← Chapters

နေရာအနှံ့မှ ဖြစ်ရပ်များ (၂)

Vol. 114 Ch. 1593

နေရာအနှံ့မှ ဖြစ်ရပ်များ (၂)

Vol. 114 Ch. 1593

ဝေ့ဝူယင်၏ ကောင်းကင်ဘုံ နတ်မျက်လုံးများမှာ လီယွင်ကူး၏ လုပ်ရပ်များ အပေါ် မည်သည့် ခံစားမှုမှ မပြသပဲ အခြား ဧရိယာ တစ်ခုဆီသို့ ဆက်လက်၍ ရွေ့လျား သွားခဲ့လေသည်။

ထိုနေရာ၌... ကျောင်းတော်သား တစ်ယောက်၏ အသွင်အပြင် ရှိသည့် အစိမ်းရောင် တာအို ဝတ်စုံဝတ် လူငယ်တစ်ဦးမှာ တောက်ပသည့် မျက်လုံးများအား ပိုင်ဆိုင်ထားသည့် နတ်ဆိုး တစ်ကောင်နှင့် တိုက်ခိုက် နေခဲ့သည်။ တာအို ဝတ်စုံဝတ် လူငယ်၏ မျက်လုံးများမှာ အဆုံးမဲ့ ကရုဏာကို ဖော်ကျူးထား၏။

“နတ်ဆိုးတစ်ကောင်က ဘယ်လိုလုပ်ပြီး ထာဝရ သရဖူ အခမ်းအနားကို ကျူးကျော်ရဲတာလဲ... ဒီနေ့ ငါ မင်းကို သန့်စင်ပေးမယ်... မသန့်စင်တဲ့ ကလေး... မင်းလာခဲ့တဲ့ ကောင်းကင်ကို ပြန်သွားပါ”

တာအို ကျင့်ကြံသူမှာ ဖြောင့်မတ် မှန်ကန်ပုံ ရသည့် စကားလုံးများကို အော်ဟစ် နေခဲ့၏။ သူ၏ ကျင့်ကြံခြင်း အခြေခံမှာ လျှို့ဝှက် ဝိညာဉ် အဆင့်တွင် ရှိနေခဲ့၏။ ၎င်းမှာ အလွှာ အပြင်က လောကသားများ အတွက် ပုံမှန် ဖြစ်ပုံ ရသည်။

ဝှစ်... ဝှစ်...

တာအို ကျင့်ကြံသူမှာ ပိုကေကို သန့်စင်သည့် အလင်းတန်းများ ထုတ်လွှတ်နေသည့် ကျောက်စိမ်း ချိပ်စည်း လက်နက်များနှင့် ချိပ်ပိတ်ဖို့ ကြိုးစားနေခဲ့ခြင်း ဖြစ်သည်။ ၎င်းတို့မှာ အဆင့်မြင့် ကျောက်စိမ်း ရည်ရွယ်ချက်များကို ထုတ်လွှတ် နေခဲ့၏။

သို့သော်လည်း ပိုကေမှာ သူ့ကိုယ်သူ ကာကွယ်နေနိုင်ဆဲ ဖြစ်သည်။ သူ၏ ကြယ်တာရာ စွမ်းအားမှာ ချိပ်ပိတ်မှုကို အောင်အောင်မြင်မြင်ပင် ဖယ်ရှား နေနိုင်ခဲ့၏။ တာအို ကျင့်ကြံသူ၏ အပြုအမူနှင့် စကားလုံးများ အပေါ် သူ များစွာ အံ့ဩခြင်း မရှိပါချေ။

မဟာ စက်ဝန်း ကြယ်ကွင်းပြင်၏ နတ်ဆိုးများ အပေါ် ဆက်ဆံပုံသည်ပင် များစွာ ကောင်းမွန်ခဲ့ခြင်း မရှိခဲ့ချေ။ အာရုဏ်ဦး ကြယ်တာရာ နယ်မြေတွင်သာ သူတို့မှာ ဝေ့ဝူယင်၏ အယူဝါဒ လွှမ်းမိုးမှုနှင့် အတူ တန်းတူ ညီမျှမှု အခွင့်အရေးများ ရရှိခဲ့သည်။ လွန်ခဲ့သည့် နှစ်အနည်းငယ်သို့ ရောက်မှသာ ထိုယဉ်ကျေးမှုက နေရာအနှံ့ ပျံ့နှံ့လာကာ မည်သည့် နေရာသို့ သွားသည် ဖြစ်စေ မျိုးနွယ်တိုင်းနှင့် တူညီသည့် ဆက်ဆံရေးများကို လက်ခံ ရရှိခဲ့သည်။

“အင်ပါယာဝေ့ ပြောတာ မှန်တယ်...”

တာအို ကျင့်ကြံသူ၏ ပြင်းထန်သော အားထုတ်မှုများကို ခုခံရင်း ပိုကေ သက်ပြင်းတစ်ချက် ချလိုက်မိသည်။ တိုက်ပွဲအစ၌ သူ၏ နတ်ဆိုး ကြယ်တာရာ စွမ်းအားမှာ ဆန့်ကျင်ဘက် စွမ်းအင် တစ်ခုနှင့် ထိပ်တိုက် တွေ့ဆုံခဲ့ရသည့် အလား သန့်စင် ခံခဲ့ရသည်။ သို့သော်လည်း... တစ်ခဏကြာပြီး နောက်တွင် တာအို ကျင့်ကြံသူ၏ ကျောက်စိမ်းမှာလည်း နတ်ဆိုး အလင်းရောင်များနှင့် တောက်ပလာသည်ကို တွေ့ရသည်။ ၎င်းမှာ ထိပ်တိုက် တွေ့ဆုံရသည့် နတ်ဆိုးအော်ရာကြောင့် ညစ်ညမ်းလာသည့်ပုံ ရသည်။

ကျင့်ကြံခြင်း အဆင့်ကြီး တစ်ခု ခြားနားနေသည် ဆိုသော်လည်း ဒုတိယ ကွန်မန်ဒါ ပိုကေမှာ လျှို့ဝှက် ဝိညာဉ် အဆင့် တစ်ယောက်ကို ကောင်းစွာ ကိုင်တွယ်နေနိုင်ဆဲ ဖြစ်ပေသည်။

တိုက်ပွဲတဖြည်းဖြည်း ကြာမြင့်လာသည်နှင့် အမျှ တာအို ကျင့်ကြံသူ၏ မျက်လုံးများမှာ နတ်ဆိုး အလင်းရောင်များနှင့် စတင် တောက်ပလာခဲ့၏။ သူ၏ နဖူးနှင့် လည်ပင်းပေါ်ရှိ သွေးပြန်ကြောများမှာလည်း ခရမ်းရောင်သို့ ပြောင်းလဲလာခဲ့သည်။ ထိုအချက်က သူ၏ သွေးများမှာ ပြောင်းလဲ လာကြောင်း ညွှန်ပြနေပေသည်။ သို့သော်လည်း တာအို ကျင့်ကြံသူမှာ သတိပြုမိပုံ မရပါချေ။

တာအို ကျင့်ကြံသူ၏ လုပ်ရပ်များမှာ ဝေ့ဝူယင် မျှော်လင့်ထားသည့် ဘောင်အတွင်းတွင်သာ ရှိနေဆဲ ဖြစ်သည်။ ရွေးချယ်ခံ ဧကရာဇ်ပြိုင်ပွဲ အတွင်း ရှိနေသည့်တိုင် ထူးခြားစွာ ထုဆစ်ထားသည့် အာကာသ လက်စွပ်မှ တစ်ဆင့် ဝူယု နတ်ဘုရား အင်ပါယာ သိရှိထားသည့် အရာ မှန်သမျှကို ဝေ့ဝူယင် သိရှိခဲ့ပြီး ဖြစ်သည်။ သူက ဤနေရာတွင် ရှိနေသော်လည်း ဝူယု၏ နံဘေးတွင် ရှိနေသကဲ့သို့ ဖြစ်ပေသည်။

ကိုးကျောင်း အင်ပါယာ တစ်ဖြစ်လည်း နတ်ဆိုး အင်ပါယာ၏ တည်ရှိမှုကို ထည့်သွင်း စဉ်စားရလျှင် မည်သည့် အာဏာရှင် အင်ပါယာကမှ သံသရာ တစ်ပတ်လည်သည့် အဖြစ်မျိုးအား လိုလားလိမ့်မည် မဟုတ်ပါချေ။ ထို့ကြောင့်ပင် သူတို့က နတ်ဆိုးများကို အဆင့်နိမ့် မျိုးနွယ် အဖြစ် သတ်မှတ်ကာ မိစ္ဆာ ဟူသော ခေါင်းစဉ်အောက်၌ ဆိုးယုတ်မှု အနည်းငယ်ကလေး ကျူးလွန်လိုက်သည်နှင့် ပြစ်မှုပြစ်ဒဏ် မညီမျှအောင် လိုက်လံ နှိမ်နင်း သတ်ဖြတ်သည့် ယဉ်ကျေးမှု တစ်ခုကို စတင်ခဲ့ခြင်း ဖြစ်သည်။

တိုက်ပွဲက မကြာပါချေ။ နတ်ဆိုး စွမ်းအင်များ အသိစိတ် ပင်လယ် အတွင်း လွှမ်းမိုးလာသည်နှင့် အမျှ တာအို ကျင့်ကြံသူမှာ ကျင့်ကြံခြင်း သွေဖီမှုကို သိမ်မွေ့စွာ စတင် ခံစားလာခဲ့ရသည်။ ၎င်းက သူ့ကို သေစေဖို့ လုံလောက်ခြင်း မရှိသော်လည်း ပိုကေ အတွက် အဆုံးသတ် တိုက်ကွက် တစ်ခု ဖော်ထုတ်ဖို့ လမ်းပြပေးလိုက်သလိုပင်။ တစ်ခဏ အတွင်မှာပင် တိုက်ပွဲမှာ ပြီးဆုံးသွားခဲ့၏။

ဝေ့ဝူယင်၏ အကြည့်များက တစ်ဖန် ပြန်လည် ရွေ့လျားသွားခဲ့ပြန်သည်။ တိုက်ပွဲများမှာ နေရာတိုင်းတွင် ဖြစ်ပေါ်နေ၏။ အာဏာရှင်များနှင့် အလွှာအပြင်က လောကသားများ၏ ထိပ်တိုက် တွေ့ဆုံမှုများမှာ မကြာခဏ ဆိုသလို ဖြစ်ပွားနေခဲ့သည်။ သို့သော်လည်း... အကြိမ်တိုင်း အရေးသာနေသည်တော့ မဟုတ်ပါချေ။

ဟောဟဲ... ဟောဟဲ...

အယ်ဗန်တစ်ပိုင်း လူသားတစ်ပိုင်း လူငယ်လေး တစ်ဦးမှာ တောင်တန်း လွင်ပြင်ကို ဖြတ်သန်းကာ အရှိန်အဟုန် ပြင်းစွာ ပြေးလွှားနေခဲ့၏။ ရွှေရောင် ဝတ်စုံ ဝတ်ဆင်ထားသည့် ချောမောသော လူငယ်တစ်ဦးမှာ လေထုကို ညင်သာစွာ လှမ်းနေခဲ့ကာ ခြေတစ်လှမ်းချင်းစီတိုင်းတွင် မီတာရာပေါင်း များစွာကို ဖြတ်သန်းသွားနေခဲ့သည်။ ယီယွင်မှာ အမဲလိုက်သူထံမှ ထွက်ပြေးရန် ကြိုးပမ်းရင်း အသက်ရှူသံများပင် ပြင်းထန် နေခဲ့လေ၏။

အခြား အာဏာရှင်များနှင့် ခြားနားစွာပင် ယီယွင်မှာ သူ၏ ဂိုဏ်းတူ မောင်နှမများကို ကူညီရန် အတွက် အချိန်လေပွေ အတွင်း မဝင်ရောက်ဖို့ ရွေးချယ်ခဲ့သည်။ ထို့ကြောင့်ပင် သူ၏ ကျင့်ကြံခြင်းနှင့် အခြေခံတို့မှာ အခြားလူများနှင့် စာလျှင် သိသိသာသာပင် နောက်ကျ ကျန်နေခဲ့သည်။ ထို့အပြင် ကျင့်ကြံခြင်း အခြေခံ နိမ့်ကျနေသေးမှုကြောင့်... လျှို့ဝှက် ဝိညာဉ် အဆင့်များနှင့် ယှဉ်ပြိုင်ရာတွင် အထောက်အကူ ပြုသည့် လောကချည်နှောင် ကြယ်တာရာ နယ်မြေ ဖန်တီးခြင်း ဆေးလုံး၊ ထျန်းတျန် အတွင်း လျှို့ဝှက် သင်္ကေတများ ဖန်တီးခြင်း ဆေးလုံး စသည့် အဂ္ဂိရတ် ထုတ်ကုန်များကို မစုပ်ယူနိုင်ခဲ့ချေ။

အသက်အရွယ်၊ အနေအထား အရ ယီယွင်၏ ကျင့်ကြံခြင်း အခြေခံမှာ အတော်လေး အားကောင်းသည် ဆိုသော်လည်း လျှို့ဝှက် အာဏာရှင် အလွှာမှ အစစ်အမှန် ရွေးချယ်ခံ တစ်ဦးနှင့် ယှဉ်ပြိုင်ဖို့တော့ အခက်အခဲများစွာ ရှိပေသေးသည်။

မျိုးစပ် လူငယ်နှင့် ခြားနားစွာပင် လီယွင်ကူးနှင့် ပိုကေတို့ ကဲ့သို့ အခြား အာဏာရှင် အဖွဲ့ဝင်များတွင်တော့ လျှို့ဝှက် အာဏာရှင် အဆင့်များနှင့် တိုက်ခိုက်ရန် ခြားနားသည့် နည်းလမ်းများ ရှိကြပေသည်။ လီယွင်ကူးမှာ ဝင်္ကပါနှင့် အစီအရင်များကို အသုံးပြုသည်။ ပိုကေကတော့ ရန်သူအား သက်ရောက်စေရန် သူ့ မွေးရာပါ နတ်ဆိုး စွမ်းအင်များ၏ အားသာချက်ကို အသုံးချသည်။

ရွှေဖုန်းပေါင် ကဲ့သို့ အာဏာရှင် အဖွဲ့ဝင် အချို့ကသာ ပေါက်ကွဲအား ပြင်းထန်ပြီး နတ်ဘုရားဆန်သည့် စွမ်းအားများကို အသုံးချကြသည်။ မီးလမ်းစဉ်၏ ချစ်မြတ်နိုးခြင်း ခံရသော ကလေးငယ် ဆိုလျှင် နိဗာန မီးတောက် ရည်ရွယ်ချက်၊ အကြွင်းမဲ့ ပူပြင်းသော မီးရည်ရွယ်ချက်နှင့် မီးဥပဒေသ မျိုးစေ့တို့ကိုပါ ပိုင်ဆိုင်ထားသည်။ မူလ အာဏာရှင် တစ်ယောက်၏ အခြေခံ၊ ထူးခြားသည့် ထုတ်ကုန် အထောက်အပံ့များကိုပါ ထည့်ပေါင်းလိုက်ပါက ရွှေဖုန်းပေါင်မှာ ဝေ့ဝူယင်၏ လူငယ် ဘဝ နေ့ရက်များကိုပင် ယှဉ်ပြိုင်နိုင်စွမ်း ရှိသည်။

ဝေ့ဝူယင် တောတောင်များ အတွင်း အသည်းအသန် ပြေးလွှားနေသည့် ကောင်းချီးခံ အာဏာရှင်ကို လျစ်လျူရှုလိုက်ရင်း အာဏာရှင် အဖွဲ့ဝင် မဟုတ်သည့် အခြား ကျင့်ကြံသူ တစ်ချို့အပေါ် အာရုံစိုက်လိုက်သည်။ ထိုအခိုက်အတန့်၌ ထျန်းကျန်းဟန်မှာ အလွန်တရာ ပူပြင်းလှသည့် သဲကန္တာရဒေသတွင် ရှိနေသည်။

ထိုနေရာ၌ အလွှာ အပြင်က လောကမှ လျှို့ဝှက် ဝိညာဉ် အဆင့် ကျင့်ကြံသူ သုံးဦး... ကောင်းကင် မျိုးနွယ်ဝင် နှစ်ဦးနှင့် လူသား တစ်ဦးတို့ တိုက်ခိုက် နေကြ၏။ သူတို့က သဲကန္တာရ တစ်လျှောက်လုံး အကြွင်းမဲ့ အပျက်အစီးများကို ဖြစ်ပေါ် နေစေခဲ့လေသည်။

ထျန်းမျိုးနွယ်၏ မင်းသားမှာ လက်ရှိတွင် ဒွါရပေါက် ခုနစ်ပေါက်မှ သွေးများ စီးကျနေ၏။ သူက ပုန်းအောင်းနေကာ ကိုယ့်ကိုယ်ကို ကာကွယ်ရန်အတွက် အစွမ်းကုန် ကြိုးစားနေခဲ့သည်။

ဝေ့ဝူယင်၏ မျက်လုံးများမှ သူ့ကို ကျော်ဖြတ်သွားသည်။ အလွှာအပြင်က လောကမှ လူသား မျိုးနွယ် မိန်းကလေး ရွေးချယ်ခံ တစ်ဦးမှာ ချိပ်ပိတ်နယ်မြေ အတွင်းမှ အချိန်သခင် အဆင့် မိန်းကလေး တစ်ယောက်၏ လည်ပင်းကို ဆုပ်ကိုင်ထားသည်ကို တွေ့လိုက်ရသည်။ အချိန်သခင် မိန်းကလေးမှာ ရုန်းကန်ရန် အစွမ်းကုန် ကြိုးပမ်း နေသော်လည်း မြဲမြံသော လက်များထံမှ လွတ်မြောက်ဖို့ အခွင့်အလမ်း မရှိပါချေ။

“ဘာလို့ အချိန်သခင်တစ်ယောက်က ဒီကို ရောက်နေတာလဲ... နင် ဘယ်လို ရောက်လာတာလဲ... ပြောစမ်း”

အလွှာအပြင်က လောကမှ ရွေးချယ်ခံ မေးလိုက်၏။

လောကနယ်ပယ်မှ အမျိုးသမီး ရွေးချယ်ခံက မေးလိုက်သည်။ သူမ၏ ကျင့်ကြံခြင်း အခြေခံက အလွန်ပင် လျှို့ဝှက် ဆန်းကြယ်လှသည်။ သူမနှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးရန် အတွက် ဝေ့ဝူယင် ဒုတိယ တစ်ကြိမ်ပင် စစ်ဆေးမှု ပြုလုပ်ခဲ့ရသည်။ သူမထံ၌ လောကအော်ရာ၏ အငွေ့အသက် တစ်ချို့ကို သူ ခံစားမိခဲ့ပေသည်။ ၎င်းမှာ လောကသင်္ကေတ တစ်ခုနှင့် အလွန်ပင် တူညီ၏။

“ဘယ်သူလဲ”

ရုတ်တရက် မိန်းကလေး၏ မျက်လုံးများက တောက်ပလာကာ ဝေ့ဝူယင် တည်ရှိရာ အရပ်သို့ လှည့်လိုက်သည်။ သူမ၏ မျက်လုံးများ အတွင်းရှိ သင်္ကေတများမှာ မယုံကြည်နိုင်စရာ ကောင်းလောက်အောင် တောက်ပနေ၏။ ၎င်းတို့အား တွေ့မြင်ရသည့် မည်သည့် သေမျိုးကိုမဆို ချက်ချင်း လက်ငင်း မျက်စိကွယ်စေနိုင်သည့် ပြင်းထန်သော ဝိညာဉ် အလင်းရောင်များကို ထုတ်လွှတ်နေခဲ့သည်။

ဝေ့ဝူယင် အနည်းငယ် အံ့ဩသွားခဲ့၏။ မိန်းကလေး၏ မျက်ဝန်းများထဲ၌ သင်္ကေတ ကိုးခု ရှိနေသည်။ သို့သော်လည်း... သူမထံတွင် ကောင်းချီးခံ တစ်ဦး၏ အော်ရာ မရှိပါချေ။ သူမက ဝူယုလို လူမျိုး ဖြစ်ရမည်။

ထူးခြားသည့် ပါရမီကို ပိုင်ဆိုင်ထားကာ၊ ကြီးမြတ်သည့် မွေးဖွားခြင်းနှင့် အတူ ကျင့်ကြံခြင်း အပေါ် အာရုံ အပြည့်အဝ စူးစိုက်နိုင်သည့် ပုဂ္ဂိုလ်တစ်ဦး...

မိန်းကလေးမှာ သူ့ အကြည့်ကိုပင် သတိပြုမိလေရာ ဝေ့ဝူယင် သူမအား ကံကောင်းခြင်း အနည်းငယ် ပေးဖို့ ဆုံးဖြတ်လိုက်သည်။

“ပြေး”

သူ၏ အသံက နက်ရှိုင်း၏။ ဝိညာဉ်မှ တစ်ဆင့် စိတ်အတွင်း တိုက်ရိုက် ထိုးဖောက် ဝင်ရောက်သွားကာ မိန်းကလေး၏ ခန္ဓာကိုယ် တစ်ခုလုံးကို တုန်ရီ သွားစေခဲ့သည်။ စိတ်ပိုင်းဆိုင်ရာ တိုက်ရိုက် ချိတ်ဆက်မှုမှာ ဝိညာဉ်ဆက်သွယ်မှုနှင့် လုံးဝ ကွဲပြားသည့် နည်းလမ်း တစ်မျိုး ဖြစ်ပေသည်။

မိန်းကလေးမှာ ပြတ်သားစွာ လုပ်ဆောင်တတ်သူ ဖြစ်သည်။ သူမက မဆိုင်းမတွပင် လက်ထဲရှိ အချိန်သခင်ကို လည်ပင်းကျိုးသွားသည် အထိ ကြိတ်ချေလိုက်၏။ ထို့နောက် သူမထံမှ လက်စွပ်နှင့် အခြား ပစ္စည်းများကို ယူဆောင်ကာ လေ၏ အလျင်ဖြင့် ပြေးလွှား သွားခဲ့လေတော့သည်။

***

All Chapters