← Chapters

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း (၃၆၇-၃၆၉)

Vol. 25 Ch. 367-369

အခန်း ၃၆၇- အစ်မ ယွင်ရှီးက ကျွန်မရဲ့ အစ်မပါပဲ...

~မွေးရာပါ အခင်းအကျင်း ပုံစံ အပြည့်အစုံသာဆိုလျှင် ၎င်းသည် အင်မော်တယ် ရတနာ အဆင့်သို့ ရောက်ရှိပေလိမ့်မည်။ မွေးရာပါ အခင်းအကျင်းပုံစံ၏ အပိုင်းအစ တစ်ခုသာ ဖြစ်သော်လည်း ၎င်းသည် ပျက်စီးနေသော အင်မော်တယ် ရတနာ၏ အပိုင်းအစ ဖြစ်နေဆဲဖြစ်ပြီး အမြင့်ဆုံးအဆင့် ဝိညာဉ်လက်နက်များထက်ပင်

တန်ဖိုးရှိကာ အလွန်ပင် အဖိုးတန်လေသည်။

ထိုအခါ လုရီသည် သူ၏ အလုပ် ဆုလာဘ်ကို ကောက်ယူလိုက်၏။ သူ့လက်ထဲတွင် လက်ဝါးတစ်ဝက်ခန့် အရွယ်ရှိ နက်နဲဆန်းကြယ်သော အဖြူရောင် မှော်စာလုံး တစ်ခု ပေါ်လာ၏။

ဤမွေးရာပါ အခင်းအကျင်း ပုံစံသည် လုရီ ကိုယ်တိုင် ထွင်းထုထားသော အခင်းအကျင်းပုံစံများနှင့် ကွဲပြား၏။ ၎င်းတွင် ရုပ်ပိုင်းဆိုင်ရာ ပုံစံရှိပြီး ကောင်းကင်နှင့် ကမ္ဘာ၏ စွမ်းအားဖြင့် ထွင်းထုထားခြင်းဖြစ်ပြီး ၎င်းတို့၏ ခွန်အားကို ကိုယ်စားပြုလေသည်။

လုရီ၏ လက်ထဲရှိ မွေးရာပါ အခင်းအကျင်း ပုံစံ အအပိုင်းအစသည် သတ်ဖြတ်ခြင်းအခင်းအကျင်း၏ အပိုင်းအစ တစ်ခု ဖြစ်ပြီး ကောင်းကင်နှင့် ကမ္ဘာကြားရှိ သတ်ဖြတ်ခြင်းစွမ်းအားကို ပိုင်ဆိုင်ထား၏။

ဤမွေးရာပါ အခင်းအကျင်း ပုံစံ အပိုင်းအစကြောင့် သူ၏ သတ်ဖြတ်ခြင်းအခင်းအကျင်းကို နားလည်မှုမှာ များစွာ ပိုမို ထိရောက်လာပေလိမ့်မည်။ ထို့အပြင် သတ်ဖြတ်ခြင်းအခင်းအကျင်းများကို တည်ဆောက်ခြင်းသည်လည်း အလွန်ကောင်းမွန်သော ရလဒ်များ ရရှိစေမည် ဖြစ်၏။

တဆက်တည်း၌ သူ၏ ကောင်းကင် အခင်းအကျင်းမြေပုံကြောင့် မဟာယာန နယ်ပယ်အဆင့်ရှိ အခင်းအကျင်းကြီးများကိုပင်အလွယ်တကူ တည်ဆောက်နိုင်တော့မည် ဖြစ်သည်။

လုရီသည် အဖြူရောင် မှော်စာလုံးကို သူ့၏ ဒန်တျန်ထဲသို့ စုပ်ယူလိုက်၏။

အဖြူရောင် မှော်စာလုံးသည် သူ၏ အခြေတည်ဝိဉာဉ်ပတ်လည်တွင် ပတ်ဝန်းကျင်၌ ပျံဝဲနေ၏။

အခြေတည်ဝိဉာဉ်ပတ်လည်တွင် တာအို စွမ်းအင် အမျှင်များ စီးဆင်းနေ၏။ သက်တံရောင်ခြည် ခုနစ်သွယ်သည် အဖြူရောင် အခင်းအကျင်းပုံစံထဲသို့ ဖြည်းညှင်းစွာ ပေါင်းစပ်ဝင်ရောက်ကာ ၎င်းကို မှိန်ဖျော့သော အလင်းရောင်ဖြင့် တောက်ပစေပြီး တာအို၏ နက်နဲဆန်းကြယ်သော အနှစ်သာရကို ပါဝင်စေတော့၏။

၎င်းသည် လုရီ၏ နှလုံးသားကို ပျော်ရွှင်မှုများဖြင့် ပြည့်လျှံစေခဲ့၏။ သူ၏ အခြေတည်ဝိဉာဉ်လေးသည် တာအို၏ စွမ်းအားမှ လုံးဝ သိပ်သည်းစွာ ဖြစ်ပေါ်လာခြင်းပင် ဖြစ်၏။ ဤမွေးရာပါ ဖွဲ့စည်းပုံပုံစံ အပိုင်းအစကို အချိန်ကြာလာသည်နှင့်အမျှ ပြုစုပျိုးထောင်နိုင်ပါက တစ်နေ့တွင် ၎င်းသည် ပြည့်စုံလာပြီး အင်မော်တယ် ရတနာ အဆင့်ရှိ အစွမ်းထက်သော ပစ္စည်းတစ်ခုဖြစ်သည့် ပြည့်စုံသော မွေးရာပါ ဖွဲ့စည်းပုံပုံစံအဖြစ် ပြောင်းလဲသွားနိုင်ပေလိမ့်မည်။

ထိုအချိန်ရောက်သောအခါ ၎င်းသည် သူ့အတွက် အရေးပါသော အကူအညီတစ်ခု ဖြစ်လာပေလိမ့်မည်။

နောက်ဆုံးတစ်ခုမှာ ဟင်းလင်းပြင်ဥမင် နယ်ပယ်သို့ အဆင့်ချိုးဖျက်ခြင်းအတွက် လုပ်ငန်းတာဝန်ဖြစ်ပြီး ဆုလာဘ်များတွင် ဉာဏ်အလင်း လက်ဖက်ပင် မျိုးစေ့တစ်စေ့၊ ဉာဏ်အလင်း လက်ဖက် ဂရမ် တစ်ရာ၊ အမြင့်ဆုံးအဆင့် ဝိညာဉ်အသုံးအဆောင် 'ဟင်းလင်းပြင် ချိုးဖြတ်လှေ'၊

လျှို့ဝှက်နည်းစနစ် 'ဟင်းလင်းပြင်ငယ် သိုင်းနည်းစနစ်' နှင့် သီးသန့်စွမ်းရည်အဆင့် တိုးမြှင့်မှု သုံးခု တို့ ပါဝင်သည်။

နယ်ပယ်ကြီးများသို့ ချိုးဖျက်ခြင်းနှင့် ပတ်သက်သည့် အလုပ်များ၏ ဆုလာဘ်များသည် အမြဲတမ်းပင် များပြားခဲ့ပြီး လုရီသည် ဤအရာကို အကျွမ်းတဝင် ဖြစ်နေပြီဖြစ်သည်။

ဉာဏ်အလင်း လက်ဖက်ပင် မျိုးစေ့နှင့် ဉာဏ်အလင်း လက်ဖက်အကြောင်းကို အများကြီး ပြောရန် မလိုအပ်ပါပေ။

အမြင့်ဆုံးအဆင့် ဝိညာဉ်အသုံးအဆောင် 'ဟင်းလင်းပြင် ချိုးဖြတ်လှေ'သည် ဝိညာဉ်စွမ်းအင်ကို သုံးစွဲသည့် ထူးခြားကောင်းမွန်သော ပျံသန်းရေး ရတနာတစ်ခု ဖြစ်၏။ ၎င်းသည် ဟင်းလင်းပြင်ကိုပင် ဖောက်ခွဲနိုင်ပြီး ၎င်းကို ဖြတ်ကျော်ကာ ကြယ်တာရာမြစ်များကြားတွင်ပင် ပျံသန်းနိုင်လေသည်။

၎င်းသည် ဘဲဥပုံသဏ္ဌာန် ငွေရောင်သတ္တု ပျံသန်းလှေတစ်စင်း ဖြစ်ပြီး ၎င်းပေါ်တွင် မှော်စာလုံးများ အပြည့်အစုံ ထွင်းထုထား၏။

ဤဖော်ပြချက်ကို မြင်သောအခါ လုရီ၏ မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းသွားတော့၏။

ပျံသန်းရန် ဟင်းလင်းပြင်ကို ထိုးဖောက်ခြင်းနှင့် စကြာဝဠာကို ဖြတ်ကျော်နိုင်ခြင်းဆိုသည်မှာ အမှန်စင်စစ် စကြာဝဠာ အာကာသယာဉ် (Cosmic Spaceship) မဟုတ်ပါလော။

ထို့အပြင် ၎င်းသည် သူ၏ ယခင်ဘဝ သိပ္ပံစိတ်ကူးယဉ် ရုပ်ရှင်များတွင်သာ မြင်ဖူးသည့် အမျိုးအစားဖြစ်ပြီး စကြာဝဠာ၏ ပိုးကောင်တွင်းများကို ဖြတ်သန်းနိုင်ခြင်း ဖြစ်၏။

အတော်လေးကို အဓိပ္ပာယ်မရှိပေ။

သို့သော်လည်း လုရီမှာ အလွန် ပျော်ရွှင်နေဆဲပင်။ ထိုကဲ့သို့သော အမြင့်ဆုံးအဆင့် ဝိညာဉ် အသုံးအဆောင်သည် ဝိညာဉ်စွမ်းအင် အများအပြားကို စားသုံးသော်လည်း ၎င်း၏ ဟင်းလင်းပြင်ကို ဖြတ်သန်းနိုင်ခြင်းသည် အလွန်အမင်း မြန်ဆန်လိမ့်မည် မဟုတ်ပါလော။ ကပ်ဘေးဖြတ်ကျော် ကျင့်ကြံသူများပင် ဖမ်းဆီးနိုင်မည် မဟုတ်ချေ။

ဤ'ဟင်းလင်းပြင် ချိုးဖြတ်လှေ'ဖြင့် လုရီသည် သူ၏ ဘေးကင်းလုံခြုံမှု များစွာ တိုးလာသည်ဟု ခံစားရ၏။ ကပ်ဘေးဖြတ်ကျော်နယ်ပယ်မှ ရှေးဟောင်းဘိုးဘေးများနှင့် ရင်ဆိုင်ရလျှင်ပင် သူ အနိုင်မယူနိုင်ခဲ့လျှင်ပင် ထွက်ပြေးနိုင်သေးသည် မဟုတ်ပါလော။

လျှို့ဝှက်ကျင့်စဉ် "ဟင်းလင်းပြင်ငယ်ကျင့်စဉ်" အတွက်မူ ဤဆုလာဘ်သည်

လုရီကို အကြီးအကျယ် အံ့အားသင့်စေပြန်ပါသည်။

ဤလျှို့ဝှက်ကျင့်စဉ်သည် ကျင့်ကြံသူများအား ဟင်းလင်းပြင်၏ စွမ်းအားကို နားလည်စေပြီး သူတို့၏ ကိုယ်ခန္ဓာဖြင့်ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာနိုင်စေကာ အလွန်ပင် ကြောက်မက်ဖွယ်ကောင်းသော ထွက်ပြေး လွတ်မြောက်ခြင်း နည်းလမ်းပင် ဖြစ်၏။

"ဟင်းလင်းပြင်ငယ် ကျင့်စဉ်"၏ မိတ်ဆက်အရ ၎င်းသည် နက်နဲပြီး ကြီးမားသော နေရာလပ် တာအိုနှင့် သက်ဆိုင်၏။ အကယ်၍ တစ်စုံတစ်ဦးသည် အသေးစားဟင်းလင်းကျင့်စဉ်ကို အမြင့်ဆုံးအထိ ကျွမ်းကျင်ပိုင်နိုင်ပါက နေရာလပ် တာအို၏ နက်နဲဆန်းကြယ်မှုများကို မြင်တွေ့နိုင်ပြီး နေရာလပ် နိယာမကို နားလည်နိုင်မည့် အခွင့်အရေးရှိနိုင်ပေလိမ့်မည်။

ဟင်းလင်းပြင်ငယ်ကျင့်စဉ်အထက်တွင် "မဟာဟင်းလင်းကျင့်စဉ်" ရှိပြီး ၎င်းသည် နေရာလပ် နိယာမကို ကျွမ်းကျင်ပိုင်နိုင်ပြီးမှသာ နားလည်နိုင်သော လျှို့ဝှက်ကျင့်စဉ် တစ်ခုဖြစ်ရာ အင်မော်တယ် ကျင့်စဉ်တစ်ခုအဖြစ်ပင် သတ်မှတ်နိုင်၏။

နေရာလပ် နိယာမကို အခြေခံပြီး စဉ်းစားရုံဖြင့် အဆုံးမဲ့ဟင်းလင်းပြင်များကို ချေဖျက်နိုင်၏။ ၎င်းသည် မယုံနိုင်လောက်အောင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားပင် ဖြစ်သည်။

လုရီသည် "အသေးစား ဟင်းလင်းကျင့်စဉ်" ကို ကျွမ်းကျင်ပိုင်နိုင်ရန် မျှော်လင့်နေပြီး ၎င်းကို သူ၏ ကျင့်ကြံခြင်းအစီအစဉ်တွင် ဦးစားပေးနေရာတွင် ထားရှိလိုက်၏။ နေရာလပ် နိယာမ

သူသည် "အသေးစားဟင်းလင်းကျင့်စဉ်" ကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီး နေရာလပ် နိယာမကို ကျွမ်းကျင်ပိုင်နိုင်ရန် သူ ဆုံးဖြတ်ထား၏။

နေရာလပ် နိယာမ မရှိလျှင်ပင် မိမိကိုယ်ကို ဟင်းလင်းပြင်နှင့် ပေါင်းစပ်ပြီး ၎င်းကို ဖြတ်သန်းသွားလာခြင်းသည် အသက်ကို ကယ်တင်ရန် အလွန် အစွမ်းထက်သော နည်းလမ်းပင် ဖြစ်လေသည်။

မည်သည့် ကျင့်ကြံသူမဆို အနိုင် သို့မဟုတ် အရှုံးသည် အရေးအကြီးဆုံး မဟုတ်ချေ။ အဓိကမှာ လွတ်မြောက်နိုင်ပြီး ပိုမိုကြာရှည်စွာ အသက်ရှင်နေနိုင်ခြင်း ဖြစ်၏။

တစ်စုံတစ်ဦးသည် အမှန်တကယ် မယှဉ်နိုင်လောက်အောင် အစွမ်းထက်မနေသမျှ မိမိထက် ပိုမို အစွမ်းထက်သည့် သတ္တဝါများ အမြဲတမ်း ရှိနေမည်ပင် ဖြစ်သည်။ ထိုကဲ့သို့သော တည်ရှိမှုများနှင့် ရင်ဆိုင်ရချိန်တွင် ထွက်ပြေး လွတ်မြောက်နိုင်ခြင်းဆိုသည်မှာ အနာဂတ်အတွက် မျှော်လင့်ချက် ရှိနေသေးခြင်းပင် မဟုတ်ပါလော။

အလုပ် ဆုလာဘ်မှ နောက်ဆုံး သတ်မှတ်ထားသော စွမ်းရည်အဆင့် +၃ ကို လုရီက အချိန်တန်သောအခါ "အင်မော်တယ်ဓားကျမ်း" ၏ ဟင်းလင်းပြင်ဥမင် အခန်းတွင် အသုံးပြုရန် ရည်ရွယ်ထားလိုက်သည်။

သူ၏ ရရှိလာမှုအားလုံးကို စာရင်းသွင်းပြီးနောက် လုရီသည် ကျင့်ကြံရေးခန်း အပြင်ဘက်မှ အသံ တစ်ခုကို ကြားလိုက်ရတော့သည်။

လုရီသည် မျက်ခုံးပင့်လိုက်၏။

ကျင့်ကြံရေးခန်းမှ ထွက်လာသည်။

သုန်းကုန်းမင်ယွဲ့သည် ကုလားထိုင်ပေါ်တွင် ပင်ပန်းနွမ်းနယ်နေသော ပုံစံဖြင့် ထိုင်နေသည်ကို တွေ့လိုက်ရ၏။

လုရီကို မြင်သောအခါ သုန်းကုန်းမင်ယွဲ့၏ ကိုယ်ခန္ဓာ တောင့်တင်းသွား၏။

သူမ လည်ပင်းကို ကျုံ့လိုက်ကာ ခြောက်သွေ့စွာ ရယ်မောရင်း "စီနီယာအစ်ကို" ဟု နှုတ်ဆက်လေသည်။

လုရီက ပြုံးလျက် လျှောက်လာ၍ မေးလိုက်၏။ "ဂျူနီယာညီမလေး၊ ကောင်းကောင်း အနားယူခဲ့လား။"

သုန်းကုန်းမင်ယွဲ့မှာ အနည်းငယ် နောက်ဆုတ်သွားပြီး "မဆိုးပါဘူး။" ဟု ဖြေကြားလေသည်။

လုရီ၏ မျက်လုံးများ အရောင်တောက်လာရင်း တိုက်တွန်းလိုက်တော့သည်။

"တကယ်လား။ ကောင်းတာပေါ့။ ငါတို့ နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို ဆက်လုပ်ကြမလား။"

"မလုပ်ဘူး!" သုန်းကုန်းမင်ယွဲ့က လျင်မြန်စွာ ငြင်းဆန်လေတော့သည်။

လုရီမှာ အနည်းငယ် စိတ်ပျက်သွားသော်လည်း သုန်းကုန်းမင်ယွဲ့ဘေးတွင် ထိုင်လိုက်ကာ ပြန်ပြောလိုက်လေသည်။

"ကောင်းပါပြီ။"

သုန်းကုန်းမင်ယွဲ့မှာ ထင်ရှားစွာပင် သက်ပြင်းချလိုက်၏။

တဆက်တည်း၌ သူမ၏ မျက်လုံးများ အရောင်တောက်လာ၏။ တစ်စုံတစ်ရာကို စဉ်းစားမိသကဲ့သို့ မာန်မာနကြီးစွာ ရယ်မောတော့၏။

"ဟဲဟဲဟဲ~"

သုန်းကုန်းမင်ယွဲ့ ရူးသွပ်စွာ ရယ်မောနေသည်ကို မြင်သောအခါ လုရီက နားမလည်စွာ မေးမြန်းလိုက်၏။

"ဂျူနီယာ ညီမလေး၊ မင်း ဘာဖြစ်နေတာလဲ။"

"ဘာမှ မဟုတ်ပါဘူး။ ငါ ပျော်နေတာပါ။ ဘာပဲဖြစ်ဖြစ် ငါက အစ်ကို့ရဲ့ တာအို လက်တွဲဖော် ဖြစ်လာတဲ့ ပထမဆုံးလူပဲလေ။"

သူမ၏ ရင်ထဲတွင် သုန်းကုန်းမင်ယွဲ့မှာ အလွန်ပင် ဂုဏ်ယူနေမိသည်။

ငါ... ငါက အစ်ကိုကြီးရဲ့ တာအို လက်တွဲဖော် ဖြစ်လာတဲ့ ပထမဆုံးလူပဲ..

ယွင်ရှီးတို့ စီနီယာအစ်မတို့ အားလုံး ငါ့နောက်မှာ ဖုန်တွေနဲ့ ကျန်ခဲ့ပြီ! ခစ်ခစ်...

အခန်း ၃၆၈- အစ်မ ယွင်ရှီးက ကျွန်မရဲ့ အစ်မပါပဲ...

~..သူတို့ကို တွေ့တာနဲ့ ငါ ကြွားရမယ်...

အထူးသဖြင့် ယွင်ရှီးဆိုတဲ့ မျက်နှာပြောင်တိုက်တဲ့ မိန်းမကိုပေါ့။ ဒီသတင်းကြားရင် သူ့မျက်နှာ ဘယ်လိုများ ပြောင်းလဲသွားမလဲလို့ ငါ စဉ်းစားမိတယ်

သုန်းကုန်းမင်ယွဲ့သည် တစိမ့်စိမ့် ပြုံးလိုက်၏။ အောင်ပွဲခံသည့် အပြုံးမျိုးပင်။

လုရီမှာ ထိုစကားကို ကြားသော် မျက်နှာမှာ ထူးဆန်းသော အမူအရာတစ်မျိုး ဖြစ်ပေါ်လာတော့သည်။ ဝမ်းသာအားရ ပျော်မြူးနေသော သုန်းကုန်းမင်ယွဲ့ကို ကြည့်ရင်း လုရီမှာ ယွင်ရှီးနှင့် သူ နှစ်ကိုယ်တူ ကျင့်ကြံခဲ့ပြီးပြီ ဖြစ်ကြောင်း ဖွင့်ဟပြောဆိုသင့် မပြောပြသင့် ဝေခွဲမရဖြစ်နေမိသည်။

သို့ဖြစ်သော်ငြားလည်း ညီမငယ်၏ စိတ်နေစိတ်ထားကို တွေးမိသည်နှင့် မကြာမီ သူမသည် ယွင်ရှီးဆီသို့ သွားရောက် ကြွားဝါတော့မည်ဟု သူ ယူဆလိုက်မိသည်။

'ဟူး... အဲဒီမြင်ကွင်းကို စဉ်းစားမိရုံနဲ့တင် ငါ

ခေါင်းကြိမ်းလာတယ်... ဘယ်လိုများ ဖြစ်ဦး

မလဲ မသိဘူး...'

လုရီသည် လည်ချောင်းတစ်ချက် ရှင်းလိုက်ပြီး

ခပ်တည်တည် ပြောဆိုလိုက်၏။

"စီနီယာ ညီမလေး... စီနီယာအစ်ကို ၊ စီနီယာ

ညီမလေးနဲ့ တိုင်ပင်ချင်တာ တစ်ခု ရှိတယ်"

သုန်းကုန်းမင်ယွဲ့က ပြုံးရွှင်သော မျက်နှာဖြင့်

လုရီကို ကြည့်ကာ

"ဘာလဲ စီနီယာအစ်ကို... ပြောလေ"

သူမ၏ မျက်နှာတွင် သိလိုစိတ်များ အထင်းသား ပေါ်နေလေသည်။

"ဒိီစီနီယာ အစ်ကိုက သားရဲတစ်သောင်းဂိုဏ်းအတွက် ဂိုဏ်း အကာအကွယ် အခင်းအကျင်း တည်ဆောက်တုန်းက ယွင်ရှီးနဲ့ နှစ်ကိုယ်တူ ကျင့်ကြံခဲ့ကြတယ်"

သုန်းကုန်းမင်ယွဲ့၏ မျက်နှာမှာ အံ့သြမှု၊

နားမလည်နိုင်မှုနှင့် သံသယတို့ ရောယှက်နေသော အမူအရာဖြင့် တဖြည်းဖြည်း မာကျော တောင့်တင်းလာခဲ့သည်။

"စီနီယာအစ်ကို... နင် ဘာပြောလိုက်တာလဲ"

လုရီမှာ အမြားကွိီး အပြစ်ရှိသလို ခံစားလိုက်ရသည်။

"ဒါကြောင့် ပထမဆုံးဆိုတာက တကယ်တော့

ယွင်ရှီး ဖြစ်သင့်တာ" ဟု သူက ဆက်လက် ထုတ်ဖော်လိုက်သည်။ သူ၏ အသံမှာ တဖြည်းဖြည်း တိုးလာလေသည်။

သုန်းကုန်းမင်ယွဲ့သည် ရုတ်ချည်း ထုံကျင်သွားပြီး အဖြူရောင် ရုပ်တုကြီးအဖြစ် ပြောင်းလဲသွားသကဲ့သို့ ဖြစ်နေသည်။ သူမ၏ မျက်နှာပေါ်မှ အပြုံးတို့သည် ရုတ်ချည်း ခမ်းခြောက်သွား၏။

'ဘာ! ငါက ပထမဆုံး မဟုတ်ဘူးလား! ဘယ်လိုလုပ် ဖြစ်နိုင်ရတာလဲ!'

သူမ၏ ရင်ထဲတွင် မုန်တိုင်းကြီးတစ်ခု ဖြတ်သန်းသွားသလို ခံစားလိုက်ရတော့သည်။

လုရီသည် တောင့်တင်းနေသော သုန်းကုန်းမင်ယွဲ့ကို စိုးရိမ်တကြီး ကြည့်ကာ

" ဂျူနီယာညီမလေး... အဆင်ပြေရဲ့လား"

သုန်းကုန်းမင်ယွဲ့မှာ သတိပြန်ဝင်လာသည်နှင့်

လုရီ၏ လက်မောင်းကို ခုန်ပေါက်၍ အားကုန် ကိုက်ချလိုက်လေတော့သည်။

"မကောင်းတဲ့ စီနီယာအစ်ကို! ဘယ်လိုလုပ် မျက်နှာပြောင်တိုက်တဲ့ ယွင်ရှီးကိုများ အရင်ဆုံး ထိရဲတာလဲ!" သူမ၏ အသံတွင် ဒေါသအရှိန်အဝါများ ပြည့်လျှံနေသည်။

သုန်းကုန်းမင်ယွဲ့သည် လုရီ၏ လက်မောင်းကို သွားများဖြင့် နစ်ဝင်အောင် ကိုက်ချလိုက်သည်။ လုရီက သူမ၏ သွားများ ကျိုးသွားမည်ကို စိုးရိမ်သဖြင့် သူ့ရုပ်ခန္ဓာကို တောင့်တင်းထားရန် မဝံ့ရဲချေ။

သူ နာကျင်မှုကြောင့် မျက်မှောင်ကြုတ်လိုက်ပြီး သုန်းကုန်းမင်ယွဲ့အား သူ့လက်မောင်းပေါ်တွင် ကိုက်ရာများစွာ ချန်ထားခဲ့ရန် ခွင့်ပြုလိုက်သည်။

သုန်းကုန်းမင်ယွဲ့သည် အလွန်အမင်း ဒေါသထွက်ကာ ရှိုက်ကြီးတငင် ငိုကြွေးတော့သည်။

လုရီကို ကိုက်ရင်း ငိုကြွေးရင်း

"အကျင့်ပုပ်တဲ့ စီနီယာအစ်ကို... ငါ နင့်ကို ကိုက်သတ်ပစ်မယ်!" ဟု ကြိမ်းဝါးလိုက်သည်။

သူမ၏ မျက်လုံးများ နီရဲနေလေသည်။

နာရီဝက်ကျော် ကြာအောင် ကိုက်ပြီးနောက် လုရီ၏ ကိုယ်ခန္ဓာတစ်ခုလုံး ကိုက်ရာများဖြင့် ပြည့်နှက်နေပြီး

သုန်းကုန်းမင်ယွဲ့လည်း နောက်ဆုံးတွင် လက်လွှတ်လိုက်ရ၏။ ဒေါသပြေသွားခြင်းကြောင့် မဟုတ်ဘဲ အားအင်ကုန်ခမ်းကာ လက်တွင် အားအင်များစွာ အသုံးပြုရန် ပင်ပန်းနွမ်းနယ်နေသောကြောင့် ဖြစ်လေသည်။

သုန်းကုန်းမင်ယွဲ့သည် လုရီကို ပြင်းပြင်းထန်ထန် စူးစိုက်ကြည့်ကာ

"ငါ ဂရုမစိုက်ဘူး! နင် ယွင်ရှီးနဲ့ ဘာတွေပဲ လုပ်ခဲ့လုပ်ခဲ့၊ ငါလည်း အတူတူ လိုချင်တယ်! သူ့ထက်ပိုပြီး ကောင်းတာတွေတောင် လိုချင်သေးတယ်!" ဟု ခပ်ပြတ်ပြတ် တောင်းဆိုလိုက်သည်။ သူမ၏ မျက်လုံးများတွင် ခံစားချက်များ ပြည့်လျှံနေလေသည်။

ထိုစကားကို ကြားသောအခါ လုရီ၏ မျက်နှာမှာ ထူးဆန်းသော အမူအရာ ဖြစ်ပေါ်လာသည်။ "ဂျူနီယာညီမလေး တကယ်ပြောတာလား" ဟု အသံတိုးတိုးဖြင့် မေးမြန်းလိုက်၏။

"တကယ်ပေါ့!" သုန်းကုန်းမင်ယွဲ့သည် သူမ၏ လက်နှစ်ဖက်ကို ပိုက်ထားပြီး ပါးစပ်ကို စူပုတ်ကာ၊ အလွန်ပင် စိတ်ဆိုးပြီး အတန်ငယ် ဂျစ်ကန်ကန် နိုင်ချေရှိသည်။

လုရီက ခေါင်းညိတ်လိုက်ပြီး ထရပ်လိုက်သည်။ သုန်းကုန်းမင်ယွဲ့ကို ပွေ့ချီကာ အိပ်ခန်းဆီသို့ ဦးတည်လိုက်သည်။ သူ၏ ခြေလှမ်းများမှာ လျင်မြန်လှ၏။

သုန်းကုန်းမင်ယွဲ့မှာ မာကျောသွားပြီး ရုတ်ချည်း ရုန်းကန်ရင်း "စီနီယာအစ်ကို ဘာလုပ်နေတာလဲ!" ဟု အသံကုန် အော်ဟစ်လိုက်သည်။ သူမ၏ မျက်လုံးများ ပြူးကျယ်နေလေသည်။

လုရီက အေးဆေး တည်ငြိမ်စွာ ဆိုလိုက်သည်။

" ဒီအစ်ကိုက ယွင်ရှီးနဲ့ ဘာတွေပဲ လုပ်လုပ် မင်းလည်း လုပ်ချင်တယ်လို့ ဂျူနီယာညီမလေး ပြောခဲ့တယ် မဟုတ်လား။ အစတုန်းက ယွင်ရှီးနဲ့ ငါ နှစ်ကိုယ်တူ ကျင့်ကြံခဲ့တာ တစ်လကျော်တယ်။ မင်းနဲ့ကျ နှစ်လလောက်တော့ လုပ်ရမယ် မဟုတ်လား။ ငါ နင်ကို နှစ်ဆ အချိန်ပေးမယ်",

သူ၏ အပြုံးမှာ ဆန်းကြယ်လှ၏။

သုန်းကုန်းမင်ယွဲ့- "????"

သူမ၏ မျက်လုံးများ ပြူးကျယ်လာလေကာ မျက်နှာမှာ သေမတတ် ဖြူဖျော့သွားပြီး ထိတ်လန့်တကြား အရိပ်အယောင် အပြည့် ဖြစ်နေတော့သည်။

'ဟူး... လွန်ခဲ့တဲ့ နှစ်ရက်ပဲ ရှိသေးတယ်။ ငါ သေမလိုပဲ ခံစားခဲ့ရတာ။ နှစ်လတဲ့လား...' သူမ၏ စိတ်ထဲတွင် ခြောက်ခြားမှုများ စတင်လာတော့သည်။

'ငါ သေတော့မယ်! တကယ် သေတော့မယ်!'

သူမ၏ ရင်ထဲတွင် ထိတ်လန့်တကြား အော်ဟစ်လိုက်မိလေသည်။

သုန်းကုန်းမင်ယွဲ့သည် ပြန်လည် ငိုတော့မလိုဖြစ်ကာ ရှိုက်သံပါပါဖြင့် "စီနီယာအစ်ကို၊ ငါ မလိုချင်တော့ဘူး... အဲဒီ မျက်နှာပြောင်တိုက်တဲ့ ယွင်ရှီးလို ငါ မဖြစ်ချင်ဘူး!" ဟု ငိုယို တောင်းပန်တိုးလျှိုးလိုက်သည်။ သူမ၏ အသံမှာ အားမရှိတော့ချေ။

"အဲလိုတော့ မရဘူး။ မင်းရဲ့ စီနီယာအစ်ကိုက တစ်ယောက်တည်းကို အသားပေးတဲ့သူ မဟုတ်ဘူး" လုရီက ရိုးသားစွာ ထုတ်ဖော်လိုက်လေသည်။

"ငါ တရားမျှတရမယ်။"

"စီနီယာအစ်ကို၊ ငါ ကျင့်ကြံဖို့ ပြန်သွားချင်တယ်"

သုန်းကုန်းမင်ယွဲ့က လုရီကို သနားစဖွယ် ကြည့်ရင်း သူမ၏ မျက်လုံးများပင် ပြုတ်ကျတော့မတတ် ဖြစ်နေသည်။ သူမ၏ အသံမှာ အားမရှိတော့ချေ။

လုရီ၏ အပြုံးမှာ တောက်ပနေသည်။

"အချိန်ကိုက်ပဲ။ ဒီအချိန်အတွင်းမှာ မင်းရဲ့ ကျင့်ကြံခြင်းအတွက် အလွန် အကျိုးရှိတဲ့ ယင်နဲ့ ယန် နှစ်ကိုယ်တူ ကျင့်စဉ်ကို ငါ သင်ကြားပေးမယ်။ ဒါက မင်းရဲ့ ရုပ်ခန္ဓာကိုတောင် မြှင့်တင်ပေးနိုင်ပြီး ယင်ယန်တာအိုကို နားလည်အောင် ကူညီပေးနိုင်တယ်။ ဪ... ဒီပထမအဆင့် ယန်သစ်သီးနဲ့ ယွမ်ယင်သစ်သီးတွေကိုလည်း ဒီမှာ စားလိုက်ဦး။"

ထိုအခိုက်အတန့်၌ လုရီသည် ရုန်းကန်နေသော သုန်းကုန်းမင်ယွဲ့ကို ပွေ့ချီကာ အိပ်ခန်းသို့ ပြန်ဝင်သွားပြီး မကြာမီပင် နဂါးဟောက်သံနှင့် ဖီးနစ်ငှက်တို့၏ တေးသံများ ပျံ့လွင့်လာတော့သည်။ အခန်းအတွင်းမှ တာအိုစွမ်းအင်များ ဝိုးတဝါး လှုပ်ရှားလာသည်ကိုပင် ခံစားရလေသည်။

တစ်ရက်ကျော်ကြာပြီးနောက် သုန်းကုန်းမင်ယွဲ့မှာ ထပ်မံ၍ မေ့မြောသွားတော့သည်။ သူမ၏ ကိုယ်ခန္ဓာမှာ ပင်ပန်းနွမ်းနယ်နေလေသည်။

လုရီမှာ အတော်လေး လက်မှိုင်ချနေသည်။

'ဂျူနီယာ ညိီမလေးက တကယ်ပဲ အားနည်းလွန်းတယ်..'

'ဖြစ်နိုင်တာက ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့် မြင့်မားလာတာကြောင့် ငါ ပိုပြီး အစွမ်းထက်လာခဲ့တာများလား...'

သို့ဖြစ်သော်ငြားလည်း နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှ ရရှိသော အကျိုးကျေးဇူးများမှာ လုရီအတွက်လည်း ကြီးမားလှ၏။

ကျင့်ကြံခြင်းအဆင့် တိုးတက်မှုမှာ အရေးပါလှသည်ဟု အထူး ပြောပြစရာပင် မလိုချေ။ သူ၏ ယင်ယန်နယ်ပယ်ဆိုင်ရာ အယူအဆမှာ သားရဲတစ်သောင်းဂိုဏ်းမှ ထွက်ခွာပြီးနောက်ပိုင်း တိုးတက်မှု မရှိခဲ့သော်လည်း ယခုအခါ သိသိသာသာ ပြန်လည် တိုးတက်လာခဲ့လေသည်။

လုရီမှာ အလွန်ပင် ဝမ်းသာနေသည်။

ယခုအခါ သူ၏ ယင်ယန် အယူအဆမှာ ကိုးဆယ့်ခြောက် ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး မကြာမီပင် ပြီးပြည့်စုံခြင်းသို့ ရောက်ရှိကာ ယင်ယန်နယ်ပယ်ကို နားလည်နိုင်တော့မည် ဖြစ်ချေသည်။

လုရီသည် မေ့မြောနေသော ညီမငယ်ကို ငေးကြည့်ရင်း သူ့ဘာသာ ခပ်တိုးတိုး ရေရွတ်လိုက်သည်။

'သူ ပြန်နိုးလာရင် အားဖြည့် ဝိညာဉ်အစားအစာနဲ့ ဝိညာဉ် ဝိုင် လုပ်ပေးထားရမယ်'

မဟုတ်လျှင် ဂျူနီယာ ညိီမလေးမှာ နတ်ဘုရားအသွင်ပြောင်း ကျင့်ကြံသူ ဖြစ်နေသော်လည်း.. နဂါးဟိန်း ဖီးနစ်သံစဥ် သိုင်းနည်းစနစ်သည်

နှစ်ဦးလုံးအတွက် အကျိုးရှိပြီး ကိုယ်ခန္ဓာကို

မထိခိုက်စေသော်ငြား ...ဂျူနီယာ ညိီမလေးမှာ အလွန်ပင် အားနည်းနေဦးမည်။

ကံကောင်းစွာဖြင့် သူ ယခင်က ရရှိခဲ့သော ဝိညာဉ်ဝိုင် ချက်နည်းနှင့် ဝိညာဉ်အစားအစာ ချက်နည်းတို့တွင် ထိုသို့သော ချက်ပြုတ်နည်းများ ပါဝင်နေခဲ့သည်။

ရွှမ်းယင် ဝိုင်၊ ၎င်းသည် အမျိုးသမီး ကျင့်ကြံသူများအတွက် သင့်လျော်သော ဝိညာဉ်စပျစ်ရည် အမျိုးအစားဖြစ်ပြီး ယင်ကို အားဖြည့်ပေးကာ အလှအပကို မြှင့်တင်ပေးနိုင်ပြီး အလှအပကို ထာဝရ ထိန်းသိမ်းထားနိုင်သည်ပင်။ ၎င်းသည် ဟင်းလင်းပြင်ဥမင်နယ်ပယ် အဆင့် ဝိညာဉ်ဝိုင် ဖြစ်ပြီး အဆင့်မြင့်လွန်းသည် မဟုတ်သော်လည်း ဂျူနီယာညီမလေးအတွက် စုံလင်လှချေသည်။

ဆရာနှင့် စီနီယာအစ်မများလည်း သဘောကျကြလိမ့်မည်။

'မည်သို့ပင်ဆိုစေ အမျိုးသမီးများသည် ထာဝရလှပနေခြင်း၊ ယင်ကို အားဖြည့်ပေးခြင်းနှင့် အလှအပကို မြှင့်တင်ပေးခြင်းတို့ကို အမှန်ပင် နှစ်သက်ကြသည် မဟုတ်ပါလား။'

ထို့ကြောင့် သုန်းကုန်းမင်ယွဲ့ အိပ်ပျော်နေချိန်တွင် လုရီ ကျင့်ကြံခြင်း စတင်ခဲ့သည်။

နောက်တစ်လလုံး လုရီသည် သုန်းကုန်းမင်ယွဲ့အား ဂူစံအိမ်မှ မထွက်ခွာစေခဲ့ချေ။ သူမ အနည်းငယ် ပြန်လည်ကောင်းမွန်လာသည်နှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းကို ထပ်မံ စတင်ခဲ့ကြလေသည်။

နှစ်ကိုယ်တူ ကျင့်ကြံခြင်း၏ အကျိုးသက်ရောက်မှုများမှာ အမှန်ပင် အံ့မခန်းဖွယ်ရာ ကောင်းလှသည်ဟု ဆိုရမည်။ သုန်းကုန်းမင်ယွဲ့၏ ကျင့်ကြံခြင်းအဆင့်မှာ သူမ၏ ကိုယ်ပိုင်ကြိုးစားမှုထက် အဆပေါင်းများစွာ ပိုမိုမြန်ဆန်စွာ တိုးတက်လာခဲ့လေသည်။

ထိုသို့ ဖြစ်သော်ငြားလည်း သုန်းကုန်းမင်ယွဲ့မှာ သိပ်ပျော်ရွှင်ခြင်း မရှိခဲ့ပေ။ သူမ၏ မျက်နှာတွင် ညှိုးငယ်မှုများ အထင်းသား ပေါ်နေသည်။

သူ ယွင်ရှီးနှင့် အချိန်ကုန်ခဲ့သည့် ကာလနှင့် ဆင်တူသော အချိန်အထိ ရောက်ရှိလာသောအခါ သုန်းကုန်းမင်ယွဲ့ နိုးထလာပြီး ပထမဆုံး ဖော်ထုတ်သည့်စကားမှာ "စီနီယာအစ်ကို၊ ကျေးဇူးပြုပြီး အခုပဲ ယွင်ရှီးဆီ သွားရှာပါတော့၊ ငါ တောင်းပန်ပါတယ်" ဟူ၍ ဖြစ်လေသည်။

သူမ၏ မျက်လုံးများတွင် တောင်းပန်သောအရိပ်အယောင်များ ပေါ်နေလေသည်။

လုရီမှာ အံ့အားသင့်သွားပြီး သုန်းကုန်းမင်ယွဲ့ကို အံ့သြစွာ ကြည့်ကာ

"ဂျူနီယာ ညိီမလေး..ဒီအစ်ကိုက ယွင်ရှီးကို ရှာရမယ်၊ မင်း ယွင်ရှီးကို တကယ် သဘောမကျဘူးလို့ ထင်ထားတာ"

ထိုအခါ သုန်းကုန်းမင်ယွဲ့က သူမ၏ ရှုပ်ပွနေသော ဆံထုံး နှစ်ဖက် ယိမ်းထိုးနေသည်အထိ ခေါင်းကို လေးနက်စွာ ခါလိုက်ကာ တိုးတိုးလေး ဆိုလိုက်လေသည်။

" အစ်မ ယွင်ရှီးက ငါ့အစ်မပါ... ဘယ်လိုလုပ် မုန်းနိုင်မှာလဲ။ နင် ငါနဲ့ အကြာကြီး နေခဲ့ပြီဆိုတော့ သူနဲ့လည်း အချိန်ကုန်သင့်ပြီ! နှစ်ယောက်သား မတွေ့တာ အတော်လေး ကြာပြီ မဟုတ်လား"

အခန်း ၃၆၉- အင်မော်တယ် ခန္ဓာ ယွင်ရှီးမှ ရရှိလာသော ကြီးမားသည့် အကျိုးကျေးဇူးများ...

~လုရီသည် အတော်လေး မယုံကြည်နိုင်စွာ မေးမြန်းလိုက်၏။

"စီနီယာညီမလေး၊ နင် ယွင်ရှီးကို တကယ် မမုန်းတော့ဘူးလား"

ယခင်က လုရီသည် နည်းလမ်းများစွာ ကြိုးစားခဲ့သော်လည်း နှစ်ဦးသား၏ ဆက်ဆံရေးမှာ တိုးတက်ခြင်း မရှိခဲ့ပေ။

ယခုအခါ သုန်းကုန်းမင်ယွဲ့က ယွင်ရှီးကို "အစ်မ" ဟု ခေါ်သည်ကို သူ

လုံးဝ မျှော်လင့်မထားခဲ့ချေ။

လုရီမှာ အတော်လေး ရှုပ်ထွေးနေသလို ခံစားရသည်။

'ဘယ်လိုများ ဖြစ်သွားတာပါလိမ့်...'

သို့ဖြစ်သော်ငြားလည်း သူ၏ ရင်ထဲတွင်မူ အလွန်ပင် ပျော်ရွှင်နေသည်။

မည်သို့ပင် ဆိုစေကာမူ၊ သူတို့နှစ်ဦး ရန်မဖြစ်ဘဲ ချစ်ချစ်ခင်ခင် နေကြလျှင်တော့ အကောင်းဆုံးပဲ ဖြစ်မည်ပင်။

လုရီသည် မိန်းကလေးများကို အလွန်ပင် ဂရုစိုက်ပြီး သူမတို့၏ ဆက်ဆံရေး ဆိုးရွားသည်ကို

မလိုချင်ခဲ့ပေ။ ကောင်းမွန်သော သူငယ်ချင်းများ ဖြစ်လာနိုင်လျှင် သို့မဟုတ် ညီအစ်မများကဲ့သို့ပင် ဖြစ်လာနိုင်လျှင် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

"တကယ်ပါ! ငါ အဆင့်ချိုးဖြတ်တော့မယ်လို့ ခံစားရတယ်။ စီနီယာအစ်ကို၊ ငါ့ကို တံခါးပိတ်ကျင့်ကြံဖို့ ပြန်သွားခွင့်ပြုပါဦး" သုန်းကုန်းမင်ယွဲ့သည်

လုရီ၏ လက်မောင်းကို လှုပ်ယမ်းကာ ချွဲနွဲ့တောင်းပန်သည်။

လုရီသည် သူ့ညီမငယ်နှင့် နှစ်ကိုယ်တူ ကျင့်ကြံခဲ့သည့် အချိန်နှင့် ယွင်ရှီးနှင့် အချိန်ကုန်ခဲ့သည့် အချိန်တို့သည် အတူတူ နီးပါးဖြစ်နေပြီဟု တွေးလိုက်သည်။ ညဘက်အတွက် အခြေအနေများ ညီမျှသွားပြီဟု ခံစားရပြီး ခေါင်းညိတ်လိုက်သည်။

"အဲ့လိုဆိုရင်လည်း ကောင်းပါပြီ"

သုန်းကုန်းမင်ယွဲ့၏ မျက်လုံးများ အရောင်တောက်သွားပြီး လျင်မြန်စွာ အားတက်သရော ဟစ်ကြွေးလိုက်၏။

"နောက်မှ တွေ့မယ် စီနီယာအစ်ကို"

ပြောပြောဆိုဆိုနှင့် သူမသည် မိုးကြိုးအလင်းတန်းအဖြစ် ပြောင်းလဲသွားပြီး လုရီ၏ အိပ်ခန်းမှ ပျောက်ကွယ်သွားတော့သည်။

လုရီသည် သုန်းကုန်းမင်ယွဲ့ ထွက်ခွာသွားသည်ကို ကြည့်ရင်း သူ့မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးတစ်ခု ပေါ်လာသည်။

' စီနီယာညီမလေးက နားလည် ပေးတတ်သူပါလား။ နောက်ဆုံးတော့ ယွင်ရှီးနဲ့ ကောင်းကောင်းမွန်မွန် ဆက်ဆံနိုင်ခဲ့ပြီကိုး။'

သူ အတော်လေး ကျေနပ်မိသည်။

ထို့နောက် ငြိမ်းချမ်းစွာ စတင် ကျင့်ကြံလိုက်တော့သည်။

နှစ်ကိုယ်တူ ကျင့်ကြံခြင်းအတွင်း သူ၏ ကျင့်ကြံခြင်းအဆင့်ကို မြှင့်တင်ရန် အလုပ်မှာ ခပ်မြန်မြန်ပင် တိုးတက်လာခဲ့ပြီး သူ၏ အင်မော်တယ်ဓားကျမ်း ဟင်းလင်းပြင်ဥမင်အခန်းလည်း သိသိသာသာ တိုးတက်လာခဲ့သည်။

ထို့အပြင် လုရီ၏ ယင်နှင့်ယန်နယ်ပယ်သည်လည်း ပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပြီး သူ၏ ကိုယ်ပိုင်နယ်ပယ်ကို ဖွဲ့တည်ရန် မကြာတော့ချေ။

၎င်းကို နောက်ပိုင်းတွင် ဆက်လက် ကြိုးစားရန် လိုအပ်မည်ဖြစ်သည်။ ယခုမူ ဂျူနီယာ ညိီမလေးအား တံခါးပိတ် ကျင့်ကြံစေဦးမည်။

ထိုမှတစ်ပါး လုရီသည် အခြားမည်သည့်အရာကိုမျှ ထွေထွေထူးထူး ကျင့်ကြံခြင်း မရှိချေ။

တဆက်တည်း၌ လုရီသည် "ဟင်းလင်ပြင်ငယ် ကျင့်စဉ်"ကို ဦးစွာ ကျင့်ကြံရန် စီစဉ်ထားပြီး ထို့နောက် အင်မော်တယ်ဓားကျမ်း ဟင်းလင်းပြင်အခန်းကို ပြည့်စုံခြင်းသို့ ရောက်ရှိစေမည်။

ထို့အပြင် ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖော်ထုတ်ရန် အလုပ်လည်း ရှိရာ ၎င်းကိုလည်း အချိန်ဇယား ဆွဲရန် လိုအပ်သည်။

အကယ်၍ ကပ်ဘေးဖြတ်ကျော် အခင်းအကျင်းကို ဖော်ထုတ်နိုင်ခဲ့လျှင် လုရီသည် အခင်းအကျင်း တာအို နိယာမ စွမ်းအားမျှင်တစ်ခုကို ရရှိမည်ဖြစ်ပြီး ၎င်းသည် သူ၏ အစွမ်းသတ္တိကို မြှင့်တင်ရာတွင် အလွန် အထောက်အကူ ပြုမည် ဖြစ်သည်။

၎င်းသည် လေးနက်စွာ ဆောင်ရွက်ရမည့် အလုပ် ဖြစ်ချေသည်။

ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ပြီးနောက် နှစ်တစ်သောင်း ဝိညာဉ်ခြင်ဆီကို အသုံးပြုခဲ့သော်လည်း ကျင့်ကြံခြင်းအရှိန်မှာ ယခင်ကကဲ့သို့ မမြန်ဆန်တော့ဟု ခံစားခဲ့ရလေသည်။

သူ၏ စီနီယာအစ်မမှာ ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေသို့ သွားရောက်ခဲ့ပြီး သူ၏ ဂြူနိီယာညီမငယျမှာလညျး မကြာသေးမီကမှ နတ်ဘုရားအသွင်ပြောင်းနယ်ပယ်သို့ ရောက်ရှိခဲ့ရာ ကျင့်ကြံခြင်းအရင်းအမြစ်အသစ်များ ရရှိရန် အတော်လေး ခက်ခဲနေလေသည်။

ကံကောင်းစွာဖြင့် ယခင်က နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ဆယ်ခု ရရှိထားပြီး ၎င်းတို့သည် အချိန်အတန်ကြာ သုံးစွဲရန် လုံလောက်ပါဦးမည်။

ဝိညာဉ်ကျောက်စိမ်းအတွင်း ဝိညာဉ်စွမ်းအင် စုစည်းမှုမှာ အလွန်ပင် မြင့်မားသည်ဟု ဆိုရမည်။ ၎င်းကို ကျင့်ကြံခြင်းအတွက် အသုံးပြုရာတွင် အရှိန်မှာ နှစ်တစ်သောင်း ဝိညာဉ်ခြင်ဆီထက် များစွာ သာလွန်သည်။

ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ ရောက်ရှိပြီးနောက်၌ပင် လုရီ၏ ကျင့်ကြံခြင်းအဆင့်မှာ လျင်မြန်စွာ ဆက်လက် မြင့်တက်နေလေသည်။

လုရီ၏ ကျင့်ကြံခြင်းနည်းစနစ် အဆင့်မြင့်မားလာသည်နှင့်အမျှ သူ၏ ကျင့်ကြံခြင်းအရှိန်မှာ တကယ်တမ်း တိုးမြှင့်လာခဲ့သည်။

ဝမ်းနည်းစရာမှာ နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်းမှာ အလွန်နည်းပါးပြီး ဆယ်ခုသာ ရှိနေခြင်းပင်။ လုရီသည် နှစ်လလျှင် တစ်ခုကို စုပ်ယူနိုင်ပြီး နှစ်နှစ်အတွင်း အားလုံး ကုန်ဆုံးသွားမည်သာ။

ထိုအချိန်ရောက်လျှင် လုရီ၏ ကျင့်ကြံခြင်းမှာ ဟင်းလင်းပြင်ဥမင်နယ်ပယ်၏ ဒုတိယအဆင့်သို့ တိုးတက်ရောက်ရှိနေမည်ဖြစ်သည်။

ဟင်းလင်းပြင်ဥမင်နယ်ပယ်အတွက် နှစ်နှစ်အတွင်း တစ်ဆင့် တိုးတက်ခြင်းသည် အလွန်လျင်မြန်သည်ဟု မှတ်ယူနိုင်သည်။

အကြောင်းမူကား၊ ဝိညာဉ်ကျောက်စိမ်းအသစ် မရှိတော့လျှင် နှစ်တစ်သောင်း ဝိညာဉ်ခြင်ဆီကို အသုံးပြုရာတွင် ကျင့်ကြံခြင်းအရှိန်မှာ အတော်လေး နှေးကွေးနေခြင်းပင်။

ဤအချိန်အတွင်း အကြီးအကဲ မင်

သည် တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး လုရီအတွက် ဖော်ရွေသော တိုက်ပွဲအတွက် ပြိုင်ဘက်တစ်ဦးကိုပင် ရှာဖွေရန် ခက်ခဲနေလေသည်။

အခြားရွေးချယ်စရာ မရှိသောကြောင့် အဆင့်မြင့် ကျင့်ကြံခြင်းအရင်းအမြစ်အချို့ ရရှိရန် ခရီးထွက်ရန်သာ စဉ်းစားဆုံးဖြတ်လိုက် တော့သည်။

ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေကို သွားရောက်လည်ပတ်ရန် အကောင်းဆုံး အခွင့်အရေးပင် ဖြစ်ပေလိမ့်မည်။

တိုက်ပွဲနယ်မြေရှိ တိုက်ပွဲများ၏ ပြင်းထန်မှုကြောင့် သူသည် အလုပ်များစွာကို ဆောင်ရွက်နိုင်ပြီး ဆုလာဘ်များမှာလည်း အများအပြား ရှိသင့်သည်။

နတ်ဘုရားအသွင်ပြောင်း နယ်ပယ်တွင် ရှိခဲ့ပါက လုရီသည် ဤအရာကို စဉ်းစားမိမည် မဟုတ်ချေ။

သို့ဖြစ်သော်ငြားလည်း ယခု ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ အဆင့်ချိုးဖြတ်ပြီးနောက် လုရီ၏ ကျင့်ကြံခြင်းအဆင့် သိသိသာသာ တိုးတက်လာခဲ့ရုံသာမက မဟာယာန သိုင်းအခင်းအကျင်းကြီးကိုလည်း ကျွမ်းကျင်ခဲ့သည်။ ယခုအခါ မဟာယာန ကျင့်ကြံသူတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီ ဖြစ်လေသည်။

အရေးအကြီးဆုံးမှာ ဤအချိန်အတွင်း လုရီသည် "ဟင်းလင်းပြင်ငယ် ကျင့်စဉ်" ကို ကျင့်ကြံခြင်းအပေါ် အာရုံစိုက်ခဲ့ပြီး အဆင့် ခုနစ် အထိ ရောက်ရှိခဲ့ရာ ဟင်းလင်းပြင်ကို ဖြတ်သန်း သွားလာနိုင်ပြီ ဖြစ်သည်။ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် လုရီသည် ထွက်ပြေး လွတ်မြောက်နိုင်ပြီ။

ဟင်းလင်းပြင် ချိုးဖျက်လှေကိုပါ ထည့်သွင်းလိုက်သောအခါ လုရီသည် ယခုအခါ ကပ်ဘေးဖြတ်ကျော် ဘိုးဘေး တစ်ဦးနှင့် ရင်ဆိုင်ရန် ယုံကြည်မှု ရှိနေပြီ ဖြစ်လေသည်။

ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေတွင် အင်မော်တယ်တစ်ပါးမျှ မပေါ်ပေါက်သရွေ့ လုရီသည် ထွက်ပြေးလွတ်မြောက်ရာတွင် ပြဿနာများစွာ ရှိမည်မဟုတ်ဟု ခံစားခဲ့ရလေသည်။

လုရီ စိတ်ပိုင်းဖြတ်ပြီးသည်နှင့် သူ၏ ဆုံးဖြတ်ချက်ကို ခိုင်မာစေပြီး ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေသို့ ခရီးထွက်ရန် စီစဉ်တော့သည်။

ဖြစ်နိုင်လျှင် အရှေ့ပင်လယ်နယ်မြေသို့ သွားရောက်ပြီး မြူခိုးကျွန်းကို ရှာဖွေရန် အကောင်းဆုံးပင် ဖြစ်ပေလိမ့်မည်။

၎င်းသည် အင်မော်တယ်များနှင့် သက်ဆိုင်သော အလုပ်ဖြစ်သည်နှင့်အညီ လုရီသည် မြူခိုးကျွန်းကို ရှာဖွေရန် အမြဲတစေ စွဲလမ်းနေခဲ့လေသည်။

ဆုံးဖြတ်ချက်ချပြီးနောက် သူသည် လင်းလောင်တောင်ထိပ်သို့ သွားရောက်ကာ လင်းလောင်တောင်ထိပ် သခင်မအား နှုတ်ဆက်စကား ပြောလိုက်လေသည်။

လုရီ ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေသို့ သွားရန် စီစဉ်နေသည်ကို ကြားသောအခါ လင်းလောင်တောင်ထိပ် သခင်မသည် အလွန်ပင် မပျော်မရွှင် ဖြစ်နေသည်။ ၎င်းသည် လုရီသည် သူမအတွက် ခေတ္တမျှ ချက်ပြုတ်နိုင်တော့မည် မဟုတ်တော့ကြောင်း ညည်းတွားလိုက်ခြင်းပင်။

လွန်ခဲ့သော ရက်အနည်းငယ်က လင်းလောင်တောင်ထိပ် သခင်မသည် ကောင်းကင်နှင့် မြေကြီး ရတနာအမျိုးမျိုးနှင့် ပြင်းထန်သော သားရဲပါဝင်ပစ္စည်းများကိုပင်၊ မဟာယာနနယ်ပယ်မှ သားရဲများကိုပင် လုရီအား ချက်ပြုတ်ရန် လေ့ကျင့်စေခဲ့သည်။

ယခုမူ မကြာမီပင် ဒီကောင်လေးက ထွက်ခွာတော့မည်တဲ့လား။

လင်းလောင်တောင်ထိပ် သခင်မသည် အလွန်ပင် ဒေါသထွက်နေခဲ့သည်။

ကံကောင်းစွာဖြင့် လုရီသည် ရွှမ်းယင်ဝိုင် အများအပြားကို လင်းလောင်တောင်ထိပ် သခင်မအား ထုတ်ပေးနိုင်ခဲ့ပြီး ဝိညာဉ်ဝိုင် အမျိုးမျိုးနှင့် ဝိညာဉ်အစားအစာများပါ ပေးခဲ့သောကြောင့် နောက်ဆုံးတွင် သူမ စိတ်ကျေနပ်သွားတော့သည်။

လင်းလောင်တောင်ထိပ် သခင်မ ပျော်ရွှင်နေသည်ကို မြင်သောအခါ လုရီသည် အခွင့်ကောင်း ယူ၍ တာအို ပို့ချမှု တစ်ရပ်ကို ထပ်မံ တောင်းဆိုလိုက်သည်။

လင်းလောင်တောင်ထိပ် သခင်မ၏ မျက်နှာပေါ်မှ အပြုံးမှာ တဖြည်းဖြည်း မှေးမှိန်သွားတော့သည်။

သို့ဖြစ်သော်ငြားလည်း ဝိညာဉ်ဝိုင် အမျိုးမျိုးနှင့် ဝိညာဉ် အစားအစာများ ပေးခဲ့သည်ကို ထောက်ထား၍ သူမ ငြင်းဆန်ခြင်း မပြုခဲ့ချေ။

လင်းလောင်တောင်ထိပ်မှ ထွက်ခွာပြီးနောက်

လုရီသည် သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်သို့ သွားရောက် လည်ပတ်သည်။

"ဂျူနီယာ ညီမလေး... ရှိလား"

ဂူစံအိမ် အပြင်ဘက်တွင် လုရီက အော်ခေါ်လိုက်သည်။

ဂူစံအိမ်အတွင်းမှ မည်သည့်အသံမျှ ထွက်ပေါ်

မလာသဖြင့် လုရီမှာ စကားပင် မပြောနိုင်တော့ချေ။

'ဘာတွေ ဖြစ်နေတာလဲ...' သူ တိုးတိုးလေး ရေရွတ်လိုက်သည်။

နောက်ဆုံးအကြိမ် နှစ်ကိုယ်တူ ကျင့်ကြံပြီးကတည်းက သုန်းကုန်းမင်ယွဲ့သည် ဂူစံအိမ်အတွင်း တံခါးပိတ်ကျင့်ကြံနေခဲ့ပြီး ယခုအချိန်အထိ ထွက်မလာသေးချေ။

ယင်းက နှစ်နှစ်ပင် ကြာခဲ့ပြီ။

လုရီက သူမကို ခေါ်သော်လည်း သူမ ထွက်မလာချေ။

အခြားရွေးချယ်စရာ မရှိသောကြောင့် လုရီက

အသိပေးလိုက်တော့သည်။

"ဂျူနီယာ ညီမလေး၊ မင်းရဲ့ စီနီယာအစ်ကို ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေကို ခရီးထွက်တော့မလို့နော်၊ ပြန်လာဖို့ အချိန် အတော်ကြာလိမ့်မယ် ထင်တယ်"

All Chapters