အခန်း (၃၆၄-၃၆၆)
Vol. 25 Ch. 364-366
အခန်း ၃၆၄ - မဟာယာန အခင်းအကျင်းကြီးကို ဖော်ထုတ်ခြင်း...
~မိုးကြိုးနဂါးကြီး လေထဲတွင် တဖြည်းဖြည်း ကြေပျယ်သွားသည်နှင့်အမျှ၊ ကောင်းကင်ထက်မှ မိုးကြိုးတိမ်တိုက်များလည်း တဖြည်းဖြည်း ပျောက်ကွယ်သွားလေတော့သည်။
လုရီ ဤအဖြစ်ကို အနည်းငယ် အံ့အားသင့်သွားသည်။
ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ချိုးဖြတ်ခြင်းအတွက် ကောင်းကင်ကပ်ဘေးက ဒီမိုးကြိုးနဂါးတစ်ကောင်တည်းပဲလား။
ဟွန့်... နည်းနည်းတော့ အားမရသလိုပဲ။
သူ့ စိတ်ထဲတွင် မကျေမနပ်ဖြင့် ရေရွတ်လိုက်သည်။
မိုးကြိုးတိမ်တိုက်များ ပျောက်ကွယ်သွားသည်နှင့် ဝူချင်းဖုန်းကဲ့သို့ တိမ်ဖြူဂိုဏ်းမှ ကျင့်ကြံသူများသည် အတိုင်းအဆမရှိ ပျော်ရွှင်သွားကြကာ လုရီထံသို့ ပျံသန်းလာပြီး ဂုဏ်ပြုစကားများ အသီးသီး ဆိုကြတော့သည်။
ကျင့်ကြံသူတိုင်း၏ မျက်နှာတွင် လှိုက်လှဲသော အပြုံးများဖြင့် ပြည့်နှက်နေ၏။
...
လုရိီ၏ တိုက်ခိုက်ရေးအစွမ်းကို လူတိုင်း မျက်မြင်ကိုယ်တွေ့ မြင်ခဲ့ပြီးဖြစ်သည်။
သူ ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ ချိုးဖြတ်ပြီးသွားသည့်အခါ၊ အခြားသူများကို မဆိုထားနှင့်၊ ပေါင်းစည်းခြင်းနယ်ပယ်မှ ကျင့်ကြံသူတစ်ဦးကိုပင် အထင်သေး၍မရတော့ပေ။
ထို့အပြင် လုရီ ယခင်က ကျွမ်းကျင်သွားခဲ့သော မဟာယာနအခင်းအကျင်းပုံစံကြီးကို ထည့်သွင်းစဉ်းစားလျှင်၊ သူသည် သူ၏ အခင်းအကျင်းတာအိုနှင့် မဟာယာနအဆင့် စွမ်းအားဖြင့် မဟာပုဂ္ဂိုလ်ကြီးများကိုပင် စိန်ခေါ်နိုင်ဖွယ်ရှိသည်။
ဤသို့ ကြောက်မက်ဖွယ်ကောင်းသော ထိပ်တန်းတိုက်ခိုက်ရေးသမားတစ်ဦး ရှိနေခြင်းအတွက် တိမ်ဖြူဂိုဏ်းမှ မည်သူက မပျော်ရွှင်ဘဲ နေနိုင်မည်နည်း။
ပင်လယ်မျိုးနွယ်စုများ ကျူးကျော်ဝင်ရောက်နေပြီး စစ်မီးများ နေရာအနှံ့ တောက်လောင်နေသော ဤကာလတွင်၊ ဤကဲ့သို့သော ထိပ်တန်းကျင့်ကြံသူတစ်ဦး တိုးလာခြင်းသည် တိမ်ဖြူဂိုဏ်းအတွက် အလွန်အမင်း စိတ်လှုပ်ရှားစရာ
ကောင်းသော ကိစ္စတစ်ခု ဖြစ်လေသည်။
အင်အားကြီးသော ကျင့်ကြံသူများစွာ၏ အဆက်မပြတ်သော ဂုဏ်ပြုစကားများကို ရင်ဆိုင်ရာတွင် လုရီသည် ကျင့်သားရနေပြီဖြစ်သည်။
သူသည် ကျင့်ကြံသူအများအပြားကို ကျွမ်းကျင်စွာ ပြုံး၍ တုံ့ပြန်လိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မ ရောက်လာပြီးနောက်မှသာ လုရီသည် သူ၏ဆရာနှင့် ညီမလေးနောက်သို့ လိုက်ပါကာ လင်းလောင်တောင်ထိပ်သို့ ပြန်သွားလေသည်။
လမ်းတစ်လျှောက်တွင် သုန်းကုန်းမင်ယွဲ့သည် စိတ်လှုပ်ရှားစွာဖြင့် စကားဖောင်ဖွဲ့နေသည်။
"အစ်ကိုကြီးက တကယ်ပဲ ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို ရောက်သွားပြီ! ဒီလိုဆိုရင် အစ်ကိုကြီးက ထျန်းမင်တစ်ခွင်လုံးမှာ အင်အားကြီးတဲ့ ကျင့်ကြံသူတစ်ယောက်လို့ သတ်မှတ်လို့ရပြီ!"
အခြေခံ အုတ်မြစ် တည်ဆောက်ခြင်းသည် ကျင့်ကြံခြင်းလမ်း၏ အစဖြစ်ပြီး အခြေတည်ဝိညာဉ်ကို ဖန်တီးနိုင်လျှင် ကျင့်ကြံခြင်းလမ်းစဥ်သို့ ဝင်ရောက်ပြီဟု ဆိုကြသည်။
သို့ဆိုလျှင် ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို အသုံးချနိုင်ပြီး အယူအဆကို ခံစားသိရှိနိုင်သော ဟင်းလင်းပြင် ဥမင်အဆင့် ကျင့်ကြံသူတစ်ဦးသည် ကျင့်ကြံခြင်းခရီးတွင် အသေးစားအောင်မြင်မှုတစ်ခု ရရှိပြီဟု ဆိုနိုင်ပေသည်။
ထျန်းမင်တစ်ခွင်လုံးတွင် သူတို့သည် အင်အားကြီးသူများအဖြစ် အမှန်ပင် အသိအမှတ်ပြုခံရပေမည်။
လင်းလောင်တောင်ထိပ်သခင်မသည် အိပ်ချင်မူးတူးမျက်လုံးများဖြင့် သုန်းကုန်းမင်ယွဲ့ကို ကြည့်ကာ သူမ၏ ချောမွေ့သော နဖူးကို လက်ညှိုးဖြင့် ထိုးလိုက်ပြီး ဆို၏။
"ဟင်းလင်းပြင်ဥမင်? ဟက်... ဘာမှမဟုတ်ဘူး။ ကျင့်ကြံခြင်းလမ်းက အခုမှ စတာ။ မင်းရဲ့အမြင်က သေးသိမ်လွန်းတယ်။ ကြယ်တာရာစကြဝဠာကြီးက ကျယ်ပြောလှတယ်၊ ဟင်းလင်းပြင်ဥမင်အဆင့် ကျင့်ကြံသူတစ်ယောက်က လုံးဝကို ထူးချွန်တယ်လို့ မသတ်မှတ်ဘူး။"
သုန်းကုန်းမင်ယွဲ့သည် နဖူးကို အထိုးခံလိုက်ရ၍ နာကျင်သွားသောကြောင့် နဖူးကိုပွတ်ကာ စိတ်ဆိုးစွာဖြင့် ဆို၏။
"ဟွန့်၊ ဆရာကတော့လေ၊ အမြဲတမ်း
ကြီးကြီးကျယ်ကျယ်တွေပဲ ပြောပြီး ကျွန်မတို့ကို ခြောက်လှန့်နေတာပဲ!"
လုရီမှာမူ ပြန်မပြောပေ။
သူသည် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေး၏ အဖြစ်အပျက်ကို ကြုံတွေ့ခဲ့ပြီးဖြစ်သည်။ ဟင်းလင်းပြင်ဥမင်အဆင့်သာ ရှိသော သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် သူ၏အစွမ်းကုန် ထုတ်သုံးလိုက်သည့်အခါ အလွန်ကြောက်မက်ဖွယ်ကောင်းပြီး မဟာယာနအဆင့် မဟာပုဂ္ဂိုလ်ကြီးတစ်ပါးနီးပါး အစွမ်းထက်ခဲ့သည်။
သူ့အနေနှင့် မဟာယာနအဆောင်ကို အသုံးပြုပြီးမှသာ ဘိုးဘေးကို သတ်နိုင်ခဲ့ခြင်း ဖြစ်သည်။
ထျန်းမင်၏ ရှေးဟောင်းနှင့် ခေတ်သစ်သမိုင်းတစ်လျှောက်တွင် ထိုသို့သော ကောင်းကင်
မာနရှင် နတ်ဆိုးများ အလွန်နည်းပါးပေမည်။
ဆရာဖြစ်သူက သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးသည် ရာရှိုမွန်မျိုးနွယ်စု၏ ကောင်းကင် ပါရမီရှင် ဖြစ်ပြီး၊ ရာရှိုမွန်မျိုးနွယ်စုမှာ အပြင်ဘက်ကမ္ဘာမှ မျိုးနွယ်စုတစ်ခုဖြစ်ကာ အင်အားကြီးမားပြီး အင်မော်တယ်များပင် ပေါများလှသည်ဟု ဆိုခဲ့သည်။
ရာရှိုမွန်မျိုးနွယ်စုအတွင်းတွင် သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးကဲ့သို့သော ကောင်းကင်မာနရှင်နတ်ဆိုးများသည် တစ်ဦးတည်း မဟုတ်ဘဲ၊ ပို၍ပင် အစွမ်းထက်သူများ ရှိကောင်းရှိနိုင်သည်။
ထိုသို့သော သတ္တဝါများသည် သူပင် အလေးအနက်ထားရမည့် သူများဖြစ်သည်။
ထျန်းမင်တစ်ခွင်လုံးတွင် လုရီ၏ ပါရမီသည် ထိပ်တန်းဖြစ်ပြီး သူ၏တိုက်ခိုက်ရေးစွမ်းရည်မှာ အံ့ဩစရာကောင်းသည်ဟု ဆိုနိုင်ပေမည်။
သို့သော် စကြဝဠာကြီးတစ်ခုလုံးကို ထည့်သွင်းစဉ်းစားလျှင်မူ သူသည် ပို၍ ကြောက်မက်ဖွယ်ကောင်းသော တည်ရှိမှုများ ရှိ၊ မရှိ မသေချာတော့ပေ။
မည်သို့ပင်ဆိုစေကာမူ၊ ထျန်းမင်တွင် အင်မော်တယ်များပင် ရှားပါးပြီး ဒဏ္ဍာရီလာဟုပင် သတ်မှတ်ခံရသည်။
ဒုတိယမျိုးဆက် အင်မော်တယ်ဟုခေါ်သော သူများသည် အင်မော်တယ်ဂိုဏ်း မြင့်မြတ်နယ်မြေမှ ကလေးများထက် များစွာသာလွန်သော ရင်းမြစ်များကို ရရှိနိုင်ပြီး အသေအချာပင် ပို၍ အစွမ်းထက်ကြပေမည်။
ဤသို့တွေးရင်း လုရီသည် လင်းလောင်တောင်ထိပ်သခင်မကို စူးစမ်းစွာ ကြည့်လိုက်သည်။
"ဆရာ၊ ကြယ်တာရာစကြဝဠာထဲမှာ ကျွန်တော့်ထက် ပိုအစွမ်းထက်တဲ့ ထူးချွန်တဲ့ ကောင်းကင်မာနရှင်နတ်ဆိုးတွေ အများကြီးရှိလား။"
ဤစကားကို ကြားသော် လင်းလောင်တောင်ထိပ်သခင်မသည် ကြောင်သွားပြီး လုရီကို မယုံနိုင်သော မျက်နှာဖြင့် ကြည့်လိုက်သည်။ သူ၏ အလေးအနက်ထားသော အမူအရာကို မြင်သော် သူမသည် စိတ်ထဲတွင် ပို၍ပင် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။
ဒီကောင်လေး... သူ့ကိုယ်ပိုင် အခြေခံအုတ်မြစ်က ဘယ်လောက်တောင် ကြောက်ဖို့ကောင်းလဲဆိုတာ သူကိုယ်တိုင် မသိဘူးလား။
စကြဝဠာကြီးတစ်ခုလုံးမှာတောင် ဒီလိုတည်ရှိမှုမျိုးက ရှားပါးတယ်လေ။
မဟုတ်ဘူး၊ သူ့ကို မာနအရမ်းကြီးသွားအောင်တော့ လုပ်လို့မဖြစ်ဘူး။
လင်းလောင်တောင်ထိပ်သခင်မသည် စိတ်ထဲတွင် တွေးတောပြီးနောက် ဆိုလိုက်သည်။
"အဲ့ဒီလောက်တော့လည်း မဟုတ်ပါဘူး။ နင့်ရဲ့ပါရမီက ထျန်းမင်တည်ရှိတဲ့ ကြယ်တာရာနယ်ပယ်တစ်ခုလုံးမှာဆိုရင်တော့ ထိပ်တန်းအဆင့်လို့ သတ်မှတ်လို့ရတယ်။ ကိုယ့်ကိုယ်ကိုယ် အထင်မသေးနဲ့... ဟုတ်ပြီလား။ ဒါပေမဲ့ မာနတော့ အရမ်းမကြီးနဲ့ဦး။ ကြယ်တာရာနယ်ပယ်တစ်ခုလုံးမှာ နင့်ထက် ပိုသန်မာတဲ့သူ အယောက်တစ်ရာလောက်တော့ အနည်းဆုံးရှိတယ်။"
လုယိ၏ မျက်လုံးသူငယ်အိမ်များ အနည်းငယ် ကျုံ့သွားသည်။
"အဲ့လောက်တောင် များတာလားဗျာ။"
သူ့ဆရာက သူ နိယာမတရားကို ပိုင်ဆိုင်ထားကြောင်း သိသည်။ သူ့အဆင့်တွင် နိယာမတရားများ ပိုင်ဆိုင်သော ကောင်းကင်မာနရှင်နတ်ဆိုးများ ကြယ်တာရာနယ်ပယ်တစ်ခုလုံးတွင် အမှန်တကယ် များစွာရှိနေသလော။
လုရီ ကြီးမားသော ဖိအားကို ခံစားလိုက်ရသည်။
လင်းလောင်တောင်ထိပ်သခင်မသည် သူ့ကို ကြည့်ပြီးနောက် ဆိုလိုက်သည်။
"မွေးရာပါ အင်မော်တယ်တွေလည်း ရှိသေးတယ်။"
လုရီ: "???"
သုန်းကုန်းမင်ယွဲ့: "???"
သူတို့နှစ်ဦးလုံး၏ အမူအရာများ တောင့်ခဲသွားသည်။
"မွေးရာပါ အင်မော်တယ်တွေ! ဆရာက ဒဏ္ဍာရီပုံပြင်တွေ ပြောနေတာလား။" သုန်းကုန်းမင်ယွဲ့သည် လင်းလောင်တောင်ထိပ်သခင်မကို
မယုံနိုင်သော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မသည် ခပ်ရေးရေးပြုံးလိုက်ပြီး ဘာမှ မရှင်းပြတော့ပေ။
လုရီသည် မယုံနိုင်လောက်အောင် အံ့ဩသွားသည်။ စကြဝဠာကြီးသည် သူထင်ထားသည်ထက် များစွာ ကျယ်ပြောလှပါလား။
မွေးရာပါ အင်မော်တယ်တွေ...
ထျန်းမင်မှ ကျင့်ကြံသူအားလုံးအတွက်၊ သူတို့ ကျင့်ကြံခြင်းလမ်းကို စတင်လျှောက်လှမ်းသည့်အချိန်မှစ၍ အင်မော်တယ်အဖြစ်သို့ တက်လှမ်းခြင်းသည် သူတို့၏ အဆုံးစွန်သော ပန်းတိုင်ဖြစ်သည်။
အချို့သူများအတွက်မူ၊ သူတို့သည် မွေးဖွားလာကတည်းက အင်မော်တယ်များ ဖြစ်နေကြသည်ပင်။
၎င်းမှာ ရှေးစကားပုံတစ်ခုကို အမှန်ပင် အမှတ်ရစေသည်။ "သင် အစွမ်းကုန်ကြိုးစား၍ ရောက်ရှိသော သင်၏ပန်းတိုင်သည် အခြားတစ်ယောက်၏ စမှတ်မျှသာ ဖြစ်သည်။"ဟူ၍။
လုရီ စိတ်ထဲတွင် အနည်းငယ် ရှုပ်ထွေးသွားသည်။
သို့သော် မကြာမီပင် လုရီသည် စိတ်ဓာတ်ပြန်လည် တက်ကြွလာသည်။
ဘာပဲဖြစ်ဖြစ်၊ ငါက ရွှေလက်ချောင်းစနစ်နဲ့ သခင်လေးပဲ။ ငါ့ရဲ့အစက နိမ့်ကျတော့ရော ဘာဖြစ်လဲ။
ငါ့ရဲ့အခြေခံအုတ်မြစ်က တာအိုဓာတ်နဲ့ တည်ဆောက်ထားတာ၊ ဘယ်သူ့ထက်မှ မနိမ့်ကျဘူး။ အင်မော်တယ်တွေတောင် ဒီလိုအခြေခံအုတ်မြစ်မျိုး ပိုင်ဆိုင်ချင်မှ ပိုင်ဆိုင်မှာ၊ ဟုတ်တယ်မလား။
ငါ့ဆရာတောင် ဒါကို မမြင်နိုင်ဘူးလေ။
ဆရာက နိယာမတရားကို မြင်နိုင်ပေမယ့်၊ ငါ့ရဲ့ တာအိုဓာတ်အခြေခံအုတ်မြစ်ရဲ့ လျှို့ဝှက်ချက်ကိုတော့ တစ်ခါမှ မထိုးဖောက်နိုင်ခဲ့ဘူး။
ဒါ့အပြင်၊ ငါကိုယ်တိုင်လည်း တစ်ဆင့်ပြီးတစ်ဆင့် အင်မော်တယ်ဖြစ်လာနိုင်တယ်၊ ဒါမှမဟုတ် ပိုပြီးတော့တောင် အစွမ်းထက်လာနိုင်သေးတယ်!...
လုရီ တစ်ယောက်တည်း စဉ်းစားခန်းဖွင့်နေတော့သည်။
လုယိနှင့် သုန်းကုန်းမင်ယွဲ့တို့၏ တိတ်ဆိတ်နေသော အမူအရာကို မြင်သော် လင်းလောင်တောင်ထိပ်သခင်မသည် သူတို့၏ ယုံကြည်မှုကို ထိခိုက်စေမိပြီလောဟု တစ်ချက် စိုးရိမ်မိသွားသည်။
အခန်း ၃၆၅ - မဟာယာန အခင်းအကျင်းကြီးကို ဖော်ထုတ်ခြင်း ...
~လင်းလောင်တောင်ထိပ်သခင်မက ဆိုသည်။
"မွေးရာပါ အင်မော်တယ်ဖြစ်ဖို့က အလွန်ရှားပါးတယ်၊ ပြီးတော့ မွေးရာပါ အင်မော်တယ်ဖြစ်ရင်တောင်မှ၊ သူတို့ရဲ့အနာဂတ်က ဘယ်လိုအောင်မြင်မှုတွေ ရလာမယ်ဆိုတာ ဘယ်သူမှ
မသေချာဘူး။ သာမန်လူသားအဖြစ်ကနေစပြီး တစ်ဆင့်ချင်း တက်လှမ်းလာတဲ့ ကျင့်ကြံသူတွေလည်း ရှိခဲ့တယ်၊ နောက်ဆုံးမှာ မွေးရာပါ အင်မော်တယ်တွေကိုတောင် ကျော်လွန်သွားတဲ့သူတွေပေါ့။"
ဤစကားကို ကြားသော် လုရီ၏ စိတ်ဓာတ်သည် ပို၍ပင် ခိုင်မာလာသည်။
တခြားသူတွေ လုပ်နိုင်ခဲ့ရင်၊ ငါလည်း လုပ်နိုင်ရမယ်!
သုန်းကုန်းမင်ယွဲ့မှာမူ မယုံနိုင်သေးဘဲ သူမ၏ဆရာမှာ လူလိမ် ဖြစ်ကြောင်း တိုးတိုးလေး ရေရွတ်နေသဖြင့် လင်းလောင်တောင်ထိပ်သခင်မက သူမ၏ နဖူးကို အကြိမ်ကြိမ် တောက်လိုက်ရာ နီရဲသွားတော့သည်။
လင်းလောင်တောင်ထိပ်သို့ ပြန်ရောက်သောအခါ လုရိီသညျ ပျင်းရိစွာ အကြောဆန့်လိုက်ပြီး ဆိုသည်။
"ဒီနေ့ မိုးကြိုးအပစ်ခံရလို့ နည်းနည်း ပင်ပန်းတယ်။ ရေချိုးမလို့။ ဆရာနဲ့ ညီမလေးရော လိုက်မလား။"
"လိုက်မယ်၊ လိုက်မယ်! ငါလည်း သမာဓိ ဝင်စားနေတာကြာပြီ၊ ငါလည်း သွားချင်တယ်!"
သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ လင်းလက်လာပြီး အလွန် စိတ်လှုပ်ရှားနေပုံ ရသည်။
လင်းလောင်တောင်ထိပ်သခင်မသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး သဘောတူလိုက်သည်။
"ငါလည်း ရေမချိုးတာကြာပြီ၊ သွားကြတာပေါ့။"
...
သုံးယောက်သား လင်းလောင်တောင်ထိပ်သို့ တက်သွားပြီး သူတို့၏ သက်ဆိုင်ရာ ဝိညာဉ်စမ်းရေကန်အခန်းများသို့ ဝင်သွားကြသည်။
ဝိညာဉ်စမ်းရေကန်ထဲသို့ နှစ်မြှုပ်လိုက်သည်နှင့် လုရီသည် သူ၏တစ်ကိုယ်လုံး သန့်စင်သွားသကဲ့သို့ ခံစားလိုက်ရပြီး ကျေနပ်စွာဖြင့် လေကိုမှုတ်ထုတ်လိုက်သည်။
"ကောင်းလိုက်တာ။"
လင်းလောင်တောင်ထိပ်သခင်မ၏ အသံက ထွက်ပေါ်လာသည်။
"ဟေ့ကောင်လေး၊ ဝိညာဉ်ဝိုင်နဲ့ ဝိညာဉ်အစာတွေ မြန်မြန်ယူခဲ့စမ်း!"
"ငါလည်း စားချင်တယ်၊ အစ်ကိုကြီး!"
သုန်းကုန်းမင်ယွဲ့က လှမ်းအော်သည်။
လုရိီသညျ ဘာပြောရမှန်းမသိဘဲ ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစာများကို ထုတ်ယူကာ သူတို့နှစ်ဦးထံသို့ ပစ်ပေးလိုက်သည်။
လင်းလောင်တောင်ထိပ်သခင်မက မကျေမနပ်ဖြင့် ဆိုသည်။
"ဟမ်... တုန်ထင်းဝိုင်ပဲလား။ ဒီလောက်ကြာနေပြီ၊ ပိုကောင်းတဲ့ ဝိုင် မရှိတော့ဘူးလား။"
တုန်ထင်းဝိုင်သည် လုရီ ရရှိခဲ့သော ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ဝိညာဉ်ဝိုင် ဖြစ်သည်။ ၎င်းသည် ဝိညာဉ်စွမ်းအင် စုပ်ယူမှုကို မြှင့်တင်ပေးနိုင်ပြီး ကောင်းကင်နှင့်မြေကြီး၏ စွမ်းအားကို နားလည်မှုကို တိုးပွားစေကာ အလွန်အဖိုးတန်သည်။
သို့သော် လင်းလောင်တောင်ထိပ်သခင်မမှာမူ အနည်းငယ် မကျေမနပ် ဖြစ်နေပုံရသည်။
လုရီသည် မယုံနိုင်သော မျက်နှာဖြင့် တိုင်တန်းလိုက်သည်။
"ဒါက ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ဝိညာဉ်အရက်နော်! ဆရာ၊ ကျေနပ်ပါတော့လား။ ဒီလို ကောင်းကင်နဲ့ မြေကြီးရတနာတွေ ဘယ်လောက်ရှားလဲ မသိဘူးလား။"
တိမ်ဖြူဂိုဏ်းတွင်ပင် ဤအဆင့်ရှိ ရတနာများ
မပိုင်ဆိုင်ပေ။ သူ အလုပ်များပြီးမြောက်သည့်အခါတွင်ပင် ဆုလာဘ်များသည် ကျပန်းဖြစ်ပြီး၊ ထိုသို့သော ကောင်းကင်နှင့် မြေကြီး ရတနာများကို မကြာခဏ မရရှိပေ။
သူ့အတွက် ပေါင်းစည်းခြင်းနယ်ပယ်မှ ဝိညာဉ်အရက်သည် အလွန်အဖိုးတန်သော ရတနာတစ်ခုဖြစ်သည်။
ဒီဆရာက ဂျီးများနေတုန်းပဲလား။
အရင်တုန်းကဆို ယွီလန်တောင်ထိပ်သခင်မရဲ့
ယွီလန် ဝိုင်ကို သောက်ရတာတောင် သိပ်ကြိုက်နေပြီးတော့!
လုရီသည် စိတ်ထဲတွင် တိတ်တိတ်ကလေး ကျိန်ဆဲလိုက်သည်။
ဤစကားကို ကြားသော် လင်းလောင်တောင်ထိပ်သခင်မက မေးသည်။
"မင်းမှာ ဘယ်လို ကောင်းကင်နဲ့ မြေကြီးရတနာတွေ လိုနေလို့လဲ။"
"ကျွန်တော့်မှာ ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ဝိညာဉ်ဝိုင် ချက်နည်းနှစ်ခုရှိတယ်၊ ဒါပေမဲ့ ပါဝင်ပစ္စည်းတွေ အကုန်မစုရသေးဘူး။ လိုအပ်တဲ့ပစ္စည်းတွေကတော့ ကောင်းကင်ပန်း၊ နှစ်တစ်သောင်းဝိညာဉ် အရည်၊ နင်းယွဲ့ပန်း..."
လုရီသည် နာမည်များစွာကို ရွတ်ပြပြီးနောက် လှောင်လိုက်သည်။
"ဆရာ့မှာရော ရှိလို့လားဗျ။"
လင်းလောင်တောင်ထိပ်သခင်မက ပျင်းရိစွာ ဖြေသည်။
"မရှိဘူး။"
လုရီ : "..."
သူသည် စိတ်တိုစွာဖြင့် ဆိုသည်။
"မရှိဘဲနဲ့များ ဘာလို့ ကျွန်တော့်ကို ဝေဖန်နေသေးလဲ!"
ထိုစဉ် လင်းလောင်တောင်ထိပ်သခင်မက ပျင်းရိသော လေသံဖြင့် ဆိုလာသည်။
"ရက်အနည်းငယ်အတွင်း ငါ မင်းအတွက် ရှာပေးမယ်!"
လုရီ၏ မျက်လုံးများ လင်းလက်သွားသည်။
သူ့ဆရာ၏ ကြောက်မက်ဖွယ်ကောင်းသော အစွမ်းနှင့် လျှို့ဝှက်ဆန်းကြယ်သော နောက်ခံဖြင့်၊ ကောင်းကင်နှင့် မြေကြီးရတနာအမျိုးမျိုးကို လျင်မြန်စွာ ရှာဖွေနိုင်ခြင်းမှာ မဖြစ်နိုင်သည့်ကိစ္စ မဟုတ်ပေ။
ထိုသို့ဆိုလျှင် သူသည် ပို၍ပင် များပြားသော ဝိညာဉ်ဝိုင်ကို ချက်နိုင်ပေမည်။
ထို့နောက် လုရီ တစ်စုံတစ်ခုကို တွေးမိကာ ဆိုသည်။
"ဟုတ်သားပဲ၊ ဆရာ၊ ကျွန်တော့်မှာ ပေါင်းစည်းခြင်းနယ်ပယ်အဆင့် ဝိညာဉ်အစာ ချက်နည်းတစ်ခုလည်း ရှိတယ်၊ ပါဝင်ပစ္စည်းတွေ မရှိတာပဲ ဆိုးတယ်။"
လင်းလောင်တောင်ထိပ်သခင်မသည် စိတ်ဝင်စားသွားပုံရသည်။ "မင်းမှာ ဝိညာဉ်အစာ ချက်နည်းလည်း ရှိတယ်လား။ ပါဝင်ပစ္စည်းတွေ ပြော၊ ငါ မင်းအတွက် ယူလာပေးမယ်!"
လုရီ၏ မျက်လုံးများ တောက်ပလာပြီး ပါဝင်ပစ္စည်းများစွာကို ရွတ်ပြလိုက်သည်။
နောက်တော့ သူတို့ဆရာက ယူလာပေးဖို့ပဲ စောင့်ရတော့မည်။
ဘေးတွင် သုန်းကုန်းမင်ယွဲ့သည် သူတို့၏ စကားဝိုင်းကို နားထောင်ရင်း ဘာမှစိတ်မဝင်စားပေ။ သူမ၏ ကျင့်ကြံမှုအဆင့်ဖြင့် ပေါင်းစည်းခြင်းနယ်ပယ် ဝိညာဉ်ဝိုင်ကို မသောက်သုံးနိုင်သောကြောင့် ဖြစ်သည်။ အဆင့်က အရမ်းမြင့်လွန်းသည်။
မကြာမီ သုန်းကုန်းမင်ယွဲ့သည် မူးလာပြီး၊ သူမသည် အင်မော်တယ်ဖြစ်ချင်ကြောင်း၊ ဘိုးဘေးဖြစ်ချင်ကြောင်း၊ သူမ၏ စီနီယာ အစ်မနှင့်
ယွင်ရှီးကို နှိမ်နင်းပြီး၊ သူမ၏ စီနီယာ အစ်ကိုကြီးကို စိုးမိုးကာ နေ့တိုင်း သူမကို ချီးကျူးခိုင်းမည် ဖြစ်ကြောင်း မပီကလာပီကလာဖြင့် ကြွားလုံးထုတ်တော့သည်။
လင်းလောင်တောင်ထိပ်သခင်မသည်
ဆက်နားမထောင်နိုင်တော့ဘဲ သုန်းကုန်းမင်ယွဲ့၏ စွမ်းအားများကို ပေါ့ပေါ့ပါးပါး ချိတ်ပိတ်လိုက်သည်။
ထို့နောက် ကမ္ဘာကြီးတစ်ခုလုံး တိတ်ဆိတ်သွားသည်။
လုရီနှင့် လင်းလောင်တောင်ထိပ်သခင်မ နှစ်ဦးစလုံးသည် တိတ်ဆိတ်မှုကို အလွန် နှစ်သက်ကြပြီး၊ ရေချိုးကန်တွင် တိတ်တဆိတ် စိမ်ကာ ရံဖန်ရံခါ စကားအနည်းငယ် ပြောကြသည်။
လုရီက ယခုအချိန်သည် သူ့ဆရာ တာအိုအကြောင်း ပြောရန် အချိန်ကောင်းဖြစ်ကြောင်း အကြံပြုလိုက်သောအခါ လင်းလောင်တောင်ထိပ်သခင်မသည် ချက်ချင်း ဒေါသထွက်သွားပြီး၊ လုရီခမျာ မမြင်ရသော လက်ချောင်းများက သူ၏နဖူးကို တဖျောက်ဖျောက် အဆက်မပြတ်ထိုးနေသကဲ့သို့ ခံစားလိုက်ရသည်။
လုရီသည် နာကျင်နေသော နဖူးကို ကိုင်ကာ အသနားခံ တောင်းပန်မှသာ သူ့ဆရာက လွှတ်ပေးတော့သည်။
နောက်တစ်နေ့နံနက်တွင် လင်းလောင်တောင်ထိပ်သခင်မနှင့် လုရီတို့သည် ဝိညာဉ်စမ်းရေကန်မှ ကျေနပ်စွာ ထွက်ခွာလာကြပြီး၊ သုန်းကုန်းမင်ယွဲ့မှာမူ ပါးဖောင်းကာ မကျေမနပ်ဖြစ်သော မျက်နှာဖြင့် ထွက်လာသည်။
သူမ၏ ဆရာကို စကားနိုင်လုချင်သော်လည်း၊ သူမနှင့် ဆရာကြားမှ ကွာဟချက်ကို အမှတ်ရလိုက်သောအခါ သုန်းကုန်းမင်ယွဲ့သည် ပညာရှိစွာ တိတ်ဆိတ်နေရန် ရွေးချယ်လိုက်သည်။
ဝါးအိမ်သို့ ပြန်ရောက်ပြီးနောက် လင်းလောင်တောင်ထိပ်သခင်မသည် ထွက်ခွာသွားသည်။
လုရီသည် သုန်းကုန်းမင်ယွဲ့၏ ဒေါသဖြင့် ဖောင်းနေသော ပါးလေးကို ဆွဲညှစ်လိုက်ပြီး ဆိုသည်။
"ပြန်ကြစို့။"
သုန်းကုန်းမင်ယွဲ့၏ ပါးများ နီရဲသွားပြီး၊ ယမန်နေ့ညက သူမ၏ မူးနေသော စကားများကို ပြန်အမှတ်ရလိုက်သည်။
တော်သေးတယ်... အစ်မကြီး မရှိလို့...
သုန်းကုန်းမင်ယွဲ့သည် ရုတ်တရက် အနည်းငယ် ကံကောင်းသွားသလို ခံစားလိုက်ရသည်။
သို့မဟုတ်လျှင် သူမသည် ရေခဲတုံးထဲတွင် အချိန်အတော်ကြာ အဖိနှိပ်ခံရမည်ဟု တွေးမိသည်။
ထို့နောက် သုန်းကုန်းမင်ယွဲ့၏ အတွေးများသည် သူမ၏ စီနီယာ အစ်မ မရှိသည့်အချက်သို့ ပြန်ရောက်သွားသည်။
စီနီယာအစ်မ မရှိဘူး... အခု ငါနဲ့ အစ်ကိုကြီးပဲ ရှိတယ်။
သုန်းကုန်းမင်ယွဲ့၏ အကြည့်များ ဝေ့ဝဲသွားပြီး လုရီကို ခိုးကြည့်လိုက်သည်။
သူမသည် အချိန်အတော်ကြာ သိနေခဲ့သော်လည်း၊ ဘယ်တုန်းကမှ သတ္တိမွေးနိုင်ခဲ့ခြင်း မရှိပေ။
အဲ့ဒီခြေလှမ်းကိုသာ လှမ်းလိုက်ရင်၊ ငါက အစ်ကိုကြီးရဲ့ ပထမဆုံး တကယ့် တာအိုလက်တွဲဖော် ဖြစ်လာမှာ သေချာတယ်!
လုပ်နိုင်တယ်၊ သုန်းကုန်းမင်ယွဲ့! နင်က အတော်ဆုံးပဲ!
အသက်ကို ပြင်းပြင်းရှူလိုက်ပြီးနောက်
သုန်းကုန်းမင်ယွဲ့သည် လုရီကို စိတ်ပိုင်းဖြတ်ထားသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။
"အစ်ကိုကြီး!"
လုရီသည် အံ့ဩသွားပြီး သုန်းကုန်းမင်ယွဲ့ကို အနည်းငယ် ရှုပ်ထွေးစွာ ကြည့်လိုက်သည်။
"ဘာဖြစ်လို့လဲ၊ ညီမလေး။"
လုရီ၏ ချောမောသော မျက်နှာကို မြင်သော် သုန်းကုန်းမင်ယွဲ့၏ မျက်နှာသည် အနည်းငယ် နီရဲသွားပြီး အကြည့်ကို အနည်းငယ်လွှဲလိုက်သည်။
"အဲ... အဲ... အစ်ကိုကြီး ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို အဆင့်ချိုးဖြတ်နိုင်တာကို ဂုဏ်ပြုပါတယ်။"
လုရီသည် ခဏမျှ ကြောင်သွားပြီး၊ အလွန်ရှုပ်ထွေးသွားကာ သုန်းကုန်းမင်ယွဲ့၏ ပါးလေးကို ဆွဲညှစ်လိုက်သည်။
"အဟား၊ ဒါအတွက် ဂုဏ်ပြုစရာလိုလို့လား။ ဘာလို့ ဂိုဏ်းချုပ်ကြီးတို့လို လုပ်နေတာလဲ။"
ထိုအခါ သုန်းကုန်းမင်ယွဲ့၏ မျက်နှာသည် ပို၍ပင် နီရဲသွားသည်။
"တကယ်တော့၊ ကျွန်မ ပြောချင်တာ တခြားကိစ္စတစ်ခု ရှိသေးတယ်။"
လုရီ ရှုပ်ထွေးစွာဖြင့် မေးသည်။
"ဘာလဲ။"
"အဲ့ဒါက... ကျွန်မ အစ်ကိုကြီးနဲ့အတူတူ လေ့ကျင့်ချင်လို့ပါ!"
သုန်းကုန်းမင်ယွဲ့သည် လုရီကို ကြည့်ရင်း အလေးအနက် ဆိုလိုက်သည်။
ငါ့နှလုံးသား ထုံကျင်နေပြီ၊ အား... စကားတွေက ထွက်မလာပြန်ဘူး။
သေစမ်း! ဟို ယွမ်ရှီးဆိုတဲ့ အရှက်မရှိတဲ့မိန်းမသာဆိုရင်၊ ဒါကို ပြောနိုင်မှာ သေချာတယ်! အဲ့ဒီအရှက်မရှိတဲ့မိန်းမအတွက်တော့ ပြဿနာမရှိဘူး!
သုန်းကုန်းမင်ယွဲ့သည် စိတ်ထဲတွင် မကျေမနပ်ဖြစ်နေသည်။
သုန်းကုန်းမင်ယွဲ့က သူနှင့် ယှဉ်ပြိုင်လေ့ကျင့်ချင်လိမ့်မည်ဟု လုရီမှာ မထင်ထားခဲ့ပေ။
သဘာဝအတိုင်းပင် သူသည် ဝမ်းသာသွားသည်။
သူ၏ ဂျူနီယာ ညီမလေးသည် မကြာသေးမီက နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ချိုးဖြတ်ခဲ့ပြီး မိုးကြိုးစိတ်ဆန္ဒကိုပင် နယ်မြေ ဖွဲ့တည်သည်အထိ ကျွမ်းကျင်ခဲ့သဖြင့်၊ ယှဉ်ပြိုင်လေ့ကျင့်ခြင်းအတွက် ဆုလာဘ်များသည် သဘာဝအတိုင်း များပြားလှမည်။
ယခုအခါ လုရီ၏ မိုးကြိုးနယ်မြေသည် သူ၏ ဓားနယ်မြေကိုပင် ကျော်လွန်သွားပြီး
ခြောက်ဆယ် ရာခိုင်နှုန်း အထိ ရောက်ရှိနေပြီ
ဖြစ်ကာ၊ ၎င်းမှာ သူ၏ ဂျူနီယာ ညီမလေး၏ ကြိုးစား အားထုတ်မှုကြောင့်သာ ဖြစ်သည်။
"ဒါဆို သွားကြစို့"
ဤသို့ဖြင့် လုရီသည် လုံးဝ ထုံကျင်နေသော သုန်းကုန်းမင်ယွဲ့ကို လင်းလောင်တောင်ထိပ်မှ ခေါ်ဆောင်သွားပြီး သူတို့၏ ပုံမှန်လေ့ကျင့်ရေးတာဝန်ကို စတင်လိုက်တော့သည်။
......
အခန်း ၃၆၆- အစ်မ ယွင်ရှီးက ကျွန်မရဲ့ အစ်မပါပဲ...
~သုန်းကုန်းမင်ယွဲ့နှင့် သိုင်းပညာအချို့ ဖလှယ်ပြီးနောက် ဝိညာဉ်ခြင်ဆီများစွာ ရရှိခဲ့သည့်အပြင် မိုးကြိုးနယ်ပယ် ဉာဏ်အလင်းအတွက် ဆုလာဘ်များပါ ပိုင်ဆိုင်ခဲ့ရသဖြင့် လုရီတစ်ယောက် အကြွင်းမဲ့ ကျေနပ်ပီတိ ဖြစ်နေတော့၏။
အနားယူနေစဉ်အတွင်း လုရီသည် သုန်းကုန်းမင်ယွဲ့တစ်ယောက် တစ်စုံတစ်ရာကို ပြောရန် ချီတုံချတုံဖြစ်နေသည်ကို သတိထားမိလိုက်သောကြောင့် စူးစမ်းလိုစိတ်ဖြင့် မေးလိုက်လေသည်။
"ဘာဖြစ်လို့လဲ ညီမလေး၊ မင်း တစ်ခုခု စိတ်ထဲရှိနေပုံပဲနော်။"
သုန်းကုန်းမင်ယွဲ့မှာ ရုတ်တရက် တင်းမာသွား၏။ သူမ၏ ချစ်စဖွယ်မျက်နှာလေးမှာ အနည်းငယ် နီမြန်းလာသည်။
"မ... ဘာမှ မဖြစ်ပါဘူး။ အစ်ကိုကြီးကပဲ အတွေးလွန်နေတာပါ။" ဟု သူမက ခွန်းတုံ့ပြန်လိုက်သည်။
လုရီလည်း ထပ်မမေးတော့ဘဲ ဤသို့ အကြံပြုလိုက်၏။
"ငါတို့နှစ်ယောက်လုံး တိုက်ခိုက်တာကြောင့် ပင်ပန်းနေပြီပဲ။ ဂူစံအိမ်ကို ပြန်ပြီး တာအိုဆွေးနွေးရင်း စကားစမြည် ပြောကြမလား။"
ထိုအခါ သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ အရောင်တောက်သွား၏။ ခေါင်းညိတ်ကာ "ကောင်းသားပဲ"ဟု သဘောတူလိုက်သည်။
ထိုအခိုက်အတန့်၌ နှစ်ယောက်သား လုရီ၏ ဂူစံအိမ်သို့ ပြန်လာကြ၏။ လုရီသည် ဝိညာဉ်ဝိုင်နှင့် ဝိညာဉ်အစာအချို့ကို ထုတ်ပေးလေသည်။
လျိုနင်ရွှမ်း မရှိသဖြင့် သူနှင့် သုန်းကုန်းမင်ယွဲ့ နှစ်ဦးတည်းသာ ရှိကြ၏။ သူတို့နှစ်ယောက်သား မိုးကြိုးတာအိုအကြောင်း ဆွေးနွေးရင်း စကားပြောဆိုနေကြလေသည်။
သုန်းကုန်းမင်ယွဲ့မှာ ဝိုင်ကို အလျင်စလို သောက်လိုက်ရာ သူမ၏ ချစ်စဖွယ်မျက်နှာလေးမှာ မကြာမီပင် နီရဲလာ၏။ မျက်လုံးများမှာလည်း ဝိုင်ရှိန်ကြောင့် မှေးစင်းစ ပြုနေတော့၏။
လုရီမှာ မျက်နှာပေါ်တွင် မည်းမှောင်သော မျဉ်းကြောင်းများဖြင့် တွေးလိုက်၏။
ဒီကောင်မလေး သောက်ပြီ ဆိုတာနဲ့ တစ်ခါတည်း ဆူညံ ပွက်လောရိုက်တော့တာပဲ။
"ဂျူနီယာညီမလေး၊ မင်း နည်းနည်း လျှော့သောက်သင့်တယ်။" ဟု လုရီက တိုက်တွန်းလိုက်၏။
သူ့ညီမလေး၏ သောက်တတ်သည့် အကျင့်မှာ ဘယ်သောအခါမှ မကောင်းခဲ့ချေ။ သူမ အရက်မူးပြီး ရမ်းကားမည်ကို သူ အမှန်တကယ် စိုးရိမ်မိသည်။
ထိုစဉ်မှာပင် သုန်းကုန်းမင်ယွဲ့ ရုတ်တရက် ထရပ်လိုက်၏။ ကုလားထိုင်ပေါ် တက်ရပ်လိုက်သည်။ ခြေတစ်ဖက်ကို စားပွဲပေါ် တင်လိုက်၏။ တဆက်တည်း၌ ခါးထောက်လျက် လုရီကို မာန်ပါပါကြည့်ကာ မာန်ပါပါပင် ကြွေးကြော်လိုက်တော့၏။
"အစ်ကိုကြီး! ကျွန်မ ပြောပါရစေ! အစ်ကိုကြီးက ဒီကောင်မလေးရဲ့လူပါ! ယွင်ရှီးနဲ့ တခြားစီနီယာအစ်မတွေကိုလည်း တစ်ယောက်ပြီးတစ်ယောက် နှိမ်နင်းပြမယ်"
လုရီက ခေါင်းတစ်ခုလုံး မည်းမှောင်သော မျဉ်းကြောင်းများဖြင့် တွေးလိုက်မိ၏။
ဟောဗျာ ဒီတစ်ခါလည်း သောက်ပြီးတာနဲ့ ဆူညံ ပွက်လောရိုက်တော့တာပဲ။
"ဟုတ်၊ ဟုတ်ကဲ့၊ ညီမလေးက အတော်ဆုံးပဲ၊ ဘယ်သူမှ မယှဉ်နိုင်တဲ့ ညီမလေး" ဟု
လုရီက အနည်းငယ် ကူရာမဲ့စွာ သူမကို ခွင့်လွှတ်ပေးလိုက်ပြီး ခွန်းတုံ့ပြန်လေသည်။
သုန်းကုန်းမင်ယွဲ့မှာ ကျေနပ်အားရစွာ ခေါင်းညိတ်လိုက်၏။ ကုလားထိုင်ပေါ်မှ ခုန်ဆင်းလိုက်သည်။ လုရီဘေးတွင် ထိုင်လိုက်ပြီး သူ့ကို မရပ်မနား စိုက်ကြည့်နေတော့သည်။
သူမ၏ စူးရှသော အကြည့်များကြောင့် အနည်းငယ် ရှက်ရွံ့သွားသည့် လုရီက မေးမြန်းလိုက်၏။
"ဂျူနီယာ ညီမလေး၊ မင်း ဘာလို့ ငါ့ကို အဲဒီလို ကြည့်နေတာလဲ။"
"ဒီကောင်မလေးက အစ်ကိုကြီးကို ကျွန်မရဲ့ တံဆိပ်နဲ့ အမှတ်အသားပြုဖို့ လိုအပ်တယ်လို့ တွေးနေတာပါ။" ဟု သုန်းကုန်းမင်ယွဲ့က ပြန်ဖြေလေသည်။
အရက်ရှိန်ကြောင့် ရဲတင်းလာသော
သုန်းကုန်းမင်ယွဲ့သည် လုရီထံ ပိုမိုနီးကပ်စွာ တိုးကပ်လာ၏။
ဝိုင်နံ့ သင်းသင်းနှင့် သူမ၏ ကိုယ်သင်းနံ့လေးမှာ လေထုထဲ ပြန့်လွင့်သွား၏။ လုရီသည် သူ့နှုတ်ခမ်းပေါ်တွင် နူးညံ့စွာ ထိတွေ့မှုကို ခံစားလိုက်ရတော့သည်။
သို့သော် သုန်းကုန်းမင်ယွဲ့မှာ အတွေ့အကြုံ မရှိသေးသည်မှာ ထင်ရှားသဖြင့် ထိုထိတွေ့မှုမှာ ငြိမ်သက်နေဆဲပင် ဖြစ်လေ၏။
ဤသို့သော အခွင့်အရေးကို ကြုံရချိန်တွင် လုရီက လက်လွှတ်ခံမည် မဟုတ်ဘဲ၊ ရိုင်းစိုင်းစွာ ဦးဆောင်လှုပ်ရှားလိုက်တော့သည်။
"ညီမလေး၊ ငါတို့ နှစ်ကိုယ်တူ ကျင့်ကြံဖို့ အကောင်းဆုံး အခွင့်အရေးပဲ။ ဘယ်လိုလဲ။"
ထိုသို့ သူက မေးမြန်းလိုက်ရာ၊
"အဲ! အာ?! မဟုတ်ဘူး၊ မဟုတ်ဘူး၊ ဒါ မဖြစ်ဘူး!" ဟု သုန်းကုန်းမင်ယွဲ့မှာ အနည်းငယ် ကြောက်လန့်သွားပြီး လျင်မြန်စွာ ငြင်းဆန်လေတော့သည်။
သူမသည် အနည်းငယ် ရုန်းကန်နေသော်လည်း လုရီ၏ ရုပ်ခန္ဓာ ခွန်အားကို သူမ မည်သို့ ယှဉ်နိုင်ပါတော့မည်နည်း။
သူမသည် အလွယ်တကူပင် လုရီ၏ လက်အောက်ခံဖြစ်သွားတော့၏။
ထို့ကြောင့် မကြာမီပင် ဂူစံအိမ်ထဲတွင် နဂါးနှင့် ဖီးနစ်ငှက်တို့၏ သီချင်းသံများ ပဲ့တင်ထပ်လာတော့သည်။ နက်နဲဆန်းကြယ်သော ယင်နှင့်ယန် တာအို စွမ်းအင်များ စီးဆင်းနေတော့၏။
နှစ်ရက်အကြာတွင် နဂါးနှင့် ဖီးနစ်ငှက်တို့၏ အော်မြည်သံများ တဖြည်းဖြည်း တိတ်ဆိတ်သွားလေသည်။
လုရီသည် အနားယူခန်းမှ အရင်ကအတိုင်း ခြေလှမ်းကျဲကျဲဖြင့် ထွက်လာ၏။ သူ့မျက်နှာတွင် ပြည့်စုံမှုမရှိသေးသည့် ဆန္ဒ၏ အငွေ့အသက်များ ရောင်ပြန်ဟပ်နေတော့သည်။
လုရီ၊ ယွင်ရှီးနှင့် ပထမဆုံး နှစ်ကိုယ်တူ ကျင့်ကြံစဉ်က သူမ၏ ခွန်အားမှာ
သုန်းကုန်းမင်ယွဲ့နှင့် ဆင်တူ၏။ ရုပ်ခန္ဓာ၏ ကြံ့ခိုင်မှုမှာလည်း သိပ်မကွာခြားခဲ့ချေ။ သို့သော် သုန်းကုန်းမင်ယွဲ့မှာ
ယွင်ရှီးလောက်ပင် ကြာကြာ မခံနိုင်ဘဲ နှစ်ရက်အကြာတွင် လက်လျှော့ခဲ့လေသည်။
ဖြစ်ကောင်းဖြစ်နိုင်သည်မှာ သူ့ဂျူနီယာ ညီမလေးသည် ပိုမို ခံစားလွယ်သောကြောင့် ဖြစ်မည်လား။
လုရီမှာ အမှန်တကယ် စိတ်ပျက်အားငယ်မိသည်။ ဤရက်ပိုင်းအတွင်း သူသည် ကောင်းကင်နဂါးသူတော်စင်သားတော်ထံမှ ရရှိခဲ့သည့် အစစ်အမှန် နဂါး၏ သွေး အဆီအနှစ် ဆုလာဘ်များဖြင့် ကျင့်ကြံခဲ့ရာ သူ၏ ဝိဉာဉ် စွမ်းအင်များ တရွှင်ရွှင်တိုးတက်လာ၏။ ရုပ်ခန္ဓာ ခွန်အားမှာလည်း အရင်ကထက် အများကြီး ပိုမိုများပြားလာခဲ့၏။
သုန်းကုန်းမင်ယွဲ့ ဆက်မလုပ်နိုင်တော့ချိန်တွင် လုရီမှာ သူ ထပ်မံ စတင်နေဆဲဟု ခံစားခဲ့ရလေသည်။
၎င်းသည် အတော်လေး စိတ်ပျက်ဖွယ် ကောင်းသည်။
သက်ပြင်းရှည်ကြီး ချလိုက်ရင်း လုရီက တွေးလိုက်၏။
ဂျူနီယာညီမလေးနဲ့ ယွင်ရှီး နှစ်ယောက်လုံးနဲ့အတူတူ ကျင့်ကြံခွင့်သာ ရမယ်ဆိုရင်တော့ ငါ ပိုပြီး ကျေနပ်နိုင်မှာပဲ။
ထိုစဉ် သုန်းကုန်းမင်ယွဲ့မှာ မေ့မြောနေဆဲဖြစ်ပြီး လုရီသည် ကျင့်ကြံရေးခန်းသို့ ပြန်လာကာ အလုပ်များမှ ဆုလာဘ်များကို စစ်ဆေးရန် စတင်တော့သည်။
အလုပ်များ...
* ဂျူနီယာ ညီမလေး သုန်းကုန်းမင်ယွဲ့ ချစ်မိသွားခြင်း (ပြီးစီး)
* မဟာယာန အခင်းအကျင်းကြီးကို ဖော်ထုတ်ခြင်း (ပြီးစီး)
* ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ အဆင့်ချိုးဖျက်ခြင်း (ပြီးစီး)
အရင်က ယွင်ရှီးနှင့် အခြေအနေတူစွာပင်၊
နှစ်ကိုယ်တူ ကျင့်ကြံပြီးနောက် သူ့ဂျူနီယာ
ညီမလေးကို သူ့အား ချစ်မိစေသည့် အလုပ်မှာလည်း ပြီးစီးပြီဟု မှတ်ယူလိုက်၏။
ထို့အပြင် ယခင်က ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ အဆင့် ချိုးဖြတ်ခြင်းနှင့်
မဟာယာန အခင်းအကျင်းကြီးကို ဖွဲ့တည်ခြင်း အလုပ်များလည်း ရှိသေးသည်။
ဂျူနီယာ ညီမလေးကို သူ့အား ချစ်မိစေသည့် အလုပ်၏ ဆုလာဘ်များမှာ မိုးကြိုးစိတ်ဆန္ဒ လေးဆယ် ရာခိုင်နှုန်း၊
ရွှေအူတိုင် စွမ်းရည် "မိုးကြိုး တစ်ထောင်ကျင့်စဉ်" နှင့် အလယ်အလတ်အဆင့် ရတနာ 'ခရမ်းရောင် မိုးကြိုး သရဖူ'တို့ ဖြစ်သည်။
ဤအလုပ်ကို သူ ခွန်အား နည်းပါးနေချိန်ကတည်းက ကြာမြင့်စွာကတည်းက ထုတ်ပြန်ခဲ့ခြင်း ဖြစ်ပြီး ထိုစဉ်က ဆုလာဘ်များသည် အလွန်ပင် ရက်ရောသည်ဟု ခံစားခဲ့ရတော့၏။
သို့သော် ယခု လက်ရှိ လုရီအတွက်မူ ၎င်းတို့သည် ရိုးရိုး သာမန်ဟု ခံစားရတော့၏။
ထိုစဉ်က သူသည် အလုပ် မပြီးစီးသေးသောကြောင့် ချွတ်ယွင်းချက် ရှိနေသည်ဟုပင် ထင်ခဲ့သေးသည်။
အလုပ် ပြီးမြောက်ရန်အတွက် တကယ့် လက်တွေ့ လုပ်ဆောင်မှု လိုအပ်သည်ကိုသာ သူ ကြိုတင်သိခဲ့ပါက ဤအလုပ်ကို ပို၍ စောစောကတည်းက ပြီးစီးခဲ့ပြီး ဖြစ်ပေလိမ့်မည်။
ယခုမူ အလုပ်၏ ဆုလာဘ်များသည် အလွန်ပင် သာမန်ဟု ထင်ရတော့၏။
မိုးကြိုး စိတ်ဆန္ဒ လေးဆယ် ရာခိုင်နှုန်းသာ အနည်းငယ် အသုံးဝင်နေသေးသည်။
မိုးကြိုးစိတ်ဆန္ဒကို စုပ်ယူပြီးနောက် လုရီသည် သူ့၏ မိုးကြိုးနယ်မြေ အနည်းငယ် တိုးတက်လာသည်ဟု ခံစားရ၏။ တိုးတက်မှုပမာဏမှာ သူ့ဂျူနီယာညီမလေးနှင့် တစ်ကြိမ် သိုင်းပညာ ဖလှယ်ခြင်းမှ ရရှိသည့် အကျိုးကျေးဇူးများနှင့် ခန့်မှန်းခြေအားဖြင့် ညီမျှလေသည်။
၎င်းသည် လုရီကို ခဏတာ စကားမဲ့သွားစေ၏။ နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှ တိုးတက်မှုများပင် ဤထက် ပိုများလေသည်။
ရွှေအူတိုင် စွမ်းရည်နှင့် အလယ်အလတ်အဆင့် ရတနာအတွက်မူ လုရီက ၎င်းတို့ကို သိမ်းဆည်းလိုက်၏။ ၎င်းတို့အား
သူ့ဂျူနီယာညီမလေးကို ပေးဖို့ပင် ထည့်သွင်း စဉ်းစားမည် မဟုတ်ချေ။
ခေါင်းကို မာန်လျှော့ခါရင်း လုရီသည် အခြားဆုလာဘ်များကို ဆက်လက် စစ်ဆေးတော့သည်။
မဟာယာန အခင်းအကျင်းကြီးကို ဖွဲ့တည်ခြင်းအတွက် ဆုလာဘ်မှာ အခင်းအကျင်း တာအို ဉာဏ်အလင်း တိုးမြှင့်ခြင်းနှင့် မွေးရာပါ အခင်းအကျင်း ပုံစံ အပိုင်းအစ
တစ်ခု ဖြစ်သည်။
ယခုတစ်ကြိမ် အခင်းအကျင်း တာအို နယ်ပယ်အတွက် ဉာဏ်အလင်း သည် ယခင်က ပေါင်းစည်းခြင်း အခင်းအကျင်းကို ဖော်ထုတ်ခြင်းမှ ရရှိသည့် ဆုလာဘ်များထက် များစွာ သာလွန်၏။
ဉာဏ်အလင်း အားလုံးကို နာရီပေါင်းများစွာ အပြည့်အဝ စုပ်ယူပြီးနောက်တွင်ပင်
လုရီသည် ၎င်းကို ဆက်လက် ပေါင်းစည်းရဦးမည် ဖြစ်၏။
သူ့ကျင့်ကြံရေးခန်းကို ဖုံးကွယ်အခင်းအကျင်းဖြင့် ကာကွယ်မထားပါက အခင်းအကျင်းတာအို၏ ဆန်းကြယ်မြင်ကွင်းများမှာ ကောင်းကင်သို့ ပျံတက်သွားပြီး တိမ်ဖြူဂိုဏ်း တစ်ခုလုံးကိုပင် လှုပ်ခတ်စေတော့မည်ပင် ဖြစ်ပေလိမ့်မည်။
ထိုမွေးရာပါ အခင်းအကျင်း ပုံစံ အပိုင်းအစသည် လုရီအတွက် အပျော်ရွှင်ဆုံး အံ့အားသင့်စရာ ဖြစ်တော့သည်။
ကံကြမ္မာ ကောင်းသော အခြေအနေအချို့တွင် ကောင်းကင်နှင့် မြေကြီး၏ အခြေခံသဘောတရားများသည် ပေါင်းစပ်လာကာ မွေးရာပါ အခင်းအကျင်း ပုံစံများကို ဖြစ်ပေါ်စေပြီး စိတ်ကူးမယဉ်နိုင်သော စွမ်းအားများ ပါဝင်သည်။ အခင်းအကျင်း ပညာရှင် တစ်ဦးအတွက်မူ ၎င်းတို့သည် အဖိုးအထိုက်တန်ဆုံး ပစ္စည်းများပင် ဖြစ်၏။
၎င်းတို့သည် မွေးရာပါ အခင်းအကျင်း ပုံစံတွင် ပါဝင်သော အခင်းအကျင်း တာအို၏ နက်နဲဆန်းကြယ်မှုများကို နားလည်နိုင်သည်။ အချို့ကိစ္စများတွင် မွေးရာပါ အခင်းအကျင်း ပုံစံသည် အခင်းအကျင်းပညာရှင်အား မဟာအခင်းအကျင်းကိုပင် တည်ဆောက်ရာတွင် အကူအညီပေးနိုင်လေသည်။