိုင်ပင်တော့ ငါတို့ ဒီ ယင်ယန်ကျောက်စိမ်းနဲ့ ဝိညာဉ်စမ်းရေကို သုံးပြီး မင်းတို့ ရေချိုးဖို့ ဝိညာဉ်ကန်နှစ်ခု ထပ်လုပ်ပေးလိုက်တာ။ သွားကြည့်ကြ၊ မင်းတို့အတွက် အလွန်အကျိုးရှိလိမ့်မယ်။"
ဤသည်ကို ကြားသောအခါ လျိုနင်ရွှမ်းနှင့်
သုန်းကုန်းမင်ယွဲ့တို့ နောက်ဆုံးတွင် နားလည်သွားခဲ့ကြသည်။ နှစ်ဦးသား လုရီကို အနည်းငယ် အံ့အားသင့်စွာ ကြည့်လိုက်ကြသည်။
"စီနီယာအစ်ကိုက နောက်ထပ် ရတနာတစ်ခု ရှာတွေ့ပြန်ပြီလား။ စီနီယာအစ်ကိုရဲ့ ကံက တကယ်ကို ကောင်းလွန်းတာပဲ။" ဟု သုန်းကုန်းမင်ယွဲ့က ထူးဆန်းသော အမူအရာဖြင့် ပြောလိုက်သည်။
"ကံကောင်းတာလေးတစ်ခုပါပဲ။" လုရီက နှိမ့်ချစွာ ပြုံးလိုက်သည်။
"ကဲ၊ ဝင်ကြရအောင်။"
လင်းလောင် တောင်ထိပ် သခင်မသည် ပျင်းရိစွာ ဆန့်တန်းလိုက်ရာ သူမ၏ ချောင်နေသော ဝတ်စုံသည် သူမ၏ ဖြူဖွေးသော အသားအရေကို မသိမသာ ထုတ်ဖော်ပြသနေသည်။
သူမသည် ပင်မကန်၏ အဝင်ဝဆီသို့ ဦးတည်လှမ်းသွားခဲ့သည်။ လုရီလည်း သူ၏ရေကန်တံခါးပေါက်ဆီသို့ ဝင်သွားခဲ့သည်။
ဝင်လိုက်သည်နှင့် ဝါးနံရံများ ဝန်းရံထားသော သေးငယ်သည့် ကန်လေးတစ်ခု ရှိနေလေသည်။ ယင်ယန်ကျောက်စိမ်းသည် ဝိညာဉ်စမ်းရေနှင့် လုံးဝပေါင်းစပ်သွားခြင်းကြောင့် ထိုစဉ်တွင် နက်နဲဆန်းကြယ်သော တာအိုတေးသံများ စမ်းရေထဲတွင် ပေါ်ထွက်လာပြီး ယင်ယန်တာအို၏ စာလုံးများ တလက်လက် လျှပ်စီးနေကာ အလွန်ထူးခြားသည်။
ဝါးနံရံ၏ အခြားတစ်ဖက်မှ သုန်းကုန်းမင်ယွဲ့၏ အံ့သြသံများ ထွက်ပေါ်လာရာ သူမနှင့် စီနီယာအစ်မတို့ အလွန်အမင်း အံ့အားသင့်နေကြသည်မှာ သိသာသည်။
တစ်ဖက်တွင်မူ လုရီသည် အဝတ်အစားများ လှုပ်ရှားသံကို ကြားလိုက်ရပြီးနောက် ရေလှိုင်းများ လှုပ်ခတ်သံ ထွက်ပေါ်လာကာ သူ၏ဆရာမ၏ ပျင်းရိစွာ သက်ပြင်းချသံကို ကြားလိုက်ရလေသည်။
"တကယ်ကို သက်သောင့်သက်သာ ရှိတာပဲ။"
ထို့နောက် လင်းလောင်တောင်ထိပ်ဆရာမ၏ အသံ ဆက်လက်ထွက်ပေါ်လာခဲ့သည်။
"ဝင်ပြီး စမ်းကြည့်လိုက်၊ အကျိုးသက်ရောက်မှု တော်တော်ကောင်းတယ်။"
လုရီလည်း သူ့ဝတ်ရုံကို ချွတ်လိုက်ပြီး ဝိညာဉ်စမ်းရေထဲသို့ ဝင်လိုက်သည်။
ထိုသို့ဝင်လိုက်သည်နှင့် သူ၏ အမူအရာ မသိမသာ ပြောင်းလဲသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်ထဲသို့ အလွန်ပြင်းထန်သော်လည်း နူးညံ့လှသော ဝိညာဉ်စွမ်းအင်များ စိမ့်ဝင်လာသည်ကို ခံစားမိလိုက်သည်။
‘ဒါ... ဒါက ဆရာက ပါးလွှာအောင်လုပ်ထားတဲ့ ဝိညာဉ်စမ်းရေပဲ ရှိသေးတာ။ ပင်မရေကန်ရဲ့ အကျိုးသက်ရောက်မှုက ဘယ်လောက်တောင် ပြင်းထန်လိုက်မလဲ။’
ထို့အပြင် လုရီသည် ဝိညာဉ်စမ်းရေ၌ အလွန်ထူးခြားသော စွမ်းအားတစ်ခု ပါဝင်နေသည်ကိုလည်း အံ့အားသင့်စွာ တွေ့ရှိလိုက်ရသည်။ ဤစွမ်းအားသည် ကြည်လင်သော စမ်းရေကဲ့သို့ သူ၏ကိုယ်ခန္ဓာနှင့် ဝိညာဉ်ကို သန့်စင်ပေးပြီး အတွင်းမှ အပြင်သို့ အရာအားလုံးကို ဆေးကြောပေးနေသကဲ့သို့ပင်။
"ဒါ... ဒီ ဝိညာဉ်စမ်းရေက ဒဏ်ရာတွေကို ကုသနိုင်ရုံတင်မကဘူး၊ စိတ်ကို ဉာဏ်အလင်းပေးပြီး သဘာဝအမှန်ကိုတောင် ထုတ်ဖော်ပြသနိုင်တာလား။"
ပင်မရေကန်ဘက်မှ လင်းလောင် တောင်ထိပ် သခင်မ၏ အသံထွက်ပေါ်လာခဲ့ပြီး သူမလည်း အနည်းငယ် အံ့အားသင့်နေပုံရ၏။
"ဪ? မင်းအတွက် ဒီအကျိုးသက်ရောက်မှုတွေပဲလား။ မင်းရဲ့ အခြေခံက ငါထင်ထားတာထက် ပိုပြီး ခိုင်မာပုံရတယ်။ ဒီ ဝိညာဉ်စမ်းရေက အခြေခံကို ပြုပြင်ပေးတယ်၊ ခန္ဓာကိုယ်ကို သန်မာစေတယ်၊ ဝိညာဉ်စွမ်းအားကို မြှင့်တင်တယ်၊ ကိုယ်တွင်းက မကောင်းဆိုးဝါးနဲ့ နှလုံးသားနတ်ဆိုးတွေကို သန့်စင်ပေးတယ်၊ ပြီးတော့ စိတ်ကို ဉာဏ်အလင်းပေးပြီး သဘာဝအမှန်ကို ထုတ်ဖော်ပြသနိုင်တာပေါ့။"
လုရီနှင့် လင်းလောင် တောင်ထိပ် သခင်မတို့၏ စကားပြောဆိုသံကို ကြားသောအခါ လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့ဘက်မှ ဆူညံသံများ ထွက်ပေါ်လာခဲ့သည်။
"ဒီ ဝိညာဉ်စမ်းရေရဲ့ အကျိုးသက်ရောက်မှုက တကယ်ကို ဒီလောက်ကောင်းတာလား။"
ထိုစဉ် လင်းလောင်တောင်ထိပ် သခင်မက
ဆော်သြလိုက်သည်။
"ဘာတွေ စောင့်နေကြတာလဲ။ ဝင်ပြီး ရေစိမ်လိုက်ကြ။ အရမ်း သက်သောင့်သက်သာရှိတယ်၊ ကျင့်ကြံခြင်းကြောင့် ဖြစ်တဲ့ ပင်ပန်းမှုတွေကို သန့်စင်ပေးနိုင်တယ်။"
"ဒါပေမဲ့... ဒါပေမဲ့ စီနီယာအစ်မနဲ့ ကျွန်မကလေ..."
ထိုသို့ သုန်းကုန်းမင်ယွဲ့၏ အသံလေးမှာ တုံ့ဆိုင်းဆိုင်းဖြင့် ထွက်ပေါ်လာသည်။
လျိုနင်ရွှမ်း၏ အသံကလည်း ရှားရှားပါးပါး
ရှက်ရွံ့သံလေး သဲ့သဲ့ပါလာသည်။
"တစ်ယောက်နဲ့တစ်ယောက် အဝတ်အစားမပါဘဲ မြင်နေရတာက တော်တော်ဆန်းကြယ်တယ်...။"
လင်းလောင် တောင်ထိပ် သခင်မ၏ အသံမှာတော့ လုံးဝကို ပေါ့ပေါ့ပါးပါးပင်။
"နင်တို့နှစ်ယောက်က အခုထိ ရှက်နေတုန်းလား... ဘာလို့ ရှက်နေရမှာလဲ... နင်တို့နှစ်ယောက်လုံး မိန်းကလေးတွေပဲကို...။"
‘သူတို့နှစ်ယောက် ရေကန်ထဲမှာ အတူတူချိုးနေကြတာကို စဉ်းစားမိတော့... အဟဲ... မဟုတ်သေးပါဘူး... ဒီအတွေးကို ဆက်မတွေးတော့ဘူး။’
ထို့နောက် လုရီ နောက်တစ်မျိုး စဉ်းစားမိသည်။
‘ငါ့ရဲ့ နတ်ဘုရားအာရုံက အားကောင်းလွန်းတော့ ဒီဝါးနံရံလောက်က ဘယ်လိုလုပ် ပိတ်ဆို့နိုင်မှာလဲ။ မဖြစ်နိုင်ပါဘူး။ ဒါပေမဲ့... လုပ်သင့်၊ မလုပ်သင့်...’
အဲဒီအချိန်မှာပဲ လင်းလောင် တောင်ထိပ် သခင်မ၏ အေးစက်စက်အသံ ထွက်ပေါ်လာသည်။
"လုရီ... နင်သာ နတ်ဘုရားအာရုံကို သုံးရဲသုံးကြည့်၊ ဒီအဘွားကြီး နင့်ကို သတ်ပစ်မယ်... ကြားလား...။"
လုရီ: "..."
သူက လေးလေးနက်နက် ပြောလိုက်သည်။
"ဆရာက လွန်လွန်းနေပြီနော်... ဆရာ့ရဲ့ တပည့်က အဲ့ဒီလိုလူမျိုး ဖြစ်နိုင်ပါ့မလားဗျာ...။"
လင်းလောင်တောင်ထိပ်ဆရာမ၏ ရေကန်ထဲမှ ရေလှုပ်ရှားသံနှင့်အတူ သူမက ဆိုသည်။
"ကြိုတင်ကာကွယ်တာပါ... ကြိုပြီး သတိပေးတာပေါ့...။"
ဘေးနားမှ သုန်းကုန်းမင်ယွဲ့နှင့် လျိုနင်ရွှမ်းတို့သည် နောက်ဆုံးတွင် ဆုံးဖြတ်ချက် ချလိုက်ပုံရသည်။ အဝတ်များ ချွတ်သံသဲ့သဲ့ ကြားရပြီးနောက် ရေကန်ထဲသို့ ဆင်းသွားကြရာ ရေများ လှိုင်းထသွားတော့သည်။
မကြာမီမှာပင် သူတို့နှစ်ယောက်လုံးထံမှ အံ့သြသံလေးများ ထွက်ပေါ်လာသည်။
လင်းလောင် တောင်ထိပ် သခင်မက ရယ်လိုက်သည်။
"အဟင်း..ဘယ်လိုလဲ... မဆိုးဘူးမလား...။"
"ဟုတ်ကဲ့၊ ဒီဝိညာဉ်စမ်းရေထဲမှာ ပုံမှန် ရေချိုးပေးမယ်ဆိုရင် ကျင့်ကြံမှုအဆင့် တော်တော်လေး တိုးတက်လာမယ်လို့ ထင်ပါတယ်။" လျိုနင်ရွှမ်းက အံ့သြတုန်လှုပ်စွာ ပြောလိုက်သည်။
"ဒီလို ဝိညာဉ်စမ်းရေမျိုးမှာ ရေချိုးနေတာဆိုတော့ ဝိုင်ကောင်းတွေ၊ အစားကောင်းတွေ မရှိဘဲ နေလို့ဖြစ်မလား... ဟေ့ ကောင်လေး... မင်းရဲ့ ဝိညာဉ်ဝိုင်တွေ၊ ဝိညာဉ်အစားအစာတွေ အမြန်ယူခဲ့စမ်း...။"
လုရီသည် ဝါးနံရံကို ကြည့်ပြီး ပြောလိုက်သည်။
"ဆရာ... ဘယ်လိုပေးရမလဲဗျ...။"
"အပေါ်ကနေ ပစ်ထည့်လိုက်။"
လုရီသည် ဝိညာဉ်ဝိုင်အိုးများ၊ ဝိဉာဉ် အစားအစာပန်းကန်များကို တစ်ခုပြီးတစ်ခုထုတ်ကာ အခြားတစ်ဖက်သို့ ပစ်ပေးလိုက်သည်။
ထို့နောက် သူ၏ အနီရောင် မီးတောက်ဝိုင်ကို တစ်ခွက်ငှဲ့၍ စတင်သောက်သုံးလိုက်သည်။
မီးလျှံလုံးကြီးကဲ့သို့သော စွမ်းအင်သည် သူ၏ခန္ဓာကိုယ်ထဲ ပျံ့နှံ့သွားပြီး ဝိဉာဉ်ရေစမ်းမှ နူးညံ့ချိုမြိန်သည့် စွမ်းအင်များကလည်း အပြင်ဘက်မှ သူ၏ခန္ဓာကိုယ်ကို စိမ့်ဝင်လာကာ အာဟာရဖြည့်ပေးနေသည်။
လုရီတစ်ကိုယ်လုံး လေထဲတွင် မြောနေသကဲ့သို့၊ တိမ်များပေါ်တွင် ရောက်နေသကဲ့သို့ ..ခံစားလိုက်ရသည်။
ခန္ဓာကိုယ်နှင့် စိတ်ထဲမှ ပင်ပန်းနွမ်းနယ်မှုများအားလုံး ဆေးကြောသွားသကဲ့သို့ပင်။
‘ဒါက... ဘဝပဲလေ...။’
လုရီသည် ဝိုင်ကို တစ်ငုံထပ်သောက်ပြီး သက်ပြင်းတစ်ချက်ချလိုက်သည်။
လင်းလောင် တောင်ထိပ် သခင်မက ရယ်လိုက်သည်။
"ဟုတ်တယ်မလား... ဝိညာဉ်ရေစမ်းထဲ စိမ်၊ ဝိညာဉ်ဝိုင်မြည်း၊ နေ့ရက်တိုင်း လွတ်လပ်ပေါ့ပါးစွာ နေထိုင်... ဒါက ကျင့်ကြံခြင်းရဲ့ စစ်မှန်တဲ့ အနှစ်သာရ မဟုတ်ဘူးလား... ကျင့်ကြံတာက လောကကို ကျော်လွန်ဖို့၊ ကိုယ့်ကိုယ်ကိုယ် ကျော်လွန်ဖို့ မဟုတ်ဘူးလား...။"
ဤစကားကို ကြားလိုက်သည်နှင့် လုရီ ရုတ်တရက် ဉာဏ်အလင်းတစ်ချက် လက်သွားသကဲ့သို့ ခံစားလိုက်ရသည်။
သို့သော် အခုတော့ သူ ထိုဉာဏ်အလင်းကို လေထဲမှာပင် လွင့်မျောခွင့်ပေးလိုက်သည်။
ယနေ့တော့ သူ ပေါ့ပေါ့ပါးပါး နေမည်။ သူ့ကိုယ်သူ ကျင့်ကြံမှုလမ်းကြောင်းမှ ခဏတာ ခွဲထုတ်ပြီး လက်ရှိအခိုက်အတန့်ကို အပြည့်အဝ ခံစားမည်။
လုရီ မသိမသာ ပြုံးလိုက်သည်။
"ဟုတ်ကဲ့၊ ဆရာ ပြောတာ မှန်ပါတယ်။"
ထိုစဉ် သုန်းကုန်းမင်ယွဲ့က ဝိုင်ကို တစ်ကျိုက် မြိုချပြီး ပြောလိုက်သည်။
"အင်း... ကျွန်မရဲ့ အတွေးတွေကတော့ မတူဘူး။ ကျွန်မကတော့ ကြိုးစားပြီး ကျင့်ကြံပြီး အင်မော်တယ်ဖြစ်ဖို့ပဲ စဉ်းစားထားတယ်"
လျိုနင်ရွှမ်းက ဖြူဖျော့ဖျော့ပြုံးကာ၊
"ဆရာနဲ့ ဂျူနီယာ မောင်လေးတို့က ထူးချွန်ထက်မြက်ပြီး ခွန်အားကြီးမားတဲ့ သူတွေပါ။ ငါတို့လို သာမန်လူတွေက ဘယ်မီနိုင်ပါ့မလဲ။ လိုက်မှီအောင်ကြိုးစားရင်း၊ ကျင့်ကြံခြင်းလမ်းမှာ အဆက်မပြတ်..ရှေ့ဆက် လျှောက်လှမ်းနေရုံပဲ
ရှိတာပေါ့။ ဘယ်လိုမှ ခွဲထွက်လို့ မရနိုင်ဘူး" ဟု ဆို၏။
လုရီက ဘာပြောရမှန်း မသိစွာဖြင့်
တုံ့ပြန်လိုက်သည်။
"ဂျူနီယာ ညီမလေးနဲ့ စီနီယာ အစ်မတို့ နှစ်ယောက်စလုံးက သဘာဝအတိုင်း ထူးခြားတဲ့ ဝိညာဉ်ခန္ဓာတွေ ပိုင်ဆိုင်ထားသူတွေပါ။ ကိုယ့်ကိုယ်ကိုယ် သာမန်လူလို့ သတ်မှတ်ကြမယ်ဆိုရင် တခြားကျင့်ကြံသူတွေဆို အသက်ရှင်နေစရာတောင် မလိုတော့ဘူး ထင်ပါရဲ့"
သုန်းကုန်းမင်ယွဲ့က ဝိုင်ကို တစ်ကျိုက် မော့ချရင်း
ပြန်ပြောလာသည်။
"ဒါပေမဲ့ အစ်ကိုကြီးနဲ့ နှိုင်းယှဉ်ရင်တော့ ကျွန်မတို့က သာမန်လူတွေနဲ့ သိပ်မကွာဘူးလို့ ပြောရမှာပဲ"
ဤစကားကို ကြားလိုက်သည်နှင့် လုရီ အနည်းငယ် မနေတတ် ဖြစ်သွားသည်။
သူက သာမန်လူတစ်ယောက်သာ ဖြစ်သည်။ သူတို့ ပြောသလို တန်ခိုး ထွားနေတာမျိုး မဟုတ်ပေ။
သူတို့လေးယောက်သည် ရေကန်ဘောင်ကိုမှီ၍ နတ်ရေစမ်းထဲ စိမ်ကာ တစ်ခါတစ်ရံ စကားပြော၊ ပေါ့ပေါ့ပါးပါး ဝိုင်သောက်ရင်း စိတ်အေးလက်အေး ပေါ့ပါးမှုကို ခံစားနေကြသည်။
လျိုနင်ရွှမ်းနှင့် သုန်းကုန်းမင်ယွဲ့တို့နှစ်ယောက်စလုံးက ကြိုးစား ကျင့်ကြံရမည်ဟု ပြောခဲ့ကြပေမယ့်၊ ဒီနေ့တော့ အနားယူဖို့ ဆုံးဖြတ်လိုက်ကြပုံပါပဲ။
လုရီ တစ်ယောက် တွေးလိုက်မိတာက မိနကလေး နှစ်ယောက်လုံးဟာ ယခုအချိန်မှာ သူ့လိုပဲ ပေါ့ပေါ့ပါးပါးနှင့် ရေကန်အစွန်းမှာ မှီပြီး အနားယူနေကြမှာ အသေအချာပဲ ဟူ၍တည်း။
အခန်း ၃၄၄- စီနီယာအစ်မ... ထိကြည့်လို့
ရမလား...
~တဖြည်းဖြည်းနှင့် သုန်းကုန်းမင်ယွဲ့သည် ဝိုင်အရှိန်လေးရလာသည်။ ရေကန်ထဲ၌ သူမသည် အဆက်မပြတ် ရေပက်ကစားနေသောကြောင့် ရေပက်သံတို့က ဆူညံနေ၏။
မကြာမီမှာပင် လုရီသည် သုန်းကုန်းမင်ယွဲ့၏ အနည်းငယ် ရီဝေနေသည့် အသံကို ကြားလိုက်ရသည်။
"စီနီယာအစ်မ... ဒီနေရာက ဘာလို့ ဒီလောက်တောင် ကြီးတာလဲ... တကယ်ကို အားကျစရာပဲ။ ကျွန်မမှာလည်း ဒီလောက်သာရှိရင် ကောင်းမှာပဲ...။"
"ဖူး..."
ဝိုင်သောက်နေသည့် လုရီသည် သူ၏ပါးစပ်ထဲမှ ဝိုင်ကို ချက်ချင်းပင် မှုတ်ထုတ်လိုက်မိသည်။
‘ဘာကြီး...။’
လျိုနင်ရွှမ်းသည်လည်း ဘာပြန်ပြောရမှန်းမသိဘဲ ခဏတာ တိတ်ဆိတ်သွားသည်။ ထို့နောက်မှ သူမက ပြောလိုက်သည်။
"ဂျူနီယာညီမလေး... နင် မူးနေပြီ...။"
သုန်းကုန်းမင်ယွဲ့က တိုးတိုးလေး ရေရွတ်သည်။
"ဒါက ကောင်းတယ်... စီနီယာအစ်ကိုက သေချာပေါက် ကြိုက်မှာပဲ...။"
လုရီ: "???"
‘ဒါက ငါနဲ့ ဘာဆိုင်လို့လဲဗျာ...။’
လုရီသာမက လျိုနင်ရွှမ်းပင်လျှင် အနည်းငယ် ကြောင်အသွားသည်။ သူမ၏ အသံသည် အေးစက်သွားပြီး၊
"ဂျူနီယာညီမလေး... အဓိပ္ပာယ်မရှိတာတွေ
မပြောနဲ့...။"
လင်းလောင် တောင်ထိပ် သခင်မတောင် အဆက်မပြတ် ချောင်းဆိုးနေပြီး အံ့အားသင့်သွားပုံရသည်။ သုန်းကုန်းမင်ယွဲ့၏ အသံက ထပ်မံထွက်ပေါ်လာသည်။
"စီနီယာအစ်မ... ကျွန်မ ထိကြည့်လို့ ရမလား...။"
လုရီ: "..."
လင်းလောင် တောင်ထိပ် သခင်မ: "..."
လေထုသည် ရုတ်တရက် တိတ်ဆိတ်သွားသည်။ နောက်တစ်ခဏမှာတော့ လုရီသည် သူ၏စီနီယာအစ်မနှင့် ဂျူနီယာညီမလေးတို့၏ အခန်းငယ်မှ အေးစက်စက် ရေခဲငွေ့တစ်ခု ပျံ့လွင့်လာသည်ကို ခံစားလိုက်ရသည်။
ထို့နောက်တွင်တော့ သုန်းကုန်းမင်ယွဲ့၏ အသံသည် လုံးဝ ရပ်တန့်သွားတော့သည်။
လုရီ၏ ဦးရေပြားသည် အနည်းငယ် ထုံကျင်သွားပြီး သူက မေးလိုက်သည်။
"စီနီယာအစ်မ... ဂျူနီယာညီမလေးကို ဘာလုပ်လိုက်တာလဲ... အဆင်ပြေရဲ့လား...။"
လျိုနင်ရွှမ်း၏ အေးစက်စက်အသံသည် အနည်းငယ် တုန်ယင်နေသည်။ ဒေါသကြောင့်လား၊ ရှက်ရွံ့မှုကြောင့်လားတော့ မသိနိုင်။
"ရတယ်... ရေခဲထဲ ထည့်ပြီး အေးခဲလိုက်ရုံပဲ...။"
လုရီ သက်ပြင်းချလိုက်သည်။
"ဒါဆိုရင်တော့ ကောင်းပါတယ်...။"
တစ်ဖက်မှ လင်းလောင် တောင်ထိပ် သခင်မကမူ မယုံနိုင်စွာ ပြောလိုက်သည်။
"ဒါက မင်ယွဲ့လေး မူးရင် ဖြစ်တတ်တဲ့ ပုံစံလား...။"
လျိုနင်ရွှမ်း၏ အသံက အေးစက်စွာ ထွက်ပေါ်လာသည်။
"ဒီနေ့တော့ သူက အထူးသဖြင့် ရဲရဲတင်းတင်း ရှိနေတယ်...။"
‘ဒီကောင်မလေးတော့ ဒုက္ခတွေ့တော့မှာပဲ။ ဒါပေမဲ့ ဒီလိုစကားမျိုးကိုတောင် ပြောရဲတယ်ဆိုတော့ သေမင်းကို ဖိတ်ခေါ်နေတာနဲ့တူတူပဲ။ ငါ့မှာ သူ့အတွက် သနားစိတ်မရှိဘူး။’
လုရီသည် စိတ်ထဲ၌ သုန်းကုန်းမင်ယွဲ့အတွက် တိတ်တဆိတ် ဝမ်းနည်းနေမိသည်။
သုန်းကုန်းမင်ယွဲ့၏ အသံ မရှိတော့ဘဲ သူတို့သုံးယောက်သည် ဆက်လက်၍ ဝိုင်သောက်နေကြသည်။
အထူးသဖြင့် သဟဇာတဖြစ်ပြီး တိတ်ဆိတ်သော လေထုကို ခံစားနေကြသည်။
သူတို့တစ်နေကုန် ဝိဉာဉ် စမ်းရေထဲ စိမ်နေကြပြီး ညနေစောင်းသောအခါ လုရီ အပေါ်သို့ အမှတ်မထင် မော့ကြည့်လိုက်မိသည်နှင့် ကြယ်များ စုံစုံလင်လင် ထွက်ပေါ်နေသည်ကို မြင်လိုက်ရသည်။
‘ရာရှိုမွန်မျိုးနွယ်က တခြားဂြိုဟ်တွေက လာတာတဲ့။ ဒီကြယ်တာရာတွေထဲမှာ သက်ရှိတွေကို မွေးမြူထားတဲ့ ဂြိုဟ်တွေ ဘယ်နှစ်ခုများ ရှိနေမှာလဲ။’
လုရီသည် တစ်ခုခုကို စဉ်းစားမိပြီး မေးလိုက်သည်။
"ဆရာ... ကောင်းကင်ကို ပိတ်ဆို့ထားတာ ဘာမှမရှိဘူးနော်... တစ်ယောက်ယောက် ပျံသန်းရင်း ကျွန်တော်တို့ကို မြင်သွားရင် ဘယ်လိုလုပ်မလဲ...။"
လင်းလောင် တောင်ထိပ် သခင်မ၏ ပျင်းရိဝေဝါးသည့်အသံက ပြန်လည်ထွက်ပေါ်လာသည်။
"စိတ်မပူနဲ့... ဘယ်သူမှ ငါတို့ကို မမြင်နိုင်ပါဘူး...။"
လုရီ မျက်ခုံးပင့်လိုက်သည်။ သူ၏ဆရာက ဒီလိုပြောပြီဆိုလျှင် သေချာပေါက် မှန်ရမည်။
သူတို့သည် နောက်တစ်နေ့ နေမထွက်မချင်း ရေစိမ်နေကြသည်။ ဝေးကွာသောမိုးကုပ်စက်ဝိုင်းသည် အသက်ဝင်သော တိမ်များနှင့် ပန်းရောင်သမ်းနေသည်။
လုရီသည် လင်းလောင် တောင်ထိပ် သခင်မဘက်မှ ရေလှုပ်ရှားသံကို ကြားလိုက်ရသည်။ သူမ၏ ပျင်းရိသည့်အသံ ထွက်ပေါ်လာသည်။
"ကောင်းပြီ... ဒါလောက်ဆို တော်ပြီ... ဆက်စိမ်နေရင် ဝိဉာဉ် စမ်းရေရဲ့ အာနိသင်တွေက တိုးတက်လာမှာ မဟုတ်ဘူး... စုပ်ယူဖို့ အချိန်နည်းနည်းတော့ လိုတယ်။"
ဤစကားကို ကြားသည်နှင့် လုရီလည်း ထရပ်ပြီး အဝတ်အစား ဝတ်လိုက်သည်။
လျိုနင်ရွှမ်းဘက်မှလည်း ရေလှုပ်ရှားသံများ ထွက်ပေါ်လာသည်။
ထို့နောက် လုရီသည် ရေခဲ ကွဲအက်သံကို ကြားလိုက်ရပြီး သုန်းကုန်းမင်ယွဲ့ စတင်အော်ဟစ်တော့သည်။
"ဝါး... လျိုနင်ရွှမ်း... ငါ နင့်ကို တိုက်ခိုက်မယ်...။"
လျိုနင်ရွှမ်း၏ သရဲသဘက်ကဲ့သို့ အေးစက်သောအသံက ထွက်ပေါ်လာသည်။
"ဂျူနီယာညီမလေး... နင် ထပ်ပြီး အေးခဲခံချင်ရင် စမ်းကြည့်လို့ရတယ်...။"
ထိုအခါ သုန်းကုန်းမင်ယွဲ့၏ အသံမှာ ရုတ်တရက် ရပ်တန့်သွားသည်။
လုရီသည် တံခါးဝမှ ထွက်လာပြီး မကြာမီမှာပင် သူ၏ဆရာနှင့် စီနီယာအစ်မ ထွက်လာသည်ကို မြင်လိုက်ရသည်။
ဝိဉာဉ် စမ်းရေထဲ တစ်နေ့တာ စိမ်ထားပြီးနောက် သူ၏စီနီယာအစ်မ၏ အသားအရေသည် ကျောက်စိမ်းကဲ့သို့ ဝင်းပနေသည်။ သူမ၏ ရှည်လျားနက်မှောင်သည့် ဆံပင်များက ရေစိုနေပြီး အေးချမ်းလှပသောမျက်နှာသည် ရေထဲမှ ပေါ်ထွက်လာသည့် ကြာပန်းကဲ့သို့ လှပနေသည်။
သူ၏ဆရာကလည်း အလားတူပင်။
သူမ၏ ပျင်းရိသော မျက်နှာသည် ဘယ်အချိန်မဆို အိပ်ပျော်သွားတော့မည့်ဟန် ရှိသော်လည်း သူမ၏ ဆံပင်များသည် ပိုမိုချောမွေ့နေပြီး ဆွဲဆောင်မှုတစ်မျိုးကို ပေါင်းထည့်ပေးနေသည်။
လုရီသည် သူ၏မယုံနိုင်လောက်အောင် လှပသော ဆရာနှင့် စီနီယာအစ်မတို့ကို ကြည့်ပြီး မှင်သက်မိသွားသည်။
မကြာမီမှာပင် သုန်းကုန်းမင်ယွဲ့ ထွက်လာသည်။ သူမ၏အသားအရေသည် နို့နှစ်ရောင်ကျောက်စိမ်းကဲ့သို့ ဖြူဖွေးနေပြီး ချစ်စဖွယ်မျက်နှာလေးသည် ကလေးအဆီလေးများဖြင့် ပြည့်နေသည်။ သို့သော် သူမ၏မျက်နှာထားကမူ မကျေမနပ်ဖြစ်နေပြီး ခန္ဓာကိုယ်မှ အအေးဓာတ်များ ထွက်နေတုန်းပင်။
သုန်းကုန်းမင်ယွဲ့က ခါးထောက်ပြီး လျိုနင်ရွှမ်းကို ဒေါသတကြီး ကြည့်ကာ ပြောသည်။
"အစ်မကြီးစုတ်... နင် စောင့်နေ... တစ်နေ့တော့ နင့်ကို ငါ အနိုင်ယူပြမယ်... အဲ့ဒီကျမှ နင် နောင်တရလိမ့်မယ်...။"
လျိုနင်ရွှမ်း၏ အေးစက်စက်မျက်နှာသည် တည်ငြိမ်နေဆဲပင်။ သူမက သုန်းကုန်းမင်ယွဲ့ကို တစ်ချက် ကြည့်လိုက်ပြီး၊
"နင် နတ်ဘုရားအသွင်ပြောင်းနယ်ပယ်ကို
ရောက်ရင် အဲ့ဒီလို ပြောလို့ ရတယ်...။"
သုန်းကုန်းမင်ယွဲ့၏ မျက်နှာကလေး ချက်ချင်း ညှိုးငယ်သွားသည်။
ထိုစဉ် လင်းလောင် တောင်ထိပ် သခင်မက သမ်းဝေလိုက်ပြီး ပျင်းရိစွာ အညောင်းဆန့်တန်းလိုက်ကာ ပြောသည်။
"ကောင်းပြီ... နင်တို့ ကျင့်ကြံကြတော့... ငါ အိပ်တော့မယ်။ နောက် အနာဂတ်မှာ ရေချိုးချင်ရင် ကိုယ့်ဘာသာကိုယ် လာချိုးကြ...။"
လုရီတို့လည်း ဆရာကို နှုတ်ဆက်ပြီး ပြန်သွားကြသည်။
လုရီသည် သူ၏ကျင့်ကြံရေးအခန်းသို့ ပြန်ရောက်သောအခါ အခင်းအကျင်းများ ထုတ်ယူသည့်အလုပ်ကို အာရုံစိုက်ရန် ဆုံးဖြတ်လိုက်သည်။
...အခင်းအကျင်းပုံစံတွေကို ဖွဲ့တည်ခြင်းဆိုတာက တကယ်တော့ အခင်းအကျင်းလမ်းစဉ်ကို ချီသန့်စင် အဆင့် အခင်းအကျင်း ပုံစံကနေ
ပေါင်းစည်းခြင်း အခင်းအကျင်းပုံစံအထိအခင်းအကျင်း တာအို ဉာဏ်အလင်း ပွင့်မှု ဆုလာဘ်တစ်မျိုးကို ပေးနိုင်သည်ပဲလေ။ သူ့ အတွက်ကတော့ ၊ ဤအဆင့်မှာ ထိုအခင်းအကျင်းတွေကို ဖွဲ့တည်ဖို့က ပြဿနာ မရှိသင့်ပါ။
သူသာ အခင်းအကျင်း တာအို ဉာဏ်အလင်း ပွင့်မှု ဆုလာဘ်ကို အပြည့်အဝ စုပ်ယူနိုင်ခဲ့လျှင် မဟာယာနခင်းကျင်းမှုပုံစံကြီးကိုတောင် ဖွဲ့တည်နိုင်ဖွယ်ရှိပါသည်။
ထိုအခါကျလျှင် မဟာယာန အခင်းအကျင်းပုံစံကြီးကို ဖွဲ့တည်ရသည့် အလုပ်ကို အောင်အောင်မြင်မြင် ပြီးမြောက်နိုင်တော့မှာပါ။
ထိုအချိန် ရောက်လျှင် လုရီသည် မူလသဘာဝအခင်းအကျင်းပုံစံ၏ အပိုင်းအစလေးတစ်ခုကို လက်ခံ ရရှိလိမ့်မည်။ ဒါဟာ အတော်လေးကို ကောင်းမွန်သော အလုပ် ဆုလာဘ် တစ်ခု ဖြစ်ချေ၏။
အခန်း ၃၄၅- အင်မော်တယ် ခန္ဓာ ...
~‘အရင်ဆုံး ဂိုဏ်းအတွက် အကာအကွယ် အခင်းအကျင်းကို အရင် တည်ဆောက်ပြီး
"မိုးပြာ နဂါးအခင်းအကျင်း" ကို အရင် ယူရမယ်။ ဒါမှ သက်ေတ လေးခု အခင်းအကျင်း က ပြည့်စုံသွားမှာ။ အဲ့ဒီ မဟာယာနအဆင့် အခင်းအကျင်းကြီးကိုသာ ကျွမ်းကျင်သွားရင် ငါ့ကိုယ်ပိုင်
မဟာယာန အခင်းအကျင်းကြီးကို ထုတ်ယူရာမှာ အများကြီး အထောက်အကူဖြစ်လိမ့်မယ်။’
ထိုသို့ အစီအစဉ် ဆွဲပြီးနောက်၊ နောက်တစ်နေ့နံနက်တွင် လုရီသည် တိမ်ဖြူတောင်ထိပ်သို့သွားပြီး ဂိုဏ်းချုပ် ဝူချင်းဖုန်းကို ရှာခဲ့သည်။
ဝူချင်းဖုန်းသည် ကျောက်စိမ်းနက် တောင်နှင့် သံမဏိ နှလုံးသားဂိုဏ်းတို့ ပူးပေါင်းလာသဖြင့် အလွန် စိတ်ဓာတ်တက်ကြွနေခဲ့သည်။
သူက လုရီကို မြင်သည်နှင့် ပြုံးပြီး နှုတ်ဆက်သည်။
"တူတော်လု... ဘာကိစ္စနဲ့များ ရောက်လာတာလဲ...။"
"ဂိုဏ်းရဲ့ အကာအကွယ် အခင်းအကျင်းကို တည်ဆောက်ဖို့ လာခဲ့တာပါ။"
ဤစကားကို ကြားသောအခါ ဝူချင်းဖုန်းက သူ၏နဖူးကို ရိုက်ပြီး ရယ်သည်။
"ဟိုက်၊ ဒီရက်ပိုင်း ငါ အလုပ်များနေတာနဲ့ လုံးဝကို မေ့သွားတာပဲ။ အခင်းအကျင်းဗဟိုရဲ့ နေရာကို ငါ လိုက်ပို့ပေးမယ်...။"
ထို့နောက် ဝူချင်းဖုန်းသည် လုရီကို တိမ်ဖြူဂိုဏ်း၏ တောင်တန်းများအတွင်း အနက်ရှိုင်းဆုံးနေရာသို့ ခေါ်သွားသည်။
ထိုနေရာ၌ ဝိုးတဝါးသာ မြင်ရသော ကျောက်တိုင်ဖြူတစ်တိုင် ရှိပြီး ဟင်းလင်းပြင်ဥမင် နယ်ပယ်အဆင့် မဟာအကြီးအကဲ လျိုကျန့်ယန်က စောင့်ကြပ်နေသည်။
လျိုကျန့်ယန်သည် လုရီကြောင့်သာ ထိုအဆင့်သို့ ချိုးဖျက်နိုင်ခဲ့ခြင်းဖြစ်ရာ လုရီကို မြင်သောအခါ ပြုံးပြုံးရွှင်ရွှင်နှင့် ထရပ်သည်။
"အော်... ကလေးလု ရောက်လာပြီကိုး... မင်း အလုပ်လုပ်ပါ... ငါ မင်းကို ကာကွယ်ပေးမယ်...။"
"ကျေးဇူးတင်ပါတယ် ၊ မဟာအကြီးအကဲ...။"
ထို့နောက်..
လုရီသည် ဂိုဏ်း၏ အကာအကွယ် အခင်းအကျင်း ကို စတင် တည်ဆောက်တော့သည်။
သူ၏အခင်းအကျင်းတာအိုနယ်ပယ်သည် ယခင်ကထက် များစွာအားကောင်းနေပြီဖြစ်ရာ ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ကောင်းကင်နှင့်မြေကြီးရတနာကိုးခုကို ထုတ်ယူပြီး သူသင်ယူခဲ့သော အခင်းအကျင်းများအားလုံးကို စတင်ရေးထွင်းတော့သည်။
နက်နဲဆန်းကြယ်သည့် အရှိန်အဝါများ တရိပ်ရိပ်ထွက်ပေါ်လာပြီး အလွန်သေးငယ်လွန်းသော အခင်းအကျင်း ပုံစံများသည် ကောင်းကင်နှင့်မြေကြီးရတနာများပေါ်၌ ထွင်းထုသွားသည်။
တိမ်ဖြူဂိုဏ်းဝယ် သူ့ဆရာ ကိုယ်တိုင် အနီးကပ် စောင့်ကြည့်နေသဖြင့် လုရီမှာ အခင်းအကျင်းများ အသက်သွင်းရာမှာ ချီစွမ်းအင်ကို ဖုံးကွယ်ရန်အတွက် မလိုတော့၍ အရာရာတိုင်းမှာ အဆင်ပြေ၊ ချောမွေ့နေလေသည်။
လုရီ တာအုံပုံစံများကို ရေးဆွဲလိုက်သည်နှင့်တစ်ပြိုင်နက် အမျိုးမျိုးသော ထူးခြားဖြစ်စဉ်များ ပေါ်ပေါက်လာတော့သည်။
ကောင်းကင်ယံ၌ကား ကျားဖြူ၏ ဟိန်းသံ၊ မီးငှက်၏ အော်မြည်သံ၊ လိပ်နက်ကြီး၏ လှုပ်ရှား သွားလာသံတို့ဖြင့် ဆူညံလျက်ရှိသည်။
ကြယ်တာရာမြစ်စုသည် ပြန့်ကားလျက်၊ ရေခဲငွေ့တို့သည် ဖြာဆင်းလျက်၊ နတ်ဓားပျံတို့သည် တပြိုင်နက်တည်း အသံမြည်ဟည်းလျက် ..ပေါ်ပေါက်လာကြသည်။
ထိုအခိုက်အတန့်၌ ကြောက်မက်ဖွယ် ကောင်းသော ဖိအာ းတစ်ရပ်သည် လေဟာနယ်အနှံ့သို့ ပျံ့နှံ့သွားရာ တိမ်ဖြူဂိုဏ်းရှိ ကျင့်ကြံသူအားလုံးတို့သည် ထိုအဖြစ်အပျက်ကို သတိပြုမိကြပြီး ကောင်းကင်ယံသို့ အံ့သြတုန်လှုပ်စွာ ကြည့်ရှုကာ တီးတိုးပြောဆိုနေကြလေသတည်း။
ကြောက်မက်ဖွယ်ကောင်းသည့် ဖိအားများ ပျံ့နှံ့သွားပြီး တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများအားလုံး ကောင်းကင်ကို အံ့အားသင့်စွာ မော့ကြည့်နေကြသည်။
လင်းလောင် တောင်ထိပ်ပေါ်၌ အိပ်နေသော
လင်းလောင် တောင်ထိပ်သခင်မသည် နိုးလာပြီး သူမ၏ ဝါးအိမ်မှ ထွက်လာသည်။
ကောင်းကင်မှ ထူးခြားသော မြင်ကွင်းများကို ကြည့်ရင်း သူမ ခေါင်းကုတ်ကာ ညည်းညူသည်။
"ဒီကောင်လေး... သူများရဲ့ အိပ်မက်ကို နှောင့်ယှက်နေတယ်... ဒါပေမဲ့ သူရဲ့ အခင်းအကျင်းနယ်ပယ်က ဒီလောက်အဆင့်ကို ရောက်နေပြီဆိုတော့...။"
တိမ်ဖြူဂိုဏ်းမှ မိုင်ထောင်ချီဝေးကွာသော နေရာများမှပင် ကျင့်ကြံသူများသည် ကျားဟိန်းသံနှင့် ဓားခတ်သံတို့ကို ကြားကြရပြီး တိမ်ဖြူဂိုဏ်းဘက်သို့ တအံ့တသြ၊ တွေဝေစွာ ကြည့်ရှုနေကြလေသည်။
ထိုထူးခြားဖြစ်စဉ်သည် နာရီပေါင်းများစွာကြာအောင် ဆက်လက်ဖြစ်ပေါ်နေပြီးမှ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။
ဤအချိန်၌ တိမ်ဖြူဂိုဏ်း၏ အကာအကွယ် အခင်းအကျင်း သည် ပြောင်းလဲသွားပြီဖြစ်သည်။
ကျောက်တိုင်ဖြူ ပျောက်ကွယ်သွားပြီး ကောင်းကင်နှင့်မြေကြီးရတနာများသည် ကြယ်များကဲ့သို့ ကောင်းကင်၌ ပြန့်ကျဲနေကာ နတ်ဘုရားအလင်းဖြင့် တောက်ပနေသည်။
လျိုကျန်းယန်က အထင်ကြီးနေတော့သည်။
"ကလေးလု... မင်းက တကယ်ကို ပြန်ဝင်စားလာတဲ့ အခင်းအကျင်းအင်မော်တယ်ပါပဲ...။"
လုရီသည် နှိမ့်ချစွာ ပြုံးလိုက်ပြီး နှုတ်ဆက်ပြီးနောက် သူ၏ဂူစံအိမ်သို့ ပြန်လာခဲ့သည်။
[အလုပ်]
တိမ်ဖြူဂိုဏ်းအတွက် အကာအကွယ် အခင်းအကျင်း တည်ဆောက်ပါ။ (ပြီးစီးပြီ)
ဆုလာဘ်: အခင်းအကျင်းနယ်ပယ် အဆင့်တိုးမြှင့်ခြင်း၊ ပေါင်းစည်းခြင်းနယ်ပယ်အခင်းအကျင်း ‘ မိုးပြာနဂါးသတ်ဖြတ် အခင်းအကျင်း’
ဆုလာဘ် လက်ခံမည်လား: [လက်ခံသည်] / [လက်မခံပါ]
သူ အလွန် ပျော်သွား၏။
...‘မိုးပြာနဂါး သတ်ဖြတ် အခင်းအကျင်း’ပဲ...
လုရီသည် အလုပ်ကို လက်ခံပြီးနောက် အခင်းအကျင်းတာအိုနယ်ပယ်မှ ဉာဏ်အလင်းများကို စုပ်ယူလိုက်သည်။
ထို့နောက် သူသည် အခြေချပြီး ကျင့်ကြံမှု၌ အာရုံစိုက်တော့သည်။
သူ၏ နေ့ရက်များသည် စနစ်တကျရှိလှသည်။
ညဘက်၌ ကျင့်ကြံမှုအဆင့်ကို မြှင့်တင်ပြီး နေ့ဘက်၌ သိုင်းပညာများလေ့ကျင့်၊ အခင်းအကျင်းများ နားလည်၊ လက်နက်သန့်စင်၊ နတ်စာချက်ပြုတ်၊ နတ်ဝိုင်ချက်ခြင်းတို့ကို လေ့ကျင့်သည်။
အနားယူချိန်များတွင် ဝိညာဉ်သစ်ပင်များကို ပြုစုပျိုးထောင်ပြီး ပင်ပန်းလာလျှင် တောင်ထိပ်၌ ရေချိုးကာ ငြိမ်းချမ်းပေါ့ပါးသောဘဝကို ဖြတ်သန်းသည်။
သူ၏ အဓိက အာရုံစိုက်မှုမှာ အခင်းအကျင်းများ ဖွဲ့တည်သည့် အလုပ်ကို ပြီးစီးရန် ဖြစ်သည်။ အဆင့်နိမ့် အခင်းအကျင်းများကို ဖွဲ့တည်ခြင်းသည် လွယ်ကူလှသည်။
ချီသန့်စင်၊ အခြေတည်နှင့် ရွှေအူတိုင်နယ်ပယ်အတွက် အခင်းအကျင်းများကို မိနစ်အနည်းငယ်သာ အသုံးပြု၍ ဖွဲ့တည်နိုင်ခဲ့သည်။
သို့သော် ရွှေအူတိုင်နယ်ပယ်အထက်၌ ဖွဲ့တည်ရခက်ခဲမှုသည် ပိုမိုမြင့်တက်လာသည်။
အခြေတည် ဝိညာဉ် နယ်ပယ်အတွက် နှစ်နာရီ၊ နတ်ဘုရားအသွင်ပြောင်း နယ်ပယ်အတွက် သုံးရက်၊ ဟင်းလင်းပြင်ဥမင် နယ်ပယ်အတွက်
တစ်လလုံး အချိန်ကုန်ခံခဲ့ရသည်။
၎င်းသည် တကယ်ကို ခက်ခဲသော အလုပ် တစ်ခုပင်။