← Chapters

နှလုံးကာဝိညဉ်ဆေးပြား။ မုန်တိုင်း နီးကပ်လာခြင်း။ (၁)

Vol. 10 Ch. 138

နှလုံးကာဝိညဉ်ဆေးပြား။ မုန်တိုင်း နီးကပ်လာခြင်း။ (၁)

Vol. 10 Ch. 138

စူးချန်ခုန်းက “ဒုတိယသခင်မလေး၊ ညဉ့်နက်ကြီး ကျွန်တော့်ကို ဆင့်ခေါ်တာ တာဝန်ပေးစရာများ ရှိလို့လား”

စစ်ခုန်းဟွမ်က ခေါင်းညိတ်ပြလိုက်သည်။ သူက လိုရင်းကိုသာ ဆိုလေ၏။ "ဆရာစူး၊ ဆရာ့ရဲ့အဂ္ဂိရတ်ပညာနဲ့ ကျွန်မကို ကူညီပေးဖို့ တောင်းဆိုချင်လို့ပါ။"

စူးချန်ခုန်း အနည်းငယ် အံ့သြသွားသည်။ ဒီဟာလေးပဲလား။

စူးချန်ခုန်းသည် ဧရာမဝေလငါးဂိုဏ်း၏ အဂ္ဂိရတ်ပညာရှင်ဖြစ်သည်။ အခြားသူများက သူ့ကို ဆေးသန့်စင်ပေးဖို့ လာရှာပါက သူငြင်းမှာ မဟုတ်ပေ။ စစ်ခုန်းဟွမ်က အဂ္ဂိရတ်ပညာနဲ့ သူ့အကူအညီကို လိုချင်ရင် ဆေးပြားသန့်စင်ခန်းမှာ ပါဝင်ပစ္စည်းတွေကို သူ ယူလာပေးလို့ရသည်။ ညနက်သန်းခေါင်ကြီး အဘယ်ကြောင့် သူ့ကို ခေါ်ရသနည်း။

"အဲ့ဒီကိစ္စမှာ ကျွန်တော် သတိထားရမှာ တစ်ခုခုရှိလို့လား"

စူးချန်ခုန်းက စစ်ခုန်းဟွမ်၏ အဂ္ဂိရတ်ပညာအတွက် အကူအညီတောင်းခံမှုသည် ရိုးရှင်းမည် မဟုတ်ကြောင်း သိလျက် မေးလိုက်သည်။ ကိစ္စတစ်ခုခုရှိရမည်။

စစ်ခုန်းဟွမ်၏ အမူအရာမှာ ပြောနေရင်း အနည်းငယ် တင်းမာလာပြီး "ရှင့်ကို သန့်စင်စေချင်တဲ့ ဆေးပြားက တော်တော့်ကို ခက်ခဲတယ်။ ရှင် ယုံကြည်မှုရှိရဲ့လား။ ပါဝင်ပစ္စည်း သုံးစုံပဲ ရှိတယ်"

"ဒုတိယ သခင်မလေး၊ ကျွန်တော် ဘယ်လိုဆေးတွေကို သန့်စင်ပေးရမယ်ဆိုတာတောင် မသိသေးပါဘူး။ အောင်မြင်မယ်လို့ ကျွန်တော် အာမခံမခံနိုင်ဘူး။ အောင်မြင်နိုင်သလို ကျရှုံးနိုင်တယ်။ ကျွန်တော် အကောင်းဆုံးလုပ်မယ်လို့ပဲ ကတိပေးနိုင်ပါတယ်။"

စူးချန်ခုန်းသည် မည်သည့်အာမခံချက်မှ မပေးခဲ့။ သူ အစွမ်းကုန် လုပ်နိုင်ကြောင်းနှင့် စစ်ခုန်းဟွမ် လိုအပ်သော ဆေးပြားကို အောင်မြင်စွာ သန့်စင်နိုင်မည်ဟု မသေချာကြောင်း သူ ရှင်းရှင်းလင်းလင်း ပြောခဲ့သည်။

ဒါကိုကြားတော့ စစ်ခုန်းဟွမ်က သူ့ကိုယ်သူ ရယ်သွေးလိုက်လေ၏။ သူအရင်က အဂ္ဂိရတ်ပညာဖြင့် ကုန်းကျန့်၏အကူအညီကို ရှာဖွေခဲ့ဖူးပြီး ဤအချက်ကို မေ့သွားခဲ့သည်။ အဂ္ဂိရတ်ပညာရှင်များအတွက် သူတို့ကျွမ်းကျင်သော ဆေးတစ်လုံးကို သန့်စင်ရာတွင် အောင်မြင်မှုနှုန်း မြင့်မားသော်လည်း အရင်က တစ်ခါမှ မသန့်စင်ဖူးသော ဆေးတစ်လုံးအတွက် ဆယ်ကြိမ်လောက် အကြိမ်များစွာ ကျရှုံးခြင်းသည် ပုံမှန်ဖြစ်လိမ့်မည်။

“ဒါက ဆေးလုံး ချက်နည်းပါ၊ ကျေးဇူးပြုပြီး ကြည့်ကြည့်ပါဦး ဆရာစူး။”

စစ်ခုန်းဟွမ်သည် ဆေးညွန်းစာရွက်ကို သူ့လက်ဖဝါးဖျော့ဖျော့လေးနှင့် ဖျတ်ကနဲ ထုတ်လိုက်သည်။ ဆေးညွန်းစာရွက်သည် မမြင်နိုင်သော စွမ်းအားတစ်ခု၏ ပံ့ပိုးမှုဖြင့် စူးချန်ခုန်းဆီသို့ အလျင်အမြန် လွင့်မျောလာပုံရသည်။

"ဒီစစ်ခုန်းဟွမ်ရဲ့ သိုင်းပညာ လေ့ကျင့်မှုက တော်တော်လေးနက်တာပဲ။" ဤမြင်ကွင်းသည် စူးချန်ခုန်း၏ စိတ်ထဲတွင် တုန်လှုပ်သွားစေခဲ့သည်။

သို့ပေမယ့် ဒါက ဖြစ်သင့်ပါသည်။ စစ်ခုန်းယုံ၏သမီးဖြစ်သည့် စစ်ခုန်းဟွမ်သည် ကျင့်ကြံရန်အတွက် ဧရာမဝေလငါးဂိုဏ်း၏ အရင်းအမြစ်များကို ရယူခဲ့ပြီး သူမ၏ကိုယ်ပိုင်စွမ်းရည်၊ နက်နဲသိမ်မွေ့သော သိုင်းပညာနှင့် နည်းပညာများ လေ့ကျင့်မှုနှင့်ဆိုလျှင် သေချာပေါက် အားနည်းညံ့ဖျင်းဖို့ဆိုတာ မဖြစ်နိုင်ပါ။

စူးချန်ခုန်းသည် လွှင့်နေသော ဆေးပြားဖော်စပ်နည်းကို လှမ်းဖမ်းပြီး စတင်ဖတ်လိုက်သည်။

"နှလုံးကာဝိညာဉ်ဆေးပြား"

ဆေးညွှန်းတွင် နှလုံးကာဝိညာဉ်ဆေးပြားဟု အမည်ပေးထားသည့် ဆေးပြားချက်နည်းကို အသေးစိတ်ဖော်ပြထားသည်။

" နှလုံးကာဝိညာဉ်ဆေးပြား၊ စိတ်ဓာတ်ကို ကြံ့ခိုင်စေပြီး ချီစွမ်းအားကို ငြိမ်သက်စေကာ ဒဏ်ရာတွေကို ကုသရာမှာသုံးတဲ့ အဆင့်မြင့် ဆေးပြားဖြစ်သည်။ ပြင်းထန်တဲ့ ဒဏ်ရာတွေ ခံစားရရင်တောင် အသက်ရှုနေသရွေ့ ဒဏ်ရာတွေ ပိုဆိုးလာတာကို ရပ်တန့်စေပြီး တဖြည်းဖြည်း ပြန်လည်ကောင်းမွန်လာနိုင်ပါသည်။"

စူးချန်ခုန်းသည် စာရွက်ကို ဂရုတစိုက်စစ်ဆေးပြီး နှလုံးကာဝိညာဉ်ဆေးပြားသည် အနာကျက်ဆေးဖြစ်ကြောင်း တွေ့ရှိခဲ့သည်။

"တစ်ယောက်ယောက်က ဒဏ်ရာပြင်းပြင်းထန်ထန်ရပြီး ဒီနှလုံးကာ ဝိညာဉ်ဆေးပြားကို လိုအပ်နေတာများလား။" စူးချန်ခုန်းက စိတ်ထဲတွင် မှန်းဆလိုက်လေ၏။ သို့သော် ထိုလူသည် ကြိုမမြင်နိုင်သော အရေးပေါ် အခြေအနေများအတွက် ဆေးပြားအနည်းငယ်ကို လက်ထဲတွင် ထားလိုခြင်းလည်း ဖြစ်နိုင်သည်။

"ဘယ်လိုလဲ ဆရာစူး" စစ်ခုန်းဟွမ်က မေးလိုက်သည်။

“နှလုံးကာဝိညာဉ်ဆေးကို သန့်စင်ဖို့ ခက်ခဲမှုက အရမ်းမြင့်တယ်။ ကျွန်တော် အရင်ကလည်း မသန့်စင်ဖူးဘူး။ အဲ့ဒါအပြင် ပါဝင်ပစ္စည်းတွေက သုံးစုံပဲရှိတယ်… အောင်မြင်မယ်လို့ ကျွန်တော်အာမမခံနိုင်ပါဘူး။”

စူးချန်ခုန်းက အမှန်အတိုင်း ပြောပြလိုက်သည်။ သူ၏ အဂ္ဂိရတ်ပညာသည် ပဥ္စမနယ်ပယ်သို့ ရောက်ရှိလုနီးပါးဖြစ်ပြီး ကုန်းကျန့်ထက် များစွာနိမ့်ကျနေတာ မဟုတ်သော်လည်း နှလုံးကာဝိညာဉ်ဆေးကို သုံးကြိမ်တိုင်တိုင် ကြိုးစားမှုနှင့် အောင်မြင်မှုကို အာမခံနိုင်မည်မဟုတ်ပေ။

“သနားစရာပဲ… ဆရာကြီးကုန်းက မတော်တဆမှုတစ်ခု ကြုံခဲ့ရတယ်” ဟု စစ်ခုန်းဟွမ်က စိတ်ထဲတွင် သက်ပြင်းချလိုက်သည်။ သူမတွင် အခြားရွေးချယ်စရာများမရှိပေ။ ဧရာမဝေလငါးဂိုဏ်း၌ အဂ္ဂိရတ်ပညာတွင် အတော်ဆုံးမှာ ဆရာစူးမှလွဲ၍ အခြားလူမရှိပေ။ စူးချန်ခုန်းအကြောင်း များများစားစား မသိသော်လည်း သူ့ကို ယုံကြည်ရန် ရွေးချယ်ခဲ့ရလေသည်။

ထို့နောက် စစ်ခုန်းဟွမ်က "ဆရာစူး၊ ဆရာက ဆေးပြားသန့်စင်ဖို့ကိုသာ ဆက်လုပ်ပါ။ အားလုံး ကျရှုံးသွားရင်တောင် ရှင့်ကို ကျွန်မ အပြစ်မတင်ပါဘူး"

"ဒါဆို ကျွန်တော် စိတ်အေးရပါပြီ။" ဟု စစ်ခုန်းဟွမ်၏ကတိကို ရပြီးနောက် စူးချန်ခုန်းက ခေါင်းညိတ်ကာ ပြန်ဖြေသည်။

အကယ်၍ သူသည် နှလုံးကာဝိညာဉ်ဆေးကို သုံးကြိမ်တိုင်တိုင် ထုတ်လုပ်ရန် ကျရှုံးခဲ့ပြီး စစ်ခုန်းဟွမ်က ထိုအတွက် သူ့ကို အပြစ်တင်ပါက သူသည် ဤတာဝန်ကို ထမ်းဆောင်ရန် ဆန္ဒရှိမည်မဟုတ်ပေ။

"ကျွန်မနောက်လိုက်ခဲ့ပါ။ အဲ့ဒီနေရာမှာ ဆေးပြားမီးဖိုနဲ့ အဂ္ဂိရတ်ပညာအတွက် လိုအပ်တဲ့ ပစ္စည်းတွေ ရှိတယ်။ ရှင် အဲ့မှာ သန့်စင်ရလိမ့်မယ်" စစ်ခုန်းဟွမ်က မတ်တပ်ထရပ်ကာ ခန်းမကြီးအတွင်းရှိ လျှို့ဝှက်ခန်းတစ်ခုဆီသို့ ဦးတည်သွားလေ၏။

သူ့နောက်ကလိုက်လာရင်း စူးချန်ခုန်းသည် စစ်ခုန်းဟွမ်၏ ချောမောလှပသောရုပ်သွင်ကို အနောက်မှ သတိပြုမိကာ သူ့အတွေးများက တဝဲလည်လည်ဖြစ်နေလေ၏။ နှလုံးကာဝိညာဉ်ဆေးကို ညနက်ကြီး သန့်စင်ပေးဖို့ စစ်ခုန်းဟွမ် တောင်းဆိုခဲ့ပြီး သူ့ရဲ့ကိုယ်ပိုင် သီးသန့်ခန်းတွင် ၎င်းကိုပြုလုပ်စေလိုခြင်းကြောင့် ဤကိစ္စနှင့်ပတ်သက်၍ အခြားသူများမသိစေလိုကြောင်း ဖော်ပြနေလေ၏။

စစ်ခုန်းဟွမ် ပြောခဲ့သည့်အတိုင်း ခမ်းနားကြီးကျယ်သော လျှို့ဝှက်ခန်းတစ်ခုတွင် အဂ္ဂိရတ်ပညာအတွက် ကိရိယာများနှင့် လိုအပ်သော ပါဝင်ပစ္စည်းများကို ပြင်ဆင်ထားပြီးဖြစ်သည်။

"ကျွန်မ အပြင်မှာစောင့်နေလိုက်မယ်။ တစ်ခုခုလိုရင် ချက်ချင်းခေါ်လိုက်ပါ" စစ်ခုန်းဟွမ်က စူးချန်ခုန်းကို မနှောင့်ယှက်ပါ။ သူ့ကို စိတ်အနှောက်အယှက်မဖြစ်စေရန် လျှို့ဝှက်ခန်းထဲတွင် တစ်ယောက်တည်းထားခဲ့ကာ အပြင်တွင် စောင့်နေလိုက်သည်။

"နှလုံးကာ ဝိညာဉ်ဆေးက သူ့အတွက် အရမ်းအရေးကြီးတဲ့ပုံပဲ။ တစ်ယောက်ယောက် ဒဏ်ရာရသွားလို့ တခြားသူတွေကို မသိစေချင်လို့များလား"

စူးချန်ခုန်းက မမှန်းကြည့်ဘဲ မနေနိုင်ခဲ့။ သို့သော် မကြာခင်မှာပဲ ခေါင်းယမ်းလိုက်သည်။ အဲ့ဒီကိစ္စတွေက သူနဲ့ မသက်ဆိုင်ပါ။ သူ့တာဝန်က အဂ္ဂိရတ်ပညာကို အာရုံစိုက်ပြီး ကောင်းကောင်းလုပ်ဖို့ပင်။

အချိန်မဆွဲဘဲ စူးချန်ခုန်းသည် အဂ္ဂိရတ်ပညာအတွက် ပြင်ဆင်ခြင်းဖို့ ပါဝင်ပစ္စည်းများကို စတင်လုပ်ဆောင်ခဲ့သည်။ နှလုံးကာ ဝိညာဉ်ဆေးပြားကို သန့်စင်ရာတွင် ခက်ခဲမှုသည် ချီသွေးဆေးထက်ပင် ပိုမိုမြင့်မားသည်။ ပါဝင်ပစ္စည်းများ သုံးစုံသာပါဝင်ရာ စူးချန်ခုန်းက အပြည့်အဝ အာရုံစိုက်ပြီး အရာအားလုံး ပေးဆပ်ထားလေ၏။

အချိန်တွေကုန်သွားတော့ မီးဖိုထဲက မီးတောက်တွေ အဆက်မပြတ်တောက်လောင်နေပြီး မနက်မိုးသောက်ချိန် ရောက်လာလေပြီ။

"ဝုန်း!"

ဆေးမီးဖိုအတွင်းမှ သေးငယ်သော ပေါက်ကွဲသံတစ်ခု ထွက်လာပြီး မီးလောင်နေသော ရနံ့တစ်ခုသည် ဆေးမီးဖို၏ အပေါက်ဝမှ ပျံ့လွင့်လာသည်။

“မအောင်မြင်ဘူးပဲ…” ထင်ထားသည့်အတိုင်း ဆေးပြား ပထမအသုတ် မအောင်မြင်ပါ။

စူးချန်ခုန်းသည် ယခင်က နှလုံးကာ ဝိညာဉ်ဆေးပြားကို တစ်ခါမျှ မသန့်စင်ခဲ့ဖူးရာ ကျွမ်းကျင်မှုမရှိခြင်းကြောင့် ကျရှုံးခြင်းဆီသို့ ဦးတည်သွားသည်မှာ ပုံမှန်ဖြစ်သည်။

"မအောင်မြင်ဘူး။ ဟုတ်တယ်မလား" လျှို့ဝှက်ခန်းတံခါးဝတွင် စစ်ခုန်းဟွမ်သည် ဆူညံသံကို ကြားလိုက်သောအခါ သူ့မျက်နှာက စိတ်ပျက်လက်ပျက် ဖြစ်သွားသည်။ သို့သော် သူက စူးချန်ခုန်းကို နှစ်သိမ့်လိုက်လေ၏။ "ကိစ္စမရှိပါဘူး။ ပါဝင်ပစ္စည်း နှစ်စုံကျန်သေးတယ်။ ဆရာစူး၊ မိုးလင်းခါနီးပြီ။ ပြန်သွားပြီး အနားယူလိုက်ပါ။ မနက်ဖြန်ညမှာ ဆက်လုပ်ဖို့ ထပ်လာခဲ့ပါ။"

All Chapters