အခန်း (၃၇၀-၃၇၂)
Vol. 25 Ch. 370-372
အခန်း ၃၇၀- အင်မော်တယ် ခန္ဓာ ယွင်ရှီးမှ ရရှိလာသော ကြီးမားသည့် အကျိုးကျေးဇူးများ ...
~လုရီ၏ စကားသံဆုံးသည်နှင့်
သုန်းကုန်းမင်ယွဲ့၏ ဂူစံအိမ်တံခါးများသည် တဖြည်းဖြည်းချင်း ပွင့်ဟလာလေသည်။ ခရမ်းရောင် ဂါဝန်ရှည်ကို ဆင်မြန်းလျက် ဆံပင်များကို နှစ်ဖက်ခွဲကာ မြီးထုံးကျစ်ထားသော မိန်းကလေးသည် အပြင်သို့ ထွက်ပေါ်လာပြီး လုရီကို အံ့သြတုန်လှုပ်စွာ စိုက်ကြည့်ကာ မေးလေသည်...
"အစ်ကိုကြီး... တကယ်ပဲ ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေကို သွားတော့မှာလား... အဲ့ဒီနေရာက အန္တရာယ်တွေ အရမ်း ပေါတဲ့ဟာကို။"
"ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို အဆင့်ချိုးဖျက်ပြီးနောက် ငါ့ရဲ့ ကျင့်ကြံခြင်းအရှိန်က နည်းနည်းနှေးသွားတယ်။ ဒါကြောင့် ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေကို ခရီးထွက်ပြီး အကျိုးအမြတ်အချို့ ရရှိမလားလို့ စီစဉ်ထားတာပါ။" ဟု လုရီက ခပ်ရေးရေးပြုံးလျက် ပြန်လည်တုံ့ပြန်သည်။
ထိုအခိုက်အတန့်၌ သုန်းကုန်းမင်ယွဲ့က စိတ်အားထက်သန်စွာ ဝင်ရောက်တောင်းဆိုလာတော့သည်။
"ဒါဆို ငါလည်း စီနီယာအစ်ကိုနဲ့အတူ လိုက်ချင်တယ်!"
လုရီသည် လက်ညှိုး တစ်ချောင်းကို ဆန့်ထုတ်လိုက်သည်။ သူမ၏ ပြေပြစ် ချောမွေ့သော နဖူးပြင်ကို လျင်မြန်စွာ တောက်လိုက်လေ၏။
သုန်းကုန်းမင်ယွဲ့မှာ နာကျင်မှုကြောင့် "အား!" ဟု ညည်းတွားလိုက်ပြီး နဖူးကို အုပ်ကိုင်လိုက်တော့သည်။
'ငါ့ဆရာကလည်း ငါ့နဖူးကို အမြဲ တောက်တာ။ အခုတော့ ငါကိုယ်တိုင် ဒီအကျင့်ကို ရသွားပြီကိုး'
လုရီသည် သူ၏ရင်ထဲမှ မှတ်ချက်ချလိုက်မိလေသည်။
ထို့နောက် သူ ဆက်လက် ကန့်ကွက်လိုက်သည်...။
"ဘာလို့ လိုက်ရမှာလဲ... မင်းရဲ့ ကျင့်ကြံခြင်းအဆင့်က အခုထိ အားနည်းသေးတယ်။ မင်း အမြန်ဆုံး တိုးတက်သင့်တဲ့ အချိန်ပဲ၊ မင်း လိုအပ်တာက ကောင်းမွန်တဲ့ ကျင့်ကြံခြင်းပဲဟာ"
ဤစကားကို ကြားသောအခါ သုန်းကုန်းမင်ယွဲ့မှာ တစ်စုံတစ်ရာ ပြောချင်ဟန်ဖြင့် ပါးစပ်ဟလိုက်၏။
သို့သော်ငြားလည်း လုရီက စိတ်ရင်းမှန်ဖြင့် တိုက်တွန်းလိုက်သည်...။
"ဂျူနီယာညီမလေး... မင်းကို နှုတ်ဆက်ဖို့ အစ်ကိုကြီး လာခဲ့တာ။ ငါတို့ မတွေ့ရတာ ကြာဦးမှာဆိုတော့ နှုတ်ဆက်ပွဲ အခမ်းအနားတစ်ခုခု ရှိသင့်တယ် မဟုတ်လား။"
သုန်းကုန်းမင်ယွဲ့မှာ ကြောင်သွားလေသည်။ အနည်းငယ် စိတ်ရှုပ်ထွေးနေဟန်ဖြင့်...
"နှုတ်ဆက်ပွဲ အခမ်းအနား... ဘယ်လို နှုတ်ဆက်ပွဲ အခမ်းအနားမျိုးလဲ။"
ဟု ပြန်လည် မေးမြန်းလေသည်။
လုရီက စိတ်ရင်းမှန်ဖြင့် ပြောကြားလိုက်၏။
သုန်းကုန်းမင်ယွဲ့ကို ပွေ့ဖက်လိုက်ပြီး ဂူစံအိမ်ဘက်သို့ ခြေလှမ်းကျဲကျဲဖြင့် လျှောက်သွားရင်း...
"ဒါပေါ့... နှစ်ကိုယ်တူ ကျင့်ကြံခြင်းပေါ့။"
"အဲ! အာ?! မလုပ်ဘူး!"
သုန်းကုန်းမင်ယွဲ့မှာ လုံးဝ ထုံကျင်သွားတော့သည်။
'အဟင့်..ဒီလို နှုတ်ဆက်ပွဲမျိုးကို ငါ လုံးဝ
မလိုလားဘူး!'
သူမသည် ဤနှုတ်ဆက်ပွဲ အခမ်းအနားကို လုံးဝ ငြင်းဆန်ချင်နေသည်။
လွန်ခဲ့သည့် တစ်လကြာ လုရီနှင့် နှစ်ကိုယ်တူ ကျင့်ကြံခဲ့ရသည့် အတွေ့အကြုံက
သုန်းကုန်းမင်ယွဲ့အား စိတ်ပိုင်းဆိုင်ရာ လန့်စေခဲ့ပြီး သူမ ကျင့်ကြံလိုက်တိုင်း ခြေထောက်များ
မသက်မသာ ခံစားရစေခဲ့၏။
ယခုပင် လုရီကို မြင်လိုက်သည်နှင့် သူမ၏ ခြေထောက်များမှာ အလိုအလျောက် အားပျော့သွားသလို ခံစားခဲ့ရလေသည်။ ၎င်းသည် လုံးဝ အလိုအလျောက် တုံ့ပြန်မှု တစ်ခုသာ ဖြစ်ချေသည်။
ယခုအခါ ဤစကားများကို ကြားရသောအခါ သုန်းကုန်းမင်ယွဲ့မှာ ထိတ်လန့်တကြား ဖြစ်နေတော့သည်။ သို့သော်ငြားလည်း လုရီသည်
သုန်းကုန်းမင်ယွဲ့၏ ခုခံမှုကို ဂရုမစိုက်တော့ပေ။ သူမကို တိုက်ရိုက်ပင် ဂူစံအိမ်ထဲသို့ ဆွဲခေါ်သွားပြီး တံခါးကို ပိတ်လိုက်တော့၏။
ဆယ်ရက်အကြာတွင် လုရီသည် သူ၏ဂူစံအိမ်မှ အနည်းငယ် မပြည့်ဝနေဆဲ ခံစားချက်ဖြင့် ထွက်ခွာလာခဲ့၏။ သုန်းကုန်းမင်ယွဲ့မှာမူ အတွင်း၌ မေ့မြောနေနှင့်ပြီး ဖြစ်လေသည်။
သူသည် ဂိုဏ်းချုပ် ဝူချင်းဖုန်း သို့မဟုတ်
တိမ်ဖြူဂိုဏ်း၏ အဆင့်မြင့်သူများအား
မနှုတ်ဆက်ခဲ့ချေ။ အကြောင်းမူကား
သူ၏ အံ့မခန်း စွမ်းရည်ကြောင့် သူတို့အား အသိပေးခဲ့ပါက အန္တရာယ် မစွန့်စားရန်သာ တိုက်တွန်းကြလိမ့်မည် ဖြစ်သည်။ ၎င်းသည် ပြဿနာများ တက်လိမ့်မည်လေ။
လုရီသည် သူ့ဖခင် အဘိုးကြီးလုနှင့် သူ့မိခင်ကိုလည်း မစိုးရိမ်စေရန် ဖုံးကွယ်ထားခဲ့၏။
ယခုအခါ အဘိုးကြီးလုနှင့် သူ့မိခင်နှစ်ဦးစလုံး ကျင့်ကြံခြင်းအဆင့် မြင့်မားနေကြပြီဖြစ်သဖြင့် စိတ်အေးလက်အေး ဘဝကို ဖြတ်သန်းနေကြစေလိုသည်။
သူ့အနေနှင့် မိဘနှစ်ပါးကို မည်သည့် စိုးရိမ်ပူပန်မှုမှ ပေးလိုခြင်း မရှိချေ။
လုရီ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် အလင်းတန်း တစ်ခုအဖြစ် ပြောင်းလဲသွားပြီး တိမ်ဖြူဂိုဏ်းမှ ထွက်ခွာသွားလေသည်။
ထို့နောက် လုရီသည် ပုံစံတစ်ထောင် အသွင်ပြောင်းစွမ်းရည်ကို အသုံးပြု၍ သာမန် ရုပ်ရည်ရှိသော လူငယ်တစ်ဦးအဖြစ် ပြောင်းလဲကာ ပန်းတစ်သောင်း ဂိုဏ်းဘက်သို့ ပျံသန်းသွားတော့၏။
လုရီသည် ခရီးမထွက်မီ ယွင်ရှီးထံ သွားရောက်လည်ပတ်ရန် စီစဉ်ထားခဲ့သည်။ သောင်းပန်းဂိုဏ်းမှ ပြန်လာခဲ့ပြီးနောက်ပိုင်း ယွင်ရှီးကို မတွေ့ရတာ အတော်လေး ကြာသွားသည်လေ။
သို့ဖြစ်သော်ငြားလည်း ပန်းတစ်သောင်း ဂိုဏ်းနယ်မြေရှိ မဟာယာန စွမ်းအားမှ အစွမ်းထက် ကျင့်ကြံသူများစွာကို တိုက်ပွဲနယ်မြေသို့ ခေါ်ဆောင်သွားခဲ့သော်လည်း အစွမ်းထက် ကျင့်ကြံသူ အချို့မှာမူ ရှိနေဆဲပင် ဖြစ်၏။
ဂိုဏ်းက ၎င်း၏ တံဆိပ်ကို ရုပ်သိမ်းခဲ့သော်လည်း ဂိုဏ်း အကာအကွယ် အခင်းအကျင်း၏ အကာအကွယ်ကို ကျော်လွန်၍ တပည့်အနည်းငယ်သာ သွားလာဝံ့ချေသည်။ အထူးသဖြင့် ယွင်ရှီးသည် ဝိညာဉ် ခန္ဓာမှ အင်မော်တယ် ခန္ဓာအဖြစ် ပြောင်းလဲပြီးနောက် ငြိမ်သက်သွားခဲ့၏။
လုရီ တိမ်ဖြူဂိုဏ်း၏ နယ်နိမိတ်မှ ထွက်ခွာသွားသည်နှင့် ဟင်းလင်းပြင်ငယ် ကျင့်စဉ်ကို ထုတ်ဖော်လိုက်၏။ ဝိညာဉ်စွမ်းအင်များ လည်ပတ် နေချိန်တွင် သူသည် ဟင်းလင်းပြင်ကို ဖြတ်ကျော်ကာ ခြေလှမ်းတစ်လှမ်းချင်းစီဖြင့် ကီလိုမီတာ ထောင်ပေါင်းများစွာကို ကျော်ဖြတ်လျက် သောင်းပန်းဂိုဏ်းနယ်မြေဘက်သို့ အရှိန်အဟုန်ပြင်းစွာ ဦးတည်သွားတော့၏။
မကြာမီပင် ပန်းတစ်သောင်း ဂိုဏ်း၏ ဂိတ်ဝအပြင်ဘက်သို့ ရောက်ရှိလာတော့၏။
ပန်းတစ်သောင်းဂိုဏ်း၏ ပတ်ဝန်းကျင်တစ်ခွင်လုံးသည် ကြယ်တာရာမြစ်၏ လျှို့ဝှက်ဆန်းကြယ်သော အလင်းရောင်အောက်တွင် နစ်မြုပ်နေဆဲပင်။ ကြယ်တို့သည် ရေတံခွန်ကြီးပမာ အဆက်မပြတ် တသွင်သွင် စီးဆင်းကျလျက်၊ အိပ်မက်ကဲ့သို့သော အလှတရားဖြင့် တိတ်ဆိတ်စွာ တလက်လက် ထွန်းလင်းတောက်ပနေတော့၏။
ပန်းတစ်သောင်း ဂိုဏ်း၏ ဂိုဏ်း ကာကွယ်ရေး အခင်းအကျင်းကြီးကား အသက်ဝင်လျက်၊
မတုန်မလှုပ် တည်ရှိနေဆဲ။
လုရီသည် ခြေတစ်လှမ်း လှမ်းကာ အတွင်းသို့ဝင်၏။ လေထဲ၌ အသံတစ်ချက်မျှ မထွက်ဘဲ၊ ထိုခမ်းနားသော အခင်းအကျင်းကို ဖောက်ထွင်းကျော်လွှားလျက်၊
ယွင်ရှီး၏ ဂူအိမ်တော်တည်ရှိရာ တောင်ကြားနက်နက်ဆီသို့ ရင်းနှီးကျွမ်းဝင်စွာ ဦးတည်သွားတော့သည်။
ဤတစ်ကြိမ်တွင်မူ၊ ထိုတောင်ကြားသည် လုရီကို အမှန်ပင် အံ့အားသင့်စေခဲ့၏။ အဘယ်ကြောင့်ဆိုသော်၊ တောင်ကြားအတွင်းရှိ ပန်းခက်ပန်းနွယ်တို့သည် နက်ရှိုင်းသော၊ ဆန်းကြယ်သော အလင်းရောင်များဖြင့် ရွှန်းလဲ့တောက်ပနေကြပြီး၊ အလွန်အမင်း ထူးခြားဆန်းကြယ်သော မြင်ကွင်းကို ဖန်တီးနေသောကြောင့်ပင်တည်း။
ပန်းများသည် အသက်ဝင်လှုပ်ရှားနေသည့်အသွင်၊ စည်းချက်ညီညီ ယိမ်းထိုးနေကြ၏။
တောင်ကြားအဆုံးရှိ ရိုးရှင်းသော တဲငယ်လေးအတွင်းမှ ပေါ်ထွက်လာသော နက်နဲဆန်းကြယ်သည့် အလင်းရောင်၏ စည်းချက်နှင့်အညီ လှုပ်ရှားနေကြသည်မှာ၊ သေမျိုးလောကထက်သာသော အင်မော်တယ် ဥယျာဉ်နှယ်။
တောင်ကြားအဆုံး၌မူ၊ တောက်ပပြီး အသွေးအရောင်စုံသော အလင်းများ
တဖျတ်ဖျတ်လက်လျက်၊ အလွန်နက်ရှိုင်းဆန်းကြယ်သည့် တာအိုစွမ်းအင်များကို သယ်ဆောင်လာသည်မှာ၊ အင်မော်တယ်ဘုံ၏တံခါးဝပင်လောဟု ထင်မှတ်မှားစရာ။
လုရီမှာ အံ့အားသင့်သွားရတော့၏။
ဤတာအို စွမ်းအင်သည် သဘာဝ၏ စွမ်းအားကို ကိုယ်စားပြုလေသည်။ ဤရက်ပိုင်းအတွင်း
သူ၏ သဘာဝနယ်ပယ်သည် ပိုမိုတိုးတက်လာခဲ့ပြီး စတုတ္ထအဆင့်သို့ ရောက်ရှိခဲ့ပြီဖြစ်၏။ သို့သော်ငြားလည်း ဤသဘာဝ၏ စွမ်းအားမှာ ထူးခြားစွာ နက်နဲဆန်းကြယ်ပြီး သူ၏ ကိုယ်ပိုင် နယ်ပယ်အဆင့်ထက်ပင် မြင့်မားနေသည်ဟု ခံစားမိလေသည်။
'ပန်းတစ်သောင်း ဝိညာဉ်ကိုယ်ခန္ဓာကနေ အင်မော်တယ်ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲလိုက်တာက ဒီလောက်တောင် ကြီးမားတဲ့ ပြောင်းလဲမှုတွေ ဖြစ်စေခဲ့တာလား...'
' အစက ယွင်ရှီးရဲ့ သဘာဝနယ်ပယ်က အားနည်းခဲ့ပေမဲ့ ဒီကြားထဲမှာ တော်တော်လေး တိုးတက်လာခဲ့ပြီ။ အင်မော်တယ်ကိုယ်ခန္ဓာနဲ့ တကယ်ပဲ လိုက်ဖက်နေပါလား...'
လုရီမှာ အကြီးအကျယ် လန့်သွား၏။ တဆက်တည်း၌ အပျော်များနှင့် ပြည့်လာတော့၏။
ယွင်ရှီးသည် သူ၏ တာအို လက်တွဲဖော် ဖြစ်၏။ သူမ ပိုမိုအစွမ်းထက်လာလေလေ သူ့ကို ပိုမိုအစွမ်းထက်စေလေလေပင် ဖြစ်၏။ ထို့အပြင် ယွင်ရှီး ပိုမို အစွမ်းထက်လာလေလေ အလုပ် ဆုလာဘ်များ ပိုမို မြင့်မားလာလေလေ ဖြစ်ရာ ၎င်းသည် သတင်းကောင်း တစ်ခု ဖြစ်ချေသည်။
လုရီ ပြုံးလိုက်သည့် ထိုအခိုက်အတန့်၌
ယွင်ရှီး၏ ဂူစံအိမ်တံခါး ရုတ်တရက် ပွင့်သွား၏။ ကိုးရောင်ခြယ် အလင်းစီးကြောင်းတစ်ခု လွင့်ပျံထွက်လာပြီး သူ့ကို ရင်ဆိုင်ရန် ရောက်လာတော့သည်။ ယွင်ရှီးပင် ဖြစ်၏။
ဤတစ်ကြိမ်တွင် ယွင်ရှီး၏ အသားအရေမှာ ကြည်လင်လွန်းလှပြီး နက်နဲဆန်းကြယ်သော
တာအို အလင်းရောင်ကို ထုတ်လွှင့်နေ၏။ သူမ၏ မူလကပင် အံ့မခန်း လှပသော မျက်နှာတွင် နတ်သမီးဆန်၍ သဘာဝကျကျ အလှအပများ ထပ်မံပါဝင်လာသဖြင့် ပန်းများကြားတွင် လျှောက်လှမ်းနေသော အင်မော်တယ်တစ်ဦးနှင့် တူလှ၏။
ယွင်ရှီး၏ မျက်နှာ မပြောင်းလဲခဲ့သော်လည်း
ယခင်ကနှင့် နှိုင်းယှဉ်ပါက သူမသည် အင်မော်တယ် အရှိန်အဝါနှင့် သဘာဝကျကျ လှပမှုတို့ကို ပိုမို ထုတ်လွှင့်နေသဖြင့် အရင်ကနှင့် များစွာ ကွာခြားသွားပုံ ပေါ်လွင်နေတော့သည်။
ယွင်ရှီးသည် လုရီကို ပွေ့ဖက်လိုက်၏။ သူမ၏ မျက်နှာကို သူ့ရင်ဘတ်နှင့် ညင်သာစွာ ထိတွေ့လိုက်ကာ ပြုံးရင်း...မေး၏။
"လုရီ! နင် ဘယ်ကနေ ပေါ်လာတာလဲ။"
လုရီသည် ယွင်ရှီး၏ ဆံပင်ကို ပွတ်သပ်ရင်း ပြုံးကာ...ဖြေလိုက်သည်။
"နည်းနည်း လွမ်းတာနဲ့ လာခဲ့တာ။"
ထိုအခါ ယွင်ရှီးသည် လုရီကို မော့ကြည့်
လာ၍ နတ်သမီးဆန်သော အပြုံးဖြင့်...ပြန်ပြောလာသည်။
"ငါလည်း လွမ်းတာပေါ့။ ဒါပေမဲ့ အဘွားက ငါ့ကို ပေးမထွက်ဘူး... ကပ်ဘေးဖြတ်ကျော် ဘိုးဘေးတွေ သတိထားမိမှာ စိုးရိမ်လို့တဲ့။"
အခန်း ၃၇၁- အင်မော်တယ် ခန္ဓာ ယွင်ရှီးမှ ရရှိလာသော ကြီးမားသည့် အကျိုးကျေးဇူးများ ...
~လုရီသည် ဤစကားကို ကြားသောအခါ အနည်းငယ် ခေါင်းညိတ်လိုက်၏။
"အဘွား တားတာ မှန်တယ်။ မင်း အင်မော်တယ်ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲပြီးနောက် မင်းရဲ့ စွမ်းရည်တွေက အရမ်းကို အစွမ်းထက်လာတာ။ ကပ်ဘေးဖြတ်ကျော် ဘိုးဘေးများစွာက မင်းကို သတိထားမိကြမှာ သေချာတယ်။"
လုရီသည် ယွင်ရှီး၏ ကျင့်ကြံခြင်းအဆင့်သည် ဟင်းလင်းပြင်ဥမင်နယ်ပယ်သို့ တကယ်တမ်း အဆင့်ချိုးဖျက်ခဲ့ပြီး ဖြစ်သည်ကို တွေ့ရှိလိုက်၏။ သူမ၏ အရှိန်အဝါမှာ အနည်းငယ် မတည်မငြိမ်ဖြစ်နေသော်လည်း မကြာသေးမီကမှ အဆင့်ချိုးဖျက်ထားသည်ဟု ပေါ်လွင်နေ၏။ သို့သော်လည်း အံ့မခန်း လျင်မြန်သော အရှိန်ပင် ဖြစ်ချေသည်။
လုရီမှာ အနည်းငယ် အံ့အားသင့်သွား၏။
"အင်မော်တယ်ကိုယ်ခန္ဓာနဲ့ ထိုက်တန်တယ်။ ဒီလောက် မြန်မြန်ဆန်ဆန် ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို အဆင့်ချိုးဖျက်နိုင်တာကိုး။"
ထိုအခါ ယွင်ရှီးက မှိန်ဖျော့စွာ ပြုံးလျက်...
တုံ့ပြန်သည်။
"ကိုးရောင်ခြယ် ခေါင်းလောင်းပန်းတွေကြောင့်ပါ။ ကိုးရောင်ခြယ် ခေါင်းလောင်းပန်းတွေကို စုပ်ယူပြီးနောက် ငါ့ရဲ့ ကျင့်ကြံခြင်းအဆင့်က နတ်ဘုရားအသွင်ပြောင်း ဆယ်လွှာကို ရောက်ရှိခဲ့တာလေ။ နင် ထားခဲ့တဲ့ ဝိညာဉ်ခြင်ဆီတွေကြောင့် အခု ငါက အဆင့်ချိုးဖျက်နိုင်ခဲ့တာပါ"
လုရီ ရုတ်တရက် သဘောပေါက်သွား၏။ တဆက်တည်း၌ ပြုံးကာ...မှတ်ချက်ပြုလေသည်။
"အင်မော်တယ် ရတနာနီးပါး ကောင်းကင်နဲ့ မြေကြီး ရတနာများက မင်းအတွက် တကယ်ပဲ တန်ဖိုးကြီးလွန်းတာကိုး။"
ထိုအခိုက်အတန့်၌ ယွင်ရှီး၏ အပြုံးပန်းများ ပွင့်လန်းလာ၏။ သူမ ခြေဖျားထောက်လိုက်ပြီး လုရီ၏ နှုတ်ခမ်းထောင့်ကို ညင်သာစွာ နမ်းလိုက်ရာ လတ်ဆတ်သော သစ်ခွနံ့သင်းသင်းလေး ကျန်ရစ်ခဲ့၏။
"အခု ငါ အင်မော်တယ်ကိုယ်ခန္ဓာ ဖြစ်လာပြီဆိုတော့ နောင်ကျရင် ကြိုးစားရင် အင်မော်တယ်အဖြစ် တက်လှမ်းပြီး နင့်ဘေးနားမှာ အမြဲရှိနေနိုင်ပြီ။"
ယွင်ရှီး၏ မျက်နှာပေါ်တွင် မျှော်လင့်ခြင်းနှင့် ပျော်ရွှင်ခြင်း အမူအရာတစ်ခု ပေါ်လာရာ လုရီ၏ နှလုံးသားကိုပါ နွေးထွေးစေတော့သည်။
သူ အနည်းငယ် ပြုံးလျက်...ကတိပြုလိုက်သည်။
"ဒါပေါ့... အင်မော်တယ် လမ်းကြောင်းမှာ ငါတို့ အတူတူ လျှောက်လှမ်းရမှာပေါ့။"
ထို့နောက် လုရီက စူးစမ်းလိုစိတ်ဖြင့် မေးမြန်းလိုက်၏။
"ဒါနဲ့... ပန်းတစ်သောင်းဝိညာဉ် ခန္ဓာက အင်မော်တယ်ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲပြီးနောက် ထူးခြားတဲ့ ပြောင်းလဲမှုတွေ ရှိသေးလား။"
ယွင်ရှီးသည် ခဏတာ စဉ်းစားလိုက်ပြီး
...
"ငါ့ရုပ်ခန္ဓာက အများကြီး သန်မာလာခဲ့တယ်။ ပြီးတော့ ငါက သဘာဝတာအိုနဲ့ အရင်ကထက် ပိုမိုနီးစပ်လာခဲ့တယ်။ ဒီရက်ပိုင်းအတွင်း ငါ သဘာဝရဲ့ စွမ်းအားကို နားလည်လာပြီး သဘာဝ နယ်ပယ်ကို အတော်လေး အစွမ်းထက်တဲ့ အဆင့်အထိ မြှင့်တင်နိုင်ခဲ့တယ်။ တောင်ကြားထဲက ပန်းတွေရဲ့ နှလုံးသားတွေနဲ့တောင် ဆက်သွယ်နိုင်တဲ့အထိ ပဲ။ နင် တောင်ကြားထဲ ခြေချလိုက်တာနဲ့ ငါ သိတာက ဒါကြောင့်ပဲ။"
ထိုအခါမှ လုရီ ဉာဏ်အလင်း ပွင့်သွား၏။ သူ တောင်ကြားထဲ ဝင်ရောက်လိုက်သည်နှင့် ယွင်ရှီးက မည်သည့် နတ်ဘုရားအာရုံ လှုပ်ရှားမှုမျှ မတွေ့ဘဲ ပေါ်လာခြင်းမှာ အံ့သြစရာ မရှိတော့ချေ။
'ပန်းတွေရဲ့ နှလုံးသားတွေနဲ့ ဆက်သွယ်တာကိုး...'
'အင်မော်တယ်ကိုယ်ခန္ဓာနဲ့ တကယ် ထိုက်တန်လှပါတယ်'
သူသည်ပင် ၎င်းကို အထူးအဆန်း ခံစားရ၏။
ထို့နောက် လုရီက တစ်စုံတစ်ရာကို စဉ်းစားမိပြီး မျက်နှာကို လေးနက်စွာထားကာ... ပြောကြားလိုက်သည်။
"ဪ... ရုပ်ခန္ဓာက အများကြီး သန်မာလာတာကိုး... ယွင်ရှီး၊ ငါ မင်းရဲ့ ခန္ဓာကိုယ် အရင်ကနဲ့ ဘယ်လောက် ကွာခြားသွားလဲဆိုတာ ကြည့်ရမယ်။ သေသေချာချာ စစ်ဆေးဖို့ လိုတယ်။"
ပြောပြောဆိုဆို လုရီသည် ယွင်ရှီးကို သူ့ရင်ခွင်ထဲသို့ ဆွဲသွင်းလိုက်၏။
ယွင်ရှီး၏ နတ်သမီးဆန်ပြီး သဘာဝကျကျ မျက်လုံးများတွင် ရေလိုကြည်လင်သော အရောင်များ တောက်ပလာ၏။ သူမ၏ မျက်နှာလေးမှာ အနည်းငယ် နီမြန်းလာသည်။ ထို့နောက် သူမသည် လုရီကို ပွေ့ဖက်လိုက်ပြီး ညင်သာစွာ ခေါင်းညိတ်ကာ...ဆိုလာသည်။
"အင်း... ဒီတစ်ခါတော့ ဒီအစ်မလေးက အလွယ်တကူ ရှုံးမှာ မဟုတ်တော့ဘူးထင်တယ်။ လုရီကို ကျေနပ်အောင် လုပ်ပေးနိုင်မှာပါ။"
ယွင်ရှီး ဤသို့ တုံ့ပြန်လိုက်သည်နှင့် သူမသည် အလွန်ပင် ယုံကြည်မှု ရှိနေတော့သည်။ လုရီမှာ အတော်လေး တက်ကြွနေတော့၏။
နှစ်ဦးသား ဂူစံအိမ်ထဲသို့ ဝင်ရောက်သွားကြ၏။ လုရီသည် ယွင်ရှီးကို ပွေ့ချီလျက် သူ ရင်းနှီးသော အိပ်ခန်းသို့ ပြန်ဝင်သွားတော့သည်။
နက်နဲပြီး ရှုပ်ထွေးသော အခင်းအကျင်းပုံစံများက ဂူစံအိမ်တစ်ခုလုံးကို ဖုံးလွှမ်းထား၏။ ဂူစံအိမ်အတွင်းတွင် နက်နဲဆန်းကြယ်သော တာအိုအလင်းရောင်များ လည်ပတ်နေ၏။
နဂါးဟောက်သံနှင့် ဖီးနစ်ငှက်တို့၏ တေးသံများဖြင့် ပေါင်းစပ်လျက်ရှိသည်။
လေးရက်အကြာတွင် ယွင်ရှီးသည် သူမ အလွန်အမင်း ယုံကြည်မှု စောသွားပြီဖြစ်ကြောင်း သဘောပေါက်သွား၏။
တဆက်တည်း၌ ရပ်ဖို့ တောင်းပန်လာတော့သည်။ ခြောက်ရက်အကြာတွင် သူမာ ပြိုလဲလုနီးနီးဖြစ်ကာ နောက်ဆုံးတွင် မေ့မြောသွားတော့သည်။
လုရီသည် အခန်းထဲမှ ထွက်လာသောအခါ သူ့မျက်နှာပေါ်တွင် အနည်းငယ် ရှုပ်ထွေးသော အမူအရာဖြင့် ဟင်းလင်းပြင်ကို လေးဆယ့်ငါး ဒီဂရီ ထောင့်ချိုးဖြင့် မော့ကြည့်လိုက်၏။
လုရီသည် ယွင်ရှီး၏ ခန္ဓာကိုယ်ကို သေသေချာချာ စူးစမ်းလေ့လာခဲ့၏။ အရင်ကထက်ပင် ပိုမို စိတ်ဝင်စားဖွယ်ကောင်းလာပြီး သူမ၏ ရုပ်ခန္ဓာ ခွန်အားမှာလည်း အများကြီး သန်မာလာခဲ့သည်။ အင်မော်တယ် ခန္ဓာပိုင်ဆိုင်ထားသည့် အစ်မ ရူယွီနှင့် နှိုင်းယှဉ်ပါက အနည်းငယ် နည်းနေသေးသော်လည်း အလွန်ပင် အစွမ်းထက်နေဆဲပင် ဖြစ်၏။
ကံမကောင်းစွာဖြင့် သူ့အား ကျေနပ်စေရန်မူ အလှမ်းဝေးနေဆဲပင်။
လုရီ ကြေကွဲသွားပါ၏။
'တခါတလေကျတော့လည်း... ဒီလောက် အစွမ်းထက်တဲ့ ကိုယ်ခန္ဓာမျိုး ပိုင်ဆိုင်ထားတာကလည်း ပြဿနာ တစ်ခုလိုပါပဲလားနော်...'
..
ထို့နောက်မူကား လုရီသည် တိတ်ဆိတ်စွာ ကျင့်ကြံရေးခန်းသို့ ဝင်ရောက်သွားပြီး သူ၏ အလုပ် ဆုလာဘ်ကို လက်ခံယူတော့သည်။ သူက ပျော်ရွှင်စွာဖြင့် ယွင်ရှီးနှင့် နှစ်ကိုယ်တူ ကျင့်ကြံခြင်းပြီးနောက် သူ၏ တိုးတက်မှုမှာ ကြီးမားလှ၏။
သူ၏ သဘာဝ နယ်ပယ်သည် ပဉ္စမအဆင့်သို့ တိုက်ရိုက် မြင့်တက်သွားတော့သည်။
' တစ်ဆင့်လုံး တိုးတက်သွားတာ! သဘာဝနယ်ပယ်ကို စဉ်းစားကြည့်စမ်း! နှစ်ကိုယ်တူ ကျင့်ကြံခြင်း တစ်ကြိမ်တည်းနဲ့ ငါ့ကို တစ်ဆင့်လုံး တိုးတက်စေခဲ့တာပဲ။ ဒါက နည်းနည်းလေးတော့ ချဲ့ကားပြောသလို ဖြစ်နေပေမယ့်၊ နတ်ဓားကျောက်တိုင်က ငါ့ရဲ့ ဓားနယ်ပယ်ကို ပေးခဲ့တဲ့ အရှိန်အဝါနဲ့တောင် နှိုင်းယှဉ်လို့ ရတယ်...။ အင်မော်တယ်ကိုယ်ခန္ဓာနဲ့ တကယ်ပဲ ထိုက်တန်လှပါတယ်...'
ထိုမျှ မကသေး၊ သူ၏ ယင်နှင့်ယန်နယ်ပယ်သည် ယခင်က ပြည့်စုံခြင်းသို့ ရောက်ရှိခဲ့ပြီးဖြစ်ရာ ယခုအခါ ယင်နှင့်ယန်နယ်မြေအဖြစ် ဖွဲ့တည်နိုင်ခဲ့သည်။
နက်နဲဆန်းကြယ်သော ယင်နှင့်ယန် တာအိုပုံစံများသည် သူ့ပတ်လည်တွင် ပတ်ဝန်းကျင်၌ လည်ပတ်နေ၏။ ပုံစံများမှာ အနက်နှင့် အဖြူရောင် ဖြစ်ပြီး တစ်ခုနှင့်တစ်ခု ကျစ်လစ်စွာ ရစ်ပတ်နေကြ၏။ တစ်ခုက ယင်၊ တစ်ခုက ယန်၊ တစ်ခုက လင်း၊ တစ်ခုက မှောင်ပြီး တာအို၏ မဖော်ပြနိုင်သော နက်နဲဆန်းကြယ်မှုများကို သယ်ဆောင်ထားလေသည်။
ယင်နှင့်ယန် တာအိုသည် အလွန်ပင် နက်နဲဆန်းကြယ်သော တာအို ဖြစ်၏။ တာအိုက အနှစ်သာရကို မွေးဖွားပေးသဖြင့် ယင်နှင့်ယန် ချီများ ပေါ်ပေါက်လာရာ ၎င်းသည် မူလရင်းမြစ်နှင့် အနီးစပ်ဆုံး တာအိုများထဲမှ တစ်ခုဖြစ်ပြီး အခြားတာအိုများကိုပင် ထပ်မံ ဆွဲထုတ်နိုင်စွမ်း ရှိ၏။
လုရီသည် ယင်နှင့်ယန် တာအို၏ နက်နဲဆန်းကြယ်မှုထဲသို့ နစ်မြုပ်သွားပြီး ဉာဏ်အလင်းများစွာ ရရှိခဲ့သည်။
ယွင်ရှီး အင်မော်တယ်ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲပြီးနောက် သဘာဝ၏ စွမ်းအား၏ အကျိုးသက်ရောက်မှုသည် အရင်ကထက် များစွာ ပိုမိုကောင်းမွန်လာခဲ့၏။ သူမ၏ ပြန်လည်ကောင်းမွန်နိုင်စွမ်းလည်း တိုးတက်လာခဲ့ရာ တစ်ရက်၏ တစ်ဝက်သာ ကြာမြင့်ပြီးနောက် သူမ နိုးထလာတော့သည်။
ယွင်ရှီးသည် အခန်းထဲမှ ထွက်လာ၏။ သူမ၏ နတ်သမီးဆန်ပြီး သစ်ခွကဲ့သို့ လှပသော မျက်နှာတွင် ပင်ပန်းနွမ်းနယ်မှုများ ပေါ်လွင်နေ၏။ လုရီကို မြင်သောအခါ သူမက လေးနက်စွာ မေးမြန်းလေသည်...။
"လုရီ... အရင်တစ်ခါ ငါ့ရဲ့ အမြင်ကို နင် စဉ်းစားခဲ့ရဲ့လား"
လုရီမှာ ကြောင်သွား၏။ အနည်းငယ် စိတ်ရှုပ်ထွေးသွားဟန်ဖြင့်...
"ဘာအမြင်လဲ။"
ဟု ခွန်းတုံ့ပြန်လေသည်။
"ဂျူနီယာညီမ မင်ယွဲ့နဲ့ စီနီယာအစ်မ
နင်ရွှမ်းတို့နဲ့ စောစောစီးစီး နှစ်ကိုယ်တူ ကျင့်ကြံဖို့လေ။"
ယွင်ရှီးသည် အလွန်လေးနက်စွာ တိုက်တွန်းလေသည်။
"ငါ တစ်ယောက်တည်းဆို တကယ် မရဘူး။ သေနိုင်တယ်။"
လုရီမှာ ယွင်ရှီး၏ ပွင့်လင်းသော စကားများကို ကြားသောအခါ အနည်းငယ် မသက်မသာ ခံစားရ၏။ သူ ချောင်းတစ်ချက် ခြောက်သွေ့စွာ ဆိုးလိုက်ပြီး အနည်းငယ် ရှက်ရွံ့စွာ...ဝန်ခံလိုက်သည်။
"ငါ ဂျူနီယာညီမလေးနဲ့ လွန်ခဲ့တဲ့ ရက်အနည်းငယ်က နှစ်ကိုယ်တူ ကျင့်ကြံခဲ့တာ မှန်ပါတယ်။"
ယွင်ရှီး၏ မျက်လုံးများ အရောင်တောက်သွား၏။ လှပသော မျက်နှာလေးမှာ အပြုံးတစ်ခု ပေါ်လာသည်။
"ကောင်းတာပေါ့။ ဂျူနီယာညီမ မင်ယွဲ့က
ဘာပြောသေးလဲ။"
လုရီက ပျော်ရွှင်စွာ...ပြန်လည် ရှင်းပြသည်။
"ဂျူနီယာညီမလေး မင်းကို အရင်ကလို
မဆန့်ကျင်တော့ဘူး ထင်တယ်။ မင်းကိုတောင် 'အစ်မယွင်ရှီး' လို့ ခေါ်ပြီး ငါ့ကို မင်းနဲ့ နှစ်ကိုယ်တူ ကျင့်ကြံဖို့ တိုက်တွန်းသေးတယ်။"
လုရီ ဤသို့ ရှင်းပြလိုက်သည်နှင့် သူ့မျက်နှာပေါ်တွင် စိတ်သက်သာရာရသည့် အမူအရာတစ်ခု ပေါ်လာသည်။
ယွင်ရှီး၏ မျက်နှာအမူအရာမှာ ရုတ်တရက် ထူးဆန်းသွားပြီး ပျော်ရွှင်နေသော လုရီကို ကြည့်ကာ..မေးမြန်းလာသည်။
"နင်နဲ့ ဂျူနီယာညီမလေး မင်ယွဲ့ ဘယ်လောက်ကြာကြာ နှစ်ကိုယ်တူ ကျင့်ကြံခဲ့ကြတာလဲ။"
"တစ်လလောက်ပဲ ရှိသေးတယ်... ဘာလို့လဲ။"
လုရီမှာ အနည်းငယ် အူကြောင်ကြောင်ဖြစ်နေတော့၏။
ယွင်ရှီး၏ မျက်နှာပေါ်တွင် မည်သည့် ခံစားချက်မျှ မပေါ်လွင်ချေ။
သူမ ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး..ခပ်တိုးတိုး တုံ့ပြန်လိုက်သည်။
"ဟင့်အင်း၊ ဘာမှ မဟုတ်ပါဘူး...။"
ရုတ်တရက် လုရီက တစ်စုံတစ်ရာကို စဉ်းစားမိပြီး
"ဒါနဲ့... ယွင်ရှီး၊ ခဏနားလိုက်ဦး... ပြီးရင် ငါတို့ သိုင်းပညာဖလှယ်ကြမယ်။ မင်း ဟင်းလင်းပြင်ဥမင်နယ်ပယ်ကို အဆင့်ချိုးဖျက်ပြီးပြီဆိုတော့ မင်းရဲ့ လက်ရှိ ခွန်အားကို ငါ စမ်းကြည့်ချင်တယ်။"ဟူ၍ တိုက်တွန်းလာလေသည်။
ဤစကားကို ကြားသောအခါ ယွင်ရှီးလည်း ဝင်းပသွား၏။ စိတ်အားထက်သန်စွာ ခေါင်းညိတ်ကာ...
"ဒါပေါ့။ ငါလည်း ငါနဲ့ နင့်ကြားက ကွာခြားချက် အခု ဘယ်လောက်ရှိပြီလဲဆိုတာ သိချင်တယ်။"
လုရီက မျှော်လင့်တကြီး တိတ်တိဆိတ် ကြုံးဝါးလိုက်၏။
"ငါ ယွင်ရှီးကို အနိုင်ယူမယ်။"
[အလုပ်]
ယွင်ရှီးကို အနိုင်ယူပါ။
ဆုလာဘ်- နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ၁၀ခု၊ သဘာဝတာအိုကျင့်စဉ် နားလည်မှု ပိုမိုတိုးတက်မှု။
အလုပ်အား လက်ခံပါ- လက်ခံမည်လား / ငြင်းမည်လား။
အခန်း ၃၇၂ -အနေအထားသစ်များ ဖော်ထုတ်ခြင်း...
~လုရီ၏ မျက်ဝန်းအစုံသည် ဆုလာဘ်စာရင်းကို မြင်လိုက်သည်နှင့် တဝင်းဝင်း တောက်ပသွားတော့၏။
ဒါကတော့ တကယ်ကို အားရစရာပဲ!
သူ၏ ရင်ထဲတွင် ပျော်ရွှင်မှုလှိုင်းများ ရိုက်ခတ်သွားပြီး ကြည်နူးစွာ ရေရွတ်လိုက်မိသည်...
' မှန်တယ်! အလုပ် ဆုလာဘ်တွေကလေ... အရင်ကထက် အများကြီး ပိုပြီး ကြွယ်ဝနေတာ မဟုတ်လား! တကယ်ကို မယုံနိုင်စရာပဲ'
သာမန် ဟင်းလင်းပြင်ဥမင်နယ်ပယ် ကျင့်ကြံသူတစ်ဦးအတွက်ဆိုလျှင်၊ မဟာအကြီးအကဲ မင်ကဲ့သို့သော ဓားတာအို ထိပ်တန်းကျွမ်းကျင်သူမျိုးနှင့် သိုင်းပညာဖလှယ်ရသည့် ဆုလာဘ်က နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း တစ်ခုတည်းသာ ဖြစ်လေသည်။
သို့ဖြစ်သော်ငြားလည်း အင်မော်တယ်ကိုယ်ခန္ဓာပိုင်ရှင် ယွင်ရှီးအတွက်မူ၊ သူမ၏ ကျင့်ကြံခြင်းအဆင့်သည် မဟာအကြီးအကဲ မင်ထက်ပင် နိမ့်ကျနေသော်ငြား၊ ဆုလာဘ်သည် ပိုမို ကြွယ်ဝလှချေသည်။ နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ဆယ်ခုတောင် ဖြစ်ချေသည်!
ကြည့်လေ၊ သူ့အား ဟင်းလင်းပြင်ဥမင်နယ်ပယ် ပထမအဆင့်မှ ဒုတိယအဆင့်သို့ တိုးတက်စေခဲ့သည့် ပမာဏသည် နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ဆယ်ခုပင် ဖြစ်ပေသည်။ ဤသည်မှာ မည်မျှကြီးမားသော ဆုလာဘ်ဖြစ်ကြောင်း ထင်ရှားလှသည် မဟုတ်ပါလား။
သူ၏ အခြေခံအုတ်မြစ်အရ၊ သူ၏ အဆင့်ချိုးဖျက်မှုသည် ကြီးမားသော ကျင့်ကြံခြင်း အရင်းအမြစ်ပမာဏကို စားသုံးရန် လိုအပ်သည်ဖြစ်ရာ၊ ထိုသို့ ဖြစ်လျက်ပင် ဟင်းလင်းပြင်ဥမင်နယ်ပယ်အတွင်း တစ်ဆင့် တိုးတက်နိုင်ခဲ့သည်ကို ထောက်လျှင်၊ ဆုလာဘ်၏ ကြွယ်ဝမှုကို စဉ်းစားသာ ကြည့်ပါလေတော့။
လုရီ အလွန်ပင် ပျော်ရွှင်နေမိသည်။ သူ့မျက်နှာပေါ်တွင် မသိမသာ မဲ့ပြုံးတစ်ချက် ပေါ်လာသည်။
'ဟုတ်တယ်! ယွင်ရှီးကို ပြုစုပျိုးထောင်ပေးပြီးတဲ့နောက်မှာတော့ ဒါက တကယ်ကို ထိရောက်မှု အကြီးကြီးရှိသွားတာပဲ! မယုံနိုင်စရာပဲ'
' ယွင်ရှီးတောင် ဒီလောက် ကြီးမားတဲ့ ဆုလာဘ်တွေ ရတယ်ဆိုမှတော့... အင်မော်တယ် ခန္ဓာပိုင်ရှင်ဖြစ်တဲ့ စီနီယာအစ်မ ရူယွီကရော ဆုလာဘ် နည်းပါ့မလား! သူ့ဆုလာဘ်တွေ ဘယ်လောက်တောင် များနေမလဲ '
လုရီမှာ စိတ်အားတက်ကြွနေတော့သည်။
သူ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေး နှစ်ဦးစလုံးကို အင်မော်တယ်ကိုယ်ခန္ဓာအဖြစ် ပြောင်းလဲပေးနိုင်ခဲ့လျှင်၊ ပို၍ပင် ကောင်းလိမ့်မည်။
တိုက်ဆိုင်စွာပင် သူသည် ပင်လယ်မျိုးနွယ် တိုက်ပွဲနယ်မြေသို့ ခရီးထွက်ရန် စီစဉ်ထားရာ၊ အလုပ်များလည်း မနည်းသင့်ပေ။ ထိုအချိန်တွင် သူ၏ စီနီယာအစ်မနှင့်
ဂျူနီယာညီမလေးတို့ကို ပြောင်းလဲပေးနိုင်မည့် ကောင်းကင်နှင့် မြေကြီး ရတနာများ ရရှိရန် အခွင့်အရေး ရနိုင်ချေသည်။
လုရီ ထိုအတွေးကို သူ့ရင်ထဲတွင် မြှုပ်နှံထားလိုက်တော့၏။
ယွင်ရှီးသည် သဘာဝ၏ စွမ်းအားကို အသုံးပြု၍ ပြန်လည် ကုစားခဲ့ရာ၊ သူမ၏ ပင်ပန်းနွမ်းနယ်မှုကို ဖယ်ရှားရန် နာရီပေါင်းများစွာ ကြာမြင့်ခဲ့လေသည်။
ထိုအခါ လုရီနှင့် ယွင်ရှီးတို့သည် ယွင်ရှီး၏ ဂူစံအိမ်မှ ထွက်ခွာခဲ့ကြတော့သည်။
အကြောင်းမူကား ဟင်းလင်းပြင်ဥမင် နယ်ပယ် ကျင့်ကြံသူတို့၏ အဖျက်အားမှာ ပြင်းလှလေသည်။
အင်မော်တယ် ခန္ဓာပိုင်ရှင် လုရီနှင့် ယွင်ရှီးတို့အတွက်မူ ပြောဖွယ်ရာပင် မရှိတော့ပေ။
ထို့ကြောင့် နှစ်ဦးသားသည် ပန်းတစ်သောင်းဂိုဏ်း၏ နယ်မြေအတွင်းတွင် သိုင်းပညာဖလှယ်ခြင်း မပြုခဲ့ကြပေ။
မဟုတ်ပါလျှင် သူတို့ သိုင်းပညာဖလှယ်ရုံမျှနှင့်ပင် ပန်းတစ်သောင်းဂိုဏ်းကို ဖျက်ဆီးပစ်နိုင်လိမ့်မည်။
အသံတစ်စက်မျှ မထွက်စေဘဲ နှစ်ဦးသား ပန်းတစ်သောင်းဂိုဏ်း၏ ဂိုဏ်း အကာအကွယ် အခင်းအကျင်းမှ ထွက်ခွာကာ ပန်းတစ်သောင်းဂိုဏ်းမှ အတိုင်းအတာတစ်ခုအထိ ဝေးကွာသော အမြင့်နေရာသို့ သွားခဲ့ကြသည်။
သူတို့၏ ဦးခေါင်းအထက်တွင် အဆုံးမဲ့ အပြင်ဘက်အာကာသကြီးသည် နက်မှောင်စွာ ဖြန့်ကျက်လျက်၊ ကြယ်တာရာတို့သည် စိန်ပွင့်များနှယ် တောက်ပစွာ ထွန်းလင်းနေကြသည်။ သူတို့ခြေထောက်အောက်တွင်မူ အဖြူရောင် တိမ်ပင်လယ်ကြီးသည် လှိုင်းထလျက် ရှိပြီး၊ အဝေးမှ တောင်တန်းကြီးများအားပင် အလွန်ပင် သေးငယ်သော အရိပ်မည်းများအဖြစ် မှုန်ပျပျ မြင်တွေ့ရ၏။
ဓားကဲ့သို့ အရိုးကို ခြစ်သည့် လေကြမ်းသည် အမြင့်ဆုံး ကောင်းကင်ယံမှ တရကြမ်းတိုက်ခတ်လာကာ လုရီနှင့်
ယွင်ရှီးတို့၏ အရေပြားကို တဘုန်းဘုန်း ရိုက်ခတ်နေသည်။
ဤသို့သော အမြင့်ပိုင်း လေကြမ်းသည် သာမန် ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူ တစ်ဦးကိုပင် ပြင်းထန်စွာ ထိခိုက်စေနိုင်သော်လည်း၊ သူတို့နှစ်ဦး၏ ရုပ်ခန္ဓာ ခွန်အား သန်မာလှသဖြင့် အနည်းငယ်မျှပင် မထိခိုက်နိုင်ချေ။
သူတို့ နှစ်ဦးသည် လေနှင်ရာသို့ ယိမ်းနွဲ့နေသည့် ထင်းရှူးပင်များနှယ် မတုန်မလှုပ် တည်ငြိမ်
လျက် ရှိသည်။
လုရီနှင့် ယွင်ရှီးတို့သည် မျက်နှာချင်းဆိုင် ရပ်တည်နေကြသည်။
သူတို့၏ အကြည့်ချင်း ဆုံတွေ့ရာတွင် နက်ရှိုင်းသော နားလည်မှုနှင့် ယုံကြည်မှုတို့ ထင်ဟပ်နေ၏။
ယွင်ရှီး၏ နက်မှောင်သော ဆံပင်များသည် လေထဲတွင် ပိုးသားအမျှင်များနှယ် လွင့်မျောနေပြီး၊ သူမ၏ လှပသော မျက်နှာသည် ပန်းခင်းကြီးကြားတွင် ပျော်မွေ့နေသော အင်မော်တယ်တစ်ပါးကဲ့သို့ သိမ်မွေ့၊ သန့်စင်နေလေသည်။
လုရီ၏ ဖြူဆွတ်သော ဝတ်ရုံများသည် လေအဟုန်ကြောင့် တဖားဖား လွင့်နေစဉ် သူ၏ ချောမောသော မျက်နှာပေါ်တွင် နူးညံ့သော၊ အပြုံးတစ်ခု ခိုတွဲနေကာ ယွင်ရှီးကို ဂရုတစိုက် ကြည့်နေသည်။
ထိုအခိုက်အတန့်၌ ယွင်ရှီးသည် ချိုမြိန်စွာ ပြုံးလိုက်ပြီး... သူ့ကို စိန်ခေါ်လိုက်၏။
"လုရီ၊ ငါ အသင့်ပဲ!"
သူမ၏ အသံသည် ကောင်းကင်၏ ဂီတသံပမာ ကြည်လင် ပြတ်သား၏။
ပြောပြောဆိုဆိုပင် သူမ၏ ရုပ်ခန္ဓာပတ်လည်တွင် တောက်ပသော အစိမ်းရောင် အလင်းတန်းများ အသက်ဝင်စွာ စီးဆင်းလာပြီး၊ ပြင်းထန်စွာ သက်ဝင်လှုပ်ရှားနေ၏။
၎င်းသည် သဘာဝ၏ မူလစွမ်းအား၊ အသက်၏ အနှစ်သာရ၊ မကုန်ခန်းနိုင်သော ရှင်သန်ခြင်း၏ အင်အားပင်..။
ယွင်ရှီး၏ ပတ်လည်တွင် အရောင်အသွေးစုံလင်သော ပန်းပွင့် ပုံရိပ်များ ပေါ်ထွက်လာ၏။ ၎င်းတို့သည် ကိုးရောင်ခြယ် အလင်းနှင့် နက်နဲသော တာအိုအလင်းများဖြင့် တောက်ပနေကာ ညင်သာစွာ ယိမ်းနွဲ့နေလေသည်။
သူမ၏ ဦးခေါင်းအထက်တွင်မူ ကျောက်စိမ်းကြာပန်းတစ်ပွင့် ထင်ရှားစွာ ပေါ်လာပြီး စိမ်းပြာရောင် အလင်းတန်းများ ရစ်သိုင်းနေတော့၏။
ထောင်ပေါင်းများစွာသော စိမ်းပြာရောင် အလင်းတန်းများသည် ကောင်းကင်ကို ဖုံးအုပ်ကာ တရှိန်ထိုး လွင့်မျောသွားသည်။ ၎င်းတို့သည် ဟင်းလင်းပြင်ကြီးကို ဝဲလည်တိုက်ခတ်ကာ ကြေမွသွားစေလျက် အက်ကြောင်း မည်းမည်းများ ချန်ရစ်ခဲ့လေသည်။
လုရီပင်လျှင် အတော်လေး အံ့သြနေမိသည်။
"အင်မော်တယ် ခန္ဓာ" အဖြစ် ပြောင်းလဲပြီးနောက် ယွင်ရှီး၏ ခွန်အားသည် ယခင်ကနှင့် နှိုင်းယှဉ်လျှင် မြေကြီးလှုပ်ခတ်လောက်အောင် ပြောင်းလဲသွားသည်ကိုး။
ထိုသို့သော အစွမ်းထက်သည့် သိုင်းပညာရပ်များသည် သာမန် ဟင်းလင်းပြင် ဥမင် ကျင့်ကြံသူတစ်ဦး ခုခံရန် လုံးဝ မဖြစ်နိုင်တော့ချေ။
ယွင်ရှီး၏ သဘာဝတာအို ဉာဏ်အလင်းသည် အလွန်ပင် နက်ရှိုင်းလှပြီး၊ သူမ၏ သိုင်းပညာရပ်များကို ၎င်း၏ မူလစွမ်းအားဖြင့် များစွာ မြှင့်တင်ပေးနိုင်ခဲ့သည်ပင်။
သို့သော်ငြားလည်း၊ ၎င်းသည် လုရီအတွက် ပြဿနာတစ်ရပ် မဟုတ်ချေ။
ကြည်လင် ထက်ရှသော ဓားရှည်သံသည် ကောင်းကင်တစ်ခွင် ဟိန်းသွားပြီး၊ ရွှေရောင် ဓားအလင်းများစွာ အလိုအလျောက် ပေါ်ထွက်လာကာ ထောင်ပေါင်းများစွာ ဖြန့်ကျက်နေတော့သည်။
ထိုရွှေရောင် ဓားအလင်းများသည် နက်နဲသည့် ဓားပုံစံများနှင့်အတူ ထက်ရှပြီး ခိုင်မာသော ဓားစိတ်ဆန္ဒကို ထုတ်လွှတ်နေ၏။
လုရီ၏ အတွေးတစ်ချက်ထုတ်ဖော်လိုက်သည်နှင့် တပြိုင်နက် ယင်းရွှေရောင် ဓားအလင်းအားလုံးသည် အရှိန်အဟုန်ပြင်းစွာ ပျံတက်သွားပြီး၊ ယွင်ရှီး၏ စိမ်းပြာရောင် အလင်းများနှင့် ထိပ်တိုက် တွေ့ဆုံတော့သည်။
ဓားအလင်းနှင့် အစိမ်းရောင် အလင်းတို့ ထိပ်တိုက်တွေ့ဆုံမှုကြောင့် ကောင်းကင်တွင် မရပ်မနား မြည်ဟည်းသံများ ထွက်ပေါ်လာပြီး၊ ၎င်း၏ ဖွဲ့စည်းပုံတွင် သေးငယ်သော အက်ကြောင်းများ ဖြစ်ပေါ်လာတော့သည်။
အစိမ်းရောင်နှင့် ရွှေရောင် အလင်းများသည် မရပ်မနား ထွန်းလင်းတောက်ပနေကာ နေမင်းကဲ့သို့ပင် မျက်စိကျိန်းစရာ ကောင်းလှသည်။
ပတ်ဝန်းကျင် ဆယ်ကီလိုမီတာအတွင်းကောင်းကင် တစ်ခွင်လုံးက အက်ကွဲနေသော မှန်ကဲ့သို့ ဖြစ်နေပြီး အက်ကြောင်းများ နေရာအနှံ့ ပေါ်နေလေသည်။ ထိတိုက်မှုအားလှိုင်း အကြွင်းအကျန်များသည် မုန်တိုင်းများအဖြစ် ပြောင်းလဲသွားကာ အရပ် မျက်နှာအားလုံးသို့ ပျံ့နှံ့သွားသည်။
အောက်ဘက်ရှိ တိမ်များကိုပင် သန့်စင်သွားစေပြီး၊ မုန်တိုင်းသည် အောက်ဘက်ရှိ သစ်တောသို့ ရောက်ရှိသောအခါ သစ်ပင်များ အနည်းငယ် တုန်ယင်သွားလေသည်။ ထိုစဉ်မှာပင်၊ ပန်းတစ်သောင်းဂိုဏ်း၏ မဟာ အခင်းအကျင်း အတွင်းရှိ ကြယ်တာရာအားလုံးသည် တောက်ပစွာ ထွန်းလင်းလာတော့သည်။
ဤသည်က ပန်းတစ်သောင်းဂိုဏ်း၏ ကျင့်ကြံသူများကို ထိတ်လန့်စေခဲ့ရာ၊
အဘွားဟွားနှင့် နတ်ဘုရား အသွင်ပြောင်း အကြီးအကဲ အုပ်စု တစ်စုတို့သည် ကောင်းကင်သို့ တစ်ရှိန်ထိုး ပျံတက်သွားကြသည်။
သူတို့၏ မျက်နှာများသည် အံ့သြမှု အပြည့်ဖြင့် ကောင်းကင်မှ ရွှေရောင်နှင့် စိမ်းပြာရောင် နေမင်းနှစ်စင်းပမာ တောက်ပနေသော ထိပ်တိုက်တွေ့ဆုံမှုကို ကြည့်ရှုနေကြလေသည်။
"ဘာဖြစ်နေတာလဲ... ကောင်းကင်မှာ ဘာကြီးလဲ..."
အဘွားဟွား၏ မျက်နှာက ထိတ်လန့်ဟန် ရိပ်ခနဲ ထင်သွားပြီး အသံတိုးတိုးဖြင့် ရေရွတ်လိုက်၏။
အခြား နတ်ဘုရားအသွင်ပြောင်း အဘိုးအို
တစ်ဦးကလည်း စဉ်းစားဟန်ဖြင့် ပြောလိုက်တော့သည်။
"ဒါက... ထိပ်တန်းကျွမ်းကျင်သူတွေ တိုက်ခိုက်နေတာလား... ဒီလို အမြင့်ကြီးကနေ အောက်ဘက်အထိ တုန်လှုပ်အောင် လုပ်နိုင်တာ စည်းလုံးခြင်းနယ်ပယ် မဟာစွမ်းအင်ရှင်တွေရဲ့ တိုက်ပွဲပဲ ဖြစ်ရမယ်..."
ထိုစဉ် အခြား အကြီးအကဲ တစ်ဦးက ဒေါသထွက်ဟန်ဖြင့်...ပြောလာသည်။
"ငါတို့ ပန်းတစ်သောင်းဂိုဏ်းကို ဒီလောက် သိုဝှက်ပြီး နေတာ... ဘာလို့ ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအင်ရှင်ကြီးက ဒီမှာ ပြဿနာရှာနေတာလဲ... သူတို့က ယွင်ရှီးကို ပစ်မှတ်ထားလာတာများလား..."
အဘွားဟွားနှင့် နတ်ဘုရားအသွင်ပြောင်း အကြီးအကဲ အုပ်စုမှာ ဒေါသထွက်နေကြ ကာ သူတို့၏ ရင်ထဲတွင် မကျေနပ်မှုများ လှိုက်တက်လာတော့သည်။
ပန်းတစ်သောင်းဂိုဏ်းတင်မက၊ မဟာစွမ်းအင်ရှင်အဆင့် တိုက်ပွဲ၏ ပြင်းထန်မှုမှာ ကြောက်မက်ဖွယ်ကောင်းလှချေသည်။
ဗဟိုနယ်မြေသည် ဆယ်ကီလိုမီတာကျော် ကျယ်ပြန့်ပြီး၊ ပူပြင်းသော အလင်းရောင်ကို သောင်းနှင့်ချီသော ကီလိုမီတာ အဝေးမှ မြင်နိုင်၏။ ပြင်းထန်သော ဝိညာဉ်စွမ်းအင် လှုပ်ရှားမှုများလည်း အလားတူပင် ဝေးလံစွာ ပျံ့နှံ့နေလေသည်။
ပန်းတစ်သောင်းဂိုဏ်းအပြင်ဘက်မှ ကျင့်ကြံသူများပင် သူတို့၏ အကြည့်များကို ထိုဘက်သို့ လှည့်လိုက်ကြတော့သည်။
တစ်ကြိမ် ထိပ်တိုက်တွေ့ဆုံပြီးနောက် ဓားအလင်းနှင့် စိမ်းပြာရောင် အလင်းနှစ်ခုစလုံး ပျောက်ကွယ်သွားတော့သည်။ံ
လုရီ၏ ဓားနယ်ပယ်သည် ယွင်ရှီး၏
သဘာဝနယ်ပယ်နှင့် တူညီသော အဆင့်တွင် မရှိချေ။ သာမန်အခြေအနေများတွင် သဘာဝနယ်ပယ်က ဓားနယ်ပယ်ကို သာလွန်သင့်သည်။
သို့ဖြစ်သော်ငြားလည်း ၎င်းသည် လုရီ၏ အခြေခံအုတ်မြစ်မှာ ယွင်ရှီးထက် များစွာ သာလွန်နေသည်ကို ထည့်မတွက်ထား၍ ဖြစ်ပေသည်။
သူ၏ ကျင့်ကြံခြင်းနည်းစနစ်များက သူမ၏ နည်းစနစ်များထက် သာလွန်သည်။
ထိတိုက်မိနေသော နယ်ပယ်များကြားမှပင် အလွယ်တကူ ကိုင်တွယ်နိုင်ခဲ့လေသည်။
"ပန်းတစ်သောင်း ရွက်လွင့် သိုင်း!"
ယွင်ရှီးသည် ခပ်စူစူး မာန်သွင်းလိုက်ပြီး သူမ၏ လက်များဖြင့် တံဆိပ် ထုတ်ဖော်လိုက်သည်။ ထိုအခိုက်အတန့်၌ ပန်းများ ဝေဆာနေသော နယ်ပယ်တွင် အဆုံးမရှိသော ပန်းပွင့်များသည် ကိုးရောင်ခြယ် အလင်းလွှာများဖြင့် တောက်ပစွာ လွင့်မျောနေသည်။
အမြင်အားဖြင့် ရင်သပ်ရှုမောဖွယ်ရာ ဖြစ်သော်လည်း ထက်မြက်ပြီး မယှဉ်နိုင်သော အစွန်းများ ပါဝင်နေလေ၏။