ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ထိန်းချုပ်ခြင်း....
Vol. 33 Ch. 507
နဂါးငွေ့တန်းပင်မကြယ်။
လင်းယွမ်က သူ၏ မျက်လုံးများကို ဖွင့်လိုက်သည်။
" ရွှမ်ဟွမ်တိုက်ကွက်ရဲ့ ပထမအဆင့်..." လင်းယွမ်က သူ၏ ညာလက်ကို မြှောက်လိုက်သောအခါ အလင်းတစ်ခု လင်းလက်သွားသည်။ သာမန်တိုက်ခိုက်မှုတစ်ခုက သူ၏ ခွန်အားနှစ်ဆနှင့်အတူ ထွက်ပေါ်လာသည်။
" ဒါက တော်တော် အစွမ်းထက်တယ်။ "
လင်းယွမ်က ရွှမ်ဟွမ်တိုက်ကွက်ကို အဆက်မပြတ် လေ့လာခဲ့သည်။ တူညီသော တိုက်ခိုက်မှုတစ်ခုကို ရွှမ်ဟွမ်တိုက်ကွက်နှင့် တွဲသုံးသောအခါ မူလစွမ်းအားထက် ကျော်လွန်သော စွမ်းအားကို ထုတ်လွှတ်ပေးနိုင်လေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် လျို့ဝှက်နယ်မြေ၏ အမြုတေကို သန့်စင်နေသော ထိုက်ယန်မူလစိတ်ဝိညာဉ်က မျက်လုံးများဖွင့်လိုက်သည်။
" ရွှမ်ဟွမ်တိုက်ကွက်..." ကြောက်စရာကောင်းသော အော်ရာတစ်ခုက လင်းယွမ်၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
" ဟမ် ရွှမ်ဟွမ်တိုက်ကွက်က လျို့ဝှက်နယ်မြေရဲ့ အမြုတေ သန့်စင်တာကို တိုးမြှင့်ပေးနိုင်တာလား။ " လင်းယွမ်၏ မျက်လုံးများက တောက်ပသွားသည်။
သိပ်မဝေးသော နေရာတွင် လက်ခြောက်ဖက်နှင့် ပုံရိပ်ကလည်း လင်းယွမ်ကို စောင့်ကြည့်နေခဲ့သည်။ လင်းယွမ်၏ ခန္ဓာကိုယ်မှ အဝါရောင်အလင်းတစ်ခု လင်းလက်သွားချိန်တွင် သူက အံ့ဩသွားခဲ့သည်။
" ဒီကောင်လေးက ရွှမ်ဟွမ်တိုက်ကွက်ရဲ့ ပထမအဆင့်ကို နားလည်သွားပြီလား။ အချိန်က ဘယ်လောက် ကြာသေးလို့လဲ။ ငါတို့ ရွှမ်ဟွမ်မျိုးနွယ်ရဲ့ လျို့ဝှက်နည်းစနစ်က ဘယ်လိုလုပ်ဒီလောက်လွယ်ကူသွားတာလဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က မယုံကြည်နိုင်ဖြစ်သွားသည်။
ရွှမ်ဟွမ်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်သုံးခုက တိုက်ခိုက်ခြင်း၊ ကာကွယ်ခြင်းနှင့် လွတ်မြောက်ခြင်းတို့ဖြစ်သည်။ လူတစ်ယောက်က ၎င်းတို့ကို နားလည်ရန် အခြေခံလိုအပ်လေသည်။ ၎င်းတို့ကို နားလည်ခြင်းက လူတစ်ယောက် စိတ်ကူးနိုင်သည်ထက် ပိုမိုခက်ခဲလေသည်။
အကယ်၍ လင်းယွမ်က အလွှာဆယ့်တစ်သို့ ရောက်နေပြီး အချိန်နိယာမနှင့် လေဟာနယ်နိယာမတို့ကို အပြည့်အဝ နားလည်ထားလျှင် လျို့ဝှက်နည်းစနစ်များကို နားလည်ခြင်းကလည်း လက်ခံနိုင်လေသည်။ သို့သော် လင်းယွမ်က နဝမအလွှာနှင့် ရွှမ်ဟွမ်တိုက်ကွက်၏ ပထမအဆင့်ကို နားလည်သွားခဲ့သည်။
" ဒီကောင်လေးက အသက်လေးထောင်နဲ့ လေဟာနယ်အလွှာ အများကြီးကို ဖွင့်လှစ်ထားတဲ့အပြင် အခုလည်း...." လက်ခြောက်ဖက်နှင့် ပုံရိပ်က တိတ်ဆိတ်သွားသည်။
လင်းယွမ်၏ လက်ရှိ ကျင့်ကြံမှုအရှိန်အရ နှစ်ငါးထောင်အတွင်း ရွှမ်ဟွမ်တိုက်ကွက်၏ တတိယအဆင့်ထိ ကျင့်ကြံနိုင်ပေလိမ့်မည်။ ထိုအချိန်တွင် လင်းယွမ်၏ သာမန်တိုက်ခိုက်မှုတစ်ခုက သူ၏ ခွန်အားထက် လေးဆပို၍ သန်မာပေလိမ့်မည်။
" အရှင်မင်းကြီး ရှိတုန်းကတောင် ရွှမ်ဟွမ်တိုက်ကွက်ကို တတိယအဆင့်ထိ ကျင့်ကြံနိုင်တဲ့ အမြန်ဆုံးအချိန်က ၇၃၉၄နှစ်ပဲ။ ပြီးတော့ အဲ့ဒါက အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ပဲ။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က တွေးလိုက်သည်။
နဝမအလွှာတစ်ယောက်နှင့် အလွှာဆယ့်တစ်ကြားတွင် ကြီးမားသော ကွာဟချက်ရှိလေသည်။ အလွှာဆယ့်တစ်တစ်ယောက်က တစ်ချက်ကြည့်ရုံနှင့် နားလည်သောအရာကို နဝမအလွှာမအလွှာတစ်ယောက်က နားလည်ရန် နှစ်တစ်သောင်းအချိန်ယူရပေလိမ့်မည်။
လက်ခြောက်ဖက်နှင့် ပုံရိပ်က အသက်ပြင်းရှူပြီး ရုတ်တရက် ရယ်လိုက်သည်။ " ငါဘာတွေစိုးရိမ်နေတာလဲ။ အရှင်မင်းကြီးရဲ့ အမွေဆက်ခံသူက ဒီလိုအရည်အချင်းမျိုး ရှိရမှာပေါ့။ မဟုတ်ရင် အရှင်မင်းကြီးရဲ့ ခြေလှမ်းကို ဘယ်လိုလုပ် လိုက်မီနိုင်မှာလဲ။ "
ထိုအချိန်တွင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ရှိ အဆုံးမရှိသော လေဟာနယ်အလွှာများက ရုတ်တရက် လှုပ်ရှားလာသည်။
" အဲ့ဒီအလွှာဆယ့်နှစ် သက်ရှိတွေက လျို့ဝှက်နယ်မြေရဲ့ တည်နေရာကို နောက်တစ်ကြိမ် ရှာဖွေဖို့ ကြိုးစားနေကြတာလား။ " လက်ခြောက်ဖက်နှင့် ပုံရိပ်က ကြည့်ပြီး နှာခေါင်းရှုံ့လိုက်သည်။
" အရှင်မင်းကြီး ပျောက်ကွယ်သွားတာ စကြာဝဠာခေတ်တွေ အများကြီး ကြာနေရင်တောင် မင်းတို့ အလွှာဆယ့်နှစ်တွေက စကြာဝဠာဖျက်စီးမှုကို မကြုံတွေ့ဖူးဘူး။ အရှင်မင်းကြီးရဲ့ နည်းလမ်းတွေကို ဖြတ်ကျော်ဖို့ ကြိုးစားတာက မင်းတို့အတွက် အခြေအမြစ်မရှိတဲ့ စိတ်ကူးတစ်ခုပဲ။ "
လေဟာနယ်အလွှာများ၏ နက်ရှိုင်းသော နေရာတစ်ခုတွင် ကြီးမားသော သက်ရှိအချို့က ရပ်နေကြသည်။ သူတို့က ထိုနေရာတွင် ရပ်နေရုံဖြင့် လေဟာနယ်အလွှာများစွာက သူတို့၏ နယ်ပယ်တစ်ခုကဲ့သို့ ဖြစ်နေလေသည်။
" ဒီရွှမ်ဟွမ်လျို့ဝှက်နယ်မြေက တကယ် ဘယ်နေရာမှာ ရှိနေတာလဲ။ ငါ အရင်ပိုင်ရှင်ဖြစ်တဲ့ ဧကရာဇ်အကြောင်းကို ပိုတောင်သိချင်လာပြီ။ " ကျောတွင် တောင်ပံ ၂၄စုံရှိသော သက်ရှိတစ်ယောက်က သိချင်စိတ်နှင့် ပြောလိုက်သည်။
" အခု ငါတို့ ဘာလုပ်ကြမလဲ။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေရဲ့ တည်နေရာကို မရှာဖွေနိုင်ဘူးလား။ " ကြီးမားသော သက်ရှိတစ်ယောက်က ပြောလိုက်သည်။ သူ၏ အသံနှင့်ပင် အချိန်နှင့် လေဟာနယ်ကို လှုပ်ရှားသွားစေသည်။
" ငါတို့ ဘာလုပ်နိုင်မှာလဲ။ လာရာလမ်းအတိုင်း ပြန်ကြရုံပေါ့။ " မြင့်မားသော ပုံရိပ်တစ်ခုက တစ်ဖက်သို့ လှည့်ပြီး ပျောက်ကွယ်သွားသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေဖွင့်သည့်အချိန်တိုင်း ကြီးမြတ်သူများက ၎င်း၏ တည်နေရာကို ရှာဖွေရန် ကြိုးစားခဲ့ကြသည်။ သို့သော် ခြွင့်ချက်မရှိ အားလုံးက ကျရှုံးခဲ့ကြသည်။ ကြီးမြတ်သူများ၏ အဆင့်နှင့် ရတနာများ၊ လက်နက်များနှင့် လျို့ဝှက်နည်းစနစ်များက သူတို့အတွက် အနည်းငယ်သာ အသုံးဝင်လေသည်။
သို့သော် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေက မတူပေ။ ကျန်တာမပြောနှင့် ၎င်း၏ တည်နေရာကို မရှာဖွေနိုင်ခြင်းကပင် ကြီးမြတ်သူများ၏ အာရုံကို ဆွဲဆောင်နိုင်လေသည်။ ထို့အပြင် သူတို့တွင် တူညီသော အတွေးတစ်ခု ရှိလေသည်။ လျို့ဝှက်နယ်မြေအတွင်း ကြီးမားသော လျို့ဝှက်ချက်တစ်ခု သို့မဟုတ် တန်ဖိုးကြီးမားသော ရတနာတစ်ခု ရှိပေလိမ့်မည်။ မဟုတ်လျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေကို ယခုလောက်ထိ ကြိုးစားပြီး ဖုံးကွယ်ထားမည်မဟုတ်ပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း လင်းယွမ်က ရွှမ်ဟွမ်တိုက်ကွက်ကို ထုတ်ဖော်ခဲ့ပြီး လျို့ဝှက်နယ်မြေ၏ အမြုတေကို သန့်စင်ရာတွင် အရှိန်မြင့်သွားသည်ကို တွေ့လိုက်ရသောကြောင့် ကျေနပ်သွားခဲ့သည်။
ရွှမ်ဟွမ်မျိုးနွယ်၏ လျို့ဝှက်နည်းစနစ်သုံးမျိုးမှ တိုက်ခိုက်ခြင်းလျို့ဝှက်နည်းစနစ်က မည်သည့်နေရာတွင်မဆို အသုံးပြုနိုင်လေသည်။
" ဒါက ထိန်းချုပ်မှုရဲ့ ခံစားချက်လား။ " လင်းယွမ်က လျို့ဝှက်နယ်မြေ၏ အမြုတေကို သန့်စင်လာသည်နှင့်အမျှ လျို့ဝှက်နယ်မြေအပေါ် သူ၏ ထိန်းချုပ်နိုင်စွမ်းကလည်း မြင့်တက်လာသည်။
ယခု လင်းယွမ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ နေရာများ၏ အသေးစိတ်ကို ရှင်းရှင်းလင်းလင်း ခံစားနေရပြီဖြစ်သည်။ အချို့ထောင့်နေရာများတွင် ပုန်းအောင်းနေကြသော နသမအလွှာ မျိုးနွယ်ခြားများကိုပင် ခံစားမိလေသည်။ သူက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ နယ်မြေသုံးခုမှ အပြင်လူများဝင်ရောက်နိုင်သော နယ်မြေတစ်ခုသာမက အခြားနယ်မြေနှစ်ခုကိုလည်း တဖြည်းဖြည်း ထိန်းချုပ်နိုင်လာသည်။
" အဲ့ဒီ နဝမအလွှာ မျိုးနွယ်ခြားတွေကို ငါသတ်ချင်ရင် ဘယ်ချိန်မဆို သတ်နိုင်တယ်။ "
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း အပြင်လူ ဘယ်သူမဆို ဖိနှိပ်ခံရမည်ဖြစ်သည်။ နေရာမရွှေ့ပြောင်းနိုင်ခြင်းက ရှုထောင့်တစ်ခုသာဖြစ်ပြီး အခြားအရာများကိုလည်း ပြုလုပ်နိုင်လေသည်။
" ထားလိုက်တော့။ ပုံမှန်အတိုင်းသွားတာပဲ ပိုကောင်းတယ်။ " လင်းယွမ်က သူ၏ အတွေးကို စွန့်လွှတ်လိုက်သည်။
လက်ခြောက်ဖက်နှင့် ပုံရိပ်၏ ပြောစကားအရ လျို့ဝှက်နယ်မြေဖွင့်သည့်အချိန်တိုင်း ကြီးမြတ်သူများက ၎င်း၏ တည်နေရာကို ရှာဖွေကြမည်ဖြစ်သည်။ ထိုအခြေအနေမျိုးတွင် လျို့ဝှက်စွာ နေထိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ အနာဂတ်တွင် လင်းယွမ်က ကြီးမြတ်သူတစ်ယောက်ဖြစ်လာလျှင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပိုင်ရှင်ဖြစ်သည်ကို ပွင့်ပွင့်လင်းလင်း ပြောလည်း ကိစ္စမရှိပေ။
" လက်ရှိသန့်စင်တဲ့အရှိန်နဲ့ဆို နောက်ထပ်ငါးနှစ်လောက်ကြာရင် ငါ ဒါကို အပြည့်အဝ သန့်စင်နိုင်လိမ့်မယ်။ " လင်းယွမ်က သူ၏ ရှေ့မှ အဝါရောင်သလင်းကျောက်ကို ကြည့်ပြီး တွေးလိုက်သည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အမွေဆက်ခံသူ ဖြစ်လာသည်နှင့် လင်းယွမ်က လျို့ဝှက်နယ်မြေကို မည်သည့်အချိန်မဆို ဝင်ထွက်နိုင်လေသည်။ လျို့ဝှက်နယ်မြေကို ဝင်ရန်အတွက် ဖွင့်သည့်အချိန်ကို စောင့်ဆိုင်းနေရန် မလိုအပ်ပေ။ လင်းယွမ်က ရွှမ်ဟွမ်တံဆိပ်ကို အသုံးပြုသည်နှင့် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ဝင်နိုင်မည်ဖြစ်သည်။
" ငါ အဲ့ဒီနဝမအလွှာ မျိုးနွယ်ခြားတွေကို တိုက်ခိုက်တာကို ဦးဆောင်လို့မရဘူး။ ဒါပေမယ့် မကြာခင် လျို့ဝှက်နယ်မြေအတွင်းက လူသားဆင့်ကဲပြောင်းလဲသူတွေက မျိုးနွယ်ခြားတွေကို ရှင်းလင်းဖို့ စတင်လိမ့်မယ်။ ပြီးမှ ငါ လှုပ်ရှားလည်း ပြဿနာမရှိပါဘူး။ "
လင်းယွမ်က လူသားမျိုးနွယ်နှင့် ဖုံးကွယ်ထားသရွေ့ သူ့ကို ဘယ်သူမှသတိထားမိမည်မဟုတ်ပေ။ သာမန်နားလည်မှုထက် ကျော်လွန်သော တိုက်ခိုက်မှုများကို ထုတ်ဖော်ခြင်းနှင့် ပက်သက်၍ ပြဿနာမရှိပေ။
လင်းယွမ်၏ လက်ရှိအရည်အချင်းနှင့် လူသားမျိုးနွယ်၏ ပါရမီရှင်ဟူသော ဂုဏ်ပုဒ်ကို ကြည့်ခြင်းဖြင့် ၎င်းတို့က မျိုးနွယ်ခြားများကို များစွာဆွဲဆောင်နိုင်မည်မဟုတ်ပေ။
နဂါးငွေ့တန်းပင်မကြယ်တွင် လင်းယွမ်က ရွှမ်ဟွမ်တိုက်ကွက်အား လေ့လာခြင်းကို အာရုံစိုက်နေခဲ့သည်။ လျို့ဝှက်နည်းစနစ်သုံးခုထဲမှ ရွှမ်ဟွမ်မူလခန္ဓာက ရွှမ်ဟွမ်သလင်းကျောက်များကို လိုအပ်ပြီး ယခုအချိန်တွင် ကျင့်ကြံနိုင်ခြင်းမရှိသေးပေ။
အချိန်လေဟာနယ်ခြေလှမ်းကိုလည်း လင်းယွမ်က အလျင်လိုခြင်းမရှိပေ။ လက်ရှိတွင် သူက လူသားမျိုးနွယ်မှ ကြီးမြတ်သူများ၏ အာရုံစိုက်မှုအောက်တွင် ရှိသော နဂါးငွေ့တန်းပင်မကြယ်တွင် ဖြစ်သောကြောင့် လုံခြုံမှုရှိလေသည်။
ထိုက်ယင်မူလစိတ်ဝိညာဉ်က စစ်မြေပြင် B0001 တွင်ဖြစ်ပြီး ကမ္ဘာဖျက်ဆီးခြင်းမူလစွမ်းအား၏ စုဆောင်းမှုအရှိန်ကို မြှင့်တင်ရန် ထာဝရလေဟာနယ်အက်ကြောင်းဘေးတွင် တပ်စွဲထားလေသည်။
ထိုက်ယန်မူလစိတ်ဝိညာဉ်က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ ပိုင်ရှင်ဖြစ်လာပြီး ကြီးမြတ်သူများပင် ဘာမှလုပ်နိုင်ဦးမည်မဟုတ်ပေ။
" ရွှမ်ဟွမ်မျိုးနွယ်ရဲ့ နည်းစနစ်သုံးမျိုးက တကယ်နက်နဲတာပဲ။ ငါ့ရဲ့ လက်ရှိနားလည်နိုင်စွမ်းနဲ့တောင် ပြည့်စုံတဲ့အဆင့်ကို ရောက်ဖို့ ဆယ်စုနှစ်အချို့ ကြာလိမ့်မယ်။ " လင်းယွမ်က အံ့ဩစွာ ရေရွတ်လိုက်သည်။
အလွှာဆယ့်တစ်သက်ရှိတစ်ယောက်ပင် ၎င်းကို တတိယအဆင့်ထိ နားလည်ရန် နှစ်ခုနှစ်ထောင်အချိန်ယူခဲ့ရသည်ကို သူမသိပေ။ အဆင့်လေးဆင့်လုံး ပြီးမြောက်ရန် နှစ်တစ်သောင်းကျော် လိုအပ်ပေလိမ့်မည်။