ဆင့်ကဲပြောင်းလဲသူများ၏ အစီအစဉ်....
Vol. 33 Ch. 506
နဂါးငွေ့တန်းကြယ်နယ်မြေတွင် လင်းယွမ်က ထိုင်နေသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အမြုတေကို သန့်စင်နေချိန်တွင် မူလခန္ဓာကိုယ်ကလည်း လျို့ဝှက်နည်းစနစ်သုံးခုကို လေ့လာနေသည်။
ဒသမအလွှာသို့ တက်လှမ်းရာတွင် အချိန်နိယာမကို မလိုအပ်သောကြောင့် လင်းယွမ်က ၎င်းကို အလျင်လိုခြင်းမရှိပေ။ သို့သော် လျို့ဝှက်နည်းစနစ်သုံးခုကို အဆင့်တစ်ခုအထိ နားလည်သည်နှင့် လင်းယွမ်အတွက် များစွာ အထောက်အကူဖြစ်လေသည်။
" ရွှမ်ဟွမ်မူလခန္ဓာက ရုပ်ခန္ဓာကို သန့်စင်ရာမှာ ရွှမ်ဟွမ်သလင်းကျောက်တွေ လိုအပ်တယ်။ " လင်းယွမ်က ရေရွတ်လိုက်သည်။ ယခု သူတွင် တောင်ငယ်လေးပမာ များပြားသော ရွှမ်ဟွမ်သလင်းကျောက်များ ရှိနေလေသည်။
" ငါ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ထိန်းချုပ်နိုင်တာနဲ့ ထိုက်ယန်မူလစိတ်ဝိညာဉ်ကို ရွှမ်ဟွမ်သလင်းကျောက်အချို့ကို ပို့ခိုင်းရမယ်။ "
ရွှမ်ဟွမ်သလင်းကျောက်များကို ရောင်းချခြင်းမရှိဘဲ သူတစ်ယောက်တည်းအသုံးပြုလျှင် အခြားသူများ သိနိုင်မည်မဟုတ်ပေ။
အချိန်များကုန်လွန်လာပြီး နှစ်နှစ်ကြာသွားခဲ့သည်။
VR ကမ္ဘာ၏ ကိုယ်ပိုင်နေရာတစ်ခုတွင် လင်းယွမ်နှင့် ရှီလန်တို့ ထိုင်နေကြပြီး သူတို့က ရှားပါးသော အစားအသောက်များကို အရသာခံနေကြသည်။
" ဒီနဂါးအသားကင်က VR ကမ္ဘာမှာတောင် တော်တော်စျေးကြီးတယ်နော်။ " ရှီလန်က သူ၏ ရှေ့မှ နဂါးအသားကင်ကို ကြည့်ပြီး ပြောလိုက်သည်။
နဂါးများက စကြာဝဠာထဲမှ အထူးသက်ရှိများဖြစ်ပြီး ပဉ္စမအလွှာတွင် အရွယ်ရောက်ကြလေသည်။ နဂါးအသားကင်က သေချာပြင်ဆင်ထားပြီး လူသားမျိုးနွယ်တွင် နာမည်ကြီးလေသည်။ VR ကမ္ဘာတွင် ပြင်ပလောက် စျေးမကြီးသော်လည်း စကြာဝဠာသလင်းကျောက်အချို့တော့ ကုန်ကျဆဲ ဖြစ်သည်။
လင်းယွမ်က နဂါးအသားကင်ကို တစ်ကိုက်ကိုက်ပြီး ပြုံးလိုက်သည်။ အမှန်တော့ ထိုနဂါးအသားကင်က သူဝယ်ယူခဲ့ခြင်းမဟုတ်ဘဲ VR ကမ္ဘာမှ လက်ဆောင်ပေးခြင်းဖြစ်သည်။
အဆင့်ရှစ်နိုင်ငံသားတစ်ယောက်က အကျိုးအမြတ် များစွာ ရှိလေသည်။ VR ကမ္ဘာမှ နဂါးအသားကင်မပြောနှင့် ပြင်ပကမ္ဘာသို့ပင် ပေးပို့နိုင်လေသည်။
" နဂါးငွေ့တန်းကြယ်သခင် မင်းကတော့ နဝမအလွှာတွေကြားမှာ နာမည်ကြီးနေပြီ။ အထူးနဝမအလွှာတွေတောင် မင်းကို မြင်တာနဲ့ ကြောက်လန့်သွားကြတယ်။ ပြီးတော့ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာရှိတဲ့ နဝမအလွှာ မျိုးနွယ်ခြားတွေက သူတို့ မျက်နှာတောင် မပြရဲကြတော့ဘူး။ " ရှီလန်က ပြုံး၍ ပြောလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ ဖွင့်ချိန်တွင် လူသားမျိုးနွယ်၏ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ထိခိုက်မှုမရှိသော်လည်း အကျိုးအမြတ်များစွာလည်း ရရှိခြင်းမရှိပေ။
လူသားမျိုးနွယ်က ထိုကာလအတွင်း အင်အားကြီးသော နဝမအလွှာတစ်ယောက် ထွက်ပေါ်လာလျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၌ အခြားနဝမအလွှာများ၏ ပူးပေါင်းတိုက်ခိုက်ခြင်းကို ခံရနိုင်လေသည်။ သို့သော် လင်းယွမ်ကို အထူးနဝမအလွှာများပင် ပူးပေါင်းတိုက်ခိုက်ရဲမည်မဟုတ်ပေ။
" ဟုတ်သားပဲ ငါမင်းကို ပြောစရာတစ်ခုရှိသေးတယ်။ " ရှီလန်က တစ်စုံတစ်ခုကို သတိရသွားပြီး ပြောလိုက်သည်။ " ငါတို့ လူသားမျိုးနွယ်က သော်ခဲနဲ့ အထူးနဝမအလွှာ အချို့က မင်းကို တစ်ခု မေးခိုင်းလိုက်တယ်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှာ မင်းတို့ စုပေါင်းပြီး မျိုးနွယ်ခြားတွေကို မောင်းထုတ်ချင်လားတဲ့။ "
ရှီလန်က ခံစားချက်များနှင့် ပြောလိုက်သည်။ ယခင်ကဆိုလျှင် သူ့လို သာမန်နသမအလွှာတစ်ယောက်ကို အထူးနဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ဂရုစိုက်မည်မဟုတ်ပေ။ လူသားမျိုးနွယ်၏ ယနေ့ခေတ်တွင် အသန်မာဆုံး နဝမအလွှာဖြစ်သော သော်ခဲဆိုလျှင် ပြောစရာပင်မလိုပေ။
သို့သော် သူနှင့် နဂါးငွေ့တန်းကြယ်သခင်၏ ခင်မင်မှုကြောင့် သူတို့ကိုယ်တိုင် ဆက်သွယ်ခဲ့ပြီး ဖော်ရွေစွာ စကားပြောခဲ့လေသည်။
" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မျိုးနွယ်ခြားတွေကို မောင်းထုတ်ဖို့လား။ " လင်းယွမ်က စဉ်းစားပြီး ခေါင်းညိမ့်လိုက်သည်။ " ပြဿနာမရှိဘူး။ "
လူသားမျိုးနွယ်ဝင်တစ်ယောက်အနေဖြင့် လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ရပေလိမ့်မည်။
" ဒါပေမယ့် လာမယ့်နှစ်အနည်းငယ်အတွင်းတော့ မဖြစ်လောက်သေးဘူး။ "
သူ၏ ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အမြုတေအား သန့်စင်ခြင်းကို အာရုံစိုက်နေခဲ့ပြီး အခြားကိစ္စများကို အချိန်မပေးနိုင်သေးပေ။
" ပြဿနာမရှိဘူး။ သော်ခဲနဲ့ အခြားသူတွေက နောက်ထပ်နှစ်နှစ်ဆယ်ထိ ကိစ္စမရှိဘူးလို့ ပြောခဲ့တယ်။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက နောက်ထပ်နှစ်လေးဆယ်အတွင်း ပိတ်မည်ဖြစ်သည်။ ထို့ကြောင့် နှစ်နှစ်ဆယ်အတွင်း မျိုးနွယ်ခြားများကို ရှင်းလင်းခြင်းက အချိန်လုံလောက်ပေသည်။ လူသားမျိုးနွယ်၏ နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက မျိုးနွယ်ခြားများကို ရှာဖွေရန် ခက်ခဲသော အလုပ်မဟုတ်ပေ။
ယခင် ထိုကဲ့သို့ မလုပ်ခဲ့ခြင်းမှာ နဝမအလွှာ မျိုးနွယ်ခြားများက အလွယ်တကူ စုစည်းသွားနိုင်သောကြောင့် ဖြစ်သည်။ သို့သော် ယခု နဂါးငွေ့တန်းကြယ်သခင် ပါဝင်လာပြီဖြစ်သောကြောင့် နဝမအလွှာ မျိုးနွယ်ခြားများ ပို၍ စုစည်းလေ သူတို့အတွက် ပိုကောင်းလေဖြစ်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လင်းယွမ်က ထိုင်နေပြီး လျို့ဝှက်နယ်မြေ၏ အမြုတေက သူ၏ ရှေ့တွင် မျောလွင့်နေသည်။ လင်းယွမ်က သန့်စင်နေရင်း သူ့ကိုသူ ခံစားလိုက်သည်။
သူက လျို့ဝှက်နယ်မြေ၏ အမြုတေကို အားလုံး မသန့်စင်ရသေးသော်လည်း လျို့ဝှက်နယ်မြေအတွင်းမှ အခွင့်အလမ်းများစွာကို ပိုင်ဆိုင်ထားပြီဖြစ်သည်။ အချို့အခွင့်အလမ်းနေရာများသို့ ချက်ချင်း နေရာရွှေ့ပြောင်းနိုင်လေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း နေရာရွှေ့ပြောင်းခြင်းနည်းလမ်းများအားလုံးကို ဖိနှိပ်ထားလေသည်။ လေဟာနယ်အလွှာ နှစ်ဘီလီယံကျော်ဖွင့်လှစ်ထားသော လင်းယွမ်ပင် ပျံသန်းရုံနှင့်သာ ခရီးသွားနိုင်လေသည်။
၎င်းက လင်းယွမ်၏ နားလည်မှုအားနည်းနေသောကြောင့်မဟုတ်ဘဲ စည်းမျဉ်းများက ထိုကဲ့သို့ သတ်မှတ်ထားသောကြောင့် ဖြစ်သည်။ ပင်မစကြာဝဠာတွင် အမြင့်ဆုံးပျံသန်းနိုင်သော အရှိန်မှာ အလင်း၏အရှိန်ကိုသာ ရောက်နိုင်လေသည်။ ပိုမြန်သော အရှိန်နှင့်ဆိုလျှင် အချိန်လေဟာနယ်ဥမင်များကို ဖွင့်ရန် လိုအပ်လေသည်။
ယခုအချိန်တွင် လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အရှင်သခင်ဖြစ်လာသောကြောင့် စည်းမျဉ်များ၏ ကန့်သတ်ချက်များမရှိတော့ပေ။
VR ကမ္ဘာတွင် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများ စုဝေးနေကြသည်။ ထိုနဝမအလွှာများက စွမ်းအားကြီးသော အော်ရာများကို ပိုင်ဆိုင်ထားကြပြီး လူတိုင်းက လေဟာနယ်အလွှာ သန်းချီကို အနည်းဆုံး ဖွင့်လှစ်ထားကြပြီဖြစ်သည်။
" နဂါးငွေ့တန်းကြယ်သခင်က ငါတို့အစီအစဉ်ကို သဘောတူလောက်မယ်ထင်လား။ " အထူးနဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က မေးလိုက်သည်။
နဂါးငွေ့တန်းကြယ်သခင်က သူတို့ကဲ့သို့ နဝမအလွှာ ဖြစ်နေလျှင်တောင် နဝမအလွှာ ဆင့်ကဲပြောင်းလဲသူ အများစုက လင်းယွမ်ကို ဒသမအလွှာတစ်ယောက်အဖြစ် သတ်မှတ်ထားပြီဖြစ်သည်။ အထူးနဝမအလွှာကို အလွယ်တကူ ဖယ်ရှားပစ်ရန် ဒသမအလွှာများသာ လုပ်နိုင်လေသည်။
" မသေချာဘူး။ " သော်ခဲက ခေါင်းခါလိုက်သည်။
သူက နဝမအလွှာ မျိုးနွယ်ခြားများကို မောင်းထုတ်မည့်အကြောင့် ရှီလန်ကို လင်းယွမ်အား မေးခိုင်းခြင်းက သူ၏ အစီအစဉ်သာ ဖြစ်ပြီး လူသားမျိုးနွယ်၏ အစီအစဉ်မဟုတ်ပေ။ လင်းယွမ်က သဘောတူနိုင်သလို ငြင်းပယ်နိုင်လေသည်။
ထိုအချိန်တွင် ရှီလန်၏ ပုံရိပ် ပေါ်လာသည်။
" ညီအကိုရှီလန် ဘယ်လိုဖြစ်သွားလဲ။ "
" နဂါးငွေ့တန်းကြယ်သခင်က ဘာပြောလိုက်လဲ။ "
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ရှီလန်ကို ကြည့်ပြီး မေးလိုက်သည်။
" အဲ့ဒါက..." ရှီလန်က ထိုမျှအင်အားကြီးသူများကို ရင်မဆိုင်ဖူးသောကြောင့် ဖိအားအနည်းငယ်ကို ခံစားလိုက်ရသည်။ " နဂါးငွေ့တန်းကြယ်သခင်က သဘောတူခဲ့တယ်။ ဒါပေမယ့် နှစ်အနည်းငယ်တော့ စောင့်ရလိမ့်မယ်။ "
" သဘောတူလိုက်တာလား။ "
" နဂါးငွေ့တန်းကြယ်သခင်က သဘောတူခဲ့တာလား။ "
" နှစ်အနည်းငယ်က ပြဿနာမရှိပါဘူး။ "
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက သက်ပြင်းချလိုက်ကြသည်။ နဂါးငွေ့တန်းကြယ်သခင်၏ အသက်က သူတို့ငယ်လျှင်တောင် ဤကမ္ဘာတွင် ခွန်အားက အဓိကဖြစ်သည်။ နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားက ဆင့်ကဲပြောင်းလဲသူများ၏ လေးစားမှုကို ရရှိနိုင်လေသည်။
" ပြီးတော့ နဂါးငွေ့တန်းကြယ်သခင်က အကျိုးအမြတ်ရဲ့ ကိုးဆယ်ရာခိုင်နှုန်းကို လိုချင်တယ်လို့ ပြောခဲ့တယ်။ " ရှီလန်က ထပ်ပြောလိုက်သည်။
" ကိုးဆယ်ရာခိုင်နှုန်းလား။ "
" ကောင်းပြီ။ "
" ပြဿနာမရှိဘူး။ ကိုးဆယ်ရာခိုင်နှုန်းမပြောနဲ့ ကိုးဆယ့်ငါးရာခိုင်နှုန်းဆိုရင်တောင် အဆင်ပြေတယ်။ "
နဝမအလွှာ ဆင့်ကဲပြောင်းလဲသူများက ကန့်ကွက်ခြင်းမရှိပေ။ ထိုအစီအစဉ်က နဂါးငွေ့တန်းကြယ်သခင်မပါဘဲ ပြီးမြောက်နိုင်မည်မဟုတ်ပေ။ လျို့ဝှက်နယ်မြေမှ နဝမအလွှာ မျိုးနွယ်ခြားများကို ရှင်းလင်းရန် သူတို့သာဆိုလျှင် မဖြစ်နိုင်ပေ။ နဝမအလွှာမျိုးနွယ်ခြားများကို ဖယ်ရှားခြင်းက သူတို့၏ ဂုဏ်သတင်းအတွက်သာဖြစ်ပြီး အကျိုးအမြတ်များက ဒုတိယသာဖြစ်သည်။