← Chapters

တိုက်ရိုက်အမွေဆက်ခံခြင်း....

Vol. 33 Ch. 503

တိုက်ရိုက်အမွေဆက်ခံခြင်း....

Vol. 33 Ch. 503

နှစ်ပေါင်းဆယ်ဘီလီယံ။

လင်းယွမ်က လက်ခြောက်ဖက်နှင့် ပုံရိပ်ကို ကြည့်လိုက်သည်။ ထာဝရအသက်ရှည်နိုင်သော ကြီးမြတ်သူတစ်ယောက်အတွက် နှစ်ပေါင်းဆယ်ဘီလီယံက အများကြီးမဟုတ်ပေ။

" ငါ အိပ်မောကျသွားတာက အရေးမကြီးပါဘူး။ ဒါပေမယ့် အရှင်မင်းကြီးရဲ့ အမွေအနှစ်၊ ကြိုးစားအားထုတ်မှုတွေက ပျောက်ကွယ်သွားလို့မရဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လေးနက်စွာ ပြောလိုက်သည်။

လင်းယွမ်က လက်ခြောက်ဖက်နှင့် ပုံရိပ် သူ့ကို ခေါ်ခဲ့သည့် အကြောင်းရင်းကို နားလည်သောကြောင့် တိတ်ဆိတ်စွာ နားထောင်နေသည်။

" မင်းက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို နားလည်ထားလို့ အရှင်မင်းကြီးရဲ့ ဆက်ခံသူအဖြစ် သတ်မှတ်နိုင်တယ်ဆိုတာ မင်းလည်း သိလောက်ပါပြီ။ "

" ဒါပေမယ့် အရှင်မင်းကြီးရဲ့ စစ်မှန်တဲ့ အမွေအနှစ်ကို ဆက်ခံဖို့အတွက် ဆက်ခံသူဖြစ်ရုံနဲ့ မလုံလောက်သေးဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။ " မင်းက အရှင်မင်းကြီး ချမှတ်ခဲ့တဲ့ စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရမယ်။ "

" နားလည်ပါပြီ။ " လင်းယွမ်က ပြောလိုက်သည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်တွင်လည်း သက်ဆိုင်ရာဆုလာဘ်များနှင့်အတူ မျှော်စင်၏ အထပ်တိုင်းကို စိန်ခေါ်ရန် လိုအပ်လေသည်။ လင်းယွမ်က ၎င်းနှင့် ရင်းနှီးပြီးသားဖြစ်သည်။ အထွတ်အထိပ်မျိုးနွယ်များကြားတွင်လည်း တစ်ခုခုကို လိုချင်လျှင် စမ်းသပ်မှုများကို စိန်ခေါ်ရန် လိုအပ်လေသည်။

" ကျုပ်က ဘယ်စိန်ခေါ်မှုတွေကို ဖြတ်ကျော်ရမှာလဲ။ " လင်းယွမ်က ချက်ချင်း မေးလိုက်သည်။

" ဘယ်စိန်ခေါ်မှုတွေလဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ထူးဆန်းစွာ ကြည့်လိုက်သည်။

" အရှင်မင်းကြီးက အဆင့်နိမ့် စိန်ခေါ်မှု ၆၈ခု၊ အလယ်အဆင့် စိန်ခေါ်မှု ၂၅ခု နဲ့ အဆင့်မြင့် စိန်ခေါ်မှု ၆ ခုကို ချန်ထားခဲ့တယ်။ စိန်ခေါ်မှုတွေအားလုံးကို ဖြတ်ကျော်နိုင်တဲ့သူက ဒီလျို့ဝှက်နယ်မြေအတွင်းမှာရှိတဲ့ အမွေအနှစ်အားလုံးကို ဆက်ခံနိုင်တယ်။ " ပုံရိပ်က ခဏရပ်တန့်ပြီး ဆက်ပြောလိုက်သည်။ " ဒါပေမယ့် မင်းအတွက် အဲ့ဒါတွေ မလိုအပ်ပါဘူး။ "

လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ ဤလျို့ဝှက်နယ်မြေ၏ စိတ်အသိအနေဖြင့် လျို့ဝှက်နယ်မြေအတွင်း လင်းယွမ်၏ လှုပ်ရှားမှုများက သူ၏ အမြင်မှ ဖုံးကွယ်ထားနိုင်ခြင်းမရှိပေ။ အခြားမည်သည့်အရာမှမရှိလျှင်တောင် လင်းယွမ်ဖွင့်လှစ်ထားသော လေဟာနယ်အလွှာအရေအတွက်က သူ့ကို အံ့အားသင့်စေခဲ့သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း အဋ္ဌမအလွှာများနှင့် နဝမအလွှာများသာ ဝင်ရောက်နိုင်လေသည်။ ထို့ကြောင့် ဧကရာဇ်ရွှမ်ဟွမ်၏ စိန်ခေါ်မှုများက နဝမအလွှာများအတွက် ရည်ရွယ်လေသည်။

" အဲ့ဒါတွေမလိုအပ်ဘူး။ " လင်းယွမ်က မျက်ခုံးများပင့်သွားသည်။

" အမှန်ပဲ။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က သူ၏ လက်ကို ဝှေ့ရမ်းလိုက်ပြီးနောက် အဝါရောင်သလင်းကျောက်တစ်ခု ပေါ်လာသည်။

အဝါရောင်သလင်းကျောက်က ရွှမ်ဟွမ်သလင်းကျောက်များထက် ပို၍ သန့်စင်ပြီး ရွှမ်ဟွမ်လျို့ဝှက်နယ်မြေနှင့် ချိတ်ဆက်ထားလေသည်။

" မင်းက ဒီလျို့ဝှက်နယ်မြေရဲ့ အမြုတေကို သန့်စင်ဖို့ပဲလိုတယ်။ ဒါဆို မင်းက ဒီနေရာရဲ့ သခင်အသစ်ဖြစ်လာလိမ့်မယ်။ လျို့ဝှက်နယ်မြေအတွင်းက ဧကရာဇ်ရွှမ်ဟွမ်ရဲ့ အမွေအနှစ်နဲ့ ရတနာတွေအားလုံးက မင်းရဲ့အပိုင်ဖြစ်လာလိမ့်မယ်။ "

" အဲ့လောက်တောင် ရိုးရှင်းတာလား။ " လင်းယွမ်က အနည်းငယ် အံ့အားသင့်သွားပြီး သူ၏ ရှေ့မှ အဝါရောင်သလင်းကျောက်ကို ကြည့်လိုက်သည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးနှင့် ချိတ်ဆက်ထားသော အော်ရာက လက်ခြောက်ဖက်နှင့် ပုံရိပ် လိမ်ညာနေသည်မဟုတ်ကြောင်း သိနိုင်လေသည်။ သူက အဝါရောင်သလင်းကျောက်ကို သန့်စင်လိုက်သည်နှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးကို ပိုင်ဆိုင်ပေလိမ့်မည်။

ကြီးမြတ်သူများပင် နေရာအတိအကျကို မရှာဖွေနိုင်သော ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက လင်းယွမ်၏ နောက်ဖေးခြံဝင်း ဖြစ်လာပေလိမ့်မည်။ သို့သော် ၎င်းက အရမ်းမလွယ်လွန်းဘူးလား။ တိုက်ပွဲများ တိုက်ခိုက်ရန်မလိုအပ်ပေ။ စမ်းသပ်မှုများကိုလည်း ဖြတ်ကျော်ရန် မလိုအပ်ပေ။ သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်လာပြီး ပင်မဒေသသို့ လာခဲ့လေသည်။ ထို့နောက် အရာအားလုံးကို ရရှိလိုက်သည်။

" ရိုးရှင်းတာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခဏလောက် တွေးလိုက်သည်။ " အင်း တကယ်တော့ ရိုးရှင်းပါတယ်။ "

အမှန်တော့ ဧကရာဇ်ရွှမ်ဟွမ်က စိန်ခေါ်မှုများနှင့် အတားအဆီးများကို ချန်ထားခဲ့လေသည်။ သို့သော် လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်၏ ခွန်အားကို မြင်ခဲ့ရပြီး ထိုစိန်ခေါ်မှုများနှင့် အတားအဆီးများက အဓိပ္ပါယ်မရှိသည်ကို နားလည်ခဲ့လေသည်။ ထို့ကြောင့် အားလုံးကို မလုပ်ဘဲ လင်းယွမ်ကို အားလုံး တိုက်ရိုက်ပေးလိုက်ခြင်းက ပိုကောင်းလေသည်။

" မင်းရဲ့ ပါရမီနဲ့ အရည်အချင်းက ဧကရာဇ်ရွှမ်ဟွမ်ရဲ့ အမွေအနှစ်နဲ့ ထိုက်တန်ပါတယ်။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က တိုက်ရိုက်ပြောလိုက်သည်။

" မင်း တကယ်ဖြတ်သန်းခဲ့ရတဲ့ နှစ်တွေက သိပ်မကြာဘူးဆိုတာ ငါခံစားမိပါတယ်။ သေချာတာကတော့ နှစ်လေးထောင် မကျော်သေးပါဘူး။ ဒီလောက်တိုတောင်းတဲ့ အချိန်ကာလအတွင်းမှာ မင်းက လေဟာတယ်အလွှာတွေ အများကြီး ဖွင့်နိုင်ခဲ့တယ်။ ဒီလိုအခြေခံမျိုး ငါတစ်ခါမှမမြင်ဖူးဘူး။ မင်းက အလွှာဆယ့်နှစ်ကို ရောက်ဖို့ ကြီးမားတဲ့အခွင့်အလမ်းရှိတယ်လို့ ငါယုံကြည်တယ်။ ဧကရာဇ်က မင်းလိုအမွေဆက်ခံသူမျိုး ရရှိတာ ကျေနပ်ပါလိမ့်မယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" ကျုပ်နားလည်ပါပြီ။ "

လက်ခြောက်ဖက်နှင့် ပုံရိပ်က သူ့အား အာရုံစိုက်နေခဲ့သည်ကို လင်းယွမ်က နားလည်လိုက်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ စိတ်အသိကို ဘာမှဖုံးကွယ်လို့ရမည်မဟုတ်ပေ။

" ကျုပ်က ဧကရာဇ်အတွက် ဘာလုပ်ပေးရမှာလဲ။ " လင်းယွမ်က အဝါရောင်သလင်းကျောက်ကို ယူပြီး မေးလိုက်သည်။

" မင်း ဘာတစ်ခုမှ လုပ်ပေးစရာမလိုဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။ " မင်းက ဧကရာဇ်ရွှမ်ဟွမ်ရဲ့ နာမည်ကို မှတ်ထားပေးဖို့ပဲ လိုတယ်။ ပြီးတော့ အနာဂတ်မှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေပေးပါ။ "

" ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံဖို့ လိုအပ်ချက်တွေ မြင့်မားတယ်ဆိုတာ ငါသိတယ်။ အဲ့ဒါက အရေးမကြီးဘူး။ မင်းရဲ့ အရည်အချင်းနဲ့ဆို မင်းက အချိန်အကြာကြာကြီး အသက်ရှင်နိုင်လိမ့်မယ်။ မင်းအဲ့ဒါကို ပေါ့ပေါ့ပါးပါး လုပ်ပေးနိုင်တယ်" လက်ခြောက်ဖက်နှင့် ပုံရိပ်က ဆက်ပြောလိုက်သည်။

" ဧကရာဇ်ရွှမ်ဟွမ်ရဲ့ နာမည်ကို မှတ်သားထားရမယ်။ ပြီးတော့ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ဖြန့်ဝေပေးရမှာပေါ့။ "

၎င်းက လင်းယွမ်အတွက် ခက်ခဲခြင်းမရှိပေ။ ထို့အပြင် လက်ခြောက်ဖက်နှင့် ပုံရိပ်က ၎င်းကို အချိန်သတ်မှတ်ထားခြင်းလည်း မရှိပေ။ အကယ်၍ အနာဂတ်တွင် လင်းယွမ်က ၎င်းကို တိတိကျကျ မလုပ်လျှင်တောင် ပြဿနာမရှိပေ။

" ဧကရာဇ်ရဲ့ အဆင့်နဲ့ သေခြင်းရှင်ခြင်းသဘောတရားက မရှိတော့ဘူး။ အမွေဆက်ခံသူတွေက သူ့ရဲ့ နာမည်ကို မှတ်သားထားသရွေ့ သူ့ရဲ့ လမ်းစဉ်က ပျံ့နှံ့နေသရွေ့ အနာဂတ်မှာ သူပြန်လာမယ့်တစ်နေ့ဆိုတာ ရှိလာနိုင်တယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မျှော်လင့်ချက် အရိပ်အယောင်များနှင့် ပြောလိုက်သည်။

" ပြန်လာဖို့လား။ " လင်းယွမ်က အံ့ဩသွား၏။

လက်ခြောက်ဖက်နှင့် ပုံရိပ်က မပြောလျှင်တောင် လင်းယွမ်က ကျောက်ရုပ်တုရှန်းကျိ၏ စကားများမှ ခန့်မှန်းနိုင်လေသည်။ ဧကရာဇ်ရွှမ်ဟွမ်နှင့် နတ်ဆိုးကျောက်စိမ်မျှော်စင်သခင်တို့မှာ အရင်ကတည်းက သေဆုံးသွားကြပြီဟု လင်းယွမ်၏ မသိစိတ်က ယုံကြည်ထားသည်။

သူက မသေခဲ့လျှင် ဘာကြောင့် အချိန်အကြာကြီး ပြန်မပေါ်လာခဲ့တာလဲ။ ထောင်ချောက်ထဲသို့ ကျရောက်နေလျှင်တောင် သူက ပြင်ပကမ္ဘာနှင့် ဆက်သွယ်နိုင်ရန် နည်းလမ်းများ ရှိသင့်လေသည်။

သို့သော် လက်ခြောက်ဖက်နှင့် ပုံရိပ်၏ ပြောစကားအရ ဧကရာဇ်ရွှမ်ဟွမ်က သေဆုံးခဲ့လျှင်တောင် ပြန်လာနိုင်လေသည်။ ပြန်လာခြင်းဆိုသည်မှာ ပြန်လည်ရှင်သန်ခြင်းကို ဆိုလိုလေသည်။

ကြီးမြတ်သူများက အခြားသူများကို ပြန်လည်ရှင်သန်စေနိုင်သော်လည်း သူတို့ကိုသူတို့ ပြန်လည်ရှင်သန်အောင် ဘယ်လိုလုပ်မှာလဲ။ ပြန်လည်ရှင်သန်ခြင်းက အချိန်မြစ်ကို ပြောင်းပြန်လှန်ခြင်းဖြစ်သည်။ ကုန်လွန်သွားသောအချိန်မှ သေဆုံးသွားသော သက်ရှိတစ်ယောက်ကို ဖမ်းယူကြီး လက်ရှိ အချိန်၏ အမှတ်ဆီကို ပြန်ယူလာရန်ဖြစ်သည်။

သို့သော် ကြီးမြတ်သူများက ယခင်ကတည်းက အချန်မြစ်ထဲမှ ထွက်သွားကြပြီဖြစ်သည်။ ကြီးမြတ်သူတစ်ယောက် သေဆုံးသွားလျှင် ပြန်လည်ရှင်သန်စေရန် မဖြစ်နိုင်ပေ။ အကြောင်းမှာ အတိတ်တွင် ကြီးမြတ်သူတစ်ယောက်၏ အသက်အမှတ်အသားကို ရှာမတွေ့နိုင်သောကြောင့်ဖြစ်သည်။ ထို့အပြင် ရှာတွေ့ခဲ့လျှင်တောင် ကြီးမြတ်သူတစ်ယောက်အား ပြန်လည်ရှင်သန်စေသည့် တန်ဖိုးကို ဘယ်သူက ခံနိုင်ရည်ရှိမှာလဲ။

အလွှာဆယ့်တစ်ရှိသူတစ်ယောက်ကိုပင် ပြန်လည်ရှင်သန်စေခြင်းက ကြီးမြတ်သူတစ်ယောက်အပေါ်တွင် သိသာထင်ရှားသော တန်ပြန်မှုကို ခံစားစေရနိုင်လေသည်။ ကြီးမြတ်သူတစ်ယောက်ကို ပြန်လည်ရှင်သန်စေခြင်းက ထိုကြီးမြတ်သူကိုပင် သေဆုံးသွားစေနိုင်လေသည်။

" ဒါက ဖြစ်နိုင်ခြေတစ်ခုပဲ။ ဧကရာဇ်က အဲ့ဒီအဆင့်ကို ဘယ်တော့မှ မလုပ်ခဲ့ဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခေါင်းခါပြီး ပြောလိုက်သည်။

" အဲ့ဒီ့အဆင့်လား။ " လင်းယွမ်က ပုံရိပ်ကိုကြည့်လိုက်သည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုမှာ အဲ့ဒါကို ဖန်တီးသူရဲ့ တာအိုရှိနေတယ်ဆိုတာ မင်းသိလောက်ပါတယ်။ "

" ဧကရာဇ်ရဲ့ တာအိုက တည်ရှိနေသရွေ့ သူသေဆုံးသွားတယ်လို့ မဆိုလိုဘူး။ ဒါ့အပြင် ဧကရာဇ်ရဲ့ နာမည်ကို မှတ်သားထားရင် သူပြန်လာတဲ့အခါ အင်အားတစ်ခုအဖြစ်လည်း အသုံးဝင်နိုင်တယ်။ "

" အဲ့လိုဖြစ်နေတာကိုး။ " လင်းယွမ်က တွေးလိုက်သည်။

အဆုံးစွန်သော တည်ရှိမှုတစ်ခုက သူစိတ်ကူးနိုင်သည်ထက် ကျော်လွန်လေသည်။ ဧကရာဇ်ရွှမ်ဟွမ်က ကြီးမြတ်သူအဆင့်မှာပင် အချို့ကဏ္ဍများကို ကျော်လွန်နေလေယက်ပြီဖြစ်သည်။ သူသေဆုံးသွားလျှင်တောင် ပြန်လာရန် မျှော်လင့်ချက်ရှိနေလေသည်။

" ကောင်းပြီ။ လျို့ဝှက်နယ်မြေရဲ့ အမြုတေကို သန့်စင်ဖို့က အချိန်လိုအပ်တယ်။ အခု ငါ မင်းကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်းမှာရှိတဲ့ ရတနာတွေနဲ့ အမွေအနှစ်တွေကို မိတ်ဆက်ပေးမယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကဲ့သို့ အမွေဆက်ခံသူမျိုး ရရှိခဲ့သည့်အတွက် အလွန်ကျေနပ်နေပုံရလေသည်။

All Chapters