နဂါးငွေ့တန်းကြယ်သခင် ရောက်လာပြီ....
Vol. 33 Ch. 509
နဝမအလွှာ မျိုးနွယ်ခြားများက အနည်းငယ် စိတ်သက်သာရာရသွားကြသည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း လူသားမျိုးနွယ်၏ အမဲလိုက်ခြင်းခံနေရသော နဝမအလွှာ မျိုးနွယ်ခြားများက ရာချီထောင်ချီ ရှိလေသည်။
လူသားမျိုးနွယ်နှင့် ရန်ငြိုးရှိသော အထွတ်အထိပ်မျိုးနွယ်များမှ နဝမအလွှာများအပြင် အခြားသူများလည်း ပါဝင်လေသည်။ နဝမအလွှာ အင်အားကြီးသူ ထောင်ချီက ဒသမအလွှာနှင့် ရင်ဆိုင်ရလျှင်တောင် အသက်ရှင်နိုင်ရန် မျှော်လင့်ချက်ရှိလေသည်။ နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ရန် ပြောစရာပင်မလိုပေ။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း နေရာရွှေ့ပြောင်းခြင်းနည်းလမ်းများကို တားမြစ်ထားလေသည်။ ယခု လေဟာနယ်အလွှာ တစ်သန်းအောက်သာ ဖန်တီးနိုင်သော ရှီလန်က လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖန်တီးထားသော ဟွမ်ယိ၏ လက်မှ သုံးနှစ်နီးပါး လွတ်မြောက်နေခဲ့လေသည်။
ရှီလန်၏ ဆင့်ကဲပြောင်းလဲခြင်းလမ်းစဉ်က ထူးခြားပြီး လွတ်မြောက်ခြင်းတွင် ကျွမ်းကျင်လျှင်တောင် ဤနေရာရှိ နဝမအလွှာများကလည်း အရည်အချင်း ရှိသူများ ဖြစ်ကြလေသည်။
" အားလုံး နဂါးငွေ့တန်းကြယ်သခင်က တကယ်အနိုင်မယူနိုင်ပေမယ့် ငါတို့အားလုံးကို သူက သတ်နိုင်တယ်လို့ မဆိုလိုဘူး။ " အင်းဆက်မျိုးနွယ်မှ နဝမအလွှာတစ်ယောက်က ပြောလိုက်သည်။ " ငါတို့မျိုးနွယ်က နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ဖို့အတွက် သစ်ပင်ကမ္ဘာရဲ့ သားတော်ကို ရွှမ်ဟွမ်လျို့ဝှက်နယ်မြေထဲ ဖိတ်ခေါ်ခဲ့တယ်။ "
" ငါတို့မျိုးနွယ်ကလည်း နဂါးငွေ့တန်းကြယ်သခင်ကို ရင်ဆိုင်ဖို့အတွက် နဂါးဘုရင်ကို ဖိတ်ခေါ်ခဲ့တယ်။ "
" ငါတို့မျိုးနွယ်ကလည်း...."
အထွတ်အထိပ်မျိုးနွယ်များမှ နဝမအလွှာများက တစ်ယောက်ပြီးတစ်ယောက် ပြောလိုက်ကြသည်။ သူတို့၏ စကားများက နဝမအလွှာများကို စိတ်လှုပ်ရှားသွားစေခဲ့သည်။
သစ်ပင်ကမ္ဘာ၏ သားတော်က လျို့ဝှက်ဆန်းကြယ်သော စကြာဝဠာလျို့ဝှက်နယ်မြေ သစ်ပင်ကမ္ဘာမှလာခြင်းဖြစ်သည်။ ထိုသစ်ပင်ကမ္ဘာကို သစ်ပင်ကမ္ဘာ၏ မိခင်က ထိန်းချုပ်ထားလေသည်။
သစ်ပင်ကမ္ဘာ၏ မိခင်က ရှားပါးသော အထူးသက်ရှိတစ်မျိုးဖြစ်ပြီး အလွှာဆယ့်တစ် အထွတ်အထိပ်တွင် ရှိလေသည်။ သူမတွင် သစ်ပင်ကမ္ဘာ၏ သားတော်ဟူသော သားတစ်ယောက်ရှိလေသည်။ သူတို့နှစ်ယောက်လုံးက ကြောက်စရာကောင်းကြလေသည်။
သစ်ပင်ကမ္ဘာကို ကြီးမြတ်သူများပင် တိုက်ခိုက်ရန် ဆန္ဒမရှိကြပေ။ သစ်ပင်ကမ္ဘာ၏ မိခင်၏ ခွန်အားနှင့် သူမက ကြီးမြတ်သူတစ်ယောက်ကို မယှဉ်နိုင်လျှင်တောင် ခုခံရေးနည်းလမ်းများ ရှိနေဆဲ ဖြစ်သည်။ သူမက ကြီးမြတ်သူတစ်ယောက်ရှေ့တွင် သစ်ပင်ကမ္ဘာကို ဖျက်ဆီးပစ်နိုင်စွမ်းရှိလေသည်။ ထို့ကြောင့် ကြီးမြတ်သူတစ်ယောက်က သူမကို တိုက်ခိုက်လျှင်တောင် မည်သည့်အကျိုးအမြတ်မှ ရမည်မဟုတ်ပေ။
သစ်ပင်ကမ္ဘာ၏ မိခင်က အင်းဆက်မျိုးနွယ်ကို အညံ့ခံခဲ့ပြီး နှစ်တစ်သောင်းကြာတိုင်း သစ်ပင်ကမ္ဘာအနှစ်သာရ တစ်ပေါင်ကို ပေးရန် ကတိပေးခဲ့လေသည်။
သစ်ပင်ကမ္ဘာ၏ သားက လက်ရှိတွင် နဝမအလွှာ ဖြစ်လေသည်။ သူက နဝမအလွှာတွင် အနည်းဆုံး နှစ်သန်းပေါင်းများစွာ ရှိခဲ့လေသည်။
" သစ်ပင်ကမ္ဘာရဲ့ သားတော်လား။ "
" ပြီးတော့ နဂါးဘုရင်လား။ "
" သူတို့က ဒဏ္ဍာရီလာ နသမအလွှာတွေပဲ။ နဝမအလွှာရဲ့ ပုံမှန် နယ်ပယ်အတွင်းမှာ မရှိကြဘူး။ "
နဝမအလွှာ မျိုးနွယ်ခြားများက စကားများ ပြောလိုက်ကြပြီး သူတို့၏ ယုံကြည်မှုက တိုးတက်လာသည်။ သစ်ပင်ကမ္ဘာ၏ သားတော် သို့မဟုတ် နဂါးဘုရင်နှင့် အခြားသူများ၏ သက်တမ်းက ကြောက်စရာကောင်းအောင် ရှည်လျားကြလေသည်။
" ဒီလိုအကူအညီတွေနဲ့ဆို နဂါးငွေ့တန်းကြယ်သခင်က ဘယ်လိုခြိမ်းခြောက်နိုင်မှာလဲ။ "
အင်းဆက်မျိုးနွယ်၏ နဝမအလွှာက အခြားသူများကို ကြည့်လိုက်သည်။ သူတို့က ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ လက်ဗလာနှင့် ထွက်မသွားချင်သည့်အပြင် သူတို့၏ ကိုယ်ပွားများကို မဆုံးရှုံးလိုသောကြောင့်လည်း ဖြစ်သည်။
အကယ်၍ နဝမအလွှာ အများအပြားက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေအတွင်း ကျဆုံးခဲ့လျှင် သူတို့က ကိုယ်ပွားများဖြစ်နေလျှင်တောင် သူတို့၏ မျိုးနွယ်များအတွက် ဆုံးရှုံးမှုဖြစ်နိုင်လေသည်။
နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားကို စမ်းသပ်ကြည့်ချင်ကြသော မျိုးနွယ်အနည်းငယ်လည်း ရှိနေလေသည်။ ယခင် ဟွမ်ယိကို သတ်ခဲ့ခြင်းက နဂါးငွေ့တန်းကြယ်သခင်မှာ စွမ်းအားကြီးမားပြီး အနည်းဆုံး လေဟာနယ်အလွှာ သန်းတစ်ရာကျော်ကို ဖန်တီးခဲ့သည်ဟူ၍အပြင် အခြားဘာမှမသိခဲ့ရပေ။
ဤတစ်ကြိမ်တွင် ဒဏ္ဍာရီလာ နဝမအလွှာ အများအပြားကို ဖိတ်ခေါ်ခြင်းက နဂါးငွေ့တန်းကြယ်သခင်၏ အကန့်အသတ်ကို သိလိုသောကြောင့် ဖြစ်သည်။ ကြီးမြတ်သူများက နဂါးငွေ့တန်းကြယ်သခင်ကို အနည်းငယ်သာ အာရုံစိုက်လျှင်တောင် အောက်အဆင့်များက စိုးရိမ်နေကြပြီဖြစ်သည်။
အကြောင်းမှာ သူတို့က သိပ်မဝေးသော အနာဂတ်တွင် မျိုးနွယ်ခြားများ၏ စစ်မြေပြင်ကြီးများတွင် နဂါးငွေ့တန်းကြယ်သခင်နှင့် ရင်ဆိုင်ရနိုင်သောကြောင့် ဖြစ်သည်။ သူတို့က ရှောင်လွှဲ၍မရသည့်အတွက် ယခုကတည်း နဂါးငွေ့တန်းကြယ်သခင်၏ အချက်အလက်များကို တတ်နိုင်သမျှ စုဆောင်းလိုခဲ့ကြလေသည်။
ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ အပြင်ဘက်ဒေသရှိ ကျယ်ဝန်းသော ချောက်ကမ်းပါးတစ်ခုအတွင်း နဝမအလွှာ မျိုးနွယ်ခြားထောင်ချီက ထိုနေရာသို့ မောင်းထုတ်ခြင်း ခံခဲ့ရလေသည်။ အပြင်ဘက်တွင် လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူရာချီက ပိတ်ဆို့ထားကြသည်။ လူအရေအတွက် ရာချီက အရေအတွက် ထောင်ချီကို ပိတ်ဆို့ထားတာလား။ အကြောင်းရင်းမှာ တစ်ခုသာရှိသည်။ နဂါးငွေ့တန်းကြယ်သခင်ပင် ဖြစ်၏။
နဝမအလွှာ မျိုးနွယ်ခြားများက ခုခံခြင်း သို့မဟုတ် တန်ပြန်တိုက်ခိုက်ခြင်းများ မပြုလုပ်ကြပေ။ အကယ်၍ သူတို့၏ လှုပ်ရှားမှုက နဂါးငွေ့တန်းကြယ်သခင်ကို ထွက်ပေါ်လာစေခဲ့လျှင် ၎င်းက သေခြင်းကို ရှာဖွေခြင်းသာ ဖြစ်ပေလိမ့်မည်။
အမှန်တော့ သူတို့၏ စိတ်ထဲတွင် နဂါးငွေ့တန်းကြယ်သခင်က အင်အားကြီးလျှင်တောင် သူတို့အားလုံးကို သတ်ရန်မဖြစ်နိုင်ပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က သတ်ရန် ဆုံးဖြတ်ခဲ့လျှင် လူပေါင်းထောင်ချီကို မသတ်နိုင်သော်လည်း ရာနှင့်ချီ၍ သေဆုံးမည်ဖြစ်သည်။
အပြင်ဘက်တွင် သော်ခဲနှင့် အထူးနဝမအလွှာ ဆင့်ကဲပြောင်းလဲသူများကလည်း အဝေးမှ ချောက်ကမ်းပါးကို လေ့လာနေကြသည်။
" ငါတို့ သူတို့ကို ဒီလောက်ထိပဲ ဖိနှိပ်နိုင်လိမ့်မယ်။ ပိုပြီး ဖိအားပေးရင် သူတို့က တန်ပြန်တိုက်ခိုက်လာနိုင်တယ်။ " အထူးနဝမအလွှာ ဆင့်ကဲပြောင်းလဲသူတစ်ယောက်က ပြောလိုက်သည်။
နဝမအလွှာ မျိုးနွယ်ခြားများက ဤအခြေအနေထိ ပြန်လည်တိုက်ခိုက်ခြင်းမပြုကြသည်မှာ နဂါးငွေ့တန်းကြယ်သခင်ကို ကြောက်ရွံ့သည့်အပြင် သူတို့တွင် ထွက်ပေါက်တစ်ခုလည်း ရှိနေသောကြောင့် ဖြစ်သည်။
သို့သော် ယခု မျိုးနွယ်ခြားများကို ချောက်ကမ်းပါးတစ်ခုအတွင်း ချောင်ပိတ်ထားသည့်အပြင် လေဟာနယ်အလွှာများစွာကိုလည်း ပိတ်ထားခဲ့သည်။ ဤအခြေအနေတွင် သူတို့ကို ဆက်လက်ဖိအားပေးခြင်းက တန်ပြန်တိုက်ခိုက်မှုကို ဖြစ်ပေါ်စေပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင် "
" နဂါးငွေ့တန်းကြယ်သခင်က ဘယ်မှာလဲ။ "
လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက အနည်းငယ် စိုးရိမ်နေကြသည်။ သူတို့က နဝမအလွှာ မျိုးနွယ်ခြားများကို ဤနေရာတွင် ဝိုင်းရံထားကြပြီဖြစ်ပြီး အကယ်၍ နဂါးငွေ့တန်းကြယ်သခင်သာ ပေါ်မလာလျှင် ထွက်ပြေးရမည့်သူက သူတို့ပြန်ဖြစ်သွားပေလိမ့်မည်။
" နဂါးငွေ့တန်းကြယ်သခင်က လာမယ်လို့ပြောခဲ့တာပဲ။ သူ သေချာပေါက် လာလိမ့်မယ်။ "
ထိုအချိန်တွင် ချောက်ကမ်းပါးအထက်၌ ဝတ်ရုံရှည်ဝတ်ဆင်ထားသော လူငယ်တစ်ယောက်ပေါ်လာပြီး သူက အဆုံးမရှိသော လေဟာနယ်အလွှာများကို ထိန်းချုပ်ထားလေသည်။
" နဂါးငွေ့တန်းကြယ်သခင် "
"နဂါးငွေ့တန်းကြယ်သခင် ရောက်လာပြီ။ "
လူသားမျိုးနွယ်၏ ဆင့်ကဲပြောင်းလဲသူများက လင်းယွမ်ပေါ်လာချိန်တွင် စိတ်အားတက်ကြွသွားကြသည်။ တစ်ဖက်တွင် ချောက်ကမ်းပါးထဲ၌ နဝမအလွှာ မျိုးနွယ်ခြားများက ကြောက်ရွံ့သော အမူအရာများ ပေါ်လာကြသည်။
" နဂါးငွေ့တန်းကြယ်သခင်လား။ "
" နဂါးငွေ့တန်းကြယ်သခင်က အနည်းဆုံး လေဟာနယ်အလွှာ သန်းတစ်ရာကို ဖွင့်လှစ်ထားတယ်လို့ကြားတယ်။ "
" လေဟာနယ်အလွှာ သန်းတစ်ရာ။ သစ်ပင်ကမ္ဘာရဲ့ သားတော်နဲ့ နဂါးဘုရင်တို့က နဂါးငွေ့တန်းကြယ်သခင်ကို ယှဉ်နိုင်မလားမသိဘူး။ "
နဝမအလွှာ မျိုးနွယ်ခြားများ၏ အမူအရာများက မဲမှောင်နေပြီး ကြီးမားသော ဖိအားကို ခံစားနေကြရသည်။ သူတို့တွင် အစီအစဉ်များ ရှိနေလျှင်တောင် နဂါးငွေ့တန်းကြယ်သခင်ကို အမှန်တကယ် ရင်ဆိုင်ရသောအခါ သူတို့၏ တည်ငြိမ်မှုကို ထိန်းချုပ်ထားနိုင်ခြင်း မရှိကြပေ။
သစ်ပင်ကမ္ဘာ၏ သားတော်နှင့် နဂါးဘုရင်တို့က သန်မာလျှင်တောင် အထူးနဝမအလွှာတစ်ယောက်ကို မသတ်ဖူးကြပေ။ သို့သော် နဂါးငွေ့တန်းကြယ်သခင်က ထိုသို့ လုပ်ခဲ့လေသည်။ ထို့အပြင် သူက လေဟာနယ်အလွှာ သန်းသုံးဆယ်ကျော် ဖွင့်ထားသော ဟွမ်ယိကို သတ်ခဲ့လေသည်။
" လူတိုင်း ဒီမှာရှိနေတာလား။ " လင်းယွမ်က အောက်သို့ ကြည့်ပြီး ရေရွတ်လိုက်သည်။ " အခြားသူတွေ ရှိနေသေးတာပဲ။ "
လင်းယွမ်က တည်နေရာအချို့ကို မသိမသာ ကြည့်လိုက်သည်။ ထိုနေရာများတွင် သူက ဟွမ်ယိထက် ပိုမိုသန်မာသော တည်ရှိမှုများကို ခံစားလိုက်ရသည်။ ၎င်းက သူ၏ စွမ်းအားအပြင် ရွှမ်ဟွမ်လျို့ဝှက်နယ်မြေ၏ အရှင်သခင် ဖြစ်လာသောကြောင့် ဖြစ်သည်။ သူက လျို့ဝှက်နယ်မြေ၏ အမြုတေကို ၉၅ ရာခိုင်နှုန်း သန့်စင်ပြီးသွားပြီး ၎င်းအပေါ် သူ၏ ထိန်းချုပ်မှုက ပြောစရာပင်မလိုတော့ပေ။