← Chapters

ထူးဆန်းသော နန်းတော်...

Vol. 33 Ch. 501

ထူးဆန်းသော နန်းတော်...

Vol. 33 Ch. 501

အသေးစားစကြာဝဠာတွင် တိုက်ခိုက်မှု သို့မဟုတ် ကာကွယ်မှုစွမ်းရည်များ မပါဝင်သော်လည်း နိယာမများကို ဟန်ချက်ညီစွာ ဖွဲ့စည်းထားသည်။ ၎င်းက အနာဂတ်တွင် အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲရာ၌ ကြီးမားသော အကူအညီဖြစ်စေပေလိမ့်မည်။

အတွင်းကမ္ဘာကို အတွင်းစကြာဝဠာအဖြစ် ပြောင်းလဲခြင်းက ကြီးမြတ်သူတစ်ယောက်ဖြစ်လာရန် အနိမ့်ဆုံးလိုအပ်ချက်တစ်ခုဖြစ်သည်။ ၎င်းက ကြီးမြတ်သူများ ထာဝရအသက်ရှည်နိုင်သော အကြောင်းရင်းတစ်ခုလည်း ဖြစ်သည်။

အတွင်းစကြာဝဠာက ကိုယ်ပိုင်အချိန်နှင့် လွတ်လပ်စွာ တည်ရှိလေသည်။ ထို့ကြောင့် ကြီးမြတ်သူများက ပင်မစကြာဝဠာ၏ အချိန်စီးဆင်းမှုမှ ထွက်ခွာစေနိုင်ပြီး ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ထာဝရ တည်ရှိစေနိုင်လေသည်။

" နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်..." လင်းယွမ်က နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်ကို ပို၍ လေးစားမိလာသည်။

ထိုအသေးစားစကြာဝဠာက ကြီးမြတ်သူတစ်ယောက်၏ အတွင်းစကြာဝဠာနှင့် ဝေးကွာဆဲ ဖြစ်လျှင်တောင် ပြည့်စုံသော အတွင်းစကြာဝဠာတစ်ခု ဖြစ်နေဆဲ ဖြစ်သည်။

" ဆက်ပြီး လေ့လာရမယ်။ " လင်းယွမ်က ခနအနားယူပြီးနောက် အသေးစားစကြာဝဠာကို နောက်တစ်ကြိမ် လေ့လာလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် ထိုက်ယန်မူလစိတ်ဝိညာဉ်က ပင်မဒေသသို့ ရောက်လာခဲ့သည်။ လေဟာနယ်အလွှာများစွာ တုန်ခါသွားပြီး လင်းယွမ်၏ ပုံရိပ်က ပေါ်လာသည်။

" နောက်ဆုံးတော့ ရောက်ပြီ။ " လင်းယွမ်က ပြုံးလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ဝင်ပေါက်မှ ဤနေရာသို့ ရောက်သည်အထိ နှစ်ပေါင်းသုံးဆယ်နီးပါး ကြာမြင့်ခဲ့လေသည်။ လင်းယွမ်က ကိုးကြိမ်မြောက် ဆင်းသက်မှုမှ ပြန်လာပြီးနောက် သူ၏ ခွန်အားက များစွာ တိုးတက်လာခဲ့သည်။ အတိအကျပြောရလျှင် အသွားအပြန် နှစ်ပေါင်းငါးဆယ် ကြာမြင့်ပေလိမ့်မည်။

" လမ်းတစ်လျှောက် အကျိုးအမြတ် အများကြီး ရခဲ့တာပဲ။ " လင်းယွမ်က သူ၏ အတွင်းကမ္ဘာထဲသို့ တစ်ချက်ကြည့်လိုက်သည်။

အတွင်းကမ္ဘာထဲတွင် ရွှမ်ဟွမ်သလင်းကျောက်ပုံတစ်ပုံနှင့် ရတနာများစွာ ရှိနေလေသည်။ လင်းယွမ်က လမ်းတွင် တမင်ရှာဖွေခြင်းမရှိသော်လည်း ရန်ဘက်မျိုးနွယ်ခြားများကို မကြာခဏ တွေ့ခဲ့ရလေသည်။ သူတို့က လင်းယွမ်နှင့် တွေ့သည်နှင့် ထွက်ပြေးနိုင်ခြင်းပင်မရှိပေ။ ထို့အပြင် သေမှာမကြောက်သော ဒေသခံသက်ရှိများကြောင့် လင်းယွမ်တွင် ရွှမ်ဟွမ်သလင်းကျောက် ရှစ်သန်းတန်ဖိုးရှိသော အကျိုးအမြတ်များ ရရှိခဲ့လေသည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာပဲ ဒီလိုအခွင့်အရေးမျိုး ရနိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ နဝမအလွှာရှိသူများသာ ဝင်ရောက်နိုင်လေသည်။ အပြင်ဘက် မျိုးနွယ်ခြားများ၏ စစ်မြေပြင်များတွင် လင်းယွမ်က အထူးဒသမအလွှာ သို့မဟုတ် အလွှာဆယ့်တစ်ရတနာကိုင်ဆောင်ထားသော နဝမအလွှာတစ်ယောက်၏ ပစ်မှတ်ထားခြင်းခံရပေလိမ့်မည်။

ထို့အပြင် စစ်မြေပြင်ရှိ မျိုးနွယ်ခြားများက တန်ဖိုးကြီးသော ရတနာများစွာကို သယ်ဆောင်လာခြင်းမရှိပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲမှ နဝမအလွှာ မျိုးနွယ်ခြားများက တန်ဖိုးကြီးသော ရတနာများကို သယ်ဆောင်ခြင်းမရှိလျှင်တောင် လျို့ဝှက်နယ်မြေအတွင်းမှ ရတနာများ ရရှိနိုင်လေသည်။

" ခေါ်သံက ပိုပြီး အားကောင်းလာတယ်။ " လင်းယွမ်က ၎င်းကို ဂရုတစိုက် အာရုံခံနေလေသည်။ သို့သော် လင်းယွမ်က ရွှမ်ဟွမ်ဧကရာဇ်ဟူသည်မှလွဲ၍ အခြားအရာများကို သိနိုင်ခြင်းမရှိသေးပေ။

" အဲ့ဒီဦးတည်ချက်ပဲ။ " လင်းယွမ်က ဦးတည်ချက်တစ်ခုကို ရွေးချယ်ပြီး ချက်ချင်း ထွက်ခွာသွားသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပင်မဒေသရှိ ရှေးကျပြီး လျို့ဝှက်ဆန်းကြယ်သော နန်းတော်တစ်ခုရှေ့တွင် ပြင်းထန်သော အော်ရာများနှင့် ပုံရိပ်အချို့ ရပ်နေကြသည်။

ထိုပုံရိပ်များက အရင်ရောက်နှင့်နေသော နဝမအလွှာ အင်အားကြီးသူများ ဖြစ်ကြသည်။ သူတို့က အထူးနဝမအလွှာများဖြစ်ကြပြီး လေဟာနယ်အလွှာပေါင်းများစွာကို ထိန်းချုပ်နိုင်ကြလေသည်။

" ဒီနန်းတော်က ရုတ်တရက် ပေါ်လာတာပဲ။ အရင် ဒီနေရာမှာ မရှိဘူး။ " နက်ရွှေရောင်ကြေးခွံများနှင့် မျိုးနွယ်ခြားတစ်ယောက်က ပြောလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပင်မဒေသရှိ အခွင့်အလမ်းတိုင်းက တန်ဖိုးကြီးရတနာများရှိနေလေသည်။ ထို့အပြင် ထိုနန်းတော်က ဤနေရာတွင် ရုတ်တရက် ပေါ်လာခြင်းဖြစ်ပြီး သူတို့အားလုံးက နန်းတော်ထဲတွင် ကြီးမားသော အခွင့်အလမ်းတစ်ခု ရှိသည်ဟု ခန့်မှန်းကြလေသည်။

" မှန်တယ်။ ဒီနန်းတော်က ငါတို့မျိုးနွယ်ရဲ့ မှတ်တမ်းထဲမှာလည်း မရှိဘူး။ " အထူးနဝမအလွှာတစ်ယောက်က ဂရုတစိုက်လေ့လာပြီး ပြောလိုက်သည်။

သူက အထွတ်အထိပ်မျိုးနွယ်တစ်ခုမှ လာခြင်းဖြစ်ပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအကြောင်း သတင်းအချက်အလက်များကို သိခဲ့ရလေသည်။ မှတ်တမ်းများထဲတွင် အခွင့်အလမ်းနေရာများကို မှတ်တမ်းတင်ထားသော်လည်း သူ၏ ရှေ့မှ နန်းတော်ကို ပထမဆုံး မြင်ဖူးခြင်းဖြစ်သည်။

" ဒါပေမယ့် ငါတို့ အထဲ့ကို ဘယ်လိုဝင်ကြမလဲ။ " တတိယတစ်ယောက်က ပြောလိုက်သည်။

မည်သူဖြစ်စေ နန်းတော်ထဲတွင် ကြီးမားသော အခွင့်အလမ်းရှိနိုင်သည်ကို သိလေသည်။ သို့သော် တန်ဖိုးကြီးသော ရတနာများ ရှိနေလျှင်တောင် မဝင်ရောက်နိုင်လျှင် အသုံးမဝင်ပေ။ နန်းတော်ကို အပြင်မှ ကြည့်နေခြင်းထက် မမြင်လိုက်ရသည်ကမှ ပိုကောင်းလေသည်။

" ဒီနန်းတော်က ငါတို့ရဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည်ရှိတယ်။ အဲ့ဒါကြောင့် ငါတို့ အတင်းအကျပ် ဝင်ရောက်တာက မျှော်လင့်ချက်မရှိလောက်ဘူး။ " ပထမဆုံးစကားပြောခဲ့သော နက်ရွှေရောင်အကြေးခွံများနှင့် အထူးနဝမအလွှာက မျက်မှောင်ကြုတ်ပြီး ပြောလိုက်သည်။

နန်းတော်ကို တွေ့ရှိပြီးနောက် သူက အတင်းအကျပ်ဝင်ရောက်ရန် ကြိုးစားခဲ့သော်လည်း အချည်းနှီးဖြစ်ခဲ့ရသည်။ နန်းတော်က သူ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုကိုတောင် ခံနိုင်ရည်ရှိခဲ့လေသည်။

" ဒီနန်းတော်ထဲကို ဝင်ရောက်တာက အချို့အခြေအနေတွေကို လိုအပ်တာလား။ " နောက်တစ်ယောက်က ပြောလိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲတွင် အချို့အခွင့်အလမ်းများက တိကျသော အခြေအနေများနှင့် မှတ်သားထားခြင်းဖြစ်သည်။ သို့သော် ထိုအခြေအနေများက ပုံမှန်သာ ဖြစ်သည်။ ထို့အပြင် အရိပ်အမြွက်များကို ပြင်ပတွင် ဖော်ပြထားလေသည်။

နဝမအလွှာများက နန်းတော်ကို လေ့လာနေကြစဉ်....

ဝုန်း....

သိမ်မွေ့သော တုန်ခါမှုများက လေဟာနယ်၏ နက်ရှိုင်းသော နေရာမှ ထွက်ပေါ်လာသည်။

" ဟင် " အထူးနဝမအလွှာများ၏ အမူအရာများက ပြောင်းလဲသွားကြသည်။

" ဘယ်သူလဲ။ " ရွှေရောင်အကြေးခွံနှင့် အထူးနဝမအလွှာက လေးနက်စွာ ကြည့်လိုက်သည်။

" နဂါးငွေ့တန်းကြယ်သခင်ပဲ..."

" နဂါးငွေ့တန်းကြယ်သခင်က ဒီကိုလာနေတယ်။ " အထူးနဝမအလွှာတစ်ယောက်က ပြောလိုက်သည်။

နဂါးငွေ့တန်းကြယ်သခင်၏ သတင်းများက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှ နဝမအလွှာအားလုံးနီးပါး မကြားသေးမီက သိထားကြသော အရာဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်က အထူးနဝမအလွှာများကို သတ်ဖြတ်နိုင်သူဖြစ်သည်။ ထိုကဲ့သို့သော အရာမျိုးက မည်သည့်ခေတ်တွင်မဆို ရှားပါးလေသည်။

" ငါတို့ ဘာလုပ်ကြမလဲ။ "

" နဂါးငွေ့တန်းကြယ်သခင်က ဒီနန်းတော်ကို လာနေတာ သေချာတယ်။ "

အားလုံးက တစ်ယောက်နှင့်တစ်ယောက် ကြည့်လိုက်ကြသည်။

" သွားကြစို့။ "

" ငါတို့ ဒီမှာမနေတော့ဘူး။ "

ခဏစဉ်းစားပြီးနောက် တစ်ယောက်ပြီးတစ်ယောက် ထွက်ခွာသွားကြသည်။ သူတို့က လျို့ဝှက်ဆန်းကြယ်သော နန်းတော်အတွင်းမှ အခွင့်အလမ်းများကို စူးစမ်းလိုစိတ်ဖြစ်နေကြသော်လည်း နဂါးငွေ့တန်းကြယ်သခင်ကိုတော့ ကြောက်ရွံ့လေသည်။

နန်းတော်မရှိလျှင်တောင် သူတို့က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ အကျိုးအမြတ်များ ရရှိထားကြပြီဖြစ်သည်။ သို့သော် သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ လက်ထဲတွင် သေဆုံးခဲ့လျှင် အားလုံး အလကားဖြစ်သွားပေလိမ့်မည်။

အထူးသဖြင့် လူသားမျိုးနွယ်နှင့် ကောင်းမွန်သော ဆက်ဆံရေးမရှိသည့် မျိုးနွယ်ခြားများက တုန့်ဆိုင်းခြင်းမရှိဘဲ ထွက်သွားကြသည်။ ခဏအတွင်း နန်းတော်ရှေ့တွင် ဘယ်သူမှမရှိတော့ပေ။

ခဏကြာသောအခါ လင်းယွမ်၏ ပုံရိပ်က တိတ်ဆိတ်စွာ ပေါ်လာသည်။

" သူတို့အားလုံး ထွက်ပြေးသွားကြတာလား။ " လင်းယွမ်က နဝမအလွှာများ ထွက်ပြေးသွားကြသော ဦးတည်ရာသို့ ကြည့်လိုက်သည်။

ယခင်ကဆိုလျှင် သူက နောက်မှ လိုက်ပေလိမ့်မည်။ အကြောင်းမှာ လင်းယွမ်၏ အမြင်တွင် အထူးနဝမအလွှာများက ရွေ့လျားနေသော အခွင့်အလမ်းများ ဖြစ်ကြလေသည်။

" ခေါ်ဆိုတဲ့ ခံစားချက်က ဒီနန်းတော်ကနေ လာတာလား။ " လင်းယွမ်က နန်းတော်ကို ဂရုတစိုက် လေ့လာလိုက်သည်။

နန်းတော်၏ အော်ရာက လျို့ဝှက်ဆန်းကြယ်ပြီး ရှေးကျလေသည်။ ၎င်းက လေဟာနယ်အလွှာပေါင်းများစွာကို ဖြတ်ကျော်နေပြီး မူလနန်းတော်က အခြားလေဟာနယ်အလွှာအတွင်စ ရှိနိုင်လေသည်။ သူ၏ ရှေ့မှ နန်းတော်က အစစ်အမှန် နန်းတော်၏ ဝင်ပေါက်ဖြစ်နိုင်လေသည်။

" ဘယ်လိုဝင်ရမှာလဲ။ " လင်းယွမ်က လှုပ်ရှားခြင်းမရှိဘဲ ဆက်လက်လေ့လာနေသည်။

ယခင် နန်းတော်ရှေ့တွင် ရှိနေသော နဝမအလွှာများကို ကြည့်ပြီး လင်းယွမ်က နန်းတော်ထဲသို့ အတင်းအကျပ် ဝင်ရောက်နိုင်ခြင်းမရှိသည်ဟု ကောက်ချက်ချလိုက်သည်။

နန်းတော်၏ အပြင်ဘက်တွင် လင်းယွမ် ပေါ်လာချိန်၌ နန်းတော်၏ အတွင်းမှ နက်ရှိုင်းသော စိတ်အသိတစ်ခုက နိုးထလာသည်။

" ငါ စကြာဝဠာခေတ်ပေါင်းများစွာကို စောင့်ခဲ့ပြီးပြီ။ နောက်ဆုံးတော့ အရှင်မင်းကြီးရဲ့ အမွေကို ဆက်ခံနိုင်တဲ့ အရည်အချင်းရှိတဲ့ လူတစ်ယောက် ရောက်လာခဲ့ပြီ။ "

နန်းတော်၏ အပြင်ဘက်တွင် လင်းယွမ်က ဂရုတစိုက် လေ့လာနေပြီး ဤအဆောက်အဦးက မယုံကြည်နိုင်စရာကောင်းစွာပင် လေဟာနယ်အလွှာများစွာကို ဖြန့်ကျက်ထားသည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရဲ့ ပင်မဒေသအပေါ် လူသားမျိုးနွယ်ရဲ့ လေ့လာမှုအရ အရင်က ဒီလိုနန်းတော်မျိုးကို တစ်ခါမှ မတွေ့ဖူးခဲ့ကြဘူး။ " လင်းယွမ်က တွေးလိုက်သည်။

ယခင်က ပေါ်လာခြင်းမရှိဘဲ ယခုမှ ရုတ်တရက် ပေါ်လာခြင်းဖြစ်သည်။ ၎င်းမှာ သူနှင့် သက်ဆိုင်သည်ဟု လင်းယွမ်က ခံစားနေရသည်။ သူခံစားခဲ့ရသော ခေါ်သံက နန်းတော်၏ အနက်ရှိုင်းဆုံးမှ လာခြင်းဖြစ်သည်။

ဝုန်း...

နန်းတော်၏ ဝင်ပေါက်တံခါးက ရုတ်တရက် ဖြည်းညင်းစွာ ပွင့်လာသည်။

" ဟင် တံခါးက ပွင့်လာတာလား။ " လင်းယွမ်၏ အမူအရာက လေးနက်သွားသည်။

နန်းတော်ပေါ်လာခြင်းက သူ့ကြောင့် ဖြစ်သည်ဟူသော ခန့်မှန်းချက်က သေချာသလောက်ဖြစ်နေပြီဖြစ်သည်။ ယခင် နန်းတော်၏ ရှေ့တွင် အထူးနဝမအလွှာများရှိနေသော်လည်း နန်းတော်တံခါးက ပွင့်လာခြင်းမရှိဘဲ သူရောက်ပြီး ခဏအတွင်း တံခါးက ပွင့်လာခဲ့သည်။

All Chapters