← Chapters

ဆုလာဘ်များ

Vol. 114 Ch. 1583

ဆုလာဘ်များ

Vol. 114 Ch. 1583

ဝေ့ဝူယင်၏ ခန္ဓာကိုယ် တစ်ခုလုံးကို အရည်သဖွယ် အလင်းရောင်များက ဖုံးလွှမ်းသွား၏။ ခုနစ်မျိုးသော ရောင်စဉ်တို့က တစ်သားတည်း တညီတညွတ်တည်း ရောယှက် ကူးခတ်နေသည်။ သူ့နံဘေးတွင်တော့ ဝမ်ယုထျန်းမှာ ပျံဝဲ နေခဲ့၏။ သူ၏ စိမ်းပြာရောင် မျက်ဝန်းများထဲတွင် အံ့အားသင့်မှု လှိုင်းများက စဉ်ဆက်မပြတ် တလိပ်လိပ် တက်နေခဲ့သည်။ သူအသက်ရှင်နေသမျှ ကာလပတ်လုံး လောက အဂ္ဂိရတ် ရှန့်ထို တစ်ယောက် ဆေးဖော်စပ်သည်ကို တစ်ကြိမ် တစ်ခါမှ မမြင်တွေ့ဖူးချေ။ ဤသည်က သူ့အမြင်များကို ချဲ့ထွင်ပေးလိုက်သလိုပင် ဖြစ်သည်။

ထာဝရ တိုက်ပွဲ၏ နောက်ဆုံး အဆင့်တွင် ပေးအပ်သည့် တာဝန်မှာ လက်တွေ့အားဖြင့် လုံးဝ မဖြစ်နိုင်သည့် အလုပ်တစ်ခု ဖြစ်သည်။ ဝေ့ဝူယင်မှာ ထာဝရတိုက်ပွဲ၏ သမိုင်းတစ်လျှောက်တွင် နောက်ဆုံးအဆင့်ကို ရောက်ရှိခဲ့သည့် ပထမဆုံးလူ မဟုတ်သကဲ့သို့ ထိုမိုက်မဲသည့် တာဝန်ကို ယုံကြည်စိတ်ချစွာ လက်ခံခဲ့သည့် ပထမဆုံးလူလည်း မဟုတ်ခဲ့ချေ။ သို့သော်လည်း... အခြားသူများ အားလုံးမှာ ကြောက်မက်ဖွယ် ကောင်းလောက်အောင် ကျရှုံးခဲ့ကြရသည်။

တာဝန်အရဆိုလျှင် ကျပန်းပေးထားသည့် ကုန်ကြမ်း ပစ္စည်း အားလုံးကို အသုံးပြု၍မည် ဖြစ်သည်။ ထွက်ပေါ်လာရမည့် အဂ္ဂိရတ် ထုတ်ကုန်မှာ အဆင့်ကိုး အဆင့်တွင် ရှိရမည် ဖြစ်ပြီး ကြယ်မျိုးစေ့ကို သန့်စင်နိုင်သည့် ဆေးလုံး တစ်ခု ဖြစ်ရမည်။ ဤသည်မှာ အလွန်အမင်း ရူးသွပ်မှု တစ်ခုပင် ဖြစ်သည်။

မယုံကြည်နိုင်ဖွယ် ကောင်းလှသည့် ခက်ခဲ ကြမ်းတမ်းမှုများ၊ အတားအဆီးများဖြင့် ပြည့်နှက်နေသည့် ထိုလမ်းကြောင်းကို ယနေ့တွင်တော့ သေမျိုး လူငယ် တစ်ဦးက ကောင်းမွန်စွာ ဖြတ်ကျော်နိုင်ခဲ့ပြီ ဖြစ်သည်။ ဘယ်လိုမှ မဖြစ်နိုင်ဟု သူ ထင်ခဲ့သော အရာကို ဝေ့ဝူယင်မှာ အောင်မြင်ခဲ့လေပြီ။

ဝမ်ယုထျန်း၏ လက်ထဲတွင် ဝေ့ဝူယင် အောင်မြင်ခဲ့သည်မှာ သေချာကြောင်း ခိုင်မာသည့် သက်သေ အထောက်အထား တစ်ခုလည်း ရှိနေခဲ့သည်။ ၎င်းမှာ ကြည်လင်သည့် အရောင်အဆင်းကို ပိုင်ဆိုင်ထားကာ ပတ်လည်တွင်လည်း လျှို့ဝှက်အော်ရာများ ဖြာထွက်နေသည့် ပြီးပြည့်စုံသော ပတ်လမ်း တစ်ခု ရှိနေခဲ့သည်။

ဝေ့ဝူယင်မှာ ထုတ်ကုန် အသစ် တစ်ခုကို ဖော်စပ်ခဲ့ရုံမျှသာ မက တစ်ကြိမ်တည်းဖြင့်ပင် သာလွန်ခြင်း အဆင့် အရည်အသွေးကို ရရှိခဲ့သည်။ ထို့အပြင်... ၎င်းအား နာမည်ပေးလိုက်သည်နှင့် ပတ်ဝန်းကျင်ရှိ မန်နာများ တုန့်ပြန်လာခဲ့သည်ကို ဝမ်ယုထျန်း ခံစားမိခဲ့သည်။ ဤသည်မှာ အဂ္ဂိရတ် ပညာရှင်များ ထုတ်ကုန် အသစ်ကို တီထွင်သည့် အခါ မကြာခဏ ဆိုသလို ဖြစ်ပေါ်လာတတ်သည့် ထူးဆန်းသော ဖြစ်ရပ် တစ်ခု ဖြစ်သည်။ လောကမှာ ထိုအသစ်တီထွင်မှုအတွက် လှုပ်ရှား၍ အသိအမှတ်ပြုခြင်းပင်။

အကယ်၍ ထိုအချိန်တွင်သာ ကောင်းကင် နိမိတ်ဖတ် ပညာရှင်များ၊ ကောင်းကင် ပရောဟိတ်များ အနေဖြင့် လောက၏ ရုတ်ချည်း လှုပ်ရှားမှုကို ခြေရာခံဖို့ ကြိုးစားလျှင် သူတို့အားလုံးမှာ အဖြေတစ်ခုတည်းကိုသာ ရရှိကြလိမ့်မည် ဖြစ်သည်။

အာရုဏ်ဦး ကောင်းကင်သန့်စင် ဆေးလုံး...

ထိုဆေးလုံးမှာ သာမန်မဟုတ်ချေ။ ဝေ့ဝူယင်မှာ ကြယ်တာရာ မျိုးစေ့ကို သန့်စင်စေသည့် အာနိသင်ရှိသော ဆေးလုံးတစ်လုံးကို ဖန်တီးခဲ့ရမည်ဖြစ်ကြောင်း ဝမ်ယုထျန်း သိထားသည်။ သို့သော်လည်း... ဝေ့ဝူယင်က ထိုထုတ်ကုန်၏ အကျိုး သက်ရောက်မှုများကို ပြောပြလိုက်သောအခါ သူ၏ အပြာရောင် မျက်လုံးများမှာ ဝိုင်းစက် ပြူးကျယ်သွားခဲ့တော့သည်။

၎င်း၏ အဓိက အာနိသင်မှာ ကြယ်မျိုးစေ့ တစ်ခုတည်းကိုသာ သန့်စင် ပေးနိုင်ခြင်း မဟုတ်ချေ။ ကောင်းကင်ခန္ဓာ အားလုံး၏ အမြုတေကို ‘သန့်စင်’ ပေးနိုင်ခြင်းပင်။ ထိုအထဲ၌ ကုန်းမြေတိုက်ကြီးများ၊ ဂြိုဟ်များ၊ လများနှင့် ဘလက်ဟိုးများပင် ပါဝင်သည်။

ဝမ်ယုထျန်းမှာ ယခင်က လောကရှန့်ထိုတစ်ပါး ဖြစ်ခဲ့သော်လည်း ဘလက်ဟိုး တစ်ခုအား သန့်စင်ခြင်းနှင့် ပတ်သက်သည့် နက်နဲသည့် သဘောတရားများကို နားမလည်ခဲ့ချေ။ သို့သော်လည်း ဝေ့ဝူယင် ဂုဏ်ယူစွာ ကြေညာခဲ့သည့် ဆေးလုံး၏ အာနိသင်နှင့် အကျိုးသက်ရောက်မှုများ အပေါ် အနည်းငယ်မျှပင် သံသယမဝင်ပါချေ။ အဘယ်ကြောင့်နည်း။ ဝေ့ဝူယင် ၎င်းတို့ကို ကြေညာချိန်၌ လောက၌ ငြင်းပယ်ခြင်း စွမ်းအား အနည်းငယ်မျှပင် ထွက်ပေါ် မလာခြင်းကြောင့် ဖြစ်သည်။

ဝေ့ဝူယင် အဂ္ဂိရတ် ထုတ်ကုန်ကို အဆုံးသတ်ပြီးနောက်တွင် ဝမ်ယုထျန်းက အောင်မြင်မှု၏ ဆုလာဒ် သုံးဆယ့်ခြောက်ခုကို ပေးအပ်ခဲ့သည်။ ပုံမှန်အားဖြင့် အဆင့် ရှစ်ဆယ့်တစ်ဆင့်အား အောင်မြင်သူများမှာ ထိုဆုလာဒ် သုံးဆယ့်ခြောက်ခု အနက်မှ ကျပန်း ကိုးခုကိုသာ ရလေ့ ရှိသည်။ သို့သော်လည်း နောက်ဆုံးအဆင့်ကိုပါ အောင်မြင်သူများကတော့ ၎င်းတို့အားလုံးကို ရရှိကြသည်။

၎င်းမှာ နောက်ဆုံးအဆင့်အား အောင်မြင်ခြင်း၏ စဦး အကျိုးကျေးဇူးများသာ ဖြစ်သည်။

ဟူး... ဟူး...

ဝေ့ဝူယင်မှာ သူ့ရှေ့တွင် ပျံဝဲနေသည့် အလင်းလုံး တစ်ခုချင်းစီကို တည်ငြိမ်စွာပင် ကြည့်နေခဲ့သည်။ ၎င်းတို့မှာ အတွင်းတွင် ထိန်းသိမ်းထားသည့် ဆုလာဘ်များကို ဖုံးကွယ်ဟန်ဖြင့် ဖုံးကွယ်ထားသော်လည်း ဝေ့ဝူယင်ကတော့ ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ လွယ်ကူစွာပင် ြတ်သန်း မြင်နိုင်စွမ်း ရှိပေသည်။

ထိုအထဲမှ နှစ်ဆယ့်လေးခုမှာ အံ့မခန်း ရတနာများ ဖြစ်ကြသည်။ ၎င်းတို့ထဲ၌ ကြယ်တာရာ သစ်ပင် မျိုးစေ့ တစ်ခုနှင့် ဝိညာဉ် ချည်နှောင် ကြာပန်း တစ်ပွင့်ကိုပင် ဝေ့ဝူယင် တွေ့ရှိခဲ့သည်။ ၎င်းတို့အားလုံးမှာ အလွန်အမင်း ရှားပါးသော ပစ္စည်းများ ဖြစ်ကြကာ ၎င်းတို့၏ အဆင့်များမှာလည်း အခြား အဆင့်များတွင် တွေ့ခဲ့ရသည့် ရတနာများထက် တစ်ဆင့် မြင့်နေခဲ့သည်။

ဥပမာအားဖြင့် ဝိညာဉ်ချည်နှောင် ကြာပန်း၏ အရွက်တစ်ခုချင်းစီပေါ်တွင် ဝိညာဉ်အမျိုးအစား လျှို့ဝှက် သင်္ကေတများ ထင်ရှားစွာ ပါရှိပြီး အမြုတေအတွင်း၌လည်း ဆန်းကြယ် မူလ၏ အော်ရာနှင့် အလွန်တူညီသည့် အရည်တစ်မျိုး ရှိနေခဲ့သည်။ ၎င်းတို့ကို ပူးတွဲ အသုံးပြုပါက ဝိညာဉ်အင်အားကို များစွာ တိုးတက်စေနိုင်ကာ ဝိညာဉ် အမျိုးအစား လျှို့ဝှက် သင်္ကေတကိုပါ နားလည်သဘောပေါက်စေနိုင်သည်။ ထို့အပြင် ၎င်း၏ အရွက်များကို ဝိညာဉ်လမ်းစဉ် ပြောင်းလဲမှု ဆေးရည် အမျိုးမျိုးအတွက် အသုံးပြုနိုင်ကာ၊ မိမိ၏ မူလရင်းမြစ် ဝိညာဉ် အဆင့်ကို ပေါင်းစပ်ခြင်းဖြင့် တိုက်ရိုက် မြှင့်တင်နိုင်မည်ဖြစ်သည်။

ကြယ်တာရာ သစ်ပင် အစေ့ကိုလည်း ပြီးပြည့်စုံစွာ ထိန်းသိမ်းထားသည်။ ထိုအစေ့မှ ကျန်းမာသည့် ကြယ်တာရာ သစ်ပင်တစ်ပင်ကို စိုက်ပျိုးရန်မှာ ပင်မအမြစ်ကို အသုံးပြုခြင်းထက် များစွာ ပိုမိုလွယ်ကူသည်။ ထို့အပြင် ၎င်းကို ရင့်မှည့်သည် အထိ ပြုစုပျိုးထောင်ရန် လိုအပ်သည့် အရင်းအမြစ်များမှာလည်း သိသာစွာ ပိုမို နည်းပါးလိမ့်မည် ဖြစ်သည်။ အထွတ်အထိပ်သို့ ရောက်ရန်အတွက် သိသိသာသာ နည်းပါးသော ဂရုစိုက်မှုနှင့် အရင်းအမြစ်များ လိုအပ်မည် ဖြစ်သည်။

ထို့အပြင်... ၎င်းကို ကြယ်တာရာ အမြုတေ အတွင်း စုပ်ယူ ဝါးမြိုလိုက်ပါက နေရောင်ခြည် အမတေများအား စုပ်ယူနိုင်သည့် နှုန်းထားမှာ မည်သည့်အမြစ်ကို မဆို အသုံးပြုခြင်းထက် များစွာ သာလွန်လိမ့်မည်ဖြစ်သည်။

အခြားသော ပစ္စည်းများမှာလည်း အလွန်ပင် အစွမ်းထက်ကြသည်ချည်းသာ ဖြစ်သည်။ ၎င်းတို့ တစ်ခုချင်းစီမှာ ဆေးဖော်စပ်ခြင်းနှင့် ကျင့်ကြံခြင်းတို့ အတွက် အလွန်ပင် အသုံးဝင်သည်။ ပြိုင်ပွဲ၏ ရက်ရောမှုကို ကြည့်ကာ ဝေ့ဝူယင်ပင်လျှင် အံ့အားသင့် သွားခဲ့၏။

သို့သော်လည်း... အံ့အားသင့်စရာ အကောင်းဆုံးက ၎င်းတို့ မဟုတ်ပါချေ။ အခြား အလင်းလုံး ဆယ့်နှစ်လုံး ဖြစ်ပေသည်။ အထူးသဖြင့် မိုးသားမြူခိုးများလို အော်ရာများနှင့် အတူ ခုရောင်ခြယ် သင်္ကေတ ပါရှိသည့် အလင်းလုံး တစ်ခု ဖြစ်ပေသည်။

အဂ္ဂိရတ် သင်္ကေတ...

အဂ္ဂိရတ် သင်္ကေတများမှာ ပုံစံတစ်မျိုးတည်း တည်ရှိနေခြင်း မဟုတ်ပဲ ပုံသဏ္ဍာန်၊ အရွယ်အစားတို့နှင့် အတူ ရည်ရွယ်ချက်များလည်း ကွာခြား တတ်သည်။ အမှန်စင်စစ် သင်္ကေတ ခုနစ်မျိုး ရှိသည်။ ဝေ့ဝူယင်မှာ အဂ္ဂိရတ်တာအိုမှ ချီးမြှင့်သည့် သာလွန်သန့်စင် အဂ္ဂိရတ် ကြယ်တာရာများကို ရရှိပြီးနောက်တွင် အဂ္ဂိရတ် သင်္ကေတ တစ်ခုချင်းစီ၏ နက်ရှိုင်းသော အသိပညာကို နားလည် သဘောပေါက်ခဲ့သည်။

ကျင့်ကြံခြင်း လောကတွင် ပုံမှန်အားဖြင့် ကျင့်ကြံသူတစ်ဦးမှာ ကျင့်ကြံခြင်း အဆင့်တစ်ခုကို ကျော်လွန်သွားပြီးမှသာ ထိုအဆင့်၏ အကြောင်းအရာကို အပြည့်အဝ နားလည်နိုင်သည်ဟူသော အယူအဆ တစ်ခု ရှိသည်။

အဂ္ဂိရတ် သင်္ကေတများမှာ သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများ၏ ထူးခြားသော စွမ်းရည် တစ်မျိုး ဖြစ်သည်။ ၎င်းမှာ အလွှာအပြင်က လောကမှ လောက ရှန့်ထို အချို့ပင်လျှင် အပြည့်အဝ ရရှိထားခြင်း မရှိသည့် တစ်စုံတစ်ရာ ဖြစ်သည်။ သို့သေ်လည်း... သာလွန် ဝိညာဉ် အဂ္ဂိရတ် ကြယ်တာရာများကို ပိုင်ဆိုင်ထားသူများမှာ အဂ္ဂိရတ် သင်္ကေတများကို ဖန်တီးနိုင်ကြသည်။ သို့သော်လည်း လွယ်လွယ်ကူကူနှင့် ဖန်တီးနိုင်သည်တော့ မဟုတ်ချေ။

အဂ္ဂိရတ် သင်္ကေတများကို ဖန်တီးရန် အတွက် အဂ္ဂိရတ် ကြယ်တာရာများ၏ သက်ရှိ ကလာပ်စီး ဗဟိုချက် တစ်စိတ်တစ်ပိုင်းကို ကုန်ခမ်းစေဖို့ လိုအပ်သည်။ ထိုဖြစ်စဉ်ကို အဂ္ဂိရတ် ပေါင်းစည်းခြင်း၊ တာအို ချီးမြှင့်ခြင်းဟု ခေါ်ဆိုကြသည်။ ထိုသက်ရှိ ကလာပ်စီး ဗဟိုချက်ကို ပြန်လည် ကောင်းမွန်ရန် အတွက် အသန့်စင်ဆုံး မြူနှင်းများကို ပမာဏ အလွန် များပြားစွာ လိုအပ်သည်။

သို့သော်လည်း... အလင်းလုံး အတွင်းရှိ ထိုကဲ့သို့ အဂ္ဂိရတ် သင်္ကေတမျိုးကို ဝေ့ဝူယင် တွေ့ဖူးသည်မှာ ပထမဆုံး အကြိမ် မဟုတ်ပါချေ။ ချင်ကူးယဉ်နှင့် ထျန်းရှောင်လော့တို့ အနန္တ အသွင်ပြောင်းခြင် အဂ္ဂိရတ် ရှန့်ထိုထံမှ လက်ခံ ရရှိခဲ့သည့် အမွေခံ ဉာဏ်ပညာ သင်္ကေတမှာလည်း အလားတူ သင်္ကေတ တစ်မျိုးပင် ဖြစ်သည်။

အဂ္ဂိရတ် ပညာရှင် တစ်ဦးမှာ အမွေခံ ဉာဏ်ပညာ သင်္ကေတကို ဖြည်းညင်းစွာ သန့်စင်ခြင်း အားဖြင့် အတွင်းပိုင်းမှ အမွေအနှစ်များကို ရယူပိုင်ဆိုင်နိုင်စွမ်း ရှိပေသည်။ သို့သော်လည်း... ဉာဏ်ပညာ ဝိညာဉ် သင်္ကေတ အတွင်းပိုင်းရှိ အသိပညာများမှာ အကန့်အသတ် များစွာ ရှိကာ အဂ္ဂိရတ် ပညာရှင် တစ်ဦးလိုမျိုး ပြီးပြည့်စုံသည့် အသိပညာကို ပိုင်ဆိုင်ထားခြင်း မရှိပါချေ။

၎င်းမှာ အလွန်ပင် တန်ဖိုးရှိသည့် အဂ္ဂိရတ် သင်္ကေတ တစ်ခု ဖြစ်သော်လည်း အားနည်းချက်များလည်း ရှိပေသည်။ အထူးသဖြင့်... ၎င်းတို့မှာ ၎င်းတို့မှာ ထာဝရ တည်တံ့နိုင်ခြင်း မရှိသည့်အပြင် အသိပညာတိုင်းကို တွေးတော သုံးသပ်ရန်အတွက် အလွန်များပြားသော စိတ်စွမ်းအင်နှင့် အချိန်များ လိုအပ်ပေသည်။ အမွေအနှစ်မှ ဉာဏ်ပညာများကို စုဆောင်းခြင်းနှင့် ၎င်းတို့ကို လက်တွေ့တွင် အသုံးချရန် ကြိုးပမ်းခြင်း လုပ်ငန်းစဉ်မှာ အလွန်အမင်း အချိန်ကုန်ကာ ရရှိနိုင်သော ပမာဏမှာလည်း ကန့်သတ်ချက် များစွာ ရှိပေသည်။

ပုံမှန်အားဖြင့် အမွေခံ ဉာဏ်ပညာ သင်္ကေတ တစ်ခုမှ အမွေအနှစ်များကို အကုန်အစင် အသုံးချနိုင်ရန် အတွက် ဆယ်စုနှစ်များစွာမှ ရာစုနှစ်တစ်ခု အထိ ကြာမြင့်တတ်သည်။

“ဒီအထဲမှာ ထာဝရ ဧကရာဇ်ရဲ့ အမွေခံ ဉာဏ်ပညာတွေ ပါနေတာလား...”

ဝေ့ဝူယင် အဂ္ဂိရတ် သင်္ကေတကို စူးစိုက် ကြည့်ရင်း ဝမ်ယုထျန်းကို မေးလိုက်သည်။

“ဟမ်... ဪ... အင်း... ဟုတ်တယ်”

လူအိုကြီးမှာ စိတ်ကို တည်ငြိမ်အောင် ကြိုးပမ်းနေရလေရာ စကားလုံးများပင် အနည်းငယ် ရောထွေး သွားခဲ့သည်။ သူ့ အဖြစ်ကို သူ သဘောပေါက်လိုက်မိသော အခိုက်၌ ရှက်သွားကာ ရယ်မောလိုက်၏။ ထို့နောက် ရွှင်မြူးသော လေသံဖြင့်...

“ဒီအထဲမှာ သူ့ရဲ့ အံ့ဖွယ် ခုနစ်ပါး အကြောင်း ထိုမြင်း သိမြင်ဉာဏ်တွေ ပါဝင်နေတယ်... ပြောရမယ် ဆိုရင် သူ့ရဲ့ အစောပိုင်း လောကရှန့်ထို အဆင့် အသိပညာတွေပေါ့လေ”

“ဪ”

ဝေ့ဝူယင် အနည်းငယ် စိတ်ပျက်သွားမိသည်။ အံ့ဖွယ် ခုနစ်ပါး အကြောင်းကို သူ နားလည်ခဲ့ပြီး ဖြစ်ပေသည်။ ဝေ့ဝူယင် အခြား အလင်းလုံးလေးများကို လိုက်၍ ကြည့်လိုက်၏။

***

All Chapters