နှလုံးကာ ဝိညဉ်ဆေးပြား။ မုန်တိုင်း နီးကပ်လာခြင်း။ (၂)
Vol. 10 Ch. 139
စစ်ခုန်းဟွမ်က စူးချန်ခုန်းကို ဆက်လုပ်ခွင့်မပြုဘဲ သူ့ကို အနားယူစေပြီး အမြင့်ဆုံး အခြေအနေကို ထိန်းထားဖို့ ပြန်လွှတ်လိုက်သည်။ ထိုနည်းအားဖြင့် အဂ္ဂိရတ်ပညာ၏ အောင်မြင်မှုနှုန်း မြင့်မားလာမည်ဖြစ်သည်။
“အင်း” စူးချန်ခုန်း ခေါင်းညိတ်လိုက်သည်။ နှလုံးကာဝိညာဉ်ဆေးပြားကို သန့်စင်နိုင်ဖို့ သူ အပြည့်အဝ အာရုံစိုက်နိုင်ဖို့ လိုသည်။ ရုပ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်နေလျှင် စိတ်ပိုင်းဆိုင်ရာ ပင်ပန်းနွမ်းနယ်မှုကို အမှန်ပင် ခံစားရလေ၏။
"ပြီးတော့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ အချို့သောလူတွေ အတွေးမလွန်စေဖို့ ဆရာစူးက အခြားသူတွေကို မပြောပြဖို့ မျှော်လင့်ပါတယ်။" ဟူ၍ စစ်ခုန်းဟွမ်က ထပ်လောင်းပြောကြားခဲ့သည်။
"ကျွန်တော် သတိထားပါ့မယ်။" စူးချန်ခုန်းက မငြင်းခဲ့ပေ။ စစ်ခုန်းဟွမ်က သူ့ကို လူသိမခံရစေဖို့ နှလုံးကာဝိညာဉ်ဆေးကို တိတ်တဆိတ် သန့်စင်ရန် ဒီကို ခေါ်လာခဲ့တာ ဖြစ်သည်။
ထို့နောက်တွင် စစ်ခုန်းဟွမ်သည် စူးချန်ခုန်းကို ပင်မခန်းမဝင်ပေါက်ဆီသို့ ခေါ်သွားခဲ့သည်။ စူးချန်ခုန်းသည် သူ၏နေအိမ်သို့ ပြန်သွားကာ လိပ်အသက်ရှူနည်းကို အကြိမ်ပေါင်းများစွာ လေ့ကျင့်ပြီးနောက် မိုးစင်စင်လင်းသွားလေ၏။
"ငါဗိုက်ဆာနေပြီ...ခဏနေရင် ငါအစာစားဖို့ အခွင့်အရေးရှာရမယ်" စူးချန်ခုန်း အိပ်ယာမှထကာ ဝူချင်းရှီကို အနည်းငယ်လေ့ကျင့်ပြီးနောက် ပြန်လည်လန်းဆန်းလာကာ အများသုံး မီးဖိုချောင်သို့ နံနက်စာစားရန် သွားလိုက်သည်။ ကူကယ်ရာမဲ့သော ခံစားချက်ဖြင့် သူ့ဗိုက်ကို ထိလိုက်သည်။
ဧရာမဝေလငါးနည်းပညာကို ကျင့်ကြံပြီးကတည်းက စူးချန်ခုန်း၏ အစာစားချင်စိတ်သည် လွန်ခဲ့သည့် နှစ်လအတွင်း သိသိသာသာ တိုးလာခဲ့ပြီး အစာစားတိုင်း တစ်ဝက်ထက် ပိုမပြည့်သလို ခံစားခဲ့ရသည်။
အများသုံး မီးဖိုချောင်မှာ မနက်စာစားပြီး နောက်ဆုံးမှာတော့ သူ့ရဲ့ ဆာလောင်မှု အနည်းငယ် သက်သာသွားလေ၏။ စူးချန်ခုန်းသည် ပုံမှန်အတိုင်း ဆေးသန့်စင်ခန်းတွင် အလုပ်လုပ်ခဲ့သည်။
ဒီနေ့ဟာ အေးချမ်းသာယာတဲ့ နေ့တစ်နေ့လို့ ထင်ရပေမယ့် တကယ် ဖြစ်မလာခဲ့ပါ။
"ဆရာစူး.. မနေ့ညက ဒုတိယ သခင်မလေးဆီ သွားတွေ့ခဲ့တာလား။"
များမကြာမီပင် လျိုကန်းသည် ဆေးပြားသန့်စင်ခန်းသို့ ရောက်လာပြီး သူ့ကို စိတ်အနှောင့်ယှက်ဖြစ်စေသော စကားတစ်ခု ပြောခဲ့သည်။
ဤမေးခွန်းကိုကြားတော့ စူးချန်ခုန်းက မျက်မှောင်ကြုတ်လိုက်သည်။ လျိုကန်းသည် မုန်စန်း၏လူဖြစ်ပြီး သူ့ကို စောင့်ကြည့်ရန် စေလွှတ်ထားတာဖြစ်သည်။
မနေ့ညက စူးချန်ခုန်းသည် စစ်ခုန်းဟွမ်၏နေအိမ်သို့ သွားရောက်ခဲ့ပြီး လျိုကန်း၏ သတင်းပေးများက သူ့ကိုချက်ချင်း တွေ့လိုက်ရသည်။ နေ့ခင်းဘက်မှာတော့ လျိုကန်းက မုန့်စန်းရဲ့အမိန့်အရ ဒီကိစ္စကို ထုတ်မေးလာလေပြီ။
ကုန်းကျန့် အနားမှာရှိနေတုန်းက သူသည် စူးချန်ခုန်းအား အဂ္ဂိရတ်ပညာကိုသာ အာရုံစိုက်ပြီး ခေါင်းဆောင်ဂိုဏ်းနဲ့ ဒုခေါင်းဆောင်ဂိုဏ်းရဲ့ အရေးကိစ္စတွေမှာ ဝင်မပါဖို့ သတိပေးခဲ့သည်။
စစ်ခုန်းဟွမ်က စူးချန်ခုန်းကို သူ့ဆီလာလည်ဖို့ တောင်းဆိုတာကို မုန့်စန်းက စူးချန်ခုန်းကို ဂိုဏ်းခေါင်းဆောင်ဘက်ပါအောင် သိမ်းသွင်းနေသည်ဟု မြင်သည်။ ထို့ကြောင့် လျိုကန်း၏ ယခုတစ်ခေါက်သွားသည့်အကြောင်းကို ထုတ်ပြောခြင်းဖြစ်သည်။
စူးချန်ခုန်းသည် စောင့်ကြည့်ခံရတာကို မကျေနပ်သလို ခံစားလိုက်ရသော်လည်း လျိုကန်းကိုကြည့်ကာ "ကျွန်တော်က အဂ္ဂိရတ်ပညာရှင် အလုပ်သမားတစ်ယောက်ပါပဲ။ ကျွန်တော့်ရဲ့ အဂ္ဂိရတ်ပညာကိုပဲ အာရုံစိုက်ချင်ပါတယ်" ဟု ပြောလိုက်သည်။
စူးချန်ခုန်းက သူ့ရဲ့ ရပ်တည်ချက်ကို ရှင်းရှင်းလင်းလင်း ပြောကြားလိုက်သည်။ သူဟာ တစ်ဖက်သားရဲ့ ဆက်ဆံရေးတွေ ဒါမှမဟုတ် ရုန်းကန်မှုတွေနဲ့ ပတ်သက်ပြီး ဝင်မပါချင်ပါ။ သူက အဂ္ဂိရတ်ပညာကို အေးအေးချမ်းချမ်း လေ့ကျင့်လိုပြီး ပြဿနာမှန်သမျှကို ရှောင်ရှားလိုသည်။
လျိုကန်းက ကို့ယို့ကားယား ပြုံးလိုက်ပြီး အကြောင်းအရာကို ဆက်မပြောဘဲ "စပြီး သန့်စင်ကြရအောင်လေ။ ကျွန်တော်တို့ ဒီနေ့ လုပ်စရာတွေ အများကြီး ကျန်သေးတယ်" ဟု ဆိုသည်။
စူးချန်ခုန်းက သူ့ရာထူးကို ပြတ်ပြတ်သားသား ထုတ်ဖော်ပြောဆိုပြီး ဘက်မရွေးဘဲ ငြင်းဆိုလိုက်တာက အဆုံးသတ်သွားလိမ့်မယ်လို့ ထင်ခဲ့ပေမယ့် အံ့သြဖို့ကောင်းတာက ဒီကိစ္စဟာ အဆုံးမသတ်သေးပါ။
အချိန်က ညနေဘက်သို့ ပြောင်းသွားခဲ့သည်။ ယနေ့ည၌ လေနဲ့ နှင်းတွေက ပြင်းထန်စွာ တိုက်ခတ်နေလေ၏။ မနေ့ညကထက်တောင် ပိုပြင်းထန်သည်။
"လိပ်အသက်ရှူနည်းကို ခဏလောက် လေ့ကျင့်ပြီး ညဘက်မှာ အဂ္ဂိရတ်ထိုးဖို့အတွက် စစ်ခုန်းဟွမ်နေရာကို သွားမယ်။"
ကုတင်ပေါ်တွင် လဲလျောင်းရင်း ခါတိုင်းလိုပင် စူးချန်ခုန်းသည် လုံ့လစိုက်ထုတ်ကာ လေ့ကျင့်မှုကို ဆက်လက်လုပ်ဆောင်ခဲ့သည်။ လေ့ကျင့်တာက သူ့ဘဝရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်လာပြီး ထမင်းစားရေသောက်လိုပင်။
"ဟမ်?"
အသက်ရှုလေ့ကျင့်ခန်းလုပ်နေတုန်း စူးချန်ခုန်းသည် အိပ်တစ်ဝက်၊ နိုးတစ်ဝက် အနေအထားတွင် ရှိနေသော်လည်း သူ၏အာရုံများသည် ပုံမှန်ထက်ပင် ပိုမိုကြည်လင်နေ၏။ သူဘာကိုမှ အလွတ်မခံပါ။ နံရံကို ကပ်တွယ်ပြီး ဆင်းလာသည့် အပြင်မှ လူတစ်ယောက်၏ အသံခပ်တိုးတိုးက သူ့အာရုံကို ဖမ်းစားသွားသည်။
"တစ်ယောက်ယောက် ငါ့ဆီလာနေတာ ဘယ်သူများလဲ" စူးချန်ခုန်း အံ့သြသွားလေ၏။ သူ လေ့ကျင့်နေတာကို ရပ်ပြီး အိပ်ချင်ယောင်ဆောင်လိုက်သည်။
“ကျွီ!”
သို့သော် ဖိတ်ခေါ်ထားခြင်းမရှိသော ထိုဧည့်သည်သည် နံရံမှ တွယ်ဆင်းကာ သူ့အခန်းဆီသို့ ဦးတည်လာ၏။ သူက လက်နှစ်ဖက်ဖြင့် တံခါးကို တွန်းထုတ်လိုက်ရာ တွန်းအားက အရှိန်အဟုန်ဖြင့် ထွက်လာပြီး သစ်သားမင်းတုံး ကျိုးကာ တင်းကျပ်စွာ ပိတ်ထားသော တံခါးကို လွင့်ထွက်သွားစေသောကြောင့် သိသာသော ဆူညံသံတွေ ထွက်လာသည်။
အနှီအနက်ရောင်ဝတ်ရုံနှင့် အမျိုးသားက မျက်နှာကို အနက်ရောင်ပဝါဖြင့် ဖုံးအုပ်ထားပြီး မျက်လုံးများကိုသာ ဖော်လျက် တံခါးဝတွင် ပေါ်လာသည်။
"ဘယ်သူလဲ။"
စူးချန်ခုန်းသည် နှစ်နှစ်ခြိုက်ခြိုက် အိပ်နေရာမှ လန့်နိုးဟန်ဆောင်ကာ ထထိုင်ပြီး နံရံနှင့် ကပ်လျက် ကြောက်လန့်တကြား ဟန်ဆောင်လိုက်သည်။
“မအော်နဲ့။ လုပ်လည်းမလုပ်နဲ့။ မင်းလုပ်ရင် ငါဘာမှ မလုပ်ဘူးလို့ အာမမခံနိုင်ဘူး” ဟု အနက်ရောင်နှင့် လူက အသံကျယ်ကျယ်ဖြင့် သတိပေးကာ သူ၏ လေသံကို ရည်ရွယ်ချက်ရှိရှိ ပြောင်းလဲလိုက်သည်။ သူက အခန်းထဲကို ယုံကြည်မှုအပြည့်နှင့် လျှောက်လာကာ စားပွဲမှာ ဗြုန်းစားကြီး ဝင်ထိုင်လိုက်လေ၏။
"သူပဲ... အဲဒီညက လျိုကန်းနဲ့ အလဲလှယ်လုပ်ခဲ့တဲ့ အနက်ရောင် ၀တ်စုံနဲ့ လူမလား။ မုန့်စန်းရဲ့လူပဲ!"
ထိုလူသည် ခေါင်းမှခြေဖျားထိ အနက်ရောင်ဖြင့် ဖုံးအုပ်ထားသော်လည်း သူ့ ခန္ဓာကိုယ်တည်ဆောက်ပုံနှင့် သူပြသခဲ့သည့် ကိုယ့်ဖော့ပညာကြောင့် စူးချန်ခုန်းက သူ၏သရုပ်မှန်ကို ချက်ချင်း ဖော်ထုတ်နိုင်ခဲ့သည်။ လွန်ခဲ့သည့် နှစ်လက ရွှယ်ဝူအဆောက်အဦးကို မီးရှို့ဖျက်ဆီးခဲ့ပြီး သူသည် စူးချန်ခုန်း နှောင့်ယှက်ခံရသော လျိုကန်းနှင့် လဲလှယ်ခဲ့သည့် မုန့်စန်း၏ လက်အောက်ခံတစ်ဦးဖြစ်သည်။
ထိုလူ၏ တကယ့်အထောက်အထားအမှန်မှာ ဧရာမဝေလငါးဂိုဏ်း၏ ထင်ရှားသော အဖွဲ့ဝင်တစ်ဦးဖြစ်နိုင်ပြီး မုန့်စန်းအား ခစားနေခြင်းဖြစ်သည်။
"ခင်ဗျားက ဘယ်သူလဲ။ ကျွန်တော့်ဆီက ဘာလိုချင်တာလဲ။ ဒါက ဧရာမဝေလငါးဂိုဏ်းဗျ။" စူးချန်ခုန်း၏ မျက်နှာက ပြင်းပြင်းထန်ထန် ခုခံကာကွယ်နေပုံရပြီး ထိုလူလာရသည့် ရည်ရွယ်ချက်အမှန်ကို ခန့်မှန်းရန် ကြိုးစားနေ၏။ သူက ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီကားအတွက်လာတာ ဟုတ်မဟုတ် ခန့်မှန်းနေတာဖြစ်သည်။
အကယ်၍ မုန့်စန်းသာ ဧရာမဝေလငါး နတ်ဘုရားစွမ်းအင်ပန်းချီကားက သူ့လက်ထဲတွင် ရှိနေကြောင်း သိနေခဲ့ပါက သူ့ထံ ချဉ်းကပ်ရန် ယခုအချိန်အထိ စောင့်ဆိုင်းနေမည်မဟုတ်ပေ။
"မစိုးရိမ်ပါနဲ့။ ငါမင်းကို ထိခိုက်အောင် မလုပ်ပါဘူး။ မင်းကိုမေးစရာတစ်ခုရှိလို့" ဟု အနက်ရောင်နှင့်လူက ထူးမခြားနားဟန်ဖြင့် ဆိုသည်။ သူ့မျက်လုံးထဲတွင် စူးချန်ခုန်းသည် သိုင်းပညာကို တတ်ကျွမ်းသော်လည်း ဧရာမဝေလငါးဂိုဏ်း၏ သိုင်းပညာရှင်အဆင့်များကြားတွင် အရေးမပါသော အဂ္ဂိရတ်ပညာရှင်တစ်ယောက်ဖြစ်ရာ စိတ်ကြိုက် ခြယ်လှယ်နိုင်သော သူဖြစ်သည်။
“မေးလေ။” စူးချန်ခုန်းသည် သူ့ကိုယ်သူ စိတ်ငြိမ်အောင်ထားလိုက်သည်။ သူပြောနေရင်းနှင့် သူ့မျက်နှာထက်မှာ သတိနှင့် ကြောက်ရွံ့မှုအပြည့်ဖြင့် နောက်သို့ ကျုံ့သွားလေ၏။ သူ့စိတ်ထဲမှာတော့ ညအချိန်မတော် ရောက်လာတဲ့ဧည့်သည်က သူ့ထံမှ အတိအကျ ဘာလိုချင်တာလဲဆိုတာကို တွေးနေမိသည်။
"စစ်ခုန်းဟွမ်က သူ့အတွက် ဆေးပြား ဖော်ခိုင်းဖို့ ခေါ်ခဲ့တယ် မဟုတ်လား" အနက်ရောင်နှင့်လူက ဖိပြောလိုက်သည်။
"ခင်ဗျား ဘယ်လိုသိတာလဲ။ ခင်ဗျားက... ဒုဂိုဏ်းခေါင်းဆောင် မုန့်စန်းရဲ့လူလား။"