← Chapters

အသေးစားစကြာဝဠာ....

Vol. 33 Ch. 500

အသေးစားစကြာဝဠာ....

Vol. 33 Ch. 500

" မင်း ဒီအသေးစားစကြာဝဠာကို သန့်စင်ပြီးတာနဲ့ အတွင်းမှာရှိတဲ့ နိယာမတွေကို နက်နက်ရှိုင်းရှိုင်း ခံစားနိုင်လိမ့်မယ်။ " ကျောက်ရုပ်တုရှန်းကျိက ရှင်းပြလိုက်သည်။

ထိုအသေးစားစကြာဝဠာက အချို့ကဏ္ဍများတွင် အလွှာဆယ့်တစ်ရတနာထက် ကျော်လွန်လေသည်။ ကြီးမြတ်သူတစ်ယောက်ကသာ ၎င်းကို ပြုပြင်နိုင်ပြီး ကြီးမြတ်သူတိုင်းဟုလည်း မဆိုလိုပေ။

" ရတနာသုံးခု မင်းတစ်ခုကို ရွေးချယ်နိုင်တယ်။ " ကျောက်ရုပ်တုရှန်းကျိက လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" တစ်ခုကို ရွေးရမယ်။ " လင်းယွမ်က သေချာစဉ်းစားနေသည်။

ပထမဆုံးရတနာက မပြည့်ဆုံသော အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ဖြစ်သည်။ ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းမရှိလျှင် လင်းယွမ်က ၎င်းကို ဦးစားပေးစဉ်းစားပေလိမ့်မည်။ ကြီးမြတ်သူမရှိသော အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အလွှာဆယ့်တစ်တိုင်းအတွက် ငြင်းပယ်မရနိုင်သော ဆွဲဆောင်မှုတစ်ခုဖြစ်သည်။

သို့သော် လင်းယွမ်တွင် ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းရှိလေသည်။ သူက သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်အထိ ကျင့်ကြံရန် စီစဉ်ထားသည်။ ထိုအခြေအနေအောက်တွင် အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က လင်းယွမ်အတွက် အရေးပါခြင်းမရှိတော့ပေ။

ထိုမပြည့်စုံသော ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တန်ဖိုးရှိသောအရာမှာ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ အဆုံးတွင် အဆုံးစွန်သော တည်ရှိမှုမရှိခြင်းပင်ဖြစ်သည်။

ဒုတိယရတနာမှာ အလွှာဆယ့်တစ်ရတနာများထက် ပိုအစွမ်းထက်သော မီးခိုးရောင်လှံကို လင်းယွမ်က မစဉ်းစားတော့ပေ။ သူ၏ မူလစိတ်ဝိညာဉ်နှစ်ခုကို ထိုမျှတန်ဖိုးကြီးသောအရာကို သယ်ဆောင်ခွင့်ပြုမည်မဟုတ်ပေ။ မူလခန္ဓာကိုယ်ကလည်း လုံခြုံသောနေရာတွင် ရှိနေသောကြောင့် အဆင့်မြင့်ရတနာများ မလိုအပ်ပေ။

" ကျွန်တော် အဲ့ဒီအသေးစားစကြာဝဠာကို ရွေးချယ်မယ်။ " လင်းယွမ်က တတိယပုံရိပ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ကောင်းတယ်။ ဒါကို ဂရုတစိုက် ထိန်းသိမ်းထားပါ။ " ကျောက်ရုပ်တုရှန်းကျိက ပြုံး၍ ပြောလိုက်ပြီး သူ၏ လက်ကို ဝှေ့ရမ်းလိုက်သည်။

မီးခိုးရောင်မြူခိုးများထုတ်လွှတ်နေသော အသေးစားစကြာဝဠာက လင်းယွမ်၏ ရှေ့သို့ ရောက်လာသည်။ လင်းယွမ်က အသေးစားစကြာဝဠာကို ကြည့်လိုက်ပြီး အတွင်းတွင် အလင်းနှစ်ရာချီသာ ကျယ်ဝန်းသည်ကို တွေ့လိုက်ရသည်။ သို့သော် ၎င်းက ပြည့်စုံသော အချိန်နိယာမနှင့် လေဟာနယ်နိယာမကို ပိုင်ဆိုင်ထားသည်။

" မြန်မြန်ပြန်ပြီး အဲ့ဒါကို သန့်စင်လိုက်ပါ။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။ " မင်းအတွက် ကြီးမားတဲ့ အကျိုးကျေးဇူးတွေ ရလိမ့်မယ်။ "

" ကောင်းပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

နတ်ဆိုးကျောက်စိမ်းနေရာမှ ထွက်မသွားမီ လင်းယွမ်က တစ်စုံတစ်ခုကို တွေးမိပြီး ကျောက်ရုပ်တုရှန်းကျိကို မေးလိုက်သည်။

" အကြီးအကဲရှန်းကျိ ရွှမ်ဟွမ်ဧကရာဇ်ကို ကြားဖူးလား။ "

ပင်မစကြာဝဠာအတွင်းရှိသော ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ မူလကို အထွတ်အထိပ်မျိုးနွယ်များမှ ကြီးမြတ်သူများပင်မသိပေ။ ၎င်းက လက်ရှိစကြာဝဠာခေတ်နှင့် မသက်ဆိုင်ဘူးဟုသာ သိကြလေသည်။

ကျောက်ရုပ်တုရှန်းကျိက ကြီးမြတ်သူတစ်ယောက်မဟုတ်လျှင်တောင် နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ လာခြင်းပြီး လျို့ဝှက်ဆန်းကျယ်သော မျှော်စင်သခင်၏ နောက်လိုက်ဖြစ်သည်။

" ရွှမ်ဟွမ်ဧကရာဇ်လား။ " ကျောက်ရုပ်တုရှန်းကျိက ခဏစဉ်းစားပြီး ထူးဆန်းစွာ ပြောလိုက်သည်။ " မင်းပြောတာ ဧကရာဇ်ရွှမ်ဟွမ်ထင်တယ်။ "

" ဧကရာဇ်ရွှမ်ဟွမ်လား " လင်းယွမ်က အနည်းငယ်အံ့ဩသွား၏။

" ဟုတ်တယ်။ မင်းပြောတဲ့ ရွှမ်ဟွမ်ဧကရာဇ်နဲ့ ဧကရာဇ်ရွှမ်ဟွမ်က အတူတူပဲ။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းညိမ့်လိုက်သည်။

" ဧကရာဇ်ရွှမ်ဟွမ်ရဲ့ မူလက ဘာလဲ။ " လင်းယွမ်က မေးလိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်က ကြီးမြတ်သူတစ်ယောက်ဖြစ်နိုင်ပြီး ယနေ့အထိ ဘယ်ကြီးမြတ်သူမှ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ တိကျသောနေရာကို ဖော်ထုတ်နိုင်ခြင်းမရှိပေ။

" ဧကရာဇ်ရွှမ်ဟွမ်... အဲ့ဒါက ငါ့ရဲ့ သခင် အချို့စကြာဝဠာအပျက်အစီးတွေမှာ တွေ့ရတဲ့ နာမည်တစ်ခုပဲ။ ဧကရာဇ်ရွှမ်ဟွမ် ထူထောင်ခဲ့နဲ့ မျိုးနွယ်က လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက အရမ်းနာမည်ကြီးခဲ့တယ်လို့ ပြောတယ်။ " ကျောက်ရုပ်တုရှန်ကျိက သိပ်မမှတ်မိပုံရသည်။

" နှစ်ပေါင်းများစွာကလား။ " လင်းယွမ်က ပြောလိုက်သည်။

" မှတ်တယ်။ ငါ့ရဲ့ သခင် နေထိုင်ခဲ့တဲ့ခေတ်မှာ ဧကရာဇ်ရွှမ်ဟွမ်အကြောင်းကို ဘယ်သူမှမသိကြတော့ဘူး။ ပြီးတော့ သူကလည်း အပျက်အစီးနေရာအချို့ကနေ အဲ့ဒီဧကရာဇ်အကြောင်းကို အနည်းငယ် သိခဲ့ရတာပဲ။ "

" နောက်ဆုံးမှာ ဧကရာဇ်ရွှမ်ဟွမ်က ထူးထူးဆန်းဆန်း ပျောက်ကွယ်သွားပြီး သူ့ရဲ့ မျိုးနွယ်ကလည်း ကျဆင်းသွားတယ်။ ငါ့ရဲ့ သခင် ကျော်ကြားလာတဲ့အချိန်မှ သူ့အကြောင်းကို မေ့သွားကြပြီ။ " ကျောက်ရုပ်တုရှန်းကျိက ပြောလိုက်သည်။

သူက တကယ်သက်ရှိမဟုတ်ဘဲ ရတနာစိတ်ဝိညာဉ်တစ်ခုနှင့် ဆင်တူလေသည်။ သူ၏ စိတ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ထည့်သွင်းထားသော မှတ်ဉာဏ်များနှင့် အလွန်ဗဟုသုတ ကြွယ်ဝလေသည်။

" ဧကရာဇ်ရွှမ်ဟွမ်ကလည်း လျို့ဝှက်ဆန်းကြယ်စွာ ပျောက်ကွယ်သွားခဲ့တာလား။ " လင်းယွမ်က အနည်းငယ် ထိတ်လန့်သွားသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကလည်း ရုတ်တရက် ပျောက်ကွယ်သွားခဲ့ပြီး မျှော်စင်ကလည်း ကျဆင်းသွားခဲ့သည်။ ယခု ဧကရာဇ်ရွှမ်ဟွမ်ကလည်း အလားတူကံကြမ္မာကို ကြုံတွေ့ခဲ့ရသည်။

" မျှော်စင်သခင်က ဘာလို့ရုတ်တရက်ပျောက်ကွယ်သွားတာလဲဆိုတာ အကြီးအကဲသိလား။ " လင်းယွမ်က စဉ်းစားပြီး မေးလိုက်သည်။

" ငါ့ရဲ့သခင်က ဘာလို့ပျောက်ကွယ်သွားခဲ့တာလဲ..." ကျောက်ရုပ်တုရှန်းကျိက ခဏငြိမ်သက်သွားသည်။ " အခု မင်းက ငါတို့ နတ်ဆိုးကျောက်စိမ်းမျှော်စင်ရဲ့ အဓိကအဖွဲ့ဝင်ဖြစ်လို့ အချို့ကိစ္စတွေကို သိနိုင်ပါတယ်။ "

" ငါ့ရဲ့ သခင် မပျောက်ကွယ်သွားခင် သူက နေရာတစ်ခုကို သွားချင်တယ်လို့ ငါ့ကို ပြောခဲ့တယ်။ " ကျောက်ရုပ်တုရှန်းကျိက ခေါင်းခါလိုက်သည်။ " အဲ့ဒါပြီးတော့ သူက ပျောက်ကွယ်သွားခဲ့တာပဲ။ "

" နေရာတစ်ခုကို..." လင်းယွမ်၏ စိတ်က တုန်ယင်သွားသည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်က လေဟာနယ်တွင် အကျွမ်းကျင်ဆုံးဖြစ်သည်။ မဟာလေဟာနယ်တာအိုက ကျယ်ပြန့်ပြီး အဆုံးမရှိပေ။ နဝမအလွှာတစ်ယောက်က လေဟာနယ်နိယာမကို အပြည့်အဝ နားလည်ခြင်းဆိုသည်မှာ စစ်မှန်သော လေဟာနယ်နိယာမ၏ ရှုထောင့်တစ်ခုမျှသာ ဖြစ်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ လေဟာနယ်အပေါ် ကျွမ်းကျင်မှုက ကြောက်စရာကောင်းလောက်အောင် မြင့်မားလှသည်။ ဥပမာ သူ၏ နတ်ဆိုးကျောက်စိမ်းနေရာမှ ကမ္ဘာသစ်ပင်ကဲ့သို့သော ရတနာများကို ပင်မစကြာဝဠာတွင်ရှိသော လင်းယွမ်ဆီသို့ ပို့ဆောင်ပေးနိုင်လေသည်။

ယခင် ကြီးမြတ်သူရှချင်က စိတ်ဝိညာဉ်တည်ငြိမ်ခြင်းပုလဲကို လင်းယွမ်ဆီသို့ ပို့ဆောင်ရန် ဒုတိယမျှော်စင်သခင် နာလန်ကို တာဝန်ပေးခဲ့ရလေသည်။ ထိုတစ်ခုတည်းနှင့် ကြီးမြတ်သူရှချင်း၏ လေဟာနယ်အပေါ် နားလည်မှုက နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ထက် နိမ့်ကျသည်ကို သိနိုင်လေသည်။

" ဧကရာဇ်ရွှမ်ဟွမ်ကလည်း အဲ့ဒီနေရာကို သွားခဲ့တာလား။ " လင်းယွမ်က မေးလိုက်သည်။

" အဲ့ဒါတော့ ငါလည်း မသိဘူး။ " ကျောက်ရုပ်တုရှန်းကျိက ပြန်ပြောလိုက်သည်။ " ငါ့သခင်ထားခဲ့တဲ့ မှတ်ဉာဏ်ထဲမှာ အဲ့ဒီအကြောင်းမပါဘူး။ "

လင်းယွမ်က ထပ်မံမေးမြန်းခြင်းမရှိပေ။ နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ပျောက်ကွယ်သွားသောအချိန်က သူ၏အချိန်နှင့် ဝေးကွာလွန်းလှသည်။ လက်ရှိတွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ခေါ်သံ၏အရင်းအမြစ်ကို ရှာဖွေခြင်းက ပိုကောင်းလေသည်။

နဂါးငွေ့တန်းပင်မကြယ်။

နတ်ဆိုးကျောက်စိမ်းအမှတ်အသားမှ လေဟာနယ်လှိုင်းတစ်ခု ထွက်ပေါ်လာပြီး ပုံရိပ်တစ်ခုက လင်းယွမ်၏ ရှေ့တွင် ဆင်းသက်လာသည်။

" အသေးစားစကြာဝဠာ " လင်းယွမ်က သူ၏ ရှေ့တွင် မျောလွင့်နေသော မီးခိုးရောင်အလုံးကို ကြည့်လိုက်သည်။

၎င်းက ပင်မစကြာဝဠာ၏ အပြင်ဘက်တွင် လုံးဝလွတ်လပ်နေသော အသေးစားစကြာဝဠာတစ်ခုဖြစ်ပြီး ၎င်း၏ ကိုယ်ပိုင် အချိန်နိယာမရှိလေသည်။

အရေးကြီးဆုံးမှာ လင်းယွမ်က ထိုအသေးစားစကြာဝဠာကို သန့်စင်ပြီး အတွင်းပိုင်းမှ အချိန်နိယာမကို အခြေခံအကျဆုံး ရှုထောင့်မှ လေ့လာနိုင်လေသည်။

ပင်မစကြာဝဠာတွင် အချိန်နိယာမရှိသော်လည်း လင်းယွမ်က အပြင်မှလေ့လာနိုင်ခြင်းဖြစ်သည်။ အသေးစားစကြာဝဠာနှင့်ဆိုလျှင် သူက ပို၍ နီးကပ်စွာ လေ့လာနိုင်သည်။

" သန့်စင်ရမယ်။ " လင်းယွမ်က ချက်ချင်း သန့်စင်ရန် စတင်လိုက်သည်။

ရက်အနည်းငယ်ကြာပြီးနောက် လင်းယွမ်က အသေးစားစကြာဝဠာကို လုံးဝ သန့်စင်ပြီးသွားခဲ့သည်။ သူက ၎င်းကို သန့်စင်ပြီးသွားသည်နှင့် အချိန်၊ လေဟာနယ်ဘ အသက် အဓိကနိယာမများက သူ၏ စိတ်ထဲတွင် ထင်ဟပ်လာသည်။ ထိုနိယာမအားလုံးက တည်ငြိမ်သော ဟန်ချက်တစ်ခုတွင် ဖွဲ့စည်းထားကြခြင်းဖြစ်သည်။

" ဒါက ပြည့်စုံတဲ့ စကြာဝဠာတစ်ခုပေါ့။ " လင်းယွမ်က အနည်းငယ် တုန်လှုပ်သွားသည်။

၎င်းက ထျန်းချင်းကမ္ဘာတွင် ကောင်းကင်တာအိုဖြစ်လာသည့် ခံစားချက်မျိုးဖြစ်သည်။ သို့သော် ထျန်းချင်းကမ္ဘာက အဆုံးမဲ့ ဟင်းလင်းပြင်ထဲမှ သေးငယ်သော ကမ္ဘာတစ်ခုသာ ဖြစ်သည်။ ထို့အပြင် လင်းယွမ်က ထျန်းချင်းကမ္ဘာ၏ ကောင်းကင်တာအိုဖြစ်လာချိန်တွင် အားနည်းနေဆဲ ဖြစ်သည်။

သို့သော် ယခု သူက အသေးစားစကြာဝဠာကို သန့်စင်ပြီးသောအခါ နိယာမများက သူ၏ စိတ်ထဲတွင် ထင်ဟပ်လာခဲ့သည်။ ၎င်းက အပြင်တွင် မီတာဝက်လောက်သာ ရှိသော်လည်း အတွင်းတွင် အလင်းနှစ်ရာချီ ကျယ်ဝန်းလေသည်။

" အချိန် " လင်းယွမ်က အာရုံစိုက်ပြီး အသေးစားစကြာဝဠာအတွင်းမှ အချိန်နိယာမ၏ လုပ်ဆောင်ချက်ကို ဂရုတစိုက် ခံစားလိုက်သည်။

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်၏ အနှစ်သာရကို လေ့လာပြီး အချိန်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမို နက်ရှိုင်းလာပါပြီ။ ]

[ သင်က ကောင်းကင်ကိုဆန့်ကျင်သော နားလည်နိုင်စွမ်းဖြင့် အချိန်၏ အနှစ်သာရကို လေ့လာပြီး အချိန်နိယာမအပေါ် သင်၏ နားလည်မှုက ပိုမို နက်ရှိုင်းလာပါပြီ။ ]

All Chapters