အကျိုးအမြတ်များ...
Vol. 33 Ch. 497
လွန်ခဲ့သော ဆယ်စုနှစ်တွင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် ပေါ်လာခဲ့သည်။ ၎င်းက ပေါ်လာသည်နှင့် အဆင့်သတ်မှတ်ချက်၏ ထိပ်ဆုံးသို့ ရောက်ခဲ့ပြီး အင်အားကြီးသူများစွာက အံ့အားသင့်ခဲ့ရသည်။
အခြားဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက အဆင့်သတ်မှတ်ချက်သို့ ဝင်ရောက်လျှင်တောင် တစ်ကြိမ်တွင် တစ်နေရာ နှစ်နေရာလောက်သာ တက်ကြရသည်။ သို့သော် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ရောက်လာသည်နှင့် အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်း ထိပ်ဆုံးသို့ ချက်ချင်း တက်ရောက်သွားခဲ့သည်။
" အဲ့ဒီသိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ချီခွန်ကြယ်နယ်မြေက လာတာလို့ ငါကြားတယ်။ အဲ့ဒါက ချီခွန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာလည်း ကြောက်စရာကောင်းနဲ့အရှိန်နဲ့ တိုးတက်လာခဲ့တယ်။ "
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က တကယ်ကြောက်စရာကောင်းတယ်။ အဲ့ဒါက အန်နန်ကြယ်မဟာမိတ်က နဝမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တွေကိုတောင် ဖိနှိပ်နိုင်ခဲ့တယ်။ "
" ဟီးဟီး မင်းတို့က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို သံသယဝင်နေတုန်းမှာ ငါက မျိုးဆက်သစ်တွေကိုတောင် လေ့ကျင့်ပေးနေပြီ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ အခုပြတဲ့ အလားအလာနဲ့ဆို နဝမအလွှာကို ရောက်နိုင်မှာပဲ။ "
ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက အချင်းချင်း ဆွေးနွေးနေကြသည်။ သူတို့၏ စကားဝိုင်းမှ အဓိကအကြောင်းအရာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပင် ဖြစ်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်တစ်ယောက် ဖန်တီးခဲ့ခြင်းဖြစ်သည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်များက လူသားမျိုးနွယ်၏ အထွတ်အထိပ်ကို ကိုယ်စားပြုလေသည်။ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်အများစု၏ ခွန်အားက ဒသမအလွှာနှင့် အထက်တွင် ရှိလေသည်။
" အဲ့ဒီဆန်းကြယ်တဲ့ ဆင့်ကဲပြောင်းလဲခြင်းပညာရှင်က နဝမအလွှာကဏ္ဍကို ဘယ်တော့တင်မလဲမသိဘူး။ "
" အဲ့ဒါက ခက်ခဲတယ်။ နဝမအလွှာကဏ္ဍက အောက်အဆင့်တွေနဲ့ ဘယ်လိုလုပ်တူနိုင်မှာလဲ။ "
" အရူးတွေ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ တိုးတက်မှုအရှိန်ကို သံသယဝင်နေတုန်းပဲ။ " ထောင့်တွင်ထိုင်နေသော ပိန်ပိန်နှင့်လူတစ်ယောက်က ရေရွတ်လိုက်သည်။
သူက ချီခွန်ကြယ်နယ်မြေမှ လာခဲ့ခြင်းဖြစ်ပြီး သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တိုးတက်မှုကို မြင်တွေ့ခဲ့ရသူဖြစ်သည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်.... ငါ့ရဲ့ အခြေခံက တည်ဆောက်ပြီးသွားပြီ။ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ပြောင်းလဲတာက ကြီးမားတဲ့ တန်ဖိုးကို ပေးဆပ်ရလိမ့်မယ်။ " ပိန်ပိန်နှင့်လူက စိတ်မကောင်းစွာ ပြောလိုက်သည်။
သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ဖွင့်ပြီး သတ္တမအလွှာနှင့် အဋ္ဌမအလွှာကဏ္ဍတို့ကို ကြည့်လိုက်သည်။ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံခြင်း မရှိသော်လည်း ပထမအလွှာကဏ္ဍမှ အဋ္ဌမအလွှာကဏ္ဍအထိ အားလုံးဝယ်ယူခဲ့လေသည်။
" ဟင် " သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အချက်အလက်များကို ဖွင့်ပြီး သာမန်အတိုင်း လျှောက်ကြည့်လိုက်သော်လည်း သူ၏ အမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက အဋ္ဌမအလွှာကဏ္ဍ၏ နောက်တွင် နောက်ထပ်စာလုံးများကို တွေ့လိုက်ရသည်။
နဝမအလွှာကဏ္ဍ။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နဝမအလွှာကဏ္ဍကို တင်လိုက်ပြီလား။ " ပိန်ပိန်နှင့်လူက အလွန်အံ့အားသင့်သွားသည်။
သူက ပတ်ဝန်းကျင်ကို ကြည့်လိုက်ပြီး လူအများစုကတော့ ငြင်းခုန်နေကြဆဲ ဖြစ်သည်။ ဆင့်ကဲပြောင်းလဲသူအနည်းငယ်ကတော့ အမူအရာများပြောင်းလဲနေပြီး နဝမအလွှာကဏ္ဍကို သတိပြုမိပုံရလေသည်။
" နဝမအလွှာဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်မှာတော့ အဆင့်တစ် ဖြစ်နေတုန်းပဲ။ " ပိန်ပိန်နှင့်လူက တွေးလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အဋ္ဌမအလွှာတွင် အန်နန်ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့်တစ်ဖြစ်ခဲ့သည်။ ယခု နဝမအလွှာကဏ္ဍကို တင်ထားသော သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကို မပြသနိုင်တော့ပေ။
" တောင်ပိုင်းဒေသ ဆင့်ကဲပြောင်းလဲခြင်းအဆင့်..." ပိန်ပိန်နှင့်လူက တောင်ပိုင်းဒေသ ဆင့်ကဲပြောင်းလဲခြင်းအဆင့်ကို ဖွင့်ကြည့်လိုက်သည်။
" အဆင့် ၅၃ " ပိန်ပိန်နှင့်လူက တိတ်ဆိတ်သွားသည်။
တောင်ပိုင်းကြယ်ဒေသက အန်နန်ကြယ်မဟာမိတ်ကဲ့သို့ ကြယ်မဟာမိတ်များစွာ ပါဝင်လေသည်။ အဆင့်သတ်မှတ်ချက်၏ အနိမ့်ဆုံးက ဒသမအလွှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များဖြစ်ပြီး အထက်ပိုင်းက အလွှာဆယ့်တစ် ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များ ဖြစ်ကြသည်။
အချိန်ကြာလာသည်နှင့်အမျှ ဆင့်ကဲပြောင်းလဲသူများနှင့် အဆင့်မြင့်နိုင်ငံသားများက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ နဝမအလွှာကဏ္ဍနှင့် အဆင့်သတ်မှတ်ချက်ကို တဖြည်းဖြည်း ရှာဖွေတွေ့ရှိသွားကြသည်။
နဂါးငွေ့တန်းပင်မကြယ်။
သုံးရက်ကြာပြီးနောက် လင်းယွမ်၏ အတွင်းကမ္ဘာက မိုင်နှစ်ဘီလီယံနီးပါးသို့ ပြန်လည်ရောက်ရှိသွားသည်။ မိုင်နှစ်ဘီလီယံနီးပါးရှိသော အတွင်းကမ္ဘာနှင့် လေဟာနယ်အလွှာ နှစ်ဘီလီယံကျော်တို့၏ ပေါင်းစည်းမှုက သာမန် ဒသမအလွှာများပင် ကြောက်ရွံ့မှုကို ခံစားသွားရပေလိမ့်မည်။
" ပင်မစကြာဝဠာရဲ့ လေဟာနယ်က တည်ငြိမ်တယ်။ မရေတွက်နိုင်တဲ့ လေဟာနယ်အလွှာတွေက အညီအမျှ ဖွဲ့စည်းနေတယ်။ " လင်းယွမ်က တွေးလိုက်သည်။
နတ်ဘုရားကမ္ဘာတွင် လင်းယွမ်က သိုင်းနတ်ဘုရားများ တက်လှမ်းရန်အတွက် သိုင်းတာအိုနယ်မြေကို လေဟာနယ်အလွှာများကြားတွင် အလွယ်တကူ တည်ထောင်ခဲ့သည်။
သို့သော် ပင်မစကြာဝဠာတွင် လင်းယွမ်က ထိုသို့လုပ်နိုင်ခြင်းမရှိပေ။ ပင်မစကြာဝဠာ၏ လေဟာနယ်က အလွန်တည်ငြိမ်လှသည်။ ဒသမအလွှာများပင် သူတို့၏ ကိုယ်ပိုင်ကမ္ဘာကို အလွယ်တကူ မဖန်တီးနိုင်ကြပေ။
အလွှာဆယ့်တစ် အင်အားကြီးသူများက ကမ္ဘာတစ်ခုကို ဖန်တီးနိုင်သော်လည်း အမြဲတမ်း တည်ရှိနိုင်ခြင်း မရှိပေ။ ၎င်းက ပင်မစကြာဝဠာ၏ အလိုအလျောက် ပြန်လည်ပြုပြင်နိုင်စွမ်းကို ခံရပေလိမ့်မည်။
ထာဝရလေဟာနယ်အက်ကြောင်းများကို ဖန်တီးနိုင်သော ကြီးမြတ်သူတစ်ယောက်၏ အဆင့်ကို မရောက်မချင်း ပင်မစကြာဝဠာတွင် တည်ငြိမ်သော ကမ္ဘာတစ်ခုကို ဖန်တီးနိုင်မည်မဟုတ်ပေ။
" လွန်ခဲ့တဲ့ ရက်အနည်းငယ်က လူသားမျိုးနွယ်မှာ နာမည်အကြီးဆုံးက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ "
လင်းယွမ်က သူ၏ စိတ်အသိကို VR ကမ္ဘာနှင့် ချိတ်ဆက်ပြီးနောက် သတင်းအားလုံး၏ အဓိကခေါင်းစီးမှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အကြောင်း ဖြစ်သည်ကို တွေ့လိုက်ရသည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က နဝမအလွှာကို မတင်မီ အဋ္ဌမအလွှာသာရှိပြီး အန်နန်ကြယ်မဟာမိတ်၏ ထိပ်ဆုံးတွင် ရှိနေလျှင်တောင် ၎င်းက လူသားမျိုးနွယ်တစ်ခုလုံးအတွင်း သာမန်သာဖြစ်သည်။
သို့သော် နဝမအလွှာ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉက တောင်ပိုင်းကြယ်ဒေသ ဆင့်ကဲပြောင်းလဲခြင်းအဆင့်ပေါ်သို့ ရောက်သွားသောအခါ ၎င်းက ပင်မရေစီးကြောင်းထဲသို့ ဝင်ရောက်သွားသည်ဟု ပြောနိုင်လေသည်။
လူသားမျိုးနွယ်၏ ပိုင်နက်အတွင်း အန်နန်ကြယ်မဟာမိတ်ကဲ့သို့ ကြယ်မဟာမိတ်များစွာ ရှိသော်လည်း ကြယ်ဒေသက ငါးခုသာ ရှိလေသည်။ ကြယ်ဒေသ ဆင့်ကဲပြောင်းလဲခြင်းအဆင့်က နေ့စဉ် လူအများ၏ အာရုံစိုက်ခြင်းကို ခံနေရသည်။ ကြယ်ဒေသ ဆင့်ကဲပြောင်းလဲခြင်းအဆင့်တွင် အဆင့် ၅၃ မပြောနှင့် အဆင့် ၁၀၀ ဖြစ်လျှင်တောင် လူအများ၏ အာရုံစိုက်ခြင်းကို ခံရပေလိမ့်မည်။
" သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို လေ့ကျင့်တဲ့ ဆင့်ကဲပြောင်းလဲသူအရေအတွက်က..." လင်းယွမ်က သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ဆင့်ကဲပြောင်းလဲသူအရေအတွက်ကို ကြည့်လိုက်သည်။
ပထမအလွှာ - ၆၉၅၆၃၄ သန်း
ဒုတိယအလွှာ - ၉၂.၅၄ သန်း
တတိယအလွှာ - ၁.၉၆၅သန်း
စတုတ္ထအလွှာ - ၅.၄၂ သန်း
ပဉ္စမအလွှာ - ၈၁၂၀၀၀
ဆဋ္ဌမအလွှာ - ၉၈၀၀၀
သတ္တမအလွှာ - ၂၆၇၃
အဋ္ဌမအလွှာ - သုည။
လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ ဒုတိယအလွှာနှင့် တတိယအလွှာကြားတွင် ကွာခြားမှု ကြီးမားနေခြင်းမှာ တတိယအလွှာသို့ တက်လှမ်းရန် ခက်ခဲသောကြောင့် မဟုတ်ပေ။ အကြောင်းမှာ ပထမအလွှာနှင့် ဒုတိယအလွှာ၏ အရေအတွက်က လွန်ခဲ့သော ရက်အနည်းငယ်ကမှ ခုန်ပျံတက်လာခြင်းဖြစ်သည်။
" တည်ငြိမ်တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထိရောက်မှုနဲ့ အမြန်နှုန်းကို တိုးတက်စေတာပဲ။ " လင်းယွမ်က တွေးလိုက်သည်။
သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို စတင်ခဲ့သည်မှာ ပင်မစကြာဝဠာတွင် နှစ်တစ်ရာသာ ရှိသေးသည်။ သို့ပင် သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ သတ္တမအလွှာက နှစ်ထောင်ကျော်သွားပြီဖြစ်သည်။
လင်းယွမ်က သိုင်းတာအို၏ ပထမအလွှာမှ သတ္တမအလွှာထိ ဖန်တီးရန် အခြားကမ္ဘာများတွင် နှစ်တစ်ထောင်ကျော် အချိန်ယူခဲ့ရသည်။ ရာစုနှစ်တစ်ခုအတွင်း သိုင်းတာအိုသတ္တမအလွှာထိ ကျင့်ကြံနိုင်သူများက အများစုမှာ လမ်းစဉ်ပြောင်းလဲခဲ့သူများဖြစ်သည်ကို လင်းယွမ်က သိလေသည်။
ဆဋ္ဌမအလွှာနှင့် သတ္တမအလွှာ ဆင့်ကဲပြောင်းလဲသူများစွာက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အလားအလာကို မြင်နိုင်ကြလေသည်။ သူတို့က တန်ဖိုးတစ်ခုပေးဆပ်ပြီး သူတို့၏ မူလဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်သို့ ပြောင်းလဲခဲ့ကြသည်။ သိုင်းတာအိုကို ပြန်လေ့ကျင့်လျှင်တောင် သူတို့က နိယာမများ၏ အနှစ်သာရကို နားလည်ပြီးသားဖြစ်ပြီး လျင်မြန်စွာ အဆင့်တက်နိုင်ကြသည်။
" ဒီနှစ်ရဲ့ အမြတ်ဝေစုက....." လင်းယွမ်က စကြာဝဠာသလင်းကျောက်ပမာဏကို ကြည့်လိုက်သည်။ စကြာဝဠာသလင်းကျောက်က စကြာဝဠာတစ်ခုလုံး မျိုးနွယ်တိုင်းအသုံးပြုသော ငွေကြေးဖြစ်လေသည်။
" စကြာဝဠာသလင်းကျောက် ကိုးသန်း၊ ဒီထဲက လေးသန်းက လွန်ခဲ့တဲ့ရက်အနည်းငယ်က ရတာပဲ။ နဝမအလွှာကဏ္ဍရဲ့ စျေးနှုန်းက ယဉ်ကျေးမှုငွေ ငါး ထရီလီယံ၊ စကြားဝဠာသလင်းကျောက် ငါးခုနဲ့ညီမျှတယ်။ "
" နဝမအလွှာကဏ္ဍကို သန်းနှစ်ဆယ်ကနေ သုံးဆယ်အထိ ဝယ်ယူခဲ့ကြတာပဲ။ " လင်းယွမ်က အံ့ဩသွားသည်။
လူသားမျိုးနွယ်တွင် ချမ်းသာကြွယ်ဝသူများစွာ ရှိပြီး အဆင့်မြင့်ဆင့်ကဲပြောင်းလဲသူများ၏ ငွေကြေးစုဆောင်းနိုင်သော နည်းလမ်းများက ကြောက်စရာကောင်းလေသည်။
" မျှဝေထားတဲ့ ဝင်ငွေက စကြာဝဠာသလင်းကျောက် ဆယ်သန်းနီးပါးပဲ။ ပြီးအဲ့ဒါက ထပ်တိုးလာဦးမှာ။ " လင်းယွမ်က အဆင့်မြင့်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ဖန်တီးသူ၏ ဝင်ငွေအကြောင်းကို ပို၍ နားလည်လာသည်။