နေရာအနှံ့မှ ဖြစ်ရပ်များ
Vol. 114 Ch. 1592
ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေး၏ မီးကျွမ်းနေသည့် အလောင်းနံ့မှာ လေထု အတွင်း မနှစ်မြို့ဖွယ် လောင်ကျွမ်းနေသည်။ ရွှေဖုန်းပေါင်မှာ သူမ၏ နှလုံးသားကို အမိအရ သိမ်းပိုက် နိုင်ခဲ့သော်လည်း လျှို့ဝှက် ဝိညာဉ်ကတော့ အာရုံမခံနိုင်သည့် ဦးတည်ရာ တစ်ခုကို ထွက်ခွာ သွားခဲ့ပြီ ဖြစ်သည်။
လျှို့ဝှက်တာအိုကို အာရုံမခံနိုင်ခြင်းမှာ လျှို့ဝှက် အာဏာရှင် အဆင့် တစ်ဦးနှင့် ရင်ဆိုင်ရသည့် သေမျိုး တစ်ဦး၏ အဓိက အားနည်းချက် ဖြစ်သည်။ မည်သို့ပင် ဆိုစေ... မိန်းကလေးထံမှ ရှန့်ထို လက်စွပ် တစ်ကွင်းကိုတော့ သူ ရရှိလိုက်ပေသည်။ သူ ၎င်းကို ကောက်ယူကာ အတွင်းရှိ အရာများကို စစ်ဆေး ကြည့်လိုက်၏။ အံ့မခန်း တန်ဖိုး မြင့်မားသော ပစ္စည်း အချို့ ရှိနေသည်ကို တွေ့လိုက်ရသော အခိုက်၌ သူ တုန်လှုပ် ခြောက်ခြား သွားခဲ့သည်။
သို့သော်လည်း... ရွှေဖုန်းပေါင် မသိလိုက်သည့် အရာကား မိန်းကလေးမှာ အလွှာအပြင်က လောကမှ ကောင်းချီးခံ တစ်ယောက် ဖြစ်ကာ၊ ထိုလက်စွပ်မှာ သူမ၏ ဘဝ တစ်သက်တာလုံး ကြိုးပမ်း အားထုတ် ခဲ့သမျှနှင့် ကံကြမ္မာတို့ ဖြစ်နေခြင်းပင် ဖြစ်လေသည်။
မိန်းကလေးမှာ သူမ ထွက်ပြေးသွားခြင်းကို ရွှေဖုန်းပေါင် သတိ မထားမိစေရန် အတွက် ၎င်းကို အတင်းအကြပ် ချန်ထားဖို့ ဆုံးဖြတ်ခဲ့ရသည်။ ရန်သူ အနည်းငယ် အာရုံ ပျံ့လွင့် သွားချိန်တွင် သူမ ထိုအခွင့်အရေး ရခဲ့ခြင်းကပင် ကံကောင်းလှသည်ဟု ဆိုနိုင်ပေသည်။
“ရွှေဖုန်းပေါင်က ငါ့ရဲ့ ဖုံးကွယ်ထားတဲ့ ကမ္မ လွှမ်းမိုးမှု အောက်မှာ ရှိနေတာ... ဒါတောင် သူက လွတ်မြောက်ခဲ့တယ် ဆိုတော့ ကြည့်ရတာ ကောင်းကင် တာအိုက ရုတ်တရက် အခြေအနေတွေ အတွက် အမြဲတမ်း ကြိုတင် ပြင်ဆင် ထားတဲ့ပုံ ရတယ်”
ဝေ့ဝူယင် တွေးလိုက်မိ၏။ ကောင်းကင်တာအို၏ အဝေး မြင်နိုင်စွမ်းက အမြဲတမ်း ထူးခြားလွန်းလှသလို သူ ခံစားရသည်။ ၎င်းမှာ ကောင်းချီးခံများ အတွက် အာဏာရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံနိုင်ချေကိုပါ ကြိုတင် တွက်ချက်ထားသည်လား။ ထို့ကြောင့်ပင် မိန်းကလေးမှာ ရွှေဖုန်းပေါင်နှင့် စတွေ့ကတည်းက အလွန် သတိကြီး နေခြင်းလော။
ကောင်းကင်တာအို၏ လျှို့ဝှက်ချက်များ အကြောင်း တွေးတောနေစဉ် အတောအတွင်း၌ ဝေ့ဝူယင်၏ သူငယ်အိမ်များ အတွင်းတွင် ငွေရောင်နှင့် ရွှေရောင် အလင်းမှုန်များ ကူးခပ် နေခဲ့သည်။ ၎င်းတို့မှာ ကြည်လင်သည့် ရေကန် အတွင်း ကူးခပ်နေသည့် ယင်နှင့်ယန် ငါးများလိုပင်။ သို့သော်လည်း... အလင်းမှုန်များမှာ လျှင်မြန်စွာပင် ပြန်လည် ပျောက်ကွယ်သွားခဲ့၏။
ဝေ့ဝူယင် မေးစေ့ကို ပွတ်သပ်လိုက်သည်။
“တစ်ချိန်တုန်းက ကောင်းကင်တာအိုရဲ့ လျှို့ဝှက်ချက်ကို ကြည့်ဖို့ ငါ အတော်လေး သတ္တိရှိခဲ့တာပဲ... အဲဒီတုန်းက ကပ်ဘေးတစခု ကျလုနီးပါး ဖြစ်ခဲ့ပေမဲ့ ငါ အသက်ရှင်ခဲ့တယ်..”
ထိုနေ့တုန်းက ဝေ့ဝူယင် ယွမ်လုံရှီကို သတ်ဖြတ်ခဲ့ကာ ကောင်းကင်တာအိုနှင့် ပတ်သက်သည့် ထိုးထွင်း သိမြင်ဉာဏ်များ ရရှိခဲ့သည်။ နှစ်ပေါင်းများစွာကြာအောင် ထိပ်တိုက် တွေ့ဆုံမှုများ၊ စမ်းသပ်မှုများနှင့် သုတေသနများ ပြုလုပ်ခဲ့ပြီး နောက်တွင် ဝေ့ဝူယင် ၎င်းနှင့် ပိုမို၍ ရင်းနှီးလာခဲ့သည်။
“ဝမ်မင်ယာ အတွက် ငါ စိတ်ကူး တစ်ခု ရပြီ...”
ဝေ့ဝူယင် ရေရွတ်လိုက်သည့် အခိုက်တွင်ပင် ဧဒင် စာကြည့်တိုက် အတွင်းရှိ ဒုတိယမြောက်စိတ်၏ လှုပ်ရှားမှုများမှာ ရပ်တန့်သွား၏။ သူ၏ မျက်လုံးများက မယုံကြည်နိုင်စရာ ကောင်းလောက်အောင် အံ့မခန်း တောက်ပလာကာ ဧဒင်စာကြည့်တိုက် တစ်ခုလုံးပင် တောက်ပသည့် အလင်းတန်းများနှင့် လွှမ်းခြုံ ပေါက်ကွဲ ထွက်လာခဲ့တော့သည်။ ထို့နောက်တွင်တော့ ၎င်းမှာ အဖြူရောင် စာလိပ် တစ်လိပ်ကို ထုတ်ယူကာ စာလုံးပေါင်းများစွာကို စတင် ရေးသားတော့သည်။
ဝေ့ဝူယင် ရွှေဖုန်းပေါင်ဘက်သို့ လှည့်လိုက်၏။ မီးလမ်းစဉ်၏ ကလေးငယ်မှာ ကုဗတုံးကို စူးစမ်းစွာ ကြည့်နေခဲ့သည်။ သူ၏ မျက်လုံးများမှာ ညကောင်းကင် ကဲ့သို့ပင် လှပစွာ လင်းလက် နေခဲ့သည်။
“အထဲမှာ ရှိနေတာလား အရှင်ဝေ့...”
ရွှေဖုန်းပေါင်က စိတ်မသက်မသာ အမူအရာမျိုးဖြင့် မေးလိုက်၏။ ကုဗတုံး အတွင်းပိုင်းကို သူ ရှင်းလင်းစွာ မြင်နိုင်စွမ်း မရှိပါချေ။
ဝေ့ဝူယင် ပြုံးလိုက်မိသည်။ ရွှေဖုန်းပေါင်မှာ အမှားတစ်ခုကို ကျူးလွန်ပြီးနောက်တွင် အနည်းငယ် ထိတ်လန့် နေသည့်ပုံ ရသည်။ ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးမှာ ခန္ဓာကိုယ်နှင့် ပိုင်ဆိုင်မှုများကို ဆုံးရှုံးခဲ့ရသည့်တိုင် မပျက်စီးသေးသည့် ကျင့်ကြံခြင်း အခြေခံနှင့် အတူ ထွက်ပြေး လွတ်မြောက်ခဲ့သည်။ သို့သော်လည်း... သူမအား ထိုကဲ့သို့ အခွင့်အရေး ရရှိအောင် သူ ကိုယ်တိုင် ပေးလိုက်ခြင်း ဖြစ်သည်။ ရွေးချယ်ခံ တစ်ချို့က ထိတ်လန့်တကြားဖြင့် သူ ဖြန့်ကျက်ထားသည့် လောကနယ်မြေကို တိုက်ခိုက်လာချိန်တွင် ရွှေဖုန်းပေါင် အနည်းငယ် အာရုံပျံ့လွင့်သွားခဲ့ခြင်း ဖြစ်ပေသည်။
အကယ်၍ ဝေ့ဝူယင်သာ ထိုအရာကို တွေ့မြင်ခဲ့ပါက မည်ကဲ့သို့ ဆုံးဖြတ်မည်ကို သူ မသိနိုင်ချေ။ ကုဗတုံးကို တစ်ခဏမျှ စစ်ဆေးပြီးနောက် ရွှေဖုန်းပေါင် သက်ပြင်းချလိုက်၏။ အာဏာရှင် အင်ပါယာမှာ ထိုကုဗတုံးလေး အတွင်းတွင်တော့ ကိုယ့်ကိုယ်ကို ပိတ်မိခံနေလိမ့်မည် မဟုတ်ပါချေ။
စိတ်သက်သာရာ ရအောင် လိုရာဆွဲ တွေးလိုက်ပြီးနောက် ရွှေဖုန်းပေါင် ပေါ့ပေါ့ပါးပါး ပြုံးလိုက်၏။
“ဘာပဲ ဖြစ်ဖြစ်... ငါ သူ့ကို ရအောင် လိုက်ရှာမယ်...”
သူက ယုံကြည်ချက် ရှိစွာ ဆိုလိုက်သည်။ ထို့နောက် ဆေးလုံးတစ်လုံးနှင့် ဆေးရည်တစ်ပုလင်ူကို ထုတ်ယူကာ သောက်လိုက်သည်။ ဆေးအနှစ်လို ထုတ်ကုန် တစ်ခုကိုတော့ လျှာအောက်တွင် ထားလိုက်၏။ မကြာခင်မှာပင် အဂ္ဂိရတ် စွမ်းအင်လှိုင်းများမှာ သူ့ စိတ်၊ ရုပ်နှင့် ဝိညာဉ်တို့ကို ပြန်လည် လွှမ်းခြုံ လာခဲ့သည်။ ရွှေဖုန်းပေါင် အသက်ရှူနှုန်းကို ထိန်းချုပ်ရန် စက္ကန့် အနည်းငယ်စာလောက် အချိန်ယူ လိုက်ရ၏။ ထို့နောက်တွင်တော့ သူ၏
အကယ်၍ လောကသခင် အဆင့် ကျင့်ကြံသူ တစ်ဦးက သာလွန်ခြင်း အရည်အသွေး ရှိသည့် အဆင့်ကိုး အဂ္ဂိရတ် ထုတ်ကုန် သုံးခုကို ဆက်တိုက်ဆိုသလို သန့်စင် ပစ်ခဲ့ကြောင်း သတင်းသာ ပျံ့နှံ့သွားပါက ချိပ်ပိတ်နယ်မြေ တစ်ခုလုံး ဖော်ပြ၍ မရအောင် မငြိမ်သက် ဖြစ်သွားလိမ့်မည် ဖြစ်ပေသည်။
ရွှေဖုန်းပေါင် ကုဗတုံးကို မှီရင်း ငြိမ်သက်စွာ စဉ်းစား နားယူ နေခဲ့၏။
“သူက နည်းနည်းတော့ ချစ်စရာလေး...”
ထိုကဲ့သို့ ပြောပြီးနောက် သူ ကုဗတုံးကို တစ်ချက် ပြန်ကြည့်လိုက်သည်။ အာဏာရှင် အင်ပါယာ ထိုနေရာတွင် ရှိမနေကြောင်း သေချာစေရန် ခေါင်းတစ်ချက် ညိတ်လိုက်ကာ နောက်တစ်ကြိမ် အတည်ပြုလိုက်ပြီး နောက်တွင်တော့ ရွှေဖုန်းပေါင်မှာ တည်ငြိမ်သည့် ခြေလှမ်းများနှင့် အတူ ထိုနေရာမှ ထွက်ခွာ သွားခဲ့တော့သည်။
ဝေ့ဝူယင် ထိုလူငယ်ကို ကြည့်ရင်း ခေါင်းကိုသာ တွင်တွင်ခါမိတော့သည်။ မီးလမ်းစဉ်၏ ချစ်မြတ်နိုးခြင်း ခံရသည့် ထိုကလေးငယ်မှာ မီးကဲ့သို့ပင် ခန့်မှန်းရ ခက်ခဲလှသည်။ သို့စေကာမူ... ကောင်းကင် မျိုးနွယ်ဝင် မိန်းကလေးကို ရွှေဖုန်းပေါင် ရှာတွေ့မည် ဖြစ်ကြောင်း သူ သံသယ မရှိပါချေ။ သို့သော်လည်း ရွှေဖုန်းပေါင်၏ နောက်ဆုံး မှတ်ချက်ကတော့ အနည်းငယ် စိုးရိမ်ဖွယ်ရာ ဖြစ်သည်။
“ဒီထာဝရသရဖူ အခမ်းအနားမှာ အနိဋ္ဌာရုံတွေ အများကြီးပဲ...”
ဝေ့ဝူယင် ကောင်းကင်ဘုံ နတ်မျက်လုံးများနှင့် အတူ လောကနယ်မြေ အတွင်း ဖြစ်ပျက်နေသည့် အကြောင်းအရာ မှန်သမျှကို မြင်တွေ့ နေရသည်။ သူ သတိပြုမိသည့် အဖြစ်အပျက် အများစုမှာ အလွှာ အပြင်က လောကသားများ သူ၏ အာဏာရှင် အဖွဲ့ဝင်များနှင့် တွေ့ဆုံနေခြင်းပင် ဖြစ်သည်။
...
မိုင်ပေါင်း နှစ်သောင်း နှစ်ထောင်ခန့်မျှ အကွာတွင် ရွှေရောင်ကိုင်း မျက်မှန်ကို တပ်ထားသည့် အယ်ဗန် မျိုးနွယ်ဝင် တစ်ဦးမှာ ဒဏ်ရာများစွာ ရရှိထားသည့် ကျင့်ကြံသူ သုံးဦးကို ဒူးထောက်ခိုင်းထား၏။ သူတို့က ယောက်ျား နှစ်ဦးနှင့် မိန်းမ တစ်ဦးတို့ ဖြစ်ကာ တိုက်တိုက် မျိုးနွယ်ဝင်များ ဖြစ်ကြသည်။
အရွယ်အစား သေးငယ်လှသည့် အယ်ဗန် မျိုးနွယ်ဝင် တစ်ယောက် ရှေ့တွင် ဒူးထောက်နေရသည့် သူတို့၏ ကြီးမားသော အသွင် သဏ္ဌာန် ကြီးများမှာ ပုံမှန် မဟုတ်လှသော်လည်း မည်သူ တစ်ဦးတစ်ယောက်မှ ခေါင်းမော့ရဲကြခြင်း မရှိပါချေ။ သူတို့၏ လည်ပင်း၊ ခြေလက်များနှင့် မျက်လုံးတို့တွင်တော့ ထူးဆန်းစွာ ချိပ်ပိတ်ထားသည့် အလင်းရောင်များ အဆက်မပြတ် လင်းလက် နေခဲ့လေ၏။
“ဆိုတော့ ရှင်တို့က အာဏာရှင် အင်ပါယာ ပြောတဲ့ လူမျိုးတွေပေါ့... မိန်းကလေး တရှန်းနဲ့ နည်းနည်းတော့ တူတယ်... ဒါပေမဲ့ သူက ပိုလှတယ်... အသားအရေလည်း ပိုကောင်းတယ်”
အယ်ဗန် မျိုးနွယ်ဝင် မိန်းကလေးက ဓားမြှောင်ကို လက်ဖြင့် ကျွမ်းကျင်စွာ ကစားရင်း စိတ်ဝင်စားဖြင့် ရေရွတ်လိုက်၏။ သူမ၏ အခြားလက်တစ်ဖက်တွင်တော့ ရှန့်ထိုလက်စွပ် သုံးခုကို ကိုင်ဆောင်ထားခဲ့သည်။
မိန်းကလေးမှာ ကြယ်တာရာ သခင် တစ်ယောက် ဖြစ်ပြီး သူမ၏ ရှေ့ရှိ တိုက်တန် မျိုးနွယ်ဝင်များကတော့ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံခြင်း အခြေခံများကို ပိုင်ဆိုင်ထားကြသည်။ သူတို့မှာ ဂုဏ်သိက္ခာ မြင့်မားသည့် နောက်ခံများမှ ရွေးချယ်ခံများ ဖြစ်ကြသည်။ ထို့ကြောင့်ပင်... သူတို့မှာ အလွန်ပင် ချမ်းသာကြသည်။ ထာဝရ သရဖူ အခမ်းအနား အတွင်း၌ ကျင့်ကြံသူ တစ်ဦးအား သတ်ဖြတ်ခြင်းဖြင့် သူတို့၏ ရတနာများကိုပါ ပိုင်ဆိုင်နိုင်လေရာ ထိုအရာကပင် ပြိုင်ဆိုင်မှုကို ပိုမို အရှိန်မြှင့်တင်ပေးနေခဲ့ခြင်း ဖြစ်သည်။
“ငါတို့ရဲ့ ပြိုင်ဘက် အစစ်က အလွှာအပြင်က လူတွေလို့ ကွန်မန်ဒါ ပြောခဲ့တာ အံ့ဩစရာ မရှိတော့ဘူး... ဘာပဲဖြစ်ဖြစ် ရှင်တို့ကတော့ သိပ်အသုံးမကျတဲ့လူတွေပါ”
မိန်းကလေး၏ ဓားမြှောင်က လေထဲတွင် လျှင်မြန်စွာ ရွေ့လျား သွားသည်။ ချက်ချင်းပင် ခေါင်းပြတ် တစ်လုံး မြေပြင်ပေါ် ပြုတ်ကျသွားခဲ့၏။ ၎င်းမှာ တိုက်တန်မျိုးနွယ်ဝင် မိန်းကလေး၏ ခေါင်းပင် ဖြစ်သည်။ သူမ၏ မျက်လုံးများက မယုံကြည်နိုင်မှု၊ မလိုလားမှုများနှင့် ပြူးကျယ်နေ၏။ ခေါင်းက မြေပြင်ပေါ် ဆက်လက်၍ လိမ့်သွားခဲ့သည်။ မိန်းကလေး၏ မျက်လုံးများ အတွင်းရှိ အလင်းမှာ ခဏတာမျှသာ တည်ရှိပြီးနောက် ထူးဆန်းသော သင်္ကေတများ၏ ဝါးမြိုမှုကို ခံရကာ ပျောက်ကွယ်သွားခဲ့၏။
“ငါ့မှာ မေးခွန်းတစ်ချို့ ရှိတယ်...”
မိန်းကလေးမှာ ယခုလေးတင် ရက်စက် ကြမ်းကြုတ်စွာ သတ်ဖြတ်ခဲ့သည့် လူတစ်ယောက်နှင့် ခြားနားစွာပင် တောက်ပသည့် အပြုံးတစ်ခုကို ဆင်မြန်းလိုက်၏။
“ဒါပေမဲ့ အလျင်စလိုအဖြေ မမေးကြနဲ့နော်... ဟုတ်ပြီလား”
မိန်းကလေး၏ နောက်ထပ် လုပ်ရပ်များကတော့ နတ်ဘုရားများကို ထိတ်လန့် ကြောက်ရွံ့စေကာ နတ်ဆိုးများကိုပင် တစ်သက်တာ ကိန်းအောင်းနေမည့် အိပ်မက်ဆိုးများ ခံစားသွားစေရလိမ့်မည် ဖြစ်လေတော့သည်။
သူမက အခြားလူ မဟုတ်...။ အာဏာရှင် အဖွဲ့ဝင် တစ်ယောက် ဖြစ်သည့် လီယွင်ကူးပင် ဖြစ်လေတော့သည်။
***