← Chapters

ဧရာမဝေလငါးစွမ်းရည်။ သဘာဝလွန်အဆင့် လိပ်အသက်ရှူနည်းပညာ။ (၃)

Vol. 10 Ch. 137

ဧရာမဝေလငါးစွမ်းရည်။ သဘာဝလွန်အဆင့် လိပ်အသက်ရှူနည်းပညာ။ (၃)

Vol. 10 Ch. 137

စူးချန်ခုန်းက အကြောင်းပြချက်ကို သဘောပေါက်ပါ၏။

မွေးရာပါ မျိုးနွယ်စုများ၏ မျိုးရိုးဗီဇ ကန့်သတ်ချက်များအပေါ် အခြေခံ၍ လူအနည်းငယ်သည် အနှစ်တစ်ရာကျော် နေထိုင်ကြပြီး သူတို့၏ သက်တမ်းကန့်သတ်ချက်မှာ အနှစ်တစ်ရာ့လေးဆယ်မှ တစ်ရာ့ငါးဆယ်ဝန်းကျင်ဖြစ်သည်။ ဤသည်မှာ လူသားမျိုးနွယ်၏ ကန့်သတ်ချက်ဖြစ်ပြီး ဖြတ်ကျော်ရန် အလွန်ခက်ခဲသည်။

ခန္ဓာကိုယ်က သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တစ်ခုအထိ ကြီးထွားလာပုံနဲ့ တူသည်။ လူတစ်ယောက်က ဘယ်လောက်ပဲလေ့ကျင့်ပါစေ ခွန်အားတိုးဖို့ ဒါမှမဟုတ် အရှိန်မြှင့်ဖို့ ခက်ခဲလှသည်။

စူးချန်ခုန်းက အဲဒီအကြောင်း သိပ်ပြီး တွေးမနေတော့ပေ။ သူက တော်တော်လေး ငယ်ရွယ်နေဆဲဖြစ်ပြီး အနာဂတ်တွင် ကျင့်ကြံရန် အချိန်များစွာ ရှိပါသေးသည်။

"ငါ ပိတ်ဆို့နေပြီ။ ငါ့ရဲ့အတွင်းအားက ငါ့ခန္ဓာကိုယ် ခံနိုင်ရည်ရှိတဲ့ အကန့်အသတ်ကို ရောက်လုနီးပါးပဲ။ အခြေခံအကြောင်းရင်းက ချီသွေးပြောင်းလဲမှု အဆင့် ၁ မှာပဲရှိနေသေးတဲ့ ငါ့ရဲ့နယ်ပယ်ကြောင့်ပဲ။ တကယ်လို့... ငါသာ စားချင်းတိုင်း စားလို့ရမယ်ဆိုရင်ကွာ"

ဤအဆင့်တက်ခြင်းသည် စူးချန်ခုန်း၏အတွင်းအားကို သူ့ခန္ဓာကိုယ်ခံနိုင်ရည်ကန့်သတ်ချက်အထိ တွန်းပို့လုနီးပါးဖြစ်ပြီး ရှားပါးသော အခြေအနေဖြစ်သည်။

အတွင်းအား တိုးတက်လာမှုသည် သီးသန့်ကျင့်ကြံမှု နှစ်များစွာ လိုအပ်သည်။ နေ့ချင်းညချင်း မအောင်မြင်နိုင်ပါ။ စူးချန်ခုန်း၏ လိပ်အသက်ရှူနည်းပညာသည် အနှစ်တစ်ရာအတွင်း သာမန်လူများ မအောင်မြင်နိုင်သည့် အဆင့်အထိ လေ့ကျင့်နိုင်မှုကြောင့် လုံလောက်သော ကျင့်ကြံမှု အရင်းအမြစ်များ ရှိရုံသာမက သူ၏ ထူးခြားသော အခြေခံအုတ်မြစ်နှင့် အရည်အချင်းများကြောင့်လည်း ဖြစ်သည်။

သူ၏ခန္ဓာကိုယ် ဆက်လက်ကြီးထွားလာစေရန် သူသည် သွေးသန့်စင်ခြင်းကို ဆက်လက် လုပ်ဆောင်ရမည်ဖြစ်သည်။ ဧရာမဝေလငါးနည်းပညာမှ ရရှိလာသော အစာစားချင်စိတ်ကြောင့် အစားအစာအများအပြားစားခြင်းသည် တစ်ခုတည်းသော နည်းလမ်းဖြစ်သော်လည်း တော်တော်လေး အာရုံစိုက်ခံရနိုင်သည်။

ချီသွေးဆေးပြားအတွက်တော့ ဧရာမဝေလငါးဂိုဏ်းတွင် ဆေးညွှန်းရှိသော်လည်း ၎င်းက အလွန်တန်ဖိုးရှိသည်။ အထက်တန်း တပည့်များက ထူးထူးခြားခြား အောင်မြင်မှုများ ရရှိမှသာ သူတို့ ရရှိမည့် အခွင့်အရေးအတွက် ဆုချီးမြှင့်ခြင်း ဖြစ်သည်။

ချီသွေးဆေးပြားများကို ပြုလုပ်ရန် အခွင့်အလမ်း အနည်းငယ်သာရှိပြီး ထိုကဲ့သို့သော ဆေးလုံးများ၏ အဖိုးတန်သော သဘာဝကြောင့် ထုတ်လုပ်ရန် အခက်အခဲမှာလည်း မြင့်မားလှသည်။ စူးချန်ခုန်း၏ အဂ္ဂိရတ်ပညာသည် ပဉ္စမနယ်ပယ်နှင့် နီးစပ်သောကြောင့် ချီသွေးဆေးပြားများကို ထုတ်လုပ်ရာ၌ အောင်မြင်မှုနှုန်းမှာ မြင့်မားသည်။ အောင်မြင်လျှင်ပင် တစ်သုတ်လျှင် နှစ်လုံး သို့မဟုတ် သုံးလုံးသာ ထုတ်နိုင်သည်။ စူးချန်ခုန်းသည် စရိတ်စက အလွန်ကြီးလွန်းသဖြင့် မတတ်နိုင်ပေ။

"ငါ့မှာ ငွေနှစ်သောင်းနီးပါးရှိတယ်။ ဆေးဖက်ဝင်အပင်တွေကို ငါကိုယ်တိုင်ဝယ်ပြီး ဆေးအသုတ်နည်းနည်း ထုတ်ကြည့်ဖို့ ကြိုးစားလို့ရတယ်... အောင်မြင်မှုနှုန်းမြင့်မယ်လို့ မျှော်လင့်ရတာပဲ" ဟု စူးချန်ခုန်းက ဖြေရှင်းချက်များနှင့် ပတ်သက်၍ ကူကယ်ရာမဲ့စွာ တွေးတောနေခဲ့သည်။

ဧရာမဝေလငါးဂိုဏ်းအတွက် အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်လာပြီးနောက် စူးချန်ခုန်းသည် အကျိုးအမြတ်များစွာကို ရရှိခဲ့သော်လည်း သူဘာသာသူ လုပ်ဖို့ကိုင်ဖို့ သိပ်အဆင်မပြေလှပေ။ သို့သော် အားသာချက်တွေက အားနည်းချက်ထက် သာလွန်ပါသည်။

နောက်တစ်နေ့နံနက်တွင် ကောင်းကင်ကြီး ထိန်ထိန်လင်းလာသည်နှင့် စူးချန်ခုန်းသည် အိပ်ရာမှထကာ ဝူချင်းရှီကျင့်စဉ်ကို အပြီးထိကျင့်ကာ အများသုံး မီးဖိုချောင်သို့ စားသောက်ရန် သွားခဲ့သည်။ သူသည် ဧရာမဝေလငါးစွမ်းရည်ကို ကျင့်ကြံနေသောကြောင့် လွန်ခဲ့သည့် နှစ်လလုံးလုံး ဆာလောင်မွတ်သိပ်နေခဲ့၏။

အဂ္ဂိရတ်လုပ်ငန်း တစ်ရက်တာ ပြီးဆုံးသောအခါ ဆောင်းညက စောလျှင်စွာ ရောက်လာလေပြီ။ ညနေပိုင်းတွင် စူးချန်ခုန်းသည် ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီကို ထုတ်ကာ ခဏမျှ စဉ်းစားနေခဲ့သည်။

"တကယ်တော့ အသေးစိတ် ကျင့်ကြံနည်းတွေလည်း မရှိဘူး။ ဒီဧရာမဝေလငါးနတ်ဘုရားစွမ်းအင်ပန်းချီက ငါ့ကို အပေါ်ယံ ကျင့်ကြံနည်းလောက်ကိုပဲ နားလည်စေနိုင်တယ်။ လေးနက်တဲ့ နယ်ပယ်တစ်ခုအထိ ကျင်ကြံပြီး ဒီနည်းပညာရဲ့ စွမ်းအားကို အပြည့်အဝ ထုတ်လွှတ်ဖို့က ခက်ခဲလွန်းပါတယ်လေ။" ဟု စူးချန်ခုန်းက ကူကယ်ရာမဲ့ သက်ပြင်းချလိုက်သည်။ ပန်းချီကား၏ အကူအညီကို အနည်းငယ်မျှသာ။

"ဒေါက်၊ ဒေါက်၊ ဒေါက်!"

စူးချန်ခုန်း တွေးနေချိန်မှာ တစ်စုံတစ်ယောက်က သူ့အိမ်ဝင်းတံခါးကို လာခေါက်လေ၏။

"ဒီအချိန်ကြီး ဘယ်သူက ငါ့ကိုလာတွေ့တာလဲ" စူးချန်ခုန်းက သိချင်နေမိသည်။ သူက ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီကို သူ၏အဝတ်အစားအောက်တွင် လျင်မြန်စွာ ဝှက်လိုက်သည်။

ပြီးတာနဲ့ စူးချန်ခုန်းက သူ့အခန်းအပြင်ကိုထွက်ပြီး ခြံတံခါးကိုဖွင့်လိုက်တော့ ရင်းနှီးတဲ့မျက်နှာတစ်ခုကို တွေ့လိုက်ရသည်။ အနှီလူက သူ့ကို ရှာတွေ့ပြီး ဧရာမဝေလငါးဂိုဏ်းကို ဖိတ်ကြားခဲ့သူ စွေ့ဟယ်ပင်။

"အရှင်စွေ့၊ ဒီအချိန်ကြီး ကျွန်တော့်ဆီ ဘယ်လိုရောက်လာတာလဲ။" စူးချန်ခုန်းက နှုတ်ဆက်ပြီးနောက် စွေ့ဟယ်က ဘာလို့ တခြားသူတွေ အနားယူနေချိန် အထူးသဖြင့် ညဘက်ကြီး သူနဲ့ ဘာကိစ္စရှိမလဲဆိုပြီး တွေးနေမိသည်။

စွေ့ဟယ်က လိုရင်းကိုသာ တည့်ပြောလိုက်သည်။ "ညဥ့်နက်ချိန်ကြီး မင်းအနားယူတာကို နှောင့်ယှက်ဖြစ်မိလို့ တောင်းပန်ပါတယ်။ ဒါပေမယ့် ဒုတိယသခင်မလေးက မင်းကိုတွေ့ချင်လို့ ခေါ်လာပေးဖို့ လွှတ်လိုက်တာ"

"ဒုတိယ သခင်မလေး?"

စူးချန်ခုန်းသည် ခဏတာ အံ့အားသင့်သွားသော်လည်း ဤ 'ဒုတိယ သခင်မလေး' က မည်သူကို ရည်ညွှန်းသည်ကို လျင်မြန်စွာ သဘောပေါက်သွားခဲ့သည်။

ဧရာမဝေလငါးဂိုဏ်းက စစ်ခုန်းယုံတွင် သားတစ်ယောက်နှင့် သမီးတစ်ယောက်ရှိပြီး အငယ်ဖြစ်သော စစ်ခုန်းဟွမ်သည် သိုင်းပညာတွင် ထူးချွန်ပြီး အလွန်ထက်မြက်သူဖြစ်သည်။ သူမသည် မိုးပြာပင်လယ်တွင် ပင်လယ်ဓားပြများကို နှိမ်နှင်းရန် သူ့အစ်ကို စစ်ခုန်းကျန့်၏နောက်သို့ လိုက်လေ့ရှိပြီး နာမည်ကောင်းရခဲ့သည်။

"စစ်ခုန်းဟွမ်က ငါ့ကိုတွေ့ချင်နေတယ်တဲ့လား။ ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီအကြောင်းများလား။"

စူးချန်ခုန်း၏ ဖြတ်ကနဲ တွေးလိုက်သော်လည်း ထိုအတွေးကို အမြန်ပယ်ချလိုက်သည်။

ဧရာမဝေလငါးဂိုဏ်းက ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီသာ သူ့လက်ထဲမှာ ရှိနေတယ်ဆိုတာ သိခဲ့ရင် သူ့ကို လာခေါ်တာ သိပ်ယဉ်ကျေးနေမှာ မဟုတ်။ သူ့ကို ချက်ချင်းဖမ်းဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်မှာ ဖြစ်သည်။

ဒါကို စိတ်ထဲမှာ တွေးရင်းနဲ့ စူးချန်ခုန်းက အံ့ဩတဲ့မျက်နှာနဲ့ ဆိုလေ၏။ "ဒုတိယ သခင်မလေးက ကျွန်တော့်ဆီကနေ တစ်ခုခုများ လိုအပ်လို့လား"

"ငါလည်းမသိဘူး။ မင်းအဲဒီကိုရောက်ရင် သိလိမ့်မယ်" စွေ့ဟယ်လည်း အကြောင်းပြချက်ကို မသိသောကြောင့် ခေါင်းခါလိုက်သည်။

“ကောင်းပါပြီ… ကျွန်တော် အဝတ်အစားသွားလဲလိုက်ဦးမယ်” အခြားရွေးချယ်စရာမရှိတော့ကြောင့် အနည်းငယ် ပေါ့လျော့နေသော်လည်း စူးချန်ခုန်းသည် စွေ့ဟယ်နောက်သို့ လိုက်သွားခဲ့လေ၏။

သပ်သပ်ရပ်ရပ် ဝတ်စားဆင်ယင်ပြီးနောက် စူးချန်ခုန်းသည် စွေ့ဟယ်၏နောက်မှ ကြီးကျယ်ခမ်းနားပြီး အစောင့်အကြပ် ထူထပ်သော ခန်းမကြီးဖြစ်သည့် ဂိုဏ်း၏ဒုတိယသခင်မလေးဖြစ်သူ စစ်ခုန်းဟွမ်၏ နေအိမ်ဆီသို့ လိုက်သွားခဲ့သည်။

ချမ်းစိမ့်အောင် အေးစက်တဲ့ညမိုးချုပ်ကြီးမှာ ကင်းလှည့်တပည့်တွေကလွဲလို့ တခြားသူတွေ အနားယူနေကြပြီဖြစ်သည်။

စွေ့ဟယ်က လမ်းကို ဦးဆောင်နေသဖြင့် လမ်းတစ်လျှောက်ရှိ အစောင့်အကြပ်တစ်ယောက်မှ သူတို့ကို မတားရဲကြဘဲ စူးချန်ခုန်းသည် ခမ်းနားကြီးကျယ်သော ခန်းမကြီးတစ်ခုသို့ ရောက်လာခဲ့သည်။

"ဆရာစူး၊ ကျေးဇူးပြုပြီး ဝင်သွားလိုက်ပါ။ ဒုတိယသခင်မလေးက မင်းကို စောင့်နေတယ်" စွေ့ဟယ်က တံခါးဝကနေ ပြောလိုက်သည်။

“ကောင်းပါပြီ။”

စူးချန်ခုန်းက ခေါင်းညိတ်ပြပြီး မျက်နှာပြင်ပေါ်တွင် အေးဆေးတည်ငြိမ်နေပုံပေါ်သော်လည်း စိတ်ထဲတွင် နိုးနိုးကြားကြားရှိနေ၏။ သူက ခန်းမတံခါးကြီးကို တွန်းဖွင့်ပြီး အထဲကို ဝင်သွားလိုက်သည်။

ခန်းမအတွင်းတွင် လှိုင်းပုံစံများဖြင့် ထွင်းထုထားသော ကျောက်စာတိုင်များသည် အတွင်းပိုင်းကို မီးအိမ်များဖြင့် ထိန်ထိန်လင်းစေပြီး အမှောင်ထုကို အံတုထားနေလျက်။

ခန်းမထဲသို့ ဝင်လိုက်သောအခါ ကြီးမားပြီး ခိုင်ခံ့သော ကုလားထိုင်ကြီးပေါ်တွင် ထိုင်နေသည့် ကျက်သရေရှိသော ရုပ်သွင်ကို ချက်ချင်းမြင်လိုက်ရသည်။

ထိုအသွင်သည် အသက်နှစ်ဆယ်ကျော်အရွယ် အမျိုးသမီးတစ်ဦးဖြစ်ပြီး အကောင်းစား အထည်များမဟုတ်ဘဲ ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ထားသော်လည်း သူမ၏ မြင့်မြတ်သော အသွင်ကို ဖုံးကွယ်ထားနိုင်ခြင်း မရှိပါပေ။

ထိုမိန်းမသည် လှပသော်လည်း ပျော့ပျောင်းမှု မရှိပေ။ သူ၏ အနက်ရောင်ဆံပင်ကို သာမန်ပေါ့ပေါ့ပါးပါးသာ ထုံးဖွဲ့ထားပြီး သူမ၏ မျက်ခုံးများက ခပ်ချွန်ချွန်နှင့်။ သူ့တွင် ကြယ်တာရာ မျက်လုံးများရှိကာ ယောက်ျားများထက် သာလွန်သော မိန်းမတစ်ယောက်၏ စိတ်နေစိတ်ထားကို ပေါ်လွင်စေသည်။ သူ၏ မြင့်မားသော ရာထူးသည် တစ်စုံတစ်ယောက်က သူ့ကို မရိုမသေမလုပ်ရဲဘဲ သူ့အား တိုက်ရိုက် ကြည့်ရန် မဝံ့မရဲဖြစ်စေသည်။

ဒီအမျိုးသမီးဟာ သေချာပေါက် စစ်ခုန်းဟွမ်ပင်ဖြစ်သည်။ သူမရဲ့ အလှထက်စာရင် ဧရာမဝေလငါးဂိုဏ်းရဲ့ တပည့်တွေကို ဦးဆောင်ပြီး ပင်လယ်ဓားပြတွေကို နှိမ်နင်းရာမှာ ကျော်ကြားလေ၏။ သူက ဘယ်ယောက်ျားထက်မှမနည်း ကြောက်စရာကောင်းလေသည်။

"ကျွန်တော်က စူးချန်ခုန်းပါ။ ဒုတိယသခင်မလေးကို ဂါရဝပြုပါတယ်" စူးချန်ခုန်းက ညသန်းခေါင်ကြီး သူ့ကိုခေါ်တဲ့ ရည်ရွယ်ချက်ကို မှန်းဆရင်းနဲ့ ပိုပိုသာသာ လွန်လွန်ကျူးကျူး မလုပ်ဘဲ အနည်းငယ် ဦးညွှတ်လိုက်သည်။

"ဆရာစူး၊ ကျေးဇူးပြုပြီး ထိုင်ပါ။ ညဥ့်နက်ကြီး ဆရာ့ရဲ့အနားယူမှုကို အနှောက်အယှက်ဖြစ်စေမိတဲ့အတွက် ကျွန်မတောင်းပန်ပါတယ်" ဟု စစ်ခုန်းဟွမ်က ယဉ်ယဉ်ကျေးကျေးဆိုလေ၏။ သူ့ရှေ့မှ ဤလူငယ်လေးသည် ကုန်းကျန့်၏ အဂ္ဂိရတ်ပညာရှင်ရာထူးကို လွှဲပြောင်းရယူခဲ့သူဖြစ်သည့်အတွက် အနည်းငယ် အံ့သြနေမိသည်။

စူးချန်ခုန်းက ခန်းမထဲတွင် မတ်တပ်ရပ်မနေဘဲ စစ်ခုန်းဟွမ်၏ ညာဘက်တွင် နေရာယူလိုက်သည်။ တစ်ချိန်တည်းမှာပင် စူးချန်ခုန်းသည် သူ၏ ချဉ်းကပ်သော သဘောထားက ဧရာမဝေလငါး နတ်ဘုရားစွမ်းအင် ပန်းချီကားနှင့်ပတ်သက်သော ပြဿနာထက် သူ့ထံမှ အကူအညီလိုနေပုံရကြောင်း သိသွားသည်နှင့် အနည်းငယ် စိတ်သက်သာရာရသွားလေ၏..

All Chapters