← Chapters

ထာဝရ သရဖူ အခမ်းအနား (၂)

Vol. 114 Ch. 1588

ထာဝရ သရဖူ အခမ်းအနား (၂)

Vol. 114 Ch. 1588

ဝမ်ယုထျန်း ရှင်းပြခဲ့သည့် အတိုင်းပင် ထာဝရ သရဖူ အခမ်းအနားကို အဓိက ရည်ရွယ်ချက် သုံးခုအဖြစ် ခွဲခြားနိုင်သည်။ ထာဝရ သရဖူ အခမ်းအနားမှာ ‘ထာဝရ သရဖူ’ ဟု ခေါ်သည့် အဓိက အမွေအနှစ်ကို ဆောင်ကျဉ်းရန် ဖြစ်သည်။ ၎င်းကို နေရာအနှံ့အပြားတွင် အပိုင်းအစ ခုနစ်ခုအဖြစ် ပိုင်းခြားထားသည်။

ထာဝရ သရဖူ အခမ်းအနား၏ အဓိက ရည်ရွယ်ချက်မှာ ‘ပြီးပြည့်စုံသည့်’ ထာဝရ သရဖူကို ရယူရန် ဖြစ်ပြီး ထိုနေ့၏ အရုဏ်တက်ချိန်တွင် အခမ်းအနားပလ္လင် အလယ်ဗဟို၌ သရဖူကို ဆောင်းရန် ဖြစ်သည်။ ထိုအခါမှသာလျှင် အောင်နိုင်သူမှာ ရွေးချယ်ခံ ဧကရာဇ်အဖြစ် ကြေညာခြင်း ခံရမည် ဖြစ်သည်။

အပိုင်းအစ ခုနစ်ခု...

သို့သော် သရဖူ တစ်ခုတည်း...

ဧကရာဇ် တစ်ပါးတည်း...

၎င်းသည် အမှန်တကယ်ပင် ရိုးရှင်းသည်။ သို့သော် အခမ်းအနားတွင် အလွန်အမင်း ရှုပ်ထွေးသော အပိုင်း တစ်ခု ရှိသည်။ ၎င်းမှာ ရည်ရွယ်ချက် တစ်ခုချင်းစီကို ရရှိရန် အတွက် အခြေအနေများဖြစ်သည်။ ၎င်းမှာ သွေးထွက်သံယို အခြေအနေများ၊ ကြမ်းတမ်းသည့် သတ်ဖြတ်မှုများ၊ ထင်ရှားသည့် အခက်အခဲများဖြင့် ပြည့်နှင်နေသည်။

ဝမ်ယုထျန်းမှာ အမျိုးမျိုးသော ကန့်သတ်ချက်များကြောင့် စည်းမျဉ်းများကို ဝေ့ဝူယင်အား အသေးစိတ် ပြောပြနိုင်ခြင်း မရှိခဲ့ပါချေ။ သို့သော် အဓိကအားဖြင့် အပိုင်းအစ ခုနစ်ခုကို ရယူခြင်း၏ ပထမဆုံးသော အဆင့်တွင်ပင် ကြောက်မက်ဖွယ် အခက်အခဲ သုံးခု ရှိနေခဲ့ပေသည်။

ပထမဆုံး အနေဖြင့်... သရဖူ အပိုင်းအစ တစ်ခုချင်းစီကို ရွေးချယ်ခံ စောင့်ကြပ်သူ တစ်ဦးက စောင့်ရှောက်သည်။ သူတို့မှာ မိစ္ဆာ စောင့်ကြပ်သူများနှင့် အလွန်ပင် တူညီပေသည်။ သရဖူ အပိုင်းအစ တစ်ခုချင်းစီမှာ ရှာဖွေရ လွယ်ကူသည့် ဧရိယာများတွင် ရှိမနေကြပဲ အဆက်မပြတ် ရွေ့လျားလို့ နေသည်။

ရွေးချယ်ခံ စောင့်ကြပ်သူများမှာ ဖုံးကွယ်ခြင်း နည်းလမ်းများကို အလွန်အမင်း ကျွမ်းကျင်ရုံမျှသာ မကပဲ လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း အခြေခံများကိုလည်း ပိုင်ဆိုင်ထားကြသည်။ သူတို့ကို အခြား လျှို့ဝှက် ကြယ်တာရာ အဆင့်များ ပင်လျှင် ရှာဖွေဖို့ ခက်ခဲလိမ့်မည် ဖြစ်သည်။

ရွေးချယ်ခံ စောင့်ကြပ်သူများကို ရှာတွေ့ခဲ့လျှင်ပင်... သူတို့မှာ သရဖူ အပိုင်းအစကို ကျင့်ကြံခြင်း အခြေခံ၊ အသိစိတ် ပင်လယ်၊ သွေးကြောများနှင့် ပေါင်းစပ်ထားလေရာ ရယူရန် နည်းလမ်း တစ်ခုတည်းသာ ရှိသည်။ သူတို့၏ အေးခဲနေသည့် အလောင်းပေါ်မှ ရယူရန်ပင်။ ဤသည်က ပထမဆုံးသော အခက်အခဲ ဖြစ်သည်။

ထာဝရ သရဖူ အပိုင်းအစကို ရရှိပြီးနောက်တွင် သင့်အနေဖြင့် ၎င်းကို လုံခြုံစွာ သယ်ဆောင်ကာ အခြား တစ်ခုကို လိုက်လံ ရှာဖွေမည်ဟု တွေးနေပါသလား။ ထိုသို့ဆိုလျှင် သင်အကြီးအကျယ် မှားလေပြီ။ အဘယ်ကြောင့်နည်း။ ၎င်းမှာ မိုင်ပေါင်း တစ်ထောင် အကွာအဝေးမှ မြင်နိုင်သည့် သက်တံ့ရောင် အလင်းရောင်စဉ်များကို ထုတ်လွှတ်လာလိမ့်မည် ဖြစ်သောကြောင့်ပင်။ ၎င်းက တည်နေရာကို အဆက်မပြတ် ဖော်ပြနေလိမ့်မည် ဖြစ်သည်။

၎င်းကို ရပ်တန့်ရန် နည်းလမ်း တစ်ခုတည်းသာ ရှိပေသည်။ သရဖူ အပိုင်းစအစကို ကျင့်ကြံခြင်း ဝိညာဉ်နှင့် ပေါင်းစပ်ကာ ကိုယ်တိုင် ရွေးချယ်ခံ စောင့်ရှောက်သူ တစ်ယောက် အဖြစ် ပြောင်းလဲ လိုက်ခြင်းပင် ဖြစ်သည်။ ဤသည်မှာ ဒုတိယ အခက်အခဲ ဖြစ်သည်။

တတိယမြောက် အခက်အခဲကတော့ ထာဝရ သရဖူ အပိုင်းအစကို ဟင်လင်းပြင် လက်စွပ် အတွင်း ထည့်သွင်း သိမ်းဆည်းလို့ မရခြင်း ဖြစ်သည်။ ရှန့်ထို လက်စွပ်များ ပင်လျှင် ချွင်းချက် မရှိပါချေ။ ၎င်းမှာ အကြီးစား အရွယ် ဂြိုဟ်တစ်လုံးနှင့် ယှဉ်နိုင်သည် အထိ လေးလံသည်။

ဂြိုဟ်တစ်လုံးကို ဖျက်ဆီးရသည်မှာ လွယ်ကူသည်။ ဖန်တီးဖို့ အတွက်လည်း လုံလောက်သည့် အချိန်နှင့် ရင်းမြစ်များ ရှိလျှင် မခက်ခဲပါချေ။ သို့သော်လည်း... အကြီးစား အရွယ် ဂြိုဟ်တစ်လုံးကို ခန္ဓာနှင့် တစ်ချိန်လုံး တစ်ပါတည်း သယ်ဆောင် သွားရသည်ကတော့ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ပင် ချွေးပျံလောက်သည့် အရာ ဖြစ်သည်။ ကျင့်ကြံခြင်း ဝိညာဉ်နှင့် သန့်စင်လိုက်မည် ဆိုလျှင်ပင် ထိုအလေးချိန်က ပျောက်ကွယ်သွားလိမ့်မည် မဟုတ်ပါချေ။

သရဖူ အပိုင်းအစများကို ရယူနိုင်ရန် ခွန်အား တစ်ခုတည်းကို အားကိုးလို့ မရပဲ ဗျူဟာများနှင့် အစီအစဉ်များမှာလည်း များစွာ အရေးပါပေသည်။

ဒုတိယ အဆင့် ဖြစ်သည့် ထာဝရ သဖူကို တစ်သားတည်း ပေါင်းစပ်ခြင်း အဆင့်ကိုလည်း အလားတူပင် အလွှာသုံးခု ခွဲခြားထားပေသည်။

အကယ်၍ သင့်အနေဖြင့် သတ်မှတ်ထားသည့် အချိန်အတွင်း အပိုင်းအစ အားလုံးကို ရရှိခဲ့လျှင်ပင် ၎င်းကို သရဖူ အဖြစ် တစ်ခါတည်း ပေါင်းစပ်နိုင်လိမ့်မည် မဟုတ်ပါချေ။ ၎င်းတို့ အတွင်း အဂ္ဂိရတ် စွမ်းအင်များကို သတ်မှတ်ထားသည့် ပမာဏ တစ်ခု ရောက်အောင် လောင်းထည့်ဖို့ အဂ္ဂိရတ် ပညာရှင် တစ်ဦး သို့မဟုတ်... ထိုထက် ပိုမို များပြားသည့် အဂ္ဂိရတ် ပညာရှင်များကို လိုအပ်ပေသည်။

လုပ်ငန်းစဉ်၏ အမြန်နှုန်မှာ လောင်းထည့် ပမာဏ တစ်ခုတည်း အပေါ် မူတည်နေခြင်း မဟုတ်‌ချေ။ အပိုင်းအစ တစ်ခုချင်းစီကို ဆေးဖော်စပ်ရန် ရင်းမြစ် တစ်ခု အဖြစ် သတ်မှတ်နိုင်ပေသည်။ ထာဝရ သရဖူမှာ နောက်ဆုံးသော ထုတ်ကုန် ဖြစ်ပေသည်။ ရွေးချယ်ခံ၏ ခန္ဓာကိုယ်နှင့် ဝိညာဉ်တို့ကတော့ ဆေးအိုး ဖြစ်ပေလိမ့်မည်။

ထာဝရ သရဖူ၏ အပိုင်းအစ တစ်ခုချင်းစီကို အဂ္ဂိရတ် တာအို၏ လမ်းစဉ် တစ်ခုချင်းစီဖြင့် မွမ်းမံ စီစဉ်ထားသည်။ အဂ္ဂိရတ် ပညာရှင် တစ်ဦးချင်းစီမှာ သက်ဆိုင်ရာ အပိုင်းအစ၏ ဂုဏ်သတ္တိများတွင် ကျွမ်းကျင်ရမည် ဖြစ်ပြီး လုံလောက်မှု မရှိပါက ၎င်းကို ဖြည့်ဆည်းရန် အဂ္ဂိရတ် ပညာရှင် များစွာ လိုအပ်လိမ့်မည် ဖြစ်ပေသည်။ ဤသည်က ပထမ အခက်အခဲ ဖြစ်သည်။

ထာဝရသရဖု အခမ်းအနား ကျင်းပရာ ကျယ့်ပြန်သည့် လောကနယ်မြေကြီး အတွင်းတွင် များလှစွာသော ကုဗ သဏ္ဌာန်၊ ပိရမစ် သဏ္ဌာန် သို့မဟုတ်လည်း စက်ဝိုင်း သဏ္ဌာန် အရာဝတ္ထုများစွာ ပြန့်ကျဲနေလိမ့်မည် ဖြစ်သည်။ ၎င်းတို့ကို အာရုံခံဖို့ လုံးဝ မဖြစ်နိုင်ချေ။ ထိုအရာက လောကရှန့်ထိုများ အတွက်ပင် မဖြစ်နိုင်သည့် အလုပ်တစ်ခု ဖြစ်ပေလိမ့်မည်။ ထိုအရာဝတ္ထုများထဲတွင် အမျိုးအစား နှစ်ခု အနက်မှ တစ်ခု ပါဝင်ပေလိမ့်မည်။

အဂ္ဂိရတ် ပညာရှင် တစ်ယောက်နှင့် မိစ္ဆာ စောင့်ကြပ်သူ တစ်ယောက်ပင်။

မိစ္ဆာ စောင့်ကြပ်သူ၏ ရည်ရွယ်ချက်ကတော့ ရှင်းသည်။ မည်သူ့ကို မဆို သတ်ဖြတ်ရန်ပင်။ သူတို့မှာ အနည်းဆုံး လျှို့ဝှက် ကြယ်တာရာ အဆင့် ကျင့်ကြံခြင်း အခြေခံကို ပိုင်ဆိုင်ထားကာ တစ်ခါကဆိုလျှင် သေမျိုးတစ်ပိုင်း အရှင်အဆင့် တစ်ယောက်ကိုပင် စေလွှတ်ပေးခဲ့ဖူးသည်။ သူက ရွေးချယ်ခံများစွာကို မကြုံစဖူး သတ်ဖြတ်ခဲ့ဖူးပေသည်။

ထိုလှောင်အိမ် တစ်ခုချင်းစီကို ဖွင့်ရန် အတွက်လည်း လိုအပ်ချက်များ ရှိပေသည်။ ထိုလိုအပ်ချက်များက အမြဲတမ်း တသမတ်တည်း မရှိချေ။ ထာဝရ သရဖူ အပိုင်းအစ တစ်ခုကို ယူဆောင်ရန် လိုအပ်ခြင်း မှ အစ ယင်အော်ရာများ ထည့်သွင်းပေးရန် လိုအပ်ချက် ကဲ့သို့ ရိုးရှင်းသည့် အရာများ အထိ များစွာ ပါဝင်ပေသည်။

လှောင်အိမ်များ၏ ခံနိုင်ရည်မှာ သေမျိုးတစ်ပိုင်း အရှင် အဆင့်များ၏ လျှို့ဝှက် အကာအကွယ်များနှင့်ပင် ယှဉ်နိုင်‌လေရာ အင်အားသုံး ချိုးဖျက်ရန်မှာ အလွန်ပင် ခက်ခဲသည်။ ထို့အပြင်... အင်အားသုံး ဖျက်ဆီးလိုက်ပါက အတွင်းရှိ အဂ္ဂိရတ် ပညာရှင်များ ဆက်လက် အသက်ရှင်နိုင်၊ မရှင်နိုင် မည်သူ သိပါမည်နည်း။ ဤသည်က ဒုတိယ အခက်အခဲ ဖြစ်သည်။

ထာဝရ သရဖူကို ပေါင်းစည်းခြင်း အဆင့်တွင် လူများမှာ မကြာခဏ ဆိုသလို တတိယမြောက် အခက်အခဲကို မေ့လျော့ နေလေ့ ရှိကြသည်။ အမှန်တကယ်အားဖြင့် ၎င်းကို ထာဝရ သရဖူ အခမ်းအနား၏ အခက်အခဲဆုံး အပိုင်းဟုပင် တင်စားနိုင်ကြသည်။

အပိုင်းအစ တစ်ခုချင်းစီကို ပေါင်းစည်းလိုက်တိုင်း သရဖူ၏ အလေးချိန်က နှစ်ဆ တိုးလာသည်။ အပိုင်းအစ တစ်ခုမှာ အကြီးစား အရွယ် ဂြိုဟ်တစ်ခုလောက် လေးကြောင်း အားလုံး သိရှိပြီး ဖြစ်လာသည်။ နှစ်ခု လောက်ပေါင်းလိုက်သော အခါ နှစ်ဆ ဖြစ်လာသည်။ သုံးခုပေါင်းသော် နောက်ထပ် နှစ်ဆတိုး၍ လေးဆ ဖြစ်လာသည်။ နောက်ဆုံး ခုနစ်ခုမြောက်သို့ ရောက်သည် အထိ အလေးချိန်က ထိုကဲ့သို့ ဆတိုး တိုးသွားသည်။

ထာဝရ သရဖူ အခမ်းအနား၏ နောက်ဆုံးရည်ရွယ်ချက်ကတော့ သရဖူ ဆောင်းရန်ပင် ဖြစ်သည်။ ထိုအခါမှသာ အသွေး၊ အသား၊ အရိုးများနှင့် ရင်းနှီး၍ တိုက်ပွဲဝင်ခဲ့သည့် ရှည်လျားသော ခရီးလမ်းကြီး ပြီးဆုံးကာ ရွေးချယ်ခံ ဧကရာဇ် ပြိုင်ပွဲ၏ အစစ်အမှန် ရွေးချယ်သူ ဖြစ်လာလိမ့်မည် ဖြစ်သည်။

သို့သော်လည်း ၎င်းအား ခေါင်းပေါ် မတင်ခင် အနည်းဆုံး ခုနစ်နာရီကြာအောင် စောင့်ဆိုင်းရမည် ဖြစ်သည်။ သို့မှသာ... ထာဝရ သရဖူကို ဆောင်းနေစဉ် အတွင်း မလိုလားအပ်သည့် အကျိုးဆက်များ ဖြစ်ပေါ် မလာမှာ ဖြစ်ပေသည်။ ထို့အပြင် သရဖူကို မိမိကိုယ်တိုင် ဆောင်း၍ မရချေ။ အခမ်းအနား အစီအရင်ကို အသက်သွင်းနိုင်ရန် လုံလောက်သည့် အရည်အချင်း ရှိသည့် အဂ္ဂိရတ် ပညာရှင် တစ်ဦးက ကိုယ်တိုင်ကိုယ်ကျ ခေါင်းပေါ် တင်ပေးနိုင်ရန် လိုအပ်သည်။

ထို့မတိုင်ခင်... အခမ်းအနား ပလ္လင်ကို အရယူထားဖို့လည်း လိုအပ်သည်။ ပထမ ရည်ရွယ်ချက် နှစ်ခုနှင့် ခြားနားစွာပင် ဤတတိယမြောက် ရည်ရွယ်ချက်တွင် ရှုပ်ထွေးမှု များစွာ ရှိပေသည်။

ထာဝရ သရဖူ အခမ်းအနားတွင် ယေဘုယျအားဖြင့် ရိုးရှင်းသည့် စည်းမျဉ်းအနည်းငယ်သာ ရှိသည်။

ပထမ တစ်ချက်... ၎င်းအတွက် အချိန်ကန့်သတ်ချက်မှာ ရှစ်ဆယ့်တစ်ရက်ဖြစ်သည်။

ဒုတိယ တစ်ချက်... ပြိုင်ပွဲမပြီးမချင်း ထွက်ခွာခြင်းကို တားမြစ်ထားသည်။

တတိယ တစ်ချက်... အဂ္ဂိရတ် ပညာရှင်များပင် အကာအကွယ် ရလိမ့်မည် မဟုတ်‌ချေ။ ဤနေရာတွင် သတ်ဖြတ်ခြင်း အတွက် ပြစ်ဒဏ်များ မရှိပါချေ။

စတုတ္ထ တစ်ချက်... အသက် ငါးရာကျော်သည့် ပြင်ပ အဖွဲ့အစည်းများထံမှ တိုက်ခိုက်ရေး အဆောင် လက်ဖွဲ့များ၊ ဝိညာဉ် ပုံရိပ်ယောင် ကဲ့သို့ ပြင်ပ အကူအညီများကို တားမြစ်ထားသည်။ ၎င်းကို ချိုးဖောက်ပါက သေဆုံးသည် အထိ ပြစ်ဒဏ်ချမှတ်ခံရနိုင်သည်။

တစ်ခါတုန်းက အလွှာအပြင်က လောကမှ လျှို့ဝှက် အရှင်သခင် တစ်ဦးသည် မိစ္ဆာ စောင့်ကြပ်သူ တစ်ယောက်၏ လက်တွင် သေဆုံးလုနီးပါး ဖြစ်နေခဲ့သည့် သူ့ ချစ်ရသော မိန်းကလေးကို ကယ်တင်ရန် ထိုစည်းမျဉ်းကို ချိုးဖောက်ခဲ့သည်။ ထိုလျှို့ဝှက် အရှင်သခင်ထံတွင် သူမကို အခမ်းအနား ကျင်းပရာ နေရာမှ ခေါ်ထုတ်သွားနိုင်သည့် အစွမ်းလည်း ရှိခဲ့သည်။

သို့သော်လည်း... နှစ်ဆယ့်လေးနာရီ မပြည့်မီတွင်ပင် သူ၏ အလောင်းကို အဇူရာ ကြယ်စင်စု၏ တစ်နေရာ၌ ပြန်လည်၍ တွေ့ခဲ့ရသည်။

နောက်ပိုင်းတွင် သူ၏ ပုံပြင်ကို “နွားအို မြက်နုကြိုက်”၊ “သမင်ပျိုလေးအား ချစ်မိသည့် မိုက်မဲသော အဘိုးအို” စသည်ဖြင့် အမျိုးမျိုး ရည်ညွှန်းခဲ့ကြသည်။

လျှို့ဝှက် အရှင်သခင် သေဆုံးခဲ့ရပြီး နောက်တွင် သူ ချန်ထားခဲ့သည့် အမွေအနှစ် တစ်ခုလုံးမှာ အချိန်ကလေး အတွင်းမှာပင် အဆုံးသတ် သွားခဲ့ရသည်။ သူ၏ မျိုးဆက် မိသားစုဝင်များမှာလည်း ကြီးစွာသော ကပ်ဘေးများနှင့် ရင်ဆိုင်ခဲ့ကြရသည်။ သူတို့ အားလုံး အသတ်ခံခဲ့ရသည် ဆိုသည့် ကောလဟလများ ရှိသလို အန္တရာယ်များသည့် သတ္တု တူးဖော်ရေး စီမံကိန်းများတွင် သေဆုံးသည့် နေ့အထိ ကျွန်အဖြစ် ဖမ်းဆီးခံခဲ့ရသည် ဆိုသည့် တီးတိုးပြောဆိုမှုများလည်း ရှိခဲ့သည်။

ထိုအဖြစ်အပျက်သည် လွန်ခဲ့သော နှစ်လေးထောင်ကျော်က ဖြစ်ပေသည်။

***

All Chapters