← Chapters

လင်းယွမ်၏ ခွန်အား...

Vol. 33 Ch. 510

လင်းယွမ်၏ ခွန်အား...

Vol. 33 Ch. 510

" ငါ ဟွမ်ယိကို သတ်နိုင်တယ်ဆိုတာ သိနေတာတောင် စစ်ကူတွေခေါ်ထားတုန်းပဲ။ အဲ့ဒါ ငါ့ရဲ့ ခွန်အားကို စမ်းသပ်ဖို့လား။ " လင်းယွမ်က အခြားအထွတ်အထိပ်မျိုးနွယ်များ၏ ရည်ရွယ်ချက်ကို ခန့်မှန်းလိုက်သည်။

ထိုအော်ရာအနည်းငယ်က ဟွမ်ယိထက် ပို၍ အင်အားကြီးမားသော်လည်း သူတို့ကို ဖိတ်ခေါ်ရန် ကြီးမားသော တန်ဖိုးကို ပေးဆပ်ရပေလိမ့်မည်။

လင်းယွမ်၏ အမူအရာက တည်ငြိမ်နေသည်။ ဟွမ်ယိကို သတ်ချိန်တွင် သူက လေဟာနယ်အလွှာ သန်းနှစ်ရာကိုသာ အသက်သွင်းခဲ့ခြင်းဖြစ်သည်။ ၎င်းက မယုံကြည်နိုင်စရာကောင်းလျှင်တောင် လင်းယွမ်၏ အစစ်အမှန်ခွန်အားနှင့် ဘာမှမဟုတ်ပေ။

" ငါ့ရဲ့ အစစ်အမှန် ခွန်အားကိုတော့ အားလုံးရှေ့မှ ထုတ်ဖော်လို့မရဘူး။ " လင်းယွမ်က ဆုံးဖြတ်လိုက်သည်။

ကြယ်စကြာဝဠာ၏ သမိုင်းတွင် နဝမအလွှာ တစ်ယောက် ဖွင့်လှစ်ခဲ့သော အများဆုံး လေဟာနယ်အလွှာက သန်းတစ်ရာထက် မပိုခဲ့ပေ။ ထို့ကြောင့် လင်းယွမ်အတွက် လေဟာနယ်အလွှာ သန်းနှစ်ရာကို ထုတ်ပြခြင်းက သာမန်ထက် များစွာ ကျော်လွန်မည်မဟုတ်ပေ။

ချောက်ကမ်းပါးထဲတွင် နဝမအလွှာ မျိုးနွယ်ခြားများက လင်းယွမ်ကို လေ့လာနေကြသည်။ သူတို့၏ ထိတ်လန့်သော အကြည့်အောက်တွင် နဂါးငွေ့တန်းကြယ်သခင်က သူ၏ ညာလက်ကို မြှောက်ပြီး သူတို့ဘက်သို့ ဖိချလိုက်သည်။

ဝုန်း ဝုန်း.....

လေဟာနယ်အလွှာ သန်းနှစ်ရာ၏ ဖိအားက သူတို့ပေါ်သို့ ကျရောက်လာသည်။

" မကောင်းတော့ဘူး။ " အင်းဆက်မျိုးနွယ် နဝမအလွှာ၏ အမူအရာက ပြောင်းလဲသွားပြီး ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ " မိတ်ဆွေတို့ မင်းတို့ အခုထိ မလှုပ်ရှားကြသေးဘူးလား။ "

ဝှစ် ဝှစ်....

တည်ရှိမှုလေးခုက ဦးတည်ချက် လေးခုမှ အတူတကွ ထွက်ပေါ်လာကြသည်။ သူတို့ထဲမှ တစ်ယောက်က သစ်ပင်သက်ရှိတစ်မျိုးဖြစ်ပြီး သူ၏ အကိုင်းအခက်များက လေဟာနယ်ကို တုန်ခါသွားလေသည်။

နောက်တစ်ယောက်က ရွှေရောင်နဂါးအကြေးခွံများနှင့် လူသားပုံသဏ္ဍန်သက်ရှိတစ်မျိုးဖြစ်ပြီး သူ၏ လှုပ်ရှားမှုတိုင်းက ကြောက်စရာကောင်းသော အသက်စွမ်းအားက ပျံ့နှံ့နေသည်။

အင်အားကြီးသက်ရှိလေးယောက်က နဂါးငွေ့တန်းကြယ်သခင်ကို တိုက်ခိုက်ရန် ပူးပေါင်းလိုက်ကြသည်။ သူတို့က ဟွမ်ယိထက် များစွာသန်မာကြပြီး လေဟာနယ်အလွှာ သန်းတစ်ရာနီးပါးကို ဖွင့်လှစ်ထားကြသည်။

အဝေးတွင် နဝမအလွှာ အင်အားကြီးသူများကလည်း ထိုမြင်ကွင်းကို ကြည့်နေကြသည်။ သူတို့က လူသားမျိုးနွယ်မှ မဟုတ်ကြဘဲ ဝန်းရံခံထားရသူများထဲတွင်လည်း မပါဝင်ကြပေ။ ထို့ကြောင့် သူတို့က စိတ်အေးလက်အေးနေနိုင်ကြခြင်းဖြစ်သည်။

" ဟင် နဂါးငွေ့တန်းကြယ်သခင် လှုပ်ရှားပြီ။ "

" အဲ့ဒီလေးယောက်က ဘယ်သူတွေလဲ။ "

" သစ်ကမ္ဘာရဲ့ သားတော်လား။ ပြီးတော့ နဂါးဘုရင်။ အဲ့ဒီမျိုးနွယ်ခြားတွေက သူတို့ကိုတောင် ဖိတ်ခေါ်ခဲ့တာပဲ။ "

တိုက်ပွဲကို ကြည့်နေသော နဝမအလွှာများက မျက်လုံးများ ပြူးသွားကြသည်။ အစတွင် သူတို့က ၎င်းကို တစ်ဖက်သတ် တိုက်ပွဲဖြစ်လိမ့်မည်ဟုသာ ထင်ခဲ့ကြသည်။ နဂါးငွေ့တန်းကြယ်သခင်၏ ခွန်အားနှင့် နဝမအလွှာ မျိုးနွယ်ခြားများက ခုခံနိုင်စွမ်းရှိမည်မဟုတ်ပေ။

သို့သော် သစ်ပင်ကမ္ဘာ၏ သားတော်၊ နဂါးဘုရင်နှင့် အခြားအထူးနဝမအလွှာနှစ်ယောက်တို့က နဝမအလွှာများအား နောက်ထပ် ဖြစ်နိုင်ခြေတစ်ခုကို ပြသလိုက်သည်။

အကယ်၍ အထူးနဝမအလွှာလေးယောက်က နဂါးငွေ့တန်းကြယ်သခင်ကို ထိန်းထားနိုင်လျှင် ကျန်သော နဝမအလွှာ လူသားဆင့်ကဲပြောင်းလဲသူများက ထောင်ချီသော နဝမအလွှာ မျိုးနွယ်ခြားများ၏ တန်ပြန်တိုက်ခိုက်မှုကို ခုခံရန် ခက်ခဲသွားပေလိမ့်မည်။

" နဂါးငွေ့တန်းကြယ်သခင် ဒီခေတ်မှာ မင်းလိုမျိုး ပြိုင်ဘက်ကင်းတဲ့ ပါရမီရှင်တစ်ယောက် ထွက်ပေါ်လာလိမ့်မယ်လို့ ဘယ်သူက တွေးမိမှာလဲ။ " ရှေးဟောင်းသစ်ပင်ပုံသဏ္ဍန်နှင့် သစ်ပင်ကမ္ဘာ၏ သားတော်က လင်းယွမ်ကို တိုက်ခိုက်လိုစိတ်များနှင့် ကြည့်နေသည်။

အခြားသုံးယောက်ကလည်း အတူတူပင် ဖြစ်သည်။ ရွှမ်ဟွမ်လျို့ဝှက်နယ်မြေမှ နဝမအလွှာ မျိုးနွယ်ခြားများကို ကူညီရန် သဘောတူခဲ့ခြင်းမှာ သူတို့က အထွတ်အထိပ်မျိုးနွယ်များ ပေးသော တန်ဖိုးကြောင့် မဟုတ်ပေ။ သူတို့က နဂါးငွေ့တန်းကြယ်သခင်ကဲ့သို့ ပြိုင်ဘက်တစ်ယောက်ကို တွေ့ဆုံချင်သောကြောင့် ဖြစ်သည်။

" မင်းတို့လည်း သေချင်လို့ လာခဲ့ကြတာလား။ " လင်းယွမ်က လေဟာနယ်အလွှာများစွာကို ထိန်းချုပ်ရင်း ပြောလိုက်သည်။ သူက မျိုးနွယ်ခြားများ၏ ရည်ရွယ်ချက်ကို နားလည်ပြီး သူ၏ ခွန်အားအပြည့်အဝကို ထုတ်ပြမည်မဟုတ်ပေ။

သူက လေဟာနယ်အလွှာများအပြင် အခြားနည်းစနစ်များကို အသုံးပြုနိုင်လေသည်။ ဥပမာ ရွှမ်ဟွမ်တိုက်ကွက်၏ ပထမအဆင့်က သူ၏ ခွန်အားကို နှစ်ဆတိုးစေလေသည်။

ဝုန်း ဝုန်း ဝုန်း....

ရွှမ်ဟွမ်တိုက်ကွက်၏ တိုးမြှင့်မှုအောက်တွင် လင်းယွမ်၏ တိုက်ခိုက်မှုက ပြင်းထန်စွာ ထွက်ပေါ်လာပြီး အထူးနဝမအလွှာသုံးယောက်က မခုခံနိုင်ဘဲ ချက်ချင်း နောက်ဆုတ်လိုက်ရသည်။

" နဂါးငွေ့တန်းကြယ်သခင် ဟွမ်ယိကို သတ်တုန်းက ခွန်အားအကုန် မထုတ်ခဲ့ဘူးလား။ "

" ကြောက်စရာကောင်းတယ်။ သူတို့လေးယောက်ပူးပေါင်းတာတောင် နဂါးငွေ့တန်းကြယ်သခင်က နောက်ဆုတ်အောင် ဖိအားပေးနိုင်တုန်းပဲ။ "

" သွားပြီ။ ငါတို့ အသက်ရှင်ရက် ထွက်သွားနိုင်မှာမဟုတ်ဘူး။ "

ချောက်ကမ်းပါးအတွင်းမှ မျိုးနွယ်ခြားများက ရုတ်တရက် နားလည်သွားကြသည်။

" လေဟာနယ်အလွှာ သန်းနှစ်ရာကို ထိန်းချုပ်ထားတဲ့အပြင် ခွန်အားကို နှစ်ဆတိုးနိုင်တဲ့ လျို့ဝှက်နည်းစနစ်တစ်ခုကို ပိုင်ဆိုင်ထားတာလား။ "

" အဲ့ဒါက နဂါးငွေ့တန်းကြယ်သခင်ရဲ့ အစစ်အမှန် ခွန်အားဖြစ်ရမယ်။ ဘာပဲဖြစ်ဖြစ် တန်ပါတယ်။ " နဝမအလွှာ အင်းဆက်မျိုးနွယ်ဝင်က တွေးလိုက်၏။ သူတို့က နဂါးငွေ့တန်းကြယ်သခင်၏ အစစ်အမှန် ခွန်အားကို ပစ်မှတ်ထားခြင်းဖြစ်သည်။

အဝေးတွင် နဝမအလွှာများက အံ့အားသင့်နေကြသည်။

" နဂါးငွေ့တန်းကြယ်သခင်.... သူက အရမ်းသန်မာတယ်..."

" သူက အထူးနဝမအလွှာ လေးယောက်ကိုတောင် ဆိုးဆိုးရွားရွား ဖိနှိပ်သွားတယ်။ "

" ဒါက မယုံကြည်နိုင်စရာကောင်းလွန်းတယ်။ "

သူတို့အားလုံးက အလွန်ဝေးကွာသော နေရာမှ ကြည့်နေကြသော်လည်း တိုက်ပွဲ၏ လက်ကျန်ခွန်အားများက သူတို့၏ ဦးရေပြားများကိုပင် ထုံကျဉ်သွားစေသည်။

ဝုန်း ဝုန်း ဝုန်း.....

နောက်ထပ် ရွှမ်ဟွမ်တိုက်ကွက်၏ အားဖြည့်မှုနှင့်အတူ လေဟာနယ်အလွှာများ၏ ကြောက်စရာကောင်းသော စွမ်းအားများက အထူးနဝမအလွှာလေးယောက်ပေါ်သို့ ကျရောက်သွားပြန်သည်။

ဝုန်း....

ထိုတိုက်ခိုက်မှုတွင် အင်းအားကြီးသူ လေးယောက်ထဲမှ တစ်ယောက်က ပေါက်ကွဲသွားပြီး နေရာတင်ပျောက်ကွယ်သွားသည်။ ၎င်းက ကိုယ်ပွားတစ်ခုသာဖြစ်ပြီး သူတို့လေးယောက်လုံးက ရွှမ်ဟွမ်လျို့ဝှက်နယ်မြေသို့ ကိုယ်ပွားများနှင့်သာ ဝင်ရောက်လာခဲ့ကြသည်။

" လွတ်လမ်းမရှိသေးဘူး။ "

သစ်ပင်ကမ္ဘာ၏ သားတော်က သက်ပြင်းချလိုက်သည်။ သူတို့လေးယောက်ပူးပေါင်းချိန်ကပင် နဂါးငွေ့တန်းကြယ်သခင်ကို ခုခံနိုင်စွမ်းမရှိခဲ့ပေ။ ယခု တစ်ယောက်သေဆုံးသွားပြီဖြစ်သောကြောင့် သူတို့က မျှော်လင့်ချက်မရှိတော့ပေ။

အောက်တွင် အခြေအနေက ပြောင်းလဲနိုင်ခြင်းမရှိတော့သည်ကို မြင်သောအခါ အင်းဆက်မျိုးနွယ်ဝင်က နောက်သို့ လှည့်ကြည့်လိုက်သည်။ " မိတ်ဆွေတို့ နဂါးငွေ့တန်းကြယ်သခင်က အရမ်းရက်စက်တယ်။ ကျုပ်တို့ ဒီမှာဆက်နေရင်လည်း နဂါးငွေ့တန်းကြယ်သခင်ရဲ့ လက်ထဲမှာ သေဆုံးရလိမ့်မယ်။ "

" ဒီလိုဆိုမှတော့ ကျုပ်တို့ အတွင်းဘက်ဒေသနဲ့ ပင်မဒေသကို သွားတာက ပိုကောင်းလိမ့်မယ်။ အဲ့ဒီနေရာက ဒီထက်အများကြီး ပိုကျယ်တယ်။ လူသားဆင့်ကဲပြောင်းလဲသူတွေက အဲ့ဒီနေရာကို ပိတ်ဆို့ချင်ရင်တောင် မဖြစ်နိုင်ဘူး။ "

ထိုစကားများကို ကြားသောအခါ နဝမအလွှာ မျိုးနွယ်ခြားများကလည်း နားလည်သွားကြသည်။ နဂါးငွေ့တန်းကြယ်သခင်နှင့် လူသားဆင့်ကဲပြောင်းလဲသူများ၏ လက်ထဲတွင် သေဆုံးခြင်းထက် အတွင်းဘက်ဒေသနှင့် ပင်မဒေသများတွင် ပုန်းအောင်းနေခြင်းက မျှော်လင့်ချက်ရှိလေသည်။

သူတို့က လျို့ဝှက်နယ်မြေပိတ်ချိန်တွင် သေဆုံးရမည်ဆိုလျှင်တောင် ရတနာများ အခြားသူလက်ထဲသို့ မရောက်သွားခြင်းက ပိုကောင်းလေသည်။ သူတို့အားလုံးက ချက်ချင်း နဝမအလွှာ မျိုးနွယ်ခြားများက အတွင်းဘက်ဒေသနှင့် ပင်မဒေသများသို့ ပျံသန်းသွားကြသည်။

ကောင်းကင်တွင် လင်းယွမ်က နောက်ဆုံးကျန်သော သစ်ပင်ကမ္ဘာ၏ သားတော်ကို သတ်ပြီးနောက် ထွက်ပြေးနေကြသော နဝမအလွှာ မျိုးနွယ်ခြားများကို ကြည့်လိုက်ကြသည်။

" ရွှမ်ဟွမ်လျို့ဝှက်နယ်မြေပိတ်တာနဲ့ အပြင်ဘက်ဒေသမှာ မရှိတဲ့သူအားလုံး သေဆုံးကြရလိမ့်မယ်။ သူတို့က ရတနာတွေကို လူသားမျိုးနွယ်တွေ ရသွားတာထက် လျို့ဝှက်နယ်မြေမှာ ထားခဲ့ကြတာကို ပိုသဘောကျကြတာပေါ့။ " လင်းယွမ်က နဝမအလွှာ မျိုးနွယ်ခြားများ၏ ရည်ရွယ်ချက်ကို နားလည်လိုက်သည်။

သူ၏ မျက်နှာတွင် ထူးဆန်းသော အမူအရာတစ်ခု ပေါ်လာသည်။ သူတို့စုဆောင်းထားသော ရတနာများကို လျို့ဝှက်နယ်မြေမှာ ထားခဲ့ခြင်းက သူ့ကို ပေးခြင်းနှင့် ကွာခြားမည်မဟုတ်ပေ။

ရွှမ်ဟွမ်လျို့ဝှက်နယ်မြေတွင် အပြင်ဘက်ဒေသက အကျဉ်းဆုံးဖြစ်ပြီး အတွင်းဘက်ဒေသနှင့် ပင်မဒေသတို့က များစွာ ကျယ်ဝန်းလေသည်။ ထို့ကြောင့် သူတို့က ထိုနေရာများသို့ ထွက်ပြေးလျှင် လူသားမျိုးနွယ်က သူတို့ကို ထပ်မံပိတ်ဆို့နိုင်မည်မဟုတ်ပေ။

သို့သော် သူတို့၏ အန္တရာယ်ကင်းမှုက ခဏသာ ဖြစ်သည်။ လျို့ဝှက်နယ်မြေဖွင့်ပြီး နှစ်တစ်ရာပြည့်လျှင် လျို့ဝှက်နယ်မြေက ပြန်ပိတ်မည်ဖြစ်သည်။ ထို့နောက် လျို့ဝှက်နယ်မြေ၏ အပြင်ဘက်ဒေသတွင် မရှိသူများက လျို့ဝှက်နယ်မြေ၏ ဖျက်ဆီးခြင်းကို ခံရပေလိမ့်မည်။

All Chapters