← Chapters

ဧကရာဇ်ရွှမ်ဟွမ်၏ အမွေအနှစ်များ....

Vol. 33 Ch. 504

ဧကရာဇ်ရွှမ်ဟွမ်၏ အမွေအနှစ်များ....

Vol. 33 Ch. 504

" ရတနာနဲ့ အမွေအနှစ်တွေလား။ " လင်းယွမ်ကလည်း အနည်းငယ် သိလိုစိတ် ဖြစ်သွားသည်။

အဝါရောင်သလင်းကျောက်က အတွင်းကမ္ဘာထဲတွင် ကမ္ဘာစွမ်းအားနှင့် သန့်စင်ခြင်းခံနေရပြီဖြစ်သည်ယာ လင်းယွမ်က ၎င်းကို အချိန်တိုအတွင်း သန့်စင်နိုင်မည်မဟုတ်သော်လည်း အရမ်းကြာမည်မဟုတ်ပေ။ ထိုသလင်းကျောက်ကို သန့်စင်ပြီးသည်နှင့် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အရှင်သခင်ဖြစ်လာပြီး အခွင့်အလမ်းအားလုံးကို ပိုင်ဆိုင်မည်ဖြစ်သည်။

" ပထမဆုံးက ရွှမ်ဟွမ်ရင်းမြစ်ပဲ။ ပြင်ပမှာတော့ ရွှမ်ဟွမ်သလင်းကျောက်လို့ ခေါ်ကြတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က အနည်းငယ် လှုပ်ရှားသွားပြီး သူတို့က ကျယ်ပြန့်သော နေရာတစ်ခုဆီသို့ ရောက်သွားကြသည်။

" အဲ့ဒီတောင်လား။ " လင်းယွမ်က အဝေးမှ တောင်ငယ်လေးတစ်ခုကို သတိပြုမိသွားသည်။ တောင်ငယ်လေးက အဝါရောင်ရှိပြီး မီတာရာဂဏန်းလောက် မြင့်လေသည်။

" အဲ့ဒီတောင်လေးက ရွှမ်ဟွမ်သလင်းကျောက်တွေနဲ့ ဖွဲ့စည်းထားတာလား။ " လင်းယွမ်က အနည်းငယ် အံ့ဩသွားသည်။

ပြင်ပကမ္ဘာတွင် လက်သီးဆုပ်အရွယ်အစားရှိသော ရွှမ်ဟွမ်သလင်းကျောက်တစ်ခုက စကြာဝဠာတစ်သိန်း တန်ကြေးရှိလေသည်။ သို့သော် ယခု သူ၏ ရှေ့မှာ မီတာရာချီမြင့်သော တောင်ငယ်လေးက ရွှမ်ဟွမ်းသလင်းကျောက်များဖြင့် ဖွဲ့စည်းထားလေသည်။ လင်းယွမ်၏ ခန့်မှန်းခြေတွက်ချက်မှုအရ ၎င်းက စကြာဝဠာသလင်းကျောက် ထရီလီယံ သို့မဟုတ် ကွင်တီလီယံ တန်ဖိုးရှိပေလိမ့်မည်။

" အမှန်ပဲ။ အဲ့ဒီရွှမ်ဟွမ်သလင်းကျောက်တွေက လျို့ဝှက်နယ်မြေက ဒေသခံသက်ရှိတွေ အသက်ကြီးပြီး သေဆုံးသွားတဲ့နောက်မှာ စုဆောင်းထားတာပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခေါင်းခါပြီး ပြောလိုက်သည်။ " အချိန်ကြာလာတာနဲ့ ရွှမ်ဟွမ်သလင်းကျောက် အများစုက သဘာဝအတိုင်း ပျောက်ကွယ်သွားကြပြီ။ "

" ဒါတွေအားလုံးက ကျွန်တော်ပိုင်တာပေါ့။ " လင်းယွမ်က မေးလိုက်သည်။

" မင်းအပိုင်တွေပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြုံး၍ ပြောလိုက်သည်။

လင်းယွမ်က လျို့ဝှက်နယ်မြေ၏ အမြုတေကို မသန့်စင်ရသေးဘဲ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အရှင်သခင်မဖြစ်သေးလျှင်တောင် လက်ခြောက်ဖက်နှင့် ပုံရိပ်က ရွေးချယ်ထားပြီးသား ဖြစ်သည်။

" ငါ အကြံပေးချင်တာရှိတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ခဏစဉ်းစားပြီး ပြောလိုက်သည်။ " မင်း ဒီရွှမ်ဟွမ်သလင်းကျောက်တွေကို အချိန်တိုအတွင်း အပြင်မယူသွားတာကောင်းမယ်။ "

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်တဲ့အချိန်တိုင်းမှာ ကြီးမြတ်သူတွေက တည်နေရာကို ရှာဖွေဖို့ ကြိုးစားကြတယ်။ ဒါပေမယ့် သူတို့က အရှင်မင်းကြီး ချန်ထားခဲ့တဲ့ နည်းလမ်းတွေကို ဘယ်လိုလုပ် နားလည်နိုင်မှာလဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။ " အဲ့ဒီကြီးမြတ်သူတွေက အရှင်မင်းကြီးရဲ့အမွေအနှစ်ကို ရယူချင်ကြတယ်။ ဒါပေမယ့် သူတို့ဆန္ဒရှိသလို လုပ်နိုင်မှာမဟုတ်ဘူး။ "

လင်းယွမ်က ၎င်းကို နားလည်လေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ယခင်ကတည်းက အကြိမ်များစွာ ဖွင့်လှစ်ခဲ့သည်။ ပုံမှန်အားဖြင့် ရွှမ်ဟွမ်သလင်းကျောက်ရရှိသော ပမာဏက များစွာကွဲပြားခြင်းမရှိပေ။

အကယ်၍ လင်းယွမ်က အချိန်တိုအတွင်း တောင်အရွယ်အစားရှိသော ရွှမ်ဟွမ်သလင်းကျောက်များကို ပြင်ပသို့ ယူဆောင်သွားပြီး သတင်းများ ထွက်ပေါ်လာလျှင် အထွတ်အထိပ်မျိုးနွယ်များ၏ အာရုံကို ဆွဲဆောင်မိသွားပေလိမ့်မည်။

အထွတ်အထိပ်မျိုးနွယ်များက သံသယများ ရှိလာပေလိမ့်မည်။ ဥပမာ နဝမအလွှာတစ်ယောက်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ခွင့်ပြုချက်ကို ရရှိခဲ့ပြီး ရွှမ်ဟွမ်သလင်းကျောက်များကို ရရှိခဲ့ခြင်းလားဟူ၍ ဖြစ်သည်။

သူတို့က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲသို့ ဝင်ရောက်သူများကို စစ်ဆေးခဲ့လျှင် လင်းယွမ်က အထင်ရှားဆုံး ဖြစ်ပေလိမ့်မည်။ လူသားမျိုးနွယ်က သူ့ကို ကာကွယ်ထားလျှင်တောင် သူတို့ကလည်း သူ့ကို မေးခွန်ထုတ်ပေလိမ့်မည်။

သူက အမှန်ကို ပြောခဲ့လျှင် လူသားမျိုးနွယ်က ဆင့်ကဲပြောင်းလဲသူများကို လေ့ကျင့်ရန် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ဖွင့်ပေးရန် တောင်းဆိုကြပေလိမ့်မည်။ သို့မဟုတ် လျို့ဝှက်နယ်မြေအတွင်းမှ အမွေအနှစ်များနှင့် အခွင့်အလမ်းများကို ပြင်ပသို့ ယူဆောင်ခိုင်းပေလိမ့်မည်။ ကြီးမြတ်သူများပင် လိုချင်သော ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ထိန်းသိမ်းရန်အတွက် လင်းယွမ်က အားနည်းနေဆဲ ဖြစ်သည်။

" မင်းက နှစ်တစ်သောင်း ဒါမှမဟုတ် နှစ်တစ်သိန်းကြာတိုင်း ရွှမ်ဟွမ်သလင်းကျောက်တွေကို ယူဆောင်လို့ရတယ်။ ဒါဆို အာရုံစိုက်မှုအများကြီး ခံရမှာမဟုတ်ဘူး။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က ပြောလိုက်သည်။

" နားလည်ပါပြီ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ယခုအချိန်တွင် သူ၏ စိတ်ထဲမှ ဆန္ဒအချို့ ထွက်ပေါ်လာသည်။ သူသာ ကြီးမြတ်သူတစ်ယောက် ဖြစ်လာခဲ့လျှင် လျို့ဝှက်ချက်များ လိုအပ်မည်မဟုတ်ပေ။ သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ သူ၏ပိုင်ဆိုင်မှုဖြစ်သည်ကို စကြာဝဠာတစ်ခုလုံးသိအောင် ကြေညာလျှင်တောင် အခြားသူများက သူ့ကို ဘာမှလုပ်နိုင်မည်မဟုတ်ပေ။

" ပြီးတော့ လက်နက်တွေ၊ လျို့ဝှက်ရတနာတွေ၊ သတ္တုတွေ၊ အပင်တွေ၊ သွေးတွေနဲ့ အထူးသက်ရှိတွေရဲ့ ခန္ဓာကိုယ်တွေလည်း ရှိသေးတယ်။ အဲ့ဒါက လျို့ဝှက်နယ်မြေဖွင့်လှစ်ချိန်မှာ ဒီမှာနေခဲ့ဖို့ ကြိုးစားခဲ့ကြတဲ့ နဝမအလွှာတွေရဲ့ ပိုင်ဆိုင်မှုတွေပဲ။ "

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နှစ်နှစ်သိန်းကြာတိုင်း တစ်ကြိမ်ဖွင့်ပြီး အချိန်အားဖြင့် နှစ်တစ်ရာကြာမြင့်လေသည်။ လျို့ဝှက်နယ်မြေအတွင်း အခွင့်အလမ်းများနှင့် ရွှမ်ဟွမ်သလင်းကျောက်များ ရရှိနိုင်လေသည်။

နဝမအလွှာသက်ရှိတိုင်းအတွက် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ရတနာသိုက်တစ်ခု ဖြစ်လေသည်။ အကယ်၍ သူတို့က လျို့ဝှက်နယ်မြေအတွင်း နေထိုင်ပြီး နောက်တစ်ကြိမ်ဖွင့်မှ ပြန်ထွက်ခဲ့လျှင် အကျိုးအမြတ်များစွာ ရရှိမည်မှာ သေချာလေသည်။

ထို့ကြောင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ပြန်ပိတ်သောအချိန်တွင် နဝမအလွှာများက နေခဲ့ရန် ကြိုးစားကြလေသည်။ ယခုအချိန်ထိ သူတို့က လက်လျှော့ခြင်းမရှိကြသေးပေ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း နေထိုင်ရန် နည်းလမ်းမျိုးစုံကို အသုံးပြုနေကြဆဲ ဖြစ်သည်။

" အများကြီးပဲ။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။

သူက နဝမအလွှာ ရတနာ ၂၄၈ခုလောက်ကို တွေ့ရပြီး အထူးသက်ရှိများ၏ ခန္ဓာကိုယ်များလည်း ရှိနေလေသည်။ အထူးသက်ရှိများ၏ ခန္ဓာကိုယ်များက တန်ဖိုးရှိလေသည်။ သူတို့၏ သွေးများကို ထုတ်ယူပြီး သွေးမျိုးဆက်ဆေးရည်ကို ဖန်တီးနိုင်လေသည်။

လင်းယွမ်က နဂါးငွေ့တန်းကြယ်နယ်မြေကို ရှင်းလင်းချိန်တွင် အထူးသက်ရှိအချို့၏ သွေးများကို ထုတ်ယူခဲ့ပြီး သွေးမျိုးဆက်ဆေးရည်များအဖြစ် ပြောင်းလဲခဲ့လေသည်။

လင်းယွမ်၏ သိုင်းတာအိုဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်မှ သွေးမျိုးဆက်ကျင့်ကြံခြင်းလမ်းစဉ်ပျံ့နှံ့လာသည်နှင့်အတူ လူသားမျိုးနွယ်တွင် သွေးမျိုးဆက်ဆေးရည်များက တန်ဖိုးရှိလာမည်မှာ သေချာလေသည်။

" နောက်ဆုံး ဒါက အရှင်မင်းကြီး ချန်ခဲ့တဲ့ အမွေအနှစ်ပဲ။ " လက်ခြောက်ဖက်နှင့်ပုံရိပ်က လင်းယွမ်ကို ကြည့်လိုက်သည်။ သူတို့က မိုင်အနည်းငယ် ကျယ်ဝန်းသော နေရာတစ်ခုသို့ ရောက်သွားကြသည်။

" အရှင်မင်းကြီး ချန်ခဲ့တဲ့ အမွေအနှစ်က နှစ်မျိုးရှိတယ်။ တစ်ခုက ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်နဲ့ တစ်ခုက လျို့ဝှက်နည်းစနစ်ပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။

" ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်လား။ " လင်းယွမ်က အနည်းငယ် စိတ်လှုပ်ရှားသွားသည်။

" မှန်တယ်။ မင်းကျင့်ကြံခဲ့တဲ့ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရှင်မင်းကြီး ချန်ခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ရဲ့ ပထမအပိုင်းပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က သူ၏ လက်တစ်ဖက်ကို မြှောက်ပြီး လင်းယွမ်ဆီသို့ အချက်အလက်များ ပေးပို့လိုက်သည်။

ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ ပထမအလွှာမှ အလွှာဆယ့်နှစ်အထိ ပြည့်စုံသော အချက်အလက်များဖြစ်သည်။

" ဒါက အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ပဲ။ " လင်းယွမ်က ခဏစစ်ဆေးကြည့်ပြီး ကျေနပ်သွားသည်။

လူသားမျိုးနွယ်၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကိုးခုအပြင် လင်းယွမ်က နောက်ထပ်တစ်ခုကို ပထမဆုံး ကြုံတွေ့ရခြင်းဖြစ်သည်။ သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်တွင် ပြည့်စုံသော အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်တစ်ခုကို တွေ့ခဲ့ရသော်လည်း သူက အသေးစားစကြာဝဠာကို ရွေးချယ်ခဲ့လေသည်။

" အရှင်မင်းကြီး ချန်ခဲ့တဲ့ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က အရမ်းမြင့်မားတယ်။ အခုချိန်ထိ ကြီးမြတ်သူတစ်ယောက်မှ မထွက်ပေါ်သေးဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။

" ကြီးမြတ်သူတစ်ယောက်မှ မထွက်ပေါ်သေးဘူး။ " လင်းယွမ်က စိတ်လှုပ်ရှားသွားသည်။

ကြီးမြတ်သူတစ်ယောက်မှ မရှိသော အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်၏ တန်ဖိုးက များစွာ မြင့်မားလေသည်။ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်များက ကြီးမြတ်သူရှိသော လမ်းစဉ်နှင့် ကြီးမြတ်သူမရှိသော လမ်းစဉ်ဟူ၍ နှစ်မျိုးခွဲခြားနိုင်လေသည်။

ပထမတစ်မျိုးမှာ လူသားမျိုးနွယ်၏ အမြင့်ဆုံးဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ် ကိုးခုကဲသို့ ဖြစ်သည်။ ဒုတိယတစ်မျိုးက အလွန်အမင်း ရှားပါးလေသည်။

" ဒါပေမယ့် မျှော်လင့်ချက်တွေ အရမ်းမထားနဲ့။ အခြားစကြာဝဠာတွေမှာ ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို အလွှာဆယ့်တစ်အထိ ကျင့်ကြံထားတဲ့ သက်ရှိအချို့ ရှိနေတာကို ငါခံစားမိတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ထပ်ပြောလိုက်သည်။

" အခြားစကြာဝဠာတွေ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

ဧကရာဇ်ရွှမ်ဟွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ၃၃၃၃၃ခုကို ဖန်တီးခဲ့ခြင်းဖြစ်သည်။ ထိုလျို့ဝှက်နယ်မြေအများစုက ပျက်ဆီးသွားလျှင်တောင် အချို့က ကျန်ရှိနေဆဲ ဖြစ်သည်။ ထို့အပြင် သူလည်း ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အမွေအနှစ်ကို ရရှိသကဲ့သို့ အခြားလျို့ဝှက်နယ်မြေများတွင်လည်း အမွေဆက်ခံသူများ ရှိပေလိမ့်မည်။

" ဒါက လျို့ဝှက်နည်းစနစ်ပဲ။ "

လင်းယွမ်၏ စိတ်ထဲသို့ နောက်တစ်ကြိမ် သတင်းအချက်အလက်များ ဝင်ရောက်လာပြန်သည်။ အချိန်ခဏယူပြီးနောက် လင်းယွမ်က အားလုံးကို စုပ်ယူပြီးသွားခဲ့သည်။

ဧကရာဇ်ရွှမ်ဟွမ်က လျို့ဝှက်နည်းစနစ်သုံးမျိုးကို ချန်ထားခဲ့လေသည်။ ၎င်းတို့က တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် လွတ်မြောက်ခြင်းတို့ဖြစ်သည်။ တိုက်ခိုက်ခြင်းက ရွှမ်ဟွမ်တိုက်ကွက်ဖြစ်သည်။ ကာကွယ်ခြင်းက ရွှမ်ဟွမ်မူလခန္ဓာဖြစ်ပြီး လွတ်မြောင်ခြင်းက အချိန်လေဟာနယ်ခြေလှမ်းဖြစ်သည်။

All Chapters