← Chapters

လျို့ဝှက်နည်းစနစ်သုံးမျိုး...

Vol. 33 Ch. 505

လျို့ဝှက်နည်းစနစ်သုံးမျိုး...

Vol. 33 Ch. 505

လင်းယွမ်က အနည်းငယ် လေ့လာပြီးနောက် လျို့ဝှက်နည်းစနစ်များကို အကြမ်းဖျင်း နားလည်သွားပြီး သူ၏ စိတ်က တုန်ယင်သွား၏။ သူက နတ်ဆိုးကျောက်စိမ်းမျှော်စင်မှ လျို့ဝှက်နည်းစနစ်အချို့ကိုလည်း မြင်ဖူးထားခဲ့လေသည်။

သူက ဆန်းကြယ်သော ဘူးသီးခြောက်ကို အသုံးပြုပြီး သူ၏ မူလစိတ်ဝိညာဉ်နှစ်ခု၏ တိုက်ခိုက်ရေးစွမ်းအားကို များစွာမြှင့်တင်ပေးနိုင်ရန် ပုံရိပ်ယောင်အစစ်အမှန် လျို့ဝှက်နည်းစနစ်ကို ရွေးချယ်ခဲ့လေသည်။

ဧကရာဇ်ရွှမ်ဟွမ် ချန်ထားခဲ့သော လျို့ဝှက်နည်းစနစ်သုံးခုက ကြီးမြတ်သူတစ်ယောက် ဖန်တီးထားသော လျို့ဝှက်နည်းစနစ်များ၏ ကြောက်စရာကောင်းပုံကို ပြသနေလေသည်။

ပထမဆုံး ရွှမ်ဟွမ်တိုက်ကွက်က လူတစ်ယောက်၏ စွမ်းအား အားလုံးကို စုစည်းပြီး ကိုယ်ပိုင်ကန့်သတ်ချက်ထက် ကျော်လွန်သော တိုက်ခိုက်မှုတစ်ခုကို ဖန်တီးနိုင်လေသည်။ ထိုတိုက်ခိုက်မှုက အဆင့်လေးဆင့်ရှိပြီး ပထမအဆင့်က ကိုယ်ပိုင်ခွန်အား၏ နှစ်ဆနှင့် တိုက်ခိုက်ခြင်းဖြစ်သည်။ ဒုတိယက သုံးဆ၊ တတိယက လေးဆနှင့် စတုတ္ထက ငါးဆတို့ ဖြစ်သည်။

လင်းယွမ်၏ ရုပ်ခန္ဓာနတ်စွမ်းရည်ဖြစ်သော အားဖြည့်ခြင်းနတ်စွမ်းရည်က သူ၏ ကိုယ်ပိုင်စွမ်းအား၏ ဆယ်ဆပိုသော စွမ်းအားကို ချက်ချင်း ထုတ်လွှတ်နိုင်လေသည်။ ၎င်းက ရွှမ်ဟွမ်တိုက်ကွက်ထက် သာလွန်သော်လည်း အသုံးပြုပြီးသည်နှင့် အားနည်းသွားမည်ဖြစ်သည်။

သို့သော် ရွှမ်ဟွမ်တိုက်ကွက်က အဆင့်တစ်ခုထိ ကျင့်ကြံပြီးသည်နှင့် မည်သည့်တိုက်ခိုက်မှုကိုမဆို ချောမွေ့စွာ ပေါင်းစပ်နိုင်လေသည်။ ရွှမ်ဟွမ်တိုက်ကွက်က ကြီးမားသော စွမ်းအားကို လိုအပ်သော်လည်း လင်းယွမ်အတွက် စွမ်းအားသုံးစွဲမှုက စိုးရိမ်စရာမလိုပေ။

" ရွှမ်ဟွမ်တိုက်ကွက်ကို အားဖြည့်ခြင်းနတ်စွမ်းရည်နဲ့သာ အသုံးပြုလိုက်ရင် ထွက်ပေါ်လာတဲ့ စွမ်းအားက အရမ်းကြောက်စရာကောင်းလိမ့်မယ်။ "

ကာကွယ်ရေးလျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သော ရွှမ်ဟွမ်မူလခန္ဓာက ရုပ်ခန္ဓာကို သန့်စင်သော နည်းလမ်းတစ်ခုလည်း ဖြစ်သည်။ ၎င်းကလည်း အဆင့်လေးဆင့်ရှိပြီး ပြည့်စုံအောင် ကျင့်ကြံပြီးသည်နှင့် ရုပ်ခန္ဓာ၏ အသက်စွမ်းအားက အလွန်ကြီးမားကျယ်ပြန့်သွားပေလိမ့်မည်။

နတ်ဆိုးကျောက်စိမ်းမျှော်စင်သခင်၏ လျို့ဝှက်နည်းစနစ်များထဲတွင်လည်း နတ်ဆိုးကျောက်စိမ်းအင်မော်တယ်ခန္ဓာဟူသော ရုပ်ခန္ဓာသန့်စင်သည့် နည်းစနစ်တစ်ခုလည်း ရှိလေသည်။

" ကောင်းတယ်။ " လင်းယွမ်က အလွန်ကျေနပ်သွားသည်။

သူက အဓိကရုပ်ခန္ဓာနတ်စွမ်းရည် နှစ်မျိုးရှိသည့်အပြင် သူ၏ ရုပ်ခန္ဓာနှင့် စိတ်ဝိညာဉ်ကို ကာကွယ်ပေးထားသော ယွမ်ရှန်းကျင်းလည်း ရှိနေလေသည်။ သွေးပြန်လည်မွေးဖွားခြင်းက ရုပ်ခန္ဓာကို ပြန်လည်မွေးဖွားခြင်းသာ ဖြစ်ပြီး ရုပ်ခွန်အားကို တိုးမြှင့်ပေးခြင်းမဟုတ်ပေ။

ဒြပ်စင်ခန္ဓာကလည်း ရုပ်ခန္ဓာကို ကာကွယ်ပေးခြင်းသာဖြစ်ပြီး ရုပ်ခန္ဓာ၏ ခွန်အားကို တိုးမြှင့်ပေးခြင်းမဟုတ်ပေ။ ဆန်းကြယ်သော ဘူးသီးခြောက်ထဲမှ အရည်များက ရုပ်ခန္ဓာ၏ ခွန်အားကို တိုးမြှင့်ပေးခြင်းဖြစ်သော်လည်း လျို့ဝှက်နည်းစနစ်တစ်ခုမဟုတ်ပေ။

လျို့ဝှက်နည်းစနစ်များက မူလခန္ဓာကိုယ်နှင့် မူလစိတ်ဝိညာဉ်တို့ နှစ်ခုလုံးက ၎င်းတို့ကို ကျင့်ကြံနိုင်လေသည်။ ဥပမာ ယွမ်ရှန်းကျင်းက မူလခန္ဓာကိုယ်အတွက်သာ အသုံးဝင်လေသည်။ ၎င်းကို မူလစိတ်ဝိညာဉ်နှင့် ထားရန်လည်း လင်းယွမ်က စိတ်မချပေ။

" မှတ်ထား။ ရွှမ်ဟွမ်တိုက်ကွက်နဲ့ ရွှမ်ဟွမ်မူလခန္ဓာတို့နဲ့ ပက်သက်ပြီး မင်း ရှောင်ကျဉ်ရမယ့်အရာ ဘာမှမရှိဘူး။ ဒါပေမယ့် အချိန်လေဟာနယ်ခြေလှမ်းကို မင်း နားလည်သွားရင်တောင် သတိထားပြီး အသုံးပြုရမယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ရုတ်တရက် ပြောလိုက်သည်။

" အချိန်လေဟာနယ်ခြေလှမ်းလား။ " လင်းယွမ်က ထိုနည်းစနစ်ကို စဉ်းစားလိုက်သည်။

၎င်းက လွတ်မြောက်ခြင်းလျို့ဝှက်နည်းစနစ်တစ်ခုဖြစ်ပြီး အထူးခြားဆုံးမှာ အချိန်နိယာမနှင့် လေဟာမယ်နိယာမတို့ကို ပေါင်းစည်းထားသော လျို့ဝှက်နည်းစနစ်တစ်ခုဖြစ်သည်။

အချိန်နှင့် လေဟာနယ်နိယာမတို့က အဓိကနိယာမနှစ်ခုဖြစ်သည်။ အထူးသဖြင့် အချိန်နိယာမက နက်နဲပြီး နားလည်ရန် ခက်ခဲလှသည်။

" အချိန်လေဟာနယ်ခြေလှမ်းနဲ့ မင်းက ကျယ်ပြန့်တဲ့နေရာတွေကို ချက်ချင်စ ဖြတ်ကျော်နိုင်လိမ့်မယ်။ ဒါပေမယ့် မင်းမှတ်ထားဖို့က ခြေလှမ်းကိုးလှမ်းပဲ လှမ်းနိုင်တယ်ဆိုတာပဲ။ ကြီးမြတ်သူတစ်ယောက်တောင် ခြေလှမ်းကိုးလှမ်းပဲ လှမ်းနိုင်တယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လေးနက်စွာ ပြောလိုက်သည်။

" ကြီးမြတ်သူတစ်ယောက်တောင် ခြေလှမ်းကိုးလှမ်းပဲ လှမ်းနိုင်တာလား။ " လင်းယွမ်က မှတ်သားထားလိုက်သည်။

အချိန်လေဟာနယ်ခြေလှမ်းက ခွန်အားမည်သည့်အဆင့်တွင် ရှိသည်ဖြစ်စေ အသုံးပြုသည်နှင့် မိမိ၏ ခွန်အားအားလုံး၏ ကိုးပုံတစ်ပုံကို အသုံးပြုရမည်ဖြစ်သည်။ ၎င်းက အသက်စွမ်းအား၊ စိတ်ဝိညာဉ်နှင့် စိတ်စွမ်းအား အားလုံးပါဝင်လေသည်။

လူတစ်ယောက်က ခြေလှမ်းကိုးလှမ်းကို ဆက်တိုက်လှမ်းသည်နှင့် လုံးဝခမ်းခြောက်သွားသော အခြေအနေကို ဖြစ်နိုင်လေသည်။ ပေးဆပ်ရမည့် တန်ဖိုးက ကြီးမားသလို သက်ရောက်မှုကလည်း ပြင်းထန်လှသည်။

လင်းယွမ်၏ လက်ရှိခွန်အားနှင့် အချိန်လေဟာနယ်ခြေလှမ်း၏ ခြေတစ်လှမ်းက အလင်းနှစ် သန်းချီကို ဖြတ်ကျော်နိုင်လေသည်။ မဟာရွှေ့ပြောင်းခြင်းနည်းစနစ်ကပင် အလင်းနှစ်ထောင်ချီကိုသာ ဖြတ်ကျော်နိုင်လေသည်။

ထိုလျို့ဝှက်နည်းစနစ်ဖြင့် လင်းယွမ်က အလွှာဆယ့်တစ် အင်အားကြီးသူတစ်ယောက်နှင့် ရင်တိုင်ရလျှင်တောင် ခြေကိုးလှမ်းမပြည့်မီ ပြိုင်ဘက်က သူ့ကို လိုက်နိုင်မည်မဟုတ်ပေ။

" အကယ်၍ ကြီးမြတ်သူတစ်ယောက်က ဒီလျို့ဝှက်နည်းစနစ်ကို သာမန်အတိုင်း အသုံးပြုခဲ့ရင်တောင် သူက စကြာဝဠာရဲ့ ဘယ်နေရာကိုမဆို သွားနိုင်လိမ့်မယ်။ " လင်းယွမ်က တွေးလိုက်သည်။

ခွန်အားပိုမိုမြင့်မားသည်နှင့် ထိုနည်းစနစ်ကို အသုံးပြုသော ခြေလှမ်းကလည်း ပို၍ ကြီးမားသော အကွာအဝေးကို ရောက်နိုင်လေသည်။ လင်းယွမ်ပင် ခြေတစ်လှမ်းကို အလင်းနှစ်သန်းချီ ရောက်နိုင်လျှင် ကြီးမြတ်သူတစ်ယောက်က ခြေတစ်လှမ်းကို စကြာဝဠာတစ်ဝက်လောက် ရောက်နိုင်လေသည်။

" မင်းက အခု အရှင်မင်းကြီးရဲ့ အမွေအနှစ်အားလုံးကို ရသွားပြီ။ ဒါပေမယ့် မင်းလုပ်စရာတစ်ခုရှိသေးတယ်။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က လင်းယွမ်ကို ကြည့်ပြီး ပြောလိုက်သည်။

" အဲ့ဒါကဘာလဲ။ " လင်းယွမ်က ချက်ချင်း ပြန်မေးလိုက်သည်။

" သစ္စာဆိုရမယ်။ မင်းက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကြိုက်သလို ဖြန့်ဝေနိုင်တယ်။ ဒါပေမယ့် လျို့ဝှက်နည်းစနစ်သုံးခုက အရှင်မင်းကြီးရဲ့ မျိုးနွယ်က နည်းစနစ်တွေပဲ။ အရှင်မင်းကြီးရဲ့ အမွေဆက်ခံသူတွေကလွဲရင် အပြင်လူတွေကို သင်ပေးခွင့်မရှိဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။

လျို့ဝှက်နည်းစနစ်သုံးခုကို အခြားသူများ တတ်မြောက်သွားလျှင် အားနည်းချက်များကို ရှာဖွေနိုင်လေသည်။ ဥပမာ အချိန်လေဟာနယ်ခြေလှမ်းက အားနည်းမရှိဟုထင်ရသော်လည်း ခြေလှမ်းကိုးလှမ်းသာ လှမ်းနိုင်လေသည်။ ခြေလှမ်းကိုးလှမ်းပြီးလျှင် လူတစ်ယောက်က အားနည်းသောအခြေအနေသို့ ကျရောက်သွားပေလိမ့်မည်။

" ရွှမ်ဟွမ်တိုက်ကွက်နဲ့ ရွှမ်ဟွမ်မူလခန္ဓာမှာလည်း အားနည်းချက်တွေ ရှိပေမယ့် အချိန်လေဟာနယ်ခြေလှမ်းလောက် မထင်ရှားဘူး။ ဒါကြောင့် အဲ့ဒါတွေကို အခြားသူတွေ သိလို့မရဘူး။ "

၎င်းက လင်းယွမ်အတွက်သာ မဟုတ်ပေ။ အခြားစကြာဝဠာမှ အမွေဆက်ခံသူများလည်း ထို့အတူပင် ဖြစ်သည်။

" ပြဿနာမရှိဘူး။ " လင်းယွမ်က တုန့်ဆိုင်းခြင်းမရှိဘဲ သဘောတူလိုက်သည်။

၎င်းက လျို့ဝှက်ထားရန်သာ ဖြစ်ပြီး လင်းယွမ်ကလည်း အခြားသူများကို သင်ပေးရန် ရည်ရွယ်ချက်မရှိပေ။ ကိုယ်ပိုင်နည်းစနစ်များကို မျှဝေခြင်းက မိမိ၏ အားနည်းချက်များကို ထုတ်ဖော်ခြင်းနှင့် အတူတူပင် ဖြစ်သည်။

" ကောင်းတယ်။ ငါ့ပြောသလို လိုက်ပြောပါ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။

" ကျုပ် ရွှမ်ဟွမ်၏ တပည့်က ရွှမ်ဟွမ်တံဆိပ်နဲ့ ကျိန်ဆိုပါတယ်။ ရွှမ်ဟွမ်မျိုးနွယ်ရဲ့ လျို့ဝှက်နည်းစနစ်များကို လုံးဝ ထုတ်ဖော်ခြင်း မပြုပါဘူး။ အကယ်၍ ဒီသစ္စာစကားကို ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့ စိတ်ဝိညာဉ် ပျက်စီးပါစေ။ "

" ကျုပ် ရွှမ်ဟွမ်၏ တပည့်က ရွှမ်ဟွမ်တံဆိပ်နဲ့ ကျိန်ဆိုပါတယ်။ ရွှမ်ဟွမ်မျိုးနွယ်ရဲ့ လျို့ဝှက်နည်းစနစ်များကို လုံးဝ ထုတ်ဖော်ခြင်း မပြုပါဘူး။ အကယ်၍ ဒီသစ္စာစကားကို ဖောက်ဖျက်ခဲ့ရင် ကျုပ်ရဲ့ စိတ်ဝိညာဉ် ပျက်စီးပါစေ။ " လင်းယွမ်ကလည်း နောက်မှ လိုက်ဆိုလိုက်သည်။

" ကောင်းပြီ။ မင်းက ရွှမ်ဟွမ်ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်ကို ကျင့်ကြံထားလို့ ရွှမ်ဟွမ်တံဆိပ်ဖြစ်ပေါ်လာတာပဲ။ မင်းက စကြာဝဠာအတွင်းက လူတစ်ယောက်ဖြစ်ပြီး ပြန်လည်ရှင်သန်နိုင်တယ်ဆိုတာ ငါသိတယ်။ ဒါပေမယ့် ဒီသစ္စာစကားက မင်းရဲ့ စိတ်ထဲမှာ အမြစ်တွယ်နေပြီး မင်းသေဆုံးပြီး ပြန်ရှင်လာရင်တောင် မှတ်ဉာဏ်ကျန်နေသရွေ့ ဆက်ပြီး သေဆုံးရလိမ့်မယ်။ "

" စိတ်ချပါ။ " လင်းယွမ်က ခေါင်းညိမ့်လိုက်သည်။

" ဒါပေမယ့် စိတ်မပူပါနဲ့။ မင်းလျို့ဝှက်နည်းစနစ်တွေကို မထုတ်ဖော်သရွေ့ ပြဿနာမရှိဘူး။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောလိုက်သည်။

" အင်း " လင်းယွမ်က နားလည်လေသည်။

" ဒါက လျို့ဝှက်နယ်မြေရဲ့ အလုံခြုံဆုံးနေရာပဲ။ ဒီမှာ လျို့ဝှက်နယ်မြေရဲ့ အမြုတေကို သန့်စင်ပါ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ပြောပြီး ပျောက်ကွယ်သွားသည်။

လင်းယွမ်က ထိုင်၍ အဝါရောင်သလင်းကျောက်ကို ထုတ်ပြီး ကမ္ဘာစွမ်းအားများနှင့် သန့်စင်လိုက်သည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက ဒီလိုပုံစံကိုး။ " လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတစ်ခုလုံးကို ခံစားလိုက်ရသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နယ်မြေသုံးခုပါဝင်ပြီး ကြယ်စကြာဝဠာမှ နဝမအလွှာသက်ရှိများက ပထမနယ်မြေတစ်ခုထဲကိုသာ ဝင်နိုင်လေသည်။ အခြားနယ်မြေနှစ်ခုက လင်းယွမ်နှင့် လက်ခြောက်ဖက်ရှိသော ပုံရိပ်တို့မှလွဲ၍ ဘယ်သူမှမဝင်နိုင်ပေ။

" ဒီရွှမ်ဟွမ်လျို့ဝှက်နယ်မြေက အံ့ဩစရာပဲ။ ဒါကြောင့် ဒါက ကြီးမြတ်သူတွေရဲ့ ရှာဖွေမှုကနေ ရှောင်လွှဲနိုင်တာကိုး။ " လင်းယွမ်က လျို့ဝှက်နယ်မြေ၏ အမြုတေကို သန့်စင်လာသည်နှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအကြောင်း ပို၍ နားလည်လာသည်။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက တိကျသော လေဟာနယ်အလွှာတစ်ခုထဲတွင် ရှိနေခြင်းမဟုတ်ဘဲ အလွှာများကြားမှာ ကွာဟမှုထဲတွင် ရှိနေခြင်းဖြစ်သည်။ ၎င်း၏ တည်နေရာက လေဟာနယ်အလွှာများ ပြောင်းလဲခြင်းနှင့်အတူ ရွေ့လျားနေခြင်းဖြစ်သည်။

All Chapters