← Chapters

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း (၃၇၃-၃၇၅)

Vol. 25 Ch. 373-375

အခန်း ၃၇၃- အခြေအနေ အသစ်များ

ပွင့်ခြင်း...

~သောင်းနှင့် ချီသော ပန်းပွင့်များသည် ကောင်းကင်ကို ဖုံးအုပ်ကာ လုရီအပေါ်သို့ ကျဆင်းလာတော့သည်။

လုရီ မျက်ခုံး တစ်ချက် တွန့်လိုက်ပြီး သူ့မျက်လုံးများတွင် ဓားရိပ်များ တဖျတ်ဖျတ် လင်းလက်နေသည်။

ဓားနယ်ပယ်အတွင်းတွင် နက်ရှိုင်းပြီး တည်ငြိမ်သော အလင်းများ စုစည်းနေပြီး ဓားရှည်အားလုံးသည် အသက်နှင့်

သေခြင်း၏ အရှိန်အဝါကို သယ်ဆောင်ထားသည်။ ကောင်းကင်နှင့် ငရဲမှ ဓားလမ်းကြောင်းကို စတင် ဖော်ထုတ်သကဲ့သို့ အသက်ရှင်သူများကို အသက်ရှူကျပ်စေပြီး အသက်ဓာတ်ကိုယ်တိုင်ကိုပင် ခြောက်သွေ့စေတော့၏။

နွေဦးဝါနှင့် ကောင်းကင်ပြာသိုင်း!

ဓားရှည်အားလုံးသည် ကြောက်မက်ဖွယ်ကောင်းသော သေခြင်းတရား၏ စွမ်းအားကို သယ်ဆောင်ကာ ပန်းပွင့်များဆီသို့ တဟုန်ထိုး ဝင်ရောက် တိုက်ခိုက်တော့သည်။

၎င်းသည် လုရီ ယခင်က သင်ယူခဲ့သော ဟင်းလင်းပြင်ဥမင်နယ်ပယ် ဓားတာအို ပညာရပ်တစ်ခုဖြစ်ပြီး နွေဦးဝါနှင့် ကောင်းကင်ပြာ ဖြစ်၏။

၎င်းသည် ဓားတာအို၏ စွမ်းအားကို အသုံးပြု၍ ကောင်းကင်ပြာမှ ငရဲပြည်အထိ ဖောက်ထွင်းသည်။ အသက်နှင့် သေခြင်း၊ ပြန်လည်မွေးဖွားခြင်း၏ စွမ်းအားအငွေ့အသက်ကို ဆောင်ကာ စိတ်ကူးမယဉ်နိုင်သော စွမ်းအားများ ပိုင်ဆိုင်ထားလေသည်။

ဤဓားတာအို ပညာရပ်သည် လုရီ သွေးဝိညာဉ်ဂိုဏ်း ဘိုးဘေးနှင့် တိုက်ခိုက်ရာတွင် အသုံးပြုခဲ့သော ကောင်းကင် ဓား ကိုးချက်ထက် မနိမ့်ကျချေ။

ယခင်ကတည်းက လုရီသည် နွေဦးဝါနှင့် ကောင်းကင်ပြာကို အမြင့်ဆုံးအဆင့်အထိ ကျင့်ကြံပြီးစီးခဲ့သော်လည်း ၎င်းကို အသုံးပြုရန် အခွင့်အရေး မရခဲ့ဖူးပါ။

မမျှော်လင့်ဘဲ ယွင်ရှီးနှင့် သိုင်းပညာ ဖလှယ်နေစဉ်အတွင်း ယခုမှပင် အသုံးပြုခဲ့ရတော့သည်။

လုရီမှာ အနည်းငယ် စိတ်လှုပ်ရှားနေမိသည်။ အင်မော်တယ်ကိုယ်ခန္ဓာ အဖြစ် ပြောင်းလဲပြီးနောက် ယွင်ရှီး၏ ခွန်အားသည် အမှန်တကယ်ပင် ထူးခြားလှပြီး သူ့အား ပညာရပ်အစွမ်းကုန် ထုတ်သုံးရန် တွန်းအားပေးနိုင်ခဲ့ချေသည်ကိုး။

ယခင်က ယွင်ရှီးသည် သူ၏ ဓားတာအိုနယ်ပယ်ကိုပင် အနိုင်နိုင် ခံနိုင်ရည်ရှိခဲ့သည်ကို သိရပါမည်။

ယွင်ရှီး၏ လက်ရှိ ခွန်အားသည် ပေါင်းစည်းခြင်း အဆင့် မဟာစွမ်းအင်ရှင်တစ်ပါးနှင့် ရင်ဆိုင်ရလျှင်ပင် တိုက်ခိုက်နိုင်စွမ်း ရှိနေပြီဖြစ်လေသည်။

လုရီမှာ ရင်ထဲတွင် အလွန်ပင် ပျော်ရွှင်နေသည်။ ယွင်ရှီးကို ဤအဆင့်အထိ ပြုစုပျိုးထောင်ပေးနိုင်ခဲ့ခြင်းက သူ့အား ပြီးမြောက်အောင်မြင်မှု ခံစားချက်ကို ပေးစွမ်းလေသည်။

အနာဂတ်တွင် သူသည် ယွင်ရှီးအား အင်မော်တယ်တစ်ပါးအဖြစ်ပင် ပြုစုပျိုးထောင်နိုင်ချေရှိပြီး၊ အလွန်ပင် အစွမ်းထက်သော အင်မော်တယ်တစ်ပါး ဖြစ်လာကာ ကြယ်တာရာစကြဝဠာကို လွှမ်းမိုးသွားနိုင်လိမ့်မည်။

ထိုအချိန်ရောက်လျှင် သူကိုယ်တိုင် လုပ်ဆောင်ရန်ပင် မလိုအပ်တော့ဘဲ ယွင်ရှီးတစ်ဦးတည်းပင် သူ၏ ရန်သူအားလုံးကို ချေမှုန်းနိုင်လိမ့်မည်။

သူ၏ စီနီယာအစ်မ၊ ဂျူနီယာညီမလေးနှင့်

စီနီယာအစ်မ ရူယွီတို့လည်း ရှိသေးရာ၊

လုရီသည် သူမတို့ကိုလည်း ထိုသို့သော အစွမ်းထက်သည့် ပုဂ္ဂိုလ်များအဖြစ် ပျိုးထောင်နိုင်ပြီးနောက် သူသည် သူ့ကိုယ်ပိုင် ကျင့်ကြံခြင်းအပေါ် ငြိမ်းချမ်းစွာ အာရုံစိုက်နိုင်တော့မည်။

ထို့ပြင် သူမတို့ အမှန်တကယ် ထိုမျှ အစွမ်းထက်လာခဲ့လျှင် လုရီနှင့် သူတို့၏ သိုင်း၊လှယ်ရသည့်အလုပ်များ၊ အခြားသော အလုပ်များမှ ရရှိမည့် ဆုလာဘ်များသည် စိတ်ကူးမယဉ်နိုင်အောင် ကြီးမားလိမ့်မည်။

တွေးကြည့်ရုံနှင့်ပင် ရင်ထဲတွင် ကြည်နူးစရာ ကောင်းလှချေသည်။

လုရီသည် မျှော်လင့်ချက်များဖြင့် ပြည့်နှက်နေတော့သည်။

နွေဦးဝါနှင့် ကောင်းကင်ပြာသည် အသက်နှင့် သေခြင်း၏ ပြန်လည်မွေးဖွားခြင်း စွမ်းအားနှင့် နက်ရှိုင်းသော မှောင်မိုက်မှုကို ပိုင်ဆိုင်ထားပြီး ပန်းပွင့်များနှင့် ထိပ်တိုက်တွေ့ဆုံတော့၏။

အမြင့်ဆုံး အဆင့် ဟင်းလင်းပြင်ဥမင်နယ်ပယ် ဓားသိုင်းပညာရပ်သည် သာမန်မဟုတ်သော စွမ်းအားများကို ပိုင်ဆိုင်ထားသည်မှာ သဘာဝပင်။

ယွင်ရှီးသည် အင်မော်တယ် ခန္ဓာအဖြစ် ပြောင်းလဲပြီး သူမ၏ သဘာဝ နယ်ပယ်မှာ အလွန် နက်ရှိုင်းသော်ငြား၊ ပန်းတစ်သောင်း

ရွက်လွှင့်သိုင်းသည် အနည်းငယ် လိုအပ်ချက်များ ရှိနေသေးသည်ကို လုရီ တွေ့လိုက်ရ၏။

ဓားအလင်း လှည့်ပတ်သွားပြီး သေခြင်းတရား၏ စွမ်းအားက ပန်းပွင့်များကို တစ်ခုပြီးတစ်ခု စားသုံးသွားကာ ပျံသန်းနေသော ပြာမှုန့်များအဖြစ် ပြောင်းလဲပစ်လိုက်သည်။ တစ်ဆက်တည်းပင် ကောင်းကင်ကို ဖုံးအုပ်ထားသော ပန်းပွင့်များသည် သိသိသာသာ မြန်ဆန်စွာ ပျောက်ကွယ်သွားတော့သည်။

ယွင်ရှီးမှာ လျင်မြန်စွာ အရေးနိမ့်သွားတော့၏။

သို့ဖြစ်သော်ငြားလည်း နှစ်ဦးသား၏ တိုက်ပွဲသည် ကြောက်မက်ဖွယ် ဖိနှိပ်မှုကြီးကို သယ်ဆောင်ထားပြီး၊ ကောင်းကင်တစ်ခွင်လုံး အက်ကြောင်းများနှင့် မုန်တိုင်းများဖြင့် ပြည့်နှက်နေတော့၏။

အောက်ဘက်ရှိ ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများသည် ကောင်းကင်ပြာတွင် ပေါ်လာသော အက်ကြောင်းများကို မြင်သောအခါ အံ့သြတုန်လှုပ်သွားကြသည်။

ပေါင်းစည်းခြင်းနယ်ပယ် မဟာစွမ်းအင်ရှင်တို့၏ တိုက်ပွဲကို သူတို့ မြင်ဖူးသည်မှာ အနည်းငယ်မျှသာ ရှိပြီး၊ မြင်ဖူးသည့် အကြိမ်တိုင်း၌လည်း ကြောက်ရွံ့လေးစားမှုများ ဖြစ်ပေါ်စေခဲ့သည် မဟုတ်ပါလား။

နောက်ဆုံးတွင် နွေဦးဝါနှင့် ကောင်းကင်ပြာ၏ ဓားအလင်းသည် ပန်းပွင့်အားလုံးကို ချေမှုန်းပစ်လိုက်ပြီး ဓားအလင်းသည်

ယွင်ရှီးဆီသို့ ချဉ်းကပ်လာသောအခါ၌ ညင်သာစွာ ပျောက်ကွယ်သွားတော့သည်။

ယွင်ရှီး၏ နူးညံ့သိမ်မွေ့သော မျက်နှာလေးမှာ အနည်းငယ် ဖြူဖျော့နေသည်။ သူမသည် သူမ၏ ခွန်အားအားလုံးကို အသုံးပြုခဲ့ပြီး ဝိညာဉ်စွမ်းအင်များ တရကြမ်းထုတ်သုံးခဲ့ရသည်။ သို့ဖြစ်လျက်ပင် လုရီ၏ ဓားသိုင်းပညာကို သူမ တားဆီးနိုင်ခြင်း မရှိသေးချေ။

သူမ ဖျော့တော့စွာ ပြုံးလိုက်ပြီး လုရီအနီးသို့ ပျံသန်း ရောက်ရှိလာကာ...မောဟိုက်သော အသံဖြင့် ရင်ဖွင့်လိုက်၏။

"လုရီ... နင်က ခုထိ အစွမ်းထက်တုန်းပဲ။ ငါက အင်မော်တယ် ခန္ဓာ ဖြစ်လာတာတောင် နင့်ကို မယှဉ်နိုင်သေးဘူး"

ထိုအခါ လုရီက ယွင်ရှီး၏ ပါးကို ဖျစ်ညှစ်လိုက်ပြီး..ချော့မော့ ပြောဆိုလိုက်သည်။

"ယွင်ရှီး၊ မင်း ငါ့ကို တကယ် အံ့အားသင့်စေတာပါ။ အင်မော်တယ်ကိုယ်ခန္ဓာ ဖြစ်လာပြီးနောက် မင်းရဲ့ ခွန်အားက အရင်ကထက် အများကြီး ပိုများလာတယ်။ သာမန် စည်းလုံးခြင်းနယ်ပယ် မဟာစွမ်းအင်ရှင်တွေဆို မင်းကို ကိုင်တွယ်နိုင်မှာ မဟုတ်ဘူးကွ..."

ဤစကားကို ကြားသောအခါ ယွင်ရှီး၏

မျက်နှာလေး တောက်သွားပြီး အပျော်ရိပ် သမ်းလာကာ...

" ငါ ဒီလောက်တောင် အစွမ်းထက်နေပြီလား။ ဒါဆို တစ်ခုခုဆိုရင် ငါလည်း နင့်ကို ကူညီနိုင်တာပေါ့" ဟု ဝမ်းသာအားရ ပြောဆိုလိုက်တော့သည်။

ယွင်ရှီး၏ ပျော်ရွှင်သွားသော အမူအရာကို မြင်သောအခါ လုရီ၏ ရင်ထဲတွင် တစ်ချက်

နွေးထွေးသွားရသည်။

ထို့နောက် သူ တစ်ခုခုကို သတိရသွားပြီး...

ခပ်ပြုံးပြုံး ပြောလိုက်တော့သည်။

"ဒါပေမဲ့ မင်းရဲ့ ကျင့်ကြံ နည်းစနစ်က သိပ်အစွမ်းထက်ပုံ မပေါ်ဘူး။ နည်းနည်း လိုနေသေးတယ်"

ယွင်ရှီး ဤစကားကို ကြားသောအခါ ခေါင်းအနည်းငယ် ညိတ်လိုက်ပြီး...ရှင်းပြလာသည်က...

"ငါက ပန်းတစ်သောင်းဂိုဏ်းရဲ့ ဂိုဏ်းစောင့်ကျင့်စဉ်ဖြစ်တဲ့ ပန်းတစ်သောင်း ရွက်လွင့် နှလုံးသားကျမ်းကို ကျင့်ကြံနေတာ။ ဒါက

ဟင်းလင်းပြင်ဥမင် နယ်ပယ် နည်းစနစ်ပဲ။ လျှို့ဝှက် နည်းစနစ်အချို့လည်း ပါဝင်တယ်။ ဒါပေမဲ့ ဟင်းလင်းပြင်ဥမင် နယ်ပယ်အထိပဲ ကျင့်ကြံနိုင်တာလေဟယ်"

ဤစကားကို ကြားသောအခါ လုရီ သဘောပေါက်သွားတော့သည်။

စဉ်းစားကြည့်လျှင် ယွင်ရှီးသည် သူနှင့်

မတူချေ။ သူ၏ ကျင့်ကြံခြင်းနည်းစနစ်မှာ အင်မော်တယ်ကျမ်း ဖြစ်သည့် အင်မော်တယ်ဓားကျမ်း ဖြစ်လေသည်။

ပညာရပ်များအရ ဆိုလျှင်လည်း အလုပ် ဆုလာဘ်အဖြစ် အမျိုးမျိုးသော အဆင့်မြင့် ပညာရပ်များကို ရရှိထားရာ၊ ပေါင်းစည်းခြင်းနယ်ပယ် ပညာရပ်များလည်း ပါဝင်သဖြင့် ဤကဏ္ဍတွင်း သူက လုံးဝ မချို့တဲ့ချေ။

သူ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေးတို့သည်ပင် ဤကိစ္စတွင် ပိုမို ကောင်းမွန်သော အရင်းအမြစ်များ ပိုင်ဆိုင်ကြသည်။

အကြောင်းမူကား၊ နက်နဲပြီး အစွမ်းထက်သော ဆရာက သူတို့အား နက်နဲသိမ်မွေ့သော ကျင့်ကြံခြင်းနည်းစနစ်များကို ပေးအပ်ထားရာ၊ ယင်းတို့သည် မဟာယာန သို့မဟုတ် ကပ်ဘေးဖြတ်ကျော် နယ်ပယ်အထိပင် ကျင့်ကြံနိုင်လိမ့်မည် ဖြစ်ချေသည်။

စီနီယာအစ်မ ရူယွီသည် နတ်ဓားဂိုဏ်းမှ ကောင်းကင်ဂုဏ်ဆောင် နတ်ဆိုးတစ်ပါးဖြစ်ရာ ပို၍ ပြောရန်ပင် မလိုတော့ချေ။

နှိုင်းယှဉ်ကြည့်လျှင် ယွင်ရှီး၏ အခြေအနေသည် အဆိုးဆုံး ဖြစ်ချေသည်။

ရုတ်တရက် လုရီတွင် အတွေးတစ်ခု ပေါ်လာပြီး မျက်လုံးများ တောက်ပလာကာ…

အသိပေးလိုက်တော့သည်။

"ဟုတ်သားပဲ။ ငါ့ဆီမှာ မဟာယာနနယ်ပယ် ကျင့်ကြံခြင်းနည်းစနစ်တစ်ခု ရှိတယ်။ 'အစိမ်း‌ရောင် ကြာပန်း ပေါင်းစည်းခြင်း ကျင့်စဉ်' တဲ့။ ဒါက သဘာဝတာအို နည်းစနစ်ဖြစ်ပြီး မင်းနဲ့ အရမ်းသင့်တော်တယ်"

ဤနည်းစနစ်ကို လုရီသည် လွန်ခဲ့သော ကာလများစွာက ရရှိခဲ့ခြင်းဖြစ်ပြီး၊ အခြေတည် ဝိဉာဉ် နယ်ပယ်သို့ ရောက်ရှိပြီးနောက် အင်မော်တယ်ဓားကျမ်းကို မရရှိမီကပင် ဖြစ်သည်။

ထိုစဉ်က သူသည် အကယ်၍ အင်မော်တယ်ဓားကျမ်း အပြည့်အစုံကို ရရှိရန် အခွင့်အရေး မရခဲ့လျှင် ဤအစိမ်းရောင်ကြာပန်း ပေါင်းစည်းခြင်း ကျင့်စဉ်ဖြင့်ပင် ကျေနပ်ရမည်ဟု တွေးခဲ့သေးသည်။

မမျှော်လင့်ဘဲ နောက်ပိုင်းတွင် အင်မော်တယ်ဓားဂိုဏ်း၏ အကြွင်းအကျန်များအတွင်းမှ ပြည့်စုံသော ကျင့်စဉ်ကို ရရှိခဲ့သဖြင့် ဤအစိမ်းရောင်ကြာပန်း ပေါင်းးစည်းအဆင့် ကျင့်စဉ်ကို မည်သည့်အခါမျှ အသုံးပြုခဲ့ခြင်း မရှိချေ။

သူ၏ စီနီယာအစ်မနှင့် ဂျူနီယာညီမလေးတို့ ကျင့်ကြံသော တာအို လမ်းကြောင်းသည် သဘာဝ တာအို မဟုတ်သောကြောင့် ဤအစိမ်းရောင်ကြာပန်း ပေါင်းစည်းခြင်း ကျင့်စဉ်ကို ကျင့်ကြံလျှင် ထိရောက်မှု ရှိမည် မဟုတ်ချေ။

ယွင်ရှီးအတွက်က မှန်ကန်သော အသုံးတည့်မှု ဖြစ်ချေသည်။

အခန်း ၃၇၄- အနေအထားအသစ်များ ဖွင့်လှစ်ခြင်း...

~ထိုစကားကို ကြားရလေသော် ယွင်ရှီး၏ မျက်ဝန်းတို့ တောက်ပလာ၏။ ပြုံးရယ်လျက် ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပါပြီ"

ယွင်ရှီးမှာ ငြင်းဆန်လိုစိတ် အလျဉ်းမရှိခဲ့ပေ။ သူမသည် ယခုအခါ လုရီ၏ ပိုင်ဆိုင်မှုသာ ဖြစ်ချေသည် ဖြစ်ရာ လုရီ ပြောသည်မှာ အဆုံးအဖြတ်ပင် ဖြစ်တော့၏။

လုရီသည် ယွင်ရှီး၏ နဖူးပေါ်သို့ လက်ညှိုးညွှန်ပြလိုက်၏။ သူ၏ နတ် ဘုရားအာရုံစွမ်းအားကို အသုံးပြု၍ အစိမ်းရောင်ကြာပန်း ပေါင်းစည်းခြင်း

ကျင့်စဉ်ကို သူမထံ လွှဲပြောင်းပေးလိုက်လေသည်။

အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်ဖြစ်သည့်အားလျော်စွာ ယွင်ရှီး၏ ပါရမီမှာ ပြိုင်ဘက်ကင်းလှ၏။ လုရီက စိမ်းလဲ့ကြာပန်း ပေါင်းစည်းခြင်းကျင့်စဉ်ကို သူမထံ စတင်လွှဲပြောင်းပေးသည်နှင့် တပြိုင်နက် ယွင်ရှီးသည် မျက်ဝန်းတို့ကို မှိတ်ချလိုက်ရာ သူမ၏ နဖူးပေါ်တွင် အစိမ်းရောင် ကြာပန်း အမှတ်အသားတစ်ခု ပေါ်လာလေသည်။

သူမ၏နောက်ဘက် ကောင်းကင်ပြင်၌မူ အစိမ်းရောင် ကြာပန်းကြီး တစ်ပွင့် ဖြည်းညှင်းစွာ ပေါ်ထွက်လာပြီး ဆက်တိုက် ယိမ်းနွဲ့နေတော့၏။

လုရီသည် အတွင်းစိတ်မှပင် အံ့သြမိသွားလေသည်။

"အင်မော်တယ်ခန္ဓာကိုယ်ပိုင်ရှင်ဆိုတာ ဒါမျိုးကိုး။ တစ်ချက်ကြည့်လိုက်ရုံနဲ့ နားလည်သွားတာပဲ။"

ယွင်ရှီးသည် မျက်ဝန်းတို့ကို ဖွင့်လိုက်ရာ ပျော်ရွှင်မှုအရိပ်အယောင်တို့ ပေါ်ထွက်လာ၏။ သူမသည် လုရီကို ပွေ့ဖက်လိုက်ပြီး ပျော်ရွှင်စွာ နမ်းရှုံ့လိုက်လေသည်။

"ခစ်ခစ်..ဒီကျင့်စဉ်က ငါနဲ့ အရမ်းကို ကိုက်ညီတာပဲ။ ပြန်လည်စစ်မှန်ခြင်းအဆင့်အထိ ကျင့်ကြံနိုင်ခဲ့ရင် စွမ်းအားတွေ သိသိသာသာ တိုးတက်လာမှာပဲ။"

ယွင်ရှီး ပျော်ရွှင်နေသည်ကို မြင်ရလေသော် လုရီလည်း ပြုံးပြလိုက်၏။

"မင်းပျော်နေရင် ငါလည်း ပျော်တာပေါ့"

ထိုအခါ လုရီသည် ခဏမျှ စဉ်းစားလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်။

"ပြောရဦးမယ်၊ ဒီကျင့်စဉ်ကို မင်းကိုယ်တိုင် စီမံခန့်ခွဲပါ။ ပန်းတစ်သောင်းဂိုဏ်းက ကျင့်ကြံသူတွေကို ဆင့်ပွား သင်ကြားပေးလို့ရတယ်။ အဘွားဟွားတို့နဲ့ တခြားသူတွေကို သေချာပေါက် အထောက်အကူပြုမှာပဲ"

"လုရီ၊ နင် တကယ်ပြောတာလား"

ယွင်ရှီးသည် အံ့အားသင့်သွားပြီး သူ့အား ကြည့်လျက် မေးလိုက်လေသည်။

ဤသည်မှာ မဟာယာနအဆင့် ကျင့်စဉ်တစ်ခု ဖြစ်ချေသည်။ မဟာယာနအဆင့် ဂိုဏ်းကြီး

တစ်ခုကို ထူထောင်နိုင်စွမ်း ရှိသော ကျင့်စဉ်ပင် ဖြစ်တော့၏။ သူမသည် ပန်းတစ်သောင်းဂိုဏ်းကို အသုံးပြုခွင့်ပေးရန် လုရီ သဘောတူလိမ့်မည်ဟု သူမမှာ မမျှော်လင့်ခဲ့ပေ။

လုရီ ပြုံးလိုက်၏။

"ပန်း တစ်သောင်းဂိုဏ်းက မင်းရဲ့အိမ်ပဲလေ။ ငါက ဘယ်လို တွန့်တို ပါ့မလဲ။"

အမှန်စင်စစ် လုရီသည် ဤကျင့်စဉ်ကို သူ၏ဂိုဏ်းနှင့် ဝေမျှပြီးသား ဖြစ်၏။ သို့သော် ကံမကောင်းစွာဖြင့် သူ၏ ဂိုဏ်းတွင် ဤကျင့်စဉ်နှင့် ကိုက်ညီသော ကျင့်ကြံသူများစွာ မရှိခဲ့ပေ။

အစိမ်းရောင်ကြာပန်းပေါင်းစည်းခြင်း

ကျင့်စဉ်အား ကျင့်ကြံသူများမှာ သဘာဝ တာအိုကို နားလည်သူများ ဖြစ်ကြ၏။ အမှန်ပင် ပန်းတစ်သောင်း ဂိုဏ်းမှ အင်မော်တယ်များသည် အသင့်တော်ဆုံး ဖြစ်ချေသည်။

ဤအရာများအပြင် လုရီသည် အလုပ်များမှ ကျင့်စဉ်နှင့် ပညာရပ်အမျိုးမျိုးကို ရရှိခဲ့၏။

၎င်းတို့အနက် များစွာကို ဂိုဏ်းချုပ်အား ပေးအပ်ခဲ့ပြီးဖြစ်ရာ တိမ်ဖြူဂိုဏ်း၏ အခြေခံအုတ်မြစ်ကို ချဲ့ထွင်ရန် အသုံးပြုနိုင်လေသည်။

အင်မော်တယ်ဓားကျမ်းနှင့်ပတ်သက်၍ လုရီသည် တိမ်ဖြူဂိုဏ်းနှင့် မဝေမျှခဲ့ပေ။

အဘယ်ကြောင့်ဆိုသော် ဤကျင့်စဉ်သည် အင်မော်တယ်ဓားဂိုဏ်း၏ အင်မော်တယ်တစ်ပါးက သူ့အား သင်ကြားပေးခဲ့ခြင်းဖြစ်ပြီး အင်မော်တယ်ဓားဂိုဏ်း၏ အမွေအနှစ်တစ်စိတ်တစ်ပိုင်း ဖြစ်သောကြောင့်ပင်။

ထိုပြိုင်ဘက်ကင်း အင်မော်တယ်၏ ခွင့်ပြုချက်မရှိဘဲ ထိုကဲ့သို့သော ကျင့်စဉ်ကို လွတ်လပ်စွာ ဝေမျှခြင်းမှာ

မသင့်လျော်ဟု လုရီ ခံစားမိ၏။

သို့တစေ လုရီသည် မကြာမီ သူကိုယ်တိုင် အင်မော်တယ် သိုင်းကျမ်းတစ်စောင်ကို နားလည်သဘောပေါက်လာလိမ့်မည်ဟု ယုံကြည်ထားပါ၏။

ထိုအခါ အမွေအနှစ်ဆိုင်ရာ ပြဿနာများကို စိုးရိမ်ပူပန်နေရန် မလိုအပ်တော့ပေ။

ထိုစဉ် ယွင်ရှီး၏ နတ်သမီးဆန်သော မျက်ဝန်းတို့တွင် စိတ်လှုပ်ရှားမှုတို့ လှုပ်ရှားသွား၏။ သူမသည် လုရီကို ပွေ့ဖက်ရင်း ရယ်မောလိုက်လေသည်၊

"ကျေးဇူးတင်ပါတယ် လုရီ။"

"ငါတို့နှစ်ယောက်ကြားမှာ ကျေးဇူးတင်စရာ ဘာရှိလို့လဲ..."

လုရီသည် ယွင်ရှီး၏ နက်မှောင်တောက်ပသော ဆံနွယ်တို့ကို ပွတ်သပ်ပေးလိုက်၏။ ထိုအခါ သူ့စိတ်ထဲတွင် တစ်စုံတစ်ရာ ပေါ်လာပြီး သူ့မျက်နှာပေါ်တွင် ဆိုးသွမ်းသော အပြုံး တစ်ပွင့် ပေါ်လာလေသည်။

"ဒါပေမဲ့ ကျေးဇူးတင်မယ်ဆိုရင် စကားနဲ့ချည်းပဲတော့ မရဘူးမလား"

ယွင်ရှီးသည် အံ့အားသင့်သွားပြီး လုရီကို ကြည့်လျက် မျက်တောင်ခတ်လိုက်၏။

"ဒါဆို ဘယ်လိုကျေးဇူးတင်စေချင်တာလဲ"

လုရီ၏ မျက်နှာပေါ်မှ အပြုံးသည် ပို၍ပင် ဆိုးသွမ်းလာ၏။

"ပြီးခဲ့တဲ့တစ်ခေါက်က ငါပြောခဲ့တဲ့ တောင်းဆိုမှုလေးတွေလေ..."

ယွင်ရှီးသည် တောင့်တင်းသွားပြီး သူမ၏မျက်နှာ နီရဲလာလျက် လုရီကို စူးစူးစိုက်စိုက် ကြည့်လိုက်၏။

"ဆိုးလိုက်တာ..."

လုရီသည် လေးနက်စွာ ပြောလိုက်၏။

"ကျေးဇူးတင်တယ်ဆိုတာ ကျေးဇူးတင်တဲ့ပုံစံမျိုး ဖြစ်ရမှာပေါ့နော်”

ယွင်ရှီး၏ မျက်နှာအမူအရာမှာ တောင့်တင်းနေ၏။ ထို့နောက် သူမသည် မချင့်မရဲ ခေါင်းညိတ်လိုက်လေသည်။

"ကောင်းပြီလေ၊ တစ်ခါပဲနော်"

လုရီသည် ပြုံးလျက် ခေါင်းညိတ်လိုက်၏။

"ဟုတ်တာပေါ့၊ ရတာပေါ့။"

ပထမဆုံးအကြိမ် ရှိလာပြီဆိုမှတော့ ဒုတိယအကြိမ်၊ တတိယအကြိမ်၊ အဆုံးမရှိသော အကြိမ်များ ရှိလာမည် မဟုတ်ပါလား။

လုရီသည် ယွင်ရှီးကို တိမ်ဖြူဂိုဏ်းသို့ ပြန်ခေါ်သွား၏။ ဂိုဏ်းကာကွယ်ရေ အခင်းအကျင်းအား မည်သူ့ကိုမျှ အနှောင့်အယှက်မပေးဘဲ တိတ်ဆိတ်စွာ ဖြတ်သန်းသွားခဲ့လေသည်။ မကြာမီပင် ဂူနန်းတော်အတွင်း၌ နဂါးဟိန်းသံ၊ ဖီးနစ်သံတို့နှင့်တူသော အသံများ တစ်ဖန်ပြန်လည် ပဲ့တင်လာတော့၏။

ထိုအချိန်တွင် ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများသည် ကျင့်ကြံခြင်းအစီအစဉ် ပြီးဆုံးသွားသည့်တိုင် မသေချာမရေရာသော အခြေအနေတွင် ရှိနေကြ၏။

မည်သည့် ပေါင်းစည်းခြင်းအဆင့် မဟာစွမ်းအားရှင်နှစ်ဦး တိုက်ခိုက်နေကြသည်ကို သိချင်စိတ် ပြင်းပြနေကြလေသည်။ ပန်းတစ်သောင်းဂိုဏ်းမှ ကျင့်ကြံသူများသာမက အနီးအနားရှိ ရဟန်းများလည်း ဆွေးနွေးပြောဆိုကာ အခြား မဟာစွမ်းအားရှင်တစ်ဦးက ပန်းတစ်သောင်းဂိုဏ်းကို တိုက်ခိုက်ရန် ရည်ရွယ်နေခြင်း ဟုတ်၊ မဟုတ်ကိုပင် ထင်ကြေးပေးနေကြလေသည်။

၎င်းသည် လုရီနှင့် ယွင်ရှီးတို့အကြား ကျင့်ကြံခြင်း လက်ရည်ဖလှယ်မှူမျှသာ ဖြစ်ကြောင်း မည်သူမျှ မသိခဲ့ကြပေ။

တစ်ပတ်အကြာတွင် လုရီသည် အိပ်ခန်းမှ ထွက်လာခဲ့၏။ သူသည် အနည်းငယ် နှမြောတသဖြစ်နေသေးသော်လည်း ယွင်ရှီးနှင့်အတူ ကျေးဇူးကို အခွင့်ကောင်းယူကာ အနေအထားအသစ်များစွာကို ဖွင့်လှစ်နိုင်ခဲ့သည့်အတွက် ဂုဏ်ယူစိတ် အနည်းငယ်လည်း ဖြစ်ပေါ်နေတော့၏။ မည်သို့ပင်ဆိုစေ ကျင့်ကြံသူတစ်ဦးဖြစ်သည့်အားလျော်စွာ သူ၏ရုပ်ခန္ဓာကိုယ်မှာ သန်မာလှ၏။ အနေအထားများစွာကို အသုံးပြုနိုင်သည်ပင်။ လုရီသည် ၎င်းကို အတော်လေး စိတ်ဝင်စားဖွယ်ကောင်းသည်ဟု ယူဆမိ၏။

ယွင်ရှီး သတိမေ့မြောနေဆဲတွင် လုရီသည် ကျင့်ကြံခြင်း အလုပ်တွက် ဆုလာဘ်များကို တောင်းခံလိုက်လေသည်။ နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ဆယ်တုံးကို ဂရုတစိုက် သိမ်းဆည်းလိုက်၏။ ၎င်းတို့သည် သူ၏ကျင့်ကြံခြင်းအဆင့်ကို ဟင်းလင်းပြင် ဥမင်နယ်ပယ် သုံးလွှာသို့ မြှင့်တင်ပေးနိုင်မည် မဟုတ်သော်လည်း သိသိသာသာ တိုးတက်စေမည် ဖြစ်ချေသည်။

ထို့နောက် သဘာဝတာအို၏ ဉာာဏ်အလင်းအလှည့် ရောက်လာတော့၏။ ၎င်းကို စုပ်ယူပြီးနောက် ထူးခြားဆန်းကြယ်မှုများစွာကြားတွင် လုရီ၏ သဘာဝနယ်ပယ်အပေါ် နားလည်မှုမှာ ဆက်တိုက်န က်ရှိုင်းလာတော့၏။

စုပ်ယူမှု ပြီးဆုံးသွားသောအခါ လုရီသည် သူ၏ သဘာဝနယ်ပယ်အပေါ် နားလည်မှု သိသိသာသာ တိုးတက်လာသည်ကို တွေ့ရှိရ၍ အလွန်ပျော်ရွှင်သွားလေသည်။

၎င်းသည် နှစ်ကိုယ်တူ ကျင့်ကြံခြင်းမှ ရရှိသော အားဖြည့်မှုကဲ့သို့ သိသာထင်ရှားခြင်း မရှိသော်လည်း အရှိန်အဟုန် မြန်ဆန်နေဆဲ ဖြစ်ချေသည်။ နှစ်ကိုယ်တူ ကျင့်ကြံခြင်းသည် ယွင်ရှီး၏ ရုပ်ပိုင်းဆိုင်ရာ အခြေအနေကို ထည့်သွင်းစဉ်းစားရမည်ဖြစ်ပြီး အချိန်တိုင်း ကျင့်ကြံနိုင်မည် မဟုတ်ပေ။ သို့သော် သိုင်းပညာ ဖလှယ်ခြင်း အလုပ်များသည် ပြဿနာ မရှိဘဲ ရေရှည် တည်တံ့နိုင်လေသည်။

ဤနှုန်းထားအတိုင်းဆိုလျှင် လုရီသည် သဘာဝနယ်ပယ်ကို ပြည့်စုံခြင်းအဆင့်သို့ မြှင့်တင်နိုင်ရန် မကြာတော့ပေ။ ထိုအခါ သူသည် သဘာဝနိယာမကို ထိုးထွင်းသိမြင်ရန် တစ်လှမ်းသာ လိုတော့မည်။

အင်မော်တယ် ခန္ဓာ ပိုင်ရှင် ဖြစ်သော စီနီယာ အစ်မ ရူယွီမှာလည်း ယွင်ရှီးထက် သာလွန်သော စွမ်းအားရှိ၏။

အလုပ် ဆုလာဘ်များမှာလည်း ပို၍ပင် ကြီးမားလိမ့်မည် ဖြစ်ချေသည်။ လုရီ၏ ဓားတာအို နယ်ပယ်မှာ အချိန်အတော်ကြာ တိုးတက်မှု မရှိခဲ့ပေ။

သို့သော် စီနီယာ အစ်မ ရူယွီနှင့်အတူ အလုပ် တစ်ခုကို ပြီးမြောက်ခဲ့ပါလျှင် သူ၏ ဓားနယ်မြေကို နောက်တစ်ကြိမ် မြှင့်တင်နိုင်တော့မည်။ မကြာမီ သူ၏ ဓားနယ်မြေသည် ပြည့်စုံခြင်းအဆင့်သို့ လျင်မြန်စွာ တိုးတက်နိုင်မည်ဖြစ်ပြီး ဓားတာအိုနိယာမကိုပင် ထိုးထွင်းသိမြင်နိုင်တော့မည် ဖြစ်ချေသည်။

ပင်လယ်မျိုးနွယ်စစ်မြေပြင်မှ ပြန်လာပြီးနောက် ဝမ်ကျန်း အိမ်တော်တွင် အချိန်အနည်းငယ် နေထိုင်မည်ဟု စီနီယာ အစ်မ ရူယွီ ပြောခဲ့သည်ကို ပြန်လည်အမှတ်ရမိ၏။ ၎င်းသည် သူ့အတွက် သဘာဝအတိုင်း ကောင်းသော ကိစ္စတစ်ခု ဖြစ်ချေသည်။

တစ်ရက်အကြာတွင် ယွင်ရှီးသည် နောက်ဆုံး၌ အိပ်ခန်းမှ ထွက်လာခဲ့၏။ သူမ၏ နတ်သမီးဆန်သော မျက်နှာမှာ ရှက်ရွံ့မှုဖြင့် နီရဲနေလေသည်။ မကြာသေးမီက နှစ်ဦးကျင့်ကြံခြင်းမှ အနေအထားများစွာက သူမ၏ ရိုးသား ပွင့်လင်းသော စရိုက်ရှိသော်လည်း ယခုတိုင် ရှက်ရွံ့စိတ် ဖြစ်ပေါ်စေတော့၏။ လုရီအပေါ် သူမ၏အကြည့်မှာ ပြစ်တင်ရှုံ့ချမှုအရိပ်အယောင်များ ပါဝင်နေ၏။ လုရီကဲ့သို့ မျက်နှာပြောင်တိုက်တတ်သူပင် အနည်းငယ် ရှက်ရွံ့သွားစေတော့သည်။

ထို့နောက် လုရီက ပြောလိုက်၏။

"ယွင်ရှီး၊ ငါ ရက်အနည်းငယ်အတွင်း ပင်လယ်မျိုးနွယ်စစ်မြေပြင်ကို သွားဖို့ စီစဉ်ထားတယ်။"

ထိုစကားကို ကြားရလေသော် ယွင်ရှီးသည် အံ့အားသင့်သွား၏။ "နင် ပင်လယ်မျိုးနွယ်စစ်မြေပြင်ကို သွားချင်တာလား? အဲ့ဒီမှာ တိုက်ပွဲတွေက အခု အရမ်းပြင်းထန်နေတယ်လို့ ကြားတယ်။ တော်တော်လေး အန္တရာယ်များနိုင်တယ်နော်။"

လုရီ ပြုံးလိုက်၏။

"ငါ့စွမ်းအားကို မင်းမသိဘူးလား? ပြဿနာမရှိပါဘူး။ ဒီရက်ပိုင်း ငါ့ရဲ့ကျင့်ကြံခြင်းအရှိန်က တော်တော်လေး နှေးကွေးလာလို့ အတွေ့အကြုံတချို့ ရယူချင်တာပါ…”"

အမှန်စင်စစ် ယွင်ရှီးနှင့်အတူ

သိုင်းပညာ ဖလှယ်ပြီးနောက် လုရီသည် ကျင့်ကြံခြင်းအရင်းအမြစ်များ ရယူရန် နည်းလမ်းသစ်များကို ရှာဖွေတွေ့ရှိခဲ့၏။ အဘယ်ကြောင့်ဆိုသော် ကျင့်ကြံခြင်း အစီအစဉ်တိုင်းက နှစ်တစ်သောင်း ဝိညာဉ်ကျောက်စိမ်း ဆယ်တုံးကို ပေးအပ်သောကြောင့်ပင်။ ပင်လယ်မျိုးနွယ်စစ်မြေပြင်သို့ မသွားခဲ့လျှင်ပင် လုရီသည် လျင်မြန်စွာ တိုးတက်နိုင်ပေသည်။

သို့ဖြစ်သော်ငြားလည်း ပုံမှန် ကျင့်ကြံခြင်း အလုပ်များသည် ကောင်းကင်နှင့် မြေကြီးရတနာများကို ဆုချခြင်း မရှိခဲ့ပေ။

လုရီသည် သူ၏

စီနီယာ အစ်မနှင့် ဂျူနီယာ ညီမလေးနှစ်ဦးစလုံးကို အင်မော်တယ်ခန္ဓာအဖြစ် ပြောင်းလဲပေးမည့် အင်မော်တယ် ရတနာများကို ရယူလိုပါက အပြင်သို့ ထွက်ခွာရန် လိုအပ်လေသည်။

ပင်လယ်မျိုးနွယ်စစ်မြေပြင်သည် အကောင်းဆုံး ရွေးချယ်မှု ဖြစ်သည်မှာ သံသယဖြစ်ဖွယ် မရှိပေ။ သို့တစေ လုရီသည် မြူခိုးကျွန်းပေါ်ရှိ အလုပ်များကိုလည်း စစ်ဆေးကြည့်ရှုရန် စီစဉ်ထား၏။

ထိုသို့ လုရီ၏စကားကို ကြားရလေသော် ယွင်ရှီးသည် သူ့ကို မော့ကြည့်ကာ ပြောလိုက်၏။

"လုရီ၊ ငါလည်း လိုက်ချင်တယ်။ ငါရဲ့စွမ်းအားက အခု မနည်းတော့ဘူး။ နင်နဲ့အတူ လိုက်လို့ ရတယ် လေ။"

အခန်း ၃၇၅- ပင်လယ်မျိုးနွယ် ကျူးကျော်မှု၏ ရင်းမြစ်...

~"မင်းလည်း လိုက်မှာလား?" လုရီသည် အံ့အားသင့်သွားပြီး အနည်းငယ်လည်း မျှော်လင့်မထားခဲ့ပေ။

"အင်း..ငါ့ရဲ့ စွမ်းအားက ကိုယ့်ကိုယ်ကိုယ် ကာကွယ်ဖို့ လုံလောက်ပါပြီ…" ယွင်ရှီး ခေါင်းညိတ်လိုက်၏။

"နင်နဲ့အတူ လိုက်ခဲ့ချင်တယ်။"

ထိုစကားကို ကြားရလေသော် လုရီသည် ခဏမျှ တွက်ချက်လိုက်၏။

အမှန်ပင် ယွင်ရှီး၏ တိုက်ခိုက်ရေးစွမ်းအားကို ထည့်သွင်းစဉ်းစားပါက ပေါင်းစည်းခြင်းအဆင့် မဟာစွမ်းအားရှင်တစ်ဦးနှင့် ရင်ဆိုင်ရလျှင်ပင် လုရီသည် များစွာ စိုးရိမ်ပူပန်နေစရာ မလိုတော့ပေ။

တစ်ခုတည်းသော ပြဿနာမှာ ယွင်ရှီးတွင် အင်မော်တယ်ခန္ဓာကိုယ် ရှိနေခြင်းပင်။ ၎င်းသည် အတော်လေး မျက်စိပသာဒ ဖြစ်စေ၏။

သို့သော် ၎င်းသည် ကြီးမားသော ပြဿနာ မဟုတ်ခဲ့ပေ။ သူမ၏ လက်ဝယ်တွင် ပုံစံတစ်ထောင် အသွင်ပြောင်း ကျင့်စဉ် ရှိနေသဖြင့် ယွင်ရှီးသည် အခြားပုံစံသို့ အလွယ်တကူ ပြောင်းလဲနိုင်ပြီး မည်သူမျှ ဖော်ထုတ်နိုင်မည် မဟုတ်ပေ။

ထို့ပြင် လုရီ၏ ဟင်းလင်းပြင်ငယ်ဥမင် သိုင်းစွမ်းရည်နှင့် ဟင်းလင်းပြင် ချိုးဖြတ်လှေ ပိုင်ဆိုင်မှုတို့ကြောင့် မည်သို့သော.. ပြဿနာများ ရှိလာခဲ့လျှင်ပင် လုရီသည် ယွင်ရှီးကို ကာကွယ်ပေးနိုင်ပါသည်။

ဤအချက်ကို စိတ်ထဲထား၍ ယွင်ရှီး လိုက်လာပါက ပြဿနာ တစ်စုံတစ်ရာ အမှန်တကယ် ရှိလာမည် မဟုတ်နိုင်ပါ။

ဆန့်ကျင်ဘက်အားဖြင့် ၎င်းသည် အကျိုးရှိနိုင်ပေသည်။ မည်သို့ပင်ဆိုစေ ခရီးလမ်းတစ်လျှောက်တွင် နှစ်ဦးသား အခါအားလျော်စွာ ကျင့်ကြံနိုင်ပြီး နှစ်ကိုယ်တူ ကျင့်ကြံခြင်းကိုပင် အသုံးပြု၍ သူတို့၏စွမ်းအားကို မြှင့်တင်နိုင်မည် ဖြစ်ချေ သည်။

ဤသို့တွေးတောရင်း လုရီက ပြောလိုက်၏။

"ပြဿနာမရှိပါဘူး။ အဘွားဟွားကို အသိပေးဖို့ လို လား? ငါ မင်းကို ပြန်ပေးဆွဲတယ်လို့ ထင်ပြီး ငါ့နောက် လိုက်လာတာမျိုး မဖြစ်စေချင်ဘူး။"

ထိုအခါ ယွင်ရှီးက ညင်သာစွာ ပြုံးလိုက်၏။

"အဘွားက နင့်ကို အရမ်းချစ်တာ။ အဲ့ဒီလိုမျိုး လုပ်မှာ မဟုတ်ပါဘူး။"

ထို့နောက် သူမသည် ခဏရပ်နားပြီး ထပ်ဖြည့်ပြောလိုက်၏။

"ငါ အဘွားကို အသိပေးလိုက်ပါ့မယ်။ ဒါမှ ကျွန်မ မရှိတာကို သိတဲ့အခါ သူ စိတ်မပူရအောင်ပေါ့။"

ထိုအခါ လုရီ ခေါင်းညိတ်လိုက်၏။

ထို့နောက် ယွင်ရှီးနှင့် လုရီတို့သည် အဘွားဟွား၏ ဂူစံအိမ်သို့ သွားရောက်တွေ့ဆုံကြလေသည်။ လုရီကို မြင်ရလေသော် အဘွားဟွားကိုယ်တိုင် ခဏမျှ အံ့အားသင့်သွား၏။

သူ၏ ရောက်ရှိလာမှုမှာ အလွန် တိတ်ဆိတ်လွန်းသဖြင့် သူမ သတိမထားမိခဲ့ပေ။

ထို့နောက် သူမ၏မျက်နှာသည် ပျော်ရွှင်မှုဖြင့် ဝင်းပလာ၏။ လုရီ၏ ရောက်ရှိလာခြင်းကို နွေးထွေးစွာ ကြိုဆိုလိုက်လေသည်။

"ရီအာ၊ မလာခင် အဘွားကို ဘာလို့

အသိမပေးရတာလဲ..." ဟု အဘွားဟွားက

မကျေမနပ် ပြောလိုက်၏။

"အဲ့ဒီလိုဆို အဘွား မင်းကို ကောင်းကောင်းမွန်မွန် ကြိုဆိုလို့ ရတာပေါ့"

ထ်ုအခါ လုရီ အသာ ပြုံးလိုက်၏။

"အဘွားဟွား၊ အဘွားက အရမ်းယဉ်ကျေးနေတာပဲ။ ကျွန်တော့်ကို လူစိမ်းကျနေတာပဲဗျာ…”

"ဟုတ်တာပေါ့"

အဘွားဟွားသည် ပျော်ရွှင်မှုဖြင့် ပြုံးရွှင်လျက် ပြောလိုက်၏။

"ရီအာ၊မင်း ယွင်ရှီးကို ပေးခဲ့တဲ့ ကိုးရောင်ခြယ် ခေါင်းလောင်းပန်းတွေအတွက်လည်း ကျေးဇူးတင်ရမယ်။ အဲ့ဒါတွေမရှိရင် သူ အင်မော်တယ်ခန္ဓာကိုယ်အဖြစ် ပြောင်းလဲနိုင်မှာ မဟုတ်ဘူး။"

အဘွားဟွားသည် ယွင်ရှီး၏ ပြောင်းလဲမှုနောက်ကွယ်မှ အကြောင်းရင်းများကို မခြွင်းမချန် သိရှိထားလေ၏။

လုရီ ရယ်မောလိုက်၏။

"အဟဲ၊ ယွင်ရှီးက ကျွန်တော့်လူပဲ။ ဒါက ကျွန်တော့်တာဝန်ပဲလေဗျာ"

အဘွားဟွားသည် သူ့စကားအား ခေါင်းတငြိမ့်ငြိမ့် လုပ်လိုက်၏။

"ယွင်ရှီးက မင်းနဲ့တွေ့ရတာ ကံကောင်းတာပေါ့။"

သူမသည် ယွင်ရှီးအတွက် အလွန်ပျော်ရွှင်နေတော့၏။

ထိုအခါ ယွင်ရှီးသည် လုရီနှင့်အတူ ပင်လယ်မျိုးနွယ်စစ်မြေပြင်သို့ လိုက်ပါလိုကြောင်း အသိပေးလိုက်လေသည်။

ထိုစကားကို ကြားရလေသော် အဘွားဟွာသည် တုံ့ဆိုင်းသွား၏။ သို့သော် လုရီက သူမအား ယွင်ရှီးအတွက် အာမခံပြီးနောက် အဘွားဟွားသည် ခေါင်းညိတ်ကာ သဘောတူလိုက်လေသည်။ သူမသည် လုရီကို နက်ရှိုင်းစွာ ယုံကြည်သည်ပင်။

သို့တစေ အဘွားဟွားသည် ယွင်ရှီးနှင့် လုရီတို့ကို အပြင်ဘက်တွင် သတိထား၍ ဘေးကင်းအောင် နေရန် ဆက်တိုက် သတိပေးနေခဲ့၏။

သဘာဝအတိုင်းပင် လုရီနှင့် ယွင်ရှီးတို့သည် ခေါင်းတငြိမ့်ငြိမ့် လုပ်ကာ သဘောတူနေကြ၏။

ထို့နောက် အဘွားဟွားသည် ပန်းတစ်သောင်းဂိုဏ်းမှ နတ်ဘုရား အသွင်ပြောင်း အဆင့် အကြီးအကဲ အချို့ကို ယွင်ရှီးနှင့် လုရီတို့နှင့်အတူ ညစာ စားရန် ဖိတ်ခေါ်ခဲ့၏။

၎င်းသည် လုရီ ဂိုဏ်းသို့ လာသည်အား ကြိုဆိုသည့်အနေဖြင့် ဖြစ်ချေသည်။

နောက်တစ်နေ့နံနက်တွင် လုရီနှင့် ယွင်ရှီးတို့သည် ပန်းတစ်သောင်းဂိုဏ်း၏ ဂိုဏ်းကာကွယ်ရေးအခင်းအကျင်းမှ တိတ်ဆိတ်စွာနှင့် သတိမထားမိစေဘဲ ထွက်ခွာသွားခဲ့ကြလေသည်။

မူလက လုရီသည် မထွက်ခွာမီ ယွင်ရှီးနှင့်အတူ ရက်အနည်းငယ် ထပ်နေရန် စီစဉ်ထားခဲ့၏။ သို့သော် ယွင်ရှီးက သူ့နှင့်အတူ လိုက်ပါရန် ဆုံးဖြတ်ခဲ့သဖြင့် သူ ဆက်နေရန်

မလိုအပ်တော့ပေ။

ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းမှ ထွက်ခွာလာပြီးနောက် ယွင်ရှီးသည် နောက်သို့ လှမ်းကြည့်ကာ သူမ၏ နတ်သမီးဆန်သော မျက်နှာပေါ်တွင် နက်နဲသော အပြုံးတစ်ပွင့်ဖြင့် ပြောလိုက်၏။

"လုရီ၊ နင် ဂိုဏ်းကာကွယ်ရေး အခင်းအကျင်းကို အဲ့ဒီလောက် အလွယ်တကူ ကျော်ဖြတ်နိုင်ခဲ့တာလား"

လုရီ ပြုံးလိုက်၏။

"အင်း..ဘယ်လိုပဲဖြစ်ဖြစ် ဒီဂိုဏ်းကာကွယ်ရေးအခင်းအကျင်းကို ငါပဲ ဒီဇိုင်းဆွဲခဲ့တာလေ။ အားသာချက်တွေနဲ့ အားနည်းချက်တွေ အားလုံးကို ငါသိတယ်။ ဒါကြောင့် သဘာဝအတိုင်းပဲ အနှောင့်အယှက်မရှိ သွားလာနိုင်တာပေါ့။"

ယွင်ရှီးသည် နှာခေါင်းကို ရှုံ့မဲ့ကာ ရယ်မောလိုက်၏။ "ငါ့ရဲ့ ပန်းတစ်သောင်းဂိုဏ်းက နင့်ရဲ့နောက်ဖေးခြံ ဖြစ်သွားပြီပဲ။ အရင်က ဒီကို ခိုးဝင်ဖူးလား?"

ထိုအခါ ယွင်ရှီးအား လုရီ မျက်လုံးလှန်ကြည့်လိုက်၏။

"မဟုတ်တာ! ဘယ်ဟုတ်မလဲ။ အရင်က ဂိုဏ်းကို ရောက်ခဲ့ရင် မင်းကို မရှာဘဲ နေပါ့မလား"

ယွင်ရှီး ရယ်မောလိုက်၏။

"မသေချာပါဘူး။ ကျွန်မရဲ့ စီနီယာအစ်မကြီးတွေနဲ့ ဂျူနီယာညီမငယ်တွေ အားလုံး နင့်ကို အရမ်းလွမ်းနေကြတာ။ ငါ ပွဲတစ်ခုခုကို တက်တိုင်း သူတို့တွေ နင့်အကြောင်းကိုပဲ ဆက်တိုက် မေးနေကြတယ်။"

လုရီ၏မျက်နှာမှာ ထူးဆန်းသွား၏။

' ယွင်ရှီးက မနာလိုဖြစ်နေတာလား'

သူက လေးနက်စွာ ပြန်ဖြေလိုက်၏။

"ဒါက သူတို့ရဲ့ စိုးရိမ်မှုပဲ။ ငါနဲ့ ဘာမှမဆိုင်ဘူး။ ငါ့အမြင်မှာတော့ ယွင်ရှီး၊ မင်းက မင်းရဲ့ စီနီယာအစ်မကြီးတွေနဲ့ ဂျူနီယာညီမငယ်တွေထက် အများကြီး ပိုပြီး ဆွဲဆောင်မှုရှိတယ်။"

သူ့စကားကြောင့် ယွင်ရှီးက သဘောတကျ ပြုံးလိုက်၏။

ထို့နောက် နှစ်ဦးစလုံးသည် ပုံစံ တစ်ထောင်

အသွင်ပြောင်းကျင့်စဉ်ကို အသုံးပြုလိုက်ကြ၏။

လုရီသည် ချောမောသော လူငယ်ကျင့်ကြံသူအဖြစ် ပြောင်းလဲသွားပြီး ယွင်ရှီးမှာ ချစ်စဖွယ် မိန်းကလေးကျင့်ကြံသူအဖြစ် ပြောင်းလဲသွားလေသည်။

နှစ်ဦးစလုံးသည် ပုံစံ တစ်ထောင်

အသွင်ပြောင်းကျင့်စဉ်တွင် ကျွမ်းကျင်ကြ၏။ သူတို့နှင့် ရင်းနှီးသော ကျင့်ကြံသူများပင် သူတို့ရှေ့တွင် ရပ်နေခဲ့လျှင်ပင် ထိုနှစ်ဦးကို မှတ်မိရန် ခက်ခဲလိမ့်ပါလိမ့်မည်။

ထိုအခါ လုရီနှင့် ယွင်ရှီးတို့သည် အရှေ့ဘက်သို့ ခရီးစတင်ခဲ့ကြ၏။ ပင်လယ်မျိုးနွယ်စစ်မြေပြင်၏ ဦးတည်ရာသို့ ရွေ့လျားသွားခဲ့ကြလေသည်။

အတိတ်က အရှေ့ နယ်မြေ မဟာမိတ်တပ်မတော်၏ အဆင့်မြင့်ခေါင်းဆောင်များသည် ပင်လယ်မျိုးနွယ်စွမ်းအားရှင်များနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြ၏။

ကံမကောင်းစွာဖြင့် အဆုံးသတ်ခဲ့ရသည်။

ညှိနှိုင်းဆွေးနွေးစဉ်အတွင်း နှစ်ဖက်စလုံး တိုက်ခိုက်ခဲ့ကြပြီး အစည်းအဝေးမှာ သဘောထားကွဲလွဲမှုဖြင့် အဆုံးသတ်ခဲ့ရလေသည်။

သို့ဖြစ်သော်ငြားလည်း ၎င်းသည် အရှေ့နယ်မြေ ကျင့်ကြံသူများအား ပင်လယ်မျိုးနွယ်တို့သည် အဘယ်ကြောင့် ရုတ်တရက် ကုန်းမြေကို အကြီးအကျယ် ကျူးကျော်လာရခြင်း ဖြစ်ကြောင်းကိုပင် ဖော်ထုတ်ပြသလိုက်၏။

ပင်လယ်မျိုးနွယ် ကျင့်ကြံသူ အရေအတွက်မှာ အလွန်များပြားလှ၏။ ပဉ္စမဒေသမှ ကျင့်ကြံသူများထက်ပင် ပိုများသည်။ ၎င်းတို့သည်လည်း ဂိုဏ်းခွဲများစွာအဖြစ် ပိုင်းခြားထား၏။ ဤဂိုဏ်းခွဲများအကြား တိုက်ပွဲများသည် ကုန်းမြေပေါ်ရှိ တိုက်ပွဲများထက်ပင် ပိုမိုရက်စက်ကြမ်းကြုတ်လှ၏။ နယ်မြေများနှင့် အရင်းအမြစ်များအတွက် တိုက်ပွဲကိုလည်း ဗဟိုပြုထားလေသည်။

မည်သို့မည်ပုံ ဆိုစေကာမူ ဆယ်စုနှစ်အနည်းငယ်ခန့်က ရွှမ်ဟွမ်နဂါးမြွေဟောက်မျိုးနွယ်စုသည် ဟင်းလင်းပြင် အင်မော်တယ်နယ်ပယ် စွမ်းအားရှိ ထိတ်လန့်ဖွယ်ရာ ပုဂ္ဂိုလ် သုံးဦးကို ရုတ်တရက် ရရှိခဲ့လေသည်။

ဟင်းလင်းပြင် အင်မော်တယ်များဆိုသည်မှာ သူတို့၏ အင်မော်တယ်ကပ်ဘေး ဖြတ်ကျော်ခြင်းတွင် ကျရှုံးခဲ့သော်လည်း ကောင်းကင်ဘေးအောက်တွင် သူတို့၏အသက်ကို ထိန်းသိမ်းနိုင်ခဲ့သူများ ဖြစ်ချေသည်။

ထိုသို့သော သတ္တဝါများသည် အင်မော်တယ်

ကပ်ဘေး ဖြတ်ကျော်ခြင်း၏ သန့်စင်မှုကို ခံယူပြီးနောက် သူတို့၏ ရုပ်ခန္ဓာကိုယ်များကို

အင်မော်တယ် ဝိညာဉ် ခန္ဓာကိုယ်များအဖြစ် ပြောင်းလဲခဲ့ကြလေသည်။

အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်ဆိုသည်မှာ အင်မော်တယ်ခန္ဓာကိုယ်နှင့် ကွဲပြား၏။ အင်မော်တယ်ခန္ဓာကိုယ်သည် အင်မော်တယ်တစ်ပါး သို့မဟုတ် ပို၍ပင် အစွမ်းထက်သူတစ်ဦး ဖြစ်လာနိုင်သည့် အလားအလာကို ဖော်ပြသည်။ အင်မော်တယ်ဝိညာဉ်ခန္ဓာကိုယ်မှာမူ အင်မော်တယ်ဘေးဆိုးကျော်ဖြတ်ခြင်း၏ နှစ်ခြင်းခံပြီးနောက် အင်မော်တယ်အဖြစ်သို့ ပြောင်းလဲသွားသော ရုပ်ပိုင်းဆိုင်ရာ သေမျိုးခန္ဓာကိုယ် ဖြစ်ချေသည်။

၎င်းသည် သေမျိုးမှ အင်မော်တယ်အဖြစ်သို့ အသက်အဆင့်ပြောင်းလဲမှုကို ကိုယ်စားပြုလေသည်။ သို့ဖြစ်သော်ငြားလည်း ၎င်းတို့သည် အမှန်တကယ် အင်မော်တယ်များ မဖြစ်ခဲ့ကြဘဲ သူတို့၏ ခန္ဓာကိုယ်အတွင်းရှိ ဝိညာဉ်စွမ်းအားကို အင်မော်တယ်စွမ်းအားအဖြစ် မပြောင်းလဲနိုင်ခဲ့ကြသောကြောင့် အင်မော်တယ်တစ်ပါးနှင့် နှိုင်းယှဉ်ပါက ကွာဟမှုတစ်ခု ရှိနေဆဲ ဖြစ်ချေသည်။

All Chapters