ဆုလာဘ်များ....
Vol. 33 Ch. 499
" သူက လေဟာနယ်အလွှာ ဘယ်လောက်ကို သိမ်းပိုက်ခဲ့တာလဲ။ " ကျောက်ရုပ်တုရှန်းကျိက မှတ်တမ်းကို ပြန်ဖွင့်ပြီး လင်းယွမ်၏ ခြေလှမ်းကို ပြန်ကြည့်လိုက်သည်။
ပင်မလေဟာနယ်တွင် လင်းယွမ်က ရိုရှင်းစွာ တစ်လှမ်း လှမ်းခဲ့လေသည်။ သိုျ့သာ် ချက်ချင်း သူက မရေတွက်နိုင်သော လေဟာနယ်အလွှာများတွင် နေရာယူသွားပြီး လေဟာနယ်အလွှာ သန်းနှစ်ရာကျော်က သူ၏ ထိန်းချုပ်မှုအောက်သို့ ရောက်သွားခဲ့သည်။
" ဒီကောင်..." ကျောက်ရုပ်တုရှန်းကျိက သူ၏ ခေါင်းကို အကြိမ်ကြိမ် ခါလိုက်သည်။
ကျောက်ရုပ်တုရှန်းကျိက သူ၏ မျက်လုံးများနှင့်သာ ကိုယ်တိုင်မမြင်ခဲ့ရလျှင် ဤစကြာဝဠာထဲတွင် လင်းယွမ်ကဲ့သို့ ရူးသွပ်စရာကောင်းသော မွန်းစတားမျိုး ရှိလိမ့်မည်ဟု ဘယ်တော့မှ ယုံကြည်မည်မဟုတ်ပေ။ လေဟာနယ်အလွှာ သန်းနှစ်ရာကျော်ကို ဖွင့်လှစ်ခြင်းက နတ်ဆိုးကျောက်စိမ်းမျှော်စင်ခေတ်ကပင် ရှိခဲ့လျှင်တောင် လင်းယွမ်၏ နဝမအလွှာသို့ တက်လှမ်းသေုအချိန်ကို ထည့်သွင်းစဉ်းစားရပေလိမ့်မည်။
ကျောက်ရုပ်တုရှန်းကျိက အနက်ရောင်မျှော်စင်မှ တတိယအထပ်၏ အဆုံးတွင် ပေါ်လာသည်။ အနက်ရောင်မျှော်စင်၏ ထိန်းချုပ်သူအနေဖြင့် သူက ဘယ်အထပ်ကိုမဆို သွားနိုင်လေသည်။
" ကောင်လေး တတိယအထပ်ကို ဖြတ်ကျော်ခဲ့တဲ့ နဝမအလွှာတွေကြားမှာ မင်းက အမြန်ဆုံးပဲ။ " ကျောက်ရုပ်တုရှန်းကျိက အတင်းအကျပ် ပြုံးပြီး ပြောလိုက်သည်။
သူက နဝမအလွှာဟု ပြောခြင်းမှာ တတိယအထပ်ကို ဖြတ်ကျော်ခဲ့သူများထဲတွင် အလွှာဆယ့်တစ်နှင့် အလွှာဆယ့်နှစ် ကြီးမြတ်သူများပင် ရှိနေသောကြောင့်ဖြစ်သည်။
" မင်း စတုတ္ထအထပ်ကို ကြိုးစားကြည့်ချင်လား။ " ကျောက်ရုပ်တုရှန်းကျိက ရုတ်တရက် မေးလိုက်သည်။
အခြားနဝမအလွှာတစ်ယောက်ဖြစ်လျှင် တတိယအထပ်ကို ဖြတ်ကျော်ပြီးနောက် သူက ထိုမေးခွန်းကို မေးမည်မဟုတ်ပေ။ အနက်ရောင်မျှော်စင်၏ တတိယအထပ်က ယေဘုယျအားဖြင့် ဒသမအလွှာများအတွက်ဖြစ်သည်။ ထိုအပြင် လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို ဖွင့်လှစ်ထားသော နဝမအလွှာများသာ ဖြတ်ကျော်ရန် မျှော်လင့်ချက်ရှိလေသည်။
သို့သော် အနက်ရောင်မျှော်စင်၏ စတုတ္ထအထပ်က ဒသမအလွှာ အထွတ်အထိပ်နှင့် အလွှာဆယ့်တစ်များကို ပစ်မှတ်ထားလေသည်။ ပဉ္စမအထပ်က အချိန်နိယာမကို အပြည့်အဝ နားလည်ထားသော အလွှာဆယ့်တစ်များအတွက်ဖြစ်သည်။ ဆဋ္ဌမအထပ်က လေဟာနယ်နိယာမနှင့် အချိန်နိယာမကို ပေါင်းစည်းရန် စတင်နေသော အလွှာဆယ့်တစ်များကို ပစ်မှတ်ထားလေသည်။
အနက်ရောင်မျှော်စင်၏ သတ္တမအထပ်၊ အဋ္ဌမအထပ်နှင့် နဝမအထပ်တို့ကို အလွှာဆယ့်နှစ် ကြီးမြတ်သူများသာ ဖြတ်ကျော်နိုင်လေသည်။
နဝမအလွှာများက လေဟာနယ်အလွှာ များစွာကို ဖွင့်လှစ်ထားလျှင်တောင် အနက်ရောင်မျှော်စင်၏ စတုတ္ထအထပ်ကို ဖြတ်ကျော်ရန် မျှော်လင့်ချက်မရှိပေ။ စတုတ္ထအထပ်၏ စမ်းသပ်မှုက လေဟာနယ်အလွှာများကို သိမ်းပိုက်ခြင်းမဟုတ်ပေ။
" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။ သူက စတုတ္ထအထပ်ကို သိချင်ရုံသာဖြစ်ပြီး မဖြတ်ကျော်နိုင်လည်း ပြဿနာမရှိပေ။
လင်းယွမ်က ပျောက်ကွယ်သွားပြီး စတုတ္ထအထပ်တွင် ပြန်ပေါ်လာသည်။
" ဒီအထပ်ရဲ့ စမ်းသပ်မှုက..." လင်းယွမ်၏ အမူအရာက အနည်းငယ် လေးနက်သွားသည်။ " အချိန်လား။ "
အချိန်နိယာမအပေါ် သူ၏ လက်ရှိနားလည်မှုနှင့် စတုတ္ထအထပ်တွင် အချိန်စီးဆင်းမှုများ ပြောင်းလဲနေသည်ကို တွေ့လိုက်ရသည်။ အချိန်နေရာများတွင် အချိန်က မြန်နေသည်၊ အချို့နေရာများတွင် အချိန်က နှေးနေသည်၊ အချို့နေရာများတွင် အချိန်က ရပ်တန့်နေသည်။ အချိန်စီးဆင်းမှုက ပြောင်းပြန်ဖြစ်နေသော နေရာများပင် ရှိနေသည်။
" စမ်းကြည့်တာပေါ့။ " လင်းယွမ်က ဂရုတစိုက် လေ့လာပြီးနောက် ပထမဆုံးခြေလှမ်းကို စတင်လိုက်သည်။
မျှော်စင်၏ အပြင်ဘက်တွင် ထိုမြင်ကွင်းကို ကြည့်နေသော ကျောက်ရုပ်တုရှန်းကျိ၏ အမူအရာက အနည်းငယ် ပြောင်းလဲသွားသည်။ " ဒီကောင်လေးက အချိန်နိယာမကိုလည်း နက်ရှိုင်းတဲ့ နားလည်မှုတွေ ရှိတာလား။ "
နဝမအလွှာများက အချိန်နိယာမကို ခံစားမိသော်လည်း နားလည်ရန် ဝေးကွာနေဆဲ ဖြစ်သည်။ ယေဘုယျအားဖြင့် ဒသမအလွှာများသာ အချိန်နိယာကို နားလည်နိုင်လေသည်။
လင်းယွမ်က ရှေ့သို့ တစ်လှမ်းချင်း လှမ်းနေသည်။ သူက အချိန်ပြောင်းလဲနေသော နေရာများကို ဖြတ်ကျော်ခဲ့ပြီး အချိန်၏ အသွင်အပြင်က ဒသမအလွှာအောက် နိမ့်ကျခြင်းမရှိပေ။
" ဒီမွန်းစတားက ဘယ်လိုတောင်ကျင့်ကြံခဲ့တာလဲ။ " ကျောက်ရုပ်တုရှန်းကျိက တွေးလိုက်သည်။
ထိုကဲ့သို့ အချိန်တိုအတွင်း အချိန်နိယာမကို ကောင်းကောင်းခံစားနိုင်သော နေရာတစ်ခုသို့ ဝင်ရောက်ခဲ့လျှင်တောင် ထိုကဲ့သို့ တိုးတက်မှုမျိုး မရှိနိုင်ပေ။
နာရီဝက်ကြာပြီးနောက် လင်းယွမ်က လေးနက်သော အမူအရာနှင့် အချိန်ပြောင်းပြန်ဖြစ်နေသော နောက်ဆုံးဧရိယာကို ဖြတ်ကျော်ပြီး စတုတ္ထအထပ်၏ ပန်းတိုင်သို့ ရောက်ရှိသွားသည်။
" ငါ ဖြတ်ကျော်နိုင်ပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။
စတုတ္ထအထပ်ကို ဖြတ်ကျော်နိုင်သည့်အကြောင်းရင်းမှ နတ်ဘုရားကမ္ဘာမှ အချိန်နိယာမပါဝင်သော ပင်မနတ်ဘုရားအမြုတေနှစ်ခုကြောင့် ဖြစ်သည်။ ထိုပင်မနတ်ဘုရားအမြုတေနှစ်ခုဖြင့် လင်းယွမ်က နတ်ဘုရားကမ္ဘာတွင် အချိန်နိယာမကို လေ့လာခဲ့ပြီး သူ၏ နားလည်မှုက လျင်မြန်စွာ တိုးတက်လာခဲ့သည်။
သူက အချိန်နိယာမကို အပြည့်အဝ နားလည်ရန် ဝေးကွာနေဆဲ ဖြစ်လျှင်တောင် သာမန် နဝမအလွှာနှင့် ဒသမအလွှာများထက် ကျော်လွန်သွားခဲ့သည်။
" မင်းက ပဉ္စမအထပ်ကိုရော စမ်းကြည့်ချင်သေးလား။ " ကျောက်ရုပ်တုရှန်းကျိက ထပ်ပေါ်လာသည်။
" သေချာတာပေါ့။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။
သူက စတုတ္ထအထပ်ကိုတောင် အလွန်သတိထားပြီး ဖြတ်ကျော်ခဲ့ရသောကြောင့် ပဉ္စမအထပ်ကို ဖြတ်ကျော်နိုင်မှာမဟုတ်ဘူးဟု ခံစားနေရသည်။ သို့သော် မည်သို့ပင်ဖြစ်စေ သူက အခြေအနေကို စမ်းသပ်ကြည့်နိုင်လေသည်။
ဝုန်း....
ခဏအကြာတွင် လင်းယွမ်က အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်မှ သူ့ဟာသူထွက်လာသည်။
" အနည်းဆုံး အချိန်နိယာမကို အပြည့်အဝ နားလည်မှ ပဉ္စမအထပ်ကို ဖြတ်ကျော်ဖို့ မျှော်လင့်နိုင်လိမ့်မယ်။ " လင်းယွမ်က စိတ်ထဲမှ အံ့အားသင့်နေသည်။
ပဉ္စမအထပ်၏ ပထမဆုံး အချိန်ပြောင်းပြန်စီးနေခြင်းက သူ့ကို အနည်းငယ် ပြဿနာဖြစ်စေခဲ့သည်။
" ကောင်းပြီ။ သခင်ချန်ခဲ့တဲ့ စည်းမျဉ်းတွေအတိုင်း မင်းက တတိယနဲ့စတုတ္ထအထပ်တို့ကို ဖြတ်ကျော်နိုင်ခဲ့လို့ မင်းက တတိယနဲ့ စတုတ္ထအထပ်တွေရဲ့ ရတနာတွေထဲက တစ်ခုစီကို ရွေးချယ်ခွင့်ရှိတယ်။ "
ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်ပြီး ထပ်ပြောလိုက်သည်။ " မင်း တခြားရွေးချယ်မှုတစ်ခုလည်း လုပ်လို့ရတယ်။ အဲ့ဒါက ပဉ္စမအထပ်ရဲ့ရတနာတွေထဲက တစ်ခုကိုလည်း ရွေးချယ်နိုင်တယ်။ "
" ကျွန်တော် ပဉ္စမအထပ်ရဲ့ ရတနာတွေထဲက တစ်ခုကိုပဲ ရွေးချယ်မယ်။ " လင်းယွမ်က တွေဝေခြင်းမရှိဘဲ ပြောလိုက်သည်။
အနက်ရောင်မျှော်စင်၏ ပဉ္စမအထပ်ကို ဖြတ်ကျော်ရန် အနည်းငယ်ဆုံး အချိန်နိယာမကို အပြည့်အဝ နားလည်ထားသော အလွှာဆယ့်တစ်ကို လိုအပ်လေသည်။ ထို့ကြောင့် သက်ဆိုင်ရာ ဆုလာဘ်များကလည်း ကြယ်၁၁လုံး အဆင့်မြင့်ရတနာများ ဖြစ်နိုင်လေသည်။
" ကောင်းပြီ။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းညိမ့်လိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။
ပုံရိပ်သုံးခုက သူတို့၏ ရှေ့တွင် ပေါ်လာသည်။ ပထမတစ်ခုမှာ ကြည်လင်သော ကျောက်စိမ်းတုံးတစ်ခုဖြစ်သည်။ ၎င်းက ရိုးရှင်းပုံရသော်လည်း လင်းယွမ်က ပဉ္စမအထပ်မှ ရတနာများကို လျှော့တွက်ရဲခြင်းမရှိပေ။
" အဲ့ဒီကျောက်စိမ်းတုံးထဲမှာ ကျိုးပဲ့နေတဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုရှိတယ်။ " ကျောက်ရုပ်တုရှန်းကျိက ပြုံး၍ ပြောလိုက်သည်။ " အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုပဲ။ "
" အဲ့ဒီအမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ကြီးမြတ်သူက ကျဆုံးသွားခဲ့တာ ကြာပြီ။ "
" အမြင်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။
၎င်းက တိုင်းတာနိုင်သော တန်ဖိုးထက် ကျော်လွန်သော ရတနာဖြစ်သည်။ ကြီးမြတ်သူ၏ အမြင့်ဆုံး ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ဖြစ်သည်။ ၎င်းက ကျိုးပဲ့နေလျှင်တောင် မပျက်စီးသေးသော အစိတ်အပိုင်းများမှ တစ်ဆင့် ကျန်အပိုင်းများကို တဖြည်းဖြည်း ပြုပြင်နိုင်လေသည်။
ကြယ်စကြာဝဠာတွင် ကျိုးပဲ့နေသော အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခု ပေါ်လာလျှင်တောင် အထွတ်အထိပ်မျိုးနွယ်များကြား စစ်ပွဲများ ဖြစ်ပေါ်ပေလိမ့်မည်။
" ဒုတိယရတနာက အထူးလျို့ဝှက်ရတနာတစ်ခုပဲ။ သာမန် အလွှာဆယ့်တစ်ရတနာတွေထက် ပိုအစွမ်းထက်တယ်။ " ကျောက်ရုပ်တုရှန်းကျိက ဒုတိယပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။
၎င်းက အစက်အပြောက်များနှင့် မီးခိုးရောင်လှံရှည်တစ်လက်ဖြစ်ပြီး ၎င်းမှ ထုတ်လွှတ်သော သတ်ဖြတ်ခြင်းအငွေ့အသက်က လင်းယွမ်ကိုပင် အေးခဲသွားစေသည်။
" သာမန်အလွှာဆယ့်တစ် ရတနာတွေထက် ပိုအစွမ်းထက်တာလား။ " လင်းယွမ်က ကြည့်လိုက်သည်။
၎င်းက တိုက်ခိုက်ရေးစွမ်းအားကို အဆပေါင်းများစွာ တိုးတက်စေနိုင်သော ရတနာတစ်ခုဖြစ်သည်။
အသေးစားနှင့် အလတ်စားစစ်မြေပြင်များမှ ထာဝရလေဟာနယ်အက်ကြောင်းများက ဘာလို့ဖြစ်ပေါ်လာတာလဲ။ ကြီးမြတ်သူများကြောင့်လား။ ကြီးမြတ်သူများက စစ်မြေပြင်ကြီးများမှလွဲ၍ ဝင်ရောက်စွက်ဖက်ခြင်းမရှိပေ။ အလွှာဆယ့်နှစ် လက်နက်များကို ကိုင်ဆောင်ထားသူများကြောင့်ဖြစ်သည်။ ၎င်းက အလွှာဆယ့်နှစ် ကြီးမြတ်သူ၏ စွမ်းအားကို ထုတ်လွှတ်ပေးနိုင်လေသည်။
" တတိယရတနာ " ကျောက်ရုပ်တုရှန်းကျိက နောက်ဆုံးရတနာကို ကြည့်လိုက်သည်။
" ဒါက အသေးစားစကြာဝဠာပဲ။ လုံးဝ လွတ်လပ်ပြီး မပျက်စီးနိုင်တဲ့ အသေးစားစကြာဝဠာတစ်ခုဖြစ်တယ်။ ဒါကို သခင်က နှစ်တစ်သန်း တံခါးပိတ်ကျင့်ကြံပြီး ဖန်တီးထားတာ။ "
ကျောက်ရုပ်တုရှန်ကျိက မီးခိုးရောင်လုံးတစ်လုံးကို ကြည့်ပြီးပြောလိုက်သည်။ ၎င်းက ဖရိုဖရဲ သလင်းကျောက်နှင့် ဆင်တူသော်လည်း ပို၍နက်နဲသော အော်ရာကို ပိုင်ဆိုင်ထားလေသည်။
" အသေးစားစကြာဝဠာတစ်ခု။ လုံးဝ လွတ်လပ်တဲ့ အသေးစားစကြာဝဠာတစ်ခု။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွား၏။
ပင်မစကြာဝဠာမှ အဋ္ဌမအလွှာနှင့် အထက်အဆင့်များ၏ အတွင်းကမ္ဘာများက ပြောရလျှင် လွတ်လပ်သော ကမ္ဘာများ မဟုတ်ကြပေ။ ၎င်းတို့က ပင်မစကြာဝဠာကို မှီခိုရန်လိုအပ်ပြီး ပင်မစကြာဝဠာ၏ အချိန်စီးဆင်းမှုကို မျှဝေကြခြင်းဖြစ်သည်။
အတွင်းကမ္ဘာကို လုံးဝလွတ်လပ်ရန် လူတစ်ယောက်က အချိန်နှင့် လေဟာနယ်ကို ပေါင်းစည်းရန် လိုအပ်လေသည်။ ထိုအခါမှ အတွင်းကမ္ဘာက အတွင်းစကြာဝဠာအဖြစ် အသွင်ပြောင်းလဲပြီး ကိုယ်ပိုင်အချိန်စီးဆင်းမှုကို ပိုင်ဆိုင်မည်ဖြစ်သည်။